ကျွန်မ၏ တာဝန်၌ ကျွန်မ၏ ရည်ရွယ်ချက်များကို ပြုပြင်ခြင်း

31.05.2021

ရှာယု တရုတ်နိုင်ငံ

လွန်ခဲ့သည့် ဇွန်လတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ အရွေးခံခဲ့ရသည်။ ထိုအချိန်က၊ ကျွန်မ ပျော်မြူးသွားခဲ့ပြီး၊ ညီအစ်ကို မောင်နှမများက ကျွန်မကို နှစ်သက်ခြင်းဖြစ်ရမည်ဖြစ်ကာ လူများစွာက ကျွန်မအတွက် မဲပေးကြသည်မှာ ကျွန်မက အခြားသူများထက် သိသိသာသာ တော်သည့်သဘောဖြစ်သည်ဟု ခံစားမိခဲ့သည်။ ညီအစ်ကို မောင်နှမများက ကျွန်မ မည်မျှ စွမ်းဆောင်နိုင်သည်ကို မြင်ကြဖို့အလို့ငှာ ဤတာဝန်ကို ကောင်းစွာ လုပ်ဆောင်ဖို့ ကျွန်မ တကယ်ကို အလုပ်ကြိုးစားရမည်ဟု မိမိကိုယ်ကိုယ် ပြောခဲ့သည်။ ကျွန်မ စလုပ်ခဲ့ချိန်တွင် အသင်းတော် အလုပ်နှင့် တကယ်ကို အကျွမ်းမဝင်ဖြစ်ခဲ့သည်၊ ထို့ကြောင့် နားထောင်ရာတွင် ကျွန်မ အလွန် အာရုံစိုက်ခဲ့ပြီး ကျွန်မနှင့် တွဲရသည့်၊ တာဝန်နှင့် ပို၍ အကျွမ်းတဝင်ရှိသည့် အစ်မနှင့်အတူ အလုပ်လုပ်နေစဉ်တွင် အမှုအရာများကို မှတ်မိနေခဲ့သည်။ ကျွန်မက၊ “ငါဟာ အခု အသင်းတော် ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက်၊ ရာထူးနဲ့ညီအောင် အလုပ်ကောင်းကောင်းလုပ်ပြီး တစ်ချို့ကိစ္စတွေကို ပြီးမြောက်ရမယ်။ ငါ့အနေနဲ့ လက်တွေ့မကျတဲ့အလုပ် လုပ်တဲ့သူ၊ အဆင့်အတန်းနဲ့ဆိုင်တဲ့ ကောင်းချီးအတွက် လောဘကြီးတဲ့သူဆိုတဲ့ နာမည်ဆိုးကို ရလို့မဖြစ်ဘူး။ အဲဒီလိုဆိုရင် ငါ မျက်နှာဘယ်လိုပြရမလဲ” ဟု စဉ်ဆက်မပြတ် တွေးနေမိခဲ့သည်။ တာဝန်ကို မည်သို့ ကောင်းစွာ တကယ်လုပ်ရမည်ကိုလည်း ကျွန်မ တွေးဆမိခဲ့သည်။ ကျွန်မသည် အသင်းတော်တစ်ခုလုံး၏ ညီအစ်ကို မောင်နှမများ၊ နှစ်ပေါင်းများစွာ မိမိတို့၏ တာဝန်ကို လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ ကျွန်မထက် သမ္မာတရား၏ အခြေခံသဘောတရားများကို ပို၍ နားလည်ခဲ့ပြီးဖြစ်သည့် သူအချို့ကို ရင်ဆိုင်နေခဲ့ရခြင်း ဖြစ်သည်။ ကျွန်မက သူတို့၏ ပြဿနာများကို ဖြေရှင်းဖို့ ကူညီရန် ကြိုးစားသော်လည်း ထိုပြဿနာ၏ အရင်းအမြစ်နှင့်ပတ်သက်၍ မထောက်ပြနိုင်သကဲ့သို့ ကျွန်မ၏ မိတ်ဿဟာယတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို မဝေမျှနိုင်ခဲ့ပါက သူတို့ ကျွန်မကို မည်သို့တွေးထင်ကြမည်နည်း။ ကျွန်မက လုံးဝ မတတ်စွမ်းနိုင်ခဲ့၊ ခေါင်းဆောင်မှု တာဝန်များအတွက် မသင့်တော်ပါဟု သူတို့ တွေးထင်ကြမည်လား။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူတို့ထက် သာ၍ မြင့်မားသည့် အဆင့်တစ်ခုဖြင့် မိတ်သဟာယပြုခြင်းသည် အရေးပါလှသောကြောင့် ညီအစ်ကို မောင်နှမများက ပြဿနာများကို တကယ်ကြုံချိန်တွင် ထိုပြဿနာများအား ကူဖြေရှင်းပေးရန် ကျွန်မ အဆင်သင့်ရှိဖို့အလို့ငှာ သမ္မာတရားဖြင့် မိမိကိုယ်ကိုယ် ပြင်ဆင်ရာတွင် အချိန်ဖြုန်း၍မရဟု ခံစားခဲ့ရသည်။ ထိုအခါ ကျွန်မအနေဖြင့် သမ္မာတရား စစ်မှန်မှု အနည်းငယ်ပိုင်ဆိုင်ပြီး ခေါင်းဆောင်တစ်ဦးအဖြစ် ကောင်းကောင်း လုပ်ဆောင်နိုင်သည်ဟု သူတို့ မြင်ကြမည်ဖြစ်သည်။ ထို့ကြောင့် နေ့တိုင်း အသင်းတော်အလုပ်ဖြင့် အလုပ်များနေသည့်အပြင်၊ အချိန်ပိုရှိသည့် အခါတိုင်းတွင် ဘုရားနှုတ်ကပတ်တော်အချို့ကိုလည်း ကျွန်မ ဖတ်ရှုခဲ့သည်။ ကျွန်မ၏ အချိန်ဇယားက နေ့ရက်စဉ်တိုင်း ပြည့်ခဲ့ပြီး၊ အခြား ညီအစ်မများက ကျွန်မကို သူတို့ အိပ်ရာဝင်တော့မည့်အချိန်တွင် “နောက်ကျနေပြီနော်။ နင် နည်းနည်းလောက် အိပ်သင့်တယ်” ဟု အသိပေးကြသော်လည်း၊ ကျွန်မ လုံးဝ မအိပ်ချင်သကဲ့သို့၊ မကြာခဏ နောက်ကျစွာ ညှဉ့်နက်သည်အထိ အလုပ်လုပ်ခဲ့သည်။ သူတို့အတွက် ပြင်ဆင်ရာတွင် အားထုတ်မှုများစွာ ကျွန်မ ထားရှိခဲ့သော်လည်း၊ ညီအစ်ကို မောင်နှမများနှင့် စုဝေးရာတွင် ကျွန်မ မိမိကိုယ်ကိုယ်ယုံကြည်မှု မခံစားရဆဲ ဖြစ်ခဲ့သည်။

