မိဘတွေကို ထောက်ပံ့ခြင်းက ဘုရားသခင် အပ်နှံတဲ့ တာဝန်ဖြစ်ပါသလား
၂၀၂၂ခုနှစ်၊ စက်တင်ဘာလကုန်မှာ မင်ဟွေရဲ့ အမျိုးသားက မင်ဟွေကို ထောင်ကနေ အိမ်ကို ခေါ်လာခဲ့တယ်။ မင်ဟွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လို့ ရဲတွေရဲ့ ဖမ်းဆီး၊ နှိပ်စက်တာကို နှစ်ကြိမ်ခံရပြီးပြီ။ အခုက ဒုတိယအကြိမ်အဖမ်းခံရတာဖြစ်ပြီး သူက ထောင်သုံးနှစ်ကျခံပြီးပြီ။ ရဲတွေ လိုက်ဖမ်းတာကို ရှောင်နေပြီး နောက်ပိုင်းမှာ ထောင်ကျသွားတာကြောင့် သူအိမ်ကို မပြန်တာ ၁၀ နှစ်ရှိပြီ။
သူ အိမ်ပြန်ရောက်တော့ ပြီးခဲ့တဲ့ တစ်နှစ်တုန်းက သူ့အဖေက နေမကောင်းဖြစ်ပြီး ဆုံးသွားတယ်၊ သူ့အမေကလည်း လေဖြတ်သွားတယ်ဆိုတာကို သိလိုက်ရတယ်။ သူ့အမေကို သူမြင်လိုက်ရတဲ့အချိန်မှာ သူမှင်တက်သွားတယ်။ တစ်ခါတုန်းက ကျန်းမာရေး ဒေါင်ဒေါင်မြည်တဲ့ သူ့အမေက အခု ဘီးတပ်ကုလားထိုင်မှာ ထိုင်နေရတဲ့ အဖြစ်ကိုရောက်သွားတယ်။ မင်ဟွေက သူ့မိဘတွေအပေါ် သူအကြွေးတင်တယ်လို့ ခံစားမိတယ်။ သူက သူ့မိသားစုမှာ အငယ်ဆုံးပဲ။ ငယ်ငယ်ကတည်းက သူ့အဖေက သူ့ကို ဘာအလုပ်မှပေးမလုပ်ဘူး။ အထူးသဖြင့် သူ့အမေက သူ့ကို တော်တော်ဂရုစိုက်ခဲ့တာ။ သူတို့တွေက သူ့ကို ပျိုးထောင်ပေးဖို့၊ အစားအစာ၊ အဝတ်အစား၊ ပညာရေးတွေ ပံ့ပိုးပေးဖို့ကို အရမ်းဒုက္ခခံခဲ့ရတယ်။ ဒါပေမဲ့ သူတို့က သူ့ကို လိုအပ်တဲ့အချိန်မှာ သူက လုံးဝ တာဝန်သိတဲ့သမီးတစ်ယောက် မဟုတ်ခဲ့ဘူး။ ထိန်းသိမ်းရေးစခန်းမှာ ပထမဆုံး တိုက်ပိတ်ခံရတဲ့အချိန်ကို သူတွေးမိတယ်။ ရဲတွေက သူ့ကို ရက်ရက်စက်စက် ရိုက်နှက်မှာကို သူ့အမေက စိုးရိမ်တယ်။ ဒီအတွက်နဲ့ သူက မအိပ်နိုင်၊ မစားနိုင်ဘူး။ သူ့အမေက သူ့ကို အာမခံနဲ့လွတ်ပေးဖို့အတွက် သူတတ်နိုင်သမျှ နည်းလမ်းတိုင်းနဲ့ ကြံဖန်လုပ်ပြီး ငွေသုံးတယ်။ မင်ဟွေက ဒါကို တွေးမိတော့ သူ့အမေဆီကို သူလျှောက်သွားတယ်။ သူ့အမေက မျက်ရည်တွေကျလာပြီးတော့ ပြောတယ်။ “နောက်ဆုံးတော့ သမီး ပြန်လာပြီနော်။ ဒီနှစ်တွေမှာ သမီးကို အမေဘယ်လောက်သတိရလဲဆိုတာ သိလား။ အဲဒီနေရာမှာ သမီးက ဒုက္ခရောက်ပြီး မတရား ဆက်ဆံခံရမှာကို အမေစိုးရိမ်ခဲ့တာ” တဲ့။ ဒီစကားတွေကို ကြားတော့ မင်ဟွေက သူ့အမေအပေါ် ပိုပြီးတော့တောင် အကြွေးတင်သလို ခံစားရတယ်။ သူ့ပါးမှာ မျက်ရည်တွေက ထိန်းမနိုင်အောင်စီးကျလာပြီး သူ တွေးမိတယ်။ “ကိုယ့်မိဘတွေကို အသက်ကြီးတဲ့အခါမှာ ကြည့်ရှုစောင်ရှောက်ရမယ်။ ဒါပေမဲ့ ငါ့မိဘတွေက နေမကောင်းဖြစ်ပြီး ငါစောင့်ရှောက်ဖို့ လိုအပ်တဲ့အချိန်မှာ သူတို့အနားမှာနေပြီး ပြုစုပေးဖို့ အခွင့်အရေးမရခဲ့ဘူး။ ငါ သူတို့ကို ဘာအစားအစာမှ မကျွေးခဲ့ဘူး။ ဘာဆေးမှ မတိုက်ခဲ့ဘူး။ ကျင်ကြီးကျင်ငယ်စွန့်ဖို့ ကူညီပေးဖို့ဆိုတာ ထားလိုက်တော့။ ငါ့ကို ပျိုးထောင်တဲ့နေရာမှာ သူတို့ပြခဲ့တဲ့ ကြင်နာမှုနဲ့ ငါ မထိုက်တန်ဘူး။ ငါ့လိုသမီးမျိုးကို ပျိုးထောင်ပေးတာ ဘာအသုံးဝင်တာရှိလဲ” ပေါ့။ မင်ဟွေက တွေးလေလေ၊ သူ့ကိုယ်သူ အပြစ်တင်လေလေပဲ။ နောက်တစ်နေ့မှာ မင်ဟွေက နေ့တိုင်း သူ့ရဲ့ လေဖြတ်နေတဲ့အမေကို စောင့်ရှောက်ရင်း အချိန်ကုန်တယ်။ သူက သူ့အမေအပေါ် အကြွေးတင်နေတဲ့ ဒီနှစ်တွေအားလုံးအတွက် ပြန်ပေးဆပ်ချင်ခဲ့တယ်။ နယ်ခံရဲနှစ်ယောက်က သူ့အိမ်ကိုလာပြီး သူ့ကို ဓါတ်ပုံရိုက်သွားတဲ့အချိန်မှာ မင်ဟွေက အိမ်မှာ အကြာကြီးရှိမနေခဲ့ဘူး။ ရဲတွေက သူ့ကို လတိုင်းတစ်လတစ်ခါလာကြည့်ရမယ်လို့လည်း ပြောတယ်။ ဒီနတ်ဆိုးတွေက သူ ဘယ်နေရာမှာရှိတယ်ဆိုတာကို စောင့်ကြည့်နေမှန်း မင်ဟွေကောင်းကောင်းသိတယ်။ အဲဒီနေရာမှာ သူ့အတွက် ဘုရားကို ယုံကြည်ဖို့၊ သူ့တာဝန်ကို ထမ်းဆောင်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး။
တစ်နေ့တော့ အသင်းတော်ခေါင်းဆောင်က တခြားတစ်နေရာမှာ တာဝန်ထမ်းပေးနိုင်မလားလို့ မင်ဟွေဆီ စာပို့ပြီးမေးတယ်။ စာကိုရတော့ မင်ဟွေက ပျော်လည်းပျော်တယ်။ စိုးလည်းစိုးရိမ်သွားတယ်။ သူက တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးရှိသေးတယ်ဆိုတာကို သိပြီးပျော်တယ်။ ဒါပေမဲ့ သူ့ရဲ့ လေဖြတ်နေတဲ့ သက်ကြီးရွယ်အိုအမေကို သူစိတ်ပူမှာပဲဆိုတာကို သိပြီး စိုးရိမ်မိတယ်။ အိမ်ကိုပြန်ပြီး သူ့အမေကို စောင့်ရှောက်ဖို့အတွက် အခွင့်အရေးရဖို့နဲ့တင် ခက်ခဲနေပြီ။ သူ ထွက်သွားရင် ဘယ်အချိန်ပြန်လာမယ်ဆိုတာ လုံးဝသိမှာမဟုတ်ဘူး။ မင်ဟွေလည်း အလေးအနက် ချင့်ချိန်မကြည့်ဘဲ မနေနိုင်ဖြစ်ပြီးတော့ “ငါ့မိဘတွေက ငါ့ကို အရွယ်ရောက်တဲ့အထိ ပျိုးထောင်ပေးခဲ့တယ်။ ငါ့အဖေဆုံးသွားတော့ ငါအိမ်မှာမရှိဘူး။ ငါ့အမေက ဆုံးသွားပြီး ငါက သူ့အနားမှာမရှိရင် ငါ့မှာ လူ့သဘာဝတစ်ခုခု ရှိပါဦးမလား။ အိမ်နီးချင်းတွေက ငါ့ကို ကျေးဇူးမသိတတ်ဘူးလို့ ပြောမှာကို ထားလိုက်ဦး။ ဒီဟာက ငါ့အသိစိတ်ကို အမြဲဖိစီးနေမှာပဲ။ ငါ့မိဘတွေက သူတို့အသက်ကြီးတဲ့အခါ သူတို့အနားမှာငါရှိပြီး သူတို့ကို စောင့်ရှောက်ဖို့အတွက် ငါ့ကို ပျိုးထောင်ဖို့ အရမ်းဒုက္ခခံခဲ့တာ မဟုတ်ဘူးလား။ ဒီသုံးလေးနှစ်မှာ ငါက ဘုရားကို ယုံကြည်တဲ့အတွက် ကွန်မြူနစ်ပါတီက ဖမ်းဆီးတာ၊ ဖိနှိပ်တာကို ခံခဲ့ရတယ်။ သူတို့ကို အလုပ်အကျွေးပြုဖို့ ငါအခွင့်အရေးလုံးဝ မရခဲ့ဘူး။ ဒီဟာကြောင့် ငါ့အသိစိတ်က ငါ့ကို ကြိမ်းမောင်းနေပြီ။ ငါ့အမေကို အခု စွန့်ပစ်လို့မဖြစ်ဘူး” ဆိုပြီး စဉ်းစားတယ်။ ဒီလို စဉ်းစားမိပြီး မင်ဟွေက သူ့ခေါင်းဆောင်ရဲ့ တောင်းဆိုချက်ကို ငြင်းတဲ့စာတစ်စောင်ရေးခဲ့တယ်။ နောက်တော့ သူ့စိတ်နှလုံးထဲမှာ သူ့ကိုယ်သူ ပြစ်တင်ဆုံးမခဲ့တယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ သူ့တာဝန်ကို သူထမ်းဆောင်သင့်တယ်။ ဒါပေမဲ့ သူက အိမ်မှာနေပြီး သူ့အမေကို စောင့်ရှောက်ဖို့ ဒါကို ငြင်းဆန်ခဲ့တယ်။ ဒါက ဘုရားအလိုတော်နဲ့ မညီဘူးလေ။ အဲဒီနေ့ရက်တွေမှာ မင်ဟွေက တော်တော်လေး စိတ်ဖိစီးပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်တိုက် ဆုတောင်းတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သူတွေးမိတယ်။ “ပုံမှန်လူ့သဘာဝရှိသည့် တစ်စုံတစ်ဦးသည် အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ရမည်။ လူတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သည်လားဆိုသည်ကို သင် မည်သို့ ပြောနိုင်သနည်း။ ၎င်းတို့၏ စကားနှင့် လုပ်ရပ်များသည် အခြေခံအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ စံနှုန်းများနှင့် အညီဖြစ်ပါက၊ လူသား ရှုထောင့်အမြင်မှ ၎င်းတို့သည် လူကောင်းဖြစ်ကြပြီး၊ လက်ခံနိုင်ဖွယ် စံနှုန်းနှင့် လျော်ညီအောင်နေသည့် တစ်စုံတစ်ဦး ဖြစ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကိုလည်း နားလည်နိုင်ကာ သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ပြုမူနိုင်ကြပါက၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ ဖြည့်ဆည်းနေကြခြင်း ဖြစ်သည်။ ယင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား စံနှုန်းထက် သာ၍ မြင့်မားပေသည်။ လူအချို့က၊ ‘လူကို ဘုရားသခင်က ဖန်ဆင်းထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အသက်၏ ထွက်သက်ဝင်သက်ကို ပေးခဲ့ပြီး၊ ကျွန်ုပ်တို့ကို ထောက်ပံ့၊ အားဖြစ်စေပြီး၊ အရွယ်ရောက်သူများအဖြစ် ကြီးထွားစေသည်မှာ ဘုရားသခင် ဖြစ်ပါသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့် လူများသည် မိမိတို့ကိုယ်ကိုယ် သို့မဟုတ် စာတန်အတွက် အသက်မရှင်နိုင်ကြပါ။ ၎င်းတို့သည် ဘုရားသခင်အတွက် အသက်ရှင်သင့်ပြီး၊ မိမိတို့တာဝန်ကို လုပ်ဆောင်သင့်ကြသည်’ဟု ဆိုကြသည်။ ဤသည်မှာ မှန်သော်လည်း၊ ယင်းမှာ ကျယ်ပြန့်သည့် အောက်ခံဘောင်တစ်ခု၊ အကြမ်းဖျင်း ပုံကြမ်းတစ်ခုသာ ဖြစ်သည်။ အမှန်တွင် ဘုရားသခင်အတွက် မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့်ဆိုင်သော အသေးစိတ်အချက်များအတွက်မူ၊ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပါဝင်ပေသည်။ ထို့ကြောင့် အကြင်သူသည် ဘုရားသခင်အတွက် မည်သို့ အသက်ရှင်သနည်း။ (အဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် ဖြစ်ပါသည်။) မှန်၏။ ယခု၊ သင်တို့ လုပ်ဆောင်သမျှသည် လူ၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သော်လည်း အမှန်တွင်၊ မည်သူ့အတွက် သင်တို့ လုပ်ဆောင်နေခြင်း ဖြစ်သနည်း။ (ဘုရားသခင်အတွက် ဖြစ်ပါသည်။) ဘုရားသခင်အတွက် ဖြစ်သည်။ သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ သင်တို့ကို ဘုရားသခင် ပေးထားသည့် စေခိုင်းချက်တာဝန်မှာ သင်တို့၏ တာဝန်ဖြစ်သည်။ ထိုအရာကို သူက စီမံထားသည်၊ ကြိုတင်သတ်မှတ်ကာ အုပ်စိုးထားပေသည်။ သို့မဟုတ် တစ်နည်းအားဖြင့်၊ သင့်ထံ ဤအလုပ်တာဝန်ကို ပေးထားပြီး သင့်ကို ထိုအလုပ်တာဝန်အား ပြီးစီးစေချင်သူမှာ ဘုရားသခင်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) အသိစိတ်နဲ့ လူ့သဘာဝရှိခြင်းက ဘာကိုဆိုလိုတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ မင်ဟွေနားလည်သွားတယ်။ သူက ဖန်ဆင်းခံတစ်ယောက် ဖြစ်တယ်။ သူရှူတဲ့ ဝင်သက်ထွက်သက်တစ်ခုစီတိုင်းကို ဘုရားက ပေးတာဖြစ်တယ်။ သူပိုင်ဆိုင်သမျှအားလုံးကို ဘုရားက ပံ့ပိုးပေးတာဖြစ်တယ်။ ဒီနေ့အထိ သူ အသက်ရှင်နိုင်တာက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ ပံ့ပိုးမှုနဲ့ မကင်းနိုင်ဘူး။ ဒီနှစ်တွေအားလုံးမှာ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားနှုတ်ကပတ်တော်များစွာရဲ့ ရေလောင်းခြင်း၊ ပံ့ပိုးခြင်းကို သူ ခံစားခဲ့ရတယ်။ သူ့မှာ တကယ်ပဲ အသိစိတ်နဲ့ ဆင်ခြင်တုံတရားနည်းနည်းရှိရင် ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ သူ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ကိစ္စတွေကိုပဲ အရေးစိုက်နေပြီးတော့ သူ့မိသားစုအတွက်၊ သူ့မိဘ၊ သူ့ကလေးတွေအတွက်ပဲ အသက်ရှင်မနေသင့်ဘူး။ ဒါဆိုရင် အသိတရားလုံးဝမရှိတဲ့ အဓိပ္ပာယ်ပဲ။ အခု သူ့ရဲ့ အစ်ကိုနဲ့အစ်မက သူ့အမေကို စောင့်ရှောက်နေပါတယ်။ သူ အိမ်မှာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့က စောင့်ရှောက်မှာပါ။ နောက်နေ့တွေမှာ မင်ဟွေက ဘုရားကို ဆုတောင်းပြီး ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်ကို နာခံလိုစိတ်ရှိနေခဲ့တယ်။ သူ့တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိခဲ့တယ်။
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလမှာ မင်ဟွေက ရဲတွေစောင့်ကြည့်နေတာကနေ ရုန်းထွက်ပြီး သူ့တာဝန်ကိုထမ်းဆောင်ဖို့ အိမ်ကနေ ထွက်ခဲ့တယ်။ နောက်ဆုံးမှာ သူက ညီအစ်ကိုမောင်နှမတွေနဲ့ ပြန်ဆုံစည်းခဲ့ပြီး သူ့စိတ်နှလုံးမှာ ပြောပြလို့မရတဲ့ စိတ်လှုပ်ရှားမှုတစ်ခု နှိုးကြွသွားခဲ့တယ်။ တစ်နေ့မှာ ဆောင်းပါးတိုတစ်ခုကို သူ ဖတ်တယ်။ အမေဖြစ်သူက နေမကောင်းဖြစ်တာကို ကြားတော့ အစားစရာတချို့နဲ့ အမေကို သွားကြည့်တဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ ဒီအမျိုးသမီးက သူ့အမေကို သူ့အိမ်ဆီ အရမ်းကိုခေါ်ခဲ့ချင်ပြီး သူ့အမေကို သုံးလေးရက် စောင့်ရှောက်ချင်တယ်။ ဒါပေမဲ့ အခြေအနေက မပေးဘူး။ သူလုပ်နိုင်သမျှက သူ့အမေကို ရင်းနှီးတဲ့စကားနည်းနည်းပြောတာပဲ။ မင်ဟွေက သူကိုယ်တိုင်ရဲ့အမေအကြောင်း မစဉ်းစားဘဲ မနေနိုင်ဘူး။ သူ့အသံက မျက်ရည်တွေနဲ့ ထစ်ဆို့လာတယ်။ မင်ဟွေနဲ့ တွဲလုပ်တဲ့ အစ်မက ဒါကိုမြင်တော့ ပြောင်နောက်ပြီး ပြောတယ်။ “ဘာဖြစ်တာလဲ။ ဒီဆောင်းပါးကြောင့် နင့်စိတ်ထဲမှာ ခံစားသွားရလို့လား” တဲ့။ အဲဒီအချိန်မှာ မင်ဟွေက အဲဒီအစ်မကို စကားပြန်မပြောနိုင်ဘူး။ သူ့အမေက ဘီးတပ်ကုလားထိုင်မှာထိုင်ပြီး သူ့မျက်နှာကို တွေ့ရဖို့ မျှော်လင့်နေတဲ့ မြင်ကွင်းကို သူမြင်လိုက်ရသလိုပဲ။ ဒီဖြစ်ရပ်ကြောင့် သူ့မျက်လုံးတွေကနေ မျက်ရည်တွေ မရည်ရွယ်ဘဲ လျှံထွက်လာတယ်။ ငယ်ငယ်ကတည်းက သူ့ကို သူ့အမေက အများကြီး စိတ်ပူခဲ့ရတယ်။ ဘုရားသခင်ကို သူယုံကြည်ပြီးတော့ ကွန်မြူနစ်ပါတီက ဆက်တိုက်ဖိနှိပ်တာကြောင့် နှစ်ခါ အဖမ်းခံရပြီး ထောင်ကျတယ်။ သူ့အမေက သူ့ကြောင့် ခဏခဏ စိတ်သောကရောက်နေရတယ်။ သူ့အတွက် သူ့အမေက အကြိမ်မရေမတွက်နိုင်လောက်အောင် စိတ်ပူခဲ့ရပြီး ပြောပြလို့မရတဲ့ မျက်ရည်တွေ ကျခဲ့ရတယ်။ သူ့အမေနေမကောင်းဖြစ်တာက သူ့ကြောင့်တောင် ဖြစ်ချင်ဖြစ်နိုင်တယ်။ အခု သူ့အမေက သူပြုစုတာကို လိုအပ်တဲ့အချိန်မှာ သူက သူ့အမေကို စွန့်ပစ်ပြီး တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတယ်။ မင်ဟွေက တွေးလေလေ၊ သူ့အမေကို သူအကြွေးတင်တယ်လို့ ခံစားရလေလေဖြစ်ပြီး စပြီးငိုတယ်။ သူက သူ့ရဲ့ချစ်ခင်မှုထဲမှာ ထပ်ပြီးအသက်ရှင်နေတယ်ဆိုတာကို သူသဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ဘုရားကို သူ အမြန်ဆုတောင်းတယ်။ “ဘုရားသခင်၊ သမီးက အမေကို စိတ်ပူတဲ့အခြေအနေမှာ ထပ်ပြီး အသက်ရှင်နေပါတယ်။ သမီးရဲ့ စိတ်နှလုံးကို ကာကွယ်ပြီး စာတန်ရဲ့ နှောင့်ယှက်ခြင်းမရှိဘဲနဲ့ လူတွေ၊ အကြောင်းကိစ္စတွေကို ကိုယ်တော့်နှုတ်ကပတ်တော်အပေါ် အခြေခံပြီး ရှုမြင်ခွင့်ပေးတော်မူပါ။ အာမင်” ဆိုပြီးတော့ပေါ့။
နောက်တော့ မင်ဟွေက ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး သူ့စိတ်နှလုံးက နည်းနည်းလွတ်မြောက်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများက ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းပေးနေခြင်းသာဖြစ်သည်။ ဤသည်မှာ အခမဲ့ဖြစ်သင့်သည်။ အပေးအယူ မဖြစ်သင့်ပေ။ ထို့ကြောင့် သင်သည် ၎င်းတို့အား နစ်နာကြေးပေးရန် စိတ်ကူးဖြင့် သင့်မိဘများကို ချဉ်းကပ်ရန်၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးကို ကိုင်တွယ်ရန် မလိုအပ်ပေ။ သင်က ဤအယူအဆအတိုင်း သင့်မိဘများအား တကယ်ကို ဆက်ဆံလျှင်၊ ပြန်လည်ပေးဆပ်လျှင်၊ ၎င်းတို့နှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်လျှင် ဤသည်မှာ လူသားမဆန်ပေ။ တစ်ချိန်တည်းတွင် ယင်းကြောင့် သင်သည် သင်၏ဇာတိပကတိ ခံစားချက်များ၏ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရဖို့များသည်။ ဤရစ်ပတ်မှုများမှ လွတ်မြောက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်လမ်းပင်ပျောက်နိုင်သည့် အတိုင်းအတာအထိ ဖြစ်သည်။ သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်။ ထို့ကြောင့် ၎င်းတို့၏ မျှော်မှန်းချက်များအားလုံးကို အကောင်အထည်ဖော်ရန် သင့်၌ ဝတ္တရားမရှိပေ။ သင်သည် ၎င်းတို့၏ မျှော်မှန်းချက်များအတွက် ဒကာခံရန် ဝတ္တရားမရှိပေ။ ဆိုလိုသည်မှာ ၎င်းတို့တွင် ကိုယ့်ကိုယ်ပိုင်မျှော်မှန်းချက်များနှင့်ကိုယ် ရှိနိုင်သည်။ သင့်တွင် ကိုယ်ပိုင်ရွေးချယ်မှုများရှိသည်။ ပြီးလျှင် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် ဘဝလမ်းကြောင်းနှင့် ကံကြမ္မာရှိသည်။ ယင်းတို့သည် သင့်မိဘများနှင့် သက်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် သင့်မိဘက ‘မင်းက သားသမီးဝတ်မကျေပွန်သည့် သားသမီးဖြစ်သည်။ ငါ့ကို နှစ်ပေါင်းများစွာ ကြာအောင် ပြန်လာမတွေ့ခဲ့။ ပြီးလျှင် မင်းငါ့ကို ဖုန်းမခေါ်သည်မှာ ရက်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ ငါ့မှာ နေထိုင်မကောင်းသည့်အပြင် ပြုစုစောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိပါ။ ငါမင်းကို ပျိုးထောင်ပေးခဲ့သည်မှာ အလကားဖြစ်ရလေသည်။ မင်းက တကယ်ကို စာနာစိတ်မရှိသည့် ကျေးဇူးကန်းသည့်သူ၊ ကျေးဇူးမတင်တတ်သည့် သားသမီးတစ်ဦးဖြစ်သည်’ ဟု ဆိုသောအခါ၌ သင်က ‘သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်’ ဆိုသည့် သမ္မာတရားကို နားမလည်လျှင် ဤစကားများအား ကြားရခြင်းသည် သင်၏ နှလုံးသို့ ဓါးဖြင့်ထိုးသကဲ့သို့ နာကျင်လိမ့်မည်။ ပြီးလျှင် သင်သည် လိပ်ပြာမလုံသကဲ့သို့ ခံစားရမည်။ ဤစကားလုံးတိုင်းက သင့်စိတ်နှလုံး၌ စွဲနေလိမ့်မည်ဖြစ်ပြီး သင့်မိဘကို ရင်ဆိုင်ဖို့ ရှက်ရွံ့စေလိမ့်မည်။ သင့်မိဘအပေါ် အကြွေးတင်သည်ဟု ခံစားရပြီး ၎င်းတို့အပေါ် အပြစ်များစွာရှိသည်ဟု ခံစားရမည်။ သင်သည် စာနာစိတ်မရှိသော ကျေးဇူးကန်းသူဟု သင့်မိဘများက ဆိုသောအခါ သင်သည် ‘သူတို့ပြောသည်မှာ လုံးဝ မှန်သည်။ သူတို့က ငါ့ကို ဤအရွယ်အထိ ပျိုးထောင်ပေးခဲ့သည်။ ငါ့ကြောင့် သူတို့ကောင်းစားခြင်း မရှိခဲ့ပါ။ ယခု သူတို့က နေမကောင်းဖြစ်နေသည်။ ပြီးလျှင် သူတို့ အိပ်ရာနားမှာ ငါနေပြီး သူတို့ကို ပြုစု၍ အဖော်ပြုပေးနိုင်ဖို့ သူတို့က မျှော်လင့်ကြသည်။ သူတို့၏ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ ငါ့ကို လိုအပ်ခဲ့သော်လည်း ငါက မရှိခဲ့ပါ။ ငါက တကယ်ကို စာနာစိတ်မရှိသည့် ကျေးဇူးကန်းသူတစ်ဦးဖြစ်သည်’ ဟု အမှန်တကယ် ခံစားရမည်။ သင်သည် သင့်ကိုယ်သင် စာနာစိတ်မရှိသည့် ကျေးဇူးကန်းသူဟု အမျိုးအစားသတ်မှတ်လိမ့်မည်။ ဤသည်မှာ ကျိုးကြောင်းသင့်သလော။ သင်သည် စာနာစိတ်မရှိသည့် ကျေးဇူးကန်းသူဖြစ်သလော။ သင်သည် သင့်တာဝန်ကို အခြားတစ်နေရာ၌ ထမ်းဆောင်ရန် အိမ်မှ မထွက်ခွာဘဲ သင့်မိဘများအနီးတွင် နေခဲ့လျှင် ၎င်းတို့ နေမကောင်းဖြစ်ခြင်းကို သင်တားဆီးနိုင်ခဲ့မည်လော။ (မတားဆီးနိုင်ပါ။) သင့်မိဘများအသက်ရှင်မည်လော၊ သေမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ ၎င်းတို့ ချမ်းသာမည်လော၊ ဆင်းရဲမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ (မထိန်းချုပ်နိုင်ပါ။) သင့်မိဘများက မည်သည့်ရောဂါကို ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့သည် သင့်အား ပျိုးထောင်ခြင်းကြောင့် အလွန်မောပန်းသောကြောင့်၊ သို့မဟုတ် ၎င်းတို့က သင့်အား သတိရသောကြောင့် ဖြစ်မည်မဟုတ်ပေ။ အထူးသဖြင့် ၎င်းတို့သည် သင့်ကြောင့် ထိုအကြီးစားဖြစ်သော၊ ဆိုးဝါးသော၊ သေစေနိုင်သော ရောဂါတစ်ခုခုကို ကူးစက်မည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်ပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်က မည်မျှ သားသမီးဝတ်ကျေပွန်ပါစေ သင်အစွမ်းဆောင်နိုင်ဆုံးမှာ ၎င်းတို့၏ ဇာတိပကတိ ဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်လျှော့ချဖို့ဖြစ်သည်။ သို့သော် ၎င်းတို့သည် မည်သည့်အချိန်၌ ဖျားနာသည်၊ မည်သည့်ရောဂါ ကူးစက်သည်၊ မည်သည့်အချိန်တွင် သေသည်၊ မည်သည့်နေရာတွင် သေသည်တို့အတွက်မူ ဤအရာများသည် သင်နှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ မရှိပေ။ သင်က သားသမီးဝတ်ကျေပွန်လျှင်၊ သင်က စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် မဟုတ်လျှင်၊ ထို့အပြင် သင်က ၎င်းတို့နှင့်အတူ တစ်နေကုန် နေထိုင်ပြီး ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်လျှင် ၎င်းတို့သည် ဖျားနာခြင်းမရှိမည်လော။ ၎င်းတို့သည် မသေဘဲ နေမည်လော။ ၎င်းတို့သည် ဖျားနာဖို့ရှိသည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ ဖျားနာလိမ့်မည်သာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် သေတော့မည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ သေမည်မဟုတ်လော။ ဤသို့ မဟုတ်သလော။...သင့်မိဘများက သင့်အား စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူဟု ခေါ်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သင်သည် ဖန်ဆင်းရှင်ရှေ့တွင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမြင်တွင် စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် မဖြစ်သရွေ့ လုံလောက်ပြီဖြစ်သည်။ လူတို့ပြောသည့်အရာက အရေးမကြီးပေ။ သင်နှင့်ပတ်သက်ပြီး သင့်မိဘများက ပြောသည့်အရာသည် သေချာပေါက် မှန်ကန်ခြင်းမဟုတ်ပေ။ ၎င်းတို့ပြောသည့်အရာသည်လည်း အသုံးမဝင်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို အခြေပြုချက်အဖြစ် ယူဖို့ လိုအပ်သည်။ သင်က ပြည့်စုံလုံလောက်သော ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်ဟု ဘုရားသခင်က ဆိုလျှင် လူတို့က သင့်အား စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူဟု ခေါ်သည်က အရေးမပါပေ။ ၎င်းတို့က မည်သည့်အရာကိုမျှ မဖြစ်မြောက်နိုင်ပေ။ လူတို့သည် ၎င်းတို့၏ အသိစိတ်၏ သက်ရောက်မှုကြောင့်၊ သို့မဟုတ် သမ္မာတရားကို ၎င်းတို့ နားမလည်ဘဲ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်သောအခါ၌ ထိခိုက်ခံရမည်ဖြစ်ခြင်းသာ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် အနည်းအကျဉ်း စိတ်မကြည်မလင်ဖြစ်ကာ အနည်းငယ် စိတ်ဓာတ်ကျလိမ့်မည်။ သို့သော် ဘုရားရှေ့သို့ ၎င်းတို့ ပြန်လာသောအခါ ဤအရာအားလုံး ပြေလည်သွားလိမ့်မည်။ ၎င်းတို့အတွက် ပြဿနာဖြစ်လိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) မင်ဟွေက စိတ်နှလုံးထဲမှာ ဘုရားကို ကျေးဇူးတင်ခဲ့တယ်။ “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုတဲ့ သမ္မာတရားကို ဘုရားသခင်က ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုခဲ့ရင် သူ့မိဘတွေက သူ့ကို မွေးခဲ့တဲ့အတွက်၊ သူ့ကို ပညာရေးပံ့ပိုးပေးဖို့ အရမ်းကို ဒုက္ခခံခဲ့ပြီး သူ့ကို အရမ်း စိတ်ပူခဲ့တဲ့အတွက် သူ့ကို ပျိုးထောင်တဲ့နေရာမှာ သူတို့ပြခဲ့တဲ့ ကြင်နာမှုက ဘယ်အရာမဆိုထက် ပိုကြီးတယ်၊ ဒီအတွက် သူအရွယ်ရောက်တာနဲ့ သူတို့ကို ပြန်ပေးဆပ်သင့်တယ်ဆိုပြီး အမြဲတမ်း ယုံကြည်နေခဲ့မှာပဲ။ သူက ဒီလိုမလုပ်နိုင်ရင် သူ့အသိတရားက သူ့ကို အရမ်းအပြစ်တင်မယ်။ သူများတွေက သူ့ကို ကျေးဇူးမသိတတ်ဘူး၊ သားသမီးဝတ်မကျေဘူးလို့ ပြောကြမယ်။ ဒီနှစ်တွေမှာ သူက အိမ်မှာရှိခဲ့ရင် သူ့အဖေ နေမကောင်းဖြစ်တော့ ကောင်းကောင်းစောင့်ရှောက်နိုင်မှာပဲ၊ သူ့အမေက