အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၃၅

ပလ္လင်မှ ထွက်ပေါ်လာသော မိုးချုန်းသံ ခုနှစ်ချက်သည် စကြဝဠာကို တုန်ခါစေ၍၊ ကောင်းကင် နှင့် မြေကြီးကို မှောက်လှန်စေကာ၊ မိုးကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်လေ၏။ အလွန် စူးရှသော အသံ ဖြစ်ခြင်းကြောင့် လူတို့သည် ယင်းအသံမှ လွတ်မြောက်နိုင်ခြင်း၊ ပုန်းကွယ်နိုင်ခြင်း မရှိ။ လျှပ်ပြက်ခြင်း အလင်းရောင်များ နှင့် တအုန်းအုန်းမြည်သော မိုးချုန်းသံတို့ကို စေလွှတ်သည်ဖြစ်၍၊ ကောင်းကင် နှင့် မြေကြီးနှစ်ခုလုံးကို ချက်ချင်းပင် ပြောင်းလဲသွားစေသည်။ လူတို့သည်လည်း သေလုမြောပါး ဖြစ်ကြလေ၏။ ထို့နောက် ပြင်းထန်သော မိုးသက်မုန်တိုင်း တစ်ခုသည် စကြဝဠာတစ်ခုလုံးကို လျှပ်တစ်ပြက်အတွင်း ရိုက်ခတ်ကာ၊ မိုးကောင်းကင်မှ ပြိုကျလာလေသည်။ အကြိုအကြားမကျန် သည်းထန်စွာ ရွာသွန်းသော မိုးကဲ့သို့ဖြစ်၍၊ ကမ္ဘာမြေကြီး၏ အစွန်ဆုံးသော နေရာများတွင် အစွန်းအထင်း တစ်စုံတစ်ခုမှ မကျန်စေဘဲရှိ၏။ ယင်းသည် ဦးခေါင်းမှ ခြေဖျားအထိ အလုံးစုံ ဆေးကြောခြင်း ဖြစ်သောကြောင့်၊ ယင်းထံမှ မည်သည့်အရာမျှ ပုန်းကွယ်၍မရသကဲ့သို့၊ မည်သူမျှ လွတ်မြောက်အောင် မကာကွယ်နိုင်ပေ။ ဝင်းခနဲလက်ခနဲဖြင့် ကြောက်မက်ဖွယ် လျှပ်ပြက်ရောင်များကဲ့သို့သော တအုန်းအုန်း မိုးချုန်းသံတို့သည် လူတို့အား ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်စေ၏။ အသွားနှစ်ဖက်ပါသည့် ထက်သော သန်လျက်သည် ပုန်ကန်ခြင်း၏ သားများကို အဆုံးစီရင်လေသည်။ ရန်သူသည် ပြေး၍ ခိုလှုံစရာ လုံးလုံး မရှိဘဲ၊ ကပ်ဘေးကို ရင်ဆိုင်ရကာ၊ ၎င်းတို့၏ ဦးခေါင်းများသည် ပြင်းထန်သော မုန်တိုင်းထဲတွင် ချာချာလည်ကြ၏။ ထို့နောက် မေ့မြောကုန်သော ၎င်းတို့သည် စီးဆင်းနေသော ရေထဲသို့ ချက်ချင်း လဲကျသေဆုံးကာ၊ ရေစီး၌ မျောပါသွားကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ အသက်များကို ကယ်ရန် မည်သည့် နည်းလမ်းမျှ မရှိဘဲ သေဆုံးကြရ၏။ မိုးချုန်းသံ ခုနှစ်ချက်သည် ငါ့ထံမှ ထွက်လာပြီး၊ ယင်းတို့သည် အဲဂုတ္တုပြည်၏ အကြီးဆုံးသားများကို အဆုံးစီရင်ရန်၊ မတရားသောသူတို့အား အပြစ်ဒဏ်ပေးရန်နှင့် ငါ၏ အသင်းတော်များကို သန့်ရှင်းစေရန်ဟူသော ငါ၏ ရည်ရွယ်ချက်ကို သိရှိစေ၏။ သို့မှသာ အယောက်တိုင်းသည် တစ်ဦးနှင့် တစ်ဦး နီးကပ်စွာ ဆက်နွယ်မှု ရှိကြ၍၊ ၎င်းတို့သည် တူညီစွာ စဉ်းစား ပြုမူကြပြီး၊ ငါနှင့် စိတ်နှလုံး တစ်ခုတည်း ဖြစ်ကြမည်။ သို့မှသာ စကြဝဠာထဲရှိ အသင်းတော်အားလုံးကို တစ်ခုတည်း တည်ဆောက်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ငါ၏ ရည်ရွယ်ချက် ဖြစ်၏။