တစ်ညနေတွင်၊ ကျွန်မနှင့် အလုပ်လုပ်သည့် ညီမက နောက်နေ့တွင် ဧဝံဂေလိအဖွဲ့အတွက် စုဝေးပွဲတစ်ခု ကျင်းပဖို့လိုသည်ကို ကျွန်မကို ပြောပြခဲ့သည်။ ဤအရာက ကျွန်မကို အလွန့်အလွန် စိတ်လှုပ်ရှားသွားစေခဲ့သည်။ ကျွန်မက၊ “အဲဒီအဖွဲ့က ညီအစ်ကို မောင်နှမတွေက ယုံကြည်သူဖြစ်တာ အချိန်အတော်အတန် ကြာပြီးပြီဖြစ်သလို ခေါင်းဆောင်မှု တာဝန်ကို ငါက မကျွမ်းသေးဘူး။ သူတို့ရဲ့ ဧဝံဂေလိအလုပ်မှာ ဘာပြဿနာ၊ အခက်အခဲမျိုးတွေနဲ့ သူတို့ ရင်ဆိုင်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး ငါ့မှာ တကယ်နားလည်သဘောပေါက်တာ မရှိဘူး။ ငါ မကိုင်တွယ်နိုင်တဲ့ ပြဿနာတွေကို သူတို့ ပြောရင်၊ ငါက တာဝန်မှာ မတော်ဘူးလို့ သူတို့ ထင်ကြမလား။ အဲဒါက ခေါင်းဆောင်တစ်ဦးအနေနဲ့ ငါ့ရဲ့ ပုံရိပ်ကို ပျက်စီးစေမှာပဲ မဟုတ်လား။ မဟုတ်သေးဘူး၊ နောက်ဆုံးအချိန်မှာ နည်းနည်း ပြင်ဆင်တာက ဘာမှမပြင်ဆင်တာထက် ပိုကောင်းသလို ငါ့ကိုယ်ငါ ဆီလျော်တဲ့ သမ္မာတရားတစ်ချို့နဲ့ ပြင်ဆင်ဖို့ ဒီအချိန်ကို အတတ်နိုင်ဆုံး အသုံးပြုသင့်တယ်” ဟု တွေးခဲ့သည်။ သို့သော်၊ ထိုကဲ့သို့ အချိန်တိုအတွင်းတွင် အရာရာကို ကျွန်မ အမှန်တကယ် သဘောပေါက်နိုင်ခြင်း မရှိသောကြောင့် နေမထိထိုင်မထိ ဖြစ်လာခဲ့သည်။ ကျွန်မ ကွန်ပြူတာပေါ်က တစ်ခုကို ခဏကြည့်လိုက်၊ နောက်တစ်ခုကို ခဏကြည့်လိုက်နှင့် ဟိုဟာ ဒီဟာ၊ ကြည့်ရင်း လူးလာခတ်နေခဲ့သည်။ ကျွန်မ၏ စိတ်က လုံးဝ ရှုပ်ထွေးနေခဲ့ပြီး မည်သည့်အရာကိုမျှ နားမလည်နိုင်ခဲ့ပါ။ သွားအိပ်လိုက်ဖို့မှလွဲ၍ ဘာမျှမရှိတော့ပါ။ နောက်နေ့ စုဝေးပွဲတွင် ကျွန်မက မည်သည့်အရာ ပြောရမည်ကို ဘာမျှမသိဘဲ ထိုင်ရုံထိုင်နေစဉ် ကျွန်မနှင့်အတူ အလုပ်လုပ်သည့် ညီမက ဧဝံဂေလိ ဖြန့်ဝေရာတွင် သူတို့ ကြုံခဲ့ရသည့် ပြဿနာများကို ကူဖြေရှင်းပေးရင်း၊ သူတို့အားလုံးနှင့်အတူ သမ္မာတရားနှင့် ပတ်သက်၍ မိတ်ဿဟာယပြုနေသည်ကို ကျွန်မ ကြည့်ရှုခဲ့သည်။ ကျွန်မအဖို့ တကယ်ကို အနေခက်ခဲ့သည်။ ကျွန်မက၊ “ငါ ဘာကိုမှ လုံးဝ မပြောရင်၊ ငါဟာ ခေါင်းဆောင်တစ်ဦးအနေနဲ့ အလှပြသက်သက် ဖြစ်တယ်လို့ သူတို့ ထင်ကြမလား။ ငါ ထွက်ပြောသင့်တယ်။ ဒီညီအစ်မတွေထဲက တစ်ချို့က ငါ့ကို သိနှင့်ပြီးသားဖြစ်နေပြီ။ အခု ငါက ခေါင်းဆောင်တစ်ဦးဖြစ်ပြီဆိုတော့ ပိုပြီး နက်နဲတဲ့ မိတ်ဿဟာယကို ငါ ဝေမျှနိုင်သင့်တယ် မဟုတ်လား။ အဲဒီလိုမှမဟုတ်ရင်၊ သူတို့ ငါနဲ့ပတ်သက်ပြီး ဘာတွေးကြမလဲ။ ငါ မတော်ဘူးလို့ သူတို့ ပြောကြမလား”ဟု တွေးခဲ့သည်။ ကျွန်မ ဝေမျှနိုင်ဖို့ ကျွန်မ ရှိခဲ့ပြီးသည့် အတွေ့အကြုံတစ်ချို့နှင့်ပတ်သက်၍ စိတ်ကူးရလာဖို့ ဦးနှောက်ခြောက်ခံစဉ်းစားနေခဲ့သော်လည်း၊ ပို၍ စိတ်လှုပ်ရှားလေလေ စိတ်ရှုပ်ထွေးနောက်ကျိသည့် အခြေအနေသို့ ဆိုက်လေလေ ဖြစ်ခဲ့သည်။ မည်သည့်အရာ ပြောရမည်ကို ကျွန်မ မသိခဲ့ပါ။ ကျွန်မအနေဖြင့် မိတ်သဟာယပြုဖို့ မည်သည့်အရာမျှ မရှိသည်ကို အယောက်တိုင်းက မမြင်ဖို့အလို့ငှာ၊ ကျွန်မ အဖော်၏ မိတ်သဟာယကို ကျွန်မ စူးစူးစိုက်စိုက် နားထောင်ခဲ့ပြီး၊ သူပြီးလျှင်ပြီးချင်း၊ သူ ပြောခဲ့ပြီးသည့်အရာကို အခြေခံအားဖြင့် အကျဉ်းရုံးဖို့ ကျွန်မ ကြားဖြတ်သာပြောလိုက်သည်။ ထိုနည်းဖြင့် ကျွန်မ၏ မိတ်သဟာယနှင့် သိနားလည်မှုတို့က သူမထက် ပိုကောင်းကြောင်း သိသာမည်ဖြစ်ပြီး ကျွန်မ ကောင်းကောင်းလုပ်နေသည်ကို၊ ကျွန်မက ခေါင်းဆောင်ရာထူးနှင့် ကိုက်သည်ကို လူတိုင်းက မြင်မည် ဖြစ်သည်။ ကျွန်မ ပြောနေခဲ့သည့်အရာတိုင်းမှာ ကျွန်မ မောင်ပိုင်စီးနေခဲ့သည့် ကျွန်မ အဖော်၏ သိနားလည်မှု ဖြစ်ခဲ့သည်ကို ကျွန်မ အလွန်ကောင်းစွာ သိခဲ့ပါသည်။ ယင်းမှာ တကယ်ကို စက်ဆုပ်ဖွယ် ပြုမူပုံတစ်ခုဖြစ်သည်ကို ကျွန်မ သိခဲ့ပါသည်။ စုဝေးပွဲပြီးသည့်နောက်တွင် လုံးဝ ဟာတာတာဖြစ်ခြင်းတစ်ခုကို ကျွန်မ စိတ်နှလုံးထဲတွင် ခံစားခဲ့ရသည်။ ကျွန်မ နေ့စဉ် ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာအားလုံးကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားသည်ကိုလည်း ကျွန်မ သိခဲ့ပါသည်၊ သို့သော် ထိုအရာတို့ကို မည်သို့ တွေ့ကြုံခံစားရမည်ကို ကျွန်မ မသိခဲ့ပါ။ မည်သည့်အရာကိုမျှ ကျွန်မ မသင်ယူခဲ့လေပြီ။ ဤအတွေးက ကျွန်မကို စိတ်မသက်သာဖွယ် ခံစားရစ်စေခဲ့ပြီး၊ ထိုတာဝန်ကို ယူခြင်းအား ကျွန်မ အနည်းငယ် နောင်တပင်ရခဲ့သည်။ နောက်ရက်အနည်းငယ်ကြာ၊ ကျွန်မ၏ ခေါင်းပေါ် လေးလံသည့် ဝန်က ဖိချနေခဲ့သကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ ဇဝေဇဝါဖြစ်ခဲ့ပြီး၊ အသက်ပြင်းပြင်း မရှူနိုင်သကဲ့သို့ ခံစားခဲ့ရသည်။ အသင်းတော် အလုပ်တွင် ပြဿနာများဖြင့် ရင်ဆိုင်ရကာ အစပြုရမည့်နေရာကို သိပင်မသိခြင်းက ကျွန်မအတွက် တကယ်ကို နာကျင်စရာ ဖြစ်ခဲ့သည်။ ဘုရားသခင်ထံ ကျွန်မက၊ “အို ဘုရားသခင်၊ ဒီတာဝန်ကို ကျွန်မ ကောင်းကောင်း လုပ်ချင်ပါတယ်၊ ဒါပေမယ့် ဒီအလုပ်နဲ့ ကျွန်မ မကိုက်သလို အမြဲ ခံစားရတယ်။ ဘာလုပ်ရမှန်း ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ဒီအခြေအနေကနေ လွတ်မြောက်ဖို့ ကိုယ့်ကိုယ်ကိုယ် သိအောင် ကျွန်မကို လမ်းပြတော်မူပါ” ဟု ဆုတောင်းခဲ့ပါသည်။

