မေးခွန်း (၄) စီစီပီရဲ့စည်းမျဉ်းအောက်မှာ မှန်ကန်တဲ့လမ်းကို လက်ခံတဲ့လူတွေဟာ ထိန်းချုပ်ခံရတယ်။ ညှင်းပန်းနှိပ်စက်ခံရပြီး နောက်ဆုံး အသေသတ်ခြင်းပါခံရတယ် စီစီပီဟာ ဘာလို့အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို ကြောက်ရွံ့နေလဲဆိုတာ နားမလည်ဘူး

အဖြေ- စီစီပီဟာ တတိုင်းပြည်လုံးအနှံ့ လျှောက်သွားပြီး အနန္တတန်ခိုးရှင်ဘုရားအသင်းတော်ရဲ့လုပ်ဆောင်မှုတိုင်းကို ဖိနှိပ်နေတယ် ခရစ်တော်ကို သဲကြီးမဲကြီးမြေလှန်ရှာပြီး ဘုရားသခင်ရဲ့ရွေးချယ်ခံရတဲ့လူတွေ ကို ဖမ်းဆီးနေတယ် ဒီတိုင်းပြည်မှာ ဘုရားကိုစစ်မှန်စွာ ယုံကြည်ဖို့နဲ့ တာဝန်တွေကို ပြီးပြည့်စုံစေဖို့ဆိုတာ အင်မတန် အန္တရာယ်များမှာ မလွဲမသွေပဲ ဒါပေမဲ့ ဘာသာရေးအသိုင်းအဝိုင်းထဲမှာရှိနေတဲ့လူတွေနဲ့ မယုံကြည်သူတွေဟာ နားမလည်ကြဘူး စီစီပီ အစိုးရဟာ တို့ကို ဒီလိုမျိုး ညှင်းပန်းနှိပ်စက်နေတာတောင် တို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဘာလို့ယုံကြည်နေသေးတာလဲ ဒါဟာ ကျွန်မတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်က စစ်မှန်တဲ့ဘုရား၊ ပြန်လည်ကြွလာတဲ့ ရွေးနှုတ်သူဆိုတာကို သိလို့ဖြစ်ပါတယ် အနန္တတန်ခိုးဘုရားသခင်သာလျှင် ကျွန်မတို့ကို အပြစ်ကနေလွှတ်ပေးဖို့နဲ့ စာတန်ဆီကနေကယ်တင်ဖို့ တတ်စွမ်းနိုင်ပြီး ကျွန်မတို့ကို ကောင်းမွန်တဲ့ ခရီးပန်းတိုင်တွေ ပေးသနားနိုင်ပါတယ် နောက်ဆုံးကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မတို့ရဲ့ယုံကြည်မှုဟာ ကျွန်မတို့ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မယ် ကျမ်းစာထဲမှာပြောတာက “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်” တဲ့။ အဲဒါက စာတန်ဟာ လောကကို အုပ်စိုးတယ်လို့ ဆိုလိုပြီး စာတန်ကပဲ လူသားတွေကို ထိန်းချုပ်တယ်။ သူတို့အားလုံးရဲ့ဘဝတွေ ဟာ စာတန်ရဲ့အုပ်စိုးမှုအောက်မှာရှိတယ်။ သူတို့တွေဟာ လူနဲ့မတူ လောက်အောင်ကို ဖောက်ပြန်ပျက်စီးနေကြတယ် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ စာတန်ရဲ့လွှမ်းမိုးမှုကနေ လူသားတွေကို ကယ်တင်ဖို့ ကြွလာလိမ့်မယ်။ အဲဒါမှ သူတို့တွေဟာ ဘုရားသခင်ရဲ့ မျက်မှောက်တော်ကို ပြန်ရောက်နိုင်လိမ့်မယ် ကယ်တင်ခြင်းရရှိမယ် စစ်မှန်တဲ့အသက်တာကို ရှင်သန်နိုင်ပြီး ကောင်းမွန်တဲ့ပန်းတိုင်ကို ရရှိမယ် ဒါဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ကျွန်မတို့ရဲ့ယုံကြည်ခြင်းရဲ့ အဓိပ္ပါယ်ပဲ စီစီပီဟာ ဘာကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို မုန်းတီးပြီး အသင်းတော်ကိုဖိနှိပ်ဖို့ကြိုးစားသလဲဆိုတာကိုလည်း ကျွန်မတို့ နားလည်ရမယ် ရည်ရွက်ချက်ကဘာလဲ။ ဘာကြောင့် အဲဒီလိုလုပ်ကြတာလဲ လူအများစုဟာ ဒါကိုရှင်းရှင်းလင်းလင်းမြင်နိုင်တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အသင်းတော်ကို ပြစ်တင်ရှုတ်ချဖို့နဲ့ အမှုဆင်အရေးယူဖို့ စီစီပီဟာ အစွမ်းကုန်ကြိုးစားနေတယ် တရုတ်ပြည်မှာရှိတဲ့ ဘုရားသခင်ရဲ့ ရွေးချယ်ခံလူတွေကို ဖမ်းတယ် ဘုရားသခင်ကို တရုတ်ပြည်ကနေ ပျောက်ကွယ်သွားအောင်လုပ်တယ် ဒါတွေအားလုံးဟာ သူတို့ခေါင်းပေါ်မှာတင်ထားတဲ့ ကြီးမားတဲ့အာဏာကို အလွှဲသုံးစားလုပ်ရင်းနဲ့ သူ့ရဲ့မှောင်မိုက်တဲ့အုပ်ချုပ်ရေးကို ထိန်းသိမ်းထားနိုင်ပြီး တရုတ်ပြည်သူတွေကို ထာဝရထိန်းချုပ်နိုင်ဖို့ပါပဲ အဆုံးမှာတော့ အဲဒါဟာ တို့အားလုံးကို သေခြင်းနဲ့ ငရဲမီးထဲကို ပို့ဆောင်လိမ့်မယ် စီစီပီဟာ ကြုံဖူးသမျှထဲမှာ ဘုရားကို အမုန်းတီးဆုံး သမ္မာတရားကိုအမုန်းတီးဆုံးအစိုးရပဲ အဲဒါဘာကြောင့်လဲဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားကို ထင်ရှားစေနိုင်တဲ့ တစ်ပါးတည်းသော ဘုရားဖြစ်တယ်ဆိုတာ သူတို့သိလို့ပဲ နောက်ဆုံးသောကာလ စီရင်ခြင်း ဆေးကြောခြင်းနဲ့ ကယ်တင်ခြင်းအမှုတော်ကို ကိုယ်တော်ဟာ အခုလုပ်ဆောင်နေတယ်ဆိုတာကိုသိလို့ပဲ လူသားတွေအားလုံး အလွယ်တကူမြင်တွေ့နိုင်တဲ့အင်တာနက်ပေါ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ရှိနေပြီ အနန္တတန်ခိုးရှင်ဘုရားရဲ့နုတ်ကပတ်တော်တွေ လူအများကြားမှာ ပျံ့နှံ့တာနဲ့ တပြိုင်နက် အမှန်တကယ် သမ္မာတရားကို ချစ်မြတ်နိုးပြီး ဖြောင့်မတ်တဲ့လူတွေ ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဆီကို လှည့်ပြန်ကြမှာကို စီစီပီက ကြောက်နေတာလေ ပြီးရင် သမ္မာတရားကိုမုန်းတီးပြီး ဘုရားကိုဆန့်ကျင့်တဲ့ သူတို့ရဲ့နတ်ဆိုးသဘောသဘာဝဟာ နောက်ဆုံးမှာ အားလုံးဖော်ထုတ်ခြင်းခံရလိမ့်မယ် လူသားအားလုံးဟာသူတို့ကို ဖြုတ်ချမယ် ငြင်းပယ်မယ် သူတို့ရဲ့ခြေအောက်မှာ နင်းချေပြီး ဆွေးမြည့်သွားအောင်စွန့်ပစ်ကြမယ် တရုတ်ပြည်မှာ နောက်ထပ်ဘယ်တော့မှ နေရာရမှာ မဟုတ်တော့ဘူး ဒီလောကမှာရှိနေတဲ့လူတွေကို နောက်တစ်ကြိမ် ဘယ်တော့မှ ဖျက်စီးဖို့ကြိုးစားတာတွေ မဖြစ်တော့ဘူး အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရားနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အသင်းတော်ကို အရမ်းမုန်းတီး နေတာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လူတွေလက်မခံအောင်လည်း လုပ်ဆောင်လိမ့်မယ် စာတန်ရဲ့ကြိုးကိုင်ခြယ်လှယ်ပုံတွေကို အကုန် မမြင်နိုင်ရင် တို့ဟာ ဆက်ပြီး အလှည့်စားခံနေရဦးမှာပဲ။ ဆက်ပြီး အထိန်းချုပ်ခံနေရဦးမှာပဲ ကယ်တင်ခြင်းခံရဖို့အတွက်တောင် မထိုက်တန်ဘူး

