သင်မည်သူ့ကို အတိအကျ သစ္စာရှိနေသနည်း
ယခုအချိန်တွင် သင်တို့ ဖြတ်သန်းနေရသော နေ့ရက်တိုင်းသည် အရေးပါပြီး သင်တို့၏ ခရီးဆုံးပန်းတိုင်နှင့် သင်တို့၏ ကံကြမ္မာအတွက် လွန်စွာ အရေးကြီးသည်၊ ထို့ကြောင့် သင်တို့သည် ယနေ့ သင်တို့၌ရှိသော အရာအားလုံးကို ချစ်မြတ်နိုးရမည်ဖြစ်ပြီး ကုန်လွန်သွားသော မိနစ်တိုင်းကို မြတ်နိုးရမည်။ သင်တို့သည် အကြီးမားဆုံးသော အကျိုးအမြတ်များကို ရရှိနိုင်ရန်အလို့ငှာ အချိန်တိုင်းကို လက်မလွှတ်တမ်း အသုံးချရမည်ဖြစ်ပြီး ထိုသို့ဖြင့် ဤဘဝကို အချည်းနှီး အသက်ရှင်ခြင်းမှ ရှောင်ကြဉ်ရမည်။ ငါ အဘယ်ကြောင့် ဤသို့သော စကားများကို ပြောသည်နှင့်ပတ်သက်၍ သင်တို့ မရှင်းမလင်း ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သင်တို့ထဲမှ မည်သူတစ်ဦးတစ်ယောက်၏ အပြုအမူကိုမျှ ငါ မကျေနပ်ပေ၊ အကြောင်းမှာ သင်တို့အပေါ် ငါထားရှိခဲ့သော မျှော်လင့်ချက်များသည် ယနေ့ သင်တို့ဖြစ်နေသည့်အတိုင်း မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤသို့ ငါပြောနိုင်သည်၊ သင်တို့ တစ်ဦးစီတိုင်းသည် အန္တရာယ်၏ နှုတ်ခမ်းဝတွင် ရှိနေပြီး သင်တို့၏ တစ်ချိန်က အကူအညီတောင်းခံသည့် အော်ဟစ်သံများနှင့် သမ္မာတရားကို လိုက်စားရန်နှင့် အလင်းကို ရှာဖွေရန် ယခင်က ရည်သန်မျှော်မှန်းချက်များသည် အဆုံးသတ်သို့ နီးကပ်လာနေပြီ ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် သင်တို့၏ နောက်ဆုံးသော ကျေးဇူးဆပ်ခြင်း ပြသမှုဖြစ်ပြီး ယင်းမှာ ငါ မည်သည့်အခါမျှ မမျှော်လင့်ခဲ့သောအရာ ဖြစ်သည်။ သင်တို့သည် ငါ့ကို အလွန်အမင်း စိတ်ပျက်စေခဲ့သောကြောင့် အဖြစ်မှန်များနှင့် ဆန့်ကျင်၍ ငါ မပြောလိုပေ။ သင်တို့သည် ဤအရာကို အလွယ်တကူ လက်ခံလိုခြင်း မရှိကောင်း မရှိနိုင်သည့်အပြင် လက်တွေ့အရှိတရားကို ရင်ဆိုင်လိုခြင်း မရှိကောင်း မရှိနိုင်ပေ၊ သို့တိုင်အောင် ဤအရာကို သင်တို့အား ငါ လေးလေးနက်နက် မေးမှဖြစ်ပေမည်၊ ဤနှစ်များတစ်လျှောက်လုံးတွင် သင်တို့၏ စိတ်နှလုံးသည် အဘယ်အရာနှင့် အမှန်တကယ် ပြည့်နှက်နေခဲ့သနည်း။ ၎င်းတို့သည် မည်သူ့ကို အမှန်တကယ် သစ္စာရှိနေသနည်း။ ဤမေးခွန်းများသည် အဘယ်သို့ ပေါ်လာသည်မသိဟု မပြောနှင့်၊ ပြီးလျှင် ငါ အဘယ်ကြောင့် ဤသို့သောအရာများကို မေးလိုက်သည်ကို ငါ့အား မေးခွန်းမထုတ်နှင့်။ ဤအရာကို သိမှတ်လော့၊ ငါသည် သင်တို့ကို အလွန် ကောင်းစွာ သိသောကြောင့်၊ သင်တို့ကို အလွန်အမင်း ဂရုစိုက်သောကြောင့်၊ သင်တို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ရပ်များတွင် ငါ၏ စိတ်နှလုံးကို အလွန်အမင်း ရင်းနှီးမြှုပ်နှံထားသောကြောင့် ငါသည် သင်တို့ကို အဆက်မပြတ် စစ်ဆေးမေးမြန်းခဲ့ပြီး ပြင်းထန်သော ဆင်းရဲဒုက္ခကို ခံစားခဲ့ရခြင်း ဖြစ်သည်။ သို့တိုင်အောင် သင်တို့သည် လျစ်လျူရှုခြင်းနှင့် မတတ်သာဘဲ လက်မှိုင်ချခြင်းတို့မှလွဲ၍ ငါ့ကို မည်သည့်အရာနှင့်မျှ ကျေးဇူးမဆပ်ကြပေ။ သင်တို့သည် ငါ့အပေါ် အလွန် ပေါ့ပေါ့တန်တန် သဘောထားခဲ့ကြသည်၊ ယင်းနှင့်ပတ်သက်၍ ငါ မည်သည့်အရာကိုမျှ မသိသည်မှာ ဖြစ်နိုင်သလော။ ဤသည်မှာ သင်တို့ ယုံကြည်သည့်အရာ ဖြစ်ပါက ယင်းက သင်တို့သည် ငါ့ကို ကြင်နာမှုဖြင့် အမှန်တကယ် မဆက်ဆံဟူသော အမှန်တရားကို ပို၍ သက်သေပြလေသည်။ ထို့ကြောင့် သင်တို့သည် သင်တို့ကိုယ်သင်တို့ လှည့်ဖြားနေကြသည်ဟု ငါပြောခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့ ဘာလုပ်နေသည်ကိုပင် မသိလောက်အောင် အားလုံး အလွန် လိမ္မာပါးနပ်ကြသည်၊ ထို့ကြောင့် သင်တို့သည် ငါ့ကို ဖြေရှင်းချက်ပေးရန် အဘယ်အရာကို အသုံးပြုကြမည်နည်း။
ငါ့အတွက် အလေးထားရဆုံးသော မေးခွန်းမှာ သင်တို့၏ စိတ်နှလုံးသည် တိတိကျကျ မည်သူ့ကို သစ္စာရှိနေသနည်း ဟူသည်ပင် ဖြစ်သည်။ သင်တို့ တစ်ဦးစီတိုင်းသည် သင်တို့၏ အတွေးများကို စုစည်းရန် ကြိုးစားပြီး သင်သည် တိတိကျကျ မည်သူ့ကို သစ္စာစောင့်သိကာ မည်သူ့အတွက် အသက်ရှင်နေသည်ကို သင့်ကိုယ်သင် မေးလိမ့်မည်ဟုလည်း ငါ မျှော်လင့်သည်။ သင်တို့သည် ဤမေးခွန်းများကို ဂရုတစိုက် စဉ်းစားဆင်ခြင်မှုပြုခြင်း မည်သည့်အခါမျှ မရှိကောင်း မရှိနိုင်ပေ။ ထို့ကြောင့် သင်တို့အား အဖြေများကို ငါ ထုတ်ဖော်ပြလျှင် မည်သို့ရှိမည်နည်း။
မှတ်ဉာဏ်ရှိသူ မည်သူမဆို ဤအမှန်တရားကို အသိအမှတ်ပြုလိမ့်မည်၊ လူသည် ကိုယ့်အတွက်ကိုယ် အသက်ရှင်ပြီး ကိုယ့်အပေါ်ကိုယ် သစ္စာရှိသည်။ သင်တို့ တစ်ဦးစီတိုင်းသည် သင်တို့၏ သက်ဆိုင်ရာ ဘဝများတွင် တည်ရှိပြီး သင်တို့၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခအလယ်တွင် ရုန်းကန်နေကြရသောကြောင့် သင်တို့၏ အဖြေများသည် အပြည့်အဝ မှန်ကန်သည်ဟု ငါ မယုံကြည်ပေ။ ထိုသို့ဖြစ်၍ သင်တို့သည် သင်တို့ ချစ်သော လူများနှင့် သင်တို့ နှစ်သက်သော အရာများကို သစ္စာရှိကြသည်၊ သင်တို့သည် သင်တို့ကိုယ်သင်တို့ အပြည့်အဝ သစ္စာရှိကြခြင်း မဟုတ်ပေ။ သင်တို့ တစ်ဦးစီတိုင်းသည် သင်တို့ ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရသောကြောင့် သင်တို့သည် သင်တို့ကိုယ်သင်တို့ အမှန်တကယ် သစ္စာရှိကြခြင်း မဟုတ်ပေ။ ဤစကားများကို ငါပြောခြင်းမှာ သင်တို့ကိုယ်သင်တို့ သစ္စာရှိခြင်းကို ထောက်ခံရန် မဟုတ်ဘဲ အရာတစ်ခုခုအပေါ် သင်တို့၏ သစ္စာရှိမှုကို ဖော်ထုတ်ရန် ဖြစ်သည်၊ အကြောင်းမှာ အလွန်များပြားသော နှစ်များတစ်လျှောက်လုံးတွင် သင်တို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ထံမှ သစ္စာရှိမှုကို ငါ မည်သည့်အခါမျှ မရရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။ သင်တို့သည် ဤနှစ်များတစ်လျှောက်လုံး ငါ့နောက်သို့ လိုက်လျှောက်ခဲ့ကြသည့်တိုင် ငါ့အား မည်သည့်အခါကမျှ သစ္စာရှိမှု တစ်စက်မျှ မပေးခဲ့ကြပေ။ ထိုအစား သင်တို့သည် သင်တို့ နှစ်သက်သော လူများနှင့် အမှုအရာများအပေါ်တွင်သာ ဗဟိုပြုနေခဲ့ကြသည်၊ အချိန်တိုင်းနှင့် သင်တို့ သွားလေရာရာတိုင်းတွင် ၎င်းတို့ကို သင်တို့၏ စိတ်နှလုံးနှင့် နီးကပ်စွာ ထားရှိပြီး ၎င်းတို့ကို မည်သည့်အခါမျှ မစွန့်ပစ်ခဲ့ကြသည်အထိပင်ဖြစ်သည်။ သင်တို့ ချစ်သော အရာတစ်ခုခုနှင့်ပတ်သက်၍ သင်တို့ စိတ်အားထက်သန်နေသည့် သို့မဟုတ် စိတ်ပြင်းပြနေသည့် အချိန်တိုင်းတွင် သင်တို့သည် ငါ့နောက်သို့ လိုက်လျှောက်နေရင်း သို့မဟုတ် ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ နားထောင်နေရင်း ထိုသို့ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် သင်တို့ထံမှ ငါတောင်းဆိုသော သစ္စာရှိမှုကို ငါ့အစား သင်တို့၏ “အိမ်မွေးတိရစ္ဆာန်များ” အပေါ် သစ္စာရှိကာ မြတ်နိုးရန်အတွက် အသုံးပြုနေကြသည်ဟု ငါပြောခြင်း ဖြစ်သည်။ သင်တို့သည် ငါ့အတွက် အရာတစ်ခုဖြစ်စေ၊ နှစ်ခုဖြစ်စေ ပေးဆပ်ကောင်း ပေးဆပ်နိုင်သော်လည်း ယင်းက သင်တို့၏ အရာအားလုံးကို ကိုယ်စားမပြုသည့်အပြင် သင်တို့ အမှန်တကယ် သစ္စာရှိသူမှာ ငါဖြစ်ကြောင်းကိုလည်း မပြသပေ။ သင်တို့သည် သင်တို့ စိတ်ဓာတ်ပြင်းပြသော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ကြသည်၊ သင်တို့ထဲမှ အချို့သည် သင်တို့၏ သားသမီးများကို သစ္စာရှိကြပြီး အခြားသူများကမူ သင်တို့၏ ခင်ပွန်းများ၊ ဇနီးများ၊ စည်းစိမ်ဥစ္စာများ၊ အလုပ်၊ အထက်လူကြီးများ၊ အဆင့်အတန်း သို့မဟုတ် အမျိုးသမီးများကို သစ္စာရှိကြသည်။ သင်တို့သည် သင်တို့ သစ္စာရှိသော အရာများနှင့်ပတ်သက်၍ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်ခြင်းကို မည်သည့်အခါမျှ မခံစားရပေ၊ ထိုအစား သင်တို့သည် ဤအရာများကို ပို၍များပြားသော အရေအတွက်ဖြင့် ပိုင်ဆိုင်ရန်နှင့် ယင်းတို့ကို ပို၍ကောင်းမွန်သော နည်းလမ်းဖြင့် ပိုင်ဆိုင်ရန် အစဉ်သဖြင့် ပို၍ စိတ်အားထက်သန်လာကြပြီး မည်သည့်အခါမျှ လက်မလျှော့ကြပေ။ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါသည် သင်တို့ စိတ်ဓာတ်ပြင်းပြသော အရာများ၏ နောက်သို့ အမြဲတစေ တွန်းပို့ခံရပြီး ယင်းတို့ကို နောက်ဆုံးနေရာတွင် ထားရန်မှလွဲ၍ သင်တို့တွင် ရွေးချယ်စရာ မရှိပေ။ ၎င်းတို့ သစ္စာရှိသော်လည်း ရှာမတွေ့သေးသော အရာများအတွက် ဤနောက်ဆုံးနေရာကို ချန်ထားသူများပင် ရှိသေးသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အခါမျှ ငါ၏ အရိပ်အယောင် အနည်းငယ်မျှပင် မရှိခဲ့ဖူးပေ။ ငါသည် သင်တို့ထံမှ အလွန်အမင်း တောင်းဆိုသည် သို့မဟုတ် သင်တို့ကို မတရား စွပ်စွဲနေသည်ဟု သင်တို့ တွေးကောင်း တွေးနိုင်သည်၊ သို့သော် သင်တို့သည် သင်တို့၏ မိသားစုနှင့်အတူ အချိန်များကို ပျော်ရွှင်စွာ ကုန်ဆုံးနေစဉ်တွင် ငါ့အား တစ်ကြိမ်တစ်ခါမျှ သစ္စာမရှိခဲ့ဖူးဟူသော အချက်ကို သင်တို့ စဉ်းစားဆင်ခြင်ဖူးသလော။ ဤအချိန်တွင် ယင်းက သင်တို့ကို မနာကျင်စေသလော။ သင်တို့၏ အလုပ်လုပ်ပေးခြင်းအတွက် အခကြေးငွေ ရရှိခြင်းကြောင့် သင်တို့၏ စိတ်နှလုံးများ ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်နေချိန်တွင် သင်တို့၌ လုံလောက်သော သမ္မာတရားများ ရှိမထားသည့်အတွက် စိတ်ပျက်အားလျော့ခြင်း မရှိကြသလော။ ငါ၏ အသိအမှတ်ပြုခြင်းကို မရရှိခဲ့သည့်အတွက် သင်တို့ မည်သည့်အချိန်က ငိုကြွေးခဲ့ဖူးသနည်း။ သင်တို့သည် သင်တို့၏ သားသမီးများအတွက် ဦးနှောက်ခြောက်ခံ စဉ်းစားပြီး အလွန်အမင်း အပင်ပန်းခံကြသည့်တိုင် မကျေနပ်ကြသေးပေ၊ ၎င်းတို့အတွက် သင်တို့ လုံ့လဝီရိယ မရှိခဲ့ဟုလည်းကောင်း၊ ၎င်းတို့အတွက် သင်တို့ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်မပေးခဲ့ရသေးဟုလည်းကောင်း သင်တို့ ယုံကြည်နေကြဆဲ ဖြစ်သည်။ သို့သော် ငါ့အပေါ်တွင်မူ သင်တို့သည် အမြဲတစေ ပေါ့ပေါ့ဆဆ သဘောထားပြီး ဂရုမစိုက်ဘဲ နေခဲ့ကြသည်၊ ငါသည် သင်တို့၏ မှတ်ဉာဏ်များထဲတွင်သာ ရှိပြီး သင်တို့၏ စိတ်နှလုံးများထဲတွင် မစွဲမြဲပေ။ သင်တို့သည် ငါ၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို နားလည်ရန် သို့မဟုတ် ယင်းတို့ကို အလေးထားရန် မည်သည့်အခါမျှ မကြိုးစားကြပေ။ သင်တို့သည် ခဏတာ ဆင်ခြင်သုံးသပ်မှု ပြုရုံမျှသာ ပြုကြပြီး ယင်းက လုံလောက်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထိုသို့သော “သစ္စာရှိမှု” သည် ငါ ကာလကြာရှည် တောင့်တခဲ့သောအရာ မဟုတ်ဘဲ ငါ ကာလကြာရှည် မုန်းတီးခဲ့သောအရာ ဖြစ်သည်။ သို့သော်ငြားလည်း ငါ မည်သည့်အရာကိုပင် ပြောစေကာမူ သင်တို့သည် အရာတစ်ခု သို့မဟုတ် နှစ်ခုကိုသာ ဆက်လက် ဝန်ခံကြသည်၊ သင်တို့သည် ဤအရာကို အပြည့်အဝ လက်မခံနိုင်ကြပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် အလွန် “မိမိကိုယ်ကို ယုံကြည်မှုရှိ” ကြပြီး ငါပြောခဲ့သော စကားများထဲမှ မည်သည့်အရာကို လက်ခံရမည်ကို သင်တို့ အစဉ်သဖြင့် ရွေးချယ်တတ်သောကြောင့် ဖြစ်သည်။ သင်တို့သည် ယနေ့ ဤအတိုင်း ရှိနေဆဲဖြစ်ပါက သင်တို့၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ကိုင်တွယ်ဖြေရှင်းရန် ငါ့ထံတွင် နည်းလမ်းအချို့ အမှန်ပင် ရှိသည်၊ ထို့အပြင် ငါ၏ နှုတ်ကပတ်တော်များအားလုံးသည် မှန်ကန်ကြောင်းနှင့် ယင်းတို့ထဲမှ မည်သည့်အရာကမျှ အဖြစ်မှန်များကို ပုံဖျက်ထားခြင်း မရှိကြောင်းကို သင်တို့အား ငါ အသိအမှတ်ပြုစေမည်။
ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချခဲ့ခြင်း မရှိပါက သင်တို့အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲမှ ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းဆုပ်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းဆုပ်ကြလိမ့်မည်။ ဤသို့ဖြင့် သင်တို့၏ စရိုက်မှန်သည် ယင်းဘာသာ ပေါ်လွင်လာမည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြသော် သင်တို့အားလုံးသည် ဤနည်းဖြင့်သာ ရွေးချယ်လိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲမှ အတော်များများသည် အမှားနှင့် အမှန်ကြား ဝေခွဲမရဖြစ်နေကြသည်၊ ဟုတ်သည် မဟုတ်လော။ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တွေဝေမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်တို့ကြားတွင် ကမ်းခြေသို့ ပြန်ဆိုက်က လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲခြင်းအကြားတွင် သင်တို့ ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်း သို့မဟုတ် ငါနှင့်အကြားတွင် ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရားကြားတွင် ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက် ငါသည် သင်တို့အပေါ်၌ အမှန်ပင် ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။ နှစ်ပေါင်းများစွာ ငါ အသုံးခံခဲ့သည့် ကြီးမားသော အဖိုးအခသည် အံ့အားသင့်စရာ ကောင်းလောက်အောင် သင်တို့၏ စွန့်ပစ်ခြင်းနှင့် လက်မှိုင်ချခြင်းမှလွဲ၍ ငါ့အား မည်သည့်အရာမျှ ဆောင်ကြဉ်းမပေးခဲ့သော်လည်း လူတိုင်း၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့တိုင်အောင် သင်တို့သည် အမှောင်ထုနှင့် ဆိုးယုတ်သော အရာများကို