မေးခွန်း ၃- ဘုရားသခင်သည် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ လူသားဖြစ်လာရင်း နောက်ဆုံးသော ကာလတွင် အဘယ်ကြောင့် လူ့ဇာတိခံပြီး ဖြစ်ပါသနည်း။ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည့် သခင်ယေရှု၏ ဝိညာဉ်ခန္ဓာနှင့် လူ့ဇာတိခံ လူသားတို့ကြား တကယ့်ခြားနားချက်မှာ အဘယ်နည်း။ ဤသည်မှာ ကျွန်ုပ်တို့ နားမလည်သော ကိစ္စရပ်တစ်ခုဖြစ်သည်- ကျေဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြု ဝေမျှပေးပါ။

အဖြေ-

ပြန်ကြွလာသည့်သခင်က သူ၏ဝိညာဏကိုယ်နှင့်သာ ထင်ရှားပြ လိမ့်မည်ဟု ယုံကြည်သူအများစုက ယုံကြည်ကြ ပါသည်၊ ယင်းမှာ ထမြောက်ပြီးသည့်နောက် ရက်လေးဆယ်တိတိ လူများကို ထင်ရှားပြခဲ့သည့် သခင်ယေရှု၏ဝိညာဉ်ခန္ဓာဖြစ်ပါသည်။ ဤကိစ္စတွင်မူ ကျွန်တော်တို့ ယုံကြည်သူများ အားလုံး ရှင်းကြပါသည်။ အပေါ်ယံကြည့်ပါက သခင်ယေရှု၏ထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာက လူ့ဇာတိခံယူသကဲ့သို့ ပုံသဏ္ဍာန်မျိုးနှင့်သာထင်ရှားမည်။ သို့သော်လည်း ဝိညာဉ်ခန္ဓာဆိုသည်မှာ အကောင်အထည်ရှိသည့် ကမ္ဘာလောက၊ အာကာသ၊ နေရာ စသည်တို့နှင့် ဘောင်ခတ်ထားခြင်း မဟုတ်ပါ။ လူများကို အထိတ်တလန့် ဖြစ်အောင်၊ လိုသကဲ့သို့ ထင်ရှားနိုင်သည်၊ ပျောက်ကွယ်နိုင်သည်။ ဤအချက်ကို သမ္မာကျမ်းတွင် မှတ်တမ်းတင်ထားပါသည်။ သခင်ယေရှု ကားတိုင်တင်မခံရသေးမီတွင် သူက လူ့ဇာတိ၏ သာမန်လူ့သဘာဝနှင့်သာ ဟောပြောခဲ့သည်၊ အမှုတော်ပြုခဲ့သည်၊ သမ္မာတရားကို ဖော်ပြခြင်း ဖြစ်ဖြစ်၊ လူများနှင့် အပြန်အလှန်ဆက်ဆံခြင်းဖြစ်ဖြစ်၊ နိမိတ်လက္ခဏာများ ပြခြင်းဖြစ်ဖြစ်၊ လူများက သူ့ကို သာမန်လူအဖြစ်ပဲ ခံစားမိခဲ့ကြသည်။ ဤလူသားက အမှန်တကယ်ကို အမှုတော်ပြုနေခြင်းများ၊ အမှန်တကယ် ညှဉ်းဆဲခံပြီး၊ ပေးဆပ်ခြင်းများကိုသာ လူများက မြင်ခဲ့ကြရပါသည်။ နောက်ဆုံးတွင် လူများအတွက် အပြစ်ပေးဆပ်သည့်အနေနှင့် ကားတိုင်တင်ခံ ရသည်မှာ လည်း ဤလူသားသာဖြစ်ပါသည်၊ ဤသို့နှင့် ဘုရားသခင်၏ ရွေးနုတ်ခြင်းအမှုတော်ကို ပြီးမြောက်စေခဲ့ပါသည်။ ဤသည်မှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည့် အချက်ဖြစ်ပါသည်။ တစ်ခဏမျှ စဉ်းစားကြည့်ပါ။ သခင်ယေရှု၏ဝိညာဉ်ခန္ဓာက အမှုတော်ကို ပြုခဲ့မည်ဆိုပါက၊ သူက လူများနှင့် သာမန်အတိုင်း ပြောဆို ဆက်ဆံခြင်းများ လုပ်နိုင်ပါ့မလား။ ညှဉ်းဆဲခြင်းများ၊ အဖိုးအခ ပေးဆပ်ခြင်းများကို တကယ်ပဲ ခံစားရပါ့မလား။ ကားတိုင်တွင်လည်း