ထို့နောက်တွင်၊ ကျွန်မ အဖော်ထံ ကျွန်မ ဖွင့်ဟခဲ့ပြီး ကျွန်မ၏ အခြေအနေအကြောင်းကို ပြောပြခဲ့သည်။ သူက ကျွန်မဖတ်ဖို့ ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို ကျွန်မကို ပေးခဲ့ပါသည်- “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်” ယင်းတွင် ဤသို့ မိန့်တော်မူထားသည်- “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ဤ ပြဿနာကို ထုတ်ဖော်ပြသည်- ၎င်းတို့သည် ဂုဏ်အဆင့်အတန်းမရှိသော သာမန် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည့်အခါတွင်၊ ၎င်းတို့သည် မည်သူနှင့်မဆို ဆက်ဆံသည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ မာနကြီးခြင်း မရှိသလို စကားပြောသည့်အခါတွင် ပုံစံ သို့မဟုတ် လေသံတစ်မျိုးဖြင့် ပြောဆိုခြင်း မပြုပေ။ ၎င်းတို့သည် သာမန်၊ ပုံမှန်သာ ဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြရုပ်တင်ရန် မလိုပေ။ ၎င်းတို့သည် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုမျှ မခံစားရဘဲ ပွင့်လင်းစွာနှင့် လှိုက်လှိုက်လှဲလှဲ မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့သည် ဖော်ရွေပြီး ဆက်ဆံရလွယ်ကူသည်။ ၎င်းတို့သည် အလွန်ကောင်းသော လူများဖြစ်သည်ဟု အခြားလူတို့ ခံစားရသည်။ သို့ရာတွင် ၎င်းတို့သည် ဂုဏ်အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက်၊ မာနကြီးလာပြီး မည်သူကမျှ ၎င်းတို့ကို အဆက်အသွယ် မလုပ်နိုင်ပေ။ ၎င်းတို့ကို လေးစားထိုက်သည်ဟု ၎င်းတို့က ထင်မြင်ကြပြီး၊ ၎င်းတို့နှင့် သာမန်လူတို့သည် အမျိုးအစားမတူဟု ထင်မြင်ကြသည်- ၎င်းတို့က သာမန်လူတို့ကို အထင်သေးပြီး အခြားလူတို့နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ခြင်း မရှိတော့ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ပွင့်လင်းစွာ မိတ်သဟာယမဖွဲ့တော့သနည်း။ ၎င်းတို့သည် ယခုအခါတွင် ဂုဏ်အဆင့်အတန်းရှိပြီး ခေါင်းဆောင်များဖြစ်သည်ဟု ထင်မြင်ကြသည်။ ခေါင်းဆောင်တို့သည် ရုပ်သွင်တစ်မျိုးရှိရမည်၊ သာမန်လူတို့ထက် အနည်းငယ် ပိုမြင့်ရမည်၊ ပြီးလျှင် ဝိညာဉ်ရင့်ကျက်မှု ပိုရှိပြီး ပို၍ တာဝန်ယူနိုင်ရမည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ သာမန်လူတို့နှင့် ယှဉ်လျှင် ခေါင်းဆောင်တို့သည် ပို၍ စိတ်ရှည်ရမည်၊ ပို၍ဒုက္ခခံပြီး အသုံးတော်ခံနိုင်ရမည်၊ မည်သည့်သွေးဆောင်မှုကိုမဆို တောင့်ခံနိုင်ရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ခေါင်းဆောင်တို့သည် ၎င်းတို့၏ မိသားစုဝင်များ မည်မျှ သေဆုံးသည်ဖြစ်စေ မငိုနိုင်ကြ၊ ငိုရမည် ဆိုလျှင်၊ ၎င်းတို့တွင်ရှိသော ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များကို မည်သူမျှ မမြင်နိုင်ရန် အိပ်ရာခင်းများထဲသို့ ငိုရမည် ဟူ၍ပင် ထင်မြင်ကြသည်။ ခေါင်းဆောင်တို့သည် အပျက်သဘောဆောင်လာလျှင် မည်သူ့ကိုမျှ သိခွင့်မပေးရ၊ ယင်းအစား ထိုသို့သောအရာများအားလုံးကို ဖုန်းကွယ်ထားရမည် ဟူ၍ပင် ထင်မြင်ကြသည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းရှိသူတစ်ယောက် လုပ်ဆောင်သင့်သည့်ပုံစံဟု ၎င်းတို့ ယုံကြည်ကြသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဤအရာကို ဖတ်ရခြင်းက ကျွန်မအတွက် ကြီးမားသည့် လှုပ်နိုးမှုတစ်ခု ဖြစ်ခဲ့သည်- ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ အခြေအနေ အတိအကျကို ထုတ်ဖော်ပြခဲ့လေပြီ။ စုဝေးပွဲတိုင်းတွင် ချက်ချင်းရှိဖို့ အဘယ်ကြောင့် ကျွန်မ အလွန်စိုးရွံ့မိခဲ့ပါသနည်း။ ကျွန်မ အဘယ်ကြောင့် အလွန် စိတ်ဖိစီးခဲ့ပါသနည်း။ ယင်းမှာ ကျွန်မသည် မိမိကိုယ်ကိုယ် ချီးမြှောက်ဖို့ ကြိုးစားနေခဲ့သောကြောင့် ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး ကျွန်မ ဖြစ်လာကတည်းက ကျွန်မသည် ရာထူးနှင့် အဆင့်အတန်းတစ်ခု ရှိခဲ့သောကြောင့် ယခင်ထက် ထူးခြားသည်ဟု ခံစားနေခဲ့မိပြီး ဖြစ်သည်။ ယခုတွင် ခေါင်းဆောင်တစ်ဦးအနေဖြင့်၊ ခေါင်းဆောင်တစ်ဦး၏ ပုံရိပ်ကို ကျွန်မ ထိန်းသိမ်းရမည်၊ အခြားသူများထက် ကျွန်မ ဂုဏ်အဆင့်အတန်း ပိုမြင့်မားသင့်ပြီး၊ သူတို့ထက် ပိုတတ်စွမ်းသင့်သည်ဟု ကျွန်မ တွေးမိခဲ့သည်။ ကျွန်မ၏ မိတ်သဟာယက သာ၍ ထိုးထွင်းအမြင်ရှိဖို့ လိုအပ်ပြီး ပြဿနာများ၏ အဆီအနှစ်ထဲသို့ ကျွန်မ ပိုကောင်းစွာ မြင်ရမည်။ ညီအစ်ကို မောင်နှမများက သူတို့၏ အသက်ဝင်ရောက်မှုတွင် ကြုံရသည့် မည်သည့် ပြဿနာများကိုမဆို ဖြေရှင်းပေးရမည် ဖြစ်သည်။ မည်သည့် အဖွဲ့နှင့် ကျွန်မ ရှိသည်ဖြစ်စေ၊ စုဝေးပွဲများတွင် လူအုပ်ထဲမှ ထင်ပေါ်သောသူတစ်ဦး ဖြစ်ဖို့ ကျွန်မ လိုအပ်သည်၊ ယင်းမှာ ရာထူးနှင့် ထိုက်တန်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်။ ထို့ကြောင့်၊ ထိုစေခိုင်းချက်တာဝန်ကို လက်ခံပြီးသည့်နောက်တွင်၊ အရာခပ်သိမ်း၌ ကျွန်မ၏ ရာထူးအတွက် ကျွန်မ စကားပြောနေခဲ့ပြီး ပြုမူနေခဲ့သည်။ အမှန်တွင်၊ ကဏ္ဍတိုင်း၌ ကျွန်မ ချို့တဲ့နေခဲ့သော်လည်း၊ မြင့်မြတ်သယောင်ဆောင်ရင်း၊ မိမိကိုယ်ကိုယ် ဖုံးကွယ်ချင်ခဲ့ကာ အခြားသူများက ကျွန်မကို အထင်ကြီးကြဖို့အလို့ငှာ မိမိကိုယ်ကိုယ် ထင်ပေါ်စေဖို့ ကျွန်မ အဖော်၏ မိတ်သဟာယနှင့်ဆိုင်သည့် သိနားလည်မှုကို လုယူဖို့ ကြိုးစားရင်း၊ ကောက်ကျစ်သော အပြုအမူများတွင်ပင် ပါဝင်ပတ်သက်မိခဲ့သည်။ တစ်နေဝင်၊ တစ်နေထွက်၊ ကျွန်မ တွေးခဲ့သမျှမှာ ကျွန်မ၏ အဆင့်အတန်းကို မည်သို့ထိန်းသိမ်းရမည်ဆိုသည်ပင် ဖြစ်သည်၊ ကျွန်မ၏ တာဝန်ကို မည်သို့ ကောင်းကောင်း လုပ်ဆောင်ရမည်၊ ကျွန်မ၏ တာဝန်ဝတ္တရားများအား မည်သို့ ဖြည့်ဆည်းရမည်ဆိုသည်တို့ လုံးဝ မဟုတ်ခဲ့ပါ။ ကျွန်မသည် စစ်မှန်သည့်၊ သင့်တော်သော အလုပ်အပေါ် နည်းနည်းမျှ အာရုံမစိုက်ခဲ့ပါ။ ယင်းမှာ အဘယ်သို့ သမ္မာတရားကို လိုက်စားခြင်းနှင့် ကျွန်မ၏ တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်သနည်း။ ယင်းမှာ အဆင့်အတန်းကို လိုက်စားခြင်းနှင့် အဆင့်အတန်းအားဖြင့် အလွန်အမင်း ထိန်းချုပ်ခံခဲ့ရခြင်း ဖြစ်သည်- အဆင့်အတန်း၏ ကျေးကျွန်တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ အရွေးခံခဲ့ရသော်လည်း၊ ကြီးမားသော ဝိညာဉ်ရင့်ကျက်မှု သို့မဟုတ် သမ္မာတရား စစ်မှန်မှုကို ချက်ချင်းပင် မပိုင်ဆိုင်ခဲ့ဘဲ၊ မခြားနားသော လူတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ ခြားနားသွားသည်မှာက ကျွန်မ၏ တာဝန်သာ ဖြစ်သည်။ ဘုရားသခင်က ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ၏ တာဝန်မှတစ်ဆင့် ကျွန်မကို ပို၍လေ့ကျင့်မှု ရရှိစေချင်ခဲ့သည်၊ ပြဿနာများကို ဖြေရှင်းဖို့နှင့် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ဖို့ သမ္မာတရားအား ရှာဖွေစေချင်ခဲ့သည်။ ကျွန်မကို အဆင့်အတန်းပေးဖို့ လုံးဝ မဟုတ်ခဲ့ပါ။ သို့သော် ကျွန်မက ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းအား အပြင်လောကထဲက အစိုးရအရာရှိတစ်ဦးအဖြစ် အမှုထမ်းခြင်း၊ အဆင့်အတန်းရှိခြင်းကို ဆိုလိုသကဲ့သို့သာ မှားယွင်းစွာပင် တွေးထင်ရင်း၊ မိမိကိုယ်ကိုယ် ခေါင်းဆောင်တစ်ဦး၏ အဆင့်အတန်းဆီသို့ ချီးမြှောက်ခဲ့သည်။ ယင်းမှာ မယုံကြည်သူတစ်ဦး၏ အမြင်ရှုထောင့် မဟုတ်ခဲ့ပါသလား။ ယင်းမှာ အဓိပ္ပာယ် မရှိပါ။

