မေးခွန်း (၂)- နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် ဘုရားသခင်ဟာ ဘာကြောင့် လူ့ဇာတိခံယူရတာလဲ။ ပညတ်တော်ခေတ်မှာဆိုရင်၊ ဘုရားသခင်ဟာ အမှုတော်ကိုဆောင်ရွက်ဖို့အတွက် မောရှေကို အသုံးပြုခဲ့တယ်၊ ဒါကြောင့် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက်လည်း ဘုရားသခင်ဟာ ဘာကြောင့် လူကို အသုံးမပြုနိုင်ရတာလဲ။

အဖြေ- ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် ဘာကြောင့် လူ့ဇာတိခံယူရတာလဲဆိုတာက လူတော်တော်များများ အဓိကအလေးထားကြတဲ့ မေးခွန်းတစ်ခုပါပဲ။ အဲဒီလိုလူတွေဟာလည်း ဘုရားသခင် ပေါ်ထွန်းခြင်းနဲ့ သမ္မာတရားကို အမှန်တကယ်တောင့်တနေကြသူတွေပါ။ ဒီမေးခွန်းက ကျွန်တော်တို့အနေနဲ့ ကောင်းကင်နိုင်ငံဆီ ချီဆောင်ခံရပါ့မလားဆိုတာနဲ့လည်း ပတ်သက်ပါတယ်။ ဒါကြောင့် ဒီအကြောင်းရင်းမှန်ကို နားလည်ဖို့က တော်တော်အရေးကြီးပါတယ်။ ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် လူတစ်ယောက်ကိုအသုံးပြုမယ့်အစား၊ ဘာကြောင့် ကိုယ်တော်တိုင် လူ့ဇာတိခံရတာလဲပေါ့။ ဒီကိစ္စကိုတော့ တရားစီရင်ခြင်းအမှုရဲ့သဘောသဘာဝနဲ့ စိစစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားစီရင်ခြင်းအမှုဟာ ဘုရားသခင်က သမ္မာတရားကို ဖော်ထုတ်ပြခြင်းဖြစ်ပြီး၊ လူတွေကို သိမ်းပိုက်ဖို့၊ သန့်စင်ဖို့၊ ကယ်တင်ဖို့အတွက် ကိုယ်တော်ရဲ့ စိတ်သဘောထားကို ဖော်ပြခြင်းလည်း ဖြစ်လို့ပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ထဲက စာပိုဒ်တစ်ခုကို ဖတ်ကြည့်ကြရအောင်။

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဍာန်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ကဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ထဲကနေ ကျွန်တော်တို့ မြင်လိုက်ကြရပြီ နောက်ဆုံးသောကာလမှာပြုမယ့် ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုမှာ ပါဝင်တာတွေက သမ္မာတရားရဲ့သွင်ပြင်လက္ခဏာအမျိုးမျိုးကို ဖော်ထုတ်ပြခြင်း၊ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြခြင်း၊ နက်နဲသောအရာအားလုံးကို ပြသခြင်း၊ ဘုရားသခင်အပေါ် လူတွေရဲ့ဆန့်ကျင်သစ္စာဖောက်တတ်တဲ့ ဆိုးယုတ်တဲ့သဘာဝကို တရားစီရင်ခြင်း၊ လူတွေရဲ့အပြောအဆိုနဲ့အမူအကျင့်တွေကို ထုတ်ဖော်ခွဲခြားပြခြင်း၊ ဘုရားသခင်ရဲ့သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းဂုဏ်တော်နဲ့ အတုမဲ့တဲ့စိတ်သဘောထားကို လူသားအားလုံးဆီ ဖော်ထုတ်ပြခြင်းတွေ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ရွေးချယ်ခြင်းခံရသူတွေအနေနဲ့ နှုတ်ကပတ်တော်တွေအားဖြင့် တရားစီရင်ခြင်းကို ခံရတာဟာ၊ သူတို့အနေနဲ့ ဘုရားသခင်ကို ဖူးခွင့်ရတဲ့သဘောပါပဲ။ ကိုယ်တော့်ရှေ့မှောက်မှာ တရားစီရင်ခြင်းခံကြရတာပါ။ ဘုရားသခင်က လူတွေကို တရားစီရင်တဲ့အခါမှာ ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား သရုပ်သကန်ကိုလည်း လူတွေကို သိမြင်ခွင့်ပြုရပါတယ်၊ ဘုရားသခင်ရဲ့သန့်ရှင်းသောဂုဏ်တော်ကို မြင်လိုက်ရသလိုမျိုး၊ ကြီးမားတဲ့အလင်းရောင်ကြီးက ကောင်းကင်ဘုံဆီကနေ ထိုးဆင်းလာတာကို မြင်ခွင့်ရသလိုမျိုးပေါ့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြားရပြီဆိုတာနဲ့ လူတစ်ယောက်ရဲ့ ရင်ထဲကို ထက်မြတဲ့ နှစ်ဖက်သွား ဓါးတစ်လက် ထိုးဖောက်ဝင်သွားတဲ့အတိုင်းပါပဲ။ ပြောပြလို့မရနိုင်တဲ့ ဝေဒနာကို ခံစားရလိမ့်မယ်။ ဒီလိုမှသာ လူဟာ သူ့ရဲ့အကျင့်ပျက်တဲ့သဘောနဲ့ အကျင့်ပျက်ခြင်းရဲ့အဖြစ်မှန်ကို သဘောပေါက်နားလည်နိုင်လာမယ်၊ အရှက်ကြီးစွာ ရလာမယ်၊ စစ်မှန်တဲ့နောင်တရပြီး၊ ဘုရားသခင်ရှေ့မှောက်မှာ ဝပ်ဆင်းလာမယ်၊ အဲဒီနောက်မှာမှ သမ္မာတရားကို လက်ခံနိုင်လာပြီး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အညီ နေထိုင်နိုင်လာမယ်၊ မာရ်နတ်ရဲ့လွှမ်းမိုးမှုကိုလည်း သူ့ဘာသာ ဖယ်ရှားပစ်နိုင်လာမယ်။ ပြီးတော့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့ ပြည့်စုံစေခြင်းကို ရလာပါမယ်။ ဒါကြောင့် လူတွေကို တရားစီရင်ခြင်း၊ သန့်စင်စေခြင်းနဲ့ ကယ်တင်ခြင်းအမှုတော်တွေဟာ ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူမှသာ ပြီးမြောက်နိုင်တာပါ။

