အခန်း ၂၄

အချိန်သည် အစဉ် ပို၍နီးကပ်လာသည်။ နိုးထကြလော့။ သန့်ရှင်းသူအားလုံးတို့။ ငါသည် သင်တို့ထံ မိန့်ဆိုလိမ့်မည်ဖြစ်ပြီး၊ ကြားသောသူအားလုံးတို့သည် နိုးထကြလိမ့်မည်။ ငါသည် ဤနှစ်ပေါင်းများစွာအတွင်း သင်တို့ယုံကြည်သော ဘုရားသခင် ဖြစ်၏။ ယနေ့တွင် ငါသည် လူ့ဇာတိကို ခံယူပြီး သင်တို့မျက်စိရှေ့တွင် ရောက်လာသည်၊ ထိုသို့အားဖြင့် ငါ့ကိုအမှန်တကယ်အလိုရှိသူ၊ ငါ့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးချင်နေသူ၊ ငါ၏နှုတ်ကပတ်တော်ကို ဧကန်အမှန် နားထောင်သူနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုနေသူကို ထုတ်ဖော်သည်။ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သောကြောင့် မှောင်မိုက်တွင် ဖုံးကွယ်ထားသော လူသား၏ လျှို့ဝှက်ချက်များအားလုံးတို့ကို တွေ့မြင်နိုင်သည်၊ ငါ့ကို အမှန်အလိုရှိသောသူကို ငါသိပြီး၊ ငါ့ကို ခုခံသောသူကို ငါသိသည်။ ငါသည် အရာအားလုံးတို့ကို စောင့်ကြည့်သည်။

ယခုတွင် ငါသည် ငါနှင့်စိတ်နှလုံးညီညွတ်သူလူတစ်စု၊ ငါ၏ဝန်ထုပ်တို့ကို နားလည်စာနာပေးနိုင်သူလူတစ်စုကို တတ်နိုင်သမျှ အမြန်ဆုံး ပြုလုပ်လိုသည်။ သို့သော် ငါသည် အသင်းတော်ကို သန့်ရှင်းစေခြင်းနှင့် စင်ကြယ်စေခြင်းကို မချုပ်တည်းနိုင်ပေ၊ အသင်းတော်သည် ငါ၏နှလုံးသားဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်ကို သင်တို့ စားသောက်ခြင်းမရှိရန် တားဆီးသော ဆိုးယုတ်သူတို့ကို ငါစက်ဆုပ်ရွံရှာ၏။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ငါ့ကိုအမှန်တကယ် အလိုမရှိသည့် အခြားလူအချို့ ရှိခြင်းကြောင့် ဖြစ်သည်။ ဤလူတို့သည် လိမ်ညာမှုနှင့်ပြည့်ဝလျက်၊ ၎င်းတို့သည် စစ်မှန်သောစိတ်နှလုံးဖြင့် ငါ့ထံသို့မတိုးဝင်ကြပေ၊ ၎င်းတို့သည် ဆိုးယုတ်ကြပြီး ငါ၏အလိုတော်ကို ဆောင်ရွက်ရာတွင် တားဆီးနှောင့်ယှက်သူများဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများ မဟုတ်ကြပေ။ ဤသူတို့သည် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်ခြင်းနှင့် မာနကြီးခြင်းတို့ဖြင့် ပြည့်ဝလျက်၊ ၎င်းတို့သည် လွန်လွန်ကဲကဲ ရည်မှန်းချက် ကြီးလွန်းကြသည်၊ ၎င်းတို့သည် အထက်စီးမှ ဆက်ဆံခြင်းကို နှစ်သက်ကြသည်၊ ၎င်းတို့၏စကားမှာ နားဝင်ချိုလှသော်လည်း ၎င်းတို့သည် သမ္မာတရားကို တိတ်တဆိတ် လက်တွေ့မလုပ်ဆောင်ကြပေ။ ဤဆိုးယုတ်သူတို့သည် အဆက်ဖြတ်ခြင်းနှင့် ဖယ်ရှားခြင်းကို ခံရမည်၊ ၎င်းတို့သည် ဘေးဒုက္ခအလယ်တွင် ဆင်းရဲခံရလိမ့်မည်။ ဤနှုတ်ကပတ်တော်တို့မှာ သင်တို့သည် ငါ၏ အလိုတော်နှင့် ကိုက်ညီသောလမ်းပေါ်တွင် လျှောက်လှမ်းရန် သင်တို့ကို သတိရစေရန်နှင့် သတိပေးရန် ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ထံသို့ အမြဲပြန်၍လာလော့၊ အကြောင်းမူကား ငါ့ကို မိမိတို့၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချစ်သောသူတို့ကို ငါချစ်သောကြောင့်ဖြစ်သည်။ သင်တို့သည် ငါ့ထံသို့ တိုးဝင်သောကြောင့် ငါသည် သင်တို့ကိုကွယ်ကာ၍ ဆိုးယုတ်သူတို့ထံမှ ကွယ်ကာမည်၊ ငါသည် သင်တို့ကို ငါ၏အိမ်တော်၌ မြဲမြဲရပ်စေလျက် အဆုံးတိုင် သင်တို့ကို စောင့်ရှောက်မည်။

အရှေ့သို့- အခန်း ၂၃

နောက်တစ်ခုသို့- အခန်း ၂၅

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။