ခုနှစ်နှစ် စမ်းသပ်ခြင်းများက ကျွန်တော့်၏ စရိုက်မှန်များကို ထုတ်ဖော်ပြသည်

25.09.2019

ချင်ဟွေး၊ ဟေလုံကျန်းစီရင်စု

၁၉၉၄ ခုနှစ်တွင်၊ ကျွန်တော့် အမေနှင့်အတူ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါသည်။ ကယ်တင်ခြင်းအမှု ပြုဖို့ လူ့ဇာတိ၌ ဘုရားသခင် ပြန်လည်ပေါ်ထွန်းခဲ့ပုံကို ကျွန်တော် လေ့လာခဲ့မိသည့်အချိန်တွင်၊ အလွန်အကျွံ ဝမ်းမြောက်ခဲ့ပြီး၊ အထူးသဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်း အကျိုးခံစားရသူတစ်ဦးအဖြစ် ကျွန်တော် ဂုဏ်ယူမိခဲ့ပါသည်။ နောက်ပိုင်းအချိန်တွင်၊ ဝတ်ပြုအစည်းအဝေးများကို ကျွန်တော် မကြာခဏတက်ခဲ့ပြီး၊ ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့်အတူ ဘုရားသခင်ကို ချီးမွမ်းခြင်း ဓမ္မတေးများ သီဆိုခဲ့ပါသည်။ အချိန်ရသည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်ရှုခဲ့ပြီး၊ ကိုယ်တော်၏ ရည်ရွယ်ချက်နှင့်ဆိုင်သည့် သိနားလည်မှုအချို့ ကျွန်တော် ရရှိခဲ့သည့်နောက်တွင်၊ အလုပ်နှင့် အသင်းတော်ထဲရှိ ကျွန်တော့် တာဝန်ကို တတ်နိုင်သမျှ ဖြည့်ဆည်းခြင်းတို့ကြားတွင် ကျွန်တော့်အချိန်ကို ခွဲသုံးခဲ့ပါသည်။ ထို့နောက်မှ အချိန်တစ်ချို့ကြာပြီးနောက်တွင်၊ ဘုရားသခင်၏ အမှုတော်သည် များမကြာမီ အဆုံးသတ်သို့ ရောက်လာတော့မည်ဆိုသည်ကို ကျွန်တော် ကြားခဲ့ရသည်။ လွန်စွာ စိတ်လှုပ်ရှားလျက်၊ ကျွန်တော်က၊ “သမ္မာတရားကို ရှာဖွေလိုက်စားရာမှာ ငါ ကြိုးစားပြီး ဘုရားသခင်ရဲ့ အမှုတော် မပြီးစီးခင်မှာ ကောင်းမှုတွေ ပိုပြီးလုပ်တာ ပိုကောင်းမယ်။ ဒီတစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးကို ငါ လက်လွှတ်လို့မဖြစ်ဘူးကွာ” ဟု မိမိဘာသာ တွေးခဲ့သည်။ ထို့နောက်တွင်၊ ကျွန်တော့် အလုပ်ကို ထွက်ပြီး နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်း အလုပ်တွင် မိမိကိုယ်ကိုယ် လုံးဝ မြှုပ်နှံလိုက်ဖို့ ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကျွန်တော် ချခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်သာ ကိုယ်တော်၏ ချီးကျူးခြင်းနှင့် ကောင်းကြီးမင်္ဂလာကို ကျွန်တော် ရနိုင်မည်ဟု ယုံကြည်ချက်ဖြင့်၊ ကျွန်တော့်၏ ကျန်သည့် ဘဝအသက်တာကို ဘုရားသခင်ထံ လုံးဝ ဆက်ကပ်အပ်နှံလိုက်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်အတောအတွင်းတွင်၊ နေ့တိုင်း၊ လေတိုက်သည်ဖြစ်စေ သို့မဟုတ် မိုးရွာသည်ဖြစ်စေ၊ မိုးလင်းမိုးချုပ် ကျွန်တော် အဆက်မပြတ် အလုပ်များခဲ့ပါသည်။ ကျွန်တော့် စက်ဘီးကို ကီလိုမီတာ များစွာ နင်းရမည်ဆိုလျှင်ပင်၊ ကျွန်တော် ပင်ပန်းသည် သို့မဟုတ် အလုပ်ပိသည်ဟု လုံးဝ မခံစားခဲ့ပါ။ လောကီလူတို့၏ အသရေဖျက်မှုများ သို့မဟုတ် ချစ်ခင်ရသူများ၏ စွန့်ပစ်မှုကို ရင်ဆိုင်ရသည့်အခါ နာကျင်မှုနှင့် အားနည်းမှုတို့ကို ကျွန်တော် ခံစားခဲ့ရသည့် အချိန်များ ရှိခဲ့ပါသည်၊ သို့သော် ကမ္ဘာမြေပေါ် ကျရောက်မည့် ကပ်ဆိုးကြီးများကို ကျွန်တော် လွတ်ပြီး ထာဝရအသက်ကို ရမည် ဖြစ်သည်သာမက၊ ဘုရားသခင်၏ အလျှံပယ် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းကြီးမင်္ဂလာများကိုလည်း ပျော်မွေ့ခံစားရမည်ဟူသော အတွေးက ကျွန်တော့်ဆီ ပေါ်လာသရွေ့၊ ချီးမြှောက်ခံရခြင်း ခံစားချက်များနှင့် ကျွန်တော့်၏ အားထုတ်မှုအားလုံး အကျိုးရှိသည်ဟူသော အသိတစ်ခုဖြင့် ကျွန်တော် ပြည့် လျှံသွားခဲ့သည်။ ဤသို့ဖြင့်၊ ဘုရားသခင်အတွက် ကျွန်တော်က အရာအားလုံးကို အသုံးတော်ခံနိုင်လျှင်၊ ဤသည်မှာ ကျွန်တော်သည် ဘုရားသခင်ကို ချစ်သော သူတစ်ဦးဖြစ်ပြီး၊ ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာများနှင့် ထိုက်တန်သကဲ့သို့၊ နိုင်ငံတော်တွင် ကျွန်တော့်အတွက် နေရာတစ်ခု သေချာပေါက်ရှိလိမ့်မည်ဟူသည့် စိတ်ချယုံကြည်မှု ကျွန်တော် ခံစားခဲ့ရသည်။ ထို့နောက်မှစ၍၊ ကျွန်တော် ဆက်အသုံးတော်ခံပြီး၊ ဖြည့်ဆည်းသည့် တစ်ချိန်တည်းမှာပင်၊ နိုင်ငံတော်ထဲတွင် ကျွန်တော့်၏ ပျော်ရွှင်စရာ ဝေစုကို ဖြစ်နိုင်သမျှမြန်မြန် တောင်းဆိုနိုင်ဖို့ရန် အလို့ငှာ ဘုရားသခင်၏ အမှုတော် အဆုံးသတ်လာမည့်နေ့ကို ကျွန်တော် မနားမနေ စောင့်ဆိုင်းနေခဲ့ပါသည်။

၁၉၉၉ ခုနှစ် အဆုံးသို့ ရောက်လာသည့်တစ်နေ့တွင်၊ ကျွန်တော်သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်ပြီး ယင်း၏ ကြီးမြတ်သည့် ကောင်းကြီးမင်္ဂလာများကို ပျော်မွေ့ခံစားဖို့ စိတ်ချယုံကြည်မှုရှိစွာ ပြင်ဆင်နေခဲ့သည့်အခိုက်၊ ညီအစ်မ တစ်ဦးက ကျွန်တော့်ကို၊ “အထက်မှ ညီအစ်ကိုက ကျွန်မတို့ ကယ်တင်ခြင်းကို ရရှိပြီး စုံလင်ချင်တယ်ဆိုရင်၊ ခုနှစ်နှစ် စမ်းသပ်မှုတွေကို အရင်ဆုံး ကြုံရမယ်လို့ မိတ်သဟာယပြုခဲ့တယ်” ဟု ပြောလေသည်။ ဤအရာကို ကျွန်တော် ကြားရသည့်အခါ၊ ကျွန်တော့်နားများကို မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။ ကျွန်တော် နားကြားမလွဲခဲ့သည်ကို သေချာစေချင်၍၊ ထိုညီအစ်မကို ပြန်ပြောခိုင်းခဲ့သည်။ ဤသည်မှာ သူမပြောသည့်အရာ အမှန်တကယ်ဖြစ်သည်ကို ကျွန်တော် အတည်ပြုပြီးသည်နှင့် တပြိုင်နက်၊ ကျွန်တော့် ခေါင်းက ချာချာလည်သွားခဲ့ပြီး၊ ရုတ်တရက် ကျွန်တော် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ ဘယ်လိုမှ၊ သူ ပြောလိုက်သည့်အရာကို အမှန်တရားဟု ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လက်မခံနိုင်ခဲ့ပါ။ တစ်ပြိုင်တည်းတွင်၊ အတွေးများက ကျွန်တော့်ခေါင်းထဲသို့ တရစပ် ဝင်ရောက်လာခဲ့သည်၊ “ဘာလို့ ခုနှစ်နှစ် စမ်းသပ်မှုတွေကို ငါ ဖြတ်သန်းရဦးမှာလဲ။ ဘုရားသခင်ရဲ့ အမှုတော်က လာမယ့် နှစ်နှစ်မှာ အဆုံးသတ်မယ်လို့ သူတို့ ပြောတဲ့အချိန်မှာ၊ အရာရာကို ငါ စွန့်လွှတ်ခဲ့တယ်၊ အခု ခုနှစ်နှစ် ရှိသေးတယ်ဆိုတော့ ငါ ဘယ်လို ဆက်သွားရမှာလဲ။ ငွေနည်းနည်းပါးပါးရဖို့ အလုပ်တစ်ခုကို ငါ ရှာသင့်လား။ ခုနှစ်နှစ်မှာ ငါက အသက်သုံးဆယ်ဖြစ်မှာပဲ။ ဒီအိမ်ထောင်ပြုခြင်း ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလဲ...” ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း စပ်ကူးမပ်ကူးအချိန်တွင် ကျွန်တော် ရှိခဲ့ပြီး ကျွန်တော့်၏ အသွေးအသား ဒုက္ခဝေဒနာများ မကြာခင် အဆုံးသတ်လိမ့်မည်ဟု နဂိုမှုလက ကျွန်တော် ထင်မိခဲ့သည်။ သို့သော်၊ ယခုတွင် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ကျွန်တော် ဝင်ရောက်နေမည်မဟုတ်သည်သာမက၊ ခုနှစ်နှစ် စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို ကြုံဖို့ ရှိသေးသည့် အသွင်ပေါက်နေခဲ့သည်။ ဤအကြောင်းကို ကျွန်တော် စဉ်းစားသည့်အခါ၊ ကျွန်တော်သည် ရုတ်တရက် စိတ်ညှိုးငယ်သွားခဲ့ပြီး၊ ကျွန်တော့်အထဲတွင် ဖော်ပြမရနိုင်သည့် ဝမ်းနည်းမှုက ပြည့်လျှံလာခဲ့သည် “ဘုရားသခင်၊ ခုနှစ်နှစ် စစ်ဆေးမှုကို ကျွန်တော် ကြုံဖို့ ရှိသေးတယ်ဆိုတာ ကျွန်တော့်ကို ကိုယ်တော် ဘာလို့ စောစော မပြောခဲ့တာလဲ။ အမှုအရာတွေ ဘယ်လိုပဲ ခက်ခဲပါစေ၊ နှစ်နှစ် သုံးနှစ်အတွင်း အဲဒါတွေအားလုံး ပြီးသွားမယ်၊ ပြီးတော့ နိုင်ငံတော်ထဲ ကျွန်တော် ဝင်ရောက်ပြီး အံ့သြဖွယ် ကောင်းကြီးမင်္ဂလာတွေကို ထာဝရ ပျော်မွေ့ခံစားနိုင်မယ်လို့ အစတုန်းက ကျွန်တော် ထင်ခဲ့တယ်။ အခုတော့ ကျွန်တော့်ရှေ့မှာ ခုနှစ်နှစ် စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှု ရှိသေးတယ်။ အဲဒါတွေကို ကျွန်တော် ဘယ်လို ဖြတ်သန်းရမှာလဲ” ဟု တွေးရင်း ဘုရားသခင်ကို မသိစိတ်၏ စေ့ဆော်မှုအရ စတင်အပြစ်တင်မိခဲ့သည်။ ကျွန်တော် ပိုစဉ်းစားလေလေ၊ အပျက်သဘောဆောင်မှု ပိုကြီးထွားလေလေဖြစ်သည်။ ကျွန်တော် ချခဲ့သည့် ဆုံးဖြတ်ချက်များအတွက် ကျွန်တော် စတင်နောင်တရလာခဲ့ပြီး၊ အလုပ်တစ်ခုရှာပြီး ငွေရဖို့ လောကီရေးရာ လောကထဲသို့ ပြန်သွားဖို့ရန်နှင့် အချိန်ရသည့်အခါတိုင်းတွင်မှ အသင်းတော် အသက်တာတွင် ပါဝင်ဖို့ရန်ပင် ကျွန်တော် ချင့်ချိန်စဉ်းစားမိခဲ့သည်။ ထိုသို့ဖြင့်၊ ကျွန်တော်သည် ဒုက္ခဝေဒနာစစ်စစ်ထဲတွင် အသက်ရှင်ခဲ့ပြီး၊ စိတ်ပျက်မှုများထဲတွင် စဉ်ဆက်မပြတ်ရှိနေခဲ့သည်။ အစည်းအဝေးများတွင် အိပ်ငိုက်ပြီး၊ ကျွန်တော့်တာဝန်ကို စိတ်မပါ့တပါဖြင့်သာ ဖြည့်ဆည်းနေခဲ့သည်။ ယခင်က ကျွန်တော်ရှိခဲ့သည့် အလားတူ အားအင်က ရှေ့ဆက်ရှိနေသည်ဟု ကျွန်တော် မခံစားခဲ့ရပါ၊ သို့သော် ကျွန်တော် နောက်ကို ခြေတစ်လှမ်းဆုတ်ဖို့လည်း မဝံ့မရဲ ဖြစ်ခဲ့သည်။ အမှန်ပင် ရွေးရခက်သည့် အခြေအနေတစ်ခုတွင် ကျွန်တော် ရှိခဲ့သည်။ ထိုအချိန်လေးတွင်၊ ခုနှစ်နှစ် စမ်းသပ်ခြင်းများ၏ ဆင်းရဲဒုက္ခများကို ကြံ့ကြံ့မခံနိုင်၍ ဘုရားသခင်ကို ကျောခိုင်းပြီး သူတို့၏ ယုံကြည်ချက် ဆုံးရှုံးခဲ့ကြသည့် လူအချို့ ရှိခဲ့သည်။ ဤသတင်းကို ကြားသည့်အခါ၊ ကျွန်တော့် တုန်လှုပ်ခဲ့ပြီး၊ ယင်းက ကျွန်တော့် ခေါင်းတွင် မြည်သည့် သတိပေးသံတစ်ခု ကဲ့သို့ ဖြစ်ခဲ့သည်။ ကျွန်တော့်၏ လက်ရှိအခြေအနေကို ကြည့်ခြင်းဖြင့်၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ တစ်ခုခု မလုပ်ဆောင်လျှင်၊ ကျွန်တော်သည်လည်း အန္တရာယ် အလွန်များလိမ့်မည်ဖြစ်သည်ကို ကျွန်တော် နားလည်ခဲ့သည်၊ သို့သော် ကျွန်တော် နှစ်မြှုပ်ခဲ့သည့် အပျက်သဘောဆောင်ခြင်းမှ လွတ်လာဖို့ရန် ကျွန်တော့်၏ လက်ရှိ အခြေအနေများကို မည်သို့ ပြောင်းလဲရမည်နည်း။

ထို့နောက် မကြာခင်တွင် အောက်ပါ ဘုရား နှုတ်ကပတ်တော်များ စာပိုဒ်ကို ကျွန်တော် တွေ့ခဲ့ရသည်၊ “ခုနှစ်နှစ် စမ်းသပ်မှုများကို ဖော်ပြသည့်အချိန်တိုင်းတွင်၊ အထူး စိတ်မသက်မသာဖြစ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သည့် လူအနည်းငယ်ရှိပြီး၊ ညည်းညူသောသူအချို့ရှိကာ တုန့်ပြန်မှုပုံစံမျိုးစုံရှိလေသည်။ ဤတုန့်ပြန်မှုများမှ၊ လူတို့သည် ထိုသို့သော စမ်းသပ်မှုများ ယခု လိုအပ်သည်မှာ သိသာထင်ရှားပေသည်၊ ဤသို့သော အခက်အခဲနှင့် စစ်ဆေးမှုမျိုး သူတို့ လိုအပ်၏။ ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သေလိုပြီး သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်လိုသည့် အနေအထားအထိရောက်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံမည်ဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စမ်းသပ်မှုများအလယ်၌ ဘုရားသခင်ကို ကျေနပ်စေသင့်သည့် နည်းလမ်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်၏ လက်ရှိ အကျပ်အတည်းနှင့်ဆိုင်သော ပြည့်စုံသည့် ဖော်ထုတ်ခြင်း ဖြစ်လေသည်။ ခုနှစ်နှစ် စမ်းသပ်မှုများကို ကျွန်တော် ကြုံရဦးမည်ကို ကြားရသည်နှင့်တပြိုင်နက်၊ အပျက်သဘောဆောင်ခြင်း တွင်းထဲတွင် ကျွန်တော် နှစ်မြှုပ်ခဲ့ပြီး