အခန်း ၂၆

ငါ၏ အိမ်ထဲတွင် မည်သူနေထိုင်ခဲ့သနည်း။ ငါ့အတွက် မည်သူသည် ရပ်တည်ပေးခဲ့သနည်း။ ငါ့ကိုယ်စား မည်သူသည် ဝေဒနာခံစားပေးခဲ့သနည်း။ ငါ့ရှေ့တွင် မည်သူသည် သူ၏ကတိစကားဆိုခဲ့သနည်း။ ယနေ့ထိတိုင် ငါ့နောက်သို့ လိုက်လာခဲ့သော်လည်း၊ စိတ်မပါ မဖြစ်လာသေးသည်မှာ မည်သူနည်း။ အဘယ်ကြောင့် လူသား အားလုံးသည် စိမ်းကားပြီး စာနာစိတ် ကင်းမဲ့ရသနည်း။ အဘယ့်ကြောင့် လူသားမျိုးနွယ်သည် ငါ့ကို စွန့်ခွာခဲ့ရသနည်း။ အဘယ့်ကြောင့် လူသားမျိုးနွယ်သည် ငါ့ကို စိတ်ကုန်လာရသနည်း။ အဘယ်ကြောင့်် လူ့လောကကြီးတွင် နွေးထွေးမှု မရှိရသနည်း။ ဇိအုန်၌ ရှိစဉ်အခါ၊ ကောင်းကင်ဘုံ၌ရှိသည့် နွေးထွေးမှုကို ငါမြည်းစမ်းခဲ့ရပြီး၊ ဇိအုန်၌ ရှိစဉ်အခါ၊ ကောင်းကင်ဘုံ၌ရှိသည့် ကောင်းချီးကို ငါပျော်မွေ့ခံစားခဲ့ရသည်။ တစ်ဖန် ငါသည် လူသားမျိုးနွယ်၏အလယ်၌ နေထိုင်ခဲ့သည်၊ ငါသည် လူ့လောက၏ခါးသီးမှုကို မြည်းစမ်းခဲ့ရပြီး၊ လူများအကြားတွင် တည်ရှိနေသော ကွဲပြားခြားနားသည့် အခြေအနေများ အားလုံးကို ငါသည် ငါကိုယ်တိုင်၏မျက်စိများနှင့် တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ မမျှော်လင့်ဘဲ လူသားသည် ငါ၏ပြောင်းလဲသကဲ့သို့ ပြောင်းလဲခဲ့ပြီး၊ ဤနည်းလမ်းအားဖြင့်သာလျှင် သူသည် ပစ္စုပ္ပန်နေ့ရက်သို့ ရောက်လာသည်။ လူသားသည် ငါ့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ရန် ငါမတောင်းဆိုသကဲ့သို့၊ ငါ့အတွက် တိုးတက်များပြားလာစေရန် သူပြုဖို့လည်း ငါမတောင်းဆိုပေ။ ငါ့အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်ရန်သာ သူ့ကို ငါအလိုရှိပြီး၊ ငါ့ကို မနာခံခြင်းလည်းမရှိ၊ ငါ့အတွက် အရှက်ရစေမည့်အရာလည်း မဖြစ်လာဘဲ ငါ့အတွက် ထူးကဲစွာ သက်သေခံရန် ငါအလိုရှိသည်။ လူများအကြားတွင် ငါ့အတွက် ကောင်းမွန်သောသက်သေကို ခံခဲ့ပြီး ငါ၏နာမကို ဘုန်းကြီးစေသောသူတို့ ရှိခဲ့ပေသည်၊ သို့သော်လည်း လူသား၏ လက်တွေ့လုပ်ဆောင်မှုများ နှင့် အပြုအမူများသည် ငါ၏နှလုံးကို မည်သို့ ကျေနပ်စေနိုင်လိမ့်မည်နည်း။ သူသည် ငါ၏နှလုံးသားနှင့် ကိုက်ညီနိုင်ရန် သို့မဟုတ် ငါ၏အလိုကို ဖြည့်ဆည်းနိုင်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ တောင်တန်းများနှင့် ရေများ၊ ကမ္ဘာမြေကြီးပေါ်ရှိ ပန်းမန်များ၊ မြက်ပင်များနှင့် သစ်ပင်များ၊ အားလုံးတို့သည် ငါ၏လက်ရာကို ပြပြီး၊ အားလုံးတို့သည် ငါ့နာမအတွက် တည်ရှိနေကြသည်။ သို့သော် အဘယ်ကြောင့် လူသားသည် ငါတောင်းဆိုသော စံနှုန်းကို မမီနိုင်ကြသနည်း။ ဤသည်မှာ သူ၏ကမ်းကုန်သော နိမ့်ကျမှုကြောင့်များလော။ ဤသည်မှာ သူ့ကို