အခန်း ၃၂

အလင်းဆိုသည်မှာ အဘယ်နည်း။ ယခင်က သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်၏ သဏ္ဌာန်ပြောင်းလဲခြင်းကို အလင်းဟု အကယ်စင်စစ် မှတ်ယူခဲ့ကြ၏။ စစ်မှန်သောအလင်းသည် အစဉ်အမြဲ ရှိပေ၏- ဆိုလိုသည်မှာ ၄င်းသည် ငါထံချဉ်းကပ်လျက် ငါနှင့်မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ဘုရားသခင်၏ ဖြစ်ခြင်းကို ရရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်း ထိုးထွင်းသိမြင်မှု ရရှိခြင်းပြီး ကိုယ်တော်၏နှုတ်ကပတ်တော်များထဲမှ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ပြီးနောက်- ဆိုလိုသည်မှာ ၄င်းတို့ကို စားသောက်နေစဉ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဝိညာဉ်တော်ကို ခံစားရပြီး သင်တို့ကိုယ်တိုင်၏ အတွင်းထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရရှိလျက်၊ သင်သည် အတွေ့အကြုံအားဖြင့် ကိုယ်တော်၏ဖြစ်ခြင်းကို နားလည် သဘောပေါက်ပြီး ကိုယ်တော်နှင့် ပြောဆိုဆွေးနွေးစဉ်တွင်း ဘုရားသခင်၏ အလင်းပေးခြင်းကို လက်ခံရရှိ၏၊ အရာခပ်သိမ်းသည် အလင်းဖြစ်သည်။ စဉ်းစားတွေးတောနေစဉ်အတွင်း မည်သည့်အချိန်တွင်မဆို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အသိဉာဏ်ပွင့်လင်းစေခြင်းကို ခံရနိုင်ပြီး အသစ်သော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်နားလည်ပြီး အလင်းသစ်ကို ခံစားရပါက၊ အစေခံခြင်းတွင် တန်ခိုးရှိလိမ့်မည် မဟုတ်လော။ သင်တို့သည် အစေခံစဉ်တွင် စိတ်ပူပန်လွန်း၏။ ထိုသို့ဖြစ်ရခြင်းမှာ သင်တို့သည် စစ်မှန်မှုကို မထိတွေ့ ရသေး၍ ဖြစ်ပြီး၊ စစ်မှန်သော အတွေ့အကြုံ သို့မဟုတ် ထိုးထွင်းသိမြင်မှု မရှိကြပေ။ သင်၌ စစ်မှန်သော ထိုးထွင်းသိမြင်မှု ရှိခဲ့ပါက၊ မည်သို့ အစေခံရမည်ကို မသိဘဲ နေမည်လော။ အချို့သောကိစ္စများ သင့်အပေါ်သို့ ကျရောက်သည့်အခါ၊ သင်သည် ယင်းတို့ကို ဝီရိယရှိရှိ တွေ့ကြုံခံစားရမည်။ လွယ်ကူပြီး သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင် အခြေအနေမျိုးတွင် သင်သည် ဘုရားသခင်၏ မျက်နှာတော်၏ အလင်းထဲတွင်လည်း နေနိုင်ပါက၊ သင်သည် ဘုရားသခင်၏ မျက်နှာတော်ကို နေ့စဉ် မြင်လိမ့်မည်။ သင်သည် ဘုရားသခင်၏ မျက်နှာတော်ကို မြင်ခဲ့ပြီး ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခဲ့ပါက၊ သင်၌ အလင်း မရှိမည်လော။ သင်တို့သည် စစ်မှန်မှုထဲသို့ မဝင်ဘဲ အပြင်ပန်းတွင် အမြဲရှိနေကြသည်။ အကျိုးဆက်အဖြစ် သင်သည် အဘယ်အရာကိုမျှ ရှာမတွေ့ဘဲ သင့်ဘဝ၌ တိုးတက်မှုသည် နှောင့်နှေးပေတော့သည်။

အပြင်ပန်းကို အာရုံမပြုနှင့်၊ ၄င်းအစား အတွင်း၌ ဘုရားသခင်ထံ ချဉ်းကပ်ပြီး လုံလောက်သောနက်ရှိုင်းခြင်းဖြင့် မိသဟာယဖွဲ့ကာ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်လော့၊ ထိုအခါ သင်၏အစေခံခြင်းတွင် လမ်းကြောင်းတစ်ခုကို ရမည်မဟုတ်လော။ သင်တို့သည် ဝီရိယရှိရှိ အလေးထားပြီး နာခံရန် လိုအပ်သည်။ ငါ၏ နှုတ်ကပတ်တော်များအတိုင်း အရာအားလုံးကိုသာ လုပ်ဆောင်ပြီး ငါညွှန်ပြသောလမ်းကြောင်းများထဲသို့ ဝင်ရောက်ပါက၊ သင်၌ လမ်းကြောင်းတခုရမည် မဟုတ်လော။ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် လမ်းကြောင်းကို သင်တွေ့ရှိပါက၊ သင်သည် ဘုရားသခင်ကို အစေခံရန် လမ်းကြောင်းတစ်ခုကိုလည်း ရပေမည်။ ရိုးရှင်းလှပေ၏။ ဘုရားသခင်၏ မျက်မှောက်တော်သို့ ပိုမိုတိုးဝင်လော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဆင်ခြင်လော့၊ ထိုအခါ သင်၌ လိုအပ်နေသောအရာကို သင်ရရှိလိမ့်မည်။ သင်၌ ထိုးထွင်းသိမြင်မှုအသစ်၊ ဉာဏ်အလင်းဖွင့်ပြမှုအသစ်နှင့် အလင်း ရှိလိမ့်မည်။

အရှေ့သို့- အခန်း ၃၁

နောက်တစ်ခုသို့- အခန်း ၃၃

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။