ဤအရာအားလုံးကို နားလည်ပြီးသည့်နောက်တွင်၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့သည်- “ဘုရားသခင်၊ ကျွန်မရဲ့ မမှန်ကန်တဲ့ အခြေအနေ နောက်ကွယ်က အကြောင်းရင်းဟာ အဆင့်အတန်းကို ကျွန်မ လိုက်စားနေခြင်း ဖြစ်တာကို သိနားလည်ခွင့်ပေးတဲ့ ကိုယ်တော်ရဲ့ အသိဉာဏ်ပွင့်လင်းစေခြင်းနဲ့ လမ်းပြမှုအတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ မှားယွင်းတဲ့ လမ်းကြောင်းပေါ် ကျွန်မ ရှိခဲ့ပါတယ်။ ဘုရားသခင်၊ နောင်တရဖို့နဲ့ ကျွန်မရဲ့ ဒီအခြေအနေကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေဖို့ ကျွန်မ အဆင်သင့် ရှိပါပြီ။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ။” ထို့နောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်က ဤသို့ ပြောထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်- “လူတို့ကိုယ်တိုင်သည် အဖန်ဆင်းခံအရာများ ဖြစ်ကြ၏။ အဖန်ဆင်းခံ အရာများက အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို ရရှိနိုင်ပါသလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ဖြစ်မြောက်စေနိုင်သလော။ မဖြစ်စေနိုင်ပေ။ သို့သော်၊ လူသားများထဲတွင်၊ အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် တတ်ကျွမ်းမှုတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက်၊ သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားမိကြသည်။ သူတို့ မည်မျှတတ်စွမ်းနိုင်သည်ဟု ၎င်းတို့ တွေးထင်ကြပါစေ၊ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် ပြရုပ်တင်ချင်ကြပြီး မြင့်မြတ်သည့် အကျော်အမော် ပုဂ္ဂိုလ်များကဲ့သို့ အယောင်ဆောင်တတ်ကြကာ ချွတ်ယွင်းချက် တစ်ခုမျှမရှိ၊ စုံလင်ပြီး ခြောက်ပြစ်ကင်းသဲလဲစင်သည့်ပုံ ပေါ်ကြ၏။ အခြားသူများ၏ အမြင်တွင်၊ သူတို့သည် ကြီးမြတ်သူ၊ သြဇာတိက္ကမ ကြီးသူ၊ အပြည့်အဝ တတ်စွမ်းနိုင်သူနှင့် မည်သည့်အရာကိုမဆို ဖြစ်မြောက်စေနိုင်သူကဲ့သို့ ယူမှတ်ခံရဖို့ ဆန္ဒရှိကြသည်။...၎င်းတို့က သာမန်လူများ၊ ပုံမှန်လူများ သို့မဟုတ် သေမျိုးများသက်သက် မဖြစ်လိုကြပေ။ ၎င်းတို့က လူစွမ်းကောင်း သို့မဟုတ် အထူး စွမ်းပကားများ သို့မဟုတ် တန်ခိုးများ ရှိသူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချွတ်ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှု နှင့် သာမန်လူ့သဘာဝအတွင်းမှ သိနားလည်မှုကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍၊ ယင်းကို သူတို့ အပြီးသတ်ပြီး ထုပ်ပိုးကာ အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကိုယ် ဆက်လက် အယောင်ဆောင်ကြလေသည်။...သူတို့သည် မိမိကိုယ်ကိုယ် အဘယ်သူများဖြစ်ကြသည်ကို မသိကြသလို၊ သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်း မသိကြ။ လက်တွေ့ကျသည့် လူသားများကဲ့သို့ တစ်ကြိမ်မျှ သူတို့ လုံးဝ မပြုမူဖူးကြ။ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရာတွင်၊ လူတို့သည် ဤလမ်းမျိုးကို ရွေးချယ်လျှင်၊ သူတို့ အောက်ခြေမလွတ်မည့်အစား အမြဲစိတ်ကူးယဉ်ကြသည်ဆိုလျှင်၊ အမြဲ ပျံသန်းချင်ကြလျှင်၊ ပြဿနာများ သူတို့ကြုံရဖို့ သေချာပေသည်။ အသက်တာတွင် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းသည် မမှန်ကန်ပါ။ ရိုးရိုးသားသားဆိုရလျှင်၊ ဤအရာကို သင်ပြုလုပ်လျှင်၊ ဘုရားသခင်ကို သင် မည်သို့ယုံကြည်ပါစေ၊ သမ္မာတရားကို သင် နားလည်လိမ့်မည် မဟုတ်သလို၊ သမ္မာတရားကို ရရှိနိုင်လိမ့်မည် မဟုတ်၊ အဘယ်ကြောင့်ဆိုသော်၊ သင် အစပြုသောနေရာသည် မှားယွင်းသောကြောင့် ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဤအရာကို ဖတ်ရခြင်းက ဘုရားသခင်၏ တရားစီရင်ခြင်း ခံရလျက်၊ သူနှင့် မျက်နှာချင်းဆိုင်ရှိခဲ့သကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်။ အထူးသဖြင့်၊ “ဤအရာကို သင်ပြုလုပ်လျှင်၊ ဘုရားသခင်ကို သင် မည်သို့ယုံကြည်ပါစေ၊ သမ္မာတရားကို သင် နားလည်လိမ့်မည် မဟုတ်သလို၊ သမ္မာတရားကို ရရှိနိုင်လိမ့်မည် မဟုတ်၊ အဘယ်ကြောင့်ဆိုသော်၊ သင် အစပြုသောနေရာသည် မှားယွင်းသောကြောင့် ဖြစ်သည်။” ဟူသည်ကို ဖတ်ရခြင်းက ကျွန်မအတွက် တကယ်ကို စိတ်ဖိစီးစရာနှင့် ဝမ်းနည်းစရာ ဖြစ်ခဲ့သည်။ မိမိတို့၏ တာဝန်တွင် တစ်စုံတစ်ဦး၏ ရည်ရွယ်ချက်များနှင့် လျှောက်သည့် လမ်းကြောင်းတို့ မည်မျှ အရေးပါသည်၊ ဤအရာများက သမ္မာတရားကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိ တိုက်ရိုက်ဆုံးဖြတ်သည်ကို ကျွန်မ နားလည်ခဲ့သည်။ ကျွန်မတို့၏ တာဝန်တွင် သမ္မာတရားကို ကျွန်မတို့ မလိုက်စားပါက၊ ဘုရားသခင်၏ အလိုတော်ကို မထောက်ထားဘဲ ထိုအစား ကျွန်မတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို ထိန်းသိမ်းကြပါက၊ ကျွန်မတို့ မည်မျှ အလုပ်ကြိုးစားကြသည်ဖြစ်စေ၊ ကျွန်မတို့ မည်မျှ ဆင်းရဲဒုက္ခခံပြီး အဖိုးအခတစ်ခု ပေးကြသည်ဖြစ်စေ- ဘုရားသခင်၏ ထောက်ခံမှုကို မည်သည့်အခါတွင်မျှ ကျွန်မတို့ ရရှိလိမ့်မည်မဟုတ်ဘဲ၊ ဘုရားသခင်အားဖြင့် ကျွန်မတို့ ငြင်းပယ်၊ ရှုတ်ချခံရလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ကျွန်မတို့ နှလုံးများသားနှင့် စိတ်များ၏ အတွင်းနက်နက်နေရာများထဲသို့ မြင်နိုင်သည်။ ကျွန်မ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည့်နောက်တွင်၊ အခြားလူတို့၏ အမြင်များရှိ ကျွန်မ၏ ပုံရိပ်နှင့် အဆင့်အတန်းကိုသာ ကျွန်မ တွေးနေခဲ့သည်။ ကျွန်မ၏ ခေါင်းဆောင်မှု ရာထူးကို ကာကွယ်ချင်လျက်ဖြင့်၊ အခြားသူတို့က ကျွန်မကို အထင်ကြီးကာ လေးစားကြဖို့အလို့ငှာ ကျွန်မ၏ အမှားများကို အမြဲ အယောင်ဆောင်နေခဲ့၊ ဖုံးကွယ်ထားနေခဲ့သည်။ ဘုရားသခင်၏ စေခိုင်းချက်တာဝန်မှာ ကျွန်မ၏ စိတ်နှလုံးတွင် ရှိခဲ့သည့်အရာ မဟုတ်ပါ- ကျွန်မသည် ဘုရားသခင်ကို ခုခံခြင်း လမ်းကြောင်းကို လျှောက်လျက်၊ အဆင့်အတန်းကို လိုက်စားနေခဲ့ခြင်း ဖြစ်သည်။ ထိုနည်းလမ်းဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကျွန်မ မည်သို့ ရရှိနိုင်မည်နည်း။ ထိုအချိန်က ကျွန်မ ကျရောက်ခဲ့ရသည့် မှောင်မိုက်မှုသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက ကျွန်မအပေါ် ရောက်ရှိလာနေခြင်းဖြစ်သည်။ ကျွန်မ နောင်တမရခဲ့သေးပါက၊ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်မှ နှင်ထုတ်ခံခဲ့ရပြီးဖြစ်သည့် အန္တိခရစ်များအကြောင်းကို ကျွန်မ တွေးမိခဲ့သည်။ သူတို့သည် အဆင့်အတန်း ရှိခဲ့ကြပြီး၊ သူတို့က အခြားမည်သူမျှနှင့်မတူဟု အမြဲ ခံစားခဲ့ကြသည်။ သူတို့သည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ရင်းနှင့် ကြွားဝါရင်း၊ ဘုရားသခင်ထံမှ သူ၏ လူတို့ကို ဆွဲလုသွားရန် ကြိုးစားရင်း၊ အဆင့်အတန်း ကောင်းချီးမင်္ဂလာများအတွက် လောဘတက်လာခဲ့ကြသည်။ သူတို့သည် မကောင်းမှု ပြုခဲ့ကြပြီး ဘုရားသခင်ကို ခုခံခဲ့ကြကာ နောက်ဆုံးတွင် သူတို့၏ အဆုံးသတ်မှာ မောင်းထုတ်ခံရဖို့၊ ဖယ်ရှင်းသုတ်သင်ခံရဖို့ ဖြစ်သည်။ ဤအရာအားလုံးကို ကျွန်မ နားလည်သည်နှင့်အမျှ၊ ခေါင်းဆောင်မှု တာဝန်ကို ယူကတည်းက အဆင့်အတန်းအားဖြင့် ကျွန်မ မည်သို့ ထိန်းချုပ်ခံခဲ့ရပြီးဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ ကျွန်မ သုံးသပ်ခဲ့သည်။ ကျွန်မသည် ရာထူးကို မိမိကိုယ်ကိုယ်အဖို့ မှတ်ယူရင်းနှင့် မိမိကိုယ်ကိုယ်ကို ချီးမြှောက်ရင်း တာဝန်များကို ကြီးစဉ်ငယ်လိုက်အဖြစ် တွေးခဲ့သည်။ အဆင့်အတန်းကို ကျွန်မ ရရှိခဲ့ပြီးဖြစ်သည်ဟု ကျွန်မ တွေးခဲ့ပြီး ကျွန်မကိုအထင်ကြီးကြဖို့အလို့ငှာ အခြားလူတို့၏ ပြဿနာများကို ဖြေရှင်းပေးခြင်းအားဖြင့် ကြွားဝါချင်ခဲ့သည်။ ကျွန်မ အရှက်မဲ့ခဲ့ပါသည်။ ဤအတွေးက ကျွန်မ၏ မျက်နှာကို အရှက်ရခြင်းဖြင့် တောက်လောင်သွားစေရစ်ခဲ့သည်။ ကျွန်မက စက်ဆုပ်ဖွယ်ဖြစ်ပြီး၊ အခြားလူတို့၏ အမြင်များတွင် ကျွန်မ၏ အဆင့်အတန်းကို ထိုနည်းဖြင့် ကာကွယ်ခြင်းက အခြေခံအားဖြင့် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် တုပြိုင်ခြင်း ဖြစ်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်း ဖြစ်သည်။ ထို့နောက်တွင် ယင်းမှာ အလွန်အန္တရာယ်ရှိသည့် အခြေအနေတစ်ခု ဖြစ်သည်ဆိုသည်နှင့် ကျွန်မ နောင်တမရခဲ့ပါက၊ နောက်ဆုံးတွင် အန္တိခရစ်တစ်ဦးကဲ့သို့သာ အပြစ်ပေးခံရမည်ကို ကျွန်မ နားလည်ခဲ့ရသည်။

