မေးခွန်း (၅) မကြာခင်မှာပဲ စီစီပီ ရဲ့နေ့ရက်တွေဟာ တစ်စတစ်စနဲ့ သက်ဆိုးရှည်မှာ မဟုတ်ဘူးလို့အရင်ကထင်ခဲ့ပြီး သူတို့လဲပြိုသွားမယ့်အချိန်ကို ကျွန်မစောင့်နေခဲ့တာ ဒါပေမဲ့ အခုသိပြီ စီစီပီရဲ့ရည်ရွယ်ချက်အစစ်က တို့အားလုံးကို ငရဲကိုပို့ဖို့ပဲ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို တို့မလိုက်သေးဘဲ စီစီပီ ပြိုလဲတဲ့ အထိစောင့်မယ်ဆိုရင် ကျွန်မတို့ဟာ ဘုရားသခင်ရဲ့နောက်ဆုံးသောကယ်တင်ခြင်းကိုရပြီး ကိုယ်တော့်ရဲ့နိုင်ငံတော်ထဲကို ဝင်နိုင်မှာလား ဒါမှမဟုတ် ကယ်တင်ခြင်းအခွင့်အရေးကို တို့တတွေ ဆုံးရှုံးရမှာလား

အဖြေ- ယနေ့ ဘုရားသခင်ကို ငါတို့ယုံကြည်တာကြောင့် သမ္မာတရားကို ရှာဖွေ ပြီး မှန်ကန်တဲ့လမ်းကို လျှောက်လှမ်းတာကြောင့် စီစီပီရဲ့ဖိနှိပ်ချုပ်ချယ်ခြင်းနဲ့ ညှင်းပန်းနှိပ်စက်ခြင်းကို တွေ့ကြုံရတယ် ဒီထဲမှာ အဓိပ္ပါယ်တွေအများကြီးပါနေတယ် သူ့ရဲ့ပြီးပြည့်စုံတဲ့ အောင်မြင်သူတွေ ဖြစ်လာဖို့ ဘုရားသခင်ဟာ စာတန်ရဲ့အုပ်ချုပ်မှုစနစ်ကို အသုံးပြုနေတာပါ တချိန်တည်းမှာပဲ သမ္မာတရားကို ချစ်တဲ့လူနဲ့ ဘုရားသခင်ကို တကယ်မယုံကြည်တဲ့လူကို ခွဲခြားပြီး ပယ်ရှားနေတယ် စစ်မှန်တဲ့အောင်မြင်သူတွေဆိုတာ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှု အောက်မှာ စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ သမ္မာတရားကို တွေ့ကြုံခံစားနိုင်တဲ့လူပဲ စီစီပီရဲ့ ဖိနှိပ်ချုပ်ချယ်ခြင်းနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို တွေ့ကြုံခံစားရတာကြောင့် သူတို့တွေဟာ ဆိုးညစ်တဲ့စာတန်ရဲ့ သရုပ်မှန်တွေကို ပိုပိုပြီးရှင်းရှင်းလင်းလင်း မြင်လာကြတယ် နောက်ပိုင်းမှာ သူတို့ဟာ စာတန်ကို မုန်းတီးမယ် စာတန်ကို ပစ်ပယ်ပြီး ဘုရားသခင်ထံကို စစ်မှန်စွာ လှည့်ပြန်ကြလိမ့်မယ် ကယ်တင်ခြင်းနဲ့ ပြီးပြည့်စုံစေခြင်းကို ပိုင်ဆိုင်ရလိမ့်မယ် အောင်မြင်သူတွေဟာ စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံရမှသာ ရှားရှားပါးပါးပေါ်ထွက်လာတာဖြစ်တယ် ဖိနှိပ်ချုပ်ချယ်တတ်တဲ့ ဒီလိုပတ်ဝန်းကျင်မရှိဘဲနဲ့ စစ်မှန်တဲ့ ကျော်လွှားအောင်မြင်သူတွေကို မဖန်တီးနိုင်ဘူး သူတို့ဘယ်လောက်ပဲ ညှင်းပန်းနှိပ်စက်ခံရပါစေ၊ ဒါမှမဟုတ် ဒါကိုရဖို့ ဘယ်လောက်ပဲခက်ခဲပါစေ၊ ဘုရားသခင်ကို စစ်မှန်စွာ လိုချင်တဲ့လူတွေဟာ ဘုရားသခင်ရဲ့နောက်တော်ကိုလိုက်ပြီး သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ပြီး သမ္မာတရားကိုရှာဖွေဖို့ အရာအားလုံးကို စွန့်လွှတ် ကြလိမ့်မယ် ဘုရားသခင်အပေါ်သူတို့ရဲ့ယုံကြည်ခြင်းဟာ ပိုပိုပြီးကြီးထွားလာလိမ့်မယ် သူတို့ဟာ စီစီပီရဲ့ တရားမျှတမှုကို ချေမှုန်းခြင်း၊ မကောင်းမှုကို