အောင်ပွဲဝင်တေး ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) တကယ်လို့ အရှေ့အရပ်က လျှပ်ပြက်ခြင်းက လမ်းမှန်ဆိုရင်၊ ညီအစ်ကို မောင်နှမတို့ရဲ့ အတည်ပြုချက်နဲ့ပတ်သက်တဲ့ အခြေခံက ဘာလဲ။ သခင်ယေရှုက ငါတို့ကို ရွေးနှုတ်ခဲ့တဲ့အတွက်၊ သူ့ကိုယုံကြည်တယ်၊ ဒါပေမဲ့ အရှေ့အရပ်က လျှပ်ပြက်ခြင်း က လမ်းမှန်ဆိုတာကို အတည်ပြုဖို့ဘာကို သုံးလဲ။

နောက်တစ်ခုသို့- မေးခွန်း (၅) မကြာခင်မှာပဲ စီစီပီ ရဲ့နေ့ရက်တွေဟာ တစ်စတစ်စနဲ့ သက်ဆိုးရှည်မှာ မဟုတ်ဘူးလို့အရင်ကထင်ခဲ့ပြီး သူတို့လဲပြိုသွားမယ့်အချိန်ကို ကျွန်မစောင့်နေခဲ့တာ ဒါပေမဲ့ အခုသိပြီ စီစီပီရဲ့ရည်ရွယ်ချက်အစစ်က တို့အားလုံးကို ငရဲကိုပို့ဖို့ပဲ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို တို့မလိုက်သေးဘဲ စီစီပီ ပြိုလဲတဲ့ အထိစောင့်မယ်ဆိုရင် ကျွန်မတို့ဟာ ဘုရားသခင်ရဲ့နောက်ဆုံးသောကယ်တင်ခြင်းကိုရပြီး ကိုယ်တော့်ရဲ့နိုင်ငံတော်ထဲကို ဝင်နိုင်မှာလား ဒါမှမဟုတ် ကယ်တင်ခြင်းအခွင့်အရေးကို တို့တတွေ ဆုံးရှုံးရမှာလား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။