ငါချီးမြှောက်ခြင်းကြောင့်များလော။ ဤသည်မှာ ငါသည် သူ့အပေါ် လွန်စွာ ရက်စက်ခြင်းကြောင့်များလော။ အဘယ်ကြောင့် လူသားသည် ငါ၏တောင်းဆိုချက်များကို အမြဲပင် ကြောက်ရွံ့နေသနည်း။ ယနေ့ခေတ်တွင် နိုင်ငံတော်ထဲရှိ လူအမြောက်အမြားအကြားတွင်၊ အဘယ်ကြောင့် သင်တို့သည် ငါ၏အသံကိုသာ နားထောင်လိုကြပြီး ငါ၏မျက်နှာတော်ကိုမြင်ရန် ဆန္ဒ မရှိကြသနည်း။ သင်တို့သည် အဘယ်ကြောင့် ငါ၏နှုတ်ကပတ်တော်များနှင့် ငါ၏ဝိညာဉ်တော်ကို ဆက်စပ်ခြင်းမရှိဘဲ၊ ငါ၏နှုတ်ကပတ်တော်များကိုသာ ကြည့်ကြသနည်း။ သင်တို့သည် အဘယ်ကြောင့် ငါ့ကို အထက်ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးဟူ၍ ဤသို့ ခွဲထားချင်ကြသနည်း။ ဤသည်မှာ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိစဉ်၊ ကောင်းကင်ဘုံရှိငါနှင့် မတူခြင်းကြောင့်များပင်လော။ ဤသည်မှာ ငါသည် ကောင်းကင်ဘုံ၌ရှိစဉ်၊ ကမ္ဘာမြေကြီးသို့ မဆင်းကြွနိုင်ခြင်းကြောင့်လော။ ဤသည်မှာ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိစဉ်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်း မခံထိုက်သောကြောင့်လော။ ယင်းမှာ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိစဉ်၊ နိမ့်ကျသည့် ဖန်ဆင်းခံတစ်ဦးဖြစ်သည့်အလား၊ ငါသည် ကောင်းကင်ဘုံ၌ရှိစဉ်တွင်မူ ချီးမြှောက်ခံရသူတစ်ဉီး ဖြစ်သည့်အလား၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအကြားတွင် တံတားထိုး၍မရနိုင်သော ချောက်ကြီးတည်ရှိနေသည့်အလားပင် ဖြစ်သည်။ သို့သော် လူ့လောကတွင်မူ ၎င်းတို့သည် ဤအရာများ၏ မူလရင်းမြစ်ကို ဘာမျှသိကြသည့်ပုံ မပေါ်သော်လည်း၊ ငါ၏ နှုတ်ကပတ်တော်များသည် အသံသာထွက်ပြီး အဓိပ္ပာယ်မရှိသည့်အလား၊ ငါနှင့် အစဉ် ဆန့်ကျင်နေခဲ့ကြသည်။ လူသားမျိုးနွယ်အားလုံးသည် ငါ၏နှုတ်ကပတ်တော်များတွင် လုံ့လစိုက်ထုတ်ကြသည်၊ ငါ၏အပြင်ပန်းသဏ္ဌာန်ကို သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးခြင်းများ လုပ်ဆောင်ကြ၏၊ သို့သော်လည်း ၎င်းတို့အားလုံး မအောင်မြင်ကြပေ၊ သူတို့၏လုံ့လစိုက်ထုတ်မှုများသည် အကျိုး မခံစားရဘဲ၊ ယင်းအစား ၎င်းတို့သည် ငါ့နှုတ်ကပတ်တော်များ၏ ဒဏ်ခတ်ခြင်းကို ခံကြရပြီး နောက်တစ်ဖန် ပြန်၍ထရန် မဝံ့ရဲကြပေ။