ထောက်ပံ့ခြင်း တရားမမျှတခြင်း၊ ဆိုးယုတ်ခြင်းနဲ့ ဖောက်ပြန်တဲ့ အခြေခံသဘောသဘာဝတွေကို မြင်တယ် စီစီပီဟာ ဆိုးညစ်ပြီး ဖောက်ပြန်ပျက်စီးဖို့ ၊ လူသားတွေကို လုယက်ဝါးမျိုဖို့နဲ့ ဒုက္ခဝေဒနာတွေကို ပျံ့နှံ့စေဖို့ လုပ်ဆောင်နေတယ်ဆိုတာ သူတို့မြင်တယ် သူတို့ဟာ စီစီပီကို ပိုပိုပြီးမုန်းလာပြီးတော့ ငြင်းပယ်ကြလိမ့်မယ် သူတို့ရဲ့ယုံကြည်ခြင်းကို ဘုရားသခင်ထံကို ပေးအပ်ကြလိမ့်မယ် စီစီပီက ဖော်ပြတဲ့ ခြားနားမှုကနေတစ်ဆင့် ကိုယ်တော့်ရဲ့လှပသန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်းတွေကို သူတို့သိလာခဲ့ကြပြီ ဘုရားသခင် ထောက်ပံ့တဲ့အရာဆိုတာ ကိုယ်တော့်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းပဲဖြစ်တယ် ဘုရားသခင်၌ သူတို့ရဲ့ယုံကြည်ခြင်းဟာ ပိုပိုပြီး ကြီးမားလာပြီး သူတို့ရဲ့ နှလုံးသားတွေဟာ ဘုရားသခင်နဲ့ ပိုပိုပြီးနီးကပ်လာတယ် ဒီလူတွေဟာ စီစီပီ ရဲ့ အမိုက်မှောင်ဖုံးလွှမ်းမှုကြောင့် ထိခိုက်နစ်နာခဲ့ရပြီးတဲ့နောက်မှ အောင်မြင်တဲ့ သက်သေခံချက် ရှိကြတယ် သူတို့ဟာ ဘုရားသခင်က ကြီးမားတဲ့ဆင်းရဲဒုက္ခတွင်းထဲကနေ ပြုလုပ်ခဲ့တဲ့ အောင်မြင်သူတွေဖြစ်တယ် သူတို့ဟာ ခရစ်တော်ရဲ့ဆင်းရဲဒုက္ခနိုင်ငံတော်နဲ့ သည်းခံခြင်းရဲ့ အစိတ်အပိုင်းအဖြစ် အမွေခံရမယ့် လူစုဖြစ်တယ် သူတို့တွေဟာ ခရစ်တော်ရဲ့စစ်မှန်တဲ့သက်သေခံသူတွေဖြစ်တယ် ဘုရားသခင်ရဲ့နိုင်ငံတော်ကိုဝင်ရောက်ပြီး ထာဝရအသက်ကိုရမယ့် ဗျာဒိတ်ကျမ်းမှာဖော်ပြထားတဲ့ အောင်မြင်သူ ၁၄၀ဝ၀ဝ ဖြစ်ပါတယ် အဲဒါကြောင့် သမ္မာတရားကိုရှာဖွေတဲ့အချိန်မှာ ညှင်းပန်းနှိပ်စက်ခြင်းဒဏ်ကို တွေ့ကြုံခံစားရတာက အရမ်းအဓိပ္ပာယ်ရှိတယ် သခင်ဘုရားပြောခဲ့သလိုပဲ “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။(ရှင်မဿဲခရစ်ဝင် ၅:၁ဝ-၁၁) အနန္တတန်ခိုးရှင်ဘုရားသခင်က ဘာပြောလဲဆိုတာကြည့်ရအောင် “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားသခင်အတွက် အောင်မြင်သူတွေကို ပြီးပြည့်စုံစေဖို့ တစ်ကယ်လက် တွေ့ကျတဲ့အချိန်ကို ရောက်လာပြီ စီစီပီပြိုလဲသွားတဲ့အခါကျမှ အောင်မြင်သူတွေဟာ ဘုရားသခင်ရဲ့အောင်မြင်မှုကို သက်သေခံ ဖို့ ရှေ့ဆက်တိုးနိုင်မယ် သူတို့ရဲ့သက်သေခံချက်တွေဟာ အထွတ်အထိပ် ရောက်လာတဲ့ အခါ ဘုရားသခင်ရဲ့နိုင်ငံတော်ဟာ မြေကြီးပေါ်မှာ နောက်ဆုံး တည်လိမ့်မယ် အဲဒီနောက်မှာတော့ လူသားတွေကို ဘုရားသခင်ကယ်တင်တဲ့အလုပ်က ပြီးမြောက်အောင်မြင်လိမ့်မယ် ကယ်တင်ခြင်းခံရမယ့်လူ ဒါမှမဟုတ် ပြီးပြည့်စုံခံရမည့်လူဟာ သတ်မှတ် ထားပြီးဖြစ်လိမ့်မယ် သူတို့ယုံကြည်လာတဲ့အထိ စောင့်နေရင် ဘုရားသခင်အားဖြင့် အောင်မြင်သူတွေဖြစ်ဖို့ အခွင့်အရေးတွေ လက်လွတ်သွားလိမ့်မယ် အဲဒါဆိုရင် အောင်မြင်ခြင်းနဲ့ဆိုင်တဲ့ သက်သေခံချက်တွေမရှိတော့ဘူး ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ခွင့်ရမှာ မဟုတ်တော့ဘူး ကျွန်မတို့ ဆက်လက်ရှင်သန်ခွင့်ရရင်တောင် အစေခံသူတွေလို့ခေါ်ခံရမှာဖြစ်ပြီး ဘုရားသခင်ရဲ့နိုင်ငံတော်အဖွဲ့ဝင်တွေဖြစ်မှာမဟုတ်ဘူး