သံမှိုစွဲခံရနိုင်မည်လား။ သူ့အနေနှင့် ဤအရာများတစ်ခုမှမလုပ်နိုင်ပါ။ ဝိညာဉ်ခန္ဓာက အမှုတော်ပြုခဲ့မည်ဆိုပါက၊ ကျွန်တော်တို့လူသားများက သူနှင့် အလွယ်တကူ ဆက်ဆံနိုင်ပါ့မလား။ ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားများကို ထုတ်ပြကြမလား။ သူနှင့်ပတ်သက်သည့် ထင်မြင်ယူဆချက်များ ပေါ်လာမလား။ ဘုရားသခင်ကို ပုန်ကန်ပြီး၊ စိတ်ကြိုက် အကဲဖြတ်ဝံ့မလား။ သို့ပါက ဖြစ်နိုင်မည်မဟုတ်ပါ။ လူများအားလုံးက သာမန် လူ့သဘာဝ အပြည့်နှင့်သာ ရှိပါသည်။ အားလုံးက အကောင်အထည်ရှိသည့် ကမ္ဘာလောက၊ အာကာသ၊ နေရာ စသည်တို့၏ အကန့်သတ်ခံများ သာဖြစ်ပါသည်။ လူ၏တွေးခေါ်မှုဖြစ်စဉ်ကလည်း သာမန်သာဖြစ်ပါသည်။ အကယ်၍ လူများက ဝိညာဉ်ခန္ဓာ၏အမှုတော်နှင့် ထိတွေ့ရမည်ဆိုပါက၊ ကြောက်လန့် တုန်လှုပ်သွားကြလိမ့်မည်။ သူတို့အတွေးများကလည်း အထိန်းအကွပ် မဲ့ပြီး ရူးကြောင်ကြောင် ဖြစ်လာလိမ့်မည်။ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံသွားကြပါက၊ ဘုရားသခင်အနေနှင့် လူများကို ကယ်တင်ခြင်း အမှုတော်ကို အောင်မြင်စေဖို့ တော်တော်ခက်ခဲ သွားပါလိမ့်မည်။ ထို့ကြောင့် သာမန် လူ့သဘာဝ၏ အကန့်အသတ်များထဲမှနေ ဆောင်ရွက် ပြီး ရလာသည့် ရလဒ်က ဝိညာဉ်ခန္ဓာအားဖြင့် ဆောင်ရွက်သည့် ရလဒ်ထက် များစွာ သာလွန်ပါသည်။ ခေတ်တစ်လျှောက်လုံးတွင်၊ ဘုရားသခင် ရွေးကောက်ထားသည့် လူများက ဘုရားသခင်၏ ဝိညာဉ်ခန္ဓာ အမှုတော်ကို တွေ့ကြုံရခြင်း မရှိခဲ့ဖူးပါ။ ဝိညာဉ်ခန္ဓာက သမ္မာတရားကို တိုက်ရိုက်ဖော်ပြဖို့၊ လူများကို တုံ့ပြန်ဖို့နှင့် အသင်းတော်များကို လမ်းပြဖို့ဆိုသည်မှာ လုံးဝကို သင့်တော်မည်မဟုတ်ပါ။

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ဒုတိယအကြိမ် လာရောက်ခြင်းအားဖြင့် ပြုသည့် တရားစီရင်ခြင်းအမှုက လူများကို သန့်စင်ဖို့၊ ကယ်တင်ဖို့၊ စုံလင်စေဖို့အတွက် နှုတ်ကပတ်တော်ကို ဖော်ပြခြင်းဖြစ်ပါသည်။ ၎င်း၏ရည်ရွယ်ချက်က လူများကို ထုတ်ဖော်ပြီး ဖယ်ရှားဖို့လည်း ဖြစ်ပါသည်။ လူများကို အမျိုးအစားအလိုက် သရုပ်ခွဲပြပြီး၊ ကောင်းသည့်သူကို ဆုချခြင်းဖြစ်သကဲ့သို့၊ ဆိုးယုတ်သူကို အပြစ်ပေးခြင်းဖြစ်ပါသည်။ အကယ်၍ ဘုရားသခင်က လူများဆီသို့ ဝိညာဉ်ခန္ဓာအသွင်နှင့် ပေါ်ထွက်လာမည်ဆိုပါက၊ ကောင်းသည့်လူ ဆိုးသည့်လူအားလုံးက ကိုယ်တော့်ရှေ့တွင် ဝပ်စင်းကုန်မည် ဖြစ်သည်။ သို့ပါက ကိုယ်တော်က ကောင်းသည့်သူနှင့် ဆိုးယုတ်သူကို မည်သို့ခွဲထုတ်မည်နည်း။ ပြီးလျှင် ဘုရားသခင်က