မေးခွန်း ၅- ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်အားဖြင့် ကယ်တင်ခံရမည်ဟု အဘယ်ကြောင့် ပြောထားပါသနည်း။ ဤသည်မှာ လူအများစု နားမလည်သည့် အရာတစ်ခု ဖြစ်သည်- ကျေးဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြု ဝေမျှပေးပါ။

အဖြေ-

ဖောက်ပြန်ပျက်စီးနေသည့် လူများကို ဘုရားသခင်၏ လူ့ဇာတိခံခြင်းနှင့်သာ ကယ်တင်ရမည်ဆိုသည့် အကြောင်းပြချက်က အဘယ့်ကြောင့်ဆိုသော် လူများ၏ဇာတိပကတိကို မာရ်နတ်က လုံးဝလှည့်စား ဖျက်ဆီးထားသောကြောင့်ဖြစ်သည်။ လူသားအားလုံးက မာရ်နတ်၏ကြီးစိုးမှုအောက်တွင် နေထိုင်ကြပါသည်။ လူများက ကောင်းခြင်း၊ ဆိုးခြင်း၊ လှခြင်း၊ ရုပ်ဆိုးခြင်းကို မခွဲခြားနိုင်ကြပါ။ ကောင်းသည့်သဘောနှင့် မကောင်းသည့် သဘောကြားက ခြားနားမှုကိုလည်း မသိကြပါ။ သူတို့က မာရ်နတ်၏အတွေးအခေါ်၊ နည်းဥပဒေသနှင့် သဘောသဘာဝအတိုင်းသာ နေထိုင်ကြသည်။ သူတို့က မောက်မာကြသည်၊ မိမိကိုယ်ကို အမှန်ထင်ကြသည်၊ မဆင်မခြင်နှင့် ဥပဒေမဲ့ကြသည်။ သူတို့အားလုံးက မာရ်နတ်၏ပြယုဂ်များသာ ဖြစ်သည်။ သူတို့များက ဘုရားသခင်ကို ဆန့်ကျင်ဖို့အတွက်၊ မာရ်နတ်နှင့်ပူးပေါင်းပြီး အကျင့်ပျက်ယိုယွင်း လာကြသည်။ ၎င်းကို သူတို့ကိုယ်သူတို့ သဘောမပေါက်ကြပါ။ ဘုရားသခင်က အရာအားလုံး၏ဖန်ဆင်းရှင်ဖြစ်ပါသည်။ လူများ၏ သဘောသဘာဝ အစစ်အမှန်နှင့် လူများ မည်မျှအထိ အကျင့်ပျက်နေကြောင်းကို ဘုရားသခင်ကသာ အလုံးစုံသိမည်။ လူများ၏ဆိုးယုတ်သည့်သဘာဝနှင့် အကျင့်ပျက်စိတ်ထားများကို ဘုရားသခင်ကသာ ခွဲခြားဖော်ထုတ် ပြနိုင်မည်။ လူများကို မည်သို့နေထိုင်ပြုမူရမည်ဖြစ်ကြောင်း ဘုရားသခင်ကသာ ပြောပြနိုင်မည်၊ ဘုရားသခင်ကသာ လူများကို သိမ်းပိုက် နိုင်မည်၊ သန့်စင်နိုင်မည်၊ ကယ်တင်နိုင်မည်။ ဘုရားသခင်ကလွဲလျှင်၊ လူများ၏အကျင့်ပျက်မှု သဘောသဘာဝအမှန်ကို ဖန်ဆင်းခံလူများ ထိုးဖောက်မြင်နိုင်မည်မဟုတ်ပါ။ လူပီသစွာ မည်သို့ပြုမူရမည် ဆိုကြောင်းကိုလည်း၊ ဖန်ဆင်းခံလူအချင်းချင်း ညွှန်ပြနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်က ဆိုးဆိုးဝါးဝါး အကျင့်ပျက်နေကြသည့် လူများကို မာရ်နတ်၏ လက်မှနေ လုယူပြီး၊ ကယ်တင်ချင်သည်ဆိုပါက၊ ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိခံပြီး၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သမ္မာတရားကို ဖော်ထုