မိမိ၏ပန်းတိုင်အတွက် ဘုရားစိတ်ကျေနပ်စေရန် ကြိုးစားသည့် လူ၏အကျည်းတန်မှုကျူး
၁ ပန်းတိုင်အကြောင်းကို ပြောသည့်အခါတိုင်း သင်တို့သည် ထိုအကြောင်းအရာကို အထူးအလေးအနက်ထား ပြောဆိုတတ်ကြသည်။ သင်တို့အားလုံးသည် ထိုကိစ္စနှင့်ပတ်သက်လျှင် အထူးတလည် ထိလွယ်ရှလွယ်တတ်ကြသည်။ အချို့သောပုဂ္ဂိုလ်များသည် ကောင်းမွန်သော ပန်းတိုင်တစ်ခုကို အဆုံးတွင် ရဖို့အတွက် ဘုရားသခင်ကို အလွန်ပင် ဦးညွှတ်ပြပ်ဝပ်ချင်နေကြသည်။ သင်တို့၏ စိတ်အားထက်သန်မှုကို ငါနားလည်နိုင်သည်။ စကားလုံးများဖြင့် သင်တို့ ထုတ်ပြောစရာ မလိုပေ။ သင်တို့သည် သင်တို့၏ ခန္ဓာ ဘေးဒုက္ခခံရမှာကို လုံးဝ အလိုမရှိကြ။ နောင်အနာဂါတ်တွင် ကြာရှည်စွာ အပြစ်ပေးခံရမည်ကို ပို၍ပင် မလိုလားကြ။ သင်တို့သည် ဘဝကို သာ၍ လွတ်လပ်လွယ်ကူစွာ ဖြတ်သန်းဖို့ကိုသာ မျှော်လင့်ကြသည်။
၂ ထို့ကြောင့် ပန်းတိုင်အကြောင်း ပြောသည့်အခါတိုင်း သင်တို့ အထူးတလည် စိတ်လှုပ်ရှားတတ်ကြသည်။ သေသေချာချာ အာရုံမစိုက်လျှင် ဘုရားသခင်ကို စော်ကားမိပြီး ဒဏ်ခတ်ခံရမည်ကို စိတ်ထဲ၌ ကြောက်ရွံ့နေကြသည်။ သင်တို့၏ ပန်းတိုင်ကို ရောက်ဖို့အတွက် အလျော့အတင်းပြုလုပ်ရန် သင်တို့ တုံ့ဆိုင်းမနေခဲ့ကြ။ သင်တို့အထဲမှ တစ်ချိန်က ဉာဏ်နီဉာဏ်နက်များပြီး ပေါ့ပေါ့ဆဆ နေထိုင်ခဲ့ကြသည့် သူတော်တော်များများသည်ပင်လျှင် ရုတ်ခြည်းပင် အထူးနူးညံ့သိမ်မွေ့ပြီး စိတ်ရင်းဖြင့် လုပ်ဆောင်လာကြသည်။ သင်တို့၏ စိတ်ရင်းဖြင့် လုပ်ဆောင်မှုသည် ကျောစိမ့်စဖွယ်ပင် ဖြစ်သည်။
၃ မည်သို့ပင်ဆိုစေကာမူ သင်တို့အားလုံးသည် ""ရိုးသားသော"" နှလုံးသားကို ပိုင်ဆိုင်ကြသည်။ အစမှအဆုံးတိုင် သင်တို့သည် ငါ့အားရင်ဖွင့်ပြောဆိုခဲ့ကြသည်။ သင်တို့၏ နှလုံးသားထဲမှ မည်သည့် လျှို့ဝှက်ချက်ကိုမျှ မဖုံးကွယ်ခဲ့ကြ။ အပြစ်တင်မှု၊ လိမ်လည်လှည့်ဖြားမှု သို့မဟုတ် သစ္စာရှိမှု တို့နှင့် ဆိုင်သော လျှို့ဝှက်ချက်များ ဖြစ်ပါစေ သင်တို့သည် ငါ့အား ရင်ဖွင့် ပြောဆိုခဲ့ကြသည်။ ခြုံပြောရလျှင် သင်တို့သည် သင်တို့ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ ပဓာနကျသော အရာများကို အလွန်ပွင့်လင်းစွာ ငါအား ဝန်ခံခဲ့ပြီးဖြစ်သည်။ မှန်ပါသည်၊ ထိုကိစ္စများသည် ငါ့အတွက် ကြုံတွေ့နေကျကိစ္စများလို ဖြစ်နေပြီ ဖြစ်သဖြင့် ငါသည် မည်သည့်အခါမှ ထိုကိစ္စများကို မရှောင်လွှဲခဲ့ပေ။ သင်တို့သည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိဖို့ ဆံချည်တစ်မျှင် စွန့်ရမည်ထက် သင်တို့၏ ပန်းတိုင်ကို ရောက်ဖို့အတွက် မီးပင်လယ်ထဲသို့သာ ဆင်းလိုကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပန်းတိုင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။