အခန်း ၂၇

စကြဝဠာ နှင့် အရာခပ်သိမ်းတို့အပေါ် အုပ်စိုးတော်မူသည့် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အနတ္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ခရစ်တော်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏သက်သေခံချက်၊ ငြင်းဆန်၍မရသော သက်သေဖြစ်သည်။ မည်သူမျှ သံသယမရှိကြစေရန်အလို့ငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် နေရာအနှံ့တွင် သက်သေခံရန် ဆောင်ရွက်လျက်ရှိ၏။ အောင်နိုင်သူ ရှင်ဘုရင်၊ အနတ္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်သည် ကမ္ဘာလောကကို အောင်နိုင်ခဲ့ပြီးဖြစ်၏၊ ကိုယ်တော်သည် အပြစ်တရားကို အောင်နိုင်ပြီးဖြစ်၏၊ ကိုယ်တော်သည် ကိုယ်တော်၏ရွေးနုတ်ခြင်းကို ပြီးမြောက်ပြီးဖြစ်၏။ စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသော ဤလူအုပ်စု ဖြစ်သည့် ငါ့တို့အား ကိုယ်တော်သည် ကယ်တင်ပြီးဖြစ်ပြီး၊ ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်စေရန်အလို့ငှာ ငါတို့အား ပြည့်စုံစေခဲ့ပြီးဖြစ်၏။ ကိုယ်တော်သည် ကမ္ဘာလောကတစ်ခုလုံးအပေါ် မင်းအာဏာစက်ဖြင့် စိုးမိုးကာ၊ ဤမြေအား ပြန်လည်သိမ်းယူ၍လျက်၊ စာတန်အား အနက်ဆုံးသောတွင်းထဲသို့ မောင်းထုတ်လေသည်။ ကိုယ်တော်သည် ကမ္ဘာလောကကို တရားစီရင်လျက်ရှိပြီး၊ မည်သူမျှ ကိုယ်တော်၏လက်တော်များမှ မလွတ်မြောက်နိုင်ပေ။ ကိုယ်တော်သည် ရှင်ဘုရင်ကဲ့သို့ စိုးစံလေသည်။

ကမ္ဘာလောတစ်ခုလုံး ဝမ်းမြောက်လျက် ကြွေးကြော်လေသည်။ ကမ္ဘာလောကသည် အောင်နိုင်သူ ရှင်ဘုရင်၊ အနတ္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းလေသည်။ အစဉ်ထာဝရပင်ဖြစ်သည်တကား၊ ကိုယ်တော်သည် ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းနှင့် ထိုက်တန်ပေ၏။ သြဇာအာဏာနှင့် ဘုန်းတော်သည် စကြဝဠာ၏ ကြီးမြတ်သော အရှင်ဘုရင်အတွက် ဖြစ်ပါစေသော်။

အချိန်သည် တိုတောင်း၏။ အနတ္တတန်ခိုးရှင်ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်၍ ရှေ့ဆက်လော့။ စေ့စပ်လွန်းစွာ တိကျလော့၊ ကိုယ်တော်၏ဝန်ထုပ်ဝန်ပိုးကို ညှာတာထောက်ထားလော့၊ ကိုယ်တော်နှင့်တစ်စိတ်တ၀မ်းတည်း ဖြစ်လော့၊ ပြီးလျှင် ကိုယ်တော်၏ စီမံခန့်ခွဲမှုအစီအစဉ်အတွက် သင့်ကိုယ်သင် အသုံးခံလော့။ သင်သည် သင်၏ပိုင်ဆိုင်မှုတို့ကို စွဲကိုင်မထားရ။ ကျန်ရှိသည့် အချိန်နည်းလွန်းသည်။ ထိုအရာတို့ကို ဆက်ကပ်လော့။ ထိုအရာတို့ကို ဆုပ်ကိုင်မထားလေနှင့်။ ထိုအရာတို့ကို ဆက်ကပ်လော့။ ထိုအရာတို့ကို ဆုပ်ကိုင်မထားလေနှင့်။

အရှေ့သို့- အခန်း ၂၆

နောက်တစ်ခုသို့- အခန်း ၂၈

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။