သူ့အတွက် အရမ်းစိတ်ပူနေမှာမဟုတ်ဘူးဆိုပြီး သူ ယုံကြည်ခဲ့တယ်။ အဲဒါဆိုရင် သူ့အမေက ရောဂါစဖြစ်လာမှာမဟုတ်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူ့အမေရဲ့ ရောဂါက သူနဲ့သက်ဆိုင်တယ်လို့ သူ အမြဲတွေးခဲ့တယ်။ အခု ဒီလို ပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်ကို သူဖတ်ပါတယ်။ “သင့်မိဘများအသက်ရှင်မည်လော၊ သေမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ ၎င်းတို့ ချမ်းသာမည်လော၊ ဆင်းရဲမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ (မထိန်းချုပ်နိုင်ပါ။) သင့်မိဘများက မည်သည့်ရောဂါကို ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့သည် သင့်အား ပျိုးထောင်ခြင်းကြောင့် အလွန်မောပန်းသောကြောင့်၊ သို့မဟုတ် ၎င်းတို့က သင့်အား သတိရသောကြောင့် ဖြစ်မည်မဟုတ်ပေ။ အထူးသဖြင့် ၎င်းတို့သည် သင့်ကြောင့် ထိုအကြီးစားဖြစ်သော၊ ဆိုးဝါးသော၊ သေစေနိုင်သော ရောဂါတစ်ခုခုကို ကူးစက်မည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်ပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။” လူတိုင်းရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာရှိတယ်ဆိုတာ မင်ဟွေ အသိအမှတ်ပြုသွားတယ်။ ဒီဘဝသက်တမ်းမှာ နေမကောင်းဖြစ်တဲ့အချိန်၊ သေတဲ့အချိန်တွေက ဘုရားသခင်က ဟိုးအရင်ကတည်းက စီမံခဲ့တဲ့ အရာတွေပဲ။ ဒီနှစ်တွေမှာ သူက သူ့မိဘတွေနားမှာ အမြဲတမ်းရှိနေခဲ့ရင်တောင် သူတို့ကံကြမ္မာက ပြောင်းလဲမှာ မဟုတ်ဘူး။ နှစ်တိုင်းမှာ သွေးတိုးကြောင့်မို့ ဦးနှောက်သွေးကြောပေါက်ပြီး နှလုံးရောဂါဖြစ်တဲ့၊ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် ရုတ်တရက် နေမကောင်းဖြစ်ပြီး သေတဲ့၊ ကိုယ်တစ်ပိုင်းသေတဲ့ရောဂါ ခံစားရတဲ့ သက်ကြီးရွယ်အိုတွေအများကြီးရှိတာကို မင်ဟွေ တွေးမိတယ်။ ဒီလူတွေထဲက တချို့မှာ သူတို့ကို စောင့်ရှောက်ဖို့ စိတ်နှစ်ထားတဲ့ သားသမီးတွေရှိကြတယ်။ ဒါပေမဲ့ သူတို့ စောင့်ရှောက်တာ ဘယ်လောက်ကောင်းပါစေ သူတို့မိဘတွေ နေမကောင်းဖြစ်ပြီး သေတာကို မတားဆီးနိုင်ဘူး။ အများဆုံး သူတို့လုပ်နိုင်တာက သူတို့မိဘတွေကို ဆေးကုဖို့အတွက် ဆေးရုံကို ချက်ချင်းပို့ပေးတာပဲ။ ဒါပေမဲ့ ဆရာဝန်တွေက သူတို့မိဘတွေကို ကုနိုင်၊ မကုနိုင်ဆိုတဲ့အပေါ် သူတို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဒါကို သိတော့ သူ့အမေက ဒီလို နေမကောင်းဖြစ်တာဟာ သူ့ကို သတိရလို့၊ သူ့ကို ပျိုးထောင်ပေးရတာ ပင်ပန်းလို့မဟုတ်ဘူးဆိုတာ မင်ဟွေ ရှင်းရှင်းလင်းလင်း နားလည်သွားတယ်။ ဒါ သူ့အမေရဲ့ ကံကြမ္မာပဲ။ မင်ဟွေ တော်တော်လေးပိုပြီး စိတ်အေးသွားတယ်။
သူ့အမေရဲ့ ရောဂါက သူနဲ့မသက်ဆိုင်ဘူးဆိုတာကို သူ နားလည်ပေမဲ့ သူ့အမေက သူ့အတွက် လုပ်ပေးခဲ့တဲ့အရာတိုင်းကို တွေးမိတာနဲ့၊ အခုသူ့အမေက လေဖြတ်ပြီး စောင့်ရှောက်ဖို့ လိုအပ်ပေမဲ့ သူမရှိနေခဲ့ပုံကို တွေးမိတာနဲ့ တစ်ပြိုင်နက် သူ့စိတ်ထဲမှာ နည်းနည်း အပြစ်တင်ခံရသလို ခံစားမိတယ်။ သူ့အမေအပေါ် အကြွေးတင်တယ်လို့ သူခံစားရတယ်။ နောက် မကြာခင်မှာပဲ ဒီကိစ္စအပေါ် သူ့အမြင်ကို ပြောင်းလဲစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို သူ ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘာသာတရားမရှိသူများ၏ လောကတွင် ‘ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်’ ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ ‘သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်’ ဟူသည့် ဤဆိုရိုးစကားလည်း ရှိသည်။ ဤဆိုရိုးစကားများသည် အလွန်ပင် ဟိတ်ဟန်များလှပါတကား။ အမှန်တကယ်တွင် ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်ဟူသည့် ပထမဆိုရိုးစကားက ပြောသော ဖြစ်ရပ်သည် အမှန်ပင် တည်ရှိသည်။ ဤသည်တို့မှာ အမှန်တရားများဖြစ်သည်။ သို့ရာတွင် ယင်းတို့သည် တိရစ္ဆာန်လောက၏ ဖြစ်ရပ်များသာဖြစ်သည်။ သက်ရှိသတ္တဝါအမျိုးမျိုးအတွက် ဘုရားသခင်က ချမှတ်ခဲ့သော နိယာမတစ်မျိုးသာဖြစ်သည်။ ပြီးလျှင် လူသားများအပါအဝင် သက်ရှိသတ္တဝါမျိုးစုံ လိုက်နာသော နိယာမဖြစ်သည်။ သက်ရှိသတ္တဝါမျိုးစုံက ဤနိယာမကို လိုက်နာသည်ဆိုသည့်အချက်က သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်းကို ထင်ရှားစေသည်။ မည်သည့်သက်ရှိသတ္တဝါကမျှ ဤနိယာမကို မချိုးဖျက်နိုင်သလို မည်သည့်သက်ရှိသတ္တဝါကမျှ မကျော်လွန်နိုင်ပေ။ ခြင်္သေ့နှင့် ကျားတို့ကဲ့သို့သော အတော်အတန် ရက်စက်သော အသားစားသတ္တဝါများသည်ပင် ၎င်းတို့၏ ကလေးများကို ပြုစုပျိုးထောင်ပြီး အရွယ်မရောက်မီတွင် ကလေးများကို မကိုက်ပေ။ ဤသည်မှာ တိရစ္ဆာန် ဗီဇစိတ်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်မျိုးစိတ်ဖြစ်ပါစေ၊ ရက်စက်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ၊ သိမ်မွေ့နူးညံ့သည်ဖြစ်စေ တိရစ္ဆာန်အားလုံးက ဤဗီဇစိတ်ကို ပိုင်ဆိုင်သည်။ လူသားများအပါအဝင် သတ္တဝါမျိုးစုံတို့သည် ဤဗီဇစိတ်နှင့် နိယာမကို လိုက်နာခြင်းအားဖြင့်သာ ဆက်လက်၍ မျိုးပွားပြီး ရှင်သန်နိုင်သည်။ ၎င်းတို့က ဤနိယာမကို မလိုက်နာလျှင်၊ သို့မဟုတ် ဤနိယာမနှင့် ဗီဇစိတ်မရှိလျှင် မျိုးပွားပြီး ရှင်သန်နိုင်မည်မဟုတ်ပေ။ ဇီဝကွင်းဆက်က တည်ရှိမည်မဟုတ် ဤကမ္ဘာလည်း တည်ရှိမည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်ခြင်း၊ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်ခြင်းက တိရစ္ဆာန်လောကသည် ဤနိယာမမျိုးကို လိုက်နာကြောင်းကို အတိအကျ ထင်ရှားစေသည်။ သက်ရှိသတ္တဝါ အမျိုးအစားအားလုံးတို့တွင် ဤဗီဇစိတ်ရှိသည်။ ကလေးများမွေးပြီးသည်နှင့် ၎င်းတို့သည် အရွယ်မရောက်မီအထိ ထိုမျိုးစိတ်များ၏ အမများ၊ သို့မဟုတ် အထီးများ၏ ဂရုစိုက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ သက်ရှိသတ္တဝါမျိုးစုံသည် ၎င်းတို့၏ ကလေးများအပေါ် ၎င်းတို့၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်ကြပြီး တာဝန်ကျေပွန်စွာနှင့် တာဝန်သိတတ်စွာဖြင့် နောက်မျိုးဆက်ကို ပျိုးထောင်နိုင်ကြသည်။ ဤသည်မှာ လူသားများအတွက် ပို၍ပင် မှန်ကန်သင့်သည်။ လူသားများကို လူသားမျိုးနွယ်က ပိုမိုအဆင့်မြင့်သော တိရစ္ဆာန်အဖြစ် ခေါ်ဆိုကြသည်။ ၎င်းတို့သည် ဤနိယာမကို မလိုက်နာနိုင်လျှင်၊ ဤဗီဇစိတ်ကင်းမဲ့လျှင် လူသားများသည် တိရစ္ဆာန်များထက် နိမ့်ကျသည် မဟုတ်လော။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်စဉ်တွင် သင့်အား မည်မျှပြုစုပျိုးထောင်ပေးပါစေ၊ သင့်အပေါ် ၎င်းတို့၏ တာဝန်ကို မည်မျှဖြည့်ဆည်းပါစေ ၎င်းတို့သည် ဖန်ဆင်းခံလူသား၏ စွမ်းရည်နယ်ပယ်အတွင်း၌ ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်ဆောင်နေခြင်းသာဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဗီဇစိတ်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) “အပြင်ပန်းတွင် သင့်မိဘများက သင်၏ ဇာတိပကတိ အသက်ကို မွေးဖွားပေးခဲ့သည့်ပုံစံရပြီး သင့်အား အသက်ကိုပေးသည်မှာ သင့်မိဘများဖြစ်သည့် ပုံပေါက်ရှိသည်။ သို့သော် ဤအရာကို ဘုရားသခင်၏ အမြင်ရှုထောင့်မှလည်းကောင်း၊ ဤအမှုကိစ္စ၏ အရင်းအမြစ်မှလည်းကောင်း ကြည့်လျှင် သင်၏ ဇာတိပကတိအသက်ကို သင့်မိဘများက သင့်အားပေးခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် အသက်ကို မဖန်တီးနိုင်သောကြောင့် ဖြစ်သည်။ ရိုးရှင်းစွာဆိုရလျှင် မည်သူကမျှ လူ၏ ဇီဝအသက်ကို မဖန်တီးနိုင်ပေ။ လူတစ်ယောက်ချင်းစီ၏ အသွေးအသားက လူတစ်ယောက်ဖြစ်လာနိုင်သည့် အကြောင်းရင်းမှာ ထိုဇီဝအသက်ရှိသောကြောင့်ဖြစ်သည်။ လူ၏အသက်သည် ဤဇီဝအသက်တွင် တည်ရှိသည်။ ပြီးလျှင် ယင်းသည် သက်ရှိလူတစ်ယောက်၏ လက္ခဏာဖြစ်သည်။ လူတို့၌ ဤဇီဝအသက်နှင့် အသက်တို့ရှိပြီး ဤအရာများ၏ အရင်းအမြစ်နှင့် ဇာစ်မြစ်မှာ ၎င်းတို့မိဘများမဟုတ်ပေ။ လူတို့အား ၎င်းတို့မိဘများက ၎င်းတို့ကို မွေးဖွားသည့်နည်းဖြင့် ဖြစ်ပေါ်စေခြင်းသာ ဖြစ်သည်။ အရင်းအမြစ်ကို ကြည့်လျှင် ဤအရာများကို လူတို့အားပေးသည်မှာ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်များမဟုတ်ပေ။ သင့်ဘဝ၏ အရှင်သခင်သည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည်။ လူသားမျိုးနွယ်၏ အသက်များကို ဖန်ဆင်းပြီး သူသည် လူသားမျိုးနွယ်အား လူ့အသက်၏ အရင်းအမြစ်ဖြစ်သော အသက်၏ ဇီဝအသက်ကို ပေးသည်။ ထို့ကြောင့် ‘သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်မဟုတ်’ ဆိုသည့် စာကြောင်းသည် နားလည်ရန် မလွယ်ကူသလော။ သင်၏ ဇီဝအသက်ကို သင့်မိဘများက ပေးခဲ့ခြင်းမဟုတ်။ ပြီးလျှင် ထိုဇီဝအသက်က ဆက်လက်၍ တည်ရှိနေခြင်းကို သင့်မိဘများက ပေးသည်ဆိုလျှင် ပို၍ပင် မဟုတ်ပေ။ ဘုရားသခင်က သင့်ဘဝ၏ နေ့စဉ်နေ့တိုင်းကို ကြည့်ရှုစောင့်ရှောက်ပြီး အုပ်စိုးသည်။ သင့်ဘဝ၏ နေ့စဉ်နေ့ရက်တိုင်းက မည်သို့ဖြစ်သည်၊ တစ်ရက်ချင်းစီက ပျော်ရွှင်ပြီး အဆင်ပြေချောမွေ့ခြင်းရှိမရှိ၊ နေ့စဉ် မည်သူ့ကို သင်တွေ့သည်၊ သို့မဟုတ် နေ့စဉ် မည်သည့်ပတ်ဝန်းကျင်၌ သင်နေသည်ဆိုသည်တို့ကို သင့်မိဘများက မဆုံးဖြတ်နိုင်ပေ။ ဘုရားသခင်က သင့်မိဘများမှတစ်ဆင့် သင့်အား ကြည့်ရှုစောင့်ရှောက်ခြင်းသာ ဖြစ်သည်။ သင့်မိဘများသည် သင့်အား ကြည့်ရှုစောင့်ရှောက်ရန် ဘုရားသခင်က စေလွှတ်သည့်သူများသာဖြစ်သည်။ သင်မွေးဖွားလာသောအခါ သင့်အား အသက်ပေးသူမှာ သင့်မိဘများမဟုတ်ပေ။ ဤသို့ဆိုလျှင် ယခုအထိ အသက်ရှင်စေသည့် အသက်ကို သင့်အားပေးခဲ့သည်မှာ သင့်မိဘများဖြစ်သလော။ မဟုတ်သေးပေ။ သင့်အသက်၏ အရင်းအမြစ်သည် ဘုရားသခင်သာ ဖြစ်ဆဲဖြစ်ပြီး သင့်မိဘများမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ မင်ဟွေက စိတ်အေးသွားပြီး သက်ပြင်းချလိုက်တယ်။ ဘုရားသခင်ပြောသလိုပဲ။ “ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးသငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်” ဆိုတာ အမှန်တရားပဲ။ ဒါပေမဲ့ ဒီအမှန်တရားက သဘာဝလောကမှာရှိတဲ့ တိရစ္ဆာန်တွေအားလုံးက သူတို့ကလေးတွေကို ပျိုးထောင်ပေးတဲ့ တာဝန်၊ ဝတ္တရားကို ဆောင်ရွက်နေကြတယ်ဆိုတာကိုပဲ သက်သေပြတယ်။ ဒါက သက်ရှိသတ္တဝါအားလုံးအတွက် ဘုရားသခင် ဖော်ထုတ်ခဲ့တဲ့ နိယာမတစ်ခုပဲ။ ရက်စက်တဲ့ ကျား၊ ခြင်္သေ့ဖြစ်နေရင်တောင် သူတို့သားသမီးတွေက ငယ်ပြီး အရွယ်မရောက်သေးတဲ့အချိန်မှာ သူတို့သားသမီးတွေ အမှီအခိုကင်းတဲ့အထိ ကာကွယ်၊ ပျိုးထောင်ပေးဖို့ သူတို့ကိုယ်သူတို့ စိတ်နှစ်ထားကြတယ်။ ဒါက သူတို့အတွက် ဘုရားသခင် ဖန်တီးခဲ့တဲ့ နိယာမဖြစ်ပြီး သူတို့ရဲ့ ဗီဇစိတ်လည်း ဖြစ်တယ်။ လူသားတွေက တခြားတိရစ္ဆာန်တွေထက်ပိုပြီး အဆင့်မြင့်တဲ့ မျိုးစိတ်ဖြစ်တယ်။ စိတ်နှလုံးနဲ့ ဝိညာဉ်ရှိတယ်။ ဒီနိယာမကို ဘယ်လိုလိုက်နာရမယ်ဆိုတာ သူတို့က ပိုပြီးတော့တောင် သိသင့်တယ်။ မိဘတွေက သူတို့သားသမီးတွေအတွက် ဘယ်လိုပေးဆပ်ပါစေ သူတို့တွေက သူတို့တာဝန်၊ ဝတ္တရားကို ဖြည်းဆည်းနေတာသက်သက်ပဲ။ ဒါကို ကြင်နာမှုလို့ လုံးဝ ခေါ်လို့မရဘူး။ မင်ဟွေက “ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးသငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်” ဆိုတာကို အရင်တုန်းက သမ္မာတရားနဲ့မညီတဲ့ ပုံစံနဲ့ နားလည်ခဲ့တယ်ဆိုတာကို သူသတိပြုမိခဲ့တယ်။ ဒါဟာ တိရစ္ဆာန်တွေကတောင် သူတို့ကို ပျိုးထောင်ပေးတဲ့အခါမှာရှိတဲ့ သူတို့မိဘတွေရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ရမယ်ဆိုတာ သိတယ်၊ သူက ဒီလိုမလုပ်နိုင်ရင် တိရစ္ဆာန်တစ်ကောင်ထက်တောင် ပိုဆိုးတဲ့သဘောပဲလို့ သူက ထင်ခဲ့တာပါ။ ဒီလို နားလည်မှုမျိုးက မှားပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့ မညီဘူး။ သူ့မိဘတွေက သူ့ကို မွေးပြီး ပျိုးထောင်ပေးတာ၊ သူ့ကို အစားအစာ၊ အဝတ်အစား၊ ပညာရေးပံ့ပိုးပေးတာတွေအားလုံးက မိဘတွေအနေနဲ့ သူတို့ ဖြည့်ဆည်းသင့်တဲ့ တာဝန်၊ ဝတ္တရားတွေပဲ။ သူ့မိဘတွေအပေါ် အကြွေးတင်တယ်လို့ အမြဲတမ်း မခံစားသင့်ဘူး။ သူတို့ရဲ့ ကြင်နာမှုကို ပြန်ပေးသင့်တယ်လို့ အမြဲတမ်းထင်ဖို့ဆိုတာ ထားလိုက်တော့။ အပေါ်ယံမှာ သူ့မိဘတွေက သူ့ကို မွေးခဲ့ပြီး ပျိုးထောင်ခဲ့တယ်။ ဒါပေမဲ့ ဒါကို ဘုရားသခင်က စီမံခဲ့တာပါ။ မိဘတွေက သူတို့သားသမီးတွေရဲ့ ဘဝတွေကို စောင့်ရှောက်ပြီး အရွယ်ရောက်အောင် ပျိုးထောင်ပေးတယ်။ ဒါပေမဲ့ သူတို့ သားသမီးတွေရဲ့ ကံကြမ္မာတွေ ကောင်းခြင်း၊ ဆိုးခြင်းနဲ့ ပတ်သက်ရင်၊ သူတို့သားသမီးတွေအပေါ်မှာ တချို့အကြောင်းအရာတွေက ဘယ်အချိန်မှာ ဖြစ်မယ်၊ မတော်တဆဖြစ်ရပ်တွေက သူတို့အပေါ် ဘယ်အချိန်မှာ ကျရောက်မယ်ဆိုတာတွေနဲ့ပတ်သက်ရင် ဒါတွေအားလုံးကို သူတို့ မထိန်းချုပ်နိုင်ဘူး။ မင်ဟွေက သူငါးနှစ်၊ ခြောက်နှစ်အရွယ်အချိန်၊ သူ့ထက်နှစ်နှစ်ပိုကြီးတဲ့ သူ့အစ်မနဲ့ မြစ်နားမှာ သွားဆော့ပြီး နက်တဲ့မြောင်းထဲကို မတော်တဆကျသွားတဲ့အချိန်ကို ရုတ်တရက်တွေးမိတယ်။ ရေတွေအများကြီး မျိုချမိပြီး ရေနှစ်တော့မလို ဖြစ်သွားတယ်။ သူ့အစ်မက ငိုရင်းနဲ့ သူ့ကို မြောင်းထဲကနေ ဆွဲထုတ်ခဲ့တယ်။ အဲဒီအချိန်တုန်းက သူက ဘုရားကို မယုံကြည်ပေမဲ့ ဘုရားသခင်ကသာ သူ့ကို စောင့်ရှောက်ပြီး ကာကွယ်မနေဘူးဆိုရင် သူအသက်ရှူတာရပ်ပြီး အသက်ဆုံးရှုံးသွားခဲ့တာ ကြာပြီဖြစ်မှာပဲ။ သူ့မိဘတွေက သူ့ကို ဘယ်လောက်ချစ်ပါစေ၊ သူအသက်ရှင်မလား၊ သေမလားဆိုတဲ့အပေါ် မထိန်းချုပ်နိုင်ဘူး။ သူ ဒီနေ့အထိ အသက်ရှင်နိုင်တာက လုံးဝ ဘုရားရဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်မှုရဲ့ ရလဒ်ပဲ။ ဘုရားရဲ့ ချစ်ခြင်းကို ဘယ်လိုပြန်ပေးဆပ်ပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ သူ့တာဝန်ကို ထမ်းဆောင်ရမလဲဆိုတာကို စဉ်းစားသင့်တယ်။ ဒါက အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့သူတစ်ယောက် လုပ်သင့်တဲ့အရာပါပဲ။