မိုးချုန်းသံ မြည်သည့်အခါ၊ လှိုင်းလုံးတို့၏ အဆက်မပြတ် မြည်ဟည်းသံများ ဖြစ်ပေါ်လေ၏။ အချို့တို့သည် ၎င်းတို့၏ အိပ်စက်ခြင်းမှ နိုးထ၍၊ ၎င်းတို့၏ စိတ်ဝိညာဉ်များထဲ၌ ကြီးစွာသော ထိတ်လန့်မှုဖြင့် နက်နက်နဲနဲ ရှာဖွေလျက်၊ ပလ္လင်ရှေ့သို့ အပြေးအလွှား ပြန်လာကြလေသည်။ ၎င်းတို့သည် လှည့်စားခြင်း၊ လိမ်လည်ခြင်းနှင့် ဒုစရိုက်များ ကျူးလွန်ခြင်းကို ရပ်တန့်ပစ်ကြရာ၊ ယင်းကဲ့သို့သော လူတို့အတွက် နိုးထရန် အလွန် နောက်မကျသေးချေ။ ငါသည် ပလ္လင်ထက်မှ စောင့်ကြည့်လျက်နေသည်။ ငါသည် လူတို့၏ စိတ်နှလုံးများထဲသို့ အတွင်းကျကျ ကြည့်၏။ ငါ့အား လေးလေးနက်နက်ဖြင့် ပြင်းပြစွာ တောင့်တသောသူတို့ကို ငါသည် ကယ်တင်ပြီး၊ ၎င်းတို့ကို ငါသည် သနား၏။ အခြားသောအရာအားလုံးထက် မိမိတို့၏ စိတ်နှလုံးထဲ၌ ငါ့ကို ပို၍ချစ်သောသူများ၊ ငါ၏ အလိုကို နားလည်ကာ၊ ငါ၏နောက်သို့ လမ်းဆုံးတိုင်အောင် လိုက်သောသူများကို ငါသည် ထာဝရကာလထဲသို့ ကယ်တင်ပေမည်။ ငါ၏လက်သည် ၎င်းတို့အား ဘေးကင်းလုံခြုံစွာ ဆုပ်ကိုင်ထားမည်ဖြစ်၍၊ ၎င်းတို့သည် ဤ အဖြစ်အပျက်ကို မရင်ဆိုင်ကြရဘဲ၊ ၎င်းတို့အပေါ် ဘေးအန္တရာယ် ကျရောက်ခြင်းလည်း ရှိမည်မဟုတ်။ အချို့တို့သည် ဤသို့ ပြိုးပြက်သော လျှပ်ပြက်ခြင်း မြင်ကွင်းကို မြင်သည့်အခါ၊ ၎င်းတို့အနေဖြင့် ခံစားမိသည်ကို ထုတ်ပြောရန် ခက်ခဲတော့မည်ဟူ၍ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဝမ်းနည်းမိကြ၏။ ၎င်းတို့၏ နောင်တများသည် လွန်စွာ အချိန်နှောင်းမှ ရောက်လာခြင်း ဖြစ်လေသည်။ အကယ်၍ ၎င်းတို့သည် ဤနည်းဖြင့် ပြုမူခြင်းကို မလျှော့တမ်းဆက်လုပ်လျှင်၊ ၎င်းတို့အတွက် အလွန်ပင် နောက်ကျပေမည်။ အို၊ ခပ်သိမ်းသောအရာ၊ ခပ်သိမ်းသော အရာတို့ပင်ဖြစ်၏။ အားလုံးတို့သည် ပြီးမြောက်ပေလိမ့်မည်။ ဤသည်မှာ ငါ၏ ကယ်တင်ခြင်း နည်းလမ်းများထဲမှ တစ်ခု ဖြစ်၏။ ငါ့ကို ချစ်သောသူများကို ငါသည် ကယ်တင်၍၊ ဆိုးယုတ်သောသူများကို ငါသည် အဆုံးစီရင်မည်။ ဤသို့လျှင် ငါ၏ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်၌ မြဲမြံ ခိုင်ခံ့လိမ့်မည်ဖြစ်ကာ၊ ငါသည် ဘုန်းအာနုဘော် ဖြစ်ကြောင်း၊ တောက်လောင်သော မီး ဖြစ်ကြောင်း၊ လူအယောက်တိုင်း၏ အတွင်းဆုံး စိတ်နှလုံးကို ရှာဖွေသော ဘုရားသခင် ဖြစ်ကြောင်းကို၊ စကြဝဠာအစွန်းရှိ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့သည် သိကြလိမ့်မည်။ ဤအချိန်မှစတင်၍ ဖြူသောပလ္လင်ကြီး၏ တရားစီရင်ခြင်းအား လူအပေါင်းတို့ သိစေရန် လူရှေ့ဘုရားရှေ့တွင် ထုတ်ဖော်ပြလိုက်သည်၊ ထို့အပြင် တရားစီရင်ခြင်း အစပြုပြီ ဖြစ်ကြောင်း လူမျိုးအပေါင်းတို့ထံသို့ ကြေညာလိုက်သည်။ မိမိတို့၏ စကားများက စိတ်ရင်းအတိုင်းမဖြစ်သောသူအပေါင်း၊၊ သံသယဖြစ်ကာ သေချာရန် မဝံ့ရဲသောသူများ၊ အချိန်ကို အလဟဿ ဖြုန်းတီးသောသူများ၊ ငါ၏ ဆန္ဒများကို နားလည်သော်လည်း ယင်းတို့အား လက်တွေ့ကျင့်ဆောင်ရန် အလိုမရှိသောသူများသည် တရားစီရင်ခြင်းကို ခံကြရမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို သေချာစွာ စစ်ဆေးရမည်၊ သင်တို့အတွက် ဆီလျော်သောနေရာကို ယူကာ ငါ ပြောသောအရာတို့ကို စေ့စပ်စွာ လက်တွေ့ကျင့်ဆောင်၍၊ သင်တို့၏ အသက်တာ အတွေ့အကြုံများအပေါ် အလေးထားခြင်း ရှိရမည်၊ အပြင်ပန်းတွင် တက်တက်ကြွကြွရှိသကဲ့သို့ ဟန်မဆောင်ဘဲ၊ သင်တို့၏ အသက်တာများ ကြီးထွားစေရန်၊ ရင့်ကျက်စေရန်၊ တည်ငြိမ်စေရန်နှင့် အတွေ့အကြုံရင့်စေရန် ပြုရမည်၊ ထိုမှသာ ငါ၏စိတ်နှလုံးအလိုကို လိုက်သောသူ ဖြစ်လိမ့်မည်။