နောက်ပိုင်း ကျွန်မ၏ ရှာဖွေခြင်းနှင့် သုံးသပ်ဆင်ခြင်ခြင်းတို့တွင်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်ကျမ်းပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်- “သင်သည် ဂုဏ်အဆင့်အတန်း မရှိသည့်အခါ သင့်ကိုယ်သင် မကြာခဏ ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး သင့်ကိုယ်သင် သိရှိလာနိုင်သည်။ အခြားလူတို့သည် ဤအရာမှ အကျိုးရှိနိုင်သည်။ သင်သည် ဂုဏ်အဆင့်အတန်းရှိသည့်အခါ၊ သင်၏ အတွေ့အကြုံများမှတစ်ဆင့် အခြားသူတို့အား သမ္မာတရား၏ စစ်မှန်မှုကို နားလည်စေပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်စေလျက်၊ သင့်ကိုယ်သင် မကြာခဏ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်ဆဲဖြစ်ပြီး သင့်ကိုယ်သင် သိရှိလာနိုင်ဆဲဖြစ်သည်။ လူတို့သည် ဤအရာမှလည်း အကျိုးကျေးဇူးရရှိနိုင်သည် မဟုတ်လော။ သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင့်၌ ဂုဏ်အဆင့်အတန်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းမှ အခြားသူတို့ ခံစားရမည့်အကျိုးကျေးဇူးမှာ အတူတူပင်ဖြစ်သည်။ ဤသို့ဆိုလျှင် ဂုဏ်အဆင့်အတန်းသည် သင့်အတွက် မည်သို့အဓိပ္ပာယ်ရသနည်း။ ယင်းသည် အမှန်တကယ်တွင် အဝတ်တစ်ထည် သို့မဟုတ် ဦးထုပ်တစ်လုံးကဲ့သို့ အပို၊ အရန်ပစ္စည်းတစ်ခု ဖြစ်သည်။ ယင်းကို အလွန်ကြီးမားသော အရာတစ်ခုအဖြစ် သင် မခံယူသရွေ့ ယင်းသည် သင့်အား မထိန်းချုပ်ထားနိုင်ပေ။ သင်သည် ဂုဏ်အဆင့်အတန်းကို ချစ်ပြီး အရေးကြီးသောအရာတစ်ခုအဖြစ် အစဉ် မှတ်ယူလျက် အထူးအလေးထားလျှင် ယင်း၏ ထိန်းချုပ်မှုအောက်သို့ သင်ရောက်ရှိလိမ့်မည်။ ၎င်းနောက်တွင် သင်သည် သင့်ကိုယ်သင် သိရှိလိုခြင်း မရှိတော့သလို ဖွင့်ဟပြီး ဖော်ထုတ်ပြလိုခြင်း၊ သို့မဟုတ် အခြားလူတို့နှင့် ပြောဆို ဆက်ဆံပြီး သင့်တာဝန်ကို ဖြည့်ဆည်းရန်အတွက် သင်၏ ခေါင်းဆောင်နေရာကို ဘေးဖယ်ထားလိုစိတ် ရှိတော့မည် မဟုတ်ပေ။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ဤ ဂုဏ်အဆင့်အတန်းကို သင့်ကိုယ်သင်အတွက် ခံယူခဲ့သည် မဟုတ်လော။ ပြီးလျှင် ထိုနေရာကို ဆက်လက်၍သာ ကိုင်စွဲထားပြီး စွန့်လွှတ်လိုစိတ် မရှိဘဲ၊ သင်၏ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့ အခြားလူများနှင့်ပင် ယှဉ်ပြိုင်သည် မဟုတ်လော။ သင်သည် သင့်ကိုယ်သင် ညှဉ်းပန်းနေခြင်းပင် မဟုတ်လော။ သင်သည် သင့်ကိုယ်သင် သေသည်အထိ ညှင်းပန်း၍ အဆုံးသတ်လျှင် အပြစ်တင်စရာ မည်သူရှိမည်နည်း။ သင်သည် ဂုဏ်အဆင့်အတန်းရှိသည့်အခါတွင် အခြားလူများအပေါ် အထက်စီးဆန်ခြင်းမှ ရှောင်ကြဉ်နိုင်ပြီး၊ ယင်းအစား သင်၏ တာဝန်ကို မည်သို့ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကို အာရုံစိုက်လျက်၊ သင်ပြုသင့်သည့်အရာတိုင်းကို ပြုပြီး သင်လုပ်ဆောင်အပ်သည့် တာဝန်များအားလုံးကို ဖြည့်ဆည်းပြီးလျှင်၊ သင့်ကိုယ်သင် သာမန် ညီအစ်ကိုမောင်နှမကဲ့သို့ မြင်လျှင်၊ သင်သည် ဂုဏ်အဆင့်အတန်း၏ ဖိနှိပ်ချုပ်ချယ်မှုကို ဖယ်ရှားပြီးဖြစ်မည် မဟုတ်လော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်ခြင်း လမ်းကြောင်းတစ်ခုဖြင့် ကျွန်မကို ထောက်ပံ့ပေးခဲ့သည်။ ကျွန်မ အဆင့်အတန်း တစ်ခုတစ်လေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျွန်မ၏ ကိုယ်ပိုင်တာဝန်ကို ကျွန်မ ကောင်းမွန်စွာ လုပ်ဆောင်ရမည်၊ ကျွန်မ နားလည်သည့် မည်သည့်အရာမဆိုနှင့်ပတ်သက်၍ ကျွန်မ မိတ်သဟာယပြုရမည်ဖြစ်ပြီး၊ ကျွန်မ နားမလည်သည့် တစ်စုံတစ်ရာကို ကြုံရချိန်တွင် သမ္မာတရားကို ရှာပြီး ထိုအရာကို အတူတကွ ဖြေရှင်းဖို့ ညီအစ်ကို မောင်နှမများနှင့်အတူ ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုသင့်ပါသည်။ ကျွန်မသည် အခြားသူများထက် မတူကွဲပြားသည့် တာဝန်တစ်ခုကို ထမ်းဆောင်နေခဲ့ခြင်းသာ ဖြစ်သော်လည်း၊ မည်သူမျှ အခြားမည်သူမဆိုထက် ပို၍ မမြင့်၊ ပို၍ မနိမ့်ကျပါ။ ပြီးလျှင် ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ အစေခံနေခဲ့သည့် အချက်မှာ ကျွန်မသည် သူတို့ထက် ပိုတော်သည်၊ သူတို့ထက် ပိုတတ်စွမ်းနိုင်သည်ဟု လုံးဝ မဆိုလိုပါ။ သို့သော် ကျွန်မသည် မိမိကိုယ်ကိုယ် သိခြင်း လုံးဝ ကင်းမဲ့လျက် လူပြက်တစ်ဦးကဲ့သို့ ပြုမူခဲ့သည်။ ကျွန်မသည်လည်း အားနည်းချက်မျိုးစုံရှိခဲ့ပြီး၊ ညီအစ်ကို မောင်နှမများထံမှ အကူအညီ လိုအပ်ခဲ့သည်၊ သို့သော် ထိုသို့ဖြစ်လျက်ပင်၊ ကျွန်မက သူတို့ထက် ပိုတော်ဖို့ လိုသည်ဟု တွေးထင်ခဲ့သည်။ ယင်းမှာ အလွန် မာနထောင်လွှားပြီး မသိနားမလည်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မသည် ရှက်ဖွယ်ကောင်းစွာ မိမိကိုယ်ကိုယ် အမြင့်တွင် တင်ထားခြင်းသည် လှောင်ရယ်ဖွယ်သက်သက် ဖြစ်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ မှားယွင်းသော လမ်းကြောင်းကို ကျွန်မ လျှောက်နေခဲ့သည်ကို မြင်ခွင့်ပေးရင်း၊ ဤအခြေအနေမှတစ်ဆင့် ကျွန်မကို ဖော်ထုတ်ခြင်းအတွက် ကျွန်မ၏ စိတ်နှလုံးမှ ဘုရားသခင်ကို ကျေးဇူတင်မိခဲ့ပါသည်။ ကျွန်မက၊ “ဘုရားသခင်၊ အဆင့်အတန်းနဲ့ ကျွန်မ ဘယ်လို ဖိစီးခံခဲ့ရပြီး ကိုယ်တော်ကို ခုခံနေတဲ့ လမ်းကြောင်းတစ်ခုပေါ် ကျွန်မ ရှိခဲ့တာကို မြင်နိုင်ဖို့ ကျွန်မကို ဖော်ထုတ်တဲ့အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ မှားယွင်းတဲ့ လမ်းကြောင်းပေါ် ကျွန်မ မရှိချင်ပါဘူး။ ကျွန်မ နောင်တရဖို့၊ အဆင့်အတန်းနဲ့ ဆိုင်တဲ့ ကျွန်မရဲ့ စိတ်ကူးကို လက်လွှတ်ဖို့၊ ကျွန်မရဲ့ တာဝန်အပေါ်ကျွန်မရဲ့ သဘောထားကို ပြောင်းလဲဖို့နဲ့ သမ္မာတရားရဲ့ အခြေခံသဘောတရားတွေနဲ့အညီ ကျွန်မရဲ့ တာဝန်ကို လုပ်ဆောင်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်” ဟု ဘုရားသခင်ထံ ဆုတောင်းခဲ့ပါသည်။

