၃၇၁ ဘုရားအလိုတော်ကို ဘယ်သူအရေးပေးနိုင်မလဲ

ဘုရားနွေးထွေးမှု လူတို့ ကြုံတွေ့ခဲ့

တစ်ချိန်က စစ်မှန်စွာ သူ့ကို အစေခံခဲ့ကြ

စစ်မှန်စွာ နာခံခဲ့ကြသည်

သူ့အတွက် အရာရာကို လုပ်ဆောင်ရင်းလေ

သို့သော် လူတို့ ယခု ထိုသို့ မလုပ်နိုင်

စိတ်ဝိညာဉ်အတွင်း၌ သူတို့အားလုံး ငိုကြွေး

ဘုရားကို ကြည့်ရှု၊ အော်ခေါ်ကြ

အကျပ်အတည်းမှ မလွတ်မြောက်နိုင်ကြပေ


အတိတ်က လူတို့ သစ္စာဆိုခဲ့

စိတ်နှလုံးအကြွင်းမဲ့ ချစ်ခြင်းများဖြင့်

သူ့ကြင်နာမှုကို ပြန်ဆပ်ဖို့ရန်

ကောင်းကင်နှင့်မြေကြီးကို တိုင်တည်ရင်းလေ

ပူဆွေးခြင်းနှင့် ဘုရားထံ ငိုကြွေးကြ

ငိုကြွေးသံများ ကြေကွဲဖွယ်၊ ခံရခက်လှသည်

သူတို့စိတ်ဆုံးဖြတ်ချက်ကြောင့် လူသားမျိုးနွယ်ကို

ဘုရား ဖေးကူမည်


လူတို့ ဝမ်းနည်းသည့်အခါ ဘုရား နှစ်သိမ့်

အားနည်းသည့်အခါ သူ ကူညီမစ

လမ်းပျောက်သည့်အခါ သူ လမ်းပြပေးသည်

ငိုကြွေးသည့်အခါ သူ မျက်ရည်များ သုတ်ပေး

သို့သော် ဘုရား ဝမ်းနည်းသည့်အခါ

ဘယ်သူနှစ်သိမ့်ပေးနိုင်သနည်း

ဘုရား စိတ်ပူပန်သည့်အခါ သူ့ခံစားချက်ကို

ဘယ်သူအရေးပေးနိုင်သနည်း


မရေတွက်နိုင်အောင် လူတို့ ဘုရားကို နာခံခဲ့

သူတို့ချစ်ဖွယ်ကောင်းမှု အလွန် အမှတ်ရစရာပဲ

သူ့ကို ချစ်ခင်ခြင်း၌ သစ္စာစောင့်သိခဲ့ကြ

သူတို့ခံစားချက်အစစ်အမှန်များ ချီးကျူးထိုက်သည်

မရေတွက်နိုင်အောင် သူ့ကို ချစ်ခဲ့ကြပြီး

သူတို့ အသက်ကို စတေးလိမ့်မည်

ဤစစ်မှန်မှုကြောင့် သူတို့ချစ်ခြင်း ဘုရားလက်ခံမှု ရရှိခဲ့


မရေတွက်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ခဲ့ကြ

ဘုရားအလို့ငှာ သေခြင်းကို မတုန်မလှုပ် ရင်ဆိုင်ရင်းလေ

ပူဆွေးမှုကို ပြေပျောက်စေရင်း

ဘုရား သူတို့မျက်နှာ သေချာ စိုက်ကြည့်

သူ၏ ရတနာကဲ့သို့ မရေတွက်နိုင်အောင် ဘုရား သူတို့ကို ချစ်ခဲ့

ရန်သူများကဲ့သို့ မရေမတွက်နိုင်အောင် ဘုရား သူတို့ကို မုန်းခဲ့

ဘုရား၏ စိတ်ကို လူတို့ နားမလည်နိုင်ကြသေး


လူတို့ ဝမ်းနည်းသည့်အခါ ဘုရား နှစ်သိမ့်

အားနည်းသည့်အခါ သူ ကူညီမစ

လမ်းပျောက်သည့်အခါ သူ လမ်းပြပေးသည်

ငိုကြွေးသည့်အခါ သူ မျက်ရည်များ သုတ်ပေး

သို့သော် ဘုရား ဝမ်းနည်းသည့်အခါ

ဘယ်သူနှစ်သိမ့်ပေးနိုင်သနည်း

ဘုရား စိတ်ပူပန်သည့်အခါ သူ့ခံစားချက်ကို

ဘယ်သူအရေးပေးနိုင်သနည်း


ဘုရား ဝမ်းနည်းသည့်အခါ

သူ့နှလုံးသားဒဏ်ရာများ ဘယ်သူအစားထိုးပေးလဲ

သူ တစ်စုံတစ်ဦးကို လိုအပ်သည့်အခါ

ဘယ်သူ သူနှင့် အတူလက်တွဲလုပ်လဲ

သူ့အပေါ် လူတို့၏ ယခင်က သဘောထား ယခုပျောက်ဆုံးကာ

ဘယ်တော့မှ ပြန်မထားရှိသလဲ

အဘယ့်ကြောင့် သူတို့မှတ်ဉာဏ်၌ စိုးစဉ်းမျှ မကျန်ရစ်သနည်း

ရန်သူများ ဖျက်ဆီးခြင်းကြောင့် ဤအရာများကို

လူတို့ မေ့သွားကြသည်


လူတို့ ဝမ်းနည်းသည့်အခါ ဘုရား နှစ်သိမ့်

အားနည်းသည့်အခါ သူ ကူညီမစ

လမ်းပျောက်သည့်အခါ သူ လမ်းပြပေးသည်

ငိုကြွေးသည့်အခါ သူ မျက်ရည်များ သုတ်ပေး

သို့သော် ဘုရား ဝမ်းနည်းသည့်အခါ

ဘယ်သူနှစ်သိမ့်ပေးနိုင်သနည်း

ဘုရား စိတ်ပူပန်သည့်အခါ သူ့ခံစားချက်ကို

ဘယ်သူအရေးပေးနိုင်သနည်း


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၇၀ ဘုရားကို ဝမ်းအနည်းစေဆုံးသောအရာကျူး

နောက်တစ်ခုသို့- ၃၇၂ ဘုရား၏စိတ်နှလုံးကို မည်သူက နားလည်ဖူးသနည်းကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။