မကျေနပ်ချက်များဖြင့် ပြည့်လျက် ဘုရားသခင်ကို ပုန်ကန်ခဲ့သည်။ ယခင်က၊ ကျွန်တော် အလုပ်ထွက်ပြီး ကျွန်တော့် မိသားစုဘဝကို စွန့်လွတ်ခဲ့ကာ သာမန်နောက်လိုက်များထက် ပိုမိုများစွာ မြှုပ်နှံခဲ့သည့်အတွက်ကြောင့် ကျွန်တော်သည် အခြားမည်သူမဆိုထက် ဘုရားသခင်ကို ပိုချစ်သောသူဖြစ်ပြီး ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာများနှင့် အထိုက်တန်ဆုံးသောသူဖြစ်သည်ဟု ကျွန်တော် ထင်ခဲ့သည်။ ထို့နောက်တွင်မှ၊ ကျွန်တော့်၏ ရှာဖွေလိုက်စားခြင်းက မသန့်စင်သည်ကို ကျွန်တော် နားလည်ခဲ့ရသည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးများကို ဆန်းစစ်ပြီး၊ သူ့အပေါ် ကျွန်တော့်၏ ယုံကြည်ခြင်းက ကောင်းကြီးမင်္ဂလာများ ရလိုသည့်ဆန္ဒတစ်ခုအပေါ် အမှန်တကယ် အခြေခံသည်ကို ထုတ်ဖော်ပြဖို့ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို သူ အသုံးပြုခဲ့သည်။ ကျွန်တော့်၏ ရှာဖွေလိုက်စားခြင်းနှင့်ဆိုင်သော မှားယွင်းသည့် အမြင်ကို မှန်ကန်သည့် သိနားလည်မှုတစ်ခု ရရှိဖို့ရန် သူ ကျွန်တော့်ကို အခွင့်ပေးခဲ့သည်။ နောက်ပိုင်းတွင်၊ ဘုရားနှုတ်ကပတ်တော်များ၏ နောက်ထပ်စာပိုဒ်ကို ကျွန်တော် မြင်ခဲ့သည်- “သင်တို့၏ ခရီးပန်းတိုင်သည် လုံးဝ လှပပြီး သင်တို့ ဆန္ဒရှိသမျှအားလုံး ဖြစ်နိုင်ဖို့အလို့ငှာ၊ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် ငါ့ကို လှည့်ဖြားဖို့ အယောင်ဆောင်သော အပြင်ပန်းသွင်ပြင်တစ်ခုကို ပြသနေကြဆဲ ဖြစ်သည် မဟုတ်လော။ သင်တို့၏ ဆက်ကပ်မှုသည် သင်တို့၏ စစ်မှန်ရိုးသားမှုကဲ့သို့၊ ခဏတာမျှသာ ဖြစ်သည်ကို ငါ သိ၏။ သင်တို့၏ စိတ်ဆုံးဖြတ်ချက်နှင့် သင်တို့ ပေးသော အဖိုးအခသည် အနာဂတ်အတွက် မဟုတ်၊ လက်ရှိအခိုက်အတန့်အတွက်သာ ဖြစ်သည် မဟုတ်လော။ သင်တို့သည် အလဲအလှယ်တစ်ခု ပြုလုပ်ခြင်းဟူသော တစ်ခုတည်းသော ရည်မှန်းချက်ဖြင့်၊ လှပသည့် ပန်းတိုင်တစ်ခုကို ရယူဖို့ ကြိုးပမ်းရန် နောက်ဆုံးတစ်ကြိမ်သာ အားထုတ်လိုကြလေသည်။ သင်တို့သည် ငါပေးပြီးသည့် အဖိုးအခအတွက် ငါ့ကို ပြန်ပေးဆပ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ကျေးဇူးကြွေးတင်ရှိလာခြင်းအား ရှောင်ရှားရန် ဤအားထုတ်မှုကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ တိုတိုပြောရလျှင်၊ သင်တို့သည် သင်တို့ လိုချင်သည့်အရာကို ရရှိဖို့ ပါးနပ်သော ပရိယာယ်ကို အသုံးပြုရန်သာ လိုလားနေကြသော်လည်း၊ ယင်းအတွက် ပွင့်လင်းသော တိုက်ပွဲကို မတိုက်လိုကြပေ။ ဤသည်မှာ သင်တို့၏ အူလှိုက်သည်းလှိုက်ဖြစ်သော စိတ်ဆန္ဒဖြစ်သည် မဟုတ်လော။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ရုပ်ဖျက်ရမည် မဟုတ်သကဲ့သို့၊ သင်တို့ မစားနိုင်၊ မအိပ်နိုင်ဖြစ်ကြသည့်အခြေအနေထိ သင်တို့၏ ခရီးပန်းတိုင်အပေါ် ဦးနှောက်ခြောက်အောင် မစဉ်းစားရ။ နောက်ဆုံးတွင် သင်တို့၏ နိဂုံးက ဆုံးဖြတ်ထားနှင့်ပြီး ဖြစ်လိမ့်မည်မှာ မှန်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍) ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်တော့်ကို အရှက်ရခံစားစေပြီး ဘုရားသခင် ဖော်ထုတ်ခဲ့သည့်အရာများနှင့် ယင်းတို့က တစ်ထေရာတည်း ဖြစ်သည်ကို နားလည်လျက် ကျွန်တော့် အတွေးများနှင့် လုပ်ရပ်များကို သုံးသပ်ဆင်ခြင်စေခဲ့သည်။ အသင်းတော်ထဲသို့ ကျွန်တော် ပထမဆုံး ဝင်ရောက်ပြီး ကျွန်တော့် တာဝန်များကို ဖြည့်ဆည်းစဉ် အလုပ်တစ်ခု လုပ်ကိုင်နေခဲ့သည့် အချိန်ကို ပြန်တွေးကြည့်မိသည်။ ဘုရားသခင်၏ အမှုတော် မကြာခင် အဆုံးသတ်တော့မည်ကို ကျွန်တော့် ကြားရသည့်အချိန်တွင်၊ ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာများနှင့် ဆုလာဘ်များကို ရရှိဖို့ သူ့အတွက် မိမိကိုယ်ကိုယ် ယာယီအချိန်ကာလတစ်ခုကြာသာ လုံးဝ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်သည်ဟု ကျွန်တော် ထင်ခဲ့သည်။ ဘုရား အမှုတော် အဆုံးသတ်သည်နှင့် တပြိုင်နက် နိုင်ငံတော်ထဲ ကျွန်တော် ဝင်ရောက်နိုင်သည်ကို သေချာစေဖို့၊ ရုပ်ပိုင်းဆိုင်ရာ ကာမဂုဏ်များအားလုံးကို ကျွန်တော် စွန့်လွှတ်ခဲ့ပြီး၊ ကျွန်တော့် တာဝန်များ ဖြည့်ဆည်းခြင်းကို ဒရောသောပါး လုပ်ဆောင်ခဲ့သည်။ သို့သော်၊ ခုနှစ်နှစ် စမ်းသပ်မှုများ ကျွန်တော် ကြုံဖို့လိုသေးသည်ကို ကြားရသည့်အခါ၊ ပြန် ၍ ဖာထေးမရသည့် ဆုတ်ဆိုင်းမှုတစ်ခုကို ကြုံလိုက်ရပြီဟု ကျွန်တော် ခံစားခဲ့ရပြီး၊ ကျွန်တော့် တာဝန်များကို ဖြည့်ဆည်းဖို့ တက်ကြွမှုပင် မရှိတော့သည်အထိ အလွန် တိုး၍အပျက်သဘောဆောင်ခဲ့သည်။ ကျွန်တော့် စိတ်နှလုံးက ဘုရားသခင်ကို ပြစ်တင်မှုနှင့် အာခံမှုတို့ဖြင့် ပြည့်ခဲ့သည်။ ကျွန်တော် စွန့်လွှတ်ခဲ့သည့် အရာအားလုံးနှင့် ကျွန်တော် လုပ်ဆောင်ခဲ့သည့် ခက်ခဲသည့်အလုပ်အားလုံးအပေါ် ကျွန်တော် နောင်တခံစားမိခဲ့သည်၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး သူ့ကို ကျောခိုင်းဖို့ပင် ကျွန်တော် စဉ်းစားခဲ့သည်။ ယခင်ကနှင့် လုံးဝကွဲပြားသည့် လူတစ်ဦးအဖြစ်သို့ ကျွန်တော် ပြောင်းလဲသွားခဲ့သည်။ ဘုရားသခင်ကို အဖန်ဆင်းခံ သတ္တဝါများအားလုံး၏ ဖန်ဆင်းရှင်အဖြစ် ကျွန်တော် ဘယ်သောအခါမျှ အမှန်တကယ် မကိုးကွယ်ခဲ့သည်ကို ကျွန်တော် နားလည်ခဲ့သည်မှာ စမ်းသပ်မှု၏ ထုတ်ဖော်ပြခြင်းမှတဆင့်သာ ဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေဖို့ ရှာဖွေလိုက်စားရန်အလို့ငှာ အဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် ကျွန်တော့် တာဝန်ကို ဖြည့်ဆည်းဖို့ မိမိကိုယ်ကိုယ် အသုံးတော်မခံခဲ့သလို၊ လောကီအရာများကို မစွန့်လွတ်ခဲ့သည်ကိုလည်း ကျွန်တော် နားလည်ခဲ့ရသည်။ ထို့ထက်၊ ကျွန်တော်သည် ဤအားထုတ်မှုအားလုံးကို ကျွန်တော့် အနာဂတ် ခရီးပန်းတိုင်ဖို့အလို့ငှာ သက်သက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော် လုပ်ဆောင်ခဲ့သမျှ အရာရာမှာ ဘုရားသခင်နှင့် အပေးအယူတစ်ခု လုပ်ခဲ့ခြင်းဖြစ်သည်၊ ထိုသို့ဖြင့်၊ အလျှံပယ် ကောင်းကြီးမင်္ဂလာများ ရရှိဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းဟူသည့် ကျွန်တော့်၏ နောက်ဆုံး ပန်းတိုင်အား ရရှိရန် ကိုယ်တော့်ကို ကျွန်တော် လှည့်ဖြားပြီး၊ အသုံးချနေခဲ့သည်။ ကျွန်တော် မည်မျှ တကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်စရာဖြစ်ကာ၊ အကျည်းတန်လိုက်ပါသနည်း။ ယင်းမှာ ဘုရား၏နှုတ်ကပတ်တော်များက ထုတ်ဖော်ပြခဲ့သည့်အတိုင်း ဖြစ်သည်- “၎င်းတို့ကို မည်မျှ ကြိုးစားစေကာမူ၊ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ တစ်ကိုယ်ကောင်းဆန်ပြီး သစ္စာဖောက်သောလူတို့သည် လူ့သဘာဝ ကင်းမဲ့ပြီး ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် သစ္စာရှိခြင်းနှင့် ယုံကြည်ကိုးစားမှုတို့ကို ဖောက်ဖျက်လျက်၊ အမြတ်အစွန်း အတွက် သက်သက် အသက်ရှင်ကြသည်မှာ သိသာထင်ရှားခဲ့သည်။ စာတန်၏ သဘာဝနှင့်အညီ အသက်ရှင်သူများသည် ဘုရားသခင်နှင့် သဟဇာတ ဖြစ်ဖို့ မဖြစ်နိုင်ပါ။ ထိုသို့သော လူတို့သည် ဘုရားသခင်ကို စဉ်ဆက်မပြတ် အာခံပြီး သစ္စာဖောက်ကြကာ၊ ဘုရားသခင်ကို