တစ်ကြိမ်တွင် ညီအစ်ကို မောင်နှမများထဲမှ သုံးဦးက သူတို့၏တာဝန်ကို ကျွန်မထက် ရှည်ကြာစွာ လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ သူတို့ထဲမှ နှစ်ဦးက ခေါင်းဆောင်များအဖြစ် အစေခံနှင့်ခဲ့ပြီးဖြစ်သည့် အဖွဲ့တစ်ခု၏ စုဝေးပွဲကို ကျွန်မ သွားခဲ့သည်။ သူတို့သည် ယခင်က ကျွန်မနှင့်အတူ သမ္မာတရားနှင့် ပတ်သက်သည့် မိတ်သဟာယကို မျှဝေခဲ့ကြပြီးဖြစ်ကာ ပြဿနာများကို ကျွန်မအား ကူဖြေရှင်းပေးခဲ့ကြပြီး ဖြစ်သည်၊ ထို့ကြောင့် စုဝေးပွဲတွင် စိတ်ကျဉ်းကျပ်နေသလိုမျိုး ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ၏ မိတ်သဟာယက သိပ်မကောင်းခဲ့ဘဲ သူတို့၏ ပြဿနာများနှင့် ပတ်သက်၍ သူတို့ကို ကျွန်မ မကူညီနိုင်ခဲ့ပါက၊ ကျွန်မအနေဖြင့် သမ္မာတရား စစ်မှန်မှု လုံးဝ ကင်းမဲ့ပြီး ခေါင်းဆောင်မှုအတွက် မသင့်တော်ဟု သူတို့ တွေးထင်သွားမည်ကို ကျွန်မ စိုးရွံ့ခဲ့သည်။ မည်သည့် အခြေအနေမျိုးတွင် သူတို့ ရှိသည်ကို ကျွန်မ သူတို့အား မမေးဝံ့ခဲ့ပါ၊ ကျွန်မ ကိုင်တွယ်မဖြေရှင်းနိုင်မည့် တစ်စုံတစ်ရာ သူတို့ ပြောမည်ကို ကျွန်မ ကြောက်ရွံ့ခဲ့သည်။ ထိုအချိန်တွင် ကျွန်မသည် ကျွန်မ၏ ကိုယ်ပိုင် ဂုဏ်နှင့် အဆင့်အတန်းကို တစ်ဖန် ကာကွယ်ဖို့ ကြိုးစားနေခဲ့သည်ကို ကျွန်မ နားလည်ခဲ့ပြီး၊ ထို့ကြောင့် မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့ ဆုတောင်းချက်တစ်ခုကို ကျွန်မ ဆိုခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များ ကျွန်မ စိတ်ထဲ ရောက်လာခဲ့သည်- “သင်သည် ဂုဏ်အဆင့်အတန်းရှိသည့်အခါတွင် အခြားလူများအပေါ် အထက်စီးဆန်ခြင်းမှ ရှောင်ကြဉ်နိုင်ပြီး၊ ယင်းအစား သင်၏ တာဝန်ကို မည်သို့ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကို အာရုံစိုက်လျက်၊ သင်ပြုသင့်သည့်အရာတိုင်းကို ပြုပြီး သင်လုပ်ဆောင်အပ်သည့် တာဝန်များအားလုံးကို ဖြည့်ဆည်းပြီးလျှင်၊ သင့်ကိုယ်သင် သာမန် ညီအစ်ကိုမောင်နှမကဲ့သို့ မြင်လျှင်၊ သင်သည် ဂုဏ်အဆင့်အတန်း၏ ဖိနှိပ်ချုပ်ချယ်မှုကို ဖယ်ရှားပြီးဖြစ်မည် မဟုတ်လော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ကျွန်မ၏ လက်တွေ့လုပ်ဆောင်မှုကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အံဝင်ခွင်ကျ စီမံရမည်ဖြစ်သည်ကို ကျွန်မ သိခဲ့ပြီး၊ သမ္မာတရားနှင့် သက်ဆိုင်သည့် ကျွန်မ၏ သိနားလည်မှုက မလေးနက်သော်လည်း၊ ဘုရားသခင်အပေါ် မှီခိုပြီး ကျွန်မ၏ တာဝန်ကို အတတ်နိုင်ဆုံး လုပ်ဆောင်ရန် ကျွန်မ လိုလားနေခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင်၊ ကြီးမားသည့် လွတ်မြောက်မှု ခံစားချက်တစ်ခု ကျွန်မ ရရှိခဲ့ပြီး ကျွန်မကို အခြားလူများ အဘယ်အရာ တွေးထင်မည်ကို ကျွန်မ ဂရုမစိုက်တော့ပါ။ ကျွန်မ ပိုင်ဆိုင်ခဲ့သည့် သိနားလည်မှုနှင့်ပတ်သက်သည့် မိတ်သဟာယကို ဝေမျှဖို့ ကျွန်မ ဆုံးဖြတ်ခဲ့သည်။ ကျွန်မ ပြောဖို့ရှိသည့်အရာကို ကြားရသည့်အခါ၊ ညီအစ်ကို မောင်နှမများက ကျွန်မကို လုံးဝ အထင်မသေးခဲ့ကြဘဲ၊ ထိုအရာမှ တစ်စုံတစ်ခု သူတို့ ရရှိခဲ့ပြီဟု အားလုံးက ပြောခဲ့ကြသည်။

