အခန်း ၃၇

သင်တို့သည် ငါ၏မျက်မှောက်တွင် ယုံကြည်ခြင်း အမှန်ပင် ကင်းမဲ့ကြပြီး လှုပ်ရှားလုပ်ဆောင်ရာတွင် မိမိကိုယ်ကိုယ် အားထားလေ့ရှိကြ၏။"သင်တို့သည် ငါမပါဘဲ မည်သည်မျှ မပြုနိုင်ပေ"။ သို့သော် ဖောက်ပြန်ပျက်စီးသော သင်တို့သည် ငါ့စကားများကို အစဉ်အမြဲ ကြားပြီးသည်နှင့် ချက်ချင်းမေ့ပစ်လိုက်ကြ၏။ ယခုကာလ အသက်တာသည် နှုတ်ကပတ်တော်အားဖြင့် ဖြစ်သော အသက်တာ ဖြစ်ပေ၏၊ နှုတ်ကပတ်တော်မရှိဘဲ အသက်မရှိ၊ အတွေ့အကြုံမရှိ၊ ယုံကြည်ခြင်းမရှိကြောင်း ဖော်ပြခြင်းကိုပင် လျှော့အပ်သည်။ ယုံကြည်ခြင်းသည် နှုတ်ကပတ်တော်များထဲ၌ ရှိ၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ သင့်တို့ကိုယ်သင်တို့ ခြေစုံပစ် သာ၍တိုးဝင်မှသာလျှင် အရာရာကို သင်ရနိုင်သည်။ ကြီးထွားမှု မရှိလိမ့်မည်ကို မစိုးရိမ်နှင့်- အသက်တာသည် ကြီးထွားကို ကြီးထွားပြီး၊ လူတို့၏ စိုးရိမ်ပူပန်ခြင်းမှ ကြီးထွားခြင်းမဟုတ်ပေ။

သင်တို့သည် အမြဲပင် စိုးရိမ်ကြောင့်ကြတတ်လာကြပြီး၊ ငါ၏ ညွှန်ကြားချက်များကို နားမထောင်ကြချေ။ သင်တို့သည် ငါ၏ ခြေလှမ်းကို အမြဲကျော်လွန်လိုကြသည်။ အဘယ်အရာများ ဖြစ်နေသနည်း။ ယင်းသည် လူ၏ပြင်းပြသောဆန္ဒ ဖြစ်သည်။ မည်သည်က ဘုရားသခင်ထံမှလာပြီး မည်သည်က သင်တို့ကိုယ်တိုင်ထံမှ လာသည်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသင့်၏။ စိတ်အားထက်သန်မှုသည် ငါ၏မျက်မှောက်၌ မည်သည့်အခါမျှ ချီးကျူးခံရမည်ဟုတ်ပေ။ သင်တို့သည် မပြောင်းလဲသော အစဉ်သစ္စာ ရှိမှုဖြင့် ငါ့နောက်သို့ အဆုံးတိုင် လိုက်နိုင်ရန် ငါအလိုရှိ၏။ ဤနည်းလမ်းအတိုင်း ပြုမူခြင်းသည် ဘုရားသခင်အား ရိုသေကိုင်းရှိုင်းခြင်းဖြစ်သည်ဟု သင်တို့ ယုံကြည်ကြ၏။ လူကန်းတို့၊ ငါ့မျက်မှောက်သို့ အဘယ်ကြောင့် ရှာဖွေရန် ပိုမိုတိုးဝင်ခြင်းမ ရှိဘဲ သင်တို့ဘာသာသင်တို့ ဟိုဟိုသည်သည် ဖရိုဖရဲဖြစ်ကြသနည်း။ ရှင်းလင်းစွာ မြင်ရမည်။ အကယ်စင်စစ် ယခုအလုပ်လုပ်နေသူမှာ လူပုဂ္ဂိုလ်တစ်ဦးမဟုတ်ဘဲ ယင်းအစား အရာခပ်သိမ်းကို အစိုးရသူ၊ တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် အနန္တတန်ခိုးရှင် ဖြစ်၏။ သင်သည် လျစ်လျူမရှုဘဲ သင်တို့၌ ရှိသမျှအရာအားလုံးကို အမြဲဖက်တွယ်ထားရမည်၊ အကြောင်းမူကား ငါ၏နေ့ရက်သည် နီးကပ်လာပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ဤသို့သော အချိန်၌ပင်လျှင် သင်တို့သည် နိုးထခြင်း မရှိသေးသလော။ ရှင်းရှင်းလင်းလင်း မမြင်သေးသလော။ သင်တို့သည် လောကနှင့် ဆက်ဆံမြဲဆက်ဆံနေသေး၏၊ ထိုအရာမှ ဖြတ်တောက်ခြင်း မပြုနိုင်ပေ။ အဘယ့်ကြောင့်နည်း။ ငါ့ကို အမှန်တကယ် ချစ်သလော။ ငါမြင်ရန် သင်တို့၏ စိတ်နှလုံးတို့ကို ဖွင့်ပြနိုင်သလော။ သင်တို့၏ဖြစ်တည်မှုများ အလုံးစုံတို့ကို ငါ့အား ဆက်ကပ်နိုင်သလော။

ငါ၏ နှုတ်ကပတ်တော်များကို သာ၍တွေးတောပြီး၊ ရှင်းရှင်းလင်းလင်း အစဉ်အမြဲနားလည်သဘောပေါက်လော့။ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် စိတ်မပါ့တပါဖြစ်ခြင်းတို့ မဖြစ်နှင့်။ ငါ၏ မျက်မှောက်တွင် သာ၍ ရှိလော့၊ ငါ၏ ဖြူစင်သော နှုတ်ကပတ်တော်များကို သာ၍နာယူလော့၊ ငါ၏ရည်ရွယ်ချက်များကို နားလည်မှု မလွဲနှင့်။ ငါ့အား သင်တို့ကို အဘယ်အရာများ ထပ်ပြောစေလိုသေးသနည်း။ လူတို့၏ စိတ်နှလုံးတို့သည် မာကျော၏၊ လူတို့သည် အယူအဆများ၏ လေးလွန်းသောဝန်ကို ထမ်းနေရ၏။ ၎င်းတို့သည် နေသာရုံနှင့် လုံလောက်သည်ဟု အမြဲထင်ကြပြီး ၎င်းတို့၏ အသက်တာများကို အမြဲ ပြက်လုံး ထုတ်ကြသည်။ မိုက်မဲသော သားသမီးများပေတကား။ အချိန်နှောင်းပြီ။ အပျော်အပြက် ရှာဖွေရန် အချိန်မဟုတ်။ သင်တို့၏မျက်လုံးများကို ဖွင့်ပြီး မည်သည့်အချိန် ဟူသည်ကို ကြည့်ရှုသင့်ပြီ။ နေသည် မိုးကုပ်စက်ဝိုင်းကို ဖြတ်ပြီး ကမ္ဘာမြေကို အလင်းပေးတော့မည်။ သင်တို့၏မျက်စိတို့ကို ကျယ်ကျယ်ဖွင့်ပြီး ကြည့်ရှုလော့၊ သတိမဲ့စွာ မနေနှင့်။

ဤသည်မှာ ကြီးကျယ်သည့်အမှုဖြစ်၏၊ သို့သော် သင်တို့သည် ယင်းအပေါ် ဤသို့ ပေါ့ပေါ့တန်တန် သဘောထားကြပြီး ဤသို့ ပြုမူကြသည်တကား။ ငါ၏စိတ်နှလုံးသည် ပူပန်၏၊ သို့သော် ငါ၏စိတ်နှလုံးကို အရေးထားသူ၊ ငါ၏ ကောင်းသောတိုက်တွန်းမှုများကို ကြားနိုင်သူ၊ ငါ၏ အကြံဉာဏ်ကို နားထောင်နိုင်သူ နည်း၏။ ဤတာဝန်သည် ခက်ခဲကြမ်းတမ်းသည်၊ သို့သော် သင်တို့အထဲတွင် ငါ့အတွက် ဤဝန်ကို မျှဝေခံစားနိုင်သောသူ နည်း၏။ သင်သည် ဤကဲ့သို့သော စိတ်သဘောထားကို ဆုပ်ကိုင်ထားနေသေး၏။ အတိတ်ကာလဖြင့် နှိုင်းယှဉ်လျှင် သင်၌တိုးတက်မှုအချို့ ရှိသော်လည်း၊ ဤအခြေအနေတွင် အမြဲရပ်တန့်မနေနိုင်ပေ။ ငါ၏ခြေလှမ်းများသည် အလျင်အမြန် ရှေ့သို့သွားနေ၏၊ သို့သော် သင်တို့၏အရှိန်သည် ဤအတိုင်းပင် ရှိနေသေး၏။ သင်သည် ယနေ့အလင်းနှင့် ငါ၏ ခြေလှမ်းတို့ကို မည်သို့ အမီလိုက်နိုင်မည်နည်း။ တုံ့ဆိုင်းခြင်း မရှိလေတော့နှင့်။ ငါသည် သင်တို့ကို တစ်ကြိမ်ပြီးတစ်ကြိမ် အလေးထားပြောပြီးပေပြီ- ငါ၏နေ့ရက်သည် နှောင့်နှေးကြန့်ကြာတော့မည် မဟုတ်။

ယနေ့အလင်းသည် ယနေ့နှင့်သက်ဆိုင်ပြီး၊ ယင်းကို ယခင်နေ့က အလင်းနှင့် နှိုင်းယှဉ်ခြင်း မပြုနိုင်သည်သာမက နက်ဖြန်နေ့၏ အလင်းနှင့်လည်း နှိုင်းယှဉ်ခြင်း မပြုနိုင်ရာ။ နေ့အသီးသီးကုန်လွန်သည်နှင့်အမျှ အသစ်သောထုတ်ဖော်ခြင်းများ နှင့် အသစ်သောအလင်းသည် ပိုမိုပြင်းထန်ပြီး ပိုမိုထွန်းတောက်လာ၏။ တွေဝေမနေတော့နှင့်၊ မိုက်မဲ မနေတော့နှင့်၊ နည်းလမ်းဟောင်းများကို ဖက်တွယ်ခြင်း မရှိတော့နှင့်၊ ငါ၏အချိန်ကို ထပ်၍ မနှောင့်နှေးစေတော့နှင့်၊ သို့မဟုတ် အချည်းနှီး မဖြစ်စေတော့နှင့်။

ဂရုစိုက်ကြည့်လော့၊ ဂရုစိုက်ကြည့်လော့။ ငါ့ထံ၌ ပိုမိုဆုတောင်း၍ ငါ၏မျက်မှောက်၌ ပိုမိုနေထိုင်လော့၊ ထိုအခါ သင်သည် အရာရာတိုင်းကို ဧကန်မုချ ရပေလိမ့်မည်။ ဤသို့ပြုခြင်းဖြင့် သင်သည် အရာရာတိုင်းကို ဧကန်အမှန် ရမည်ဖြစ်ကြောင်းကို ယုံကြည်လော့။

အရှေ့သို့- အခန်း ၃၆

နောက်တစ်ခုသို့- အခန်း ၃၈

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။