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အရ တရားစီရင်ခြင်းအမှုကို ကြုံတွေ့သွားပြီဆိုတော့၊ ဘုရားသခင်ရဲ့သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားအပေါ် လူတွေအနေနဲ့ မကျေမနပ်ဖြစ်လို့မရမှန်း ကျွန်တော်တို့ ခံစားမိကြပါပြီ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တိုင်းမှာ ဘုန်းအာနုဘော်နဲ့အမျက်ဒေါသကို မြှုပ်နှံထားတယ်။ စကားလုံးတိုင်းက ကျွန်တော်တို့ရင်ထဲအထိ ရိုက်ခတ်ပါတယ်၊ ဘုရားသခင်အပေါ် ဆန့်ကျင်တတ်တဲ့ သစ္စာဖောက်တတ်တဲ့ ကျွန်တော်တို့ရဲ့ဆိုးယုတ်တဲ့သဘာဝကို ဒီစကားလုံးတွေက ဖော်ထုတ်ပေးတယ်၊ ပြီးတော့ ကျွန်တော်တို့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းဝင်ရောက်နေတဲ့ အကျင့်ပျက်စိတ်သဘောထားကိုလည်း ဖော်ထုတ်ပြတယ်။ ဒါတွေကို ကျွန်တော်တို့ကိုယ်တိုင်တောင် မမြင်နိုင်ပါဘူး၊ စိတ်ကြီးဝင်တာတွေ၊ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်တာတွေ၊ တစ်ကိုယ်ကောင်းဆန်တာတွေ၊ သစ္စာဖောက်တာတွေနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့ရဲ့စိတ်နေသဘောထားကိုလည်း ဒီစကားလုံးတွေကြောင့် သိလာရတယ်၊ ကျွန်တော်တို့ဟာ စာနာမှုနည်းနည်းမှမရှိတဲ့အပြင်၊ မိစ္ဆာတွေလို ရှင်သန်နေကြပါလား၊ ဒီလိုစိတ်ဓာတ်တွေနဲ့ နေထိုင်နေကြပါလားဆိုတာကို သိလာရတယ်။ ဘုရားသခင်ကတော့ ဒါတွေကို စက်ဆုပ်ရွံရှာပါတယ်။ ကျွန်တော်တို့ဟာ နောင်တကြောင့် အရှက်ရသလိုဖြစ်မိကြတယ်။ ကျွန်တော်တို့ရဲ့ယုတ်ညံ့မှု၊ မကောင်းမှုတွေကို ပြန်မြင်ပြီး၊ ဘုရားသခင်ရှေ့မှောက် ရှင်သန်ဖို့မထိုက်တန်မှန်း သိလာတယ်၊ ဒါကြောင့် ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ရချင်စိတ်နဲ့ မြေပေါ်မှာ ဝပ်ဆင်းကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အရ တရားစီရင်ခြင်းအမှုကို တွေ့ကြုံရပြီဆိုရင် ကျွန်တော်တို့က ဘုရားသခင် ပေါ်ထွန်းခြင်းကို စစ်မှန်စွာ သက်သေခံလိုက်တာပါပဲ။ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်းဟာ မပျက်ဆီးနိုင်ကြောင်း၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဟာ ချိုးဖျက်လို့မရနိုင်ကြောင်း သိမြင်သွားကြတာပါ။ လူတွေကိုကယ်တင်ဖို့အတွက် ထားတဲ့ ဘုရားသခင်ရဲ့ထက်သန်တဲ့စေတနာတွေနဲ့ စစ်မှန်တဲ့ချစ်ခြင်းကိုလည်း ကျွန်တော်တို့ နားလည်သွားတာပါ မာရ်နတ်ကြောင့် ပျက်စီးနေတဲ့ ကျွန်တော်တို့အကျင့်စရိုက်တွေကိုလည်း သိမြင်သွားတာဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ရင်ထဲမှာ ဘုရားသခင်အပေါ် ကြည်ညိုခြင်း စဖြစ်လာတဲ့အပြင် သမ္မာတရားကို ကျေကျေနပ်နပ် လက်ခံလာမယ်၊ ဘုရားသခင်ရဲ့ အကြံအစည်တော်တွေကိုလည်း နာခံလာမယ်။ ဒီလိုမှပဲ အကျင့်ပျက်နေတဲ့ ကျွန်တော်တို့စိတ်သဘောထားတွေက ဖြည်းဖြည်းချင်း သန့်စင်လာမှာပါ။ ဒီနေ့ ကျွန်တော်တို့ရလိုက်ကြတဲ့ အပြောင်းအလဲတွေဟာ တရားစီရင်ခြင်းအမှုအတွက် ဘုရားသခင် လူ့ဇာတိခံခြင်းရဲ့ရလဒ်တစ်ခုပါပဲ။ ဒါကြောင့် လူတွေအနေနဲ့ စစ်မှန်တဲ့အလင်းဖြစ်တဲ့ ဘုရားသခင် ပေါ်ထွန်းခြင်းကို မြင်ရဖို့၊ ဘုရားသခင်ရဲ့စစ်မှန်တဲ့အသိဉာဏ်ကို ရဖို့ဆိုတာဟာ ဘုရားသခင် လူ့ဇာတိခံပြီး သမ္မာတရားကို ဟောကြားတဲ့အချိန်ကျမှသာဖြစ်မှာပါ၊ တရားစီရင်ခြင်းအမှုအတွက် ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်သဘောထားနဲ့၊ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ထုတ်ပြတဲ့အချိန်ကျမှသာဖြစ်မှာပါ။ ဒီလိုမှပဲ လူတွေအနေနဲ့ သန့်စင်ခြင်း၊ ကယ်တင်ခြင်းကို ရနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ခရစ်တော်ကလွဲရင် ဘယ်သူမှ မဆောင်ရွက်နိုင်ပါဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တစ်ပိုဒ်ကို ထပ်ဖတ်ကြည့်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်- “လူသား၏ ဇာတိခန္ဓာဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ထက် ပို၍သင့်တော်ပြီး အရည်အချင်းရှိသောသူ မရှိပေ။…ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု၏ လက္ခဏာဖြစ်ပြီး၊ သူ၏သာမန်ထက်ထူးခြားမှုဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်၊ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသောသူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

