၄။ မှန်သောလမ်းနှင့် မှားသောလမ်းများ၊ နှင့် မှန်သောအသင်းတော်နှင့် မှားသောအသင်းတော်များအကြား ပိုင်းခြားသိမြင်ခြင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊ ဤစကားလုံးများက သမ္မာတရားကို ဖော်ပြခြင်းများ ဖြစ် မဖြစ်၊ ယင်းက အဘယ်သူကို သက်သေခံသည်နှင့် သင့်ကို မည်သည့်အရာ ဆောင်ကြဉ်း ပေးနိုင်သည်တို့ကို ကြည့်ရမည်ဖြစ်သည်။ စစ်မှန်သောလမ်းခရီးနှင့် မှားယွင်းသောလမ်းတို့ကို ခွဲခြားခြင်းတွင် အခြေခံကျသော အသိပညာဆိုင်ရာ ရှုထောင့်အချို့လိုအပ်၏၊ အခြေခံအကျဆုံးသော အရာမှာ ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိ မရှိကို ကြည့်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် လူသား ယုံကြည်မှု၏ အနှစ်သာရမှာ ဘုရားသခင်၏ ဝိညာဉ်တော်အပေါ် ယုံကြည်မှု ဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုသည်ပင်လျှင် ဤဇာတိခန္ဓာမှာ ဘုရားသခင့် ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယင်းမှာ ထိုကဲ့သို့သော ယုံကြည်ခြင်းသည် ဝိညာဉ်တော်အပေါ် ယုံကြည်နေသေး သည်ဟု ဆိုလိုသည်။ ဇာတိခန္ဓာနှင့် ဝိညာဉ်တော်တို့အကြား ခြားနားမှုများရှိ၏၊ သို့သော် ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ထံမှလာပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိခံယူသောကြောင့်၊ လူသားယုံကြည်သော အရာမှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ်ကို ခွဲခြားရာတွင် အရာအားလုံးထက် သန့်ရှင်းသောဝိညာဉ်တော် ရှိ မရှိကို သင်ကြည့်ရမည်၊ ယင်းနောက် ဤလမ်းခရီး၌ သမ္မာတရား ရှိ မရှိကို သင်ကြည့်ရမည်ဖြစ်သည်။ ဤသမ္မာတရားသည် သာမန်လူ့သဘာဝ၏ အသက်တာစိတ်သဘောထားဖြစ်ပြီး၊ ယင်းမှာ အစအဦး၌ ဘုရားသခင်က လူသားကိုဖန်ဆင်းခဲ့ချိန်တွင် သူ့ထံမှတောင်းဆိုသော အရာကို ဆိုလိုသည်၊ အတိအကျ ပြောရသော် သာမန်လူ့သဘာဝနှင့် ဆိုင်သော အရာအားလုံးကို (လူသားအသိစိတ်၊ ထိုးထွင်းသိမြင်မှု၊ ဉာဏ်ပညာနှင့် လူသားဖြစ်ခြင်း၏ အခြေခံအသိပညာတို့ အပါအဝင်) ဆိုလိုသည်။ ယင်းမှာ ဤလမ်းခရီးက လူသားကို သာမန်လူ့သဘာဝ၏ အသက်တာ တစ်ခုထဲသို့ ပို့ဆောင်နိုင်ခြင်း ရှိမရှိ၊ ဟောပြောထားသော သမ္မာတရားကို သာမန်လူ့သဘာဝ၏ စစ်မှန်မှုအရ လိုအပ်မှုရှိမရှိ၊ ဤသမ္မာတရားက လက်တွေ့ကျပြီး စစ်မှန်မှုရှိမရှိနှင့် အချိန်အကိုက်ဆုံး ဖြစ်မဖြစ်တို့ကို ကြည့်ရမည်။ သမ္မာတရားရှိလျှင် ထိုသမ္မာတရားက လူသားကို သာမန်ဖြစ်ပြီး စစ်မှန်သော အတွေ့အကြုံများထဲသို့ ပို့ဆောင်နိုင်၏။ ထို့ပြင် လူများသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး ၎င်းတို့၏ လူ့အသိစိတ်သည် ပို၍ပို၍ စုံလင်လာသည်၊ ဇာတိပကတိနှင့် ဝိညာဉ်အသက်တာ၌ ၎င်းတို့၏ဘဝသည် ပို၍ပို၍ စနစ်ကျလာပြီး၊ ၎င်းတို့၏ စိတ်ခံစားမှုများ ပို၍ပို၍ ပုံမှန်ဖြစ်လာလေသည်။ ဤအရာသည် ဒုတိယနိယာမဖြစ်၏။ လူများသည် ဘုရားသခင်ကို တိုးပွား၍ သိကျွမ်းခြင်း ရှိ မရှိ၊ ထိုကဲ့သို့သော အမှုနှင့် သမ္မာတရားတို့ကို တွေ့ကြုံခြင်းက ၎င်းတို့၏အထဲ၌ ဘုရားသခင်အပေါ် ချစ်သောမေတ္တာကို လှုံ့ဆော်နိုင်ပြီး ၎င်းတို့ကို ဘုရားသခင်နှင့် တိုး၍ ရင်းနှီးလာစေရန် ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိ မရှိဆိုသည့် အခြားသော နိယာမတစ်ခုရှိသည်။ ဤတွင် ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ် တိုင်းတာ၍ ရနိုင်ပေသည်။ အခြေခံအကျဆုံးမှာ ထိုလမ်းခရီးက သဘာဝလွန်ဆိုသည်ထက် လက်တွေ့ကျသောအရာ ဟုတ် မဟုတ်၊ ထိုလမ်းခရီးက လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ခြင်း ရှိ မရှိ ဆိုသည့်အရာ ဖြစ်သည်။ ဤအခြေခံသဘောတရားများနှင့် ကိုက်ညီပါက၊ ထိုလမ်းခရီးသည် မှန်သောလမ်းခရီးဖြစ်သည်ဟု ကောက်ချက်ချ နိုင်ပေသည်။ သင်တို့၏ အနာဂတ်အတွေ့အကြုံများ၌ အခြားသော လမ်းခရီးများကို သင်တို့လက်ခံစေဖို့ ဤနှုတ်ကပတ်တော်များကို ငါပြောခြင်း မဟုတ်သကဲ့သို့၊ အနာဂတ်၌ အခြားသောခေတ်သစ်၏ အမှုရှိလိမ့်မည်ဟု ဟောကိန်းထုတ်ခြင်း တစ်ခုအနေဖြင့် ပြောဆိုခြင်းလည်း မဟုတ်ပေ။ ယနေ့၏အမှုအပေါ် သင်တို့၏ ယုံကြည်ချက်၌ တစ်ဝက်သာသေချာပြီး ထိုအမှုအပေါ် ထိုးထွင်းသိမြင်မှု မရနိုင်ခြင်း မရှိရအောင်နှင့် ယနေ့၏လမ်းခရီးမှာ စစ်မှန်သောလမ်းခရီး ဖြစ်သည်ကို သင်တို့သေချာစေနိုင်ဖို့ ထိုအရာတို့ကို ငါပြောခြင်းဖြစ်သည်။ တိကျသေချာ နေသော်ငြားလည်း၊ စိတ်ရှုပ်ထွေးမှုထဲ လိုက်လျှောက်နေဆဲရှိသူ များစွာရှိ၏၊ ထိုသို့သောသေချာမှု၌ အခြေခံသဘောတရား မရှိ၊ ထို့ပြင် ၎င်းတို့သည် အနှေးနှင့်အမြန် ဖယ်ရှားခြင်းကို ခံရကြလိမ့်မည်။ မိမိတို့ လိုက်လျှောက်ခြင်း၌ အထူး တက်ကြွကြသော သူတို့ပင်လျှင် အစိတ်အပိုင်း သုံးပိုင်းသေချာပြီး ငါးပိုင်းမသေချာကြ၊ ယင်းက ၎င်းတို့တွင် အခြေခံအုတ်မြစ် မရှိသည်ကို ပြသနေပေသည်။ သင်တို့၏ အစွမ်းအစက ညံ့ဖျင်းလှပြီး သင်တို့၏ အခြေခံအုတ်မြစ်မှာလည်း တိမ်လွန်းလှသောကြောင့် သင်တို့တွင် ပိုင်းခြားသိမြင်ခြင်းအပေါ် နားလည်သဘောပေါက်ခြင်း မရှိပေ။ ဘုရားသခင်သည် သူ၏အမှုတော်ကို အဖန်ဖန်မပြုလုပ်ပေ၊ လက်တွေ့မကျသော အလုပ်ကို ဘုရားသခင်မလုပ်ဆောင်ပေ၊ သူသည် လူသားကို အလွန်အကျွံ တောင်းဆိုမှုများ မပြုလုပ်သလို၊ လူသား၏ အသိစိတ်ကို ကျော်လွန်သော အလုပ်ကိုလည်း သူမလုပ်ဆောင်ပေ။ သူလုပ်သော အမှုဟူသမျှသည် လူသား၏ သာမန်အသိစိတ် အတိုင်းအတာအတွင်း၌ရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို မကျော်လွန်သည့်အပြင် သူ၏အမှုသည် လူသားမျိုးနွယ်၏ သာမန်လိုအပ်ချက်များနှင့်အညီ ဖြစ်သည်။ ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့ အပေါ် တိုးပွားသော အသိပညာတစ်ခုကို ရရှိပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမို ကြီးထွားလေလေ၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေ ဖြစ်သည်— ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက် ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ လမ်းခရီးတစ်ခုက လူသား၏အနှစ်သာရဖြစ်သော ထိုအရာများကို ထုတ်ဖော်နိုင်စွမ်း မရှိလျှင်၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းမရှိလျှင်၊ ထို့အပြင် ဘုရားသခင်ရှေ့မှောက်သို့ သူ့ကို ခေါ်ဆောင်လာနိုင်စွမ်း မရှိလျှင်၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက် နားလည်မှုကို သူ့အား မပေးနိုင်လျှင်၊ ထို့အပြင် သူ၏လူ့သဘာဝကို ပို၍ပင် နိမ့်ကျစေပြီး သူ၏အသိစိတ်ကို ပို၍ မူမမှန်စေလျှင်၊ ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး မဟုတ်ပေ၊ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ အလုပ်၊ သို့မဟုတ် လမ်းခရီးဟောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တိုတိုပြောရလျှင် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်အလုပ်မဖြစ်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ဘုရားသခင်၏ အမှု အဆင့်အသီးသီးတွင်၊ လူသားနှင့်ဆိုင်သော လိုက်လျောညီထွေသည့် သတ်မှတ်ချက်များလည်း ရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ပိုင်ဆိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူများသည် စာတန်၏ ကွပ်ကဲမှုအောက်တွင်ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် လုပ်ဆောင်မှုမျှမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း၌ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံသူများ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်တွင် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိသူများသည် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ဤအချိန်အတောအတွင်း ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံကြရကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံရပြီး၊ အပြစ်ပေးခြင်းကိုပင် ခံရကောင်းခံရနိုင်သည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ၎င်းတို့ရှိမှသာ၊ ဘုရားသခင်သည် သူ၏အမှုသစ် လက်ခံသည့်သူအားလုံးကို သူ၏ နာမအတွက် တာဝန်ယူလိမ့်မည်။ သူ၏နာမကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ သူ့ကိုမနာခံသကဲ့သို့ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်သူများသည် သူ၏အပြစ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသည့် လူများသည် အမှုသစ်ကို လက်ခံသူများဖြစ်ပြီး၊ အမှုသစ်ကို ၎င်းတို့ လက်ခဲ့ပြီးဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သင်တင့်လျောက်ပတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မပြုမူသင့်ပေ။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အမှုသစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ- ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့သည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ အသက်ရှင်ကြသည်၊ ၎င်းတို့၏ စိတ်အတွင်း၌ အသက်ရှင်ကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှအားလုံးသည် ၎င်းတို့ကိုယ်ပိုင် ဦးနှောက်များ၏ စိစစ်မှုနှင့် သုတေသနပြုခြင်းမှ ထွက်ပေါ်သည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသစ်က တောင်းဆိုသည့်အရာပင် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူအားလုံးသည် အသက်မဲ့သည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိအလိုတို့ကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏ အစီအစဉ်များကို ထိခိုက်နိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မည်သို့မျှ မဆက်စပ်ပေ။ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်၊ အလွန် သနားဖွယ်ကောင်းလှပြီး၊ ဖော်ပြပြောဆိုရန် တကယ်ကို မထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ဤအရာကြောင့် ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့အားလုံးသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိကြသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရပြီးသည့်သူများ ဖြစ်သည့်အတွက်ဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ၌ လျှောက်လှမ်းကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် ၎င်းတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့်၊ ၎င်းတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အမှုပြုစဉ်တွင်၊ ၎င်းတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြလေသည်။ လူသားသည် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းမှာ အဆုံးစွန် ပုန်ကန်ခြင်း သက်သက်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာ ပြေးကြသောသူတို့သည် အထူးသဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြလိမ့်မည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးက ယင်းအပေါ် ရန်လိုမှုလည်းမရှိ၊ ဆန့်ကျင်မှုလည်း မရှိပါလျှင် ယင်းသည် စစ်မှန်သောလမ်း ဖြစ်လိမ့်မည် မဟုတ်ပေ။ သတိရပါ၊ စစ်မှန်သောလမ်းကို လူအများစုနှင့် ကမ္ဘာကြီးကပင် ဧကန်အမှန် ဆန့်ကျင်ကြလိမ့်မည်။ သခင်ယေရှု အမှုတော်ပြုရန်နှင့် တရားဟောရန် ပထမဆုံး လာခဲ့သည့်အချိန်က ယုဒဘာသာတစ်ခုလုံးသည် ကိုယ်တော်ကို မဆန့်ကျင်ဘဲ နေခဲ့ကြသလော။ ဘုရားသခင်က အမှုတော်အသစ်ကို စတင်သည့်အခါတိုင်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တို့သည် ယင်းကို လက်ခံရန် အကြီးမားဆုံး အခက်အခဲရှိကြသည်၊ အကြောင်းမှာ ဘုရားသခင်၏ အမှုတော်သည် လူတို့၏ အယူအဆများနှင့် သဘောထားကွဲလွဲပြီး ငြင်းဆိုစရာ ဖြစ်နေသောကြောင့်ဖြစ်သည်။ လူတို့သည် နားလည်နိုင်စွမ်းမရှိဘဲ ဝိညာဉ်လောကထဲသို့ ချဉ်းနင်းဝင်ရောက်ရန် မတတ်စွမ်းနိုင်ပေ။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် မဟုတ်ခဲ့ပါက၊ သူတို့သည် မှန်သောလမ်းကို လက်ခံနိုင်မည်မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏ အမှုတော်ဖြစ်သည်ဟု ယုံကြည်ရပါသော်လည်း ဘာသာရေး အသိုင်းအဝိုင်းက ဆန့်ကျင်ခြင်းမရှိသည့်အပြင်၊ ကမ္ဘာလောက၏ ဆန့်ကျင်မှုနှင့် ရန်လိုမှုတို့ ကင်းမဲ့နေပါက၊ ယင်းသည် ဘုရားသခင်၏ အမှုတော် မစစ်မှန်ကြောင်း ထင်ရှားပေသည်။ လူသားတို့သည် သမ္မာတရားကို လက်ခံရန် အဘယ်ကြောင့် မတတ်နိုင်သနည်း။ ပထမအနေဖြင့် လူသည် ဇာတိပကတိနှင့်ဖြစ်သည်၊ သူသည် ရုပ်ဝတ္ထုတစ်ခုဖြစ်သည်။ ရုပ်ဝတ္ထုများသည် ဝိညာဉ်လောကထဲသို့ ထိုးဖောက်နိုင်စွမ်း မရှိပေ။ “ဝိညာဉ်လောကထဲသို့ ထိုးဖောက်နိုင်စွမ်း မရှိ” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုပါသနည်း။ ထိုအရာမှာ ဝိညာဉ်များ၊ ဝိညာဉ်များ၏ လှုပ်ရှားမှုများနှင့် ဝိညာဉ်လောကကို မြင်နိုင်စွမ်းမရှိခြင်း၊ ဘုရားသခင် အဘယ်အရာကို ပြုနေသည်၊ အဘယ်အရာကို ပြောဆိုနေသည်ကို မမြင်နိုင်ခြင်းဟု ဆိုလိုသည်။ ဝိညာဉ်လောကတွင် အဘယ်အရာများဖြစ်နေသည်ကို လူတို့သည် မြင်ကြမည် မဟုတ်ပေ။ ရုပ်ဝတ္ထုကမ္ဘာတွင်၊ လူတို့သည် ရုပ်ဝတ္ထုပစ္စည်းများကိုသာ မြင်နိုင်သည်။ မည်သည့်ဝိညာဉ်က လူများအတွင်းတွင် မည်သည့်အမှုကို ပြုသည်ကို သင်တို့မမြင်နိုင်၊ သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော်သည် မည်သည်ကို လာ၍လုပ်ဆောင်သည်၊ ပြောသည်ကို မမြင်နိုင်ပေ။ တစ်ခါတစ်ရံ သင်သည် ကိုယ်တော်၏အသံတော်ကို ကြားနိုင်သည်၊ သို့သော် ၎င်းသည် အဘယ်အရပ်မှ လာသည်ကို သင်မသိပါ။ စာအုပ်တစ်အုပ်မှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်သည်၊ သို့သော် ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို မည်သည့်အချိန်တွင် ပြောခဲ့သည်၊ သို့မဟုတ် မည်သို့ပြောခဲ့သည်၊ သို့မဟုတ် ယင်းတို့မှာ အဘယ်အရာအား ဆိုလိုသည်ကို သင်မသိနိုင်သေးဘဲရှိသည်။ လူများသည် ဝိညာဉ်လောကထဲသို့ ထိုးဖောက်ဝင်ရောက်ခြင်း မပြုနိုင်ကြ၊ သို့မဟုတ် ဘုရာသခင်၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော အရင်းအမြစ်ကို နားမလည်နိုင်ကြ၊ သို့ဖြစ်ရာ သူတို့သည် သမ္မာတရားကို နားလည်နိုင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်တို့ကို လိုအပ်သည်။ ဒုတိယအားဖြင့်၊ လူတို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့ပြီး သူ၏အတွင်းပိုင်းသည် စာတန်၏ အင်္သချေများလှသော အဆိပ်၊ အင်္သချေများလှသော အသိပညာနှင့် ပြည့်လျက်ရှိ၏။ သူသည် စာတန်၏ အမျိုးမျိုးသော အတွေးအမြင်များနှင့် အသိပညာများကို အသုံးပြုလျက် အရာရာကို သုံးသပ်မည်ဆိုလျှင်၊ သမ္မာတရားမှာ အဘယ်အရာဖြစ်သည်ကို ဘယ်သောအခါမျှ သူသက်သေပြနိုင်လိမ့်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်း မပါဘဲ၊ လူသည် သမ္မာတရားကို နားလည်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာ စစ်မှန်သောလမ်းသည် လူ၏ဖိစီးနှိပ်စက်ခြင်းနှင့် ငြင်းပယ်ခြင်းကို မလွဲမသွေခံရမည်သာ ဖြစ်သည်။ စာတန်၏အသိပညာနှင့် အတွေးအမြင်များကို လူတို့အနေဖြင့် လက်ခံရန် အဘယ်ကြောင့် လွယ်ကူနေသနည်း။ ပထမအားဖြင့်၊ ယင်းသည် သူတို့၏ အယူအဆများ၊ သူတို့ဇာတိပကတိ၏ စိတ်ပါဝင်စားမှုများနှင့် တစ်သားတည်းဖြစ်နေပြီး၊ ယင်းသည် သူတို့ဇာတိပကတိအတွက် အကျိုးရှိစေသည်။ သူတို့က သူတို့ကိုယ်ကို ဤသို့ပြောကြသည်၊ “ဤသို့သော အသိပညာကို လက်ခံခြင်းသည် ကျွန်ုပ်ကို အထောက်အကူဖြစ်စေသည်။ ယင်းသည် ကျွန်ုပ်ကို ရာထူးတိုးစေလိမ့်မည်၊ ယင်းသည် ကျွန်ုပ်ကို အောင်မြင်စေလိမ့်မည်၊ ထို့နောက် အမှုအရာများကို စွမ်းဆောင်ရယူနိုင်ရန် လမ်းဖွင့်ပေးလိမ့်မည်။ ထိုသို့သော အသိပညာအားဖြင့် ဤလူတို့ ကျွန်ုပ်ကို မော့ကြည့်ကြလိမ့်မည်။” လူတို့ကို အကျိုးဖြစ်စေသည့် ထိုအရာသည် သူတို့၏အယူအဆများနှင့် တစ်သားတည်းဖြစ်နေသည်။...ဤမျှသော အတိုင်းအတာထိ ဖောက်ပြန်ပျက်စီးခဲ့ခြင်းနှင့် ဝိညာဉ်လောကသို့ မထိုးဖောက်နိုင်ခြင်းတို့ကြောင့် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရုံသာ တတ်နိုင်ကြရာ ဘုရားသခင်၏ အမှုတော်သည် လူ၏ငြင်းပယ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ရှုတ်ချခြင်းကိုသာ ကြုံခဲ့ရသည်။ ယင်းမှာ ပုံမှန်ပင် ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ အမှုတော်သည် ကမ္ဘာလောကနှင့် လူသား၏ ရှုတ်ချခြင်းနှင့် ဆန့်ကျင်ခြင်းကို မခံခဲ့ရပါက၊ ယင်းသည် သမ္မာတရားမဟုတ်ကြောင်း သက်သေပြပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်ပြောခဲ့သမျှ အားလုံးသည် လူတို့၏အယူအဆများနှင့် တစ်သားတည်းဖြစ်ခဲ့သော်၊ သူတို့အနေဖြင့် ယင်းကို ရှုတ်ချကြမည်လော။ ဆန့်ကျင်ကြမည်လော။ သူတို့လုပ်မည်မဟုတ်သည်မှာ သေချာသည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