ဝိညာဉ်ခန္ဓာနှင့် ပေါ်ထွက်လာမည်ဆိုပါက၊ လူများက ထိတ်လန့်တုန်လှုပ်ကုန်လိမ့်မည်။ တစ်ကမ္ဘာလုံးအနှံ့တွင် ဖရိုဖရဲများ ဖြစ်ကုန်လိမ့်မည်။ သို့ဆိုပါက နောက်ဆုံးသောကာလတွင် ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ပုံမှန်အတိုင်း ဆောင်ရွက်၍ ရမည်လား။ ကပ်ဘေးများမလာမီတွင်၊ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသည့် လူအုပ်စုကို ပြီးစီးအောင် ပြုလုပ်မည့်အစီအစဉ်က ဖြစ်မြောက်ပါတော့မလား။ ထို့ကြောင့် နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်က သာမန်လူ့သဘာ၀ရှိသည့် လူသားအဖြစ် လူ့ဇာတိကို မဖြစ်မနေ ခံယူရပါသည်။ သို့မှသာ သူက လူများ၏ကမ္ဘာတွင် အမှုတော်ပြုရင်း နေထိုင်နိုင်မည်။ သို့မှသာ သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ လူများကို လက်တွေ့ကျကျ တရားစီရင်နိုင်၊ သန့်စင်နိုင်ပါသည်။ သို့မှသာ လူများကို စာတန်၏လွှမ်းမိုးမှုအောက်မှနေ လုယူပြီး၊ ဘုရားသခင်က ကယ်တင်နိုင်မည်၊ ဘုရားသခင်၏လူများ ဖြစ်လာနိုင်မည်။ လူ့ဇာတိခံသည့် သခင်ယေရှုက လူများကို ရွေးနုတ်ခြင်း အောင်မြင်ဖို့၊ သာမန်လူ့သဘာဝထဲကသာဆောင်ရွက်ခဲ့ပါသည်။ သခင်ယေရှုက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်ကြောင်း သက်သေ ပြဖို့ လောက်သာ သခင်ယေရှု၏ထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာက လူများကို ထင်ရှားပြခဲ့ပါသည်။ ဤသည်မှာ လူများ၏ယုံကြည်မှုကို အားကောင်းစေဖို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ဝိညာဉ်ခန္ဓာက လူများကို ထင်ရှားပြဖို့သာလာ ခဲ့ခြင်းဖြစ်ပါသည်။ အမှုတော် ပြုဖို့ လာခဲ့တာမဟုတ်ပါ။ လူများကြားတွင် အမှုတော်ပြုနိုင်ဖို့၊ လူများကို ရွေးနုတ်ခြင်း၊ ကယ်တင်ခြင်းများ ရရှိနိုင်ဖို့အတွက် ဘုရားသခင်၏လူ့ဇာတိခံခြင်းက သာမန်လူ့သဘာ၀ ရှိရပါသည်။ ထို့ကြောင့် ဘုရားသခင်က နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုအားဖြင့် လူများကို အလုံးစုံကယ်တင်ချင် သည်ဆိုပါက၊ အကောင်းဆုံးအကျိုးဆက် ရဖို့အတွက်၊ လူ့ဇာတိခံယူပြီး သာမန်လူ့သဘာဝနှင့်ပဲ အမှုတော်ကို ပြုရပါသည်။ သူက နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက်၊ သခင်ယေရှု၏ ဝိညာဏကိုယ်အဖြစ် လူများဆီကို ပေါ်ထွက်လာမည် မဟုတ်ပါ။ ဤသည်မှာ သစ္စာရှိသော ကျွန်တော်တို့ ယုံကြည်သူများအားလုံး ရှင်းရှင်း လင်းလင်း ဖြစ်လာရမည့် အချက်တစ်ခုဖြစ်ပါသည်။

............

သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက လူများကို ထင်ရှားပြပြီး၊ လူများနှင့် မျက်နှာချင်းဆိုင် နိုင်သည်ဟု ဆိုသော်လည်း၊ ဝိညာဉ်ခန္ဓာက နားမလည်နိုင်လောက်အောင် လျှို့ဝှက်နက်နဲနေဆဲသာ ဖြစ်ပါသည်၊ လူများအတွက် ချဉ်းကပ်ဖို့ခက်ခဲဆဲ သာဖြစ်ပါသည်၊ သူက လူများ၏ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်စေပြီး၊ လူများကို သင့်တင့်လျောက်ပတ်သည့် အကွာအဝေးတစ်ခုတွင် ရှိစေသည်။ သခင်ယေရှု၏ဝိညာဉ်ခန္ဓာက လူများနှင့် ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံ၍ မရနိုင် သကဲ့သို့ လူတွေကြားတွင် သာမန်အတိုင်း အမှုတော်မပြုနိုင်၊ မဟောပြောနိုင်သည့်အတွက်၊ သူက လူများကို ကယ်တင်နိုင်ခြင်း မရှိပါ။ သို့သော်လည်း လူ့ဇာတိခံ ဘုရားသခင်ကမူ ကွဲပြားပါသည်။ သူက လူများကို လက်တွေ့ကျပြီး စစ်မှန်သည့် နည်းလမ်းမျိုးနှင့် ဆက်ဆံနိုင်သည်။ လူများကို ရေလောင်း ထောက်ပံ့ပေးနိုင်သည်၊ သခင်ယေရှုကဲ့သို့ပင် ဖြစ်သည်၊ လူများနှင့် အဖော်ပြုနေထိုင်ရင်း လူများကိုထောက်ပံ့ပေးဖို့အတွက်၊ သမ္မာတရားကို အချိန်မရွေး နေရာမရွေး ဖော်ပြနိုင်ခဲ့သည်။ သူ့တပည့်များကလည်း သူနှင့်အတူထိုင်ပြီး၊ သူ၏ သင်ကြားခြင်းများကို နားထောင်ခဲ့ရသည်၊ သူနှင့်အတူ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ရသည်။ သူတို့က ကိုယ်တော်၏ ရေလောင်းခြင်း၊ လမ်းပြခြင်းကို တိုက်ရိုက်ရခဲ့ကြပါသည်။ သူတို့ မည်သို့ ပြဿနာများ အခက်အခဲများနှင့်ပင် ကြုံကြုံ၊ သခင်ယေရှုက ကူညီဖြေရှင်း ပေးခဲ့သည်။ သူတို့က ကြီးမားသည့် အသက်တာအထောက်အပံ့ကို အပ်နှင်းခံရသည်။ ဘုရားသခင်က နှစ်သက်ဖွယ် ချစ်ခင်ဖွယ် ကောင်းကြောင်း သူတို့တွေ့ခဲ့ကြသည်။ ဤအတွက်ကြောင့် သူတို့က ဘုရားသခင်ကို အမှန်တကယ် ချစ်ခင် နာခံနိုင်ခဲ့ကြပါသည်။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းက လူ့နယ်ပယ်ထဲကို ဝင်ရောက်မှသာလျှင် ကျွန်တော်တို့ကလည်း၊ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံဖို့၊ ဘုရားသခင်ကို တွေ့ကြုံပြီး၊ သိနားလည်ဖို့ အခွင့်အလမ်းကို ရကြပါပြီ။ သို့မှသာ ကျွန်တော်တို့က ဘုရားသခင်၏အံ့မခန်းဖြစ်ခြင်း၊ ဉာဏ်ပညာ၊ လူများကို လက်တွေ့ကျကျ ကယ်တင်ခြင်း တို့ကို မျက်မြင် မြင်တွေ့နိုင်ပါသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော်တွင်ပါသည့် အရေးပါမှုနှင့် လက်တွေ့ကျသည့် တန်ဖိုးသွင်ပြင် လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ဝိညာဉ်ခန္ဓာကမူ ဤအကျိုးတရားကို လုံး၀ မဖြစ်စေနိုင်ပါ။

ဤမိတ်ဿဟာယကြောင့် ကျွန်တော်တို့အနေနှင့် အချက်တစ်ခုကို အတော်အတန် ရှင်းသွားကြပါပြီ။ လူသားအဖြစ် လူ့ဇာတိခံယူပြီး၊ သာမန်လူ့သဘာဝအတွင်း ဆောင်ရွက်မှသာ ဘုရားသခင်အနေနှင့် လူများကို လက်တွေ့ကျကျ တရားစီရင်နိုင်သည်၊ သိမ်းပိုက်နိုင်သည်၊ သန့်စင်နိုင်ပါသည်။ သခင်ယေရှု၏ဝိညာဉ်ခန္ဓာကတော့ အမှုတော်အတွက် ဤကဲ့သို့ တူညီသည့်အကျိုးတရား နီးပါးလောက်ကိုပင် မရရှိနိုင်ပါ။ အစတွင်မူ ဘုရားသခင်က