အခန်း ၃၄

အနန္တတန်ခိုးရှင် ဘုရားသခင်သည် အကြွင်းမဲ့ တန်ခိုးနှင့်ပြည့်စုံပြီး အလုံးစုံအထမြောက်ကာ လုံးလုံးလျားလျား စစ်မှန်သောဘုရားသခင်ဖြစ်သည်။ ကိုယ်တော်သည် ကြယ်ခုနှစ်လုံးကို ကိုင်ဆောင်သည်သာမက၊ ဝိညာဉ်တော်ခုနှစ်ပါးနှင့် ပြည့်စုံကာ မျက်လုံးခုနှစ်လုံးရှိပြီး တံဆိပ် ခုနှစ်ချက်ကိုဖွင့်၍ စာစောင်ကိုဖွင့်သည့်အပြင်၊ ဘေးဒဏ်ခုနှစ်ပါးနှင့် ဖလားခုနှစ်လုံးကို သူ စီမံအုပ်ချုပ်ပြီး ခုနှစ်ချက်သော မိုးကြိုးသံများကို ထုတ်ဖော်လေသည်။ လွန်လေပြီး သောအခါကလည်း ကိုယ်တော်သည် တံပိုးခုနှစ်လုံးကို မှုတ်တော်မူခဲ့သတည်း။ ကိုယ်တော်ဖန်ဆင်း၍ စုံလင်စေခဲ့သော အရာအားလုံးသည် ကိုယ်တော့်ကိုချီးမွမ်းသင့်ပြီး ကိုယ်တော့်ကို ဂုဏ်တင်ကာ ကိုယ်တော်၏ပလ္လင်တော်ကို ထောမနာပြုသင့်သည်။ အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်သည် ခပ်သိမ်းသောအရာ ဖြစ်၏။ ကိုယ်တော်သည် အရာခပ်သိမ်းကို ပြီးမြောက်အောင်မြင်ခဲ့ပြီးဖြစ်ပြီး ကိုယ်တော်နှင့်ဆိုလျှင် အားလုံးသည် ပြီးပြည့်စုံကာ လင်းလက်တောက်ပပြီး အဆီးအတားမှ လွတ်ကင်း၍ လွတ်လပ်၊ သန်မာကာ တန်ခိုးနှင့် ပြည့်ပေ၏။ မည်သည့်အရာမျှ ဖုံးကွယ်ထားခြင်း သို့မဟုတ် ကွယ်ဝှက်ထားခြင်း အလျဉ်းမရှိပေ။ အားလုံးသော နက်နဲရာများသည် ကိုယ်တော်နှင့်ဆိုလျှင် ထုတ်ဖော်ခံကြရသည်။ ထို့အပြင် ကိုယ်တော်သည် ကိုယ်တော်၏ များပြားလှသော ရန်သူများကို တရားစီရင်ခဲ့၍ ကိုယ်တော်၏ ဘုန်းအာနုဘော်ကိုထုတ်ဖော်ကာ ကိုယ်တော်၏ ပြင်းထန်သော်မီးကို ပေါ်လွင်စေပြီး အမျက်ဒေါသကိုပြသည့်အပြင်၊ ကိုယ်တော်၏ မကြုံစဖူးဖြစ်သော၊ ထာဝရခိုင်မြဲသော၊ လုံးလုံးလျားလျား အနန္တဖြစ်သော ဘုန်းတော်ကိုပြသလေသည်။ လူမျိုးအပေါင်းတို့သည် လုံးဝဉဿုံ စစ်မှန်သော၊ အကြွင်းမဲ့ အသက်ရှင်သော၊ ကြွယ်ဝသော၊ ဘုန်းကြီးပြီး စစ်မှန်သော ဘုရားသခင်ဖြစ်သည့် ကမ္ဘာအဆက်ဆက် ဖြစ်သော အနန္တတန်ခိုးရှင်ကို ထောမနာပြုလျက် ခြွင်းချက်မရှိ ချီးမွမ်း၍ သီချင်းဆိုရန် နိုးထသင့်ပေသည်။ ကိုယ်တော်၏ ပလ္လင်တော်သည် အဆက်မပြတ် ချီးမွမ်းခံရသင့်သည်၊ ကိုယ်တော်၏ သန့်ရှင်းသော နာမသည် ချီးမွမ်းခံရပြီး ဘုန်းပွင့်တော်မူခြင်း