ဘုရားသခင် အမှန်တကယ် ကြိုတင်ခွဲခန့်မှတ်သားထားပြီး ရွေးချယ်ထားသောသူများဖြင့် အသင်းတော်ကို ဖွဲ့စည်းထားသည်။ သမ္မာတရားကို ချစ်မြတ်နိုးသူ၊ သမ္မာတရားကို လေ့လာလိုက်စားသူနှင့် သန့်ရှင်းသော ဝိညာဉ်တော်ဆိုင်ရာ အမှုတော်၏ သိမ်းပိုက်ခံရသူတို့ဖြင့် ဖွဲ့စည်းထားသည်။ ထိုသူတို့ စုရုံးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း၊ အသင်းတော်၏ အသက်တာကို ရှင်သန်နေထိုင်ခြင်း၊ ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ခြင်းနှင့် ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါများအနေနှင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ကြခြင်းတို့ကို ဆောင်ရွက်ကြသည့်အခါမှသာလျှင် အသင်းတော်တစ်ခု ဖြစ်နိုင်သည်။ လူစုလူဝေးတစ်ခုက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြောင်း၊ ဆုတောင်းကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြောင်း ပြောသော်လည်း သမ္မာတရားကို ချစ်မြတ်နိုးခြင်း၊ သို့မဟုတ် လေ့လာလိုက်စားခြင်း မရှိဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် မပါဘဲ၊ ဘာသာရေး အခမ်းအနားများကို ကျင်းပရုံသာ ဖြစ်နေပါလျှင် ယင်းသည် အသင်းတော်တစ်ခု မဟုတ်ပါ။ ပို၍တိကျကျပြောရလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်မပါသော အသင်းတော်များသည် အသင်းတော်များ မဟုတ်ကြပါ။ ယင်းတို့သည် ဘာသာရေး ကျင်းပရာနေရာများနှင့် ဘာသာရေး အခမ်းအနားများကို ကျင်းပကြသော လူများသာ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် နာခံသူများ၊ ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ကြသူများ မဟုတ်ကြပေ။...

............

...အသင်းတော်ဆိုသည်မှာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို လေ့လာလိုက်စားသူများ စုဝေးရာဖြစ်ပြီး ကောက်ကျစ်စဉ်းလဲသူတို့ လုံးဝမပါဝင်ပေ။ သူတို့သည် အသင်းတော်နှင့် မသက်ဆိုင်ပေ။ သမ္မာတရားကို မလေ့လာမလိုက်စားဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မည်သည့်အရာကိုမျှ မလုပ်သောလူများ အတူတကွ စုဝေးပါက ယင်းသည် အသင်းတော်တစ်ခု ဖြစ်မည်မဟုတ်ပေ။ ယင်းသည် ဘာသာရေး ကျင်းပရာနေရာ၊ သို့မဟုတ် လူစုလူဝေးတစ်ခု ဖြစ်လိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို လေ့လာလိုက်စားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ကာ၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အပြင်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံ၍ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ရရှိထားသောသူများဖြင့် အသင်းတော်ကို ဖွဲ့စည်းရမည်။ သို့မှသာလျှင် ၎င်းသည် အသင်းတော်ဖြစ်သည်။ သို့ဖြစ်ရာ အသင်းတော်တစ်ခု စစ်မှန်မှုရှိမရှိကို သင်သုံးသပ်သည့်အခါ၊ ယင်းတွင် မည်သို့သောသူများရှိသည်ကို ပထမဆုံး ကြည့်ရမည်။ ဒုတိယအားဖြင့်၊ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ရှိမရှိကို ကြည့်မည်။ သူတို့၏စုဝေးခြင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်မပါရှိပါက ယင်းသည် အသင်းတော်တစ်ခု မဟုတ်ပေ။ ထို့ပြင် ၎င်းသည် သမ္မာတရားကို လေ့လာလိုက်စားသူတို့၏ အစုအဝေး မဟုတ်ပါက ယင်းသည် အသင်းတော်တစ်ခု