လူများကြားတွင် တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုကို ပြုဖို့အတွက် လူသားအဖြစ် လူ့ဇာတိခံယူသည့်အခါ ကျွန်တော်တို့လူသားများက ဘုရားသခင်ကို သာမန်လူသားအဖြစ် ဆက်ဆံကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ လူ့ဇာတိခံခြင်းက မည်သူဖြစ်ကြောင်း ကို ကျွန်တော်တို့က ခွဲခြားရဦးမည် ဖြစ်ပါသည်။ ကျွန်တော်တို့က ဘုရားသခင်၏နှုတ်ကပတ်တော်၊ အမှုတော်နှင့်ပတ်သက်ပြီး အယူအဆများကိုပင် ဖော်ထုတ်လာလိမ့်မည်၊ ခရစ်တော်ကို မလေးမစား ဆက်ဆံကြလိမ့်မည်၊ သူ့ကို နာခံဖို့ ငြင်းပယ်ကြလိမ့်မည်။ ကျွန်တော်တို့က သူ့ကိုလှည့်စားဖို့ မမှန်မကန် ပြောဆိုကြလိမ့်မည်၊ သူ့ကို အကဲဖြတ်ပြီး ဆန့်ကျင်ရှုတ်ချခြင်းပင် လုပ်ကြလိမ့်မည်။ ကျွန်တော်တို့လူသားများ၏စိတ်ကြီးဝင်မှု၊ ပုန်ကန်မှု၊ ဆန့်ကျင်မှုများက ခရစ်တော်ရှေ့တွင် အပြည့်အစုံ ပေါ်လွင်လာပါ လိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “လူသားသည် ခရစ်တော်ကိုမြင်သောအခါ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထား၊ သူ၏ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ ထုတ်ဖော်ခြင်းခံရပြီး၊ ဤအချိန်တွင် ထုတ်ဖော်ခြင်းခံရသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့သည် အခြားအချိန်ထက်ပို၍ အသေအချာ ပြည့်စုံစွာ ပေါ်လွင်နေလိမ့်မည်။ ဤသည်မှာ ခရစ်တော်သည် လူသားတော်ဖြစ်ပြီး သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသည့် လူသားတော်ဖြစ်သဖြင့် လူတို့သည် သူ့ကိုရိုသေခြင်းမရှိ၊ လေးစားခြင်းလည်း မရှိသောကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌ အသက်ရှင်သည့်အတွက် လူသား၏ ပုန်ကန်မှုသည် အလွန်စေ့စေ့စပ်စပ်နှင့် အသေးစိတ် ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ခံရခြင်းဖြစ်၏။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းက လူသားမျိုးနွယ်၏ ပုန်ကန်မှုအားလုံးကို တူးဖော်ပြသခဲ့ပြီး လူသားမျိုးနွယ်၏ သဘောသဘာ၀ကို အထင်းသား ပေါ်လွင်စေခဲ့ပြီဟု ငါဆို၏။ ဤအရာကို‘ကျားတစ်ကောင်ကို တောင်အောက်သို့ဆင်းလာအောင် ဖျားယောင်းခြင်း” နှင့် “ဝံပုလွေ တစ်ကောင်ကို သူ၏တွင်းအပြင်သို့ ထွက်လာအောင် သွေးဆောင်ခြင်း’ ဟု ခေါ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) ဘုရားသခင်က လူများ၏ပုန်ကန်မှု၊ ဆန့်ကျင်မှု အခြေအနေမှန်နှင့်အညီ၊ လူများကို တရားစီရင်သည်၊ ဖော်ထုတ်ပြသည်၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသည်။ ဘုရားသခင်၏အမှုတော်က အမှန်တကယ် လက်တွေ့ကျ သကဲ့သို့၊ လူများကို အရှိအတိုင်း ထုတ်ဖော်ပြပါသည်။ ဤကဲ့သို့ အဖြစ်မှန်အထောက်အထားနှင့် ရင်ဆိုင်လိုက်ရသည့်အခါတွင်၊ သမ္မာတရားကို လက်ခံနိုင်သူများကမူ သေချာ နားလည် လက်ခံသွားကြမည်။ သူတို့၏ပုန်ကန်မှု၊ ဆန့်ကျင်မှုကိုလည်း ဝန်ခံသွား ကြမည်။ ဘုရားသခင်၏ သန့်ရှင်းသည့်၊ ဖြောင့်မတ်သည့်၊ ချိုးဖျက်မရ နိုင်သည့် စိတ်နေသဘောထား ကိုလည်း သူတို့ သိလာကြလိမ့်မည်။ ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ကျိုးကျိုးနွံနွံ လက်ခံနိုင်လာလိမ့်မည်။ သို့မှသာ သူတို့အနေနှင့် ဘုရားသခင်၏လက်တွေ့ကျသည့်အမှုတော်အားဖြင့် သိမ်းပိုက် ကယ်တင်ခြင်းကို ခံရနိုင်ပါသည်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက် ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းမရှိပေ၊ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်ကို လူသားသည် မြင်တွေ့၍ ကိုင်တွယ်နိုင်ပြီး ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားကို အပြည့်အဝ သိမ်းပိုက်နိုင်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဥ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့်ဆိုင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်း အားဖြင့်သာ ကယ်တင်ခြင်းခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက် စကားတော်များဖြင့် ဘုရားသခင်ကို တဖြည်းဖြည်း သူသိလာသည်၊ ဘုရားသခင်ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏သိမ်းပိုက်ခြင်းခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လူသားအနေဖြင့် လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်သွင်ပြင်လက္ခဏာအားဖြင့် ဘုရားသခင် လုပ်ဆောင်ခြင်း မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်) ထို့ကြောင့် နောက်ဆုံးသောကာလ၏တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သည့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်မှသာ လူများက အလုံးစုံ သန့်စင်ပြီး ကယ်တင်ခံရပါလိမ့်မည်။

—နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ

အရှေ့သို့- မေးခွန်း ၂- သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ခဲ့သည်ကို သခင့်ကို ယုံကြည်သူတို့က သိကြသော်လည်း၊ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော သမ္မာတရားကို နားလည်သောလူများမှာ အလွန်နည်းပါးသည်။ သခင်ပြန်ကြွလာသည့် အချိန်တွင်၊ သခင်ယေရှု ပေါ်ထွန်းခဲ့သကဲ့သို့ လူသား ဖြစ်လာပြီး အမှုပြုရင်း သူ ပေါ်ထွန်းလျှင်၊ သခင်ယေရှုကို လူတို့ သတိပြုမိရန်နှင့် သူ၏ ပြန်ကြွလာခြင်းကို ကြိုဆိုရန် လုံး၀ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူ့ဇာတိခံယူခြင်းဆိုသည်မှာ အမှန်တကယ် မည်သည့်အရာနည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

နောက်တစ်ခုသို့- မေးခွန်း ၄- ဘုရားသခင်သည် ပညတ်တော်ခေတ် အမှုတော်ကို လုပ်ဆောင်ရန် မောရှေကို အသုံးပြုခဲ့၏၊ သို့ဆိုလျှင် နောက်ဆုံးသော ကာလတွင် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို အသုံးမပြုပါသနည်း။ ယင်းကို သူကိုယ်တိုင်လုပ်ဆောင်ဖို့ လူ့ဇာတိဖြစ်လာဖို့ရန် အမှန်တကယ်လိုအပ်ပါသလား။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသော လူတို့ကြား ပဓာနကျသော ကွာခြားချက်မှာ အဘယ်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။