ခံရသင့်သည်။ ဤသည်မှာ ငါဘုရားသခင်၏ ထာဝရအလိုတော်ဖြစ်ကာ ငါတို့အပေါ် ကိုယ်တော်ထုတ်ဖော်ပြပြီး နှင်းအပ်သည့် အကန့်အသတ်မဲ့သော ကောင်းချီးပေတည်း။ ငါတို့အထဲမှ မည်သူသည် ယင်းကို မဆက်ခံရသနည်း။ ဘုရားသခင်၏ ကောင်းချီးကို ဆက်ခံရန်အတွက် လူတစ်ဦးသည် ကိုယ်တော်၏ သန့်ရှင်းသောနာမကို ချီးမွမ်းပြီး ကိုယ်တော်၏ပလ္လင်ကို ကိုးကွယ်လျက် ဝန်းရံရန် လာရမည်ဖြစ်သည်။ ကိုယ်တော်၏ရှေ့သို့ အခြားအကြောင်းရင်းများနှင့် အခြားရည်ရွယ်ချက်များဖြင့် သွားကြသောသူများအားလုံးသည် ကိုယ်တော်၏လောင်သောမီးဖြင့် အရည်ပျော်ပျောက်ကွယ် သွားကြမည်ဖြစ်သည်။ ယနေ့သည် ကိုယ်တော်၏ရန်သူများ တရားစီရင်ခြင်းခံကြရမည့် နေ့ရက်ဖြစ်ပြီး သူတို့ ပျက်စီးရမည်မှာလည်း ဤနေ့မှာပင်ဖြစ်သည်။ ထို့အပြင် ယင်းမှာ ငါ အနန္တတန်ခိုးရှင် ဘုရားသခင် ထုတ်ဖော်ခြင်း ခံရမည့်နေ့နှင့် ဘုန်းအသရေကို ငါရရှိမည့်နေ့လည်း ဖြစ်သည်။ အို လူမျိုးအပေါင်းတို့၊ ရှေးအတီတေကာလမှ အဆုံးမရှိသောကာလအထိ ငါတို့အား မေတ္တာကျေးဇူးတော်ကိုပို့၍ ကယ်တင်ခြင်းအား အထမြောက်စေပြီး ငါတို့ကို ကောင်းချီးများပေးကာ သူ၏သားများကို စုံလင်စေပြီး သူ၏နိုင်ငံတော်ကို အောင်အောင်မြင်မြင် စွမ်းဆောင်ရရှိသော အနန္တဘုန်းတန်ခိုးရှင် ဘုရားသခင်ကို ထောမနာပြု၍ ကြိုဆိုရန် အလျင်အမြန်ထကြလော့။ ဤအရာသည် ဘုရားသခင်၏ အံ့သြဖွယ် ဆောင်ရွက်ချက်ပင်ဖြစ်လေသတည်း။ ဤအရာသည် ဘုရားသခင်ကိုယ်တော်တိုင် ငါတို့ကို ကယ်တင်ရန်၊ စုံလင်စေရန်နှင့် ဘုန်းတော်ထဲသို့ ခေါ်ဆောင်သွားရန် ကိုယ်တော်၏ ထာဝရတည်သော ကြိုတင်ခွဲခန့်မှတ်သားထားချက်နှင့် စီမံမှုဖြစ်၏။

ထပြီး သက်သေမခံသောသူအားလုံးသည် မျက်ကန်းသူတို့၏ ဘိုးဘေးဘီဘင်များ၊ မသိနားမလည်သောသူတို့၏ ဘုရင်များ ဖြစ်ကြ၏။ ထိုသူတို့သည် ထာဝရ မသိနားမလည်သူများ၊ ထာဝရ မိုက်သောသူများနှင့် ထာဝရသေနေသောမျက်ကန်းများ ဖြစ်သွားကြမည်။ ငါတို့၏ ဝိညာဉ်များသည် နိုးကြားသင့်သည်မှာ ယင်းအကြောင်းရင်းကြောင့် ဖြစ်သည်။ လူသားအားလုံး ထသင့်သည်။ ဘုန်းတော်၏ ဘုရင်၊ ကရုဏာတော်၏အဖ၊ ရွေးနုတ်ခြင်း၏သားတော်၊ ကြွယ်ဝသော ဝိညာဉ်တော်ခုနှစ်ပါးနှင့် ဘုန်းအာနုဘော်ဖြစ်သော