စုဝေးပွဲတွင်၊ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ” ထဲတွင် တွေ့ရသည့် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်- “လူတစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နှင့် သူ၏လက်ခံမှုကို ရရှိဖို့ ရလဒ်များ အောင်မြင်ရရှိခြင်းနှင့် မိမိ၏တာဝန်ကို စံနှုန်းအတိုင်း ထမ်းဆောင်ခြင်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များပေါ်တွင် မူတည်သည်။ သင်၏ဝတ္တရားများကို သင်ဆောင်ရွက်သော်လည်း၊ သင်၏တာဝန်ကို သင်ဆောင်ရွက်သော်လည်း၊ ဘုရားသခင်က မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ၊ မည်သည့်အရာ လုပ်ရမည်ကို သင့်အား မပြောပါက၊ သင်သည် သင်၏လမ်းကြောင်း၊ ဦးတည်ချက် သို့မဟုတ် သင်၏ပန်းတိုင်တို့ကို သိမည် မဟုတ်ပေ။ အဆုံးသတ်၌ မည်သည့်ရလဒ်ကို ရရှိမည်နည်း။ ယင်းမှာ အကျိုးမဲ့သည့် လုပ်အား ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ သင်၏တာဝန်ကို စံနှုန်းအတိုင်း လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏အိမ်တော်အတွင်း ခိုင်မာစွာ ရပ်တည်နိုင်ခြင်း၊ ညီအစ်ကိုမောင်နှမများအတွက် စိတ်ဓာတ်မြှင့်တင်ပေးခြင်းနှင့် ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းတို့က ဘုရားသခင်အပေါ် လုံးလုံး မူတည်လေသည်။ လူများသည် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်စွမ်းသည့် အရာများ၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာများ၊ ၎င်းတို့၏ ပင်ကိုစွမ်းရည်များအတွင်း ရှိသည့် အရာများကိုသာ လုပ်ဆောင်နိုင်သည်။ ထို့ထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ပါ။ ထို့ကြောင့် သင်၏တာဝန်မှ အဆုံးသတ် ရိတ်သိမ်းရရှိသည့် ရလဒ်များသည် ဘုရားသခင်၏လမ်းညွှန်မှုအားဖြင့် အဆုံးအဖြတ်ပေးသည်။ ယင်းတို့ကို ဘုရားသခင်ပေးသည့် လမ်းကြောင်း၊ ပန်းတိုင်များ၊ ဦးတည်ချက်နှင့် အခြေခံသဘောတရားများအားဖြင့် အဆုံးအဖြတ်ပေးသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းက ကျွန်မ၏ စိတ်နှလုံးကို အားတက်စေခဲ့သည်။ ဘုရားအိမ်တော်၏ အလုပ်သည် ဘုရားသခင်အားဖြင့် အမှန်တကယ် အားလုံး လုပ်ဆောင်ကာ ထိန်းသိမ်းထားပြီး၊ လူသားများအနေဖြင့်၊ ကျွန်မတို့၏ ကိုယ်ပိုင် တာဝန်ကို ကျွန်မတို့ တတ်နိုင်သရွေ့သာ လုပ်ဆောင်ကြခြင်း ဖြစ်သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိဘဲ၊ ဘုရားသခင်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုတို့ မရှိဘဲနှင့်၊ ကျွန်မတို့ မည်မျှ အလုပ်ကြိုးစားကြသည်ဖြစ်စေ ကျွန်မတို့၏ တာဝန်တွင် မည်သည့်အရာကိုမျှ ကျွန်မတို့ ပြီးမြောက်မည် မဟုတ်ပါ။ ကျွန်မတို့၏ တာဝန်တွင်၊ ဘုရားသခင် တောင်းဆိုသည့်အရာကို ကျွန်မတို့ နားလည်ရမည်၊ ထိုအရာအတွက် ကျွန်မတို့၏ စိတ်နှလုံးများတွင် ဝန်တာထားရမည်၊ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ကာ အခြေခံသဘောတရားများအတိုင်း အလုပ်လုပ်ရမည်ဖြစ်သည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့နှင့် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ၏ ရာထူးမှာ ညီအစ်ကို မောင်နှမများ၏ တာဝန်နှင့် သူတို့၏ အသက်ဝင်ရောက်မှုတွင် သူတို့၏ အခက်အခဲများကို ကူဖြေရှင်းပေးဖို့ သမ္မာတရားအပေါ် မိတ်သဟာယပြုရန်အတွက်သာ ဖြစ်သည်။ ပြဿနာတစ်ခုကို ချက်ချင်း ကျွန်မ မဖြေရှင်းနိုင်သည့် အချိန်များ ရှိခဲ့သော်လည်း၊ ထိုပြဿနာနှင့်သက်ဆိုင်သည့် မှတ်စုတစ်ခု ကျွန်မ အမြဲပြုလုပ်နိုင်ခဲ့ပြီးနောက် နောင်တွင် ထိုအရာကို ဖြေရှင်းဖို့ ရှာဖွေမှု ပိုမို လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်၊ ကျွန်မသည် သူတို့အား မည်သည့် အခြေအနေမျိုးတွင် ရှိခဲ့ကြသည်ဆိုသည်နှင့် သူတို့၏ တာဝန်တွင် မည်သည့် ပြဿနာများ ရှိခဲ့ကြသည်ဆိုသည်တို့ကို အလွန်လွယ်လွယ်ကူကူ မေးမြန်းနိုင်ခဲ့သည်။ သူတို့ လုပ်ဆောင်နေခဲ့သည့်ပုံနှင့် ပတ်သက်၍ သူတို့ မိတ်သဟာယဝေမျှချိန်တွင်၊ ဘုရားသခင်၏ ရှေ့မှောက်၌ ကျွန်မ၏ စိတ်နှလုံးကို ကျွန်မ ငြိမ်သက်စေခဲ့ပြီး ထိုအရာကို အာရုံစိုက်စွာ ရှာဖွေပြီး တွေးဆခဲ့သည်။ ထိုနည်းဖြင့် သူတို့၏ ချို့တဲ့ခြင်းများနှင့် အားနည်းချက်များကို ကျွန်မ သဘောပေါက်နိုင်ခဲ့ပြီး ဤအရာများကို ဖြေရှင်းဖို့နှင့် ဝင်ရောက်ဖို့ သူတို့အတွက် လမ်းကြောင်းတစ်ခုကို ရှာရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လျော်ညီစွာ ကျွန်မ အသုံးပြုနိုင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းပြမှု သက်သက် ဖြစ်သည်ကို ကျွန်မ သိခဲ့ပါသည်။ ကျွန်မ ပျော်မြူးသွားခဲ့ပြီး၊ အဆင့်အတန်းကို လက်လွှတ်ဖို့မှာ မည်မျှ လွတ်လပ်သည်ဆိုသည်ကို မြည်းစမ်းမိခဲ့သည်။ ကျွန်မ၏ တာဝန်တွင် ကျွန်မ၏ သဘောထားကို ပြုပြင်ခြင်း၊ ဘုရားသခင်၏ စေခိုင်းချက်နှင့်ဆိုင်သည့် အလုပ်ကို လုပ်ဆောင်ခြင်းအပေါ် ကျွန်မ၏ စိတ်နှလုံးကို ပိုင်းဖြတ်ထားခြင်း၊ ကျွန်မ၏ တာဝန်ကို မည်သို့ ကောင်းကောင်းလုပ်ဆောင်ကာ အကောင်းဆုံးသော ရလဒ်များကို မည်သို့ စွမ်းဆောင်ရရှိရမည်ကို သုံးသပ်ခြင်းနှင့် ရှာဖွေခြင်းတို့အားဖြင့်၊ ကျွန်မ မသိလိုက်ခင်တွင်၊ အဆင့်အတန်း၏ ချည်နှောင်မှုများနှင့် ချုပ်ချယ်မှုများမှ ကျွန်မ လွတ်မြောက်ခဲ့ပြီးဖြစ်သည်ကို ထိုအတွေ့အကြုံက ကျွန်မကို ကိုယ်တိုင်ကိုယ်ကျ ပြသခဲ့သည်။ ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် ကောင်းချီးမင်္ဂလာများမှ ကျွန်မ အကျိုးကျေးဇူးခံစားနိုင်ခဲ့ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အသည်းကင်ဆာရရှိခြင်းမှ သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