ရန်သူအဖြစ်ပင် ယူဆကြလေသည်။ ဤလူတို့ကို ဘုရားသခင် မုန်းပြီးစက်ဆုပ်ပါသည်၊ သမ္မာတရားကို ရှာဖွေလိုက်စားဖို့ သူတို့ ဆက်ငြင်းနေမည်ဆိုပါက၊ နောက်ဆုံးတွင် ပယ်ရှင်းခံရကြလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်က လူသားမျိုးနွယ်၏ ကယ်တင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ ကမ္ဘာမြေသို့ ကြွလာခဲ့သည့် နှစ်ကြိမ်တွင်၊ သူသည် စာတန်၏ အမှောင်လွမ်းမိုးမှုမှ ကျွန်တော်တို့ကို ဆွဲယူဖို့ရန်အလို့ငှာ အလွန်အမင်း အရှက်ရခြင်းကို သူ မည်သို့ ခံစားခဲ့ရပြီး အဆုံးစွန် အဖိုးအခတစ်ခု ပေးခဲ့ရသည့်အကြောင်းကို ကျွန်တော် တွေးမိခဲ့သည်သို့သော်၊ ကျွန်တော်တို့ထံမှ တစ်စုံတစ်ရာကို တစ်ခါမျှ သူ မတောင်းဆိုခဲ့ပါ။ ဆန့်ကျင်ဖက်အနေဖြင့်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်တော် သတိမပြုမိခဲ့ရုံသာမက သို့မဟုတ် အနည်းငယ်မျှ ကျေးဇူးမတင်ရှိခဲ့ရုံသာမက၊ သို့မဟုတ် သူ့ကို စစ်မှန်စွာ မဆက်ကပ်ခဲ့ရုံသာမက၊ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ကျွန်တော် ရရှိနိုင်မည့် နည်းလမ်းများအတွက်သာ စိုးရိမ်ပူပန်ခဲ့သည်။ ့်ဘုရားသခင်၏ အမှုတော်က ကျွန်တော့် အယူအဆများ၊ စိတ်ကူးများနှင့် မတူညီသောအခါ၊ သို့မဟုတ် ကျွန်တော့်ကို ရုပ်ပိုင်းဆိုင်ရာ အကျိုးပြုခြင်း မပါရှိသည့်အခါ၊ ကျွန်တော့် အားထုတ်မှု အားလုံးနှင့် ကျွန်တော် စွန့်လွှတ်ခဲ့သမျှအားလုံးကို နောင်တပင်ရလျက်နှင့် ကိုယ်တော်ကို လုံးဝ စွန့်ပစ်ဖို့ ဆန္ဒရှိလျက် ကိုယ်တော့်ထံမှ ချက်ချင်း ကျွန်တော် ထွက်သွားခဲ့သည်။ လူသားသဘာဝ အနည်းငယ်မျှပင် ကျွန်တော် မပိုင်ဆိုင်ခဲ့သည်ကို ကျွန်တော် မြင်နိုင်ခဲ့သည်၊ ကျွန်တော့် သဘာဝမှာ ထိုသို့ ဘုရားသခင်ကို ကျွန်တော် ဆန့်ကျင်ကာ သစ္စာဖောက်ခဲ့ပြီး၊ ထိုသို့သော ပုန်ကန်မှုမှာ ဘုရားသခင်၏ ကျိန်ဆဲမှုများနှင့်သာ ထိုက်တန်ခဲ့သည်။ ဤအရာများ အားလုံးကို နားလည်လျက်၊ ကျွန်တော်သည် လိပ်ပြာမသန့်ခြင်း နှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းတို့ဖြင့် ပြည့်ခဲ့ပြီး ဘယ်သောအခါမှ ထပ်မံပြီး အလွန် ကိုယ်ကျင့်တရားကင်းမဲ့ခြင်းမျိုး မရှိစေရန် ကတိပြုခဲ့သည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေရန်၊ ကျွန်တော် အမြန်ဆုံး နောင်တရရမည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေလိုက်စားဖို့ ကြိုးပမ်းရမည်ကို ကျွန်တော် သိခဲ့ပါသည်။

နောက်ပိုင်းတွင်၊ ဒေသနာတစ်ခု၌ အောက်ပါ စကားများကို ကျွန်တော်ဖတ်ခဲ့ရပါသည်၊ “ဒီနေ့ ခုနှစ်နှစ် စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မကျေနပ်တာတွေ ဖြစ်ပေါ်တဲ့ စိတ်တွေရှိပြီး၊ ယုံကြည်မှု ကင်းမဲ့ပြီး ဆိုးယုတ်တဲ့ စိတ်နဲ့ ပြုမူကြသူတွေ အများကြီးရှိတယ်။ ဒါက အရမ်းကို အံ့အားသင့်စရာဖြစ်ပြီး ဘုရားသခင်ရဲ့ မိသားစုထဲမှာ ရှိတဲ့သူတွေဟာ ခုချိန်မှာ ရှေးကာလ ဣသရေလတွေထက် ဘာမှမထူးဘူးဆိုတာကို ကျွန်တော့်ကို နားလည်စေတယ်။ မျက်မှောက်ခေတ်မှာ ဘုရားသခင်ရဲ့ အမှုတော်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အတွက် အပြတ်အသတ်ကို အသင့်တော်ဆုံးဖြစ်ပြီး အကြီးမားဆုံး လိုအပ်မှုဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒီနည်းနဲ့ ဘုရားသခင်က မပြုမူခဲ့ရင်၊ လူသားမျိုးနွယ်က သူ့ကို ဘယ်တော့မှ သိလာမှာမဟုတ်သလို၊ စစ်မှန်တဲ့ ယုံကြည်ခြင်း ရရှိမှာမဟုတ်ဘူး၊ ဒါမှမဟုတ် သူ့ကို အမှန်တကယ် ချီးမွမ်းကြမှာမဟုတ်ဘူး။ ဒီခေတ် လူသားတွေက ချွတ်ခြုံကျပြီး၊ ဒုက္ခရောက်ကြတဲ့အပြင်၊ မျက်စိကန်းကြတယ်။ ဘုရားသခင်ကို စစ်မှန်တဲ့ သိကျွမ်းမှု သူတို့မှာ မရှိကြဘူး။ စမ်းသပ်မှုတွေ မစခင်မှာ၊ လူများစွာရဲ့ ဘုရားသခင်ကို ပုန်ကန်မှု၊ အာခံမှုနဲ့ သစ္စာဖောက်ခြင်း သဘာဝတွေက အားလုံးမြင်ရဖို့ နေ့ခင်းကြောင်တောင်မှာ သိသိသာသာ ဖော်ထုတ်ခံကြရတယ်။အဲဒီလိုလူတွေက ဘယ်လိုဖြစ်ပြီး နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ မျှော်လင့်နိုင်မှာလဲ။ ဘုရားသခင်ရဲ့ ကတိတော်တွေကို ရရှိဖို့ ထိုက်တန်တယ်လို့ သူတို့ကို ဘယ်လို ယူဆလို့ရနိုင်မှာလဲ။ လူက သူ့ရဲ့ကိုယ်ပိုင် အားနည်းချက်တွေ၊ ချွတ်ခြုံကျမှုနဲ့ ဒုက္ခရောက်ခြင်းတွေကို တကယ်နားလည်ရင်၊ သူ့ရဲ့ သဘာဝက ဘုရားသခင်ကို ဘယ်လို ပုန်ကန်တတ်ပြီး အာခံတတ်တယ်ဆိုတာ သူမြင်နိုင်ရင်၊ ဘုရားသခင် စီစဉ်တဲ့ ဒုက္ခဝေဒနာတွေနဲ့ စစ်ဆေးမှုတွေအမျိုးမျိုးကို သူ ကျိုးနွံနာခံမှာဖြစ်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ သူ့ရဲ့ အမှုတော်အားလုံးကို ကျိုးနွံနာခံဖို့ အဆင်သင့်ဖြစ်ပြီး လိုလားမှာဖြစ်တယ်။ ဘုရားနှုတ်ကပတ်တော် စာပိုဒ်အနည်းငယ်ကို ဖတ်ရှုပြီးတဲ့နောက်၊ သမ္မာတရားကို သူတို့ သဘောပေါက်ပြီ၊ လူ့သဘာဝ သူတို့ ပိုင်ဆိုင်ပြီ၊ စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုတွေကို ကြုံစရာမလိုဘူး၊ ပြီးတော့ တတိယကောင်းကင်ဘုံကို သူတို့ တိုက်ရိုက် မြှင့်တင်ခံရသင့်တယ်လို့ လွန်ကဲစွာ မာနထောင်လွှားသူတွေသာ မှတ်ယူကြလိမ့်မယ်။ တစ်ဦးတစ်ယောက်က ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုပေမယ့် စမ်းသပ်မှုတွေနဲ့ ဒုက္ခဝေဒနာမျိုးစုံနဲ့ဆိုင်တဲ့ စစ်ဆေးမှုတွေကို မကြုံရင်၊ အဲဒီလူတစ်ယောက်က စိတ်သဘောထား ပြောင်းလဲမှုတစ်ခု မရနိုင်ဘူးဆိုတာ အသက်တာ အတွေ့အကြုံရှိတဲ့ လူတိုင်းက နားလည်ပါလိမ့်မယ်။ တစ်ဦးတစ်ယောက်က အယူဝါဒတွေအများကြီး နားလည်တာကြောင့်ပဲ သူတို့က မှန်ကန်တဲ့ ဝိညာဉ်အသက်တာ ပိုင်ဆိုင်တယ်လို့ သေချာပေါက် မဆိုလိုပါဘူး။ ဒါကြောင့်၊ အနာဂတ်မှာ၊ လူက စမ်းသပ်မှုတွေအများကြီး ဖြတ်သန်းရပါမယ်။ ဒါက ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ချီးမြောက်ခြင်းဖြစ်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းတောင်ဖြစ်ပါတယ်၊ ပြီးတော့ အားလုံးက အဲဒီအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းသင့်ပါတယ်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဤဒေသနာကို ဖတ်ပြီးသည့်နောက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ဆိုင်သော ပိုမိုကြီးမားသည့် သိနားလည်မှုတစ်ခုကို ကျွန်တော် ရရှိခဲ့သည်။ ထိုသို့သော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ကြုံရခြင်းသည် ကျွန်တော့် အသက်တာ လိုအပ်သည့် အရာ အတိအကျဖြစ်ပါသည်။ ဤပုံစံဖြင့် ကျွန်တော် အဖော်ထုတ်မခံခဲ့ရလျှင်၊ ကျွန်တော့် ယုံကြည်ခြင်းကို လှုံ့ဆော်ခဲ့သည့် ဆိုးသော ရည်ရွယ်ချက်များကို ကျွန်တော် ဘယ်သောအခါမျှ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိမ့်မည်မဟုတ်သကဲ့သို့၊ ကျွန်တော့်၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ရာ ဆိုးယုတ်သည့် သဘာဝကို သတိပြုမိလိမ့်မည်မဟုတ်ပါ။ ဘုရားသခင်အပေါ် ကျွန်တော် စစ်မှန်သည့် ယုံကြည်ချက်ရှိသည်ဟုပင် ကျွန်တော် ထင်ခဲ့ပြီး ဘုရားသခင်ကို စစ်မှန်စွာ ချစ်သည့်သူတစ်ဦးကဲ့သို့ မိမိကိုယ်ကိုယ် မြောက်စားမိခဲ့သည်။ ကျွန်တော်သည် မိမိကိုယ်ကို လှည့်စားပြီး