အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဆုတောင်းခြင်း၏ တန်ခိုး- ကားမတော်တဆမှုတွင် နိမိတ်လက္ခဏာတစ်ခုကို သူမ မျက်မြင် ကြုံလိုက်ရသည်

430

ဂျော ဂျီဟန် တရုတ်ပြည်

ကျွန်မတို့ ဘဝတစ်လျှောက် ခရီးသွားစဉ်၊ ကျွန်မတို့ တစ်ယောက်တိုင်းသည် ကျွန်မတို့၏ မှတ်ဉာဏ်တွင် ကမ္မည်းထိုးထားပြီး၊ လုံးဝ မေ့လိမ့်မည် မဟုတ်သော ထူးခြားသော အဖြစ်အပျက်အချို့ကို တွေ့ကြုံခံစား ရပါလိမ့်မည်။ ကျွန်မကို အနက်ရှိုင်းဆုံးသော ခံစားချက်ဖြင့် ကျန်နေရစ်စေခဲ့သည့် အတွေ့အကြုံမှာ ကျွန်မခင်ပွန်း ကားမတော်တဆတိုက်မှုတွင် ပါဝင်ပြီး မည်သူတစ်ဦး တစ်ယောက်ကမျှ သူ နာလံထူနိုင်မည်၊ မထူနိုင်မည်ကို မသိသည့်အချိန်ဖြစ်သည်၊ ပြီးလျှင် ထိုနောက်ပိုင်းရက်များ အတွင်းတွင် ကျွန်မမည်သည့်အရာကို လုပ်ဆောင်ရ မှန်းမသိပဲနှင့် ခွန်အားလည်း တစ်စက်မျှ မရှိတော့ပါ။ သို့သော်လည်း ကျွန်မအတွက် ကွဲပြားသည်မှာ၊ ဘုရားသခင်က ကျွန်မနှင့် အတူရှိနေခဲ့ပြီး၊ ကျွန်မက ဘုရားသခင်၏ လမ်းပြမှုရရှိခဲ့သောကြောင့် ကျွန်မတွင် ပံ့ပိုးမှုတစ်ခုရှိနေခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို ဆုတောင်းခြင်းနှင့် ကိုယ်တော့်ကို မှီခိုခြင်းတို့မှတစ်ဆင့်၊ ကျွန်မ၏ မျှော်လင့်ချက် ပျက်သုဉ်းခြင်းအလယ်တွင် အံ့ဖွယ်နမိတ်လက္ခဏာတစ်ခုကို မျက်မြင်တွေ့ခဲ့ရသည်။ ထိုဆိုးဝါးသည့် အချိန်တွင် ကျွန်မ ပို၍ ရရှိသည့်အရာမှာ ဘုရားသခင်၏ သြဇာအာဏာနှင့် အချုပ်အခြာတို့ကို နားလည်သဘောပေါက်လာခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို စစ်မှန်သော အသိအမှတ်ပြုခြင်း တို့ဖြစ်ပါသည်။

ဆုတောင်း

၂၀၁၄ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ကျွန်မသည် တောက်တိုမယ်ရအလုပ်များကို လုပ်ဆောင်ပြီး နောက် အိမ်သို့ပြန်လာနေပြီး၊ သန်းခေါင်ရောက် လုပြီဖြစ်သည်။ ရပ်ကွက် ဂိတ်တံခါးသို့ ကျန်မရောက် သည်နှင့်၊ ကျွန်မ၏ အစ်မအကြီးဆုံး သူမ၏ခင်ပွန်းနှင့် ကျွန်မ၏ ဒုတိယအစ်မတို့ နှင့် မမျှော်လင့်ပဲ ဆုံလိုက်ရသည်။ ဤသည်မှာအလွန်ထူးဆန်းသည်ဟု တွေးမိသည်၊ သူတို့ အားလုံး ဤနေရာတွင် ဘာလုပ်နေကြသနည်း။ ကျွန်မထိုအကြောင်းကို နောက်ထပ် မတွေးနိုင်မီပင်၊ ကျွန်မ၏ အစ်မအကြီးဆုံးက ကျွန်မထံ အပြေးအလွှား လာပြီး၊ ငိုရင်း “ ဂျီဟန်။ နင်က ဘယ်ရောက်နေတာလဲဟယ်။ ငါတို့က စိတ်ပူရလွန်းလို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြတာ။ နင့်ယောက်ျားက ကားတိုက်မှုဖြစ်တယ်။ ငါ့တို့အစ်ကို ဖုန်းခေါ်တယ်၊ သူကနင့်ကို ဆေးရုံကို ချက်ချင်း လာစေချင်တယ်” ဟု ကျွန်မကို ပြောခဲ့သည်။ ဤမနှစ်မြို့ဖွယ် သတင်းကို ရုတ်တရက် ကြားရသည့်အချိန်တွင်၊ ကျွန်မ ကိုယ့်နားပင် ကိုယ်မယုံနိုင်ပဲနှင့် ထိုနေရာတွင်ပင် ရပ်နေခဲ့မိသည်။ ကျွန်မက မိမိကိုယ်ကို “ ငါ့ယောက်ျားက ကားတိုက်မှုဖြစ်တယ်တဲ့လား။ အဲဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ညစာစားချိန်ကပဲ ငါတို့သားကို သူ ဖုန်းပြောနေခဲ့ သေးတာပဲ …” ဟု တွေးမိသည်။ ထို့နောက် ကျွန်မ ခဲအိုနှင့် မတ်တို့က ကားတိုက်မှုမည်သို့ဖြစ်ခဲ့ပုံနှင့် ဆရာဝန်ပြောသည့် စကားများဖြစ်သည့်၊ ကျွန်မ ခင်ပွန်းသည် စိုးရိမ်ရသည့်အနေအထားတွင်ရှိကြောင်း၊ သူက ရှင်သန်ဖို့ ကံကောင်းလျှင်ပင်၊ ဦးနှောက်ပျက်စီးမှု ဝေဒနာခံစားရဖို့ ၉၉ ရာခိုင်နှုန်းရှိကြောင်းတို့ကို ပြောပြခဲ့သည် … ကျွန်မ နားထောင်နေစဉ် မဖြေသိမ့်နိုင်ပဲ ငိုကြွေးခဲ့ပြီး၊ မိုးကောင်းကင်ကြီး ပြိုကျတော့မည့်အလား ခံစားခဲ့ရပါ သည်။ ထိုအရာများအားလုံးကို မည်သို့ရင်ဆိုင်ရမည်ကို ကျွန်မလုံးဝမသိခဲ့ပါ။

အလွန်မိုးချုပ်သွားပြီဖြစ်သောကြောင့် ကျွန်မတို့ကို မြို့ဆေးရုံသို့ ခေါ်သွားမည့် အငှားကားတစ်စီးရှာဖို့ အချိန်အတော်ကြာခဲ့သည်။ ယင်းက ကျွန်မကို ပိုပြီး ဗျာများစေပြီး၊ ကျွန်မခင်ပွန်းကို အသက်ရှင်လျက် နောက်ထပ်တစ်ဖန် လုံးဝမတွေ့ရတော့မည်ကို စိတ်ပူခဲ့သည်။ ကျွန်မ စိတ်ထိခိုက်ပြီး ကြောက်စိတ်ဝင်နေစဉ်တွင် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ယောဘ၏ ဇတ်ကြောင်းကို ရုတ်တရက် တွေးမိခဲ့ပါသည်။ သူ့ကို စမ်းသပ်မှုများ ကျရောက်သည့်အချိန်တွင် သူ့ပိုင်ဆိုင်မှုအားလုံး အခိုးခံရပြီး၊ သူသားသမီးများသည် ကံမကောင်း အကြောင်းမလှစွာ ဇတ်သိမ်းခဲ့ရသည်၊ ပြီးလျှင် သူကိုယ်တိုင်လည်း ဆိုးရွားသည့် အနာစိမ်းများဖြင့် တစ်ကိုယ်လုံးဖုံးလာခဲ့သည်။ ဤစမ်းသပ်မှုက ယောဘကို ကြီးစွာနာကျင်စေပြီး ပရိဒေဝဖိစီးစေခဲ့သော်လည်း၊ သူ့နှလုံးသား ထဲတွင် ဘုရားသခင် ရှိခဲ့သည်၊ ပြီးလျှင် သူက အပြစ်ရှိစွာ စကားပြောမည့်အစား သူမွေးဖွားရရာနေ့ကို ကျိန်ဆဲဖို့ ရွေးချယ်ခဲ့သည်။ ဘုရားသခင်က ပေးသည်ဖြစ်စေ ပြန်ယူသည်ဖြစ်စေ သူက ဘုရားသခင်ကို လုံးဝ နာခံခဲ့သည်။ ယောဘက ညည်းတွားသည့် စကားတစ်လုံးပင် မပြောခဲ့ပဲနှင့် ယေဟောဝါ၏ နာမတော်ကို အထူးတလည် ချီးမွမ်းပြီး၊ ဘုရားသခင်အတွက် ထူးကဲ့သည့် သက်သေခံခဲ့သည်။ ထို့ကြောင့် ကျွန်မ ဘုရားသခင်ထံသို့ ကမန်းကတန်း ဆုတောင်းခဲ့ပါသည်၊ “ အို ဘုရားသခင်၊ ကျွန်မ ယောက်ျားရဲ့ ကားတိုက်မှုအကြောင်း ကြားတဲ့အချိန်မှာ ကျွန်မ ကြက်သေသေသွားခဲ့ပြီး၊ စိတ်ရှုတ်ထွေးမှုကို လုံးလုံး ခံစားခဲ့ရပါတယ်၊ ပြီးတော့ ကျွန်မ သူအခုဘယ်လိုနေလဲ ဆိုတာလဲ မသိရပါဘူး။ ဒါပေမဲ့ ယောဘက ကိုယ်တော့်ကို ဘယ်လို ကြောက်ရွံ့ရိုသေပြီး နာခံခဲ့တာကို တွေးမိတဲ့အချိန်မှာ ကျွန်မလည်း သူ့လိုဖြစ်အောင် ကြိုးစားသင့်ပြီး၊ ကိုယ်တော့်ကို ယုံကြည်သင့်တာကို ကျွန်မ နားလည်ပါတယ်။ အို ဘုရားသခင်၊ အရာအားလုံးက ကိုယ်တော့်လက်ထဲမှာပါ၊ ပြီးတော့ ကျွန်မ ယောက်ျား သက်သာပျောက်ကင်းဖို့ မျှော်လင့်ချက် တစ်စုံတစ်ရာရှိ မရှိဆိုတာလည်း ကိုယ်တော့်လက်ထဲမှာပါပဲ၊ ကျွန်မ နှလုံးသားကို ကိုယ်တော့်ကို အပြစ်တင်ခြင်းကနေ ထိန်းသိမ်းပေးဖို့ ကျွန်မ တောင်းလျှောက်ပါတယ်။ ကျွန်မ ကိုယ်တော့် စီစဉ်ညွှန်ကြားမှုတွေ နဲ့ စီစဉ်မှုတွေကို နာခံလိုပါတယ်၊ ပြီးတော့ ကျွန်မ ယောက်ျားကို ကိုယ်တော့် လက်တော်ထဲမှာ ယုံကြည်စွာ အပ်နှံလိုပါတယ်” ဆုတောင်းပြီးနောက်၊ ကျွန်မနှလုံးသား တဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့ပါတယ်။

နောက်ပိုင်းတွင် ကျွန်မ ခဲအိုက အငှားကားတစ်စီး ရှာတွေ့သွားပြီး၊ ကျွန်မတို့ ဆေးရုံကို အပြေးနှင်ခဲ့ကြသည်။ ထိုအချိန်တွင် နံနက် ၅နာရီ ရှိသွားခဲ့ပြီဖြစ်ပြီး၊ ကျွန်မ ခင်ပွန်းက အထူးကြပ်မတ်ကုဌာနကို တင်ထားရပြီ ဖြစ်သည်။ ကျွန်မ ဆရာဝန် တစ်ယောက်ကို အလျင်အမြန်ရှာပြီး၊ ကျွန်မ ခင်ပွန်း၏ အခြေအနေကို မေးခဲ့သည်။ ဆရာဝန်က ဖြစ်လိုရာဖြစ်စေတော့ ဟူသောပုံစံဖြင့် “ လူနာရဲ့ ဒဏ်ရာတွေက အရမ်း ပြင်းထန်တယ်။ သူကံကောင်းလို့ အသက်ရှင်ရင်တောင်မှ၊ သူ့ဦးနှောက်ပျက်စီးမှု ဝေဒနာခံစားရဖို့ ၉၉ ရာခိုင်နှုန်း ရှိတယ်။ ဒီဖြစ်နိုင်ချေအတွက် အစ်မက ကိုယ့်ကိုယ်ကို ပြင်ဆင်ထားရမယ်၊ ပြီးတော့ ဆေးဖိုး အနည်းဆုံး ယွမ်၂ သိန်းလောက် ရှာထားပါ” ဟု ပြောခဲ့သည်။ ဤသည်ကို ကြားပြီးနောက် ကျွန်မ သတိလစ်လုနီးပါး ဖြစ်သွားခဲ့သည်။ ကျွန်မ အလွန် စိတ်ပူခဲ့လေသည်၊ “ ငါ့ယောက်ျား ရှင်မလားဆိုတာ မသေချာဘူး၊ ပြီးတော့ ဆေးဖိုးကလည်း အများကြီးကျဦးမယ်။ သူ့ကုသမှုက အလုပ်မဖြစ်ခဲ့ရင်၊ ငါ့မှာ ငါ့ယောက်ျားကို ဆုံးရှုံးရရုံ တင်မဟုတ်ဘူး၊ အဲဒီပိုက်ဆံတွေကို အလဟဿ သုံးမိမယ်။ ငါတို့မိသားစုမှာ အဓိကရှာကျွေးတဲ့သူမရှိပဲနဲ့ ငါ့သားနဲ့ ငါ ဘယ်လိုများ စီမံကြမလဲ။ ငါ့ယောက်ျားက တကယ့်ကို ဦးနှောက်ပျက်စီးသွားရင်တော့၊ ငါဒီမိသားစုကို ဘယ်လို ရှေ့ဆက်ရမလဲ” ထို့နောက်တွင်ပင် ကျွန်မက မိမိပေါ်သို့ ဧရာမ အလေးချိန်တစ်ခု ဖိထားသည်ဟု ခံစားခဲ့ရသည်၊ ကျွန်မအပေါ် ပြင်းထန်စွာ ဖိထားလိုက်သည်မှာ ကျွန်မ အသက်မရှုနိုင်ခဲ့ပါ။ ကျွန်မက လုံးဝ ကူရာမဲ့သည်ဟု ခံစားခဲ့ရပြီး၊ မည်သည့်အရာကို လုပ်ရမှန်းလဲမသိပါ။ ကျွန်မ မျက်စိရှေ့တွင် အရာအားလုံး အမှောင်အတိကျသွားခဲ့ပြီး၊ ကျွန်မ နံရံကိုမှီပြီး ချည့်နဲ့စွာ ပစ်ထိုင်လိုက်သည်။

ကူရာမဲ့သည့် အခြေအနေတွင် ကျွန်မက ဘုရားသခင်ထံသို့ ကျွန်မနာကျင်မှုကို ရင်ဖွင့်ရုံသာ တတ်နိုင်ခဲ့သည်။ ထို့ကြောင့် ကျွန်မက “ အို ဘုရားသခင်၊ ကျွန်မရဲ့ ဝိညာဉ်အသက်တာက အရမ်းနုနယ်ပါတယ်။ ဒီအခြေအနေ ကျွန်မဆီမှာ ဖြစ်ပေါ်လာလို့ အခု ကျွန်မ အရမ်းအားနည်းနေပါတယ်၊ ပြီးတော့ ကျွန်မ ဘာလုပ်ရမှန်းလဲ မသိပါဘူး။ အို ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” ဟု ပြောပြီး ဘုရားသခင်ကို ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးနောက် ကျွန်မက ဘုရားခင်၏ နှုတ်ကပတ်တော်များကို တွေးမိခဲ့ပါသည်။ “ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေခဲ့သည်။ ခပ်သိမ်းသောအရာများနည်းတူ လူတို့သည် ဘုရားသခင်လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (“ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်“ ) မှန်ပါသည်။ ဘုရားသခင်က ကောင်းကင်နှင့် မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းတော်မူခဲ့သည်၊ ထို့အပြင် ကိုယ်တော်က ကျွန်မတို့ကို အသက်လည်း ပေးခဲ့သည်။ ဘုရားသခင်က ကျွန်မတို့ လိုအပ်သမျှအရာအားလုံးဖြင့် ကျွန်မတို့ကို ထောက်ပံ့သည်၊ ပြီးလျှင် ကိုယ်တော်က ကျွန်မတို့ တစ်ယောက်ချင်းစီ၏ ကံကြမ္မာကို အုပ်စိုးပြီး စီစဉ်သည်။ အသက်နှင့် သေခြင်းတရားတို့သည် ကိုယ်တော့်လက်ထဲတွင် ပို၍ပင် ရှိသည်၊ အကြောင်းမှာ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာဖြစ်သောကြောင့် ပင်တည်း။ ကျွန်မကဲ့သို့ ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် ကျွန်မ အနာဂတ် နှင့် ကံကြမ္မာတို့အပေါ် ထိန်းချုပ်မှု မရှိခဲ့ပါ၊ ထို့ကြောင့် ကျွန်မက ထိုအရာအားလုံးကို ဘုရားသခင်၏ လက်တော်ထဲတွင် ထားရှိပြီး၊ ကိုယ်တော်၏ အချုပ်အခြာ နှင့် စီစဉ်မှုတို့တွင် ဆက်ကပ်အပ်နှံသင့်ပါသည်။ ထို့နောက် မောရှေက ဣသရေလလူမျိုးတို့ကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ယူခဲ့သည့် အချိန်ကို ကျွန်မ တွေးမိခဲ့ပါသည်။ သူတို့က တောထဲရောက်ပြီး၊ စားစရာမရှိသည့်အချိန်တွင် ယေဟောဝါက ကောင်းကင်မှ မန္နမုန့်ကို ကျစေပြီး၊ သူတို့စားရန် ငုံးများပေးခဲ့သည်၊ ပြီးလျှင် ကိုယ်တော်က သူတို့ကို နေ့စဉ် စားသောက်ဖို့ လုံလောက် အောင်ပေးမည်ဟုလည်း ကတိပြုခဲ့သည်။ သို့သော်လည်း အချို့က ဘုရားသခင်ကို မယုံကြည်ကြပဲနှင့်၊ သူတို့နောက် တစ်နေ့တွင် အစာမရှိမည်ကို ကြောက်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က နောက်တစ်နေ့စားသုံးရန် မန္နမုန့်ကို သိမ်းထားခဲ့ သော်လည်း နောက်နေ့ရောက်သည့်အချိန်တွင် မန္နမုန့်မှာ စားရန် မသင့်တော်တော့ကြောင်းကို သူတို့ တွေ့ရသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ပြီး၊ အဟာရဖြစ်စေသူ ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ ကျွန်မတို့ ကိုယ်တော့်ကို ရိုးသားစွာ ယုံကြည်ပြီး နာခံသမျှ ကာလပတ်လုံး ကျွန်မတို့အတွက် ကိုယ်တော်၏ ထောက်ပံ့မှုသည် လုံးဝ ကုန်ခမ်းသွားမည်မဟုတ်ကြောင်းတို့ကို ဤအချက်မှ ကျွန်မ နားလည်သဘောပေါက်လာခဲ့သည်။ သို့သော်လည်း လူများက ဘုရားသခင်၌ ယုံကြည်မှု မရှိသည့်အပြင်၊ သူတို့ အနာဂတ်များအတွက် အမြဲတမ်း စိတ်ပူနေကြပြီး သူတို့ကိုယ်ပိုင်အကျိုး စီးပွားများအတွက် ကြံစည်နေကြသည်။ ဤအချိန်တွင် ကျွန်မက ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှုမရှိကြောင်း၊ ကျွန်မ အနာဂတ် အသက်တာအတွက် အမြဲတမ်း စိတ်ပူပြီး စိုးရိမ်ကြောင့်ကျ လျက်ရှိကြောင်း မိမိကိုယ်ကို ပြန်လည် သုံးသပ်ခြင်းမှတစ်ဆင့် ကျွန်မ နားလည် သဘောပေါက်ခဲ့သည်။ ဤအချက်က ကျွန်မပြဿနာများကို မဖြေရှင်းနိုင်ရုံသာမက၊ ဆန့်ကျင်ဖက် အနေဖြင့် ကျွန်မခံစားရသည့် ဖိစီးမှု နှင့် ဝန်ထုပ်ဝန်ပိုးကိုသာ ထပ်တိုးလာ ခဲ့သည်။ ဤအချက်ကို တွေးရင်းဖြင့် ကျွန်မက ဘုရားသခင်ထံသို့ ဆုတောင်းကာ၊ ကျွန်မ မိသားစု၏ အနာဂတ် အသက်တာကို ကိုယ်တော့်လက်တော်ထဲတွင် ယုံကြည်စွာ အပ်နှံခဲ့သည်။ ဘုရားသခင်က မည်သည့်အရာကိုပင်ပြုပါစေ၊ ကျွန်မက ဘုရားသခင်၏ အချုပ်အခြာနှင့် စီစဉ်မှုတို့ကိုသာ ဆက်ကပ်အပ်နှံနိုင်လိုကြောင်း ကျွန်မဆုတောင်းခြင်းတွင် ပြောခဲ့ပါသည်။ ထို့နောက်တွင်ပင် ကျွန်မ ခံစားခဲ့ရသည့် ဖိစီးမှုနှင့် တင်းမာမှုများသည် အတော်အတန် သက်သာသွား ခဲ့သည်။

ကျွန်မ အထူးကြပ်မတ်ကုဌာနကို လာပြီး ကျွန်မခင်ပွန်းကို တွေ့ခဲ့သည်။ သူ့မှာ ဦးခေါင်းခွံ အရိုးအက်ထားသောကြောင့် သူ့နားနှစ်ဖက်မှနေပြီး သွေးများ အဆက်မပြတ် ယိုထွက် နေသည်။ သူက နံရိုးသုံးချောင်းလည်း ကျိုးပြီး၊ သူ့ညာဖက် ခြေထောက်ထဲမှ ပေါင်ရိုးကျိုးသွားကာ၊ သူ့ဘယ်ခြေထောက်မှ ခြေချောင်းများအားလုံးလည်း ကျိုးသွားခဲ့သည်၊ သူ့အဆုတ် များလည်း ထိခိုက်ဒဏ်ရာရပြီး၊ သူ့ခန္ဓာကိုယ်အများစုသည် ပွန်းပဲ့ဒဏ်ရာများဖြင့် ညိုမည်းပြာနှမ်းနေခဲ့သည်။ ကျွန်မခင်ပွန်း မနေ့မနက်က မည်မျှ ပျော်ရွှင်ခဲ့ပုံ၊ မနေ့ညနေက သူ့သားကို မည်သို့ ဖုန်းခေါ်ခဲ့ပုံ နှင့် ယခုအခါ သူက ဤကဲ့သို့ဖြစ်နေခဲ့ပုံ တို့ကို ကျွန်မ တွေးမိခဲ့သည် … ထိုအကြောင်း ကျွန်မ ပိုတွေးလေ၊ ကျွန်မနှလုံးသားထဲတွင် နာကျင်မှုက ထိုးဖောက်နေသည်ကို ပို၍ ခံစားရလေပင် ဖြစ်ပါသည်။