လောင်သောမီးနှင့် ဖြောင့်မတ်သော တရားစီရင်မှုကို ယူဆောင်လာသော၊ အကြွင်းမဲ့ လုံလောက်သော၊ ကြွယ်ဝသော၊ အနန္တတန်ခိုးရှိ၍ ပြီးပြည့်စုံသော အနန္တတန်ခိုးရှင် ဘုရားသခင်ကို အဆုံးမရှိ သြဘာပေး၊ ချီးမွမ်း၍ ထောမနာပြုကြလော့။ ကိုယ်တော်၏ပလ္လင်သည် အစဉ်အမြဲ ချီးမွမ်းခြင်းခံရလိမ့်မည်။ ဤအရာသည် ဘုရားသခင်၏ ဉာဏ်ပညာဖြစ်ကြောင်း၊ ကိုယ်တော်၏ အံ့သြဖွယ်ကောင်းသော ကယ်တင်ခြင်းသို့ လမ်းခရီးဖြစ်ကြောင်းနှင့် ကိုယ်တော်၏ ဘုန်းကြီးသော အလိုတော်၏ အောင်မြင်မှု ဖြစ်ကြောင်း လူအားလုံး မြင်သင့်သည်။ ငါတို့ ထပြီး သက်သေမခံလျှင်၊ ထိုအချိန်အခါ ကုန်လွန်ပြီးသည်နှင့် ပြောင်းလဲ၍မရပေ။ ငါတို့သည် ကောင်းချီးများ သို့တည်းမဟုတ် ကံဆိုးခြင်းများ ရရှိမည်လော ဆိုသည်ကို ငါတို့ခရီး၏ ဤလက်ရှိအဆင့်အတောအတွင်း ယခုအချိန်၌ ငါတို့ အဘယ်အရာကို လုပ်ဆောင်သည်၊ အဘယ်အရာကို တွေးတောသည်နှင့် အဘယ်အရာကို အသက်ရှင်နေထိုင်သည်တို့အပေါ် အခြေခံကာ ဆုံးဖြတ်ခြင်းကို ခံနေရသည်။ သင်တို့သည် မည်ကဲ့သို့ ပြုမူသင့်သနည်း။ ဘုရားသခင်အတွက် သက်သေခံပြီး သူ့ကိုထာဝရ ချီးမွမ်းကြ၊ ထာဝရတည်၍ အတုမရှိဘဲ စစ်မှန်သော ဘုရားသခင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်တည်းဟူသော နောက်ဆုံးသောကာလ၏ ခရစ်တော်ကို ချီးမွမ်းကြလော့။

ဘုရားသခင်ကို သက်သေမခံသော၊ ဤအတုမရှိသော၊ စစ်မှန်သော ဘုရားသခင်အတွက် သက်သေမခံသောသူအားလုံးနှင့် ကိုယ်တော့်အပေါ် သံသယ ထားသိုသောသူတို့အားလုံးသည် မကျန်းမာကြကာ သေဆုံးကြပြီး ဘုရားသခင်ကို အာခံသူများ ဖြစ်ကြောင်းကို ယခုအချိန်မှစပြီး သင်တို့ ရှင်းရှင်းလင်းလင်း မြင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှေးသရောအခါ ကတည်းကပင် သက်သေပြခဲ့ကြပြီးဖြစ်သည်- ငါနှင့်စုရုံးခြင်း မရှိသူအားလုံးသည် ကွဲလွင့်ကြပြီး ငါ့ဘက်ကမဟုတ်သောသူတို့သည် ငါ့ကိုဆန့်ကျင်သောသူများ ဖြစ်ကြသည်။ ဤအရာသည် ကျောက်ပေါ်တွင် ရေးထွင်းထားသော မပြောင်းလဲနိုင်သည့် သမ္မာတရားဖြစ်သည်။ ဘုရားသခင်အတွက် သက်သေမခံသောသူများသည် စာတန်၏ လက်ပါးစေများဖြစ်ကြသည်။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်၏ သားသမီးများကို