မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ နှစ်ပေါင်းထောင်နဲ့ချီနေပါပြီ။ အခု နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ကြွရောက်လာပါပြီ။ လူ့ဇာတိခံခြင်းရဲ့လျှို့ဝှက်နက်နဲမှုကို ကိုယ်တော်တိုင် ထုတ်ဖော်ပြလိုက်ပါပြီ ကျွန်တော်တို့လည်း အခုမှပဲ အကြောင်းရင်းမှန်ကို နားလည်သွားကြတာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ထဲက စာပိုဒ်တချို့ကို ဖတ်ကြည့်ကြပါမယ်- “လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခံ လူသားအကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကိုဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိခန္ဓာ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ အနည်းဆုံးအနေနှင့် ဤအရာမှာ မှန်ကန်ရမည်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက်လုပ်ဆောင်နေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်)

သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို သဏ္ဌာန်ဖော်ဆောင်ထားသော ဇာတိခန္ဓာဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ ‘သဏ္ဌာန်ဖော်ဆောင် ခံရခြင်း’ ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိခန္ဓာထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ သဏ္ဌာန်ဖော်ဆောင် ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)

သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားထက်မဆို ကြီးမြတ်ပြီး၊ ဘုရားသခင်၏အလုပ်ကို ထမ်းဆောင်နိုင်သည့် မည်သည့်လူသားထက်မဆိုလည်း ကြီးမြတ်သည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းသဏ္ဌာန် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများသည် လူသားသာဖြစ်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိခန္ဓာထဲတွင် သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။ သူ၏လူ့သဘာဝကို သူ့ဇာတိခန္ဓာ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ဘုရားသဘောသဘာဝကိုမူ သိမြင်ရန် ခက်ခဲသည်။ သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်နှင့် လူများစိတ်ကူးထားသကဲ့သို့ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကိုမြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။… ဘုရားသခင်သည် ဇာတိခန္ဓာဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်းပင်ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တိုင်၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တိုင်ဟု ခေါ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)

လူ့ဇာတိခံခြင်းဆိုတာ လူအဖြစ်အသွင်ယူထားတဲ့ ဘုရားသခင်ရဲ့ဝိညာဉ်တော်ဖြစ်တယ်ဆိုတာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအရ ကျွန်တော်တို့သိကြပြီ၊ တစ်နည်းပြောရရင် ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ သာမန်လူ့သဘာ၀ သာမန်လူအတွေးအခေါ်နဲ့ လူ့ဇာတိခံယူပြီး ပေါ်ပေါက်လာတာပါ၊ ဒီလိုနဲ့ သာမန်လူတွေလို အလုပ်လုပ်တဲ့ ပြောတတ်ဆိုတတ်တဲ့ သာမန်လူတစ်ယောက်ဟာ လူတွေကြားထဲမှာ ပေါ်လာတယ်။ “ဒီခန္ဓာမှာ သာမန်လူ့သဘာဝရှိပါတယ်။ ပြည့်စုံတဲ့ ဘုရားသခင်ရဲ့ သဘောသဘာဝ လည်း ရှိတယ်။” အပြင်ပန်းမှာ သာမန်လူတစ်ယောက်အဖြစ် မြင်ရပေမယ့်၊ သူဟာ ဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်နိုင်စွမ်းရှိပါတယ်၊ ဘုရားသခင်ရဲ့အသံတော်ကို ဖော်ပြနိုင်စွမ်းရှိတယ်။ လူသားတွေကိုလည်း လမ်းပြကယ်တင်နိုင်စွမ်း ရှိပါတယ်။ ဒါဟာ သူ့မှာ ပြီးပြည့်စုံတဲ့ ဘုရားသခင်ရဲ့ သဘောသဘာဝ ရှိတာကြောင့် ပါပဲ။ ပြီးပြည့်စုံတဲ့ ဘုရားသခင်အဖြစ်တော်ဆိုတာ ဘုရားသခင်ရဲ့ ဝိညာဉ်တော် ပိုင်ဆိုင်တဲ့ အရာအားလုံးကို ဆိုလိုပါတယ်။ ဘုရားသခင်ရဲ့ ပင်ကိုစိတ်နေသဘောထား၊ ဘုရားသခင်ရဲ့သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်းဂုဏ်၊ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်း၊ ဘုရားသခင်ရဲ့အနန္တတန်ခိုးနဲ့ ပညာဉာဏ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ဩဇာအာဏာနဲ့ ဘုန်းတန်ခိုးတို့ပါပဲ။ ဒါတွေအားလုံးက လူ့ဇာတိခံယူရာမှာ တွဲလျက်ပါလာတယ်။ ဒီလူသားဟာ ခရစ်တော်ပါပဲ၊ ဒီလူသားဟာ အမှုတော်ကိုဆောင်ရွက်ဖို့၊ လူတွေကိုကယ်တင်ဖို့အတွက် ကမ္ဘာမြေပေါ် ရောက်လာတဲ့ လက်တွေ့ကျသောဘုရားသခင်ပါပဲ။ အပြင်ပန်းအရတော့ ခရစ်တော်ဟာ သာမန်ပုံမှန်လူသားတစ်ယောက်ပါပဲ၊ ဒါပေမဲ့ ဖန်ဆင်းခံထားရတဲ့လူသားတွေနဲ့စာရင် သူက အနှစ်သာရအားဖြင့် ကွဲပြားပါတယ်။ အဖန်ဆင်းခံလူသားဟာ လူ့သဘာဝသက်သက်ပါ။ သူတို့မှာ ဘုရားသဘောသဘာဝရဲ့ အနှစ်သာရ နည်းနည်းလေးတောင် မပါပါဘူး။ ခရစ်တော်ကတော့ သာမန်လူ့သဘာဝရှိတဲ့အပြင် ပိုပြီးအရေးကြီးတဲ့ ပြည့်စုံတဲ့ ဘုရားရဲ့သဘောသဘာဝလည်း ရှိပါတယ်။ ဒါကြောင့် သူဟာ ဘုရားရဲ့ဂုဏ်ဒြပ်ရှိပါတယ်။ ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုနိုင်တယ်၊ ဘုရားသခင် ကိုယ်တော်တိုင်လိုပဲ သမ္မာတရားအားလုံးကို ဟောကြားနိုင်တယ်၊ သူဟာ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကို ဖော်ထုတ်ပြနိုင်တယ်၊ လူတွေအတွက် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဖန်ဆင်းခံရတဲ့လူတွေဟာ ဒီလိုစွမ်းဆောင်မှုတွေကို လုပ်နိုင်စွမ်းမရှိပါဘူး။ “ခရစ်တော်ကတော့ လူ့ဇာတိအဖြစ်နဲ့ အမှုတော်ဆောင်ရွက်တယ်၊ ဟောကြားတယ်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့” ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းကို ဖော်ထုတ်ပြတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဟောကြားရာမှာဖြစ်ဖြစ်၊ ဘုရားသခင်ရဲ့အမှုတော်ကို ဆောင်ရွက်ရာမှာဖြစ်ဖြစ်၊ သာမန်လူ့သဘာစည်းထဲကပဲ ဆောင်ရွက်ပါတယ်။ သူ့မှာ သာမန် လူ့ဇာတိသဘောတစ်ခု ရှိပြီး ဘာတန်ခိုးဣဒ္ဓိပါဒ်မှ သူ့မှာ မရှိပါဘူး။ ဒါဟာ ဘုရားသခင်က လူ့ဇာတိခံလိုက်ပြီဆိုတာကို သက်သေထူပါတယ်။ ကိုယ်တော်ဟာ သာမန်လူသားတစ်ယောက် ဖြစ်နေပါပြီ။ လူ့ဇာတိ၌ပေါ်သော နှုတ်ကပတ်တော် ဆိုတဲ့အချက်ကို ဒီသာမန်လူသားက ဖြည့်စွမ်းပေးလိုက်ပါပြီ။ သူဟာ လူ့ဇာတိခံယူတဲ့ လက်တွေ့ကျသောဘုရားသခင်ပါပဲ။ ခရစ်တော်ဟာ ပြီးပြည့်စုံတဲ့ ဘုရားရဲ့သဘောသဘာဝရှိတာကြောင့်၊ သူဟာ ဘုရားသခင်ကို ကိုယ်စားပြုနိုင်တယ်။ သမ္မာတရားကို ဟောကြားနိုင်တယ်။ လူတွေကို ကယ်တင်နိုင်တယ်။ ခရစ်တော်ဟာ ပြီးပြည့်စုံတဲ့ ဘုရားရဲ့သဘောသဘာဝရှိတာကြောင့်၊ သူဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လက်ဆင့်ကမ်းဖော်ပြရုံသက်သက် မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို တိုက်ရိုက်ဟောကြားနိုင်ပါတယ်။ သူဟာ လူသားအပေါင်းကို ဖြည့်ဆည်းပေးရင်း၊ ပျိုးထောင်ပေးရင်း၊ လမ်းပြထိန်းသိမ်းပေးရင်းနဲ့၊ ဘယ်အချိန် ဘယ်နေရာမှာမဆို သမ္မာတရားကို ဟောကြားနိုင်ပါတယ်။ ခရစ်တော်ဟာ ပြီးပြည့်စုံတဲ့ ဘုရားရဲ့သဘောသဘာဝရှိတဲ့အပြင် ဘုရားသခင်ရဲ့ လက္ခဏာတော် နဲ့ အနှစ်သာရလည်း ပိုင်ဆိုင်တာကြောင့်၊ သူဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဖြစ်တယ်၊ လက်တွေ့ကျသောဘုရားသခင်ကိုယ်တော်တိုင် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဘုရားသခင်အနေနဲ့ လူ့ဇာတိခံတဲ့အခါ ကြီးမြတ်တဲ့အသွင်အပြင်နဲ့လား၊ သာမန်လူတစ်ယောက်အဖြစ်နဲ့ပဲလားဆိုတာက လူ့ဇာတိခံခြင်းရဲ့လျှို့ဝှက်နက်နဲမှုနဲ့ မဆိုင်သလောက်ပါပဲ။ ပြည့်စုံတဲ့ ဘုရားရဲ့ သဘောသဘာဝ ကို သာမန်လူ့ဇာတိထဲ ဖုံးကွယ်ထားတယ်ဆိုတဲ့အချက်ကသာ အဓိကပါ။ ဒီဖုံးကွယ်ထားတဲ့ ဘုရားရဲ့ သဘောသဘာဝ ကို ဘယ်လူသားမှ ဖော်ထုတ်နိုင်စွမ်း၊ မြင်နိုင်စွမ်း မရှိပါဘူး။ အမှုတော်ကိုဆောင်ရွက်ဖို့ သခင်ယေရှု ကြွခဲ့တဲ့အချိန်တုန်းကလိုပါပဲ၊ ကိုယ်တော့်အသံတော်ကို မကြားခဲ့ကြဘူးဆိုရင်၊ ကိုယ်တော့်မိန့်ဆိုချက်တွေ၊ အမှုတော်တွေကို မတွေ့ကြုံခဲ့ကြရဘူးဆိုရင်၊ သခင်ယေရှုကို ဘုရားသခင်ရဲ့သားတော်၊ ခရစ်တော်အဖြစ် ဘယ်သူမှ ခွဲခြားနိုင်ခဲ့ကြမှာမဟုတ်ပါဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဟာ ကိုယ်တော့်အတွက် လူတွေကြားထဲလျှို့ဝှက်ဆင်းသက်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ သခင်ယေရှု ကြွလာခဲ့တဲ့အချိန်ကဆိုရင်၊ အပြင်ပန်းအသွင်အပြင်ကိုကြည့်ပြီး၊ သူဟာ လူ့ဇာတိခံထားတဲ့ဘုရားသခင်၊ ခရစ်တော်ဖြစ်တယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ခဲ့ဘူး၊ လူ့သဘာဝထဲ ဖုံးကွယ်ထားတဲ့ ဘုရားရဲ့ သဘောသဘာဝကိုလည်း ဘယ်သူမှ မမြင်နိုင်ခဲ့ဘူး။ သခင်ယေရှုက သမ္မာတရားကိုဟောကြားပြီး၊ လူတွေအပေါ် ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ပြီးချိန်ကျမှ၊ ကိုယ်တော်ရဲ့ မိန့်ဆိုချက်တွေဟာ အခွင့်အာဏာနဲ့ တန်ခိုးရှိမှန်း သိလာခဲ့ကြတာပါ။ အဲဒီအချိန်ကျမှ ကိုယ်တော့်ကို စပြီး ဆည်းကပ်ခဲ့ကြတာပါ။ သခင်ယေရှုဟာ ပြန်လည်ထမြောက်တော်မူပြီး၊ လူတွေရှေ့ကို ပေါ်ထွက်ချိန်မှသာ၊ လူတွေအနေနဲ့ သူ့ကို ဘုရားသခင်ပေါ်ထွန်းခြင်းဖြစ်မှန်း၊ လူ့ဇာတိခံယူတဲ့ခရစ်တော်ဖြစ်မှန်း နားလည်ခဲ့ကြတာပါ။ ကိုယ်တော်ကသာ သမ္မာတရားကို မဟောကြားဘဲ၊ အမှုတော်ကိုလည်း မဆောင်ရွက်ခဲ့ဘူးဆိုရင်၊ ဘယ်သူကမှ ကိုယ်တော့်ကို ဆည်းကပ်ခဲ့ကြမှာမဟုတ်ဘူး။ ကိုယ်တော်ကိုယ်တိုင်ကလည်း သူဟာ ဘုရားသခင်ပေါ်ထွန်းခြင်းဖြစ်ကြောင်း၊ ခရစ်တော်ဖြစ်ကြောင်း သက်သေမခံခဲ့ရင်၊ ကိုယ်တော့်ကို ဘယ်သူမှန်းလည်း သိခဲ့ကြမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေ ယုံကြည်ကြတာတစ်ခု ရှိပါတယ် သူဟာ တကယ်ပဲ လူ့ဇာတိခံတဲ့ဘုရားသခင်ဖြစ်တယ်ဆိုရင်၊ တန်ခိုးဣဒ္ဓိပါဒ်တွေနဲ့ပြည့်စုံသူ ဖြစ်သင့်တယ်ဆိုတာမျိုးပေါ့၊ ကြီးမြတ်တဲ့သွင်ပြင်၊ ကြောက်ရွံ့ရိုသေစရာဟန်ပန်နဲ့ သာမန်မဟုတ်တဲ့လူမျိုး ဖြစ်သင့်တယ်ဆိုတာမျိုး၊ သူဟာ အခွင့်အာဏာအပြည့်နဲ့ ပြောဆိုဟောကြားသင့်ရုံမကဘူး၊ ဘယ်ကိုရောက်ရောက် အံ့ဖွယ် နမိတ်လက္ခဏာတွေ ပြသင့်တယ် ဆိုတာမျိုးပေါ့ ဒါတွေက လူ့ဇာတိခံတဲ့ဘုရားသခင်မှာ ရှိသင့်တာတွေပေါ့လေ။ တကယ်လို့ သူဟာ အပြင်ပန်းအရလည်း တခြားသာမန်လူတွေအတိုင်းဖြစ်မယ်။ သာမန်လူ့သဘာဝပဲ ရှိတယ်ဆိုရင်၊ သူဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း မဟုတ်တာသေချာတယ်လို့ မြင်ကြတယ်။ ဒီတော့ ပြန်ပြီးဆင်ခြင်ကြည့်ရအောင်။ သခင်ယေရှုဟာ အမှုတော်အတွက် လူ့ဇာတိခံခဲ့ချိန်တုန်းက၊ သမ္မာတရားနဲ့ ဘုရားသခင်ရဲ့အသံတော်ကို ဘယ်လောက်ပဲဖော်ထုတ်ပြပါစေ၊ ဘယ်သူကမှ ကိုယ်တော်အဖြစ် မသိခဲ့ကြဘူး။ တစ်ယောက်ယောက်က သခင်ယေရှုအတွက် သက်သေရပ်တည်တာကို ကြားရင်တောင်- အဲဒါ ယောသပ်ရဲ့သား မဟုတ်လား၊ နာဇရက်လူ မဟုတ်လားဆိုပြီး ပြောခဲ့ကြတယ်။ လူတွေက ကိုယ်တော့်ကို ဘာဖြစ်လို့ ဒီလိုပြောဆိုခဲ့ကြတာလဲ။ ဘာကြောင့်လဲဆိုတော့ သခင်ယေရှုဟာ အပြင်ပန်းအရ သာမန်လူ့သဘာဝပဲ ရှိခဲ့လို့ပါ။ သူက ပျမ်းမျှသာမန်လူတစ်ယောက်အဖြစ် ရှိခဲ့တာပါ။ ခန့်ညားကြောက်ရွံ့စရာသွင်ပြင် မရှိခဲ့ဘူး၊ ဒါကြောင့် သူ့ကို ဘယ်သူကမှ လက်မခံခဲ့တာပါ။ တကယ်တော့ သူဟာ လူ့ဇာတိကိုခံယူထားသရွေ့၊ သတ်မှတ်ချက်အရ သာမန်လူ့သဘာဝအတိုင်းပဲ ရှိရမယ်၊ လူ့ဇာတိခံထားတဲ့ ဘုရားသခင်ကိုယ်တော်တိုင်ဟာ သာမန်ပုံမှန်လူတစ်ယောက် ဖြစ်တယ်ဆိုတာကို သူက လူတွေကိုပြရမယ်၊ ကိုယ်တော်ဟာ သာမန်လူသားအဖြစ်နဲ့ပဲ ပေါ်ထွန်းပါတယ်။ ဘုရားသခင်ဟာ သာမန်လူတစ်ယောက်အဖြစ်နဲ့မဟုတ်ဘဲ၊ သာမန်မဟုတ်တဲ့လူသားအဖြစ် ဇာတိခံခဲ့မယ်ဆိုရင်၊ လူ့ဇာတိခံခြင်းဆိုတဲ့ အဓိပ္ပါယ်တစ်ခုလုံး ပျောက်ဆုံးသွားမှာပါ။ ဒါကြောင့် ခရစ်တော်ဟာ သာမန်လူ့သဘာဝ ရှိရပါမယ်။ ဒါမှသာ သူဟာ လူ့ဇာတိ၌ပေါ်သော နှုတ်ကပတ်တော်ဆိုတဲ့အချက်ကို သက်သေပြနိုင်မှာ ဖြစ်ပါတယ်။

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ထဲက စာပိုဒ်တစ်ခုကို ဖတ်ကြည့်ကြရအောင်- “လူ့ဇာတိခံယူခြင်း၏ အရေးပါအရာရောက်မှုမှာ သာမန်ဖြစ်သည့် ပုံမှန်လူသား တစ်ယောက်သည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို ထမ်းဆောင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အလုပ်ကို လူ့သဘာဝနှင့် ထမ်းဆောင်ပြီး၊ ဤနည်းဖြင့် စာတန်ကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ ခံယူခြင်းကို ဆိုလိုသည်၊ ဘုရားသခင် ဇာတိခန္ဓာ ဖြစ်လာခြင်းပင်ဖြစ်သည်၊ လူ့ဇာတိတွင် သူပြုသော အလုပ်မှာ ဇာတိခန္ဓာတွင် ပြည့်မြောက်သော၊ ဇာတိခန္ဓာအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိခန္ဓာမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။ အကယ်၍ သူ၏ ပထမအကြိမ် ကြွလာခြင်းတွင် ဘုရားသခင်သည် အသက်နှစ်ဆယ့်ကိုးနှစ်မတိုင်ခင်တွင် သာမန် လူ့သဘာဝ မရှိခဲ့ပါက၊ အကယ်၍ သူမွေးဖွားပြီးသည်နှင့် ချက်ချင်းပင် နိမိတ်လက္ခဏာများ ပြုနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ သူစကားပြောတတ်သည်နှင့် ချက်ချင်းပင် ကောင်းကင် ဘာသာစကားကို ပြောနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ ကမ္ဘာပေါ်၌ ပထမဆုံးအကြိမ် သူ၏ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် လောကီရေးရာများကို နားလည်သဘောပေါက်ကာ၊ လူပုဂ္ဂိုလ်တိုင်းစီ၏ အတွေးများနှင့် ရည်ရွယ်ချက်များကို ထိုးထွင်းသိမြင်နိုင်မည် ဆိုပါက၊ ထိုသို့သော လူတစ်ဦးသည် သာမန်လူသားတစ်ယောက်ဟု ခေါ်ဆိုခြင်းခံခဲ့ရမည် မဟုတ်သည့်အပြင်၊ ထိုသို့သော ဇာတိခန္ဓာမှာလည်း လူသားဇာတိခန္ဓာဟု ခေါ်ဆိုခြင်း ခံခဲ့ရမည် မဟုတ်ပေ။ အကယ်၍ ခရစ်တော်သည် ဤအတိုင်းဖြစ်ခဲ့မည်ဆိုပါက၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်နှင့် အနှစ်သာရသည်လည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။ သာမန် လူ့သဘာဝအား သူပိုင်ဆိုင် ခဲ့ခြင်းမှာ သူသည် လူ့ဇာတိကို ခံယူထားသော ဘုရားသခင်ဖြစ်ကြောင်းကို သက်သေပြသည်၊ သာမန်လူသားတစ်ဦး၏ ကြီးထွားမှုဖြစ်စဉ်ကို သူခံယူခဲ့သည့် အချက်သည်လည်း သူသည် သာမန်ဇာတိခန္ဓာဖြစ်ကြောင်းကို ဆက်လက် ထင်ရှားစေသည်၊ ထို့အပြင် သူ၏အလုပ်မှာ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်တို့ လူ့ဇာတိ ခံယူခြင်းဖြစ်ကြောင်းကို ဖော်ပြသည့် လုံလောက်သော သက်သေပင်ဖြစ်သည်။ အလုပ်၏ လိုအပ်ချက်များအရ ဘုရားသခင်သည် လူ့ဇာတိ ခံယူခြင်းဖြစ်သည်၊ တစ်နည်းဆိုရလျှင် အလုပ်၏ ဤအဆင့်မှာ ဇာတိခန္ဓာနှင့် လုပ်ဆောင်ရန် လိုအပ်ပြီး၊ သာမန် လူ့သဘာဝနှင့် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာသည် ‘လူ့ဇာတိ ခံယူလာသော နှုတ်ကပတ်တော်’ နှင့် ‘လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်’ အတွက် ကြိုတင်လိုအပ်သည့်အချက်ဖြစ်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိ ခံယူသည့် အကြိမ်နှစ်ကြိမ်စလုံး၏ နောက်ကွယ်မှ ဖြစ်ရပ်အမှန်ပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)

အကယ်၍သာ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏မွေးဖွားသည့်အချိန်မှစ၍ သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုပြပြီး သူ၏အမှုတော်ကို စိတ်အားထက်သန်စွာနှင့် စတင်ခဲ့မည်ဆိုပါက၊ သူ့တွင် ခန္ဓာဆိုင်ရာ အနှစ်သာရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏လူ့သဘာဝသည် သူ၏ခန္ဓာဆိုင်ရာ အနှစ်သာရအတွက် တည်ရှိခြင်းဖြစ်သည်၊ လူ့သဘာဝ မရှိဘဲနှင့် လူ့ဇာတိရှိမလာနိုင်၊ လူ့သဘာဝမရှိသော လူပုဂ္ဂိုလ်တစ်ယောက်သည်လည်း သက်ရှိလူသား တစ်ဦးမဟုတ်ပေ။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်၏ ဇာတိခန္ဓာ၏ လူ့သဘာဝသည် ဘုရားသခင် ခံယူထားသော လူ့ဇာတိ၏ ပင်ကိုဂုဏ်ဒြပ်ဖြစ်သည်။ ‘ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူသည် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ ဖြစ်ပြီး၊ လူသားလုံးဝမဟုတ်’ ဟု ပြောမည်ဆိုလျှင် ဘုရားသခင်ကို စော်ကားခြင်းပင်ဖြစ်သည်၊ အကြောင်းမှာ ဤသဘောထားသည် လူ့ဇာတိခံယူခြင်း၏ အခြေခံသဘောတရားကို ချိုးဖောက်သဖြင့် မဖြစ်နိုင်သော ရပ်တည်ချက် ဖြစ်သည်။…လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝသည် ဇာတိခန္ဓာထဲရှိ သာမန် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထိန်းသိမ်းရန် တည်ရှိသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် သူ၏သာမန် လူ့သဘာဝနှင့် သူ၏ ခန္ဓာဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို ထောက်မသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်အားလုံးကို ထောက်မရန် တည်ရှိသည်ဟု ပြော၍ရသည်။ အကယ်၍ ထိုဇာတိခန္ဓာသည် သာမန် လူသားစိတ်ကို မပိုင်ဆိုင်ပါက၊ ဘုရားသခင်လည်း ထိုဇာတိခန္ဓာထဲတွင် လုပ်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ ဇာတိခန္ဓာထဲ၌ သူလုပ်ဆောင်ရန် လိုအပ်သည့် အရာကိုလည်း ဘယ်သောအခါမျှ ပြီးမြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။…ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် လူသားစိတ်ကို ပိုင်ဆိုင်ရမည်၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ရမည်၊ အဘယ်ကြောင့်ဆိုသော် သူ၏အလုပ်ကို သူသည် လူ့သဘာဝ၌ သာမန်စိတ်နှင့် ထမ်းဆောင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရ စင်စစ်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)

ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဟာ သာမန်လူ့သဘာဝကိုမယူခဲ့ရင်၊ ဒါဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း မဟုတ်ဘူးဆိုတာကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အရ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမြင်ကြပြီ။ ကိုယ်တော်ဟာ အပြင်ပန်းမှာ သာမန်လူတစ်ယောက်အတိုင်းပဲရှိမယ်။ လူ့သဘာဝထက် သာလွန်တာတွေရှိမှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့အယူအဆတွေ စိတ်ကူးတွေနဲ့ ခရစ်တော်ကို တိုင်းတာမယ်ဆိုရင်၊ ကျွန်တော်တို့အနေနဲ့ ခရစ်တော်ကို ဘယ်တော့မှ အသိအမှတ်ပြုနိုင်မှာမဟုတ်ဘူး၊ လက်ခံနိုင်မှာမဟုတ်ဘူး။ သူ့ကို ဘုရားသခင် စေလွှတ်တဲ့ တမန်တော်တစ်ယောက်အဖြစ်၊ ဘုရားသခင် အသုံးပြုထားသူတစ်ယောက်အဖြစ်ပဲ အများဆုံး အသိအမှတ်ပြုကြလိမ့်မယ်။ ကျွန်တော်တို့က ခရစ်တော်ကို တကယ်သိနားလည်ချင်တယ်ဆိုရင်၊ ကိုယ်တော့်ရဲ့မိန့်ဆိုချက်တွေနဲ့ အမှုတော်ကို လေ့လာရမယ် ကိုယ်တော် မိန့်ဆိုတာတွေဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့အသံတော်ပဲလားဆိုတာ သိရအောင်၊ ကိုယ်တော် မိန့်ဆိုတာတွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားပဲလား၊ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းတို့ရဲ့ သရုပ်သကန်တွေလားဆိုတာ သိရအောင်၊ ပြီးတော့ ကိုယ်တော် ဖော်ထုတ်ပြတဲ့ အမှုတော်နဲ့ သမ္မာတရားဟာ လူတွေကို ကယ်တင်နိုင်သလားဆိုတာတွေ သိရအောင်ပေါ့။ အဲဒီအချိန်ကျမှသာ ကျွန်တော်တို့က ခရစ်တော်ကို သိနိုင်မယ်၊ လက်ခံနိုင်မယ်၊ နာခံနိုင်ပါမယ်။ ကျွန်တော်တို့က ခရစ်တော်ရဲ့မိန့်ဆိုချက်တွေ၊ အမှုတော်တွေကို ကြားရမြင်ရပေမယ့်၊ သမ္မာတရားကို မရှာဖွေဘူး၊ ဘုရားသခင်ရဲ့အမှုတော်ကို မလေ့လာဘူးဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ ခရစ်တော်ကို သိနားလည်ဦးမှာမဟုတ်ဘူး။ ကျွန်တော်တို့က ခရစ်တော်နဲ့အတူ မိုးလင်းကနေ မိုးချုပ် အတူရှိခွင့်ရတယ်ဆိုရင်တောင်၊ ကျွန်တော်တို့က ကိုယ်တော့်ကို သာမန်လူအဖြစ်နဲ့ပဲ ဆက်ဆံနေမိကြလိမ့်မယ် ဒီလိုနဲ့ ခရစ်တော်ကို ဆန့်ကျင်ရှုတ်ချရာ ရောက်သွားလိမ့်မယ်။ တကယ်တော့ ခရစ်တော်ကို အသိအမှတ်ပြု၊ လက်ခံဖို့ဆိုရင်၊ ကျွန်တော်တို့လုပ်ဖို့လိုတာက ဘုရားသခင်ရဲ့အသံတော်ကို လက်ခံပြီး၊ ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်တဲ့ ကိုယ်တော်ကိုလည်း အသိအမှတ်ပြုဖို့ပါပဲ။ ဒါပေမယ့် ခရစ်တော်ရဲ့ ဘုရားသဘောသဘာဝ ဂုဏ်ဒြပ်ကို သိဖို့ အဲဒီကမှ ခရစ်တော်ကို စစ်မှန်စွာနာခံတတ်လာဖို့နဲ့ လက်တွေ့ကျသောဘုရားသခင်ကို ချစ်မြတ်နိုးတတ်ဖို့ဆိုရင်၊ ကျွန်တော်တို့က ခရစ်တော်ရဲ့မိန့်ဆိုချက်တွေနဲ့ အမှုတော်တွေထဲမှာ သမ္မာတရားကို ရအောင်ရှာဖွေရမယ်၊ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းဆိုတာကို သိရမယ်၊ ဘုရားသခင်ရဲ့သန့်ရှင်းသောဂုဏ်ဒြပ်၊ အနန္တတန်ခိုးတော်နဲ့ ပညာဉာဏ်တွေကို မြင်ရမယ်၊ ဘုရားသခင်ဟာ ချစ်မြတ်နိုးစရာကောင်းတာကို မြင်ရမယ်၊ ကိုယ်တော်ရဲ့လေးနက်တဲ့စေတနာတွေကို တန်ဖိုးထားတတ်ရမယ်။ ဒီလိုလုပ်နိုင်မှသာ ခရစ်တော်အပေါ် အစစ်အမှန်နာခံတတ်လာမှာပါ လက်တွေ့ကျသောဘုရားသခင်ကို ရင်ထဲကနေ ကိုးကွယ်တတ်လာမှာပါ။

သခင်ယေရှု ဟောကြားခဲ့တဲ့ လမ်းစဉ် ဟောကြားခဲ့တဲ့ နှုတ်ကပတ်တော်တွေ၊ သူ ဖော်ပြခဲ့တဲ့ ကောင်းကင်နိုင်ငံတော်ရဲ့နက်နဲမှုတွေ ပြီးတော့ လူတွေအပေါ် သူ တောင်းဆိုခဲ့တာတွေဟာ၊ အလုံးစုံသော သမ္မတရားဖြစ်တယ်၊ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ အသံတော်ဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ ယုံကြည်သူအားလုံး သိကြပါတယ်၊ ဒါတွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းတို့ရဲ့သရုပ်သကန်တွေ ဖြစ်ခဲ့မှန်းလည်း သိကြပါတယ်။ နာမကျန်းသူတွေကို ပျောက်ကင်းစေတာတွေ၊ မကောင်းဆိုးဝါးတွေကို မောင်းထုတ်တာတွေ၊ လေနဲ့လှိုင်းကို နာခံစေတာတွေ၊ လူငါးထောင်ကို