မတော်တဆကားတိုက်မှုဖြစ်ပြီးကတည်းက သုံးရက် မြောက်နေ့တွင်၊ ကျွန်မခင်ပွန်း၏ အခြေအနေသည် ရုတ်တရက် ပိုဆိုးလာခဲ့သည်။ သူ့အသက်ရှုပုံမှာ အလွန် ညင်းညင်းသာ ရှိပြီး၊ သူ့မျက်နှာက ဖယောင်းသားနှင့်တူလာသည်မှာ သူက သေခါနီးနေသကဲ့သို့ပင် ဖြစ်ပါသည်။ ကျွန်မခင်ပွန်းကို ကြည့်ပြီး ကျွန်မ မိသားစုက ငိုကြွေးကာ သူ တစ်ရက်ပင် ခံမည်မဟုတ်ကြောင်း ပြောခဲ့ကြသည်။ ကျွန်မခင်ပွန်း ကျွန်မတို့ကို စွန့်ခွာသွားတော့မည်ကို တွေးရင်းဖြင့်၊ ကျွန်မနှလုံးသားက ပူဆွေးသောကဖြင့် ဖုံးလွှမ်းနေပြီး ကျွန်မမှာ လွန်ကဲသော နာကျင်မှုကို ခံစားနေခဲ့ရသည်။ တစ်ချိန်တည်း မှာပင် လူများသည် မည်မျှအရေးမပါကြောင်း နှင့် ကျွန်မတို့က နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် မည်မျှ ကူညီရာမဲ့ပြီး၊ စွမ်းအားမဲ့ကြောင်းကို နားလည်ခဲ့ရသည်။ ကျွန်မလုပ်နိုင်သည့် အရာမှာ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းပြီး ကိုယ်တော့်ကို မျှော်ကြည့်ကာ၊ ကိုယ်တော့်ထံတွင် ကျွန်မခင်ပွန်းကို ယုံကြည်စွာ အပ်နှံရုံသာရှိပါသည်။ ထိုအချိန်တွင် ကျွန်မက “ ကိုယ်တော်က ကောင်းကင်နဲ့ မြေကြီး တို့နဲ့အတူ တည်ရှိတော်မူတယ်။ ကိုယ်တော့်လုပ်ဆောင်ချက် တွေရဲ့ အဝန်းအဝိုင်းနယ်ပယ်ကို ဘယ်သူသိလဲ။ ကျွန်ုပ်တို့ မြင်သမျှက သဲသောင်ပြင်ပေါ်က သဲတစ်ပွင့်။ ကျွန်မတို့နှုတ်တွေ ငြိမ်သက်နေ၊ ကိုယ်တော့် စွန့်ပစ်ခြင်းကို စောင့်ဆိုင်းနေ” ဟု ပြောထားသော” ဘုရားသခင်၏ လမ်းခရီးများကို နားလည်၍ မရနိုင်ပါ” ဆိုသည့် ဓမ္မသီချင်းတစ်ပုဒ်ကို တွေးမိသည်၊ ဤသီချင်းကို ကျွန်မနှလုံးသားထဲတွင် တိတ်တဆိတ် ညည်းခဲ့ပြီး၊ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ ဘုရားသခင်က အရာအားလုံးကို အုပ်စိုးပြီး၊ စီမံခန့်ခွဲကြောင်း၊ ဘုရားသခင်က အသက်၊ သေခြင်းတရား၊ နာမကျန်းဖြစ်ခြင်းနှင့် အိုမင်းခြင်းတို့ကို ကြိုတင်ပြဌာန်းထားကြောင်း၊ ထို့အပြင် အုပ်ချုပ်သည့် ဉပဒေသများက အရာအားလုံး၌ပြောင်းလဲပြီး၊ မည်သည့်လူသား တစ်ယောက်ကမျှ ချိုးဖောက်ဖို့ နေနေသာသာ ၎င်းတို့ကို မပြောင်းလဲနိုင်ကြောင်း နားလည်သဘောပေါက် ခဲ့ပါသည်။ သခင်ယေရှုက သူ့အမှုများကို ပြုသည့်အချိန်တွင် ကိုယ်တော်က လေနှင့်ပင်လယ်တို့ကို ဆူပူကြိမ်းမောင်းသည့် နှုတ်ကပတ်တော်တစ်လုံးကိုသာ မိန့်တော်မူခဲ့ပြီး ၎င်းတို့က ငြိမ်သက်သွားခဲ့သည်၊ သခင်ယေရှုက လာဇရုကို စကားတစ်လုံးဖြင့် သူ့အုတ်ဂူမှ ဆင့်ခေါ်ခဲ့ပြီး၊ ၎င်းသည် သေပြီး ၄ ရက်အကြာတွင် အသက်ပြန်ရှင်လာခဲ့သည်။ ဘုရားသခင်က ငရဲသို့သွားရာ သော့ကို ထိန်းသိမ်းထားပြီး၊ လူသားမျိုးနွယ်၏ အသက်နှင့် သေခြင်းတရားတို့ကို ထိန်းချုပ်ထားသည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် လူများကို အသက်ပြန်ရှင်စေပြီး၊ ဘာမျှမရှိသည့်အရာမှ တစ်စုံတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်ပြီး၊ တစ်စုံတစ်ခုကို ဘာမှမရှိသည့်အရာအဖြစ် ပြောင်းလဲနိုင်သည်၊ ဘုရားသခင်၏ သြဇာအာဏာကို တိုင်းတာ၍မရနိုင်ပါ။ ကျွန်မက ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ချင့်ချိန်စဉ်းစားစဉ်၊ ကျွန်မ၏ ဘုရားသခင်ကို ယုံကြည်မှုကို တွေ့ရှိပြီး၊ အရာအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲတွင်ရှိကြောင်း ကျွန်မ ယုံကြည်လာခဲ့သည်။ ကျွန်မ ခင်ပွန်း ပြန်နိုးလာ မနိုးလာ၊ သူ့ထိခိုက်ဒဏ်ရာ မည်သည့်အတိုင်းအတာအထိ တိုးတက်လာ မည်ဆိုသည်မှာ ဘုရားသခင်ပေါ်တွင် မူတည်ပါသည်။ ထို့နောက် ကျွန်မက ဘုရားသခင်ထံ ဆုတောင်းပြီး၊ ကျွန်မခင်ပွန်းကို ကိုယ်တော့်ထံ ယုံကြည်စွာ အပ်နှံပြီးလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးကို နာခံလိုပါသည်။

လေးရက်မြောက်နေ့ နံနက်ခင်းတွင် ကျွန်မနှင့် ကျွန်မသားတို့က အထူးကြပ်မတ်ကုဌာနသို့ လာပြီး ကျွန်မခင်ပွန်း၏ အခြေအနေနှင့် ပတ်သက်ပြီး သူနာပြု တစ်ယောက်ကို မေးခဲ့သည်။ သူမက အသစ်သော မည်သည့် တိုးတက်မှုမျှ မရှိခဲ့သော်လည်း၊ သူက ယခင်ကထက်ပိုပြီး အနည်းငယ် သက်သာလာခဲ့ကြောင်း ပြောခဲ့သည်။ ကျွန်မမှာ ကျေးဇူးတင်သည့် မျက်ရည်များ ငိုကြွေးပြီး၊ ဘုရားသခင်ကို ကျွန်မ၏ ကျေးဇူးတင်မှုနှင့် ချီးမွမ်းခြင်းတို့ကို တိတ်တဆိတ် ပူဇော်ခဲ့ပါသည်။

သီတင်းတစ်ပတ် ကျော်ဖြတ်သွားပြီး၊ ကျွန်မခင်ပွန်း မနိုးထလာသေးပါ။ ဆရာဝန်က “ အစ်မ ယောက်ျားက မနိုးသေးတဲ့အလျောက် ကျွန်တော်တို့က သူ့ကို ခွဲစိတ်ကုသမှုတစ်ခုလုပ်ဖို့ နောက်ထပ် ဆေးရုံတစ်ခုကို ပြောင်းရွှေ့ရမယ်။ အစ်မက ခွဲစိတ်ကုသမှုအတွက် ပေးဖို့ ယွမ်းသိန်းနည်းနည်းလောက် လိုလိမ့်မယ်” ဟု ပြောခဲ့သည်။ သူက ပြောရင်း၊ ထိုအဆောင်ထဲမှ တခြားလူနာတစ်ယောက်ကို လက်ညှိုးထိုးပြပြီး “ သူ့ကို ကြည့်လိုက်၊ သူ့ထိခိုက်ဒဏ်ရာတွေက အစ်မယောက်ျားရဲ့ဟာတွေလောက် မပြင်းထန်ဘူး၊ ဒါပေမဲ့ သူက ကုသမှုခံယူနေတာ အခုဆိုရင် ၁၀ရက်ကျော်ပြီး သူ့ရဲ့ ရောင်နေတာတွေက အခုထိ မကျသေးဘူး၊ ပြီးတော့ သူသတိလည်းမရသေးဘူး။ သူ့ကို နောက်ထပ် ဆေးရုံတစ်ခုပြောင်းဖို့ကလွဲပြီး ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိဘူး” ဟု ပြောခဲ့သည်။ ဆရာဝန်ပြောနေသည်ကို နားထောင်ရင်း ကျွန်မက အကောင်းဆုံးအတွက် မည်သည့်အရာကို လုပ်ဆောင်ရမည်ကို မသိခဲ့ပါ။ ကျွန်မ ခင်ပွန်းသည် ဦးနှောက်ပျက်စီးသွားမည်ကို ကျွန်မစိတ်ပူခဲ့သည်၊ ပြီးလျှင် ကျွန်မကလည်း သူ့ခွဲစိတ်ကုသမှုအတွက်ပေးရန် ပိုက်ဆံ မည်သည့်နေရာမှ ရှာဖွေရမည်ကို မသိခဲ့ပါ။ ထိုအချိန်က ကျွန်မခင်ပွန်း၏ ဆေးရုံစရိတ်များအတွက် ကျွန်မကိုယ်ပိုင် အကြွေးဝယ်ကဒ်ထဲမှ ထုတ်ခြင်းအားဖြင့် ပေးနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မ ပိုက်ဆံပြတ်သွားသောကြောင့် သူ့ကုသမှု နှောင့်နှေးခဲ့ပါက ကျွန်မ မည်သည့်အရာကို လုပ်ရမည်နည်း။ ထိုအခိုက်အတန့်တွင် စိတ်ပူခြင်း၊ စိုးရိမ်ကြောင့်ကျခြင်း၊ နာကျင်မှုနှင့် ကူညီရာမဲ့ခြင်းတို့သည် တပြိုင်တည်း ကျွန်မကို အနိုင်ယူသွားခဲ့သည်။ ကျွန်မမှာ ဘုရားသခင်ကို ဆုတောင်းကာ၊ မျှော်ကြည့်ပြီး အရာအားလုံးကို ဘုရားသခင်ကို ယုံကြည်စွာ အပ်နှံပြီး သူ၏ မစမှုနှင့် ဦးဆောင်လမ်းပြမှုတို့အတွက် တောင်းလျှောက်ရုံသာ ရှိပါတော့သည်။

