မေးခွန်း ၄- ဘုရားသခင်သည် ပညတ်တော်ခေတ် အမှုတော်ကို လုပ်ဆောင်ရန် မောရှေကို အသုံးပြုခဲ့၏၊ သို့ဆိုလျှင် နောက်ဆုံးသော ကာလတွင် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို အသုံးမပြုပါသနည်း။ ယင်းကို သူကိုယ်တိုင်လုပ်ဆောင်ဖို့ လူ့ဇာတိဖြစ်လာဖို့ရန် အမှန်တကယ်လိုအပ်ပါသလား။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသော လူတို့ကြား ပဓာနကျသော ကွာခြားချက်မှာ အဘယ်နည်း။

အဖြေ-

ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်း အမှုကို ပြုဖို့အတွက် အဘယ့်ကြောင့် လူ့ဇာတိခံယူရသနည်း ဆိုသည်မှာ လူတော်တော်များများ အဓိကအလေးထားကြသည့် မေးခွန်းတစ်ခုဖြစ်သည်။ ထိုကဲ့သို့ လူများကလည်း ဘုရားသခင် ပေါ်ထွန်းခြင်းနှင့် သမ္မာတရားကို အမှန်တကယ် တောင့်တနေကြသူများဖြစ်သည်။ ဤမေးခွန်းက ကျွန်တော်တို့ အနေနှင့် ကောင်းကင်နိုင်ငံဆီ ချီဆောင်ခံရ၏ မရ၏ ဆိုသည်နှင့်လည်း ပတ်သက်ပါသည်။ ထို့ကြောင့် ဤအကြောင်းရင်းမှန်ကို နားလည်ဖို့က တော်တော် အရေးကြီး ပါသည်။ ဘုရားသခင်က နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း အမှုကို ပြုဖို့အတွက် လူတစ်ယောက်ကို အသုံးပြုမည့်အစား၊ အဘယ့်ကြောင့် ကိုယ်တော်တိုင် လူ့ဇာတိခံရပါသလဲ။ ဤကိစ္စကိုမူ တရားစီရင်ခြင်းအမှု၏ သဘောသဘာဝနှင့် စိစစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တရားစီရင်ခြင်းအမှုက ဘုရားသခင်က သမ္မာတရားကို ဖော်ထုတ်ပြခြင်းဖြစ်ပြီး၊ လူများကို သိမ်းပိုက်ဖို့၊ သန့်စင်ဖို့၊ ကယ်တင်ဖို့အတွက် ကိုယ်တော်၏ စိတ်သဘောထားကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။

............

ဘုရားသခင်၏ တရားစီရင်ခြင်းအမှုမှာ ပါဝင်သည့် အရာများက သမ္မာတရား၏ သွင်ပြင်လက္ခဏာ အမျိုးမျိုးကို ဖော်ထုတ်ပြခြင်း၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြခြင်း၊ နက်နဲသောအရာ အားလုံးကို ပြသခြင်း၊ ဘုရားသခင်အပေါ် လူများ၏ ဆန့်ကျင်သစ္စာဖောက်တတ်သည့် ဆိုးယုတ်သည့် သဘာဝကို တရားစီရင်ခြင်း၊ လူများ၏အပြောအဆိုနှင့် အမူအကျင့်များကို ထုတ်ဖော်ခွဲခြားပြခြင်း၊ ဘုရားသခင်၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းဂုဏ်တော်နှင့် အတုမဲ့သည့် စိတ်သဘောထားကို လူသားအားလုံးထံ ဖော်ထုတ်ပြခြင်း တို့ဖြစ်ပါသည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများ အနေနှင့် နှုတ်ကပတ်တော်များ အားဖြင့် တရားစီရင်ခြင်းကို ခံရခြင်းက သူတို့အနေနှင့် ဘုရားသခင်ကို ဖူးခွင့်ရသည့်သဘောဖြစ်သည်။ ကိုယ်တော့်ရှေ့မှောက်မှာ တရားစီရင်ခြင်းခံကြရခြင်းဖြစ်သည်။ ဘုရားသခင်က လူများကို တရားစီရင်သည့်အခါတွင်၊ ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထား သရုပ်သကန် ကိုလည်း လူများကို သိမြင်ခွင့်ရပါသည်။ ဘုရားသခင်၏ သန့်ရှင်းသောဂုဏ်တော်ကို မြင်လိုက်ရ သကဲ့သို့၊ ကြီးမားသည့် အလင်းရောင်ကြီးက ကောင်းကင်ဘုံဆီကနေ ထိုးဆင်း လာသည်ကို မြင်ခွင့်ရ သကဲ့သို့ ဖြစ်ပါသည့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားရသည်နှင့် လူတစ်ယောက်၏ ရင်ထဲကို ထက်မြသည့် နှစ်ဖက်သွား ဓါးတစ်လက် ထိုးဖောက်ဝင်သွားသည့် အတိုင်းဖြစ်သည်။ ပြောပြ၍မရနိုင်သည့် ဝေဒနာကို ခံစားရလိမ့်မည်။ သို့မှသာ လူက သူ၏ အကျင့်ပျက်သည့် သဘောနှင့် အကျင့်ပျက်ခြင်း၏ အဖြစ်မှန်ကို သဘောပေါက်နားလည် နိုင်လာမည်။ အရှက်ကြီးစွာ ရလာမည်၊ စစ်မှန်သည့် နောင်တရပြီး၊ ဘုရားသခင်ရှေ့မှောက်တွင် ဝပ်ဆင်းလာမည်။ ထိုနောက်မှာမှ သမ္မာတရားကို လက်ခံနိုင်လာပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်နိုင် လာမည်။ မာရ်နတ်၏လွှမ်းမိုးမှုကိုလည်း သူ့ဘာသာ ဖယ်ရှားပစ်နိုင်လာမည်။ ပြီးလျှင် ဘုရားသခင်၏ ကယ်တင်ခြင်း နှင့် ပြည့်စုံစေခြင်းကို ရလာပါမည်။ ထို့ကြောင့် လူများကို တရားစီရင်ခြင်း၊ သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်း အမှုတော်များက ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူမှသာ ပြီးမြောက်နိုင်ခြင်းဖြစ်သည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်အရ တရားစီရင်ခြင်း အမှုကို ကြုံတွေ့သွားပြီဆိုပါက၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် လူများအနေနှင့် စော်ကား၍ မရမှန်း ကျွန်တော်တို့ ခံစားမိကြ ပါပြီ။ ဘုရားသခင်၏နှုတ်ကပတ်တော်တိုင်းမှာ ဘုန်းအာနုဘော် နှင့် အမျက်ဒေါသကို မြှုပ်နှံထားသည်။ စကားလုံးတိုင်းက ကျွန်တော်တို့ရင်ထဲအထိ ရိုက်ခတ်ပါသည်။ ဘုရားသခင် အပေါ် ဆန့်ကျင်တတ်သည့်၊ သစ္စာဖောက်တတ်သည့် ကျွန်တော်တို့၏ ဆိုးယုတ်သည့်သဘာဝကို ဤစကားလုံးများက ဖော်ထုတ်ပေး သည်။ ပြီးလျှင် ကျွန်တော်တို့ရင်ထဲမှာ နက်နက် ရှိုင်းရှိုင်း ဝင်ရောက်နေသည့် အကျင့်ပျက် စိတ်သဘောထား ကိုလည်း ဖော်ထုတ်ပြသည်။ ဤသည်ကို ကျွန်တော်တို့ ကိုယ်တိုင်တောင် မမြင်နိုင်ပါ။ စိတ်ကြီးဝင်ခြင်းများ၊ မိမိကိုယ်ကို အမှန်ထင်ခြင်းများ၊ တစ်ကိုယ်ကောင်းဆန်ခြင်းများ၊ သစ္စာဖောက်ခြင်းများနှင့် ပြည့်နေသည့် ကျွန်တော်တို့၏ စိတ်နေသဘောထားကိုလည်း ဤစကားလုံးများကြောင့် သိလာရသည်။ ကျွန်တော်တို့က စာနာမှုနည်းနည်းမှ မရှိသည့်အပြင်၊ မိစ္ဆာများကဲ့သို့ ရှင်သန်နေကြခြင်း၊ ဤကဲ့သို့ စိတ်ဓာတ်များနှင့် နေထိုင်နေကြခြင်း ဖြစ်ကြောင်း ကို သိလာရသည်။ ဘုရားသခင်မှာမူ ၎င်းတို့ကို စက်ဆုပ်ရွံရှာ ပါသည်။ ကျွန်တော်တို့က နောင်တကြောင့် အရှက်ရ သကဲ့သို့ဖြစ်မိကြသည်။ ကျွန်တော်တို့၏ယုတ်ညံ့မှု၊ မကောင်းမှုများကို ပြန်မြင်ပြီး၊ ဘုရားသခင်ရှေ့မှောက် ရှင်သန်ဖို့ မထိုက်တန်မှန်း သိလာသည်။ ထို့ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရချင်စိတ်နှင့် မြေပေါ်မှာ ဝပ်ဆင်းကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်အရ တရားစီရင်ခြင်းအမှုကို တွေ့ကြုံရပြီဆိုပါက၊ ကျွန်တော်တို့က ဘုရားသခင် ပေါ်ထွန်းခြင်းကို စစ်မှန်စွာ သက်သေခံ လိုက်ခြင်းဖြစ်သည်ဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းက မပျက်ဆီးနိုင်ကြောင်း၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းက ချိုးဖျက်၍မရနိုင်ကြောင်း သိမြင်သွားကြခြင်းဖြစ်သည်။ လူများကို ကယ်တင်ဖို့အတွက် ထားသည့် ဘုရားသခင်၏ ထက်သန်သည့် စေတနာများနှင့် စစ်မှန်သည့်ချစ်ခြင်းကိုလည်း ကျွန်တော်တို့ နားလည်သွားခြင်းဖြစ်သည်။ မာရ်နတ်ကြောင့် ပျက်စီးနေသည့် ကျွန်တော်တို့အကျင့်စရိုက်များကိုလည်း၊ သိမြင်သွာခြင်းဖြစ်ပါသည်။ သို့နှင့် ကျွန်တော်တို့ရင်ထဲမှာ ဘုရားသခင်အပေါ် ကြည်ညိုခြင်း စဖြစ်လာသည့်အပြင်၊ သမ္မာတရားကို ကျေကျေနပ်နပ် လက်ခံလာမည်၊ ဘုရားသခင်၏ အကြံအစည်တော်များကိုလည်း နာခံလာမည်။ သို့မှသာ အကျင့်ပျက်နေသည့် ကျွန်တော်တို့စိတ်သဘောထားများက ဖြည်းဖြည်းချင်း သန့်စင်လာမည်ဖြစ်သည်။ ယနေ့ ကျွန်တော်တို့ ရလိုက်ကြသည့် အပြောင်းအလဲများက တရားစီရင်ခြင်းအမှု အတွက် ဘုရားသခင် လူ့ဇာတိခံခြင်း၏ ရလဒ်တစ်ခုဖြစ်သည်။ ထို့ကြောင့် လူများအနေနှင့် စစ်မှန်သည့်အလင်းဖြစ်သည့် ဘုရားသခင် ပေါ်ထွန်းခြင်းကို မြင်ရဖို့၊ ဘုရားသခင်၏ စစ်မှန်သည့်အသိဉာဏ်ကို ရဖို့ဆိုသည်မှာ ဘုရားသခင် လူ့ဇာတိခံပြီး သမ္မာတရားကို ဟောကြားသည့် အချိန်ကျမှ သာဖြစ်မည်။ တရားစီရင်ခြင်းအမှု အတွက် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ထုတ်ပြသည့် အချိန်ကျမှသာ ဖြစ်မည်ဖြစ်သည်။ သို့မှသာလူများအနေနှင့် သန့်စင်ခြင်း၊ ကယ်တင်ခြင်းကို ရနိုင်မည်ဖြစ်ပါသည်။ နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်းအမှုကို ခရစ်တော်ကလွဲလျှင်၊ မည်သူမျှ မဆောင်ရွက်နိုင်ပါ။

............

နောက်ဆုံးသော ကာလမှာ ပြုမည့် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုက လူများကို အောင်နိုင်ဖို့၊ သန့်စင်ဖို့၊ ပြည့်စုံစေဖို့ဆိုပါက၊ ဘုရားသခင်၏အနန္တတန်ခိုးတော်၊ ပညာဉာဏ်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သမ္မာတရားကို ဖော်ထုတ်ပြမှသာ ပြီးမြောက်နိုင်မည်။ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက် ဘုရားသခင်ကိုယ်တော်တိုင် ကြွမည်ဖြစ်သည်။ ဤီအမှုတော်က ခေတ်တစ်ခု၏အစနှင့် ခေတ်တစ်ခု၏အဆုံးကို ခွဲခြားပြပါသည်။ ဤအမှုတော်က ဘုရားသခင်၏လူ့ဇာတိခံခြင်းနှင့်သာ ပြီးမြောက်ရပါမည်။ ဤအမှုတော်ကို ကိုယ်တော့်ကိုယ်စား မည်သည့်လူသားမှ မလုပ်နိုင်ပါ။ ဘုရားသခင်က အမှုတော်များအတွက် ကိုယ်တော်တိုင် လူ့ဇာတိခံမည့်အစား လူများကို အသုံးပြုသင့်သည်ဆိုပြီး၊ လူတော်တော်များများက ယုံကြည်ကြသည်မှာ အဘယ့်ကြောင့်နည်း။ ဤသည်မှာ မယုံနိုင်စရာဖြစ်သည်။ လူများက ဘုရားသခင် ကြွလာခြင်းကို အမှန်တကယ်ကြိုဆိုကြပါသလား။ ဘုရားသခင်၏ အမှုတော်အတွက် လူများကို အသုံးပြုစေချင်သူများက အဘယ့်ကြောင့် အမြဲတမ်းအများကြီးရှိနေရသနည်း။ ဤသည်မှာ လူအချင်းချင်းဆိုပါက သူတို့အယူအဆများနှင့်အညီ ဆောင်ရွက်တတ် သောကြောင့်ဖြစ်သည်။ လူဆိုသည်မှာ တခြားလူများက မည်ကဲ့သို့လုပ်သင့်သည်ဟု ထင်တာကိုပဲ လုပ်ကြသည်။ ထို့ကြောင့် လူများက တခြားလူများကို လွယ်လွယ်ကူကူသာ ကိုးကွယ်ကြသည်။ ဖျာလိုလိပ် ထိပ်ပေါ်တင်ပြီး ဆည်းကပ်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ဆောင်ရွက်ပုံနည်းလမ်းက လူ၏အယူအဆများ နှင့် လုံးဝကိုက်ညီမည်မဟုတ်ပါ။ လူများဖြစ်စေချင်သည့်အတိုင်း ပြုမူမည်မဟုတ်ပါ။ ထို့ကြောင့် လူက ဘုရားသခင်နှင့် လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲပါသည်။ ဘုရားသခင်၏ အနှစ်သာရက သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားက သန့်ရှင်းသည်၊ ဖြောင့်မတ်သည်၊ ချိုးဖောက်၍မရနိုင်ပါ။ သို့သော်လည်း အကျင့်ပျက်လူများမှာမူ မာရ်နတ်၏အလုံးစုံဖျက်ဆီးခြင်းကို ခံထားရသည်။ ဆိုးယုတ်သည့်စိတ်သဘောထားများ ပြည့်နေသည်။ သူတို့များက ဘုရားသခင်နှင့် လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲနေသည်။ ထို့ကြောင့် လူများက ဘုရားသခင်၏လူ့ဇာတိခံခြင်းအမှုကို လက်ခံဖို့ ခက်ခဲနေ သကဲ့သို့၊ ရှာဖွေလေ့လာချင်စိတ်လည်း မရှိကြပါ။ ထိုအစား လူလူချင်း ကိုးကွယ်ပြီး၊ မျက်ကန်းတစ္ဆေယုံကြည်ကြသည်။ အဲဒါများကို ဘုရားသခင်၏အမှုတော်လို့ သတ်မှတ်ပြီး၊ လက်ခံကြသည်၊ ဆည်းကပ်ကြသည်၊ သို့ပါက ပြဿနာက မည်သည့်အရာ ဖြစ်သနည်း။ လူများက ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် အမှုတော်ကို တွေ့ကြုံရခြင်း၏ အဓိပ္ပာယ်ကို လုံးဝမသိကြဟု ပြောနိုင်ပါသည်။ ထို့ကြောင့် အကျင့်ပျက် လူသားအားလုံး၏ ပြဿနာများကို ဖြေရှင်းဖို့အတွက် လူ့ဇာတိခံပြီး သမ္မာတရားကို ဟောကြားခြင်းက နောက်ဆုံးသောကာလမှာပြုမည့် ဘုရားသခင်၏အမှုတော်တွင် အဓိကကျပါသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုအတွက် ဘုရားသခင်က လူများကို ဘာကြောင့်မသုံးသနည်းဆိုသည့် ခင်ဗျားတို့မေးခွန်းအတွက် အဖြေလိုသေးပါသလား။ လူ၏အနှစ်သာရက လူဖြစ်သည်။ လူတွင် ဘုရားသဘောသဘာဝ၏ အနှစ်သာရ မရှိပါ။ ထို့ကြောင့် လူက သမ္မာတရားကို ဖော်ထုတ်နိုင်စွမ်း မရှိပါ။ ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြနိုင်စွမ်းမရှိပါ။ လူများကိုကယ်တင်ခြင်းအမှုကိုလည်း မလုပ်နိုင်ပါ။ လူများက မာရ်နတ်ကြောင့် ပျက်စီးနေပြီး၊ ယုတ်မာသည့်သဘာ၀ ရှိကုန်ပြီဆိုတာတော့ ထည့်ပြောမနေတော့ပါ။ ထို့ကြောင့် တခြားလူများကို တရားစီရင်ဖို့၊ သူတို့တွင် ဘာအရည်အချင်းများ ရှိလဲ၊ အကျင့်ပျက်ယုတ်ညံ့နေသည့်လူက သူ့ကိုယ်သူတောင် သန့်စင်ခြင်း၊ ကယ်တင်ခြင်း လုပ်နိုင်စွမ်းမရှိ ဆိုတော့ သူက တခြားလူများကို မည်ကဲ့သို့များ သန့်စင်စေမည်နည်း၊ ကယ်တင်မည်နည်း။ ဤကဲ့သို့လူများ၏ တရားစီရင်ခြင်းကို တခြားလူများကလည်း လက်ခံချင်မည်မဟုတ် သည့်အတွက်၊ အရှက်တကွဲ သာ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကသာ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းရှိပါသည်။ ဘုရားသခင်ကသာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပါသည်။ ထို့ကြောင့် နောက်ဆုံးသောကာလတွင်ပြုမည့်၊ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုကို ကိုယ်တော်၏လူ့ဇာတိခံခြင်းနှင့် သာ ဆောင်ရွက်ရပါမည်။ ဤအမှုတော်ကို မည်ကဲ့သို့လူကမှ မဆောင်ရွက်နိုင်ပါ။ ဒါမှာမူ သေချာပါသည်။

ဟုတ်ပါပြီ။ ဘုရားသခင်က ပညတ်တော်ခေတ်မှာကျတော့ အမှုတော်အတွက် ဘာကြောင့်လူသားကို အသုံးပြုခဲ့သနည်း။ ဒါက ဘာကြောင့်လဲဆိုတော့ ပညတ်တော်ခေတ်၏အမှုတော်နှင့် နောက်ဆုံးသောကာလ၏တရားစီရင်ခြင်းအမှုတော်က ကွဲပြားသည့်သဘောသဘာ၀ ရှိကြလို့ဖြစ်သည်။ ပညတ်တော်ခေတ်မှာက လူများက အသစ်မွေးဖွားလာစ လူသားမျိုးနွယ်များပါ။ မာရ်နတ်၏ဖျက်ဆီးတာကိုလည်း နည်းနည်းသာ ခံကြရသေးသည်။ ယေဟောဝါဘုရားသခင်၏ အမှုတော်ကလည်း ကမ္ဘာကြီးပေါ်မှာ ခေတ်ဦးလူများ မည်ကဲ့သို့နေထိုင်ရမည်ဆိုတာ လမ်းပြဖို့အတွက် ပညတ်တော်များ၊ ဥပဒေများ ပြဋ္ဌာန်းပေးတာက အဓိကကျခဲ့ ပါသည်။ ဤအမှုတော်က လူများ၏ စိတ်သဘောထားကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါ။ သမ္မာတရားကိုလည်း အများကြီးဖော်ပြဖို့ မလိုခဲ့ပါ။ ဘုရားသခင် ချမှတ်ပြီးသားဖြစ်သည့် ပညတ်တော်များကို ဣသရေလ လူမျိုးများဆီ ပျံ့နှံ့စေဖို့အတွက် လူသားကိုသာ လိုအပ်ခဲ့ခြင်းဖြစ်သည်။ သို့မှသာ ဣသရေလလူမျိုးများအနေနှင့် ပညတ်တော်များကို မည်ကဲ့သို့လိုက်နာရမည်၊ ယေဟောဝါကို မည်ကဲ့သို့ကိုးကွယ်ရမည်၊ ကမ္ဘာပေါ်တွင် မည်ကဲ့သို့နေထိုင်ရမည် ဆိုတာများကို သိလာကြမည်။ ထိုကဲ့သို့လုပ်ဆောင်နိုင်ပြီဆိုပါက အမှုတော်က ပြီးမြောက်ပြီလေ။ ထို့ကြောင့် ပညတ်တော်ခေတ်၏ အမှုတော်ကို ပြီးမြောက်စေဖို့အတွက် ဘုရားသခင်က မောရှေကို သာ အသုံးပြုခဲ့သည်။ ဤအမှုတော်ကို ဆောင်ရွက်ဖို့အတွက် ကိုယ်တော်ကိုယ်တိုင် လူ့ဇာတိခံဖို့ မလိုခဲ့၊ မည့်သို့သော်လည်း နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကျတော့ ကွဲပြားနေသည်။ ဤသည်မှာ မာရ်နတ်ကြောင့် အကြီးအကျယ် ပျက်စီးနေကြသည့်လူများကို ကယ်တင်ဖို့ရည်ရွယ်သည့် အမှုတော်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော် နည်းနည်းလောက်ကို ဟောကြားရုံ၊ ပညတ်တော်တချို့ကို ပြဋ္ဌာန်းပေးရုံလောက်နှင့် ဤအမှုတော်တွင် မလုံလောက်ပါ။ သမ္မာတရားကို အများကြီး ဟောကြားရမည်၊ ဘုရားသခင်၏ပင်ကို စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းများကို အလုံးစုံဖော်ပြရမည်၊ သမ္မာတရား၊ လမ်းခရီးနှင့် အသက်က လူများအားလုံးအတွက် လမ်းဖွင့်ထားရမည်၊ ဘုရားသခင် ကိုယ်တော်တိုင် လူသားအားလုံးရှေ့ကို ကြွလာ သကဲ့သို့ အခြေအနေမျိုးနှင့် လူများကို သမ္မာတရားအပေါ် နားလည်စေမည်၊ ဘုရားသခင်ကို သိလာစေရမည်၊ ဤကဲ့သို့နည်းနှင့်မှသာ ကိုယ်တော်အနေနှင့် လူများကို သန့်စင်ရာ ရောက်မည်၊ ကယ်တင်ရာရောက်မည်၊ ပြည့်စုံစေရာ ရောက်ပါမည်။ ဘုရားသခင်က ဒါများကို ကိုယ်တော်တိုင် လူ့ဇာတိခံခြင်းအားဖြင့်သာ လုပ်ရမည်။ ဤအမှုတော်ကို ကိုယ်တော့်ကိုယ်စား ဘယ်သူမှ မလုပ်နိုင်ပါ။ ဘုရားသခင်က နှုတ်ကပတ်တော်တချို့ကို ပျံ့နှံ့စေဖို့ တမန်တော်များကို အသုံးပြုနိုင်ပါသည်။ သို့သော်လည်း ဘုရားသခင်၏ ပင်ကို စိတ်သဘောထားကို ဖော်ပြဖို့၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြဖို့၊ သို့မဟုတ် အလုံးစုံသောသမ္မာတရားကို ဟောကြားဖို့အတွက်တော့ တမန်တော်များကို ဘုရားသခင်က ခွင့်မပြုပါ။ အဘယ့်ကြောင့်နည်းဆိုသော် လူသားက ၎င်းတို့ကိုလုပ်ဖို့ မထိုက်တန်လို့ဖြစ်သည်။ ဘုရားသခင်က အလုံးစုံသော စိတ်သဘောထားနှင့် သမ္မာတရားကို ဖော်ပြဖို့အတွက် လူသားကို အသုံးပြုမည်ဆိုပါက၊ ဘုရားသခင်က သူတို့ကြောင့် အရှက်ရဖို့များပါသည်။ လူသားက အကျင့်ပျက်သည့် စိတ်သဘောထား ရှိပြီး၊ သူ့ကိုယ်ပိုင်အယူအဆနှင့် အတွေးမှားများကိုလည်း ပြန်ပြီး သစ္စာဖောက်တတ်တာကြောင့် သူ့လုပ်ဆောင်မှုများထဲတွင် မစင်ကြယ်မှုများပါသည်။ ဤအရာများကြောင့် ဘုရားသခင်ကို အရှက်ရစေနိုင်သည်၊ ဘုရားသခင်အမှုတော်၏ထိရောက်မှုအပေါ် သက်ရောက်မှုရှိနိုင် ပါသည်။ ထို့အပြင် လူသားက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သူ့၏ အရာအားလုံး နှင့် ဖြစ်ခြင်းအဖြစ် မှတ်ယူတတ်ပါသည်။ သမ္မာတရားအတွက် အမှုတော်ထမ်းရာတွင် သူ့၏မစင်ကြယ်မှုများကိုပါ ယူလာပါသည်။ ၎င်းတို့က နားလည်မှုလွဲမှားခြင်းများ၊ ဘုရားသခင်ကို အရှက်ရစေခြင်းများ ဖြစ်စေပါသည်။ ဘုရားသခင်က အလုံးစုံသော စိတ်သဘောထားနှင့် သမ္မာတရားကို ဖော်ပြဖို့အတွက် လူကို အသုံးပြုသည်ဆိုပါကလည်း၊ လူ၏မစင်ကြယ်မှုများကြောင့်၊ ကျန်သည့်လူအပေါင်းက လက်ခံချင်ကြမည်မဟုတ်ပါ။ ဆန့်ကျင်ခြင်းများပင် ရှိလာနိုင်သည်။ ၎င်းတွင် မာရ်နတ်ကလည်း အပြစ်ရှာပြီး၊ စွပ်စွဲတာများ လုပ်လာလိမ့်မည်။ ဘုရားသခင်အပေါ် လူများ၏မကျေနပ်မှုကို မြှောက်ပေးမည်။ ပုန်ကန်ခြင်းများ ဖြစ်အောင် လှုံ့ဆော်မည်။ လူများကို လွတ်လပ်သည့် ကိုယ်ပိုင်နိုင်ငံတော် တည်ထောင်အောင် သွေးထိုးပေးလာမည်။ ၎င်းတို့က ဘုရားသခင်၏အမှုတော်ကို လူက ဆောင်ရွက်ရင်ဖြစ်လာမည့် ရလဒ်များဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလတွင် အကျင့်ပျက်ပြားနေသည့် လူများကို ဘုရားသခင်က ကယ်တင်ခြင်းပြုမည်ဆိုသည့် ကိစ္စတွင်လည်း လူများက ဘုရားသခင်၏လူ့ဇာတိခံခြင်းအမှုတော်ကို လွယ်လွယ်နှင့် လက်မခံပါ၊ မနာခံကြပါ။ ထို့ကြောင့် ဘုရားသခင်က အမှုတော်အတွက် လူသားများကို အသုံးပြုမည်ဆိုပါက၊ လူများက ပိုပြီးတောင် လက်ခံနိုင်ခြေ နာခံနိုင်ခြေ နည်းသွားလိမ့်မည်။ ၎င်းတို့က အရှင်းဆုံးမြင်နိုင်သည့် အချက်များ မဟုတ်ပါလား။ ဘာသာရေးလောက၏ သင်းထောက်များ၊ သင်းအုပ်များကို ကြည့်ပါ။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းအမှုကို သူတို့တွေက ဆန့်ကျင်ရှုတ်ချနေတာ များက ထိုအချိန်က သခင်ယေရှုကို ဆန့်ကျင်ခဲ့ကြသည့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ဖာရိရှဲများနှင့် မည်သည့်အရာများ ကွာခြားသွားပါသနည်း။ အကျင့်ပျက်နေသည့် လူသားများကို ဘုရားသခင်က ကယ်တင်ခြင်းက လွယ်သည့်အလုပ်မဟုတ်ပါ။ ဘုရားသခင်၏ စဉ်းစားပုံကို ကျွန်တော်တို့က နားလည်ရမည်။

နောက်ဆုံးသောကာလမှာ လူ့ဇာတိခံခြင်းအားဖြင့်၊ ဘုရားသခင် ဆောင်ရွက်သည့် တရားစီရင်ခြင်းအမှုက တကယ့်ကို အဓိပ္ပါယ်ရှိပါသည်။ ဘုရားသခင်က နောက်ဆုံးသောကာလ အတွက် ကမ္ဘာမြေပေါ်တွင် လူ့ဇာတိခံယူ ပြီးပါပြီ။ ကိုယ်တော်က လူတွေကြားတွင် နေထိုင်ရင်း၊ နှုတ်ကပတ်တော်များကို လူများဆီ ဖော်ထုတ်ပြနေပါသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို လူအများဆီ ဖော်ပြနေပါသည်။ ဘုရားသခင် ချစ်သည့်သူများ၊ ဘုရားသခင် မုန်းသည့်သူများ ဘုရားသခင်၏အမျက်ဒေါသကို ရသည့်သူများ၊ ကိုယ်တော် အပြစ်ပေးသည့်သူများ ကိုယ်တော်၏ စိတ်ခံစားမှုအခြေအနေ၊ လူတွေအပေါ် ကိုယ်တော် တောင်းဆိုခြင်းများ၊ လူများအတွက် ကိုယ်တော်၏ရည်ရွယ်ချက် ဘဝအပေါ် တန်ဖိုးထားမှုများအပေါ် လူ၏စံအမြင်များစသဖြင့်၊ ကိုယ်တော်က ဤအရာများ အားလုံးကို လူသားများဆီ အသိပေးပါသည်။ လူများကို ဘာသာရေးနှင့်ပတ်သက်ပြီး ရေရေရာရာမရှိ၊ ဦးတည်ချက်မဲ့ ရှာဖွေနေစရာမလိုအောင်၊ ဘဝအတွက် ရှင်းလင်းသည့် ပန်းတိုင်များကို ပေးအပ်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည့်အတိုင်းပင် ဖြစ်သည်၊ “လူ့ဇာတိခံယူသော ဘုရားသခင်သည် ယေဟောဝါ၏ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်ပေးသည်၊ ထို့အပြင် မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ်တို့ ယုံကြည်ကြသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။” အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် နောက်ဆုံးသောကာလ၏ အမှုတော်ကို သိနားလည်သွားသူ အားလုံးမှာမူ ဘုံအသိအမြင်တစ်ခု ရနေကြပါပြီ။ ကျွန်တော်တို့က ဘုရားသခင်၏တရားစီရင်ခြင်း နှင့် ဆုံးမခြင်းကို ခံကြရပြီးပါပြီ။ စစ်ဆေးမှုမျိုးစုံ၊ ကန့်သတ်မှုမျိုးစုံ ကိုလည်း ကြံ့ကြံ့ခံခဲ့ပြီးပြီ၊ တရုတ်ကွန်မြူနစ်အစိုးရ၏ ရက်စက် ကြမ်းကြုတ်သည့် ဖမ်းဆီးပြီး၊ ညှင်းပန်းနှိပ်စက် မှုများ ကိုလည်း အကြီးအကျယ် ခံစားခဲ့ကြပြီးပြီ၊ ဤကဲ့သို့ဒုက္ခပေါင်းစုံ ရှိခဲ့မည့်သော်လည်း၊ ကျွန်တော်တို့ အပေါ် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား လွှမ်းခြုံလာတာကို မြင်ကြရပါပြီ။ ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ၊ ကိုယ်တော်၏ အနန္တတန်ခိုးတော်နှင့် ပညာဉာဏ်ကိုလည်း မြင်ကြရပါပြီ။ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းသရုပ်သကန်ကိုလည်း မြင်ကြရပါပြီ။ ဘုရားသခင်ကိုယ်တော်တိုင်ကို ဖူးခွင့်ရလိုက် သကဲ့သို့ဖြစ်သည်။ ကျွန်တော်တို့က ဘုရားသခင်၏ဝိညာဉ် ခန္ဓာကို မမြင်ကြရသေးမည့်သော်လည်း၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထား၊ အနန္တတန်ခိုးတော်နှင့် ပညာဉာဏ်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းများကိုမူ ကျွန်တော်တို့ကို အပြည့်အစုံ ထုတ်ဖော်ပြခဲ့ပါပြီ။ ဤသည်မှာ ဘုရားသခင်ကို မျက်မြင်ဖူးခွင့်ရလိုက် သကဲ့သို့ဖြစ်သည်။ ကျွန်တော်တို့က ဘုရားသခင်ကို အမှန်တကယ် သိနားလည်လာ သကဲ့သို့၊ ဘုရားသခင်ကို ကြောက်ရွံ့တတ်သည့် နှလုံးသားကိုလည်း ရလာကြသည်။ ထို့ကြောင့် ကျွန်တော်တို့မသေခင်အထိ၊ ဘုရားသခင်၏ အစီအမံတိုင်းကို နာခံတတ်သွားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်များအရ၊ ဘုရားသခင်က လက်တွေ့ကျပြီး စစ်မှန်သည်ဆိုတာကိုလည်း၊ ကျွန်တော်တို့ သိမြင်ကြရသည်။ ကျွန်တော်တို့၏အယူအဆများ အတွေးမှားများအားလုံးကိုလည်း ပစ်ပယ်လိုက်ပြီ။ ဘုရားသခင်ကို အမှန်တကယ် သိနားလည်သူများ ဖြစ်လာကြပါပြီ။ ယခင်က ဘုရားသခင်က လူများ၏အပြစ်များကို ဆက်လက် ခွင့်လွှတ်ပေးမည်ဖြစ်သည်ဟု ယုံကြည်ရင်း ဘုရားသခင်၏ စိတ်သဘောထားကို ချင်ခင်ကြင်နာ တတ်သည်၊ ကရုဏာထားတတ်သည်ဟု ထင်ခဲ့မိကြသည်။ သို့သော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်အရ တရားစီရင်ခြင်းအကြောင်းကို သိပြီးသည့်နောက်တွင်၊ ကျွန်တော်တို့ အနေနှင့် ပိုပြီးလျှင် အမှန်တကယ် နားလည်လာခဲ့ကြသည်။ ဘုရားသခင်၏ စိတ်သဘောထားက သနားကရုဏာရှိ ရုံတင်မဟုတ်ဘဲ၊ ဖြောင့်မတ်ပါသည်၊ ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်၊ အမျက်ဒေါသလည်း ရှိသည်။ ကိုယ်တော့် စိတ်သဘောထားကို စော်ကားသူတိုင်း အပြစ်ပေးခံရလိမ့်မည်။ ဤကဲ့သို့ ကျွန်တော်တို့က ဘုရားသခင်ကို ကြည်ညိုတတ် သွားသည်။ သမ္မာတရားကို လက်ခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေတတ်သွားသည်။ နောက်ဆုံးသောကာလတွင် ပြုမည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို သဘောပေါက်သွား သည့်အတွက် ဘုရားသခင်၏ စိတ်သဘောထားက