ဤတရားစီရင်ခြင်းများကြောင့် ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် သန့်ရှင်းသော ဘုရားသခင် ဖြစ်သည်ကို သင်တို့ တွေ့မြင်ခြင်းငှာ တတ်စွမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကြောင့် သူသည် သင်တို့ကို တရား စီရင်ခဲ့ပြီး၊ သူ၏ အမျက်ဒေါသကို သင်တို့အပေါ်သို့ သက်ရောက်စေခဲ့ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၏ ပုန်ကန်မှုကို တွေ့မြင်ရသောအခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို သူသည် ဖော်ပြနိုင်သည့် အတွက်ကြောင့်နှင့် လူသားမျိုးနွယ်၏ ညစ်ညူးခြင်းကို တွေ့မြင်ရသောအခါ သူ၏ သန့်ရှင်းခြင်းကို သူသည် ဖော်ပြနိုင်သည့် အတွက်ကြောင့်၊ သူသည် သန့်ရှင်း၍ စွန်းထင်းခြင်းမရှိ သော်လည်း ညစ်ညူးခြင်း၏ မြေတွင် နေထိုင်သည့် ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်ကြောင်းကို သက်သေပြရန် ထိုအရာက လုံလောက်ပေသည်။ ကိုယ်တော်သည် အခြားသူများနှင့်အတူ မိမိကိုယ်ကိုယ် စွန်းထင်းပေကျံစေသော လူသားတစ်ဦး ဖြစ်ခဲ့မည်ဆိုပါက၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထား သို့မဟုတ် သန့်ရှင်းခြင်း၏ အခြေခံသဘောတရားများ ဘာမျှ မရှိခဲ့ပါက ကိုယ်တော်သည် လူသားမျိုးနွယ်၏ မဖြောင့်မတ်မှုများကို တရားစီရင်ရန် သို့မဟုတ် လူသားမျိုးနွယ်၏ တရားစီရင်သူ ဖြစ်ရန် အရည်အချင်းပြည့်မီခဲ့လိမ့်မည် မဟုတ်ချေ။ အကယ်၍ လူသည် လူကိုပြန်၍ တရားစီရင်မည် ဆိုပါက ယင်းမှာ ကိုယ့်ပါးကိုယ် ကိုယ်ပြန်ရိုက်ခြင်းပင် ဖြစ်လိမ့်မည် မဟုတ်လော။ တစ်စုံတစ်ယောက်သော သူသည် မိမိတို့နှင့် ထပ်တူညီသော ပုဂ္ဂိုလ်မျိုး၊ မိမိတို့ကဲ့သို့ပင် ညစ်ညူးသော ပုဂ္ဂိုလ်မျိုးကို တရားစီရင်ပိုင်ခွင့် မည်သို့ ရှိနိုင်မည်နည်း။ ညစ်ညူးသော လူသားမျိုးနွယ် အားလုံးကို တရားစီရင်နိုင်သည့် တစ်ဦးတည်းသော သူမှာ သန့်ရှင်းသော ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ လူသည် အဘယ်သို့လျှင် လူ၏ အပြစ်များကို တရားစီရင်နိုင်မည်နည်း။ လူသည် အဘယ်သို့လျှင် လူ၏ အပြစ်များကို မြင်တွေ့ခြင်းငှာ တတ်နိုင်မည်နည်း၊ သူတို့သည် လူကို ပြစ်တင်ရှုတ်ချရန် အဘယ်သို့လျှင် အရည်အချင်း ပြည့်မီနိုင်မည်နည်း။ အကယ်၍ ဘုရား သခင်၌ လူ၏ အပြစ်များကို တရားစီရင်ပိုင်ခွင့် မရှိခဲ့ပါက သူသည် အဘယ်သို့လျှင် ဖြောင့်မတ်သော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နိုင်မည်နည်း။ လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားများသည် ဖော်ပြခြင်း ခံရသောအခါ ဘုရားသခင်သည် လူတို့ကို တရားစီရင်ရန် ထုတ်ဖော်ပြောဆိုပြီး၊ ထိုအခါမှသာလျှင် သူတို့သည် ဘုရားသခင်မှာ သန့်ရှင်းကြောင်းကို တွေ့မြင်နိုင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ)

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အရ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိရပြီလေ နောက်ဆုံးသောကာလမှာပြုမယ့် ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုဟာ လူတွေကို အောင်နိုင်ဖို့၊ သန့်စင်ဖို့၊ ပြည့်စုံစေဖို့ဆိုရင်၊ ဘုရားသခင်ရဲ့အနန္တတန်ခိုးတော်၊ ပညာဉာဏ်၊ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ သမ္မာတရားကို ဖော်ထုတ်ပြမှသာ ပြီးမြောက်နိုင်မယ်။ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက် ဘုရားသခင်ကိုယ်တော်တိုင် ကြွမှာပါ။ ဒီအမှုတော်ဟာ ခေတ်တစ်ခုရဲ့အစနဲ့ ခေတ်တစ်ခုရဲ့အဆုံးကို ခွဲခြားပြပါတယ်။ ဒီအမှုတော်ဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းနဲ့သာ ပြီးမြောက်ရပါမယ်။ ဒီအမှုတော်ကို ကိုယ်တော့်ကိုယ်စား ဘယ်လူသားမှ မလုပ်နိုင်ပါဘူး။ ဘုရားသခင်ဟာ အမှုတော်တွေအတွက် ကိုယ်တော်တိုင် လူ့ဇာတိခံမယ့်အစား လူတွေကို အသုံးပြုသင့်တယ်ဆိုပြီး လူတော်တော်များများက ယုံကြည်ကြတာ ဘာကြောင့်လဲ။ ဒါဟာ မယုံနိုင်စရာပါပဲ။ လူတွေဟာ ဘုရားသခင် ကြွလာခြင်းကို တကယ်ပဲ ကြိုဆိုကြရဲ့လား။ ဘုရားသခင်ရဲ့အမှုတော်အတွက် လူတွေကို အသုံးပြုစေချင်သူတွေက ဘာကြောင့် အမြဲတမ်းအများကြီးရှိနေရတာလဲ။ ဒါဟာ လူအချင်းချင်းဆိုရင် သူတို့အယူအဆတွေနဲ့အညီ ဆောင်ရွက်တတ်တာကြောင့်ပါပဲ။ လူဆိုတာ တခြားလူတွေက ဘယ်လိုလုပ်သင့်တယ်လို့ထင်တာကိုပဲ လုပ်ကြတယ်၊ ဒါကြောင့် လူတွေဟာ တခြားလူတွေကို လွယ်လွယ်ကူကူပဲ ကိုးကွယ်ကြတယ်။ ဖျာလိုလိပ် ထိပ်ပေါ်တင်ပြီး ဆည်းကပ်ကြတယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ဆောင်ရွက်ပုံနည်းလမ်းဟာ လူရဲ့အယူအဆတွေနဲ့ လုံးဝကိုက်ညီမှာမဟုတ်ပါဘူး။ လူတွေဖြစ်စေချင်တဲ့အတိုင်း ပြုမူမှာမဟုတ်ဘူး။ ဒါကြောင့် လူဟာ ဘုရားသခင်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲပါတယ်။ ဘုရားသခင်ရဲ့အနှစ်သာရဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ပါပဲ။ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ သန့်ရှင်းတယ်၊ ဖြောင့်မတ်တယ်၊ ချိုးဖောက်လို့မရနိုင်ပါဘူး။ ဒါပေမယ့် အကျင့်ပျက်လူတွေကတော့ မာရ်နတ်ရဲ့အလုံးစုံဖျက်ဆီးခြင်းကို ခံထားရတယ်။ ဆိုးယုတ်တဲ့စိတ်သဘောထားတွေ ပြည့်နေတယ်၊ သူတို့တွေဟာ ဘုရားသခင်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲနေတယ်။ ဒါကြောင့် လူတွေဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းအမှုကို လက်ခံဖို့ ခက်ခဲနေသလို၊ ရှာဖွေလေ့လာချင်စိတ်လည်း မရှိကြဘူး၊ အဲဒီအစား လူလူချင်း ကိုးကွယ်ပြီး၊ မျက်ကန်းတစ္ဆေယုံကြည်ကြတယ်၊ အဲဒါတွေကို ဘုရားသခင်ရဲ့အမှုတော်လို့ သတ်မှတ်ပြီး၊ လက်ခံကြတယ် ဆည်းကပ်ကြတယ်။ ဒီတော့ ပြဿနာက ဘာလဲ။ လူတွေဟာ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနဲ့ အမှုတော်ကို တွေ့ကြုံရခြင်းရဲ့အဓိပ္ပာယ်ကို လုံးဝမသိကြဘူးလို့ ပြောနိုင်ပါတယ်၊ ဒါကြောင့် အကျင့်ပျက်လူသားအားလုံးရဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် လူ့ဇာတိခံပြီး သမ္မာတရားကိုဟောကြားခြင်းဟာ နောက်ဆုံးသောကာလမှာပြုမယ့် ဘုရားသခင်ရဲ့အမှုတော်မှာ အဓိကကျပါတယ်။ ဒါကြောင့် နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုအတွက် ဘုရားသခင်ဟာ လူတွေကို ဘာကြောင့်မသုံးတာလဲဆိုတဲ့ ခင်ဗျားတို့မေးခွန်းအတွက် အဖြေလိုသေးလားဗျာ။ လူရဲ့အနှစ်သာရဟာ လူပါပဲ။ လူမှာ ဘုရားသဘောသဘာဝရဲ့ အနှစ်သာရ မရှိပါဘူး၊ ဒါကြောင့် လူဟာ သမ္မာတရားကို ဖော်ထုတ်နိုင်စွမ်း မရှိဘူး။ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြနိုင်စွမ်းမရှိဘူး၊ လူတွေကိုကယ်တင်ခြင်းအမှုကိုလည်း မလုပ်နိုင်ပါဘူး။ လူတွေဟာ မာရ်နတ်ကြောင့် ပျက်စီးနေပြီး၊ ယုတ်မာတဲ့သဘာ၀ ရှိကုန်ပြီဆိုတာတော့ ထည့်ပြောမနေတော့ပါဘူး၊ ဒါကြောင့် တခြားလူတွေကို တရားစီရင်ဖို့၊ သူတို့မှာ ဘာအရည်အချင်းတွေရှိလဲ။ အကျင့်ပျက်ယုတ်ညံ့နေတဲ့လူဟာ သူ့ကိုယ်သူတောင် သန့်စင်ခြင်း၊ ကယ်တင်ခြင်း လုပ်နိုင်စွမ်းမရှိဘူးဆိုတော့၊ သူက တခြားလူတွေကို ဘယ်လိုများ သန့်စင်စေမှာလဲ၊ ကယ်တင်မှာလဲ။ ဒီလိုလူတွေရဲ့တရားစီရင်ခြင်းကို တခြားလူတွေကလည်း လက်ခံချင်မှာမဟုတ်တဲ့အတွက်၊ အရှက်တကွဲပဲ ဖြစ်ကြလိမ့်မယ်။ ဘုရားသခင်ကသာ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းရှိပါတယ်။ ဘုရားသခင်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးသောကာလမှာပြုမယ့် ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုကို ကိုယ်တော်ရဲ့လူ့ဇာတိခံခြင်းနဲ့ပဲ ဆောင်ရွက်ရပါမယ်။ ဒီအမှုတော်ကို ဘယ်လိုလူကမှ မဆောင်ရွက်နိုင်ပါဘူး။ ဒါကတော့ သေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို နားမလည်နိုင်ကြသေးဘူးလား။

ဟုတ်ပါပြီ။ ဘုရားသခင်ဟာ ပညတ်တော်ခေတ်မှာကျတော့ အမှုတော်အတွက် ဘာကြောင့်လူသားကို အသုံးပြုခဲ့တာလဲ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ပညတ်တော်ခေတ်ရဲ့အမှုတော်နဲ့ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုတော်ဟာ ကွဲပြားတဲ့သဘောသဘာ၀ ရှိကြလို့ပါပဲ။ ပညတ်တော်ခေတ်မှာက လူတွေဟာ အသစ်မွေးဖွားလာစ လူသားမျိုးနွယ်တွေပါ။ မာရ်နတ်ရဲ့ဖျက်ဆီးတာကိုလည်း နည်းနည်းပဲ ခံကြရသေးတယ်။ ယေဟောဝါဘုရားသခင်ရဲ့အမှုတော်ကလည်း ကမ္ဘာကြီးပေါ်မှာ ခေတ်ဦးလူတွေ ဘယ်လိုနေထိုင်ရမယ်ဆိုတာ လမ်းပြဖို့အတွက် ပညတ်တော်တွေ၊ ဥပဒေတွေ ပြဋ္ဌာန်းပေးတာက အဓိကကျခဲ့ပါတယ်။ ဒီအမှုတော်က လူတွေရဲ့စိတ်သဘောထားကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။ သမ္မာတရားကိုလည်း အများကြီးဖော်ပြဖို့ မလိုခဲ့ပါဘူး။ ဘုရားသခင် ချမှတ်ပြီးသားဖြစ်တဲ့ ပညတ်တော်တွေကို ဣသရေလလူမျိုးတွေဆီ ပျံ့နှံ့စေဖို့အတွက် လူသားကိုပဲ လိုအပ်ခဲ့တာပါ၊ ဒါမှသာ ဣသရေလလူမျိုးတွေအနေနဲ့ ပညတ်တော်တွေကို ဘယ်လိုလိုက်နာရမယ်၊ ယေဟောဝါကို ဘယ်လိုကိုးကွယ်ရမယ်၊ ကမ္ဘာပေါ်မှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေကို သိလာကြမယ်။ အဲဒီလိုလုပ်ဆောင်နိုင်ပြီဆိုရင် အမှုတော်က ပြီးမြောက်ပြီလေ။ ဒါကြောင့် ပညတ်တော်ခေတ်ရဲ့အမှုတော်ကို ပြီးမြောက်စေဖို့အတွက် ဘုရားသခင်ဟာ မောရှေကိုပဲ အသုံးပြုခဲ့တယ်၊ ဒီအမှုတော်ကို ဆောင်ရွက်ဖို့အတွက် ကိုယ်တော်ကိုယ်တိုင် လူ့ဇာတိခံဖို့ မလိုခဲ့ဘူး။ ဒါပေမဲ့ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုကျတော့ ကွဲပြားနေတယ်။ ဒါက မာရ်နတ်ကြောင့် အကြီးအကျယ်ပျက်စီးနေကြတဲ့လူတွေကို ကယ်တင်ဖို့ရည်ရွယ်တဲ့ အမှုတော်လေ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နည်းနည်းလောက်ကို ဟောကြားရုံ၊ ပညတ်တော်တချို့ကို ပြဋ္ဌာန်းပေးရုံလောက်နဲ့ ဒီအမှုတော်မှာ မလုံလောက်ဘူး။ သမ္မာတရားကို အများကြီး ဟောကြားရမယ်။ ဘုရားသခင်ရဲ့ပင်ကိုယ်စိတ်သဘောထား၊ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းတွေကို