၁၀ရက်မြောက်နေ့တွင် တာဝန်ကျဆရာဝန်က ကျွန်မကို “ ကျွန်တော် တခြားဆေးရုံကို အစ်မအတွက် ဆက်သွယ် ပေးမယ်။ အစ်မယောက်ျားက နောက်နှစ်ရက်မှာ သတိပြန်မရ လာခဲ့ရင်၊ သူ့ကို ရွှေ့ပြောင်းရတော့မယ်။ ဒါက ဘာဖြစ်လို့လဲ ဆိုတော့ အစ်မယောက်ျားရဲ့ ပေါင်ရိုးက ရက်သတ္တနှစ်ပတ် အတွင်းမှာ ခွဲစိတ်ကုသရမှာမို့လို့ပါ၊ မဟုတ်ရင်တော့ သူက အမြဲတမ်း မသန်မစွမ်း ဖြစ်လိမ့်မယ်။ အစ်မက ခွဲစိတ်ကုသမှုအတွက်ပေးဖို့ယွမ် ၄ သိန်းလောက်ကို မြန်မြန် ပြင်ဆင်ထားရမယ်။ တကယ် စောင့်လို့မရဘူး” ဟု ပြောခဲ့သည်။ ဤအချက်ကို ကြားပြီးနောက် ကျွန်မက အလွန့်အလွန် စိုးရိမ်ကြောင့်ကျလာပြီး၊ ထိုမျှသော ငွေမျိုးကို မည်သည့်နေရာက ချေးရမည်ကိုလည်း လုံးဝမသိပါ။ ကျွန်မခင်ပွန်းကို ဝင်တိုက်သူကို ကူညီရှာဖွေပေးဖို့ ယာဉ်ထိန်းရဲကို ကျွန်မ မိသားစုက လက်ဆောင်များ ပေးခဲ့ကြသော်လည်း အကျိုးမရှိခဲ့ပါ။ ကျွန်မ ဆွေမျိုးများနှင့် မိတ်ဆွေများက ကျွန်မတို့ အခြေအနေကို မြင်ပြီး ကျွန်မတို့က မည်သည့်ငွေကိုမျှ ပြန်ပေးနိုင်မည် မဟုတ်သည်ကို သိသောကြောင့် သူတို့က ကျွန်မကို နှစ်သိမ့်စကားများသာ ပြောခဲ့ကြပြီး မည်သူ တစ်ယောက်ကမျှ ကျွန်မတို့ကို မည်သည့်ငွေမျှ မချေးလိုခဲ့ကြပါ။ လောကနှင့် လူ့ခံစားချက်တို့၏ မတည်တံ့ ပြောင်းလဲခြင်းက ကျွန်မကို မျှော်လင့်ချက်ပျက်သုဉ်းစေသည်။ ငိုရင်းဖြင့် ကျွန်မက “ အို ဘုရားသခင် အရာအားလုံးက ကိုယ်တော့်လက်ထဲမှာ ရှိပါတယ်။ ကျွန်မခင်ပွန်းက ၁၀ ရက်လောက် သတိမေ့နေခဲ့ပေမယ့်၊ သူအသက်ရှင်နေပါသေးတယ်၊ ဒီအချက်အားဖြင့် ကိုယ်တော်က သူ့ကို ကွယ်ကာနေတာကို ကျွန်မတွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ ဆရာဝန်က ကျွန်မတို့ကို နောက်ထပ်ဆေးရုံ တစ်ခုပြောင်းစေချင်တယ်၊ ပြီးတော့ ခွဲစိတ်ကုသမှုက အရမ်းစျေးကြီးမှာပါဲ။ ကျွန်မ ဘာလုပ်ရမှန်း တကယ်ကို မသိတော့ပါဘူး၊ အို ဘုရားသခင်။ ကိုယ်တော်က ကျွန်မယုံကြည်မှုကို ခွန်အားဖြည့်ပေးပြီး၊ ကျွန်မအတွက် လမ်းဖွင့်ပေးဖို့ ကျွန်မတောင်းလျှောက်ပါတယ်။ ကိုယ်တော် ဘာပဲလုပ်လုပ်၊ ကျွန်မက နာခံတဲ့နှလုံးသားနဲ့ အဲဒါကို တွေ့ကြုံခံစားဖို့ ဆန္ဒရှိပါတယ်” ဟု ပြောပြီး ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ဆုတောင်းပြီးနောက် ကျွန်မ အနည်းငယ် တည်ငြိမ်လာသည်ဟု ခံစားခဲ့ရသည်။ လွန်ခဲ့သည့် ရက်များအနည်းငယ်က ဆုတောင်းခြင်းမှတစ်ဆင့် ဘုရားသခင် နှင့် ကျွန်မ နီးကပ်လာပြီး ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များကို ကျွန်မကိုယ်ပိုင် မျက်လုံးများဖြင့် မျက်မြင်တွေ့ခဲ့ပါသည်။ ထူးခြားသည့်အရာမှာ ကျွန်မခင်ပွန်းက အသက်ရှင်နေဆဲ ဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ စောင့်ရှောက်မှု နှင့် ကာကွယ်မှုတို့ကြောင့် ဖြစ်သည်၊ ကျွန်မက ဘုရားသခင်ကို ဆက်ဆုတောင်းပြီး သူ့အပေါ် မီခိုသရွေ့၊ ဘုရားသခင်က ကျွန်မကို လမ်းပြမှာ သေချာသည်ဟု ကျွန်မ ယုံကြည်ပါသည်။ ဘုရားသခင်၌ ကျွန်မ ယုံကြည်မှုရှိ ရမည်ဖြစ်ပြီး အဟန့်အတား အနည်းငယ်ကြောင့် အားငယ်ပြီး မျှော်လင့်ချက် မမဲ့လာသင့်ပါ၊ ကျွန်မ ထိုသို့ဖြစ်ခဲ့ပါက၊ ဘုရားသခင်၏အမှုတော်ကို ကျွန်မမည်သို့ တွေ့ကြုံခံစား မည်နည်း။