အဲဒီနောက် မကြာခင်မှာ မင်ဟွေက ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပါတယ်။ “ဖန်ဆင်းရှင်၏ မျက်မှောက်တွင် သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ဤဘဝတွင် သင် လုပ်ဆောင်သင့်သည့်အရာမှာ သင်၏ မိဘများထံ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းသာ မဟုတ်ဘဲဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ ဝတ္တရားများနှင့် တာဝန်များကို ဖြည့်ဆည်းရန် ဖြစ်သည်။ သင်သည် သင်၏ မိဘများအတွက် သင်၏ ဝတ္တရားများကို သင်၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များ၊ သို့မဟုတ် သင့်အသိစိတ်၏ လိုအပ်ချက်များကို အခြေခံ၍ ၎င်းတို့အတွက် တစ်ခုခု လုပ်ဆောင်ခြင်းအားဖြင့်မဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းမျာကို အခြေခံ၍သာ ဖြည့်ဆည်းနိုင်သည်။...လူအချို့က ‘ကိုယ်တော် ပြောပြီးသည့်အရာများအားလုံး အမှန်တရားများ ဖြစ်သော်လည်း ဤသို့ပြုမူဆောင်ရွက်ခြင်းက အလွန် ခံစားမှုကင်းမဲ့သည်ဟု ကျွန်ုပ် ခံစားရသည်။ ကျွန်ုပ်၏ အသိစိတ်က အမြဲ လိပ်ပြာမလုံဖြစ်ရသည်၊ ကျွန်ုပ် မခံနိုင်ပါ’ဟု ပြောကြလိမ့်မည်မှာ အမှန်ဖြစ်၏။ သင် မခံနိုင်လျှင် သင်၏ ခံစားချက်များကိုသာ ဖြည့်ဆည်းလော့။ သင်၏ မိဘများကို အဖော်ပြုပေးကာ သူတို့နံဘေးတွင် နီးနီးကပ်ကပ် နေလော့၊ သူတို့ကို အလုပ်အကျွေးပြုလော့၊ သားသမီးဝတ်ကျေပွန်ပြီး ၎င်းတို့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၎င်းတို့ ပြောဆိုသည့်အရာကို လုပ်ဆောင်လော့။ ၎င်းတို့၏ အခြွေအရံတစ်ဦးကဲ့သို့ဖြစ်လာပြီး နောက်သို့ ထပ်ကြပ်မကွာလိုက်လော့။ ဤအရာအားလုံး ကိစ္စမရှိပေ။ ဤသို့ဖြင့် မည်သူကမျှ သင့်နောက်ကွယ်တွင် သင့်အကြောင်းကို ဝေဖန်ကဲ့ရဲ့ကြလိမ့်မည်မဟုတ်သကဲ့သို့ သင်၏ ဆွေမျိုးသားချင်းများကပင် သင် မည်မျှ သားသမီးဝတ်ကျေပွန်ကြောင်း ပြောဆိုကြလိမ့်မည်။ သို့ရာတွင် အဆုံး၌ ဆုံးရှုံးမှု ခံစားရမည့် တစ်ဦးတည်းသောသူမှာ သင်ကိုယ်တိုင် ဖြစ်လိမ့်မည်။ သင်သည် သားသမီးဝတ်ကျေပွန်သည့် သားသမီးတစ်ဦးအဖြစ် သင်၏ ဂုဏ်သတင်းကို ထိန်းသိမ်းပြီးဖြစ်သည်။ သင်၏ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပြီးဖြစ်ကာ သင်၏ အသိစိတ်က မည်သည့်အခါတွင်မျှ လိပ်ပြာမသန့်ခြင်း မရှိသကဲ့သို့ သင့်မိဘများ၏ ကြင်နာမှုကို သင် ပြန်ဆပ်ပြီးဖြစ်သော်လည်း သင် လျစ်လျူရှုကာ ဆုံးရှုံးခဲ့သည့်အရာတစ်ခု ရှိ၏။ ဤကိစ္စရပ်များအားလုံးကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သင်သဘောထားကာ ကိုင်တွယ်ခဲ့ခြင်း မရှိသကဲ့သို့ အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရမည့် အခွင့်အရေးကို သင် ဆုံးရှုံးပြီးဖြစ်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်ပြီးဖြစ်သော်လည်း ဘုရားသခင်ကို သစ္စာဖောက်မိပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ သင်သည် သားသမီးဝတ် ကျေပွန်ခြင်းကို ပြသခဲ့ပြီး သင့်မိဘများ၏ ဇာတိပကတိနှင့်ဆိုင်သော စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းခဲ့သော်လည်း ဘုရားသခင်ကို သင် ပုန်ကန်ခဲ့ပေသည်။ သင်သည် အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်များကို ထမ်းဆောင်ရန်ထက် သားသမီးဝတ်ကျေသည့် ကလေးတစ်ဦးဖြစ်ရန် သင် ရွေးချယ်မည်ဖြစ်သည်။ ဤအရာက ဘုရားသခင်အပေါ် အကြီးမားဆုံး မလေးစားခြင်း ဖြစ်သည်။ သင့်အနေဖြင့် သားသမီးဝတ်ကျေပွန်သည့် သားသမီးတစ်ဦးဖြစ်သောကြောင့်၊ သင်၏ မိဘများကို စိတ်ပျက်အောင် မလုပ်ခဲ့သောကြောင့်၊ သင့်တွင် အသိစိတ်တစ်ခုရှိပြီး သားသမီးတစ်ဦးအနေနှင့် သင်၏ တာဝန်များကို ဖြည့်ဆည်းရုံသက်သက်ဖြင့် ဘုရားသခင်က သင်သည် သူ့ကို ကျိုးနွံနာခံသည့်လူတစ်ဦး သို့မဟုတ် လူ့သဘာဝ ပိုင်ဆိုင်သည့် လူတစ်ဦးဖြစ်သည်ဟု ပြောလိမ့်မည် မဟုတ်ပေ။ သင့်အသိစိတ်၏ လိုအပ်ချက်များနှင့် သင့်ဇာတိပကတိ၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကိုသာ သင် ဖြည့်ဆည်းသော်လည်း ဤကိစ္စရပ်အား သဘောထားခြင်းအတွက် သို့မဟုတ် ကိုင်တွယ်ခြင်းအတွက် ဘုရားနှုတ်ကပတ်တော်ကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ အခြေပြုချက်နှင့် စည်းမျဉ်းများအဖြစ် လက်မခံလျှင် ဘုရားသခင်ကို အကြီးမားဆုံးသော ပုန်ကန်မှုကို သင် ပြသနေခြင်းဖြစ်သည်။ သင့်အနေဖြင့် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံတစ်ဦးဖြစ်လိုလျှင် ပထမဦးစွာ အရာရာကို ဘုရားနှုတ်ကပတ်တော်များအတိုင်း ရှုမြင်ပြီး လုပ်ဆောင်ရမည်။ ဤအရာကို အရည်အချင်းပြည့်မီခြင်း၊ လူ့သဘာဝရှိခြင်းနှင့် အသိစိတ်ရှိခြင်းဟု ခေါ်သည်။ အပြန်အလှန်အားဖြင့် ဤကိစ္စရပ်အား သဘောထားခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းအတွက် ဘုရားနှုတ်ကပတ်တော်များကို စည်းမျဉ်းများနှင့် အခြေပြုချက်အဖြစ် သင် လက်မခံသကဲ့သို့ သင်၏ တာဝန်များကို သွားရောက် ထမ်းဆောင်ရန်အတွက် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကိုလည်း လက်မခံလျှင် သို့မဟုတ် သင့်မိဘများနံဘေးတွင် ရှိနေရန်၊ ၎င်းတို့ကို အဖော်ပြုပေးရန်၊ ၎င်းတို့ထံ ပျော်ရွှင်မှု ဆောင်ကြဉ်းပေးရန်၊ ၎င်းတို့၏ နေဝင်ချိန်နှစ်ကာလများကို မွေ့လျော်ခံစားခွင့်ပေးပြီး ၎င်းတို့၏ ကြင်နာမှုကို ပြန်ဆပ်ရန်အလို့ငှာ သင်၏ တာဝန်များကို ထမ်းဆောင်ရမည့် အခွင့်အရေးအား အချိန်ဆွဲချင်လျှင် သို့မဟုတ် အဆုံးခံချင်လျှင် သင်သည် လူ့သဘာဝ သို့မဟုတ် အသိစိတ်မရှိသည့်အရာတစ်ခုဖြစ်သည်ဟု ဘုရားသခင်က ပြောလိမ့်မည်။ သင်သည် အဖန်ဆင်းခံတစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) အသင်းတော်ခေါင်းဆောင်က တာဝန်ထမ်းဆောင်ဖို့ အိမ်ကိုထားခဲ့နိုင်မလားဆိုပြီး မေးတဲ့ စာတစ်စောင် သူ့ဆီပို့တဲ့ ပထမအကြိမ်ကို မင်ဟွေ သတိရတယ်။ သူပထမဆုံး တွေးမိတာက ဒီနှစ်တွေတစ်လျှောက်မှာ သူ့မိဘတွေအပေါ် အရမ်းအကြွေးတင်လာတယ်ဆိုတာပဲ။ အထူးသဖြင့် သူ့အဖေအပေါ် သူအကြွေးတင်တဲ့အရာအတွက် ပေးဆပ်ဖို့ အရမ်းနောက်ကျနေပြီ။ သူ့အမေကိုပါ ထားခဲ့ရင် သူ့ကိုယ်သူ ရှင်းပြဖို့ ပိုပြီးတော့တောင် ခက်သွားမယ်။ သူ့အသိစိတ်ကို နည်းနည်းနှစ်သိမ့်ပြီး သူက သားသမီးဝတ်ကျေတယ်လို့ အိမ်နီးချင်းတွေ ပြောအောင်လို့ သူ့တာဝန်ကို သူငြင်းပယ်ခဲ့ပြီး သူ့အမေကို စောင့်ရှောက်ဖို့ အိမ်မှာနေခဲ့တယ်။ ဒါက အသိတရားနဲ့ လူ့သဘာဝရှိတဲ့သူတစ်ယောက်ဖြစ်ခြင်းကို ဆိုလိုတယ်လို့ သူ ယုံကြည်ခဲ့တယ်။ ဘုရားသခင်က သူ့ကို ပေးခဲ့တဲ့ ထွက်သက်ဝင်သက်ကိုရှူပြီး ဘုရားသခင် ပံ့ပိုးခဲ့တဲ့အရာတွေအားလုံးကို ခံစားတဲ့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဘုရားရဲ့ချစ်ခြင်းကို ပြန်ပေးဆပ်သင့်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ သူနားလည်သွားတယ်။ ဒါပေမဲ့ အသင်းတော်က သူ့တာဝန်ကို ထမ်းဆောင်ဖို့သူ့ကို လိုအပ်တဲ့အချိန်မှာ သူက သူ့အမေကို စောင့်ရှောက်ဖို့ ငြင်းပယ်ခဲ့တယ်။ သူက သူ့အမေကို အရမ်းဂရုစိုက်ရင်တောင်၊ သူများတွေက သူ့ကို သားသမီးဝတ်ကျေပွန်လို့ဆိုပြီး ချီးမွမ်းရင်တောင်မှ သူက ဖန်ဆင်းရှင်ရှေ့မှာ အသိတရား၊ ဒါမှမဟုတ် လူ့သဘာဝမရှိတဲ့သူတစ်ယောက် ဖြစ်နေဦးမှာပဲ။ ဒါကို စဉ်းစားမိတော့ မင်ဟွေက သူ့ကိုယ်သူ မမုန်းဘဲ မနေနိုင်ဘူး။ ပြီးတော့ သူစဉ်းစားတယ်။ “ငါက ဘုရားကို မယုံကြည်ခဲ့ဘဲ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်ခဲ့ရင် ဒါက ခွင့်လွှတ်လို့ရနိုင်မှာပဲ။ အခု ငါက ဒီနှစ်တွေအားလုံးမှာ ဘုရားကို ယုံကြည်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေ အများကြီး ဖတ်ခဲ့တယ်။ ဒါတောင်မှ အကြောင်းကိစ္စတွေအပေါ် ငါ့အမြင်တွေက မယုံကြည်သူတွေနဲ့ တူနေတုန်းပဲ။ ငါက ယုံကြည်ခြင်းမရှိသူ မဟုတ်ဘူးလား။ သခင်ယေရှုနောက်ကို လိုက်ဖို့၊ ကောင်းကင်နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ပြီး အသင်းတော်ကို ထိန်းကျောင်းဖို့အတွက် ပေတရုက သူ့မိဘတွေနဲ့ သူ့မိသားစုကို စွန့်ပစ်ခဲ့တယ်။ တရုတ်နိုင်ငံကို လာပြီး သခင်ယေရှုရဲ့ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို ငါတို့ဆီကို ဖြန့်ဝေဖို့အတွက် မိသားစုတွေကို စွန့်ပြီး ပင်လယ်ကိုဖြတ်ခဲ့တဲ့ နိုင်ငံခြားသာသနာပြုအဖွဲ့တွေလည်းရှိပါတယ်။ သူတို့မှာလည်း မိဘတွေ၊ သားသမီးတွေ၊ ဆွေမျိုးတွေရှိတယ်။ ဒါပေမဲ့ သူတို့စဉ်းစားတာက သူတို့မိသားစုမဟုတ်ဘူး။ သူတို့မိဘတွေ၊ သားသမီးတွေ မဟုတ်ဘူး။ အဲဒီအစား ဘုရားအလိုတော်ကို ဘယ်လို ထောက်ထားရမယ်၊ အပြစ်ထဲမှာ အသက်ရှင်ပြီး စာတန် ထိခိုက်တာကို အရမ်းခံထားရတဲ့ ဒီလူတွေကို ဘုရားရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့အတွက် ဘုရားရှေ့ကို ဘယ်လိုခေါ်ဆောင်ရမယ်ဆိုတာကို စဉ်းစားတာပါ။ အသိတရားနဲ့ လူ့သဘာဝရှိတဲ့သူတွေရှိတယ်။ အခု နောက်ဆုံးသောကာလကို ရောက်လာပြီ။ ဘုရားအမှုတော်က ပြီးဆုံးတော့မယ်။ ကိုရိုနာဗိုင်းရပ်စ်၊ ရေကြီးတာတွေ၊ စစ်ပွဲတွေနဲ့ ကပ်ဘေးမျိုးစုံက ငါတို့အပေါ် ကျရောက်နေပြီ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ရဲ့ ဧဝံဂေလိကို မကြားရသေးတဲ့သူတွေ အများကြီးရှိသေးတယ်။ အဲဒီလူတွေက အချိန်မရွေး ကပ်ဘေးတွေထဲမှာ ဆုံးရှုံးမဲ့အခြေအနေကို ရင်ဆိုင်နေရတယ်။ အခု ငါ့မှာ တာဝန်ထမ်းဆောင်ပြီး ဘုရားရဲ့ နိုင်ငံတော်ဧဝံဂေလိကို ဖြန့်ဖို့ အခွင့်အရေးရှိတာက အမျှတဆုံး၊ အဓိပ္ပာယ်အရှိဆုံးအရာ မဟုတ်ဘူးလား။ ဒါဟာ လူ့သဘာဝရှိတဲ့သူတစ်ယောက် လုပ်သင့်တဲ့အရာမျိုးပဲ။ သူများတွေက ငါ့ကို ဘယ်လောက်ထိ အထင်တကြီး အကဲဖြတ်သလဲဆိုတာ ဘာအရေးပါလို့လဲ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ငါ့တာဝန်ကို ထမ်းဆောင်ပြီး ဖန်ဆင်းရှင်ရဲ့ လက်ခံမှုကို ရရှိခြင်းက အရေးကြီးဆုံးပဲ” လို့ပေါ့။ မင်ဟွေက နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုလည်း ဖတ်ပြီး သူ့ပြဿနာနဲ့ ပတ်သက်တဲ့ အသိပညာတွေထပ်ပြီး ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် ‘သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ’ ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားသခင်က တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို စက်ဆုပ်ရွံရှာသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။...စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အပေးအယူ လုပ်မိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤလူများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ တန်ပြန်စွပ်စွဲချက်ကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော။ ၎င်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။ လူအချို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း သားသမီးဝတ်နှင့်ပတ်သက်သော အရေးကိစ္စအား သိမြင်ခြင်းမရသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အမှန်ပင် နားမလည်ကြပေ။ ၎င်းတို့သည် ဤလောကီ ဆက်ဆံရေးများနှင့်ဆိုင်သည့် အတားအဆီးကို လုံးဝ မချိုးဖောက်နိုင်ပေ။ ၎င်းတို့သည် စိတ်ပိုင်းဖြတ်ခြင်း ရှိဖို့ မဆိုထားနှင့်၊ သတ္တိပင်ဖြစ်စေ၊ ယုံကြည်ချက်ပင်ဖြစ်စေ မရှိကြသောကြောင့် ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ နာလည်းမနာခံနိုင်ကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) လျှပ်တစ်ပြက်အတွင်းမှာပဲ ဘုရားနှုတ်ကပတ်တော်တွေက မင်ဟွေရဲ့ စိတ်နှလုံးကို လင်းလက်စေခဲ့တယ်။ သူ့အမေကို သူလက်လွှတ်ဖို့ ငြင်းဆန်တာက စာတန်က သူ့အထဲကို သွတ်သွင်းခဲ့တဲ့ ရိုးရာယဉ်ကျေးမှုရဲ့ အယူဝါဒသွတ်သွင်းမှုနဲ့ လွှမ်းမိုးမှုကနေလာတယ်ဆိုတာကို သူသိမြင်သွားတယ်။ သူဟာ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”၊ “သင့်မိဘများ အသက်ကြီးသောအခါတွင် သင်စောင့်ရှောက်နိုင်ရန်အတွက် သင့်မိဘများက သင့်ကို ကျွေးမွေးပြုစုသည်”၊ “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေအတိုင်း နေထိုင်ခဲ့တယ်။ သူ ငယ်ငယ်ကတည်းက လူတွေရဲ့ မှတ်ချက်တွေကို ခဏခဏ ကြားခဲ့ရတယ်။ “ဘယ်သူရဲ့ ကလေးကတော့ တကယ်ကို သားသမီးဝတ်ကျေပွန်တယ်။ သူ့မိဘတွေကို သားသမီးဝတ်ကျေပွန်ရမယ်ဆိုတာ သိပြီး သူတို့ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်တယ်။ သူက တကယ်ကို အသိတရားရှိတယ်။ ဘယ်သူရဲ့ ကလေးကတော့ မလိမ္မာဘူး။ သူ့မိဘတွေက နေမကောင်းဖြစ်ပေမဲ့ သူက သူ့မိဘတွေကို ဂရုမစိုက်ဘူး။ တော်တော် ကျေးဇူးမသိတတ်တဲ့သားပဲ။ သူ့အသိတရားကို မြောင်းထဲလွှင့်ပစ်ထားတာပဲ” ဆိုတာမျိုးတွေပေါ့။ ဒီစကားတွေက မင်ဟွေရဲ့ စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း နေရာယူနေခဲ့ပြီ။ သူက သူ့မိဘတွေအပေါ် သားသမီးဝတ်ကျေဖို့ကို ဦးစားပေးပြီး သူ့အမေက နေမကောင်းဖြစ်နေတာကြောင့် သူ့သမီးအနေနဲ့ သူ့ဘေးမှာနေပြီး သူ့ကို ပြုစုသင့်တယ်လို့ ထင်ခဲ့တယ်။ သူက သူ့အမေအနားမှာမရှိရင် သားသမီးဝတ်မကျေတဲ့ သမီးတစ်ယောက်ပဲ။ အိမ်နီးချင်းတွေက သူ့ကို လူ့သဘာဝမရှိတဲ့ ကျေးဇူးမသိတတ်တဲ့သမီးလို့ ခေါ်မှာစိုးပြီး သူ့တာဝန်ကို ငြင်းပယ်ခဲ့တယ်။ နောက်ပိုင်းမှာ သူ့တာဝန်ကို နောက်တစ်ခါ စလုပ်ခဲ့ပေမဲ့ သူ့အမေကို အကြွေးတင်နေသလို ခံစားနေရတုန်းပဲ။ သူဟာ ဒီစာတန်ဆန်တဲ့ အဆိပ်တွေရဲ့ တင်းတင်း ချည်နှောင်တာကို အရမ်းခံနေရမှန်း သူသိမြင်ခဲ့တယ်။ ဒီအချိန်မှာ မင်ဟွေက သူ့အမေဟာ ယုံကြည်ခြင်းမရှိသူတစ်ယောက်ဖြစ်တာကို တွေးမိတယ်။ မနှစ်တုန်းက သူ့အမေက သူ့ရောဂါက နှိပ်စက်တာကို မခံနိုင်လို့ ဝိညာဉ်ဆိုးတွေကို သွားပြီး ကိုးကွယ်တယ်။ မင်ဟွေက ဘုရားသခင်ချစ်တာကို မချစ်နိုင်ဘဲ ဘုရားသခင် မုန်းတာကို မမုန်းနိုင်ရုံမကဘဲ သူ့အမေအပေါ် သူ့ရဲ့ စိုးရိမ်မှုကြောင့် သူ့တာဝန်ကို ထိခိုက်စေတယ်။ ဒါက ကောင်းခြင်းနဲ့ မကောင်းခြင်းကို ခွဲခြားပြီးမသိနိုင်တာ၊ အမှန်နဲ့အမှားကို ပိုင်းခြားသိမြင်မှုမရှိနိုင်တာ မဟုတ်ဘူးလား။ မင်ဟွေက အရမ်းကို မမြင်နိုင်ဖြစ်ပြီး မသိနားမလည်တဲ့အတွက် သူ့ကိုယ်သူ မုန်းခဲ့တယ်။ သူ သက်ပြင်းချပြီးတော့ စဉ်းစားတယ်။ “ကံကောင်းထောက်မလို့ ဘုရားက ဒီနှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး ငါတို့မိဘတွေနဲ့ပတ်သက်ရင် လက်တွေ့လုပ်ဆောင်သင့်တဲ့ စည်းမျဉ်းတွေကို ငါတို့ကို ပြောခဲ့တယ်။ ဒါကြောင့်သာ ငါက ငါ့အမေအပေါ် အကြွေးတင်နေတာကို လက်လွှတ်နိုင်ပြီး တာဝန်အပေါ် စိတ်ကို ထားနိုင်တာပဲ။ ဒီလိုမဟုတ်ရင် ဒီတစ်သက်တာမှာ စာတန်က ငါ့အထဲကို သွတ်သွင်းခဲ့တဲ့ ရိုးရာအတွေးအခေါ်ရဲ့ ထိန်းချုပ်တာကိုပဲ ခံရနိုင်ပြီး ငါ့တာဝန်ကို ထမ်းဆောင်ဖို့ လုံးဝ စိတ်ရှိမှာမဟုတ်ဘူး။ နောက်ဆုံးမှာ ကယ်တင်ခံရဖို့ ငါ့အခွင့်အရေးကို ဆုံးရှုံးရပြီး သနားစရာကောင်းသွားမှာပဲ” ပေါ့။