အလုံးစုံဖော်ပြရမယ်၊ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဟာ လူတွေအားလုံးအတွက် လမ်းဖွင့်ထားရမယ်၊ ဘုရားသခင်ကိုယ်တော်တိုင် လူသားအားလုံးရှေ့ကို ကြွလာသလိုအခြေအနေမျိုးနဲ့ လူတွေကို သမ္မာတရားအပေါ် နားလည်စေမယ်၊ ဘုရားသခင်ကို သိလာစေရမယ်၊ ဒီလိုနည်းနဲ့မှသာ ကိုယ်တော်အနေနဲ့ လူတွေကို သန့်စင်ရာရောက်မယ်၊ ကယ်တင်ရာရောက်မယ်၊ ပြည့်စုံစေရာရောက်ပါမယ်။ ဘုရားသခင်ဟာ ဒါတွေကို ကိုယ်တော်တိုင် လူ့ဇာတိခံခြင်းအားဖြင့်သာ လုပ်ရမယ်။ ဒီအမှုတော်ကို ကိုယ်တော့်ကိုယ်စား ဘယ်သူမှ မလုပ်နိုင်ပါဘူး။ ဘုရားသခင်ဟာ နှုတ်ကပတ်တော်တချို့ကို ပျံ့နှံ့စေဖို့ တမန်တော်တွေကို အသုံးပြုနိုင်ပါတယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ပင်ကိုယ်စိတ်သဘောထားကို ဖော်ပြဖို့၊ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြဖို့၊ ဒါမှမဟုတ်၊ အလုံးစုံသောသမ္မာတရားကို ဟောကြားဖို့အတွက်တော့ တမန်တော်တွေကို ဘုရားသခင်က ခွင့်မပြုပါဘူး၊ ဘာကြောင့်လဲဆိုတော့ လူသားဟာ ဒါတွေကိုလုပ်ဖို့ မထိုက်တန်လို့ပါပဲ။ ဘုရားသခင်ဟာ အလုံးစုံသောစိတ်သဘောထားနဲ့ သမ္မာတရားကို ဖော်ပြဖို့အတွက် လူသားကို အသုံးပြုမယ်ဆိုရင်၊ ဘုရားသခင်ဟာ သူတို့ကြောင့် အရှက်ရဖို့များပါတယ်၊ လူသားဟာ အကျင့်ပျက်တဲ့စိတ်သဘောထားရှိပြီး၊ သူ့ကိုယ်ပိုင်အယူအဆနဲ့ အတွေးမှားတွေကိုလည်း ပြန်ပြီးသစ္စာဖောက်တတ်တာကြောင့်၊ သူ့လုပ်ဆောင်မှုတွေထဲမှာ မစင်ကြယ်မှုတွေပါတယ်၊ ဒါတွေကြောင့် ဘုရားသခင်ကို အရှက်ရစေနိုင်တယ်၊ ဘုရားသခင်အမှုတော်ရဲ့ထိရောက်မှုအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့အပြင် လူသားဟာ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းကို သူ့ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းအဖြစ် မှတ်ယူတတ်ပါတယ်၊ သမ္မာတရားအတွက် အမှုတော်ထမ်းရာမှာ သူ့ရဲ့မစင်ကြယ်မှုတွေကိုပါ ယူလာပါတယ်။ ဒါတွေဟာ နားလည်မှုလွဲမှားတာတွေ၊ ဘုရားသခင်ကို အရှက်ရစေတာတွေ ဖြစ်စေပါတယ်။ ဘုရားသခင်ဟာ အလုံးစုံသောစိတ်သဘောထားနဲ့ သမ္မာတရားကို ဖော်ပြဖို့အတွက် လူကို အသုံးပြုတယ်ဆိုရင်လည်း၊ လူရဲ့မစင်ကြယ်မှုတွေကြောင့်၊ ကျန်တဲ့လူအပေါင်းဟာ လက်ခံချင်ကြမှာမဟုတ်ပါဘူး။ ဆန့်ကျင်တာတွေတောင် ရှိလာနိုင်တယ်။ အဲဒီမှာ မာရ်နတ်ကလည်း အပြစ်ရှာပြီး၊ စွပ်စွဲတာတွေ လုပ်လာလိမ့်မယ်။ ဘုရားသခင်အပေါ် လူတွေရဲ့မကျေနပ်မှုကို မြှောက်ပေးမယ်။ ပုန်ကန်တာတွေဖြစ်အောင် လှုံ့ဆော်မယ်။ လူတွေကို လွတ်လပ်တဲ့ကိုယ်ပိုင်နိုင်ငံတော် တည်ထောင်အောင် သွေးထိုးပေးလာမယ်။ ဒါတွေဟာ ဘုရားသခင်ရဲ့အမှုတော်ကို လူက ဆောင်ရွက်ရင်ဖြစ်လာမယ့် ရလဒ်တွေပါပဲ။ အထူးသဖြင့် နောက်ဆုံးသောကာလမှာ အကျင့်ပျက်ပြားနေတဲ့လူတွေကို ဘုရားသခင်က ကယ်တင်ခြင်းပြုမယ်ဆိုတဲ့ ကိစ္စမှာလည်း၊ လူတွေဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းအမှုတော်ကို လွယ်လွယ်နဲ့ လက်မခံပါဘူး၊ မနာခံကြပါဘူး။ ဒါကြောင့် ဘုရားသခင်ဟာ အမှုတော်အတွက် လူသားတွေကိုအသုံးပြုမယ်ဆိုရင်၊ လူတွေက ပိုပြီးတောင် လက်ခံနိုင်ခြေ နာခံနိုင်ခြေ နည်းသွားလိမ့်မယ်။ ဒါတွေဟာ အရှင်းဆုံးမြင်နိုင်တဲ့အချက်တွေ မဟုတ်ဘူးလားဗျာ။ ဘာသာရေးလောကရဲ့ သင်းထောက်တွေ၊ သင်းအုပ်တွေကို ကြည့်ပါ၊ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းအမှုကို သူတို့တွေက ဆန့်ကျင်ရှုတ်ချနေတာတွေဟာ ဟိုတစ်ချိန်က သခင်ယေရှုကို ဆန့်ကျင်ခဲ့ကြတဲ့ ယဇ်ပုရောဟိတ်ခေါင်းဆောင်တွေ၊ ဖာရိရှဲတွေနဲ့ ဘာတွေများကွာခြားသွားလို့လဲ။ အကျင့်ပျက်နေတဲ့လူသားတွေကို ဘုရားသခင်က ကယ်တင်ခြင်းဟာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့စဉ်းစားပုံကို ကျွန်တော်တို့က နားလည်ရမယ်။

တစ်ဖက်ကကြည့်ရင်တော့၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအတွက် ဘုရားသခင် လူ့ဇာတိခံခြင်းဟာ လူတွေကို တရားစီရင်ဖို့၊ သန့်စင်စေဖို့နဲ့ ကယ်တင်ဖို့ပါ၊ ကျန်တဲ့တစ်ဖက်ကကြည့်ရင်တော့ ပိုပြီးတောင် အရေးကြီးပါတယ်။ လူသားအားလုံးအနေနဲ့ ဘုရားသခင်ကို အမှန်တကယ် သိနားလည်လာစေဖို့ ဘုရားသခင် လူ့ဇာတိခံပြီး ပေါ်ထွန်းခြင်းကို မြင်ကြစေဖို့အတွက်၊ ဘုရားသခင်ဟာ သမ္မာတရားကိုဟောကြားခြင်း.. ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ထုတ်ပြခြင်းအားဖြင့်၊ အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တချို့ကို ဖတ်ကြည့်ကြရအောင်။