နောက်ပိုင်းတွင် ကျွန်မ အိမ်ပြန်ပြီး ငွေအချို့ရရှိရန် ကြိုးစားကောက်ခံခဲ့သည်။ မမျှော်လင်ပဲ ကျွန်မ ဦးလေက ငွေချေးလိုခဲ့ပြီး၊ ထိုထက်ပိုသည်မှာ ကားတိုက်မှု ဖြစ်စေသူကိုလည်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်ပင် ကျွန်မသားက ကျွန်မကို ဖုန်းခေါ်ပြီး၊ စိတ်လှုပ်ရှားစွာဖြင့် “ အမေ အဖေနိုးလာပြီ။ ဆရာဝန်က သူ့ကို နောက်ထပ်ဆေးရုံတစ်ခု ပြောင်းဖို့မလိုဘူးလို့ ပြောတယ်၊ ပြီးတော့ အဖေ ခွဲစိတ်ကုသမှုခံယူဖို့ နေ့ရက် စီစဉ်နေတယ်။ မြန်မြန်လုပ်၊ ဆေးရုံကို လာခဲ့ပါ …” ဟု ပြောခဲ့သည်။ ကျွန်မ သားကို နားထောင်ရင်းဖြင့် အလွန်စိတ်လှုပ်ရှားပြီး၊ မျက်လုံးများမှ မျက်ရည်များ စီးကျလာကာ၊ ကျွန်မ၏ ပူဆွေးသောကသည် ဝမ်းမြောက်ခြင်းဖြင့် ရောနှောလာခဲ့သည်။ ကျွန်မနှလုံးသားတွင်း၌ ဘုရားသခင်ကို ကျွန်မ ဆက်လက်ကျေးဇူး တင်ပြီး၊ ကိုယ်တော်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များကို ချီးမွမ်းနေခဲ့ပါသည်။

ကျွန်မခင်ပွန်းက သူ့ပေါင်ရိုးအတွက် ခွဲစိတ်ကုသမှု မခံယူမီမှာ ဆရာဝန်က ကျွန်မကို အာမခံချက် လျှောက်လွှာတစ်ခု နှင့် အရေးကြီးသည့် နာမကျန်းဖြစ်ခြင်း သတိပေးစာတစ်ခုတို့ကို လက်မှတ်ရေးထိုးခိုင်းသည်၊ ပြီးလျှင် သူက “ အစ်မယောက်ျားက သတိရလာပေမဲ့လည်း သူ့ဒဏ်ရာတွေရဲ့ စိုးရိမ်ရတဲ့ သဘောသဘာဝကြောင့် သူ့ခန္ဓာကိုယ်က အရမ်းကို အားနည်းနေတယ်။ သူကအခု ရှည်ကြာတဲ့ခွဲစိတ်ကုသမှုကို ကြုံရမယ်၊ ပြီးတော့ သူအဲဒါကို မခံနိုငဖို့ခွဲစိတ်ကုတင်ပေါ်မှာ စပြီး လှုပ်ရှားနေလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့က သူ့ကို မေ့ဆေးပေးရမယ်။ ဒါပေမဲ့ ဒါကိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့က ခွဲစိတ်ကုသမှု နောက်ပိုင်းမှာ သူသတိမရတော့မယ့် အန္တ့ရာယ်နဲ့ ရင်ဆိုင်ရတယ်၊ ဒီဆေးရုံမှာ အရင်က ဒါမျိုးဖြစ်တာ ကျွန်တော်တို့ မြင်ဖူးတယ်။ လူနာရဲ့ ဆွေမျိုးတစ်ယောက် ကအနေနဲ့ အစ်မက ဒီစွန့်စွားမှုကို လုပ်ချင်လား မလုပ်ချင်ဘူးလား ဒါမှမဟုတ် သူ့ကို လက်ရှိအခြေအနေမှာပဲ ထားလိုက်မလားဆိုတဲ့အကြောင်းကို သေချာတွေးရမယ်” ဟု ပြောခဲ့သည်။ ဆရာဝန်က စကားပြောအပြီးတွင် ကျွန်မက ချီတုံချတုံဖြစ်ခြင်းဖြင့် ယောက်ယက်ခတ်ကာကျန်ခဲ့သည်။ ကျွန်မ မည်သည့်အရာကို လုပ်ရမှန်းမသိပါ၊ တစ်ခဏကြာ ဤဆုံးဖြတ်ချက်ကို ကျွန်မ မည်သို့ချရမည်ကိုလည်း မသိပါ။ ထို့နောက် ဆေးရုံတွင် ကျွန်မခင်ပွန်းက မည်သည့် အန္တရာယ် ကြီးကြီးမားမားမှ မရှိပဲနှင့် ၁၀ ရက်ကျော်ဖြတ်ခဲ့ပုံကို ကျွန်မ တွေးမိခဲ့သည်။ သူက နောက်ထပ်ဆေးရုံတစ်ခုကို မပြောင်းရရုံမက၊ ထိုအစားသူက ခွဲစိတ်ကုသမှုမတိုင်မီ နိုးထလာခဲ့သည်၊ ဤသည်တို့မှာ ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များ မဟုတ်ပါသလား။ ကျွန်မ ခင်ပွန်းလောက် မစိုးရိမ်ရသည့် လူနာမှာမူ ၁၀ ရက်ကျော် ကုသမှုခံယူပြီးသော်လည်း သတိမရသေးပါ။ နောက်ဆုံးတွင် ထိုလူနာကို နောက်ထပ်ဆေးရုံတစ်ခုကို ပြောင်းရွှေ့ခဲ့ရသည်၊ ပြီးလျှင် သူရှင်မည် မရှင်မည်ကိုလည်း မသေချာခဲ့ပါ။ ကျွန်မ ခင်ပွန်းက တစ်ချိန်လုံး ဘုရားသခင်၏ ကွယ်ကာခံရပုံကို ကျွန်မတွေးမိခဲ့သည်၊ ထို့ကြောင့် နောက်လာမည့် မည်သည့်အရာမဆိုကိုလည်း ဘုရားသခင် အုပ်စိုးနိုင်ပါသည်။ လူသားတစ်ယောက်၏ အသက်၊ သေခြင်းတရား၊ ဥစ္စာဓန နှင့် ကံဆိုးခြင်းများတို့အားလုံးကို ဘုရားသခင်၏ လက်တော်တွင် ထိန်းချုပ်ထားပါသည်၊ ပြီးလျှင် ကျွန်မအနေဖြင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်မှုများကို အပ်နှံရမည်။ ထို့ကြောင့် ကျွန်မက ထိုအရေးကိစ္စအကြောင်း ထပ်မစဉ်းစားတော့ပဲနှင့်၊ ကျွန်မ လျှောက်လွှာကို လက်မှတ်ရေးထိုးစဉ် ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းခြင်းတစ်ခု ဆိုခဲ့ပါသည်။ “ အိုဘုရားသခင်၊ ကျွန်မခင်ပွန်းရဲ့ အသက်နှင့် သေခြင်းတရားတို့က ကိုယ်တော့်လက်တော်ထဲမှာရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်၊ ပြီးတော့ ဆရာဝန်တွေက ဆုံးဖြတ်ပေးမယ့်သူတွေ မဟုတ်ပါဘူး။ ကျွန်မ ဤအခြေအနေကို တွေ့ကြုံခံစားနေတုန်း ကိုယ်တော့်ကို မှီခိုပြီး၊ မျှော်ကြည့်လိုပါတယ်။ အဆုံးမှာ ကျွန်မခင်ပွန်းကို မည်သည့်အရာပဲ ဖြစ်ပါစေ၊ ကိုယ်တော်ပြုသမျှဟာအကောင်းဆုံးအတွက် ဖြစ်ပြီး၊ ကျွန်မလို သေးနုတ်တဲ့ဖန်ဆင်းခံသတ္တဝါတစ်ယောက် အနေနဲ့ ဖန်ဆင်းရှင်ကို နာခံသင့်ပါတယ်။”