စိတ်အနှောင့်အယှက်ပေးရန်၊ လှည့်ဖြားရန်နှင့် ကိုယ်တော်၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်ရန်လာခဲ့ကြလေပြီ၊ သူတို့ကို သတ်ရမည်ဖြစ်သည်။ ထိုသူတို့အပေါ် ကောင်းမွန်သော စေတနာများကို ပြသူအားလုံးသည် သူတို့ကိုယ်တိုင်၏ ပျက်စီးရာပျက်စီးကြောင်းကို ရှာနေကြခြင်း ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို နားထောင်ပြီး ယုံကြည်သင့်သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်၏ လမ်းကြောင်းကို လျှောက်လှမ်းကာ ဘုရားသခင်၏ ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်‌နေထိုင်သင့်သည်။ ထို့အပြင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပလ္လင်တော်ကို ထာဝရ ချီးမွမ်းသင့်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဝိညာဉ်တော်ခုနှစ်ပါး၏ ဘုရားသခင်ဖြစ်သည်။ မျက်လုံးခုနှစ်လုံးနှင့် ကြယ်ခုနှစ်လုံးတို့၏ ဘုရားသခင်မှာလည်း ကိုယ်တော်ပင်ဖြစ်သည်။ ကိုယ်တော်သည် တံဆိပ်ခုနှစ်ချက်ကို ဖွင့်ပြီး စာစောင်တစ်ခုလုံးကို သူဖွင့်ခဲ့သည်။ ကိုယ်တော်သည် တံပိုးခုနှစ်လုံးကို မှုတ်ခဲ့ပြီး ဖလားခုနှစ်လုံးနှင့် ဘေးဒဏ်ခုနှစ်ပါးကို ကိုယ်တော်၏အလိုတော်အတိုင်း လွှတ်ထုတ်ရန် ကိုယ်တော့်လက်ထဲတွင် ရှိနေသည်။ အို၊ အစဉ်အမြဲ တံဆိပ်ခတ်ထားခြင်း ခံရသော မိုးကြိုးသံ ခုနှစ်ချက်တို့။ ၎င်းတို့ကို ထုတ်ဖော်ရာအချိန်သည် ကျရောက်လာလေပြီ။ မိုးကြိုးသံ ခုနှစ်ချက်ကို ယူလာပေးမည့်သူသည် ငါတို့၏ မျက်စိရှေ့တွင် ပေါ်ထွန်းခဲ့နှင့်ပြီး ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်နှင့်ဆိုလျှင် အရာရာတိုင်းသည် အတားအဆီးမှ လွတ်ကင်း၍ လွတ်လပ်၏။ အခက်အခဲများမရှိ၊ အရာရာတိုင်းသည် ချောမွေ့စွာ စီးဆင်းပေ၏။ အဘယ်အရာမျှ သင့်ကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုရဲဘဲ အရာရာတိုင်းသည် သင့်ကို ကျိုးနွံနာခံကြသည်။ ကျိုးနွံနာခံခြင်း မရှိသူအားလုံးသည် သေဆုံးကြအံ့။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ မျက်လုံးခုနှစ်လုံးရှိသော ဘုရားသခင်။ အရာရာတိုင်းသည် လုံးလုံးလျားလျား ရှင်းလင်းပြီး