အခန်း ၂၃

ငါ့အသံကို ကြားကြပြီဖြစ်သော ညီအကိုမောင်နှမအပေါင်းတို့- သင်တို့သည် ငါ၏ ပြင်းထန်သောတရားစီရင်သံကို ကြားခဲ့ကြပြီး ကြီးစွာသော ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီးဖြစ်သည်။ သို့ရာတွင် ငါ၏ တင်းမာသောအသံ နောက်ကွယ်တွင် ငါ၏ ရည်ရွယ်ချက်တို့ပါကြောင်း သင်တို့ သိသင့်၏။သင်တို့ ကယ်တင်ခြင်းရဖို့ရန်အလို့ငှာ သင်တို့ကို ငါဆုံးမပဲ့ပြင်၏။ ငါချစ်သောသားတို့အတွက်၊ သင်တို့ကို ငါဆုံးမပဲ့ပြင်ပြီး၊ သင်တို့ကို ပြုပြင်ကာမကြာမီ စုံလင်ခြင်းသို့ ရောက်စေမည်ဖြစ်ကြောင်း သင်တို့သိသင့်၏။ ငါ့စိတ်နှလုံးသည် အလွန်ထက်သန်သော်လည်း သင်တို့သည် ငါ့စိတ်နှလုံးကို နားမလည်ဘဲ ငါ့နှုတ်ကပတ်တော်စကား အတိုင်း လိုက်နာပြုမူခြင်း မရှိကြ။ ယနေ့ ငါ့နှုတ်ကပတ်တော်စကားတို့သည် သင်တို့အပေါ်သို့ သက်ရောက်လာပြီး ဘုရားသခင်သည် ချစ်ခြင်းမေတ္တာပြည့်ဝသော ဘုရားသခင်ဖြစ်ကြောင်း သင်တို့ကို အမှန်တကယ် သတိပြုမိစေကာ ဘုရားသခင်၏ စစ်မှန်သော မေတ္တာကို သင်တို့အားလုံး တွေ့ကြုံခဲ့ပြီးပြီ။ သို့သော် လူအနည်းငယ်သည် အယောင်ဆောင်နေကြပြီး အခြားလူများ၏ ဝမ်းနည်းမှုကို မြင်တွေ့ရချိန်တွင် သူတို့သည်လည်း မျက်ရည်ကျကြလိမ့်မည်။ အပေါ်ယံအားဖြင့် ဘုရားသခင်ကို အကြွေးတင်နေပုံရပြီး သူတို့သည် နောင်တရနေသည်ဟု ထင်ရသော်လည်း သူတို့အတွင်းတွင် ဘုရားသခင်ကို အမှန်တကယ် နားလည်ခြင်း မရှိသည့်အပြင် ဘုရားသခင်နှင့် စပ်လျဉ်း၍လည်း သေချာရေရာခြင်း မရှိကြသည့် အခြားသောသူများလည်း ရှိကြပေ၏။ ထို့ထက် ယင်းမှာ အပြင်ပန်းသာ ဖြစ်၏။ ဤလူတို့ကို ငါအရွံရှာအစက်ဆုပ်ဆုံးပင်။ ဤလူတို့သည် ငါ့မြို့မှ အနှေးနှင့်အမြန် ဖယ်ရှားခြင်းခံရလိမ့်မည်။ ငါ၏ရည်ရွယ်ချက်မှာ ငါ့အား ထက်သန်စွာ အလိုရှိသောသူများကို ငါအလိုရှိပြီး စစ်မှန်သော နှလုံးသားဖြင့် ငါ့နောက်သို့ လိုက်သူများသည်သာ ငါ့ကို ကျေနပ်စေနိုင်သည်- ထိုသူတို့အတွက် ငါ့လက်များဖြင့် အသေအချာ ထောက်ပံ့ပေးမည်ဖြစ်ပြီး သူတို့ ဘေးဒုက္ခနှင့် မတွေ့ကြုံကြောင်း သေချာစေမည်။ ဘုရားသခင်ကို အမှန်တကယ် အလိုရှိသောသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားရန် လိုလားပြီး ငါ့အလိုအတိုင်း လုပ်ဆောင်ကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် မကြာမီ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်သင့်ပြီး သင်တို့၏ အသက်အဖြစ် ငါ့နှုတ်ကပတ်တော်စကားများကို လက်ခံသင့်ကြ၏။ ဤသည်မှာ ငါ့အတွက် အကြီးလေးဆုံးသောဝန် ဖြစ်၏။ အကယ်၍ အသင်းတော်များနှင့် သန့်ရှင်းသူများအားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ကြပြီး ငါနှင့် တိုက်ရိုက် မိတ်သဟာယဖွဲ့နိုင်ကာ ငါနှင့် မျက်နှာချင်းဆိုင်ပြီး သမ္မာတရားနှင့် ဖြောင့်မတ်မှုကို လက်တွေ့လုပ်ဆောင် ကြလျှင်သာ သူတို့သည် ငါ၏ ချစ်လှစွာသော သားများ၊ ငါ့ကို ကျေနပ်အားရစေနိုင်သောသူများ ဖြစ်ကြပြီး ကြီးစွာသော ကောင်းချီးကြီးမ င်္ဂလာ အလုံးစုံကို သူတို့အပေါ်သို့ ငါနှင်းအပ်မည်။

အရှေ့သို့- အခန်း ၂၂

နောက်တစ်ခုသို့- အခန်း ၂၄

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ အလုပ်လုပ်သည်နှင့်အမျှ ရှာဖွေနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး၊ ခေတ်ကာလများတစ်လျှောက်...

ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်

တပါးအမျိုးသား နိုင်ငံများအကြား ငါသည် ငါ၏အမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်။ ငါ၏ဘုန်းအသရေသည် စကြဝဠာတစ်ခွင်လုံး တောက်ပလျက်ရှိသည်။...

ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်

ဘုရားသခင်ကို သင်အဘယ်ကြောင့် ယုံကြည်သနည်း။ လူအများစုသည် ဤမေးခွန်းအပေါ် ဝေခွဲမရဖြစ်ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်နှင့်...

အမျက်ဒေါသကျရောက်မည့်နေ့ကို အသွေးအသားနှင့် စပ်ဆိုင်သောသူ အဘယ်သူမျှ မလွတ်မြောက်နိုင်

သင်တို့ကိုယ်တိုင် အသက်ရှင်ကျန်ရစ်ရန်၊ ငါ့လုပ်ငန်း ဆောင်တာ များလည်း ချောမွေ့စွာ အခြေအနေတိုးတက်လာရန်၊ တိုင်းနိုင်ငံ အသီးသီးရှိ လူများထံသို့...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်