၎င်းတို့ အကျိုးရှိသည့်အရာများအပေါ် အမြတ်ထုတ်ရန်အတွက် ငါ တည်ဆောက်နေသော အခွင့်အလမ်း တစ်စုံတစ်ရာကို နှောင့်ယှက် ဖျက်ဆီးသည့် စာတန်၏ အစေအပါးများနှင့် ဝိညာဉ်ဆိုးများကို ငြင်းပယ်ကြလော့။ ၎င်းတို့အား အပြင်းအထန် ကန့်သတ်၍ ထိန်းချုပ်ရမည်ဖြစ်ကာ၊ ၎င်းတို့အား ထက်သော သန်လျက်များကို အသုံးပြု၍သာ ဆုံးမနိုင်၏။ အဆိုးဆုံးသော အကောင်များကို အနာဂတ်တွင် မည်သည့်အန္တရာယ်မျှ မပြုတော့စေရန်အလို့ငှာ၊ မဆိုင်းမတွ အမြစ်ဖြတ် ဖယ်ရှားပစ်ရမည်။ ထိုအခါ အသင်းတော်သည် စုံလင်ခြင်းသို့ ရောက်ကာ၊ မည်သည့် ချို့ယွင်းမှုမျှ မရှိဘဲ ကောင်းမွန်နေမည်ဖြစ်သကဲ့သို့၊ တက်ကြွမှု၊ အားထုတ်မှု အပြည့်ဖြင့် ရှိပေမည်။ ပြိုးပြက်သော လျှပ်ပြက်ခြင်းနောက်တွင်မူ မိုးချုန်းသံများ မြည်ဟည်း၏။ သင်သည် လျစ်လျူမရှုရ၊ ထို့ပြင် သင်သည် အမီလိုက်ရန် အစွမ်းကုန် လုပ်ဆောင်သည်မှတစ်ပါး လက်မလျှော့ရ။ ထိုအခါ ငါ၏လက်သည် မည်သည်တို့ကို လုပ်ဆောင်ကြောင်း၊ မည်သည်တို့ကို ငါ ရကြောင်း၊ မည်သည်တို့ကို ငါ စွန့်ပစ်ကြောင်း၊ မည်သည်တို့ကို ငါ စုံလင်စေကြောင်း၊ မည်သည်တို့ကို ငါ အမြစ်ဖြတ် ဖယ်ရှားကြောင်း၊ မည်သည်တို့ကို ငါ အဆုံးစီရင်ကြောင်းကို သင့်အနေဖြင့် ဧကန် မြင်နိုင်စွမ်းရှိလာလိမ့်မည်။ ဤအရာအားလုံးကို သင်တို့၏ ရှေ့တွင်ပင် ဖွင့်ဟပြမည် ဖြစ်သဖြင့်၊ သင်တို့သည် ငါ၏ အနန္တတန်ခိုးကို ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည်။