အရာရာတိုင်းသည် တောက်ပကာ ဖုံးအုပ်ထားခြင်းမရှိဘဲ ထုတ်ဖော်ထားပြီး ဖွင့်ချထားသည်။ ကိုယ်တော်နှင့်ဆိုလျှင် အရာရာတိုင်းသည် ရှင်းလင်းပြတ်သားပြီး ဘုရားသခင် ကိုယ်တော်တိုင်သည်သာ ဤကဲ့သို့ မဟုတ်ဘဲ၊ ကိုယ်တော်၏သားများသည်လည်း ထိုနည်းနှင်နှင် ဖြစ်ကြသည်။ မည်သူမျှ၊ မည်သည့်အရာမျှ၊ မည်သည့်အကြောင်းအရာမျှ ကိုယ်တော်နှင့် ကိုယ်တော်၏သားများရှေ့မှောက်တွင် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကြယ်ခုနှစ်လုံးတို့သည် တောက်ပနေကြသည်။ အသင်းတော်သည် ကိုယ်‌တော်အားဖြင့် စုံလင်စေခြင်းကို ခံခဲ့ပြီးဖြစ်သည်။ ကိုယ်တော်သည် ကိုယ်တော့်အသင်းတော်၏ စေတမန်များကို သတ်မှတ်ပြီး အသင်းတော်တစ်ခုလုံးသည် ကိုယ်တော်၏ ပြဋ္ဌာန်းချက်အတွင်းတွင် ရှိသည်။ ကိုယ်တော်သည် တံဆိပ်ခုနှစ်ချက်စလုံးကို ဖွင့်ပြီး သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့် သူ၏အလိုတော်ကို သူကိုယ်တော်တိုင် အပြီးသတ်စေလေသည်။ စာစောင်သည် ကိုယ်တော်၏စီမံခန့်ခွဲမှု၏ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်ဘာသာစကားဖြစ်ပြီး ကိုယ်တော်သည် ထိုစာစောင်ကို ဖွင့်ပြ၍ ထုတ်ဖော်ပြီးဖြစ်သည်။

လူသားအားလုံးတို့သည် ကိုယ်တော်၏တံပိုးခုနှစ်လုံး မြည်ဟည်းသံကို နားထောင်သင့်သည်။ ကိုယ်တော်နှင့်ဆိုလျှင် အရာရာတိုင်းကို ဘယ်သောအခါမျှ ပြန်လည်ဖုံးကွယ်မထားတော့ရန် ကြေညာထားပြီး နောက်ထပ်ဝမ်းနည်းစရာ မရှိတော့ပေ။ အရာအားလုံးကို ဖော်ထုတ်ထားပြီး အရာအားလုံးသည် အောင်မြင်လေသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏ တံပိုးခုနှစ်လုံးသည် ပွင့်နေကြကာ ဘုန်းကြီး၍ အောင်ပွဲခံသော တံပိုးများဖြစ်သည်။ ၎င်းတို့သည် ကိုယ်တော်၏ရန်သူများကို တရားစီရင်သော တံပိုးများလည်း ဖြစ်ကြသည်။ ကိုယ်တော်၏အောင်ပွဲအလယ်တွင် ကိုယ်တော်၏ တံပိုးခရာသည် ချီးမွမ်းခြင်း ခံနေရသည်။ ကိုယ်တော်သည် စကြဝဠာတစ်ခုလုံးအပေါ် အုပ်စိုးလေသည်။