သန့်ရှင်းသည်၊ ဖြောင့်မတ်သည်၊ အနှောင့်အယှက်ကင်းကြောင်းကို ကျွန်တော်တို့က လက်တွေ့ကျကျ နားလည်လာကြသည်။ ဘုရားသခင်၏ ကရုဏာနှင့် ချစ်ခြင်းကိုလည်း သိမြင်သွားသည်။ ဘုရားသခင်၏ အနန္တတန်ခိုးတော်နှင့်ပညာဉာဏ်ကိုလည်း သဘောပေါက် လာကြသည်။ ဘုရားသခင်ကိုယ်တော်တိုင် မည်ကဲ့သို့ လျှို့ဝှက်စွာ နှိမ့်ချထားသည်ဆိုတာကိုလည်း အသိအမှတ်ပြုမိ လာသည်။ ကိုယ်တော့်စေတနာများ၊ နှစ်သက်စရာကောင်းသည့် အရည်အသွေးများကိုလည်း သိလာကြသည်။ ကိုယ်တော့် စိတ်ခံစားချက်အခြေအနေများ၊ ကိုယ်တော်၏ သစ္စာတော်၊ ကိုယ်တော်၏တင့်တယ်ခြင်း၊ ကောင်းမြတ်ခြင်းများ၊ ကိုယ်တော့် ဩဇာအာဏာ၊ အတုမရှိသည့် တန်ခိုးတော်နှင့် အရာအားလုံးအပေါ် စေ့စေ့စပ်စပ်ရှိခြင်း စသဖြင့် တို့ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း ဆိုသည်မှာလည်း ကျွန်တော်တို့ရှေ့တွင် ပေါ်လာခဲ့ပါပြီ။ ဘုရားသခင် ကိုယ်တော်တိုင်ကို ဖူးခွင့်ရလိုက် သကဲ့သို့၊ ဘုရားသခင်ကို မျက်မြင် သိခွင့်ရလိုက် သကဲ့သို့ဖြစ်သည်။ ကျွန်တော်တို့က ဘုရားသခင်ကို ကိုယ်ပိုင်အယူအဆများ၊ အတွေးမှားများပေါ် အခြေခံပြီး၊ ယုံကြည်ဆည်းကပ်ခြင်း မပြုတော့ပါ။ ဘုရားသခင်အပေါ် စစ်မှန်သည့်ကြည်ညိုမှုနှင့် မြတ်နိုးမှုသာ ရှိပါတော့သည်။ ဘုရားသခင်ကိုလည်း အစစ်အမှန်နာခံတတ်ပြီ။ အားထားတတ်ပါပြီ လူများကို သမ္မာတရားဟောဖို့၊ တရားစီရင်ဖို့အတွက် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိမခံယူခဲ့ ပါက၊ ကျွန်တော်တို့အနေနှင့် ဘုရားသခင်ကို သိလာမည်မဟုတ် သကဲ့သို့၊ အပြစ်များကို ဖယ်ရှားနိုင်စွမ်း၊ သန့်စင်ခြင်းကို ရနိုင်စွမ်းလည်း ရှိလာမည်မဟုတ်ကြောင်းကို ကျွန်တော်တို့ တကယ်ကို နားလည်သွားပါပြီ။ ထို့ကြောင့် သင်တို့ မည်ကဲ့သို့ပင် ကြည့်ပါစေ၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံခြင်း နှင့်သာ ဆောင်ရွက်ရမည်။ မည်သူမှ ကိုယ်စားဝင်ပြီး မဆောင်ရွက်နိုင်ပါ။ လူ၏အယူအဆများနှင့် အတွေးမှားများ အရ စဉ်းစားကြည့်ပါကလည်း ဘုရားသခင်က နောက်ဆုံးသောကာလ ၏ တရားစီရင်ခြင်းအမှုကိုပြုဖို့ လူသားကို အသုံးပြုမည်ဆိုပါက၊ ကိုယ်တော် ဆန္ဒရှိသည့်ထိရောက်မှုကို ရနိုင်မည်မဟုတ်ပါ။

—နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ

အရှေ့သို့- မေးခွန်း ၃- ဘုရားသခင်သည် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ လူသားဖြစ်လာရင်း နောက်ဆုံးသော ကာလတွင် အဘယ်ကြောင့် လူ့ဇာတိခံပြီး ဖြစ်ပါသနည်း။ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည့် သခင်ယေရှု၏ ဝိညာဉ်ခန္ဓာနှင့် လူ့ဇာတိခံ လူသားတို့ကြား တကယ့်ခြားနားချက်မှာ အဘယ်နည်း။ ဤသည်မှာ ကျွန်ုပ်တို့ နားမလည်သော ကိစ္စရပ်တစ်ခုဖြစ်သည်- ကျေဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြု ဝေမျှပေးပါ။

နောက်တစ်ခုသို့- မေးခွန်း ၅- ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်အားဖြင့် ကယ်တင်ခံရမည်ဟု အဘယ်ကြောင့် ပြောထားပါသနည်း။ ဤသည်မှာ လူအများစု နားမလည်သည့် အရာတစ်ခု ဖြစ်သည်- ကျေးဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြု ဝေမျှပေးပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။