ဆရာဝန်

ကျွန်မခင်ပွန်း၏ခွဲစိတ်ကုသမှု အလွန်ကောင်းမွန်လိမ့် မည်ဟု ကျွန်မ မမျှော်လင့်ခဲ့ပါ၊ သူ့ကို ဘေးအန္တရာယ်မှ တဖြည်းဖြည်း ကင်းဝေးသွားသည်ကို ကြည့်နေစဉ် ငြိမ်နေသည့် ကျွန်မနှလုံးသား လှုပ်ရှားလာခဲ့သည်။ ဆရာဝန်က ကျွန်မကို တအံ့တသြဖြင့် “ အစ်မယောက်ျားက ကျွန်တော်တို့ စိတ်ကူးထားတာကို လုံးလုံးကျော်ပြီး နိုးလာတာ။ ဒါ တကယ်ကို အံ့ဖွယ်နမိတ်လက္ခဏာ တစ်ခုပဲ” ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှု အားလုံးဖြစ်ကြောင်း အတွင်းနက်ရှိုင်းသည့် တစ်နေရာမှ ကျွန်မသိရှိခဲ့သည်၊ ပြီးလျှင် ကျွန်မ ဘုရားသခင်၏ ကြင်နာမှုကို ကျွန်မနှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်။ သို့သော်လည်း ခွဲစိတ်ကုသမှု အပြီးတွင် ကျွန်မခင်ပွန်းက မှတ်ဉာဏ်အားလုံး လုံးလုံး ဆုံးရှုံးသွားခဲ့ပြီး ကျွန်မကိုပင် မမှတ်မိပါ။ သူက အလွယ်တကူ စိတ်ဆိုးပြီး၊ မွေးကင်းစကလေးငယ် တစ်ယောက်ကဲ့သို့ ဉာဏ်ရည်ပြကိန်းရကာ ကျွန်မက အလွန့်အလွန် စိတ်ပူခဲ့ပါသည်။ ကျွန်မ ဆရာဝန်ကို ဆွေးနွေးတိုင်ပင်ပြီး၊ ကျွန်မ ယောက်ျားက သူယခင်ကဲ့သို့ ပြန်ကောင်းမည် မကောင်းမည်ကို မေးမြန်းခဲ့သည်၊ သို့သော်လည်း ဆရာဝန်က “ သူက ခွဲစိတ်ကုသပြီး နောက်ပိုင်းမှာ ဖြစ်တတ်တဲ့ အတိတ်မေ့ရောဂါကို ခံစားနေရ တာပဲ၊ ပြီးတော့ သူပြန်ကောင်းလာမယ့် အချိန်ကို ပြောဖို့ခက် တယ်။ အစ်မယောက်ျားရဲ့ ထိခိုက်ဒဏ်ရာတွေ ပျောက်ကင်း တဲ့အချိန်မှာ သူက နာလန်ထူဖို့အတွက် ပြန်လည် ထူထောင်ရေး စင်တာကို သွားနိုင်တယ် …” ဟု ပြောခဲ့သည်။ သူဤသို့ ပြောသည်ကို ကျွန်မကြားစဉ်တွင် ကျွန်မက ပူပန်သောက၌ တစ်ဖန် စတင် နွမ်းလျလာပြီး “ ငါ့ယောက်ျားက ဒီလိုဆက် နေရင်၊ သူလည်း ငနတစ်ယောက်လိုသာ ဖြစ်တော့မယ်၊ ငါဘာလုပ်ရမလဲ” ဒီပူပန်သောကဖြင့် ကျွန်မ မအိပ်နိုင် သို့မဟုတ် မစားနိုင်ခဲ့ပါ၊ ပြီးလျှင် ကျွန်မက ကြံရာမရဖြစ်သည့်အဆုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို ကျွန်မ တွေးမိခဲ့ပါသည်။ “ လူတစ်ဦး သေဆုံးပြီးနောက် ပြန်ဝင်စား သည့်အခါ ၎င်းသွားသည့်နေရာနှင့်၊ အမျိုးသား များဖြစ်စေ အမျိုးသမီးများဖြစ်စေ၊ ၎င်း၏လုပ်ငန်း တာဝန်မှာ မည်သည့် အရာဖြစ်ခြင်း၊ ၎င်း၏အသက်တာတွင် ကြုံရမည့်အရာ၊ ၎င်းအပေါ်နှောင့်နှေးစေသည့် အခက်အခဲများ၊ ၎င်းခံစားရ မည့် ကောင်းချီးမင်္ဂလာများ၊ ၎င်းကြုံတွေ့မည့် သူများ၊ ၎င်းအပေါ် ဖြစ်ပေါ်သည့်အရာများကို မည်သူမျှ ကြိုတင် ခန့်မှန်းနိုင်ခြင်းမရှိ၊ ရှောင်ရှားနိုင်ခြင်းမရှိ၊ သို့မဟုတ် ဖုံးကွယ်နိုင်ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။ သင်၏ဘဝ သတ်မှတ်ခံရပြီးနောက် သင်၌ဖြစ်ပေါ်သည့်အရာကို သင် မည်သို့ ကြိုးစား၍ရှောင်ရှားသည်ဖြစ်စေ၊ မည်သည့် နည်းလမ်းဖြင့် ကြိုးစား၍ရှောင်ရှားသည်ဖြစ်စေ၊ ဝိညာဉ် လောကရှိ ဘုရားသခင်က သင့်အတွက် သတ်မှတ်ထားသည့် ဘဝလမ်းကြောင်းကို ချိုးဖောက်ရန် လမ်း သင့်တွင် လုံးဝမရှိဟု ဆိုလိုခြင်းဖြစ်သည်။” (“ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၁၀“ ) ဘုရားသခင်သည် ဟိုးယခင်ကတည်းက ကျွန်မတို့ အသက်တာများတွင် ကျွန်မတို့ တွေ့ကြုံခံစားရမည့် အရာအားလုံးကို ကြိုတင်ပြဌာန်းတော်မူခဲ့ပြီး ဖြစ်ကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို နားလည်သဘောပေါက်စေသည်။ ဆင်းရဲဒုက္ခဖြစ်စေ၊ ကံကောင်းခြင်းဖြစ်စေ၊ ဖြစ်လာသည့် အရာများသည် ကျွန်မတို့ပေါ် မမူတည်ပါ၊ ပြီးလျှင် ကျွန်မတို့ ယင်းကို မခန့်မှန်းနိုင်ပါ။ သို့သော်လည်း ကျွန်မတို့ အသက်တာများ တစ်လျှောက် ကျွန်မတို့ တွေ့ကြုံခံစားရသည့် အဆင့်တိုင်းသည် ဘုရားသခင်က ခရစေ့တွင်းကျ စီစဉ်ထားပြီးဖြစ်သည့်အပြင်၊ ၎င်းတို့အားလုံးနောက်ကွယ်၌ ကိုယ်တော်၏ ရည်ရွယ်ချက် ကောင်းများ ရှိပါသည်။ ဘုရားသခင်က ကျွန်မတို့အနေဖြင့် ဤပတ်ဝန်းကျင်များကို တွေ့ကြုံခံစားစဉ် ကိုယ်တော့် စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို စစ်မှန်သည့် နားလည်သဘောပေါက်မှု ရရှိလာစေရန် မျှော်လင့်တော်မူသည်၊ ပြီးလျှင် ၎င်းတို့က ကျွန်မတို့ အသက်တာများ ရင့်ကျက်ကြီးထွားစေနိုင်ဖို့ ကိုယ်တော်က မျှော်လင့်တော်မူသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကျွန်မ၏ အတွေ့အကြုံများကို ပြန်လည်တွေးတောရင်း၊ ကျွန်မခင်ပွန်း၏အသက်တာသည် မတော်တဆကားတိုက်မှုကြောင့် အဆုံးသတ်လုနီးအချိန်နှင့် ကျွန်မက ကူညီရာမဲ့ပြီး၊ နာကျင်မှုကို ခံစားနေရသည့် အချိန်တွင်ပင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အချိန်မီ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့က ကိုယ်တော်၏ အချုပ်အခြာနှင့် သြဇာအာဏာတို့ကို ကျွန်မကို နားလည်သဘောပေါက်စေခဲ့သည်။ ထိုနောက်တွင်မှ ကျွန်မနှလုံးသားထဲမှ ပူပန်သောကကို ကျွန်မ လက်လွှတ်ခဲ့ပြီး၊ ဘုရားသခင်ကို မှီခိုရန် ယုံကြည်မှုကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့သည်၊ ကျွန်မက ခွဲစိတ်ကုသမှု၏ အလွန်ကြီးမားသည့် ကုန်ကျစရိတ်ကို ရင်ဆိုင်နေရပြီး၊ မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိသည့်အချိန်တွင်၊ ကျွန်မက ဘုရားသခင်ကို စိတ်ရင်းအတိုင်း ဆုတောင်းခဲ့ပြီး၊ ကျွန်မအတွက် ဘုရားသခင်က လမ်းဖွင့်ပေးတော်မူခဲ့သည်။ ကိုယ်တော်က ကျွန်မ၏ ငွေမရှိခြင်းအတွက် ဖြေရှင်းပေးခဲ့ရုံသာမက၊ ကျွန်မ ခင်ပွန်းကိုလည်း သတိပြန်ရလာစေခဲ့သည်။ ထို့နောက်ပိုင်းတွင် ကျွန်မက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လမ်းပြမှုတို့ကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည်။ ဘုရားသခင်က ကျွန်မကို အခိုက်အတန့်တစ်ခုပင် လုံးဝမစွန့်ခွာခဲ့သည့်အပြင်၊ ကျွန်မက ကူညီရာမဲ့ပြီး အားနည်းသည့်အချိန်တိုင်း ဘုရားသခင်က သူ၏ အချိန်မီ နှုတ်ကပတ်တော်များဖြင့် အခက်အခဲများကို ကျော်ဖြတ်ရန် လမ်းပြဖို့ ရှိနေခဲ့သည်။ ဘုရားသခင်၏ လမ်းပြမှုမရှိပါက၊ ကျွန်မက ထိုနာကျင်မှုအားလုံးကို မည်သို့ကျော်ဖြတ်ရမည်ကို သိခဲ့မည် မဟုတ်ပါ။ ကျွန်မသာ ဤအခြေအနေကို တွေ့ကြုံခံစားခဲ့ ခြင်းမရှိပါက၊ ကျွန်မက ဘုရားသခင်ကို မည်သည့်အခါမျှ အမှန်တကယ် သိကျွမ်းနိုင်မည် မဟုတ်ပါ၊ ဘုရားသခင်၏ သြဇာအာဏာကို ကျွန်မ၏ နားလည်သဘောပေါက်ခြင်းက အမြဲတမ်း အယူအဆဆိုင်ရာအဖြစ်သာ ဆက်လက် တည်ရှိနေမည် ဖြစ်သည်၊ ပြီးလျှင် ကျွန်မ၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် တိုးပွားခဲ့မည် မဟုတ်ကြောင်း ယခုမှ ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ ဤအခြေအနေများက ကျွန်မအသက်တာအတွက် အကျိုးအမြတ်အများဆုံး သယ်ဆောင်လာပြီး၊ ကျွန်မက ၎င်းတို့ကို နောက်ထပ် ရှောင်ရှားလိုစိတ် မရှိတော့ပါ၊ ပြီးလျှင် ကျွန်မက ရှေ့သို့လမ်းကြောင်းကို လိုက်ရန် ဘုရားသခင်ကို မှီခိုလို ပြီး ဘုရားသခင်က ကျွန်မကို လမ်းပြမည်ဟု ယုံကြည်ပါသည်။