ပလ္လင်ထက်မှသည် စကြဝဠာတစ်ခုလုံး၏ အဆုံးစွန်များအထိ မိုးချုန်းသံ ခုနှစ်ချက်သည် ပဲ့တင်ထပ်လေ၏။ မြောက်မြားစွာသော လူစုကြီးတစ်စုသည် ကယ်တင်ခြင်း ခံရမည်ဖြစ်ပြီး၊ ငါ၏ ပလ္လင်ရှေ့တွင် ခစားကြလိမ့်မည်။ ဤအသက်တာ အလင်း၏နောက်တွင်မူ၊ လူတို့သည် ဆက်လက်ရှင်သန်ရန် နည်းလမ်းတစ်ခုကို ရှာဖွေကြလျက်၊ ငါ့ထံသို့ ဒူးထောက် ကိုးကွယ်ရန် ရောက်လာကြကာ၊ ၎င်းတို့၏ နှုတ်များမှ စစ်မှန်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကို ခေါ်ဆိုခြင်း၊ အသနားခံခြင်းများကို မပြုဘဲ နေနိုင်ကြမည် မဟုတ်ချေ။ သို့သော်လည်း ငါ့အား အတိုက်အခံပြုသောသူများ၊ မိမိတို့၏ စိတ်နှလုံးများကို မာကျောစေသော လူများအတွက်မူ၊ မိုးချုန်းသံသည် ၎င်းတို့၏ နားများထဲ၌ ပဲ့တင်ထပ်၍၊ ၎င်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြရမည်မှာ ဧကန်ပင်ဖြစ်၏။ ဤသည်မှာ ၎င်းတို့အတွက် နောက်ဆုံးသော အကျိုးရလဒ်သာ ဖြစ်သည်။ အောင်မြင်သော ငါ၏ ချစ်သားများသည် ဇိအုန်တွင် နေကြရလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ ရရှိမည့်အရာတို့ကို လူအပေါင်းတို့သည် မြင်ကြလိမ့်မည်၊ ထို့အပြင် သင်တို့၏ရှေ့၌ အလွန်ကြီးစွာသော ဘုန်းသည် ပေါ်ထွန်းလာလိမ့်မည်။ ဤသည်မှာ အမှန်ပင် တစ်မူထူးခြားသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်၍၊ ယင်း၏ ချိုမြိန်မှုကို စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှပေသည်။

မိုးချုန်းသံခုနှစ်ချက် ထွက်ပေါ်လာသည့်အခါ၊ ငါ့အား ချစ်သောသူများ၊ ငါ့အား စစ်မှန်သော စိတ်နှလုံးတို့ဖြင့် တောင့်တသောသူများအပေါ် ကယ်တင်ခြင်းသည် ရှိ၏။ ငါ နှင့်သက်ဆိုင်သောသူများ၊ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသောသူများ နှင့် ရွေးချယ်ထားသောသူများ အားလုံးသည် ငါ၏နာမအောက်သို့ ရောက်လာနိုင်ကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ ခေါ်ဆိုခြင်းဖြစ်သော ငါ၏အသံကို ကြားနိုင်လေသည်။ ကမ္ဘာမြေကြီး၏ အဆုံးစွန်တို့၌ ရှိသောသူတို့အား ငါသည် ဖြောင့်မတ်ကြောင်း၊ သစ္စာနှင့်ပြည့်စုံကြောင်း၊ ငါသည် ချစ်ခြင်းမေတ္တာ၊ သနားခြင်းကရုဏာ၊ ဘုန်းအာနုဘော်နှင့် တောက်လောင်သောမီး ဖြစ်ကြောင်း အဆုံး၌ ရက်စက်သော တရားစီရင်ခြင်း ဖြစ်ကြောင်းကို မြင်စေကြလော့။