ဘုရားသခင်က အတုမရှိဘူး။ စာတန်ရဲ့အနှောက်အယှက်ပေါ်အခြေပြုပြီး ဘုရားရဲ့ဉာဏ်ပညာတော်ဟာ အမြဲထွန်းလင်းနေမှာပဲ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အလုပ်ကို ဘယ် ရန်စွယ်ကမှ မတားဆီးနိုင်ဘူး နောက်ဆုံးသောကာလမှာ အနန္တတန်းခိုးရှင်ဘုရားသခင်ဟာ စီရင်ခြင်းအလုပ်ကို စတင်ကတည်းက အဆုံးမရှိတဲ့ အမုန်းတရားတွေ၊ စီစီပီနဲ့ ဘာသာရေးလောကရဲ့ ဆန့်ကျင်မှုတွေကို သူဟာအမြဲတမ်းရင်ဆိုင်ခဲ့ရတယ် ဒါပေမဲ့အခု ဘုရားရဲ့နိုင်ငံတော် ဧဝံဂေလိတရားဟာ တရုတ်ပြည်မကြီး တလျှောက်လုံးမှာ ပြန့်နှံ့နေခဲ့တာဟာ အရင်ကမကြုံဖူးတဲ့ အခြေအနေတစ်ခုကို ရောက်နေပြီ တစ်နိုင်ငံလုံးမှာ အသင်းတော်တွေ သောင်းချီဖွဲ့ကုန်ကြပြီး သန်းချီတဲ့လူတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဆီကို ပြန်လာခဲ့ကြပြီ သူနဲ့တစိတ်တဝမ်းတည်းဖြစ်တဲ့ လူတစ်စုကို သူရထားပြီ အခု အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အသင်းတော်ဝက်ဘ်ဆိုက်ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူမျိုး အသီးသီးအတွက် ဖွင့်ထားပေးပြီးပြီ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ပိုပိုပြီးလက်ခံလာကြပြီ နိုင်ငံတော်ဧဝံဂေလိတရားပြန့်နှံ့ခြင်းဟာ ကိုယ်တော်ရဲ့အတုမရှိခြင်းနဲ့ ဉာဏ်ပညာတော် နက်ရှိုင်းမှုတို့ကို ဖော်ပြပေးတယ်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် ကမ္ဘာလောကသို့ ပြန်ကြွလာပြီးဖြစ်သည်။ သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၏ စံပြဖြစ်သည်- ဘာသာမဲ့ အယူဝါဒ၏ ခိုင်မာသော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူပြီးဖြစ်သည်။ ဤကာလအတွင်းတွင်၊ ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ ခေါင်းချစရာနေရာမရှိ၊ အကွယ်အကာ ရှာမတွေ့နိုင်ဘဲ၊ ကြီးမားသော ဆင်းရဲဒုက္ခကို ခံရပြီးဖြစ်သည်။ ဤသို့ဖြစ်စေကာမူ၊ ဘုရားသခင်သည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်- သူသည် သူ၏အသံကို မိန့်မြွက်ပြီး ဧဝံဂေလိတရားကို ဖြန့်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူမျှ နားလည် သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်၊ ဘုရားသခင်သည် သူ၏ အမှုကို လုံးဝ မရပ်တန့်ဖူးပေ။ ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို တတ်နိုင်သမျှ အစွမ်းကုန်ကယ်တင်သည့် အတွက်၊ သာ၍ များသောလူတို့သည် သူ၏ အမှုနှင့် နှုတ်ကပတ်တော်ကို လက်ခံကြပြီး ဖြစ်သည်။ ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်)

နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး၊ လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။...ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် အနှံ့အပြား လျှောက်လှမ်းနေပြီး၊ ၎င်းတို့အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ သယ်ဆောင်သူများ- ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ဧကန်မုချ ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကိုယ် ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ ပိုင်ဆိုင်မှုထဲသို့ ဧကန်ဝင်ကြ ရလိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ကြွယ်ဝမှုကို အမွေခံကြရလိမ့်မည်။ ငါ့အတွက် ဟိုဟိုသည်သည် အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံမှုများပြုသောသူတို့ကို ဝမ်းမြောက်စွာ ငါထွေးပိုက်မည်၊ ပြီးလျှင် ငါ့ထံ ပူဇော်မှုများ ပြုကြသော သူတို့အား ငါသည် ပျော်ရွှင်မှုများ ပေးသနားမည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော်မှု ရှာတွေ့သော သူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားသည့် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏ အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ကြွယ်ဝမှုကို ရကြလိမ့်မည် ဖြစ်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉))

အောင်ပွဲဝင်တေး ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄) စီစီပီရဲ့စည်းမျဉ်းအောက်မှာ မှန်ကန်တဲ့လမ်းကို လက်ခံတဲ့လူတွေဟာ ထိန်းချုပ်ခံရတယ်။ ညှင်းပန်းနှိပ်စက်ခံရပြီး နောက်ဆုံး အသေသတ်ခြင်းပါခံရတယ် စီစီပီဟာ ဘာလို့အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို ကြောက်ရွံ့နေလဲဆိုတာ နားမလည်ဘူး

နောက်တစ်ခုသို့- မေးခွန်း (၅) မကြာခင်မှာပဲ စီစီပီ ရဲ့နေ့ရက်တွေဟာ တစ်စတစ်စနဲ့ သက်ဆိုးရှည်မှာ မဟုတ်ဘူးလို့အရင်ကထင်ခဲ့ပြီး သူတို့လဲပြိုသွားမယ့်အချိန်ကို ကျွန်မစောင့်နေခဲ့တာ ဒါပေမဲ့ အခုသိပြီ စီစီပီရဲ့ရည်ရွယ်ချက်အစစ်က တို့အားလုံးကို ငရဲကိုပို့ဖို့ပဲ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို တို့မလိုက်သေးဘဲ စီစီပီ ပြိုလဲတဲ့ အထိစောင့်မယ်ဆိုရင် ကျွန်မတို့ဟာ ဘုရားသခင်ရဲ့နောက်ဆုံးသောကယ်တင်ခြင်းကိုရပြီး ကိုယ်တော့်ရဲ့နိုင်ငံတော်ထဲကို ဝင်နိုင်မှာလား ဒါမှမဟုတ် ကယ်တင်ခြင်းအခွင့်အရေးကို တို့တတွေ ဆုံးရှုံးရမှာလား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။