ကျွန်မခင်ပွန်းက ပြောင်းရွှေ့ခြင်းမခံရမီ မြို့ဆေးရုံတွင် ၂၁ ရက်ကြာတက်ရောက်ခဲ့သည်။ ထို့နောက်တွင် ကျွန်မက ဘုရားသခင်ကို နေ့စဉ် ဆုတောင်းခဲ့ပြီး၊ ကျွန်မခင်ပွန်းကိုလည်း ဘုရားသခင်၏ လက်တော်ထဲသို့ ထားခဲ့သည်၊ ပြီးလျှင် ကျွန်မ သူ့အား စကားပြောနည်း နှင့် သူ့နံဘေးမှ လူများနှင့် မျိုးစုံသောအရာအားလုံးတို့ကို မှတ်မိသည့်နည်းလမ်းတို့ကို စိတ်ရှည်စွာ သင်ကြားပေးခဲ့သည်။ မသိမသာပင် သူက ဒေါသ မထွက်တော့ပဲ၊ ဆွေမျိုးများကို မှတ်မိနိုင်စွမ်းရှိလာသည်။ ကျွန်မခင်ပွန်း နေ့စဉ်နှင့်အမျှ သက်သာကောင်းမွန်လာသည်ကို တွေ့ရင်းဖြင့် ကျွန်မက ပီတိရွှန်းခဲ့သည်၊ ပြီးလျှင် ဆရာဝန်များအားလုံးက အလွန်အံ့သြစွာဖြင့် ကျွန်မကို “ အဲဒါ မယုံကြည်နိုင်လောက်အောင်ပဲ။ သူ အရမ်းမြန်မြန်ကြီး နာလန်ထလာလိမ့်မယ်လို့ ဘယ်သူကမျှ တွေးခဲ့မှာမဟုတ်ဘူး၊ ဒါက တကယ့်ကို အံ့ဖွယ် နမိတ်လက္ခဏာတစ်ခုပဲ။ သူ့ဘေးက လူနာက အလားတူ မတော်တဆကားတိုက်မှု ဖြစ်တာပဲ၊ ပြီးတော့ မတော်တဆမှု ဖြစ်ပြီး ၆လကြာတဲ့အထိ သတိမရလာသေးဘူး။ သူ အသက်ရှင် မရှင်ဆိုတာကို ကြည့်နေရတုန်းပဲ။ အစ်မက တကယ်ကို ကံကောင်းတာပဲ” ဟု ပြောခဲ့သည်။ ဤသည်ကို ကြားရင်း ကျွန်မ ခင်ပွန်းကို ရှင်သန်ခွင့်ပေးခဲ့သည်မှာ ဘုရားသခင်၏ ကွယ်ကာမှုသာ ဖြစ်သည့်အတွက် ကျွန်မ၏ နှလုံးသားထဲမှ ဘုရားသခင်ကို ဆက်ပြီး ကျေးဇူးတင်ကာ ချီးမွမ်း၍သာ နေမိပါတော့သည်။

ကျွန်မခင်ပွန်း ဆေးရုံမှဆင်းပြီးနောက် သူ့နာလန်ထ ခြင်းက လျင်မြန်လာခဲ့သည်။ သူက ချိုင်းထောက်ဖြင့် လမ်းလျှောက်နိုင်ရုံသာမက၊ သူ့ အခြေခံမှတ်ဉာဏ်များ ပြန်ပေါ်လာခဲ့သည်။ ကျွန်မက သူဆေးရုံတက်ခဲ့ကတည်းက ဖြစ်ပျက်သည့် အရာအားလုံးအကြောင်း၊ ကျွန်မက ဘုရားသခင်ကို မည်သို့မှီခိုခဲ့ပုံနှင့် ဘုရားသခင်က ကျွန်မကို ထိုအလွန်အမင်းနာကျင်ပြီး အားနည်းရသည့်ရက်များကို ကျော်ဖြတ်ရန် မည်သို့ လမ်းပြခဲ့ပုံတို့အကြောင်း သူ့ကို ပြောပြခဲ့သည်။ သူက “ ငါပြန်ကောင်းလာတဲ့အချိန်၊ နောက်ထပ် လူတွေက ဘုရားသခင်ရဲ့ အနန္တတန်ခိုး နဲ့ သူ့ရဲ့ အံ့သြဖွယ် လုပ်ဆောင်ချက်တွေကို သိရအောင် ဘုရားသခင်ငါ့ကို ကယ်တင်ခဲ့တာကို သက်သေခံမယ်၊” ဟု ပြောရင်း သူမျက်လုံးများက မျက်ရည်များဖြင့်ပြည့်နေခဲ့သည်။ ကျွန်မ ခင်ပွန်း ဤသို့ပြောသည်ကို ကျွန်မကြားသည့်အချိန်တွင်၊ ကျွန်မက ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် အမှန်တကယ် ကျေးဇူးတင်မိပါသည်။

ဤထူးခြားသည့် အတွေ့အကြုံမှတစ်ဆင့် ကျွန်မက ဘုရားသခင်၏ အံ့သြဖွယ်လုပ်ဆောင်ချက်များကို အမှန်တကယ် တွေ့မြင်ခဲ့ရပြီး ဘုရားသခင်သည် အရာအားလုံး၏ အုပ်စိုးသူဖြစ်ကြောင်းကိုလည်း ကျွန်မတွေ့ မြင်ခဲ့ရပါသည်။ ဘုရားသခင်က လူတစ်ယောက်ချင်းစီ၏ အသက်နှင့် သေခြင်းတရားကို အမှန်တကယ် ထိန်းချုပ်ထားပြီး၊ မည်သည့် ဖန်ဆင်းခံသတ္တဝါမှ ကိုယ်တော်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ကျော်လွန်နိုင်ခြင်းမရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော် က “ လူသား၏ အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိ၍ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့် ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာ ပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အရ အသက်ရှင် နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။” (“ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” ) ဟု ပြောထားသည့်အတိုင်းပင် ဖြစ်ပါသည်။

သက်ဆိုင်သည့် အကြောင်းအရာ