ဇာတိခန္ဓာနှင့်နေထိုင်သူ အားလုံးအတွက် မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်လျှောက်ရမည့် ပန်းတိုင်များကို လိုအပ်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် အမှန်များနှင့် ဘုရားသခင်၏ မျက်နှာတော်အမှန်အား မျက်မြင်တွေ့ခြင်းကို လိုအပ်သည်။ ဤနှစ်ခုစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာမှသာ စွမ်းဆောင်နိုင်ပြီး၊ နှစ်ခုစလုံးကို သာမန်ဖြစ်သော စစ်မှန်သည့် ဇာတိခန္ဓာဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်းကို လိုအပ်ရသည့် အကြောင်းရင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်းကို လိုအပ်ရခြင်း အကြောင်းရင်းဖြစ်သည်။ လူသားတို့သည် ဘုရားသခင်ကို သိရန်လိုအပ်သဖြင့်၊ မရေရာဘဲ သဘာဝထက်လွန်ကဲသော ဘုရားများ၏ ပုံရိပ်များကို သူတို့၏နှလုံးသားများမှ လွင့်ပျောက်သွားအောင် ပြုရမည်၊ ထို့ပြင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ထုတ်ပစ်ရန် လိုအပ်သဖြင့် သူတို့သည် ပထမဆုံးအနေနှင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရမည်။ အကယ်၍ လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ဖယ်ထုတ်ပစ်ရန်အတွက် လူသားကသာ လုပ်ဆောင်ပါက သူသည် သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိမည်မဟုတ်ပေ။ လူသားတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများဖြင့်သာ မြင်သာအောင်ပြခြင်း၊ ဖယ်ရှားခြင်း၊ သို့မဟုတ် အပြည့်အဝ နှင်ထုတ်ခြင်း မပြုနိုင်ပေ။ ထိုသို့ပြုလျှင် လူတို့ထံတွင် နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးအချိန်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤအရာတို့ကို လူတို့ တဖြည်းဖြည်း သိလာခွင့်ပေးရန် လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံရိပ်စစ်တို့သာလျှင် ဤမရေရာသော၊ သဘာဝလွန်သောအရာများကို အစားထိုးနိုင်ကာ၊ ဤနည်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။…ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်နိုင်ပြီး သူ့ကိုယ်စား ဤအမှုကို မည်သူကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ လူသားသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်မှုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်းမရှိပေ။ ဘုရားသခင်သည် လူသားတို့အလယ်တွင် ကိုယ်တိုင်အမှုပြုကာ သူ၏ပုံရိပ်နှင့် သူ၏ဖြစ်ခြင်းကို အပြည့်အဝ ပြသမှသာလျှင် လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ တွေ့နိုင်မည်ဖြစ်သည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ မရယူနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ၊ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်မတုနိုင်ပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး၊ လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်၊ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

လူ့ဇာတိထဲသို့ ဘုရားသခင် ရောက်ရှိလာခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်မှုများကို လူသားတို့ တွေ့မြင်နိုင်စေရန်၊ ပုံပန်းသဏ္ဌာန်မရှိသည့် ဝိညာဉ်တော်ကို လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်စေရန်ဖြစ်ပြီး၊ ကိုယ်တော့်ကို လူသားများ မြင်တွေ့ခွင့်နှင့် ထိကိုင်ခွင့်ကို ပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်တော်က ပြီးပြည့်စုံအောင် လုပ်ပေးခြင်းခံရသော ၎င်းတို့သည် ကိုယ်တော်နှင့်သာ နေ၍၊ ၎င်းတို့သည် ကိုယ်တော်အားဖြင့် ရယူခြင်းခံရကာ၊ ကိုယ်တော့်နှလုံးသားနင့် ညီနိုင်ပါလိမ့်မည်။ အကယ်၍ ဘုရားသခင်သည် ကောင်းကင်ဘုံတွင်သာ စကားပြောပါက၊ မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခြင်း မရှိခဲ့ပါက၊ ဘုရားသခင်ကို လူများသိခြင်းငှာ မတတ်နိုင်ဘဲ ရှိပါလိမ့်မည်။ သူတို့သည် အနှစ်မဲ့သော သီအိုရီကိုသာ အသုံးပြု၍ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဟောပြောနိုင်ပါလိမ့်မည်။ လက်တွေ့အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိမည်မဟုတ်ပေ။ အဓိကအားဖြင့် ဘုရားသခင် ရယူအောင်နိုင်သည့် သူများအတွက် စံပြအဖြစ် နမူနာအဖြစ် လုပ်ဆောင်ရန် ဘုရားသခင် မြေကြီးပေါ်သို့ ကြွလာခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်ကို လူသားတို့ ဧကန်အမှန် သိလာနိုင်သည်၊ ဘုရားသခင်ကို တို့ထိနိုင်ပြီး၊ ကိုယ်တော်ကို မြင်နိုင်သည်။ ထိုအခါမှသာ ဘုရားသခင်သည် သူတို့ကို စစ်မှန်စွာ ရရှိအောင်နိုင်လာပါသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်)