လီယွန် တရုတ်နိုင်ငံ ကျွန်တော် ခရစ်ယာန်ဖြစ်ပြီးသည့်နောက်မှာ တရုတ်ကွန်မြူနစ်ပါတီက ဖမ်းသည်ကို သုံးလေးကြိမ်လောက် ခံရသော်လည်း၊ သခင့်ကို...

ရိုးသားမှုကသာလျှင် လူသားဆန်မှုကို ယူဆောင်ပေးပါတယ်

ကျားကျား တရုတ်နိုင်ငံ ကျွန်မအမျိုးသားနဲ့ ကျွန်မက ရုံးသုံးပရိဘောဂလုပ်ငန်း လုပ်ကြတာပါ။ စီးပွားရေးကိုလည်း တကယ့်ကိုရိုးရိုးသားသားနဲ့...

နှုတ်ဆက်လိုက်ပါသည်၊ လူ့အကြိုက်လိုက်သူရေ။

လီဖေး စပိန်နိုင်ငံ လူ့အကြိုက်လိုက်သူများအကြောင်း ပြောသည့်အခါ၊ ဘုရားသခင်ကို ကျွန်မ မယုံကြည်မီတွင် သူတို့က ကြီးမြတ်သည်ဟု ကျွန်မ ထင်ခဲ့သည်။...

တိတ်ဆိတ်ခြင်း၏နောက်ကွယ်

လိဂျီး ဂရိနိုင်ငံ ကျွန်မက စကားများများ ပြောလေ့ရှိသူ တစ်ဦး မဟုတ်သကဲ့သို့ ကျွန်မ စိတ်ထဲရှိသည့်အတိုင်း မကြာခဏ ရင်ဖွင့်လေ့လည်း မရှိပါ။ ကျွန်မက...