ကိုယ်တော်သည် ဘေးဒဏ်များ၏ ဖလားခုနှစ်လုံးကို ပြင်ဆင်ထား၏၊ သူ၏ရန်သူများကို ပစ်မှတ်ထားကာ ယင်းတို့ကို ပြင်းထန်စွာ ဒလဟောစီးနေသည့် ရေအလျဉ်သို့ လွှတ်ပေးပြီး ထိုရန်သူတို့သည် ကိုယ်တော့်လောင်သောမီးများ၏ မီးတောက်များထဲတွင် ဝါးမျိုခြင်းကို ခံကြရလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ့သြဇာအာဏာ၏ခွန်အားကိုပြပြီး ကိုယ်တော်၏ရန်သူအားလုံး ပျက်စီးကြသည်။ နောက်ဆုံးသော မိုးကြိုးသံခုနှစ်ချက်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ရှေ့မှောက်တွင် တံဆိပ်ခတ်ထားခြင်းခံရန် မဟုတ်တော့ပေ။ ၎င်းတို့အားလုံးကို ထုတ်ဖော်ထားသည်။ သူတို့အားလုံးကို ထုတ်ဖော်ထားသည်။ ကိုယ်တော်သည် မြေကြီးကို ဘယ်သောအခါမျှ ထပ်မံ၍ ဖျက်ဆီးခြင်း မခံရစေတော့ရန် တည်ငြိမ်စေကာ သူ့အား အစေခံစေလျက်၊ သူ၏ရန်သူများကို မိုးကြိုးသံ ခုနှစ်ချက်ဖြင့် သေစေ၏။

ဖြောင့်မတ်သော အနန္တတန်ခိုးရှင်ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ်တို့ ထာဝရ ချီးမွမ်းပါ၏။ ကိုယ်တော်သည် အဆုံးမရှိသော ချီးမွမ်းခြင်းနှင့် ထာဝရ ထောမနာပြုခြင်းနှင့် ချီးမြှောက်ခြင်းကို ခံထိုက်ပေ၏။ ကိုယ်တော်၏ မိုးကြိုးသံ ခုနှစ်ချက်သည် ကိုယ်တော်၏ တရားစီရင်ခြင်းအတွက် အသုံးပြုခြင်းခံရရန် သက်သက်သာမဟုတ်ဘဲ၊ အရာအားလုံးကို စုံလင်စေရန်အလို့ငှာ ကိုယ်တော်၏ ဘုန်းတော်နှင့် ဩဇာအာဏာအတွက် သာ၍ အသုံးပြုခြင်းခံရရန် ဖြစ်ပေသည်။

လူမျိုးအပေါင်းသည် နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်ကို ထောမနာပြုလျက် ချီးမွမ်းကာ ပလ္လင်တော်ရှေ့တွင် အောင်ပွဲကျင်းပသည်တကား။ ထိုသူတို့၏ အသံများသည် မိုးကြိုးသံအလား စကြဝဠာတစ်ခွင်လုံးကို လှုပ်ခါလေ၏။ အရာခပ်သိမ်းသည် အမှန်တကယ်ပင် ကိုယ်တော့်ကြောင့်သာ တည်ရှိကြပြီး ကိုယ်တော့်ကြောင့်သာ ပေါ်ပေါက်ကြသည်။ အားလုံးသော ဘုန်းတော်၊ ဂုဏ်အသရေ၊ သြဇာအာဏာ၊ ဉာဏ်ပညာ၊ သန့်ရှင်းခြင်း၊ အောင်နိုင်ခြင်းနှင့် ဗျာဒိတ်တော်များသည် ကိုယ်တော်ကြောင့်သာ လုံးလုံးလျားလျား ဖြစ်ကြောင်း မမှတ်ယူဘဲ မည်သူ နေဝံ့သနည်း။ ယင်းသည် ကိုယ်တော်၏အလိုတော် ပြီးမြောက်ခြင်းဖြစ်ပြီး ကိုယ်တော်၏စီမံခန့်ခွဲမှုကို ဖော်ဆောင်ခြင်း၏ နောက်ဆုံး အပြီးသတ်ခြင်း ဖြစ်သည်။

အရှေ့သို့- အခန်း ၃၃

နောက်တစ်ခုသို့- အခန်း ၃၅

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။