ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ရပ်မှာ လူသား၏ ကယ်တင်ခြင်းအတွက် ဖြစ်၏
လူသားမျိုးနွယ်ကို ပိုမိုကောင်းစွာကယ်တင်ရန်၊ စာတန်၏ ရှုံးနိမ့်ခြင်းကို မြင်ရန်
ဘုရားသခင် နှစ်ကြိမ် လူ့ဇာတိခံခဲ့ပြီ၊
ဝိညာဉ်၌ဖြစ်စေ၊ ကိုယ်တော်၏ ဇာတိပကတိ၌ လူ့ဇာတိခံယူခြင်း ဖြစ်စေ၊
စာတန်နှင့် တိုက်ပွဲဆင်နွှဲနိုင်သူမှာ ဘုရားသခင်သည်သာ ဖြစ်၏။
၁
ကောင်းကင်တမန်များသည် စာတန်နှင့် ဘယ်သောအခါမျှ တိုက်ပွဲမဆင်နွှဲနိုင်ရာ၊
အိုး၊ လူသားသည် ပို၍ပင် ဆင်နွှဲနိုင်ရန် အကြောင်းမရှိပေ။
ကောင်းကင်တမန်များမှာ တန်ခိုးမရှိ၍ လူမှာ ဖောက်ပြန်ပျက်စီးခြင်းကြောင့်ပေတည်း၊
လူသားသည် ကြားဝင်နိုင်ရန် သာ၍ပင် အစွမ်းအစ မရှိလေ။
ဘုရားသခင်သည် လူသား၏အသက်တာပေါ်၌ အမှုပြုရန် ရည်ရွယ်သော်၊
လူသားအပေါ် သူ အမှုပြုလိုသည်မှာ မြေကြီးပေါ်၌ ဖြစ်သော်၊
သူသည် လူ့ဇာတိခံရမည်၊ သူကိုယ်တိုင် လူသားကို ကယ်တင်ရန်
သူ၏ အမှုနှင့် ဖြစ်ခြင်းနှင့်တကွ ဇာတိပကတိကို ယူတင်ဝတ်ဆောင်ရမည်။
လူသားမျိုးနွယ်ကို ပိုမိုကောင်းစွာကယ်တင်ရန်၊ စာတန်၏ ရှုံးနိမ့်ခြင်းကို မြင်ရန်
ဘုရားသခင် နှစ်ကြိမ် လူ့ဇာတိခံခဲ့ပြီ၊
ဝိညာဉ်၌ဖြစ်စေ၊ ကိုယ်တော်၏ ဇာတိပကတိ၌ လူ့ဇာတိခံယူခြင်း ဖြစ်စေ၊
စာတန်နှင့် တိုက်ပွဲဆင်နွှဲနိုင်သူမှာ ဘုရားသခင်သည်သာ ဖြစ်၏။
၂
စာတန်နှင့် တိုက်ပွဲကို ဘုရားသခင်သာလျှင် ဆင်နွှဲနိုင်၏၊
လူသားအနေဖြင့် တိုက်ခိုက်ရန် တကယ်ပင် ဖြစ်နိုင်ခြေမရှိပေ။
နာခံရန်မှာ လူသား၏တာဝန်၊ လိုက်လျှောက်ရန်မှာ လူသား၏တာဝန်ပေတည်း။
လူသားသည် ခေတ်သစ်တစ်ခေတ်ကို ဖွင့်လှစ်ပေးသောအလုပ်ကို မတတ်နိုင်ခြင်းကြောင့်ပေတည်း။
လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ဦးဆောင်မှုအောက်၌
ဖန်ဆင်းရှင်ကိုသာ ကျေနပ်စေနိုင်၏၊
ထိုအရာအားဖြင့် စာတန် ရှုံးနိမ့်ရန် သေချာပေသည်။
လူသားပြုနိုင်သမျှမှာ ဤအရာပေတည်း။
လူသားမျိုးနွယ်ကို ပိုမိုကောင်းစွာကယ်တင်ရန်၊ စာတန်၏ ရှုံးနိမ့်ခြင်းကို မြင်ရန်
ဘုရားသခင် နှစ်ကြိမ် လူ့ဇာတိခံခဲ့ပြီ၊
ဝိညာဉ်၌ဖြစ်စေ၊ ကိုယ်တော်၏ ဇာတိပကတိ၌ လူ့ဇာတိခံယူခြင်း ဖြစ်စေ၊
စာတန်နှင့် တိုက်ပွဲဆင်နွှဲနိုင်သူမှာ ဘုရားသခင်သည်သာ ဖြစ်၏။
၃
ဘုရားသခင်၏ ဝိညာဉ်တော်မှ အမှုပြုခဲ့ခြင်းဖြစ်လေသော်၊
လူသား၏လက်ဖြင့် အမှုပြုခဲ့ခြင်းဖြစ်လေသော်၊
ဤတိုက်ပွဲသည် စစ်မှန်သောထိရောက်မှု သို့မဟုတ် အဆုံးသတ်သို့
ဘယ်သောအခါမျှ ရောက်နိုင်လိမ့်မည်မဟုတ်။
တိုက်ပွဲအသစ် အစပြုလေတိုင်း၊
ခေတ်သစ်တစ်ခု၏ အမှု စတင်လေတိုင်း၊
ဘုရားသခင် ကိုယ်တော်တိုင် အမှုပြုခြင်းပေတည်း၊
ထိုအရာအားဖြင့် ခေတ်ကာလတစ်ခုလုံးကို သူကိုယ်တိုင် ဦးဆောင်လမ်းပြလေ၏။
လူသားမျိုးနွယ်တစ်စုလုံးအလို့ငှါ အသစ်သောလမ်းကြောင်းတစ်ခုကို သူ ဖွင့်ပေးလေပြီ။
ထို့ပြင် ခေတ်ကာလအသစ်တစ်ခု၏ အစအဦးမှာ စာတန်နှင့် တိုက်ပွဲ အသစ် ဖြစ်၏၊
ထိုအရာအားဖြင့် လူသားသည် ပို၍သစ်လွင်သော၊ ပို၍လှပသောနယ်ပယ်နှင့်
ဘုရားသခင်ကိုယ်တိုင် ဦးဆောင်လမ်းပြမူသော ခေတ်ကာလအသစ်ထဲသို့ ဝင်ရောက်လေ၏။
လူသားမျိုးနွယ်ကို ပိုမိုကောင်းစွာကယ်တင်ရန်၊ စာတန်၏ ရှုံးနိမ့်ခြင်းကို မြင်ရန်
ဘုရားသခင် နှစ်ကြိမ် လူ့ဇာတိခံခဲ့ပြီ၊
ဝိညာဉ်၌ ဖြစ်စေ၊ ကိုယ်တော်၏ ဇာတိပကတိ၌ လူ့ဇာတိခံယူခြင်း ဖြစ်စေ၊
စာတန်နှင့် တိုက်ပွဲဆင်နွှဲနိုင်သူမှာ ဘုရားသခင်သည်သာ ဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။