လှည့်ဖြားနေမိခဲ့ပါသည်။ ဘုရားသခင်၏ အံ့ဖွယ်အမှုတော်က သူ့အပေါ် ကျွန်တော့် အာခံမှု၏ စရိုက်မှန်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့်ပေးပြီး ကျွန်တော့်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှုတို့ကို မြင်တွေ့ခွင့်ပေးရင်း၊ ကျွန်တော့်ကို လုံးလုံးလျားလျား ဖော်ထုတ်ခဲ့သည်။ ယင်းက ကျွန်တော်သည် အခွင့်အရေးသမား တစ်ယောက်ဖြစ်ပြီး၊ စာတန်၏ အသက်ရှငနေသော မျိုးဆက်ဖြစ်သည်ကို ပြသခဲ့သည်။ ဘုရားသခင်၌ ကျွန်တော့်၏ ယုံကြည်ခြင်းမှာ လုံးဝ မသန့်စင်သည့်အပြင်၊ အပေးအယူများဖြင့် စွန်းထင်းခဲ့သည်။ ထိုသို့ဖြင့် ကျွန်တော့် ယုံကြည်ချက်ကို ကျွန်တော် ဆက်လက်ကျင့်သုံးမည်ဆိုလျှင်၊ ဘုရားသခင်၏ ချီးကျူးခြင်းကို ဘယ်သောအခါမှ ကျွန်တော် ရရှိလိမ့်မည်မဟုတ်သလို၊ ကျရှုံးမှုတစ်ခုဖြင့် အဆုံးသတ်လိမ့်မည်ဖြစ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကျွန်တော် စိတ်ကူးထားသလောက် မရိုးရှင်းသည်ကို ကျွန်တော့်ကို နားလည်စေခဲ့သည်၊ တစ်ဦးတစ်ယောက်က ဘုရားသခင်၌ ယုံကြည်ခြင်း ထားရှိလိုက်သည်နှင့် တပြိုင်နက် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို မရရှိသကဲ့သို့၊ သူ သို့မဟုတ် သူမက အလုပ်ကြိုးစားပြီး၊ အချိန်နှင့် အားအင်တို့ကို ရင်းနှီးမြှုပ်နှံခဲ့ရုံမျှဖြင့့််၊ ပျော်ရွှင်သော ခရီးပန်းတိုင်အချို့ကို အလိုအလျောက် မရောက်ရှိပါ။ ကျွန်တော့်၏ ဆိုးယုတ်သော သဘာဝသည် မသန့်စင်၊ မပြောင်းလဲလျှင်၊ ဘုရားသခင်၌ ယုံကြည်ခြင်းကို အနှစ်တစ်ရာ ကျွန်တော် လက်တွေ့လုပ်ဆောင်နိုင်လျက်နှင့် ကယ်တင်ခြင်းကို မရရှိသေးဘဲ ဖြစ်နိုင်သည်။ ဤအရာကို ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက ဆုံးဖြတ်ပြီး၊ ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပါ။ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ကြုံခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်း လမ်းကြောင်းပေါ်က ပဓာနကျသော ခြေလှမ်းတစ်လှမ်းဖြစ်သည်ကိုလည်း ကျွန်တော် နားလည်ခဲ့ရပါသည်။ ယခုတွင် ဘုရားသခင်ကို ကျွန်တော် အပြစ်မတင်တော့သကဲ့သို့၊ နားလည်မှု မလွဲတော့ဘဲ၊ ယင်းအစား ကိုယ်တော်၏ အမှုတော်ကို ပျော်ပျော်ရွှင်ရွှင် ဆက်ကပ်အပ်နှံပါသည်။ မကြာမီ တစ်နေ့နေ့တွင် စိတ်သဘောထား ပြောင်းလဲမှုနှင့် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းတို့ကို ကျွန်တော် ရရှိကောင်း ရရှိနိုင်ဖို့ရန်အလို့ငှာ၊ အသစ်တစ်ဖန် အစပြုရန်နှင့် သမ္မာတရားကို ကျွန်တော် ရှာဖွေလိုက်စားရာတွင် ကြိုးစားလုပ်ဆောင်ဖို့ ကျွန်တော် စိတ်ဆုံးဖြတ်ပြီးဖြစ်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာတရားကို လိုက်စားခြင်းက ကျွန်မကို ပြောင်းလဲစေခဲ့သည်

အိုးလင်း မြန်မာနိုင်ငံ ၂၀၁၈၊ မေလမှာ ကျွန်မ စစ်တပ်ထဲဝင်ဖို့ အိမ်ကထွက်ခဲ့တယ်။ စစ်တပ်ထဲမှာ ခေါင်းဆောင်က အမိန့်တစ်ခုထုတ်ရင် အဆင့်နိမ့်တဲ့သူတွေက...

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ဝိညာဉ်ကို လှုပ်နှိုးခဲ့ပြီ

နမ်နမ် အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က...

အကြံဉာဏ်ရယူခြင်းက အဘယ်ကြောင့် အလွန်ခက်ခဲသနည်း

ကြူးတီ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၁၊ ဇွန်လမှာ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းရတယ်။ အစ်ကိုဂျရမီက ကျွန်မတို့အလုပ်ကို ကြီးကြပ်တယ်။ သူက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။