မင်ဟွေက နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ဖတ်ပြီး သူ့မိဘတွေအပေါ် ဘယ်လိုသဘောထားရမယ်ဆိုတာ သိသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပထမအချက်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် ခံစားချက်အရ ပြောရလျှင် သင်သည် သင်၏ မိဘများကို စွန့်ခွာကာ သင်၏ ဝတ္တရားများကို ရှောင်ရှားလိုသောကြောင့် မဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်နှင့် အတွေးများ ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက အနှစ်မဲ့ခြင်း မရှိပေ။ အပြင်ပန်း အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် အပြင်ပန်း အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်သည်။ ၎င်းတို့နံဘေးတွင် သင် ရှိမနေနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ဘဝတွင် အခြေချရန်နှင့် သင့်ဘာသာ အလျင်အမြန် ထွက်သွားရန် မစောင့်နိုင်ပေ။ သင်၏ မိဘများကို သင် မမြင်လိုသကဲ့သို့ ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးစိုက်မှု တစ်စက်မျှ မရှိပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆာင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကောင်တီများ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် အဆက်အသွယ်ရှိနေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေဆဲဖြစ်ကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝကင်းမဲ့သောအဆင့်သို့ မရောက်ရှိသေးပေ။ ဤရွေးချယ်မှုကို သင် ပြုလုပ်ရခြင်းမှာ အမျိုးမျိုးသော အပြင်ပန်း အကြောင်းရင်းများကြောင့် ဖြစ်သည့်အတွက် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ပေ။ ဤသည်တို့မှာ အကြောင်းရင်းနှစ်ခု ဖြစ်သည်။...ထို့အပြင် အရေးအကြီးဆုံးသောအရာမှာ ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီး အလွန်များသည့် သမ္မာတရားများကို နားထောင်ပြီးသည့်နောက်တွင် အနည်းဆုံးအနေဖြင့် လူတို့သည် ဤသို့သိနားလည်မှုနှင့် သဘောပေါက်မှု အနည်းငယ်မျှ ရှိကြလေသည်။ လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက သတ်မှတ်သည်၊ လူသည် ဘုရားသခင်၏ လက်တွင် အသက်ရှင်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းတို့ ရခြင်းသည် အကြင်သူ၏ သားသမီးများ၏ ပူပန်မှုများ၊ သားသမီးဝတ်ကျေပွန်ခြင်း သို့မဟုတ် အဖော်ပြုခြင်းတို့ထက် များစွာ သာ၍ အရေးကြီးပေသည်။ သင်၏ မိဘများက ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာမှုအောက်တွင်ရှိသည်မှာ သင် စိတ်သက်သာရာမရသလော။ ၎င်းတို့နှင့် ပတ်သက်၍ သင် စိုးရိမ်ရန် မလိုအပ်ပေ။ သင် အမှန်တကယ် စိုးရိမ်မိလျှင် ဘုရားသခင်ကို သင် ယုံကြည်ကိုးစားခြင်းမရှိဟု ဆိုလိုပေသည်။ သူ့အပေါ် သင်၏ ယုံကြည်ခြင်းက အလွန်သေးငယ်သည်။ သင်သည် သင်၏ မိဘများနှင့်ပတ်သက်၍ ရိုးသားစစ်မှန်စွာ စိုးရိမ်ပြီး ပူပန်လျှင် မကြာခဏ ဘုရားသခင်ထံ ဆုတောင်းပြီး ၎င်းတို့ကို ဘုရားလက်အပ်ကာ ဘုရားသခင်အား အရာရာကို စီစဉ်ညွှန်ကြားစေပြီး ကြိုတင်စီစဉ်ခွင့်ပေးသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) “သင်သည် သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သည်ကို နားလည်သင့်သည်။ ဤဘဝတွင် သင်လုပ်ဆောင်ရမည့်အရာ များစွာရှိသည်။ ယင်းတို့အားလုံးမှာ ဖန်ဆင်းခံတစ်ယောက် လုပ်ဆောင်သင့်သည့်၊ ဖန်ဆင်းခြင်းသခင်က သင့်အပေါ် အပ်နှံထားသည့် အရာများဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် သင့်မိဘများ၏ ကြင်နာမှုကို ပြန်ပေးဆပ်ခြင်းနှင့် လုံးဝ သက်ဆိုင်မှုမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်း၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ခြင်း၊ ၎င်းတို့၏ ကြင်နာမှုကို တုံ့ပြန်ခြင်းဟူသည့်အရာတို့သည် ဘဝတွင် သင်၏တာဝန်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ် ကျေပွန်ရန်၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် သင်၏တာဝန်တစ်ခုခုကို ဖြည့်ဆည်းရန် သင့်အနေဖြင့် မလိုအပ်ဟုလည်း ဆိုနိုင်သည်။ ရိုးရှင်းစွာ ဆိုရလျှင် အခြေအနေပေးသောအခါ၌ ဤအရာအနည်းငယ်ကို သင် လုပ်ဆောင်နိုင်ပြီး သင့်တာဝန်အနည်းငယ်ကို ဖြည့်ဆည်းနိုင်သည်။ အခြေအနေ မပေးသောအခါတွင် ဤသို့ မလျှော့တမ်းလုပ်ဆောင်ရန် မလိုပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန် သင်၏တာဝန်ကို မဖြည့်ဆည်းနိုင်လျှင် ဤသည်မှာ အလွန်ဆိုးရွားသောအရာတစ်ခု မဟုတ်ပေ။ သင်၏ အသိစိတ်၊ လူသား ကိုယ်ကျင့်တရား၊ လူသားအယူအဆတို့နှင့် အနည်းငယ်ဆန့်ကျင်ခြင်းသာ ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် ယင်းသည် သမ္မာတရားနှင့် မဆန့်ကျင်ပေ။ ဤအတွက် ဘုရားသခင်က သင့်အား ရှုတ်ချမည်မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်သောအခါ ဤအတွက်ကြောင့် သင်သည် လိပ်ပြာမလုံဟု ခံစားရမည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) မင်ဟွေက ဒီနှစ်တွေတစ်လျှောက်မှာ အိမ်မှာရှိပြီး သူ့မိဘတွေကို ဂရုမစိုက်နိုင်တာက အဓိကက ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုနဲ့ ဖမ်းဆီးမှုကြောင့်ပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ သူ သဘောပေါက်သွားတယ်။ အိမ်မှာနေပြီး သူ့မိဘတွေကို စောင့်ရှောက်ဖို့ အခွင့်အရေးကို သူဆုံးရှုံးသွားအောင် ဖိအားပေးခံခဲ့ရတာပါ။ သူ့မိဘတွေကို ထောက်ပံ့ဖို့ သူ့တာဝန်ကို တမင်တကာရှောင်ခဲ့တာ မဟုတ်ဘူး။ အခု သူ့မှာ ပြစ်မှုမှတ်တမ်းရှိတယ်။ ရဲတွေက သူ့ကို နှောင့်ယှက်ပြီး သူဘယ်မှာရှိနေတယ်ဆိုတာကို စောင့်ကြည့်ဖို့ သူ့အိမ်ကို အချိန်မရွေး သွားလိမ့်မယ်။ သူ့အနေနဲ့ အိမ်မှာ ဘုရားကို ယုံကြည်ပြီး သူ့တာဝန်ကို ထမ်းဆောင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ ဒါကြောင့် သူက အိမ်ကနေထွက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာက သူ့မိဘတွေအပေါ် သားသမီးဝတ်ကျေပွန်တာထက် ပိုအရေးကြီးပါတယ်။ ဒါက သူ့ဘဝမှာ လုပ်ဖို့ တရားအမျှတဆုံးအရာဖြစ်ရုံတင်မကဘဲ သူ့တာဝန်လည်း ဟုတ်တယ်။ မင်ဟွေက ဘုရားနှုတ်ကပတ်တော်ကနေ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတွေ့သွားတယ်။ အခြေအနေပေးလို့ သူက အိမ်မှာနေပြီး သူ့အမေကို စောင့်ရှောက်ဖို့ အခွင့်အရေးရှိရင် သမီးတစ်ယောက်အနေနဲ့ သူ့တာဝန်၊ ဝတ္တရားကို ဖြည့်ဆည်းပြီး သူ့အမေကို စောင့်ရှောက်နိုင်တယ်။ အခြေအနေက မသင့်တော်ရင် သူ့ကိုယ်သူ အပြစ်တင်ဖို့မလိုပါဘူး။ သားသမီးနဲ့ မိဘတွေက တစ်ယောက်အပေါ်တစ်ယောက် ဘာမှ အကြွေးမတင်ဘူး။ ဒါကို သိပြီး မင်ဟွေက သူ့တစ်ကိုယ်လုံး သက်သောင့်သက်သာ ဖြစ်သွားတယ်။ သူ့စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်။ ရိုးရာယဉ်ကျေးမှုက လူတွေကို ထိခိုက်ပုံကို သူ ရှင်းရှင်းလင်းလင်း မြင်ပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ပဲ အသက်ရှင်တာဟာ အဓိပ္ပာယ်ရှိတယ်၊ တကယ်ပဲ အသိတရားနဲ့ လူ့သဘာဝရှိသူတစ်ယောက်ဖြစ်စေတယ်ဆိုတာကို နားလည်အောင် ကူညီပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါပဲ။ နောက်ပိုင်းနေ့ရက်တွေမှာ မင်ဟွေက သူ့တာဝန်အပေါ်ကို လုံးဝ စိတ်နှစ်လုပ်ခဲ့ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။