ငါသည် စစ်မှန်၍ စုံလင်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကို ကမ္ဘာလောကကြီးထဲရှိ လူအပေါင်းတို့ မြင်စေကြလော့။ လူအပေါင်းတို့သည် စိတ်ရောကိုယ်ပါ ယုံကြည်လက်ခံကြလျက်၊ ငါ့အား မည်သူကမျှ နောက်တစ်ဖန် အတိုက်အခံပြုရန်၊ ငါ့အား တရားစီရင်ရန် သို့တည်းမဟုတ် နောက်တစ်ဖန် မဟုတ်မမှန် ပြောဆိုရန် ပြုဝံ့သည်မဟုတ်။ ထိုသို့မဟုတ်လျှင် ၎င်းတို့သည် ကျိန်ဆိုခြင်းကို ချက်ချင်း ရင်ဆိုင်ရမည်ဖြစ်ကာ၊ ဘေးဒုက္ခသည် ၎င်းတို့အပေါ် ကျရောက်လိမ့်မည်။ ၎င်းတို့သည် ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းတို့ကိုသာ ပြု၍၊ ၎င်းတို့၏ပျက်စီးခြင်းထဲသို့ ၎င်းတို့ကိုယ်တိုင် ကျရောက်စေလိမ့်မည် ဖြစ်၏။

လူမျိုးအပေါင်းတို့အား သိစေကြလော့၊ စကြဝဠာ အဆုံးစွန်များအထိ သိစေကြလော့၊ပြီးလျှင် လူ အယောက်တိုင်း သိနိုင်စေလော့။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် ဖြစ်၏၊ လူအပေါင်းသည် တစ်ယောက်ပြီး တစ်ယောက် သူ့အား ဒူးထောက်ကိုးကွယ်ကြလိမ့်မည် ဖြစ်ကာ၊ စကားပြောတတ်စ ကလေးငယ်များပင်လျှင် “အနန္တတန်ခိုးရှင် ဘုရားသခင်” ဟူ၍ ကြွေးကြော်ကြလိမ့်မည်။ အာဏာကို စွဲကိုင်ထားသည့် အရာရှိများသည်လည်း ၎င်းတို့ ရှေ့တွင် ပေါ်ထွန်းလာသည့် စစ်မှန်သော ဘုရားသခင်ကို ၎င်းတို့ မျက်မြင် မြင်တွေ့ကြရလိမ့်မည်။ ၎င်းတို့သည် သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းကို တောင်းခံကြလျက်၊ ကိုးကွယ်ခြင်းအားဖြင့် ၎င်းတို့ကိုယ်ကိုယ် ဝမ်းလျားမှောက်၍လည်း ကိုးကွယ်ကြသော်လည်း ၎င်းတို့၏ ပျက်စီးခြင်းအချိန်သည် ရောက်လာခဲ့ပြီဖြစ်သောကြောင့်၊ လွန်စွာ နောက်ကျလေပြီဖြစ်သည်။ ၎င်းတို့အား အတိုင်းမသိ တွင်းနက်ထဲသို့ စီရင်ခြင်းသည် ၎င်းတို့အပေါ် ပြုကိုပြုရမည့် အရာ ဖြစ်၏။ ငါသည် ခေတ်ကာလ တစ်ခုလုံးကို အဆုံးသတ်သို့ ပို့ဆောင်မည်ဖြစ်ကာ၊ ငါ၏ နိုင်ငံတော်ကို ယခင်ကထက် ပို၍ပင် အားကောင်းစေလိမ့်မည်။ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့သည် ငါ၏ရှေ့၌ ထာဝရကာလပတ်လုံး ကျိုးနွံနာခံကြလိမ့်မည် ဖြစ်လေ၏။

ယခင်က:အခန်း ၃၄

နောက်တစ်ခုသို့:အခန်း ၃၆

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