ပေါင်မုန့်ငါးလုံး ငါးနှစ်ကောင်နဲ့ လောက်အောင် ကျွေးပြတာတွေ၊ သေသူကို ပြန်ရှင်စေတာတွေစတဲ့ ကိုယ်တော် ပြခဲ့တဲ့တန်ခိုးပြာဋိဟာတွေဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ အခွင့်တန်ခိုးအာဏာကြောင့် ဖြစ်ခဲ့တာတွေပါပဲ။ အဲဒီအချိန်ကာလမှာ သမ္မာတရားကို ရှာဖွေခဲ့ကြတဲ့၊ ရှင်ပေတရု၊ ရှင်ယောဟန်၊ ရှင်မဿဲနဲ့ ရှင်နာသနေလတို့လို လူတွေဟာ၊ သခင်ယေရှုကို သူ့ရဲ့မိန့်ဆိုချက်တွေ၊ အမှုတော်တွေကတစ်ဆင့် ကတိတော်ရှိထားတဲ့ မေရှိယမှန်း နားလည်ခဲ့ကြတယ်။ ဒါကြောင့် ကိုယ်တော်ကို ဆည်းကပ်ပြီး ကယ်တင်ခြင်းကို ခံယူခဲ့ကြတယ်။ ဂျူးလူမျိုး ဖာရိရှဲတွေကျတော့၊ သခင်ယေရှုရဲ့တရားတော်တွေ၊ တန်ခိုးပြာဋိဟာတွေကို ကြားရမြင်ရတာတောင်၊ ဘုန်းတန်ခိုးဩဇာမရှိတဲ့ သာမန်လူတစ်ယောက်အဖြစ်နဲ့ပဲ၊ ဆက်ပြီးမြင်ခဲ့ကြတယ်၊ ဒါကြောင့် နည်းနည်းမှအကြောက်အရွံ့မရှိဘဲ၊ ကိုယ်တော့်ကို မျက်နှာပြောင်တိုက်ပြီး ဆန့်ကျင်ရှုတ်ချခဲ့ကြတာပါ။ နောက်ဆုံးတော့ သခင်ယေရှုကို ကားစင်မှာ သံမှိုရိုက်ပြီးတင်တဲ့အထိ အကြီးဆုံးသောအပြစ်တွေကို ကျူးလွန်မိကြတယ်။ ဖာရိရှဲတွေ ပေးခဲ့တဲ့ သင်ခန်းစာဟာ လေးလေးနက်နက် ဆင်ခြင်ဖို့ ကောင်းပါတယ်။ ဒါဟာ သူတို့ရဲ့သမ္မာတရားကိုမုန်းတီးမှု၊ ဘုရားသခင်ကို မုန်းတီးရန်ဘက်ပြုတတ်တဲ့သဘာဝကို ပြပါတယ်၊ အကျင့်ပျက်နေတဲ့လူသားတွေရဲ့ မိုက်မဲမှု၊ မသိနားမလည်မှုတွေကိုလည်း ပြပါတယ်။ လက်ရှိအချိန်မှာလည်း လူ့ဇာတိခံယူတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှုတုန်းကလိုပဲ၊ အမှုတော်တွေကို သာမန်လူ့သဘာဝအတွင်းကနေ ကိုယ်တော်တိုင် ဆောင်ရွက်ပါတယ်။ အကျင့်ပျက်နေတဲ့လူတွေကို ကယ်တင်ဖို့အတွက် လိုအပ်တဲ့ အလုံးစုံသောသမ္မာတရားတွေကို အနန္တတန်ခိုးရှင်ဘုရားသခင်က ဟောကြားပါတယ်၊ ပြီးတော့လည်း နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်လုပ်ဆောင်ပါတယ်။ ကိုယ်တော်ဟာ အကျင့်ပျက်လူတွေရဲ့ဆိုးယုတ်တဲ့သဘာဝနဲ့ အဖြစ်မှန်ကို ဖော်ထုတ်ပြပြီး တရားစီရင်ရုံတင်မကပါဘူး၊ လူတွေကိုကယ်တင်ဖို့အတွက် ဘုရားသခင် ရည်ရွယ်ထားတဲ့ အနှစ်ခြောက်ထောင်အစီအမံရဲ့နက်နဲမှုတွေအားလုံးကိုလည်း ထုတ်ဖော်လိုက်ပါပြီ၊ လူတွေအနေနဲ့ အပြစ်တွေကနေ လွတ်မြောက်နိုင်ဖို့၊ သန့်စင်ခြင်းကို ရဖို့နဲ့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ရနိုင်ဖို့ လမ်းကြောင်းကိုလည်း ရှင်းပြလိုက်ပါပြီ၊ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့ ပင်ကိုယ်စိတ်သဘောထား၊ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းအပြင်၊ ဘုရားသခင်ရဲ့အတုမရှိတဲ့ တန်ခိုးအာနုဘော်ကိုလည်း ထုတ်ဖော်ပြလိုက်ပါပြီ … အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ အလုံးစုံသောကိုယ်ထင်ပြခြင်းပါပဲ။ ဒီနေ့ခေတ်ကာလမှာလည်း အနန္တတန်ခိုးရှင်ဘုရားကို ကိုးကွယ်သူအားလုံးဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်၊ အမှုတော်တွေထဲကနေ ဘုရားသခင်ရဲ့အသံတော်ကို ကြားရပြီးပါပြီ၊ ဘုရားသခင်နှုတ်ကပတ်တော်ရဲ့သရုပ်သကန်ကို လူ့ဇာတိခံယူခြင်းမှာ မြင်လိုက်ကြရသလို၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ရှေ့တော်မှောက်ကိုလည်း ရောက်နေကြပါပြီ၊ ဘုရားသခင်ရဲ့ သန့်စင်စေခြင်းနဲ့ စုံလင်စေခြင်းတို့ကိုလည်း ရနေကြပါပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ငြင်းပယ်ပြီး၊ ဆန့်ကျင်ရှုတ်ချနေဆဲဖြစ်တဲ့ ဘာသာရေးလောကထဲက လူတွေကတော့ ဂျူးဖာရိရှဲတွေရဲ့ အမှားအတိုင်း လုပ်မိနေကြပါပြီ၊ နောက်ဆုံးသောကာလခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သာမန်လူတစ်ယောက်အဖြစ် မြင်နေကြတာပါ၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ထုတ်ပြတဲ့ အလုံးစုံသော သမ္မာတရားတွေကိုလည်း နည်းနည်းလေးမှ ကြိုးစားရှာဖွေ လေ့လာခြင်း မရှိပါဘူး၊ ဒါကြောင့် သူတို့တွေဟာ ဘုရားသခင်ကို နောက်တစ်ကြိမ် ကားစင်တင်နေတဲ့သဘောပါပဲ၊ ဘုရားသခင်ရဲ့စိတ်သဘောထားကို ဒေါသဖြစ်စေတဲ့သဘောပါပဲ။ လူတစ်ယောက်ဟာ သူ့အယူအဆတွေ၊ စိတ်ကူးတွေကို ကိုင်ဆွဲရင်း၊ ခရစ်တော် ဖော်ထုတ်ပြတဲ့ သမ္မာတရားတွေကို ရှာဖွေမလေ့လာဘူးဆိုရင်၊ ခရစ်တော် ဖော်ထုတ်ပြတဲ့ ဘုရားသခင်ရဲ့အသံတော်ကို လက်ခံနိုင်စွမ်းရှိမှာမဟုတ်ဘူး။ ခရစ်တော်ရဲ့အမှုတော်ကို လက်ခံနာခံနိုင်မှာ မဟုတ်ဘူး၊ နောက်ဆုံးသောကာလမှာလည်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လုံးဝ လက်ခံရရှိမှာ မဟုတ်ဘူး။ လူတစ်ယောက်ဟာ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို နားမလည်ဘူးဆိုရင်၊ ဘုရားသခင်ရဲ့အမှုတော်ကို လက်ခံနာခံနိုင်စွမ်း ရှိမှာမဟုတ်ဘူး၊ သူဟာ ခရစ်တော်ကို ရှုတ်ချပြီး ဘုရားသခင်ကို ဆန့်ကျင်လာလိမ့်မယ်။ ဘုရားသခင်ရဲ့ အပြစ်ပေးခြင်း နဲ့ ကျိန်ခြင်းအမင်္ဂလာ တွေကိုလည်း ရလာနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ယုံကြည်တာကတော့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ခံရဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ သမ္မာတရားကိုရှာဖွေပြီး၊ လူ့ဇာတိခံခြင်းရဲ့နက်နဲမှုကို နားလည်ဖို့က အရေးကြီးဆုံးပါပဲ။

မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ ၏ ရုပ်ရှင် ဇာတ်ညွှန်းမှ

အရှေ့သို့- မေးခွန်း (၅) ဘုရားသခင်ရဲ့ အိမ်တော်က အစပြုတဲ့ သူ့ရဲ့ တရားစီရင်ခြင်းကို လူသားအနေနဲ့ ဘုရားသခင်က ဆောင်ရွက်ပြီလို့ မင်းသက်သေခံခဲ့တယ်နော် အမှန်ပဲ ကျမ်းစာရဲ့ပရောက်ဖက်ပြုချက်နဲ့လည်း ကိုက်ညီတယ် ဒါပေမဲ့ ငါနားမလည်ဘူး အဲဒီဘုရားရဲ့အိမ်တော်မှာ အစပြုတဲ့ တရားစီရင်ခြင်းက ဗျာဒိတ်ကျမ်းထဲက ပလ္လင်ဖြူကြီးရှေ့မှာ စီရင်ခြင်းလိုပုံစံမျိုးနဲ့ တထပ်တည်းပဲလား ပလ္လင်ဖြူကြီးရှေ့မှာစီရင်ခြင်းဆိုတာ စာတန်ရဲ့မယုံကြည်သူတွေ အားလုံးအတွက် ဆိုလိုတယ်လို့ ငါတို့ထင်တယ် သခင်ပြန်ကြွလာတဲ့အခါ ယုံကြည်သူတွေဟာ ကောင်းကင်ကို ခေါ်ဆောင်ခြင်းခံရပြီး အဲဒီနောက် မယုံကြည်သူတွေအတွက် ကပ်ဘေးဆိုးကြီးလွှတ်လိုက်မယ် နားလည်တယ်နော်၊ ပလ္လင်ဖြူကြီးရှေ့က စီရင်ခြင်းဆိုတာ အဲဒါပဲလေ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့စီရင်ခြင်း အစပြုနေပြီဆိုပြီး မင်းသက်သေခံခဲ့တာကို ငါကြားတယ် ဒါပေမဲ့ မယုံကြည်သူတွေအပေါ် ဘုရားသခင် ဖျက်ဆီးခြင်းဖြစ်စေတာကို ငါတို့မမြင်ဖူးဘူး အဲဒါက ပလ္လင်ဖြူကြီးရှေ့မှာ စီရင်ခြင်းနဲ့ ဘယ်လိုလုပ်ပြီး တူညီနိုင်မှာလဲ အဲဒီစီရင်ခြင်းက ဘာလဲဆိုတာကို ငါတို့ကို ဘာလို့တိတိကျကျ မပြောတာလဲ ကျေးဇူးပြုပြီး ဒါကိုပိုပြီးရှင်းလင်းအောင် လုပ်ပေးပါ

နောက်တစ်ခုသို့- မေးခွန်း (၂)- နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် ဘုရားသခင်ဟာ ဘာကြောင့် လူ့ဇာတိခံယူရတာလဲ။ ပညတ်တော်ခေတ်မှာဆိုရင်၊ ဘုရားသခင်ဟာ အမှုတော်ကိုဆောင်ရွက်ဖို့အတွက် မောရှေကို အသုံးပြုခဲ့တယ်၊ ဒါကြောင့် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက်လည်း ဘုရားသခင်ဟာ ဘာကြောင့် လူကို အသုံးမပြုနိုင်ရတာလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။