လူသားမျိုးနွယ်၏ ယုံကြည်ခြင်းကို ငါသည် စစ်ကြောသောအခါ၊ မည်သူတစ်ဦးကမျှ စစ်မှန်သောသက်သေကို မခံကြ၊ မည်သူတစ်ဦးတစ်ယောက်ကမျှ တတ်နိုင်သမျှ ဆက်ကပ်ရန် မစွမ်းနိုင်ကြပေ၊ ယင်းအစား သူ၏နှလုံးသားကို ငါသည် အဓမ္မလုယူသွားလေမည့်အလားပင်၊ လူသားသည် ဆက်လက် ပုန်း၍နေပြီး၊ ငါကို ရင်ဖွင့်ရန် ငြင်းဆန်လျက်ရှိသည်။ ယောဘပင် စမ်းသပ်မှုအောက်တွင် မည်သည့်အခါမျှ အမှန်တကယ် မြဲမြံစွာ မရပ်တည်ခဲ့သကဲ့သို့၊ ဒုက္ခဝေဒနာ ခံစားရချိန်၌လည်း သူသည် ချိုမြိန်ခြင်းရနံ့ မသင်းနိုင်ခဲ့ပေ။ လူတို့အားလုံးသည် နွေဦးရာသီ၏ နွေးထွေးမှုအောက်တွင် စိမ်းလန်းစိုပြည်မှု အရိပ်အရောင် အနည်းငယ်ကို ထုတ်ဖော်ပြကြသည်၊ ၎င်းတို့သည် ဆောင်းရာသီ၏ အေးသော လေပြင်းများအောက်တွင် ဘယ်သောအခါမှ စိမ်းစို၍ မနေခဲ့ပေ။ လူသားသည် သူ၏ အရိုးပေါ်အရေတင်ကာ ကြုံလှီနေသော ဝိညာဉ်ရင့်ကျက်မှုဖြင့် ငါ၏ရည်ရွယ်ချက်ကို မဖြည့်ဆည်းနိုင်။ လူသားမျိုးနွယ် အားလုံးထဲတွင် အခြားသူများအတွက် စံနမူနာအနေနှင့် အစေခံနိုင်သောသူ တစ်ဉီးတစ်ယောက်မျှ မရှိ၊ အဘယ်ကြောင့်ဆိုသော် လူများအားလုံးမှ တစ်ယောက်နှင့်တစ်ယောက်ကို ခွဲခြားသိမြင်ရန် မဆိုစလောက်မျှသာ ရှိသောကြောင့်၊ အခြေခံအားဖြင့် အတူတူပင် ဖြစ်ကြ၍ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားခြင်း မရှိသောကြောင့် ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ လူသားတို့သည် ယနေ့တွင်ပင် ငါ၏အမှုများကို အပြည့်အဝ သိနိုင်စွမ်း မရှိကြသေးပေ။ ငါ၏ပြစ်တင်ဆုံးမခြင်းသည် လူသားမျိုးနွယ်အားလုံးအပေါ်သို့ ကျရောက် လာသောအခါမှသာလျှင်၊ မိမိတို့ကိုယ်မိမိ မသိလိုက်ဘဲနှင့် ငါ၏အမှုများကို သတိပြုမိလာကြကာ၊ ငါ၏ လုပ်ဆောင်ချက်များမပါဘဲ သို့မဟုတ် မည်သူ့ကိုမျှ အတင်းအကျပ် မစေခိုင်းရဘဲနှင့်၊ လူသားသည် ငါ့ကို သိကျွမ်းလာကြလိမ့်မည် ဖြစ်ပြီး၊ ထိုသို့အားဖြင့် ငါ၏အမှုများကို မျက်မြင်တွေ့ လာကြမည်ဖြစ်သည်။ ဤသည်မှာ ငါ၏အစီအစဉ် ဖြစ်၏၊ ယင်းမှာ ငါထင်ရှားစေသော ငါ့အမှုများ၏ လက္ခဏာရပ်တစ်ခု ဖြစ်ကာ၊ ယင်းသည် လူသားသိသင့်သောအရာ ဖြစ်သည်။ နိုင်ငံတော်တွင် ဖန်ဆင်းခြင်းနှင့်သက်ဆိုင်သည့် အသင်္ချေများလှသော အရာများသည် စတင်နိုးထလာကြပြီး၊ ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည်လည်း စတင် ရွေ့လျားလာကြသည်။ ကုန်းမြေသည် ကုန်းမြေမှ ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် တိုင်းနိုင်ငံများကို တစ်စစီဖြစ်အောင် ချေမှုန်းပစ်မည့် အချိန်လည်းဖြစ်သည်ဟု ယခင်က ငါသည် ပရောဖက်ပြုခဲ့ဖူးသည်။ ဤအချိန်တွင် ငါသည် ဖန်ဆင်းခံ လောကတစ်ခုလုံးကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည် ပိုင်းကန့်မည် ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို အစီအစဉ်တကျ ဖြစ်စေမည် ဖြစ်ပြီး၊ ဟောင်းသောအရာကို ပြောင်းလဲကာ အသစ် ဖြစ်စေမည်။ ဤသည်မှာ ငါ၏အစီအစဉ် ဖြစ်ပြီး ဤအရာများမှာ ငါ၏အမှုများပင် ဖြစ်သည်။ ကမ္ဘာကြီး၏ တိုင်းနိုင်ငံများနှင့် လူမျိုးအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ ပြန်လာသောအခါ၊ လူ့လောကသည် ငါ၏ကျေးဇူးကြောင့် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေစေရန် ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်။ သို့သော်လည်း လောကဟောင်း ဆက်လက် တည်ရှိနေသရွေ့၊ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန် ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။

ငါ၏အသံသည် ပိုမိုနက်လာသည်နှင့်အမျှ၊ ငါသည် စကြဝဠာ၏ အခြေအနေကိုလည်း အကဲခတ် ကြည့်ရှုသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ဖန်ဆင်းခံလောကရှိ အသင်္ချေ များလှသောအရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရမည်။ ကောင်းကင်သည် ပြောင်းလဲပြီး၊ ကမ္ဘာမြေကြီးသည်လည်း ပြောင်းလဲသည်။ လူသားသည် ၎င်း၏ မူလပုံစံအတိုင်း ဖော်ထုတ်ခံရပြီး၊ လူတစ်ဉီးချင်းစီသည် ၎င်းတို့၏ အမျိုးအစားအလိုက် ဖြည်းဖြည်းချင်း သီးခြားခွဲထုတ်ခံရကာ သတိမပြုမိဘဲ၊ ၎င်းတို့မိသားစုများ၏ ရင်ခွင်အတွင်းသို့ ပြန်လည် ရောက်ရှိသွားကြသည်။ ယင်းသည် ငါ့အား ကြီးစွာ ကျေနပ်စေမည်။ ငါသည် အနှောင့်အယှက်မှ ကင်းလွတ်ပြီး၊ ငါ၏ ကြီးမြတ်သောအမှုသည် မသိမသာ ပြီးမြောက်ကာ၊ ဖန်ဆင်းခံ လောက၏ အသင်္ချေများလှသောအရာများသည် ပြောင်းလဲခြင်း ခံကြရသည်။ ဤကမ္ဘာလောကကြီးကို ငါဖန်ဆင်းခဲ့သောအခါ၊ ပုံသဏ္ဌာန်ရှိသောအရာအားလုံးကို ၎င်းတို့၏အမျိုးအစားနှင့် အတူထားလျက်၊ အရာခပ်သိမ်းတို့ကို အမျိုးအစားအလိုက် ငါသည် ပုံသွင်းခဲ့သည်။ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏နိဂုံး နီးကပ်လာသည်နှင့်အမျှ၊ ငါသည် ဖန်ဆင်းခံလောက၏ ယခင်အခြေအနေကို ပြန်လည်ဖြစ်ပေါ်စေမည်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ အလယ်သို့ ပြန်လာကြစေရန်၊ အရာခပ်သိမ်းကို သာလွန်ထူးကဲစွာ ပြောင်းလဲလျက်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့၏ မူလ အခြေအနေအတိုင်း ပြန်လည်ဖြစ်ပေါ်စေမည်။ အချိန်ကျလေပြီ။ ငါ၏အစီအစဉ်၏ နောက်ဆုံးအဆင့်သည် ပြီးမြောက် အောင်မြင်လုနီးပြီ ဖြစ်သည်။ အို၊ ညစ်ညမ်းသော လောကဟောင်း။ သင်သည် ငါ့နှုတ်ကပတ်တော်များအောက်တွင် ဧကန်အမှန်ပင် ကျဆင်းလိမ့်မည်။ ငါ၏အစီအစဉ်အားဖြင့် သင်သည် ဗလာနတ္ထိ အဖြစ်သို့ ဧကန်အမှန်ပင် ရောက်သွားမည် ဖြစ်သည်။ အိုး၊ ဖန်ဆင်းခံလောက၏ အသင်္ချေများလှသောအရာများတို့။ သင်တို့အားလုံးသည် ငါ့နှုတ်ကပတ်တော်များအတွင်းတွင် အသစ်သောအသက်ကို ရကြလိမ့်မည်၊ သင်တို့၏ အချုပ်အခြာ အာဏာပိုင်သောသခင် သင်တို့ ရလိမ့်မည်။ အိုး၊ သန့်စင်၍ အပြစ်အနာအဆာမဲ့သော လောကသစ်ကြီး။ သင်သည် ငါ့ဘုန်းတော်အတွင်းတွင် ဧကန်အမှန်ပင် နိုးထလိမ့်မည်။ အိုး၊ ဇိအုန်တောင်။ တိတ်ဆိတ်၍မနေတော့နှင့်။ ငါသည် အောင်မြင်ခြင်းနှင့် ပြန်ကြွလာပြီ။ ဖန်ဆင်းခံများ၏အလယ်မှ၊ ကမ္ဘာမြေကြီးတစ်ခုလုံးကို ငါသည် စေ့စေ့စပ်စပ် ကြည့်ရှု၏။ ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်သည် အသစ်သော အသက်ကို စတင်ခဲ့ပြီး၊ မျှော်လင့်ခြင်းအသစ်ကို ရရှိခဲ့လေပြီ။ အိုး၊ ငါ၏လူများတို့။ သင်တို့သည် ငါ၏ အလင်းရောင်အတွင်း၌ မည်သို့ ပြန်လည်မရှင်သန်နိုင်ရသနည်း။ သင်တို့သည် ငါ၏လမ်းပြပို့ဆောင်မှု အောက်၌ ရွှင်လန်းခြင်းဖြင့် မကခုန်ဘဲ အဘယ်သို့နေနိုင်သနည်း။ ကုန်းမြေတို့သည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် အော်ဟစ်ကြ၏၊ ရေတို့သည် အားရရွှင်လန်းသော ရယ်မောခြင်းနှင့် ရုန့်ကြမ်း ကျယ်လောင်နေကြပါတကား။ အိုး၊ ရှင်ပြန်ထမြောက်သော ဣသရေလ။ သင်သည် ငါ၏ ကြိုတင် ခွဲခန့်မှတ်သားခြင်းများကြောင့် ဂုဏ်မယူဘဲ အဘယ်သို့ နေနိုင်ရသနည်း။ မည်သူသည် ငိုကြွေးခဲ့ပြီးသနည်း။ မည်သူသည် ငိုကြွေးမြည်တမ်းခဲ့သနည်း။ ဟောင်းနွမ်းသော ဣသရေလပြည်သည် မတည်ရှိတော့ဘဲ၊ ယနေ့ကာလ၏ ဣသရေလပြည်သည် ထမြောက်လေပြီ၊ လောကကြီးတွင် ၎င်းသည် မားမားမတ်မတ်နှင့် မြင့်မြင့်မားမားရှိကာ လူသားမျိုးနွယ်အားလုံးတို့၏ နှလုံးသားများထဲတွင် တည်လျက်ရှိသည်။ ယနေ့ကာလ၏ ဣသရေလပြည်သည် ငါ၏လူများမှတစ်ဆင့် ဖြစ်တည်ရာရင်းမြစ်ကို ဧကန်အမှန်ပင် ရရှိလိမ့်မည်။ အိုး၊ မုန်းတီးဖွယ် အဲဂုတ္တု။ သင်သည် ငါအား ဆန့်ကျင်၍နေသေးသလော။ သင်သည် ငါ၏သနားကရုဏာကို အခွင့်ကောင်းယူလျက် ငါ၏ပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်ရန် မည်သို့ ကြိုးစားနိုင်သနည်း။ သင်သည် ငါ၏ပြစ်တင်ဆုံးမခြင်း အတွင်း၌ မည်သို့ ရှိမနေနိုင်သနည်း။ ငါချစ်သောသူ အားလုံးသည် ဧကန်အမှန် ထာဝစဉ် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ ငါ့အား ဆန့်ကျင်သောသူတို့မူကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝစဉ်ခံကြရပေလိမ့်မည်။ အကြောင်းမူကား ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်ပြီး ငါသည် လူအားလုံးကို သူတို့ပြုခဲ့သော အရာများအတွက် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်တော်၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။

၁၉၉၂ ခုနှစ်၊ မတ်လ ၂၉ ရက်

အရှေ့သို့- လူမျိုးအပေါင်းတို့၊ ဝမ်းမြောက်ကြလော့။

နောက်တစ်ခုသို့- အခန်း ၂၇

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။