မဟုတ်ပါ။ အသင်းတော်တွင် သမ္မာတရားကို လေ့လာလိုက်စားသူ တစ်ဦးမျှ မရှိလျှင်၊ ဤအသင်းတော်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် မရှိပေ။ ထိုအထဲတွင် သမ္မာတရားကို လေ့လာလိုက်စားလိုသောသူ တစ်ဦးတစ်ယောက်ရှိပြီး ထိုသူသည် ထိုသို့သောအသင်းတော်တွင် ဆက်လက်ကျန်နေလျှင်၊ ထိုသူသည် ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ပေ။ သူတို့သည် ထိုလူအစုအဝေးမှ ဖယ်ခွာပြီး အသင်းတော်တစ်ခုကို တတ်နိုင်သမျှ မြန်မြန်ရှာဖွေရမည်။ အသင်းတော်တစ်ခုတွင် သမ္မာတရားကို လေ့လာလိုက်စားသူ သုံးယောက်မှ ငါးယောက်ရှိပြီး၊ ၃၀ သို့မဟုတ် ၅၀ သည် လူစုလူဝေးသက်သက်သာဖြစ်ပါက၊ ဘုရားသခင်တွင် အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို လေ့လာလိုက်စားသည့် ထိုသုံးယောက် သို့မဟုတ် ငါးယောက်သည် အတူပူးပေါင်းလုပ်ဆောင်သင့်သည်။ သူတို့ အတူပူးပေါင်းလုပ်ဆောင်သောအခါ သူတို့၏စုဝေးခြင်းသည် အသင်းတော်ဖြစ်နေဆဲဖြစ်သည်၊ အသင်းဝင်အနည်းဆုံးရှိသော အသင်းတော်ဖြစ်သော်လည်း ယင်းသည် သန့်စင်သည်။

—အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ

ဘာသာရေးလောကရှိ ခေါင်းဆောင်များနှင့် သင်းအုပ်ဆရာများသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံထားခြင်းမရှိ၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် စုံလင်စေခြင်းနှင့် တည်ဆောက်ထားခြင်းတို့ မခံထားရဘဲ ယင်းအစား ကျမ်းစာသင်ကျောင်းများမှ ကျောင်းပြီး၍ အောင်လက်မှတ်ရပြီးနောက် ဘာသာရေးအသိုင်းအဝိုင်းတွင် ခေါင်းဆောင်များနှင့် သင်းအုပ်ဆရာများ ဖြစ်လာကြသည်။ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် အတည်ပြုခြင်းတို့ မရှိကြပေ၊ သူတို့တွင် ဘုရားသခင်၏ မှန်ကန်သော အသိပညာ စိုးစဉ်းမျှ မရှိကြပေ၊ ထို့ပြင် သူတို့၏နှုတ်များသည် ဓမ္မပညာဆိုင်ရာ အသိပညာနှင့် အယူအဆများမှလွဲ၍ မည်သည်ကိုမျှ မပြောတတ်ပေ။ အမှန်တကယ်အားဖြင့် သူတို့သည် မည်သည့်အရာကိုမျှ တွေ့ကြုံထားခြင်း မရှိကြပေ။ ထိုသို့သော လူများသည် ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန် အရည်အချင်း လုံးဝမပြည့်မီပေ၊ သူတို့သည် လူကို ဘုရားသခင်၏ ရှေ့မှောက်သို့ မည်သို့ပို့ဆောင်နိုင်မည်နည်း။ သူတို့သည် ကျမ်းစာသင်ကျောင်းမှ ဘွဲ့ရခြင်းကို သူတို့၏ ကိုယ်ပိုင်ခံစားပိုင်ခွင့် အထောက်အထားအဖြစ် ပြကြသည်၊ သူတို့၏ သမ္မာကျမ်းစာအကြောင်း အသိပညာကို ကြွားလုံးထုတ်နိုင်ရန် သူတို့လုပ်နိုင်သမျှ အရာရာကို လုပ်ဆောင်ကြသည်၊ သူတို့သည် မခံမရပ်နိုင်အောင်ပင် မာနထောင်လွှားကြသည်။ သို့အတွက်ကြောင့် သူတို့သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းတို့ကို ခံရကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို သူတို့ဆုံးရှုံးခဲ့ကြသည်။ ဤအရာကို သံသယဖြစ်စရာ မရှိပေ။ ဘာသာရေး အသိုင်းအဝိုင်းသည် ခရစ်တော်၏ အန္တရာယ်ကြီးမားလှသောရန်သူ အဘယ်ကြောင့်ဖြစ်လာရသနည်းဆိုသည်မှာ အလွန်စဉ်းစားဖွယ်ကောင်းသော မေးခွန်းဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ယုဒဘာသာက သခင်ယေရှုခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် သံရိုက်ခဲ့ခြင်းက အဘယ်အရာကို ပြသသနည်း။ နောက်ဆုံးသောကာလ နိုင်ငံတော်ခေတ်တွင် ဘာသာရေးအသိုင်းအဝိုင်းသည် စုစည်းခဲ့ပြီး