လိုက်စားနေကြဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ အဆုံးသတ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယင်းမှာ ပထမတစ်ခုပင် ဖြစ်နေဦးမည်လော။ သင်တို့သည် ငါ့ကို စိတ်ပျက်ခြင်းနှင့် နာကျင်ဖွယ် ဝမ်းနည်းခြင်းတို့ဖြင့် ကျေးဇူးဆပ်နေကြဦးမည်လော။ သင်တို့၏ စိတ်နှလုံးများသည် နွေးထွေးမှု အနည်းငယ်မျှကိုသာ ပိုင်ဆိုင်နေဦးမည်လော။ ငါ၏ စိတ်နှလုံးကို နှစ်သိမ့်ရန် အဘယ်အရာ လုပ်ဆောင်ရမည်ကို သင်တို့ မသိဘဲ နေကြဦးမည်လော။ ဤအခိုက်အတန့်တွင် သင်တို့ မည်သည့်အရာကို ရွေးချယ်ကြသနည်း။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံမည်လော သို့မဟုတ် ယင်းတို့ကို အလွန်အမင်း မနှစ်မြို့ဘဲ နေမည်လော။ ငါ၏ နေ့ရက်ကို သင်တို့၏ မျက်စိရှေ့မှောက်တွင် ချခင်းထားပြီးဖြစ်ကာ သင်တို့ ရင်ဆိုင်ရသည့်အရာမှာ ဘဝသစ်တစ်ခုနှင့် အစပြုရာအမှတ်သစ်တစ်ခု ဖြစ်သည်။ သို့သော် ဤအစပြုရာအမှတ်သည် အတိတ်ကကဲ့သို့ အလုပ်သစ်တစ်ခု၏ အစအဦး မဟုတ်ဘဲ အလုပ်ဟောင်း၏ နိဂုံးဖြစ်ကြောင်း သင်တို့ကို ငါ ပြောရမည်။ ဆိုလိုသည်မှာ ဤသည်ကား နောက်ဆုံး လုပ်ရပ်ဖြစ်သည်။ ဤအစပြုရာအမှတ်နှင့်ပတ်သက်၍ မည်သည့်အရာက ထူးခြားသည်ကို သင်တို့အားလုံး နားလည်နိုင်သည်ဟု ငါ ထင်သည်။ သို့သော် မကြာမီ နေ့တစ်နေ့တွင် သင်တို့သည် ဤအစပြုရာအမှတ်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ကြလိမ့်မည်၊ ထို့ကြောင့် ယင်းကို အတူတကွ ဖြတ်ကျော်ပြီး လာမည့် ဇာတ်သိမ်းကို ကြိုဆိုကြပါစို့။ သို့သော် သင်တို့နှင့်ပတ်သက်၍ ငါ့ကို ဆက်လက် စိုးရိမ်စေသည့်အရာမှာ မတရားမှုနှင့် တရားမျှတမှုတို့ကို ရင်ဆိုင်ရသည့်အခါ သင်တို့သည် ပထမတစ်ခုကို အမြဲ ရွေးချယ်ကြခြင်း ဖြစ်သည်။ သို့သော် ထိုအရာသည် သင်တို့၏ အတိတ်တွင်သာ ဖြစ်သည်။ လုပ်ဆောင်ရန် အလွန် ခက်ခဲသော်လည်း သင်တို့၏ အတိတ်နှင့်ဆိုင်သော အရာအားလုံးကို မေ့ဖျောက်ရန် ငါ မျှော်လင့်သည်။ သို့သော်ငြားလည်း ယင်းကို လုပ်ဆောင်ရန် အလွန်ကောင်းသော နည်းလမ်းတစ်ခု ငါ့တွင် ရှိသည်၊ အနာဂတ်ကို အတိတ်၏နေရာတွင် အစားထိုးခွင့်ပေးလော့၊ ပြီးလျှင် ယနေ့ သင်၏ စစ်မှန်သော မိမိကိုယ်ကိုယ်နှင့် လဲလှယ်ရန်အတွက် သင်တို့၏ အတိတ်မှ အရိပ်မည်းများကို ပပျောက်ခွင့်ပေးလော့။ ထို့ကြောင့် ရွေးချယ်မှုကို နောက်တစ်ကြိမ် ပြုလုပ်ရန် သင်တို့ကို ငါ ဒုက္ခပေးရမည်၊ သင်တို့သည် တိတိကျကျ မည်သူ့ကိုသစ္စာရှိနေကြသနည်း။
အောက်ခြေမှတ်စု(များ)-
က။ ကမ်းခြေသို့ ပြန်ဆိုက်- ဤသည်မှာ တရုတ်ဓလေ့သုံးစကားဖြစ်ပြီး “ဒုစရိုက်လမ်းများကို ကျောခိုင်းသည်” ဟု အဓိပ္ပာယ်ရ၏။