ယေဟောဝါသည် လူသားမျိုးနွယ်ကို စွန့်ခွာသွားသည့်အခါမှသာ လူ့ဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကိုအဆုံးသတ်ကာ မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ်တို့ ယုံကြည်ကြသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်ထဲသို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ စစ်မှန်ပြီး သာမန်ဖြစ်သော၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သော၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ကို ပြသသော၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်ပေးသော၊ နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော ဘုရားသခင်တစ်ပါးကို လူသားမျိုးနွယ်အား သူထုတ်ဖော်ပြသည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုဆိုင်ရာ ရလဒ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

နောက်ဆုံးသောကာလမှာ လူ့ဇာတိခံခြင်းအားဖြင့်၊ ဘုရားသခင် ဆောင်ရွက်တဲ့ တရားစီရင်ခြင်းအမှုဟာ တကယ့်ကိုအဓိပ္ပါယ်ရှိပါတယ်။ ဘုရားသခင်ဟာ နောက်ဆုံးသောကာလအတွက် ကမ္ဘာမြေပေါ်မှာ လူ့ဇာတိခံယူပြီးပါပြီ။ ကိုယ်တော်ဟာ လူတွေကြားမှာ နေထိုင်ရင်း၊ နှုတ်ကပတ်တော်တွေကို လူတွေဆီ ဖော်ထုတ်ပြနေပါတယ်၊ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းကို လူအများဆီ ဖော်ပြနေပါတယ်။ ဘုရားသခင် ချစ်တဲ့သူတွေ၊ ဘုရားသခင် မုန်းတဲ့သူတွေ၊ ဘုရားသခင်ရဲ့အမျက်ဒေါသကို ရတဲ့သူတွေ၊ ကိုယ်တော် အပြစ်ပေးတဲ့သူတွေ၊ ကိုယ်တော်ရဲ့စိတ်ခံစားမှုအခြေအနေ၊ လူတွေအပေါ် ကိုယ်တော် တောင်းဆိုတာတွေ၊ လူတွေအတွက် ကိုယ်တော်ရဲ့ရည်ရွယ်ချက်၊ ဘဝအပေါ် တန်ဖိုးထားမှုတွေအပေါ် လူရဲ့စံအမြင်တွေ..စသဖြင့်၊ ကိုယ်တော်ဟာ ဒီအရာတွေအားလုံးကို လူသားတွေဆီ အသိပေးပါတယ်၊ လူတွေကို ဘာသာရေးနဲ့ပတ်သက်ပြီး ရေရေရာရာမရှိ ဦးတည်ချက်မဲ့ ရှာဖွေနေစရာမလိုအောင်၊ ဘဝအတွက် ရှင်းလင်းတဲ့ပန်းတိုင်တွေကို ပေးအပ်နေတာပါ။ ဘုရားသခင်ရဲ့လူ့ဇာတိခံယူပြီး ပေါ်ထွန်းခြင်းဟာ “ယေဟောဝါ ပြန်လည်ကြွရောက်ခြင်းက လူတို့ဆီပေါ်သောအခါ” ဆိုတဲ့ခေတ်ကို အဆုံးသတ်လိုက်တာဖြစ်သလို၊ မရေရာတဲ့ဘုရားသခင်အပေါ် လူတွေ ယုံကြည်ကြတဲ့ခေတ်ကိုလည်း အဆုံးသတ်ပေးလိုက်တာဖြစ်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ နောက်ဆုံးသောကာလရဲ့အမှုတော်ကို သိနားလည်သွားသူအားလုံးကတော့ ဘုံအသိအမြင်တစ်ခု ရနေကြပါပြီ- ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့တရားစီရင်ခြင်းနဲ့ဆုံးမခြင်းကို ခံကြရပြီးပါပြီ။ စစ်ဆေးမှုမျိုးစုံ၊ ကန့်သတ်မှုမျိုးစုံကိုလည်း ကြံ့ကြံ့ခံခဲ့ပြီးပြီ၊ တရုတ်ကွန်မြူနစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖမ်းဆီးအပြစ်ပေးမှုတွေကိုလည်း အကြီးအကျယ် ခံစားခဲ့ကြပြီးပြီ၊ ဒီလိုဒုက္ခပေါင်းစုံရှိခဲ့ပေမယ့်၊ ကျွန်တော်တို့အပေါ် ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်သဘောထား လွှမ်းခြုံလာတာကို မြင်ကြရပါပြီ၊ ဘုရားသခင်ရဲ့ဘုန်းအာနုဘော်နဲ့ အမျက်ဒေါသ၊ ကိုယ်တော်ရဲ့အနန္တတန်ခိုးတော်နဲ့ ပညာဉာဏ်ကိုလည်း မြင်ကြရပါပြီ၊ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းသရုပ်သကန်ကိုလည်း မြင်ကြရပါပြီ။ ဘုရားသခင်ကိုယ်တော်တိုင်ကို ဖူးခွင့်ရလိုက်သလိုပါပဲ။ ကျွန်တော်တို့က ဘုရားသခင်ရဲ့ဝိညာဥ်ခန္ဓာကို မမြင်ကြရသေးပေမယ့်၊ ဘုရားသခင်ရဲ့ပင်ကိုယ်စိတ်သဘောထား၊ အနန္တတန်ခိုးတော်နဲ့ ပညာဉာဏ်၊ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းတွေကိုတော့၊ ကျွန်တော်တို့ကို အပြည့်အစုံ ထုတ်ဖော်ပြခဲ့ပါပြီ၊ ဒါဟာ ဘုရားသခင်ကို မျက်မြင်ဖူးခွင့်ရလိုက်သလိုပါပဲ။ ကျွန်တော်တို့က ဘုရားသခင်ကို အမှန်တကယ် သိနားလည်လာသလို.. ဘုရားသခင်ကို ကြောက်ရွံ့တတ်တဲ့နှလုံးသားကိုလည်း ရလာကြတယ်။ ဒါကြောင့် ကျွန်တော်တို့မသေခင်အထိ၊ ဘုရားသခင်ရဲ့အစီအမံတိုင်းကို နာခံတတ်သွားကြတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အမှုတော်တွေအရ၊ ဘုရားသခင်ဟာ လက်တွေ့ကျပြီး စစ်မှန်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိမြင်ကြရတယ်၊ ကျွန်တော်တို့ရဲ့အယူအဆတွေ အတွေးမှားတွေအားလုံးကိုလည်း ပစ်ပယ်လိုက်ပြီ။ ဘုရားသခင်ကို အမှန်တကယ် သိနားလည်သူတွေ ဖြစ်လာကြပါပြီ။ ဟိုအရင်ကတော့ ဘုရားသခင်ဟာ လူတွေရဲ့အပြစ်တွေကို ဆက်လက်ခွင့်လွှတ်ပေးမှာပဲလို့ ယုံကြည်ရင်း၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ချင်ခင်ကြင်နာတတ်တယ်၊ ကရုဏာထားတတ်တယ်လို့ ထင်ခဲ့မိကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အရ တရားစီရင်ခြင်းအကြောင်းကို သိပြီးတဲ့နောက်မှာ၊ ကျွန်တော်တို့အနေနဲ့ ပိုပြီးတော့ အမှန်တကယ်နားလည်လာခဲ့ကြတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ သနားကရုဏာရှိရုံတင်မဟုတ်ဘဲ၊ ဖြောင့်မတ်ပါတယ်၊ ဘုန်းအာနုဘော်နဲ့ပြည့်စုံတယ်၊ အမျက်ဒေါသလည်း ရှိတယ်။ ကိုယ်တော့်စိတ်သဘောထားကို စော်ကားသူတိုင်း အပြစ်ပေးခံရလိမ့်မယ်။ ဒီလိုနဲ့ ကျွန်တော်တို့က ဘုရားသခင်ကို ကြည်ညိုတတ်သွားတယ်။ သမ္မာတရားကိုလက်ခံပြီး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အညီ နေတတ်သွားတယ်။ နောက်ဆုံးသောကာလမှာပြုမယ့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို သဘောပေါက်သွားတဲ့အတွက်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ သန့်ရှင်းတယ်၊ ဖြောင့်မတ်တယ်၊ အနှောင့်အယှက်ကင်းတယ်ဆိုတာကို ကျွန်တော်တို့က လက်တွေ့ကျကျ နားလည်လာကြတယ်၊ ဘုရားသခင်ရဲ့ကရုဏာနဲ့ချစ်ခြင်းကိုလည်း သိမြင်သွားတယ်။ ဘုရားသခင်ရဲ့အနန္တတန်ခိုးတော်နဲ့ပညာဉာဏ်ကိုလည်း သဘောပေါက်လာကြတယ်၊ ဘုရားသခင်ကိုယ်တော်တိုင် ဘယ်လို လျှို့ဝှက်စွာ နှိမ့်ချထားတယ်ဆိုတာလည်း အသိအမှတ်ပြုမိလာတယ်။ ကိုယ်တော့်စေတနာတွေ၊ နှစ်သက်စရာကောင်းတဲ့ အရည်အသွေးတွေကိုလည်း သိလာကြတယ်၊ ကိုယ်တော့်စိတ်ခံစားချက်အခြေအနေတွေ၊ ကိုယ်တော်ရဲ့ သစ္စာတော်၊ ကိုယ်တော်ရဲ့တင့်တယ်ခြင်း၊ ကောင်းမြတ်ခြင်းတွေ၊ ကိုယ်တော့်ဩဇာအာဏာ၊ အတုမရှိတဲ့တန်ခိုးတော်နဲ့ အရာအားလုံးအပေါ် စေ့စေ့စပ်စပ်ရှိခြင်း စသဖြင့်ပါပဲ။ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းဆိုတာလည်း ကျွန်တော်တို့ရှေ့မှာ ပေါ်လာခဲ့ပါပြီ။ ဘုရားသခင်ကိုယ်တော်တိုင်ကို ဖူးခွင့်ရလိုက်သလိုမျိုး၊ ဘုရားသခင်ကို မျက်မြင် သိခွင့်ရလိုက်သလိုမျိုးပါပဲ။ ကျွန်တော်တို့ဟာ ဘုရားသခင်ကို ကိုယ်ပိုင်အယူအဆတွေ၊ အတွေးမှားတွေပေါ် အခြေခံပြီး၊ ယုံကြည်ဆည်းကပ်ခြင်း မပြုတော့ပါဘူး၊ ဘုရားသခင်အပေါ် စစ်မှန်တဲ့ကြည်ညိုမှုနဲ့ မြတ်နိုးမှုသာ ရှိပါတော့တယ်၊ ဘုရားသခင်ကိုလည်း အစစ်အမှန်နာခံတတ်ပြီ။ အားထားတတ်ပါပြီ။ လူတွေကို သမ္မာတရားဟောဖို့၊ တရားစီရင်ဖို့အတွက် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိမခံယူခဲ့ဘူးဆိုရင်၊ ကျွန်တော်တို့အနေနဲ့ ဘုရားသခင်ကို သိလာမှာမဟုတ်သလို၊ အပြစ်တွေကို ဖယ်ရှားနိုင်စွမ်း၊ သန့်စင်ခြင်းကိုရနိုင်စွမ်းလည်း ရှိလာမှာမဟုတ်တာကို ကျွန်တော်တို့ တကယ်ကို နားလည်သွားပါပြီ။ ဒါကြောင့် ခင်ဗျားတို့ ဘယ်လိုပဲကြည့်ကြည့်ပါ၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုကို ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံခြင်းနဲ့ပဲ ဆောင်ရွက်ရမယ်၊ ဘယ်သူမှ ကိုယ်စားဝင်ပြီး မဆောင်ရွက်နိုင်ပါဘူး။ လူရဲ့အယူအဆတွေနဲ့ အတွေးမှားတွေအရ စဉ်းစားကြည့်ရင်လည်း၊ ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကိုပြုဖို့ လူသားကို အသုံးပြုမယ်ဆိုရင်၊ ကိုယ်တော် ဆန္ဒရှိတဲ့ထိရောက်မှုကို ရနိုင်မှာမဟုတ်ပါဘူး။

မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ ၏ ရုပ်ရှင် ဇာတ်ညွှန်းမှ

အရှေ့သို့- မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

နောက်တစ်ခုသို့- မေးခွန်း (၃)- ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်လို့ ခင်ဗျားတို့က ပြောတယ်။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့သက်သေခံချက်ဖြစ်တယ်။ မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာဟာ သခင်ယေရှုရဲ့တမန်တော်တွေနဲ့ ဘာသာရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးတချို့ရဲ့မိန့်ဆိုချက်တွေကိုလည်း မှတ်တမ်းတင်ထားတာပါ။ သူတို့တွေရဲ့ဖော်ပြချက်တွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် ယူဆလို့ရလား။ သူတို့ရဲ့ဖော်ပြချက်တွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် ယူဆလို့ရတယ်ဆိုရင်တော့၊ အဲဒါတွေကလည်း သမ္မာတရား၊ လမ်းခရီးနဲ့ အသက် မဟုတ်ဘူးလား။ ကျွန်တော် သိသလောက်တော့ သူတို့နဲ့ သခင်ယေရှုရဲ့မိန့်ဆိုချက်တွေကြားမှာ ကွဲပြားမှုမရှိပါဘူး၊ အားလုံးကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် သတ်မှတ်တယ်။ ဒါကြောင့် သူတို့မိန့်ဆိုချက်တွေကို ဘာကြောင့် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်အဖြစ် မသတ်မှတ်တာလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။