နောက်ဆုံးသောကာလဆိုင်ရာ ဘုရားသခင်၏အမှုတော်ကို ဆန့်ကျင်ရန်နှင့် ဝေဖန်ရန် ၎င်း၏ ကြိုးပမ်းအားထုတ်မှုအားလုံးကို မြှုပ်နှံထားသည်၊ ယင်းသည် နောက်ဆုံးသောကာလရှိ လူ့ဇာတိခံယူသော ခရစ်တော်ကို ငြင်းဆန်ပြီး ပယ်ချသည်၊ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ဘုရားသခင်၏ အသင်းတော်ကို ဆန့်ကျင်သည့် ကောလာဟလအမျိုးမျိုးကို လုပ်ဇာတ်ခင်းခဲ့သည်၊ တိုက်ခိုက်ခဲ့သည်၊ သွားပုပ်လေလွင့်ပြောခဲ့သည်၊ ပြစ်မှားပြောဆိုခဲ့သည်၊ ထို့ပြင် ကာလအတန်ကြာကတည်းကပင် ယင်းသည် နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်သည့် ပြန်ကြွလာသော ယေရှုကို လက်ဝါးကပ်တိုင်တွင် သံဖြင့်ရိုက်ခဲ့ပြီးဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်းမှာ ကာလအတန်ကြာကတည်းကပင် ဘုရားသခင်ကို ဆန့်ကျင်လျက် ပုန်ကန်ခဲ့သော စာတန်၏ အင်အားများအဖြစ်သို့ ယိုယွင်းပျက်စီးခဲ့ကြောင်း ထိုအရာက သက်သေပြနေသည်။ ဘာသာရေး အသိုင်းအဝိုင်းကို ဘုရားသခင်က အုပ်ချုပ်သည်မဟုတ်၊ ထိုမျှသာမက သမ္မာတရားကလည်း အုပ်ချုပ်သည် မဟုတ်ပေ။ ယင်းကို ဖောက်ပြန်ပျက်စီးနေသည့် လူများအပြင် အန္တိခရစ်များက အကြွင်းမဲ့ အုပ်ချုပ်သည်။

ဤကဲ့သို့သော စာတန်ပိုင်ဆိုင်ပြီး နတ်ဆိုးများနှင့် အန္တိခရစ်များက အုပ်ချုပ်ထိန်းချုပ်သော ဘာသာရေးကျင်းပရာနေရာတွင် လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ၊ သူတို့သည် ဘာသာရေး အယူဝါဒများကို နားလည်စွမ်းရှိရုံသာရှိသည်၊ သူတို့သည် ဘာသာရေးပွဲတော်များနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်လျှောက်နိုင်ရုံသာရှိသည်၊ ထို့ပြင် သူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်မည်မဟုတ်၊ ဘုရားသခင်၏ အမှုတော်ကို မည်သည့်အခါမျှ တွေ့ကြုံရမည်မဟုတ်၊ ထို့ပြင် သူတို့သည် ကယ်တင်ခြင်းကို လုံးဝမရနိုင်ပါ။ ထိုဘာသာရေးကျင်းပရာနေရာတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် ဘာမျှမရှိသည့်အတွက်၊ ယင်းတို့သည် ဘုရားသခင် မနှစ်မြို့သည့်နေရာဖြစ်သည်၊ ဘုရားသခင်က စက်ဆုပ်ရွံ့ရှာသည့်နေရာဖြစ်သည်၊ ကိုယ်တော်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းကိုခံရသည်။ ဘုရားသခင်သည် ဘာသာတရားကို ချီးမွမ်းဖူးရန် မဆိုထားနှင့်၊ မည်သည့်အခါကမျှ အသိအမှတ်မပြုခဲ့ပေ၊ သခင်ယေရှု၏ ကာလမှစ၍ ဘာသာရေး အသိုင်းအဝိုင်းသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသည်။ သို့ဖြစ်ရာ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ရှိသော နေရာများကို ရှာရမည်။ ယင်းတို့သာလျှင် စစ်မှန်သော အသင်းတော်များဖြစ်ပြီး၊ စစ်မှန်သော အသင်းတော်များအတွင်း၌သာလျှင် သင်သည် ဘုရားသခင်၏ အသံတော်ကို ကြားနိုင်မည်ဖြစ်ပြီး၊ ဘုရားသခင့်အမှုတော်၏ ခြေရာတော်ကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်ကို ရှာဖွေတွေ့ရှိနိုင်သည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

အရှေ့သို့- ၃။ စစ်မှန်သောခရစ်တော်နှင့် ခရစ်တော်၏အယောင်ကိုဆောင်သောသူများအကြား ပိုင်းခြားသိမြင်ခြင်း

နောက်တစ်ခုသို့- ၅။ ဘုရားသခင်နောက်သို့လိုက်ခြင်းနှင့် လူတို့၏နောက်သို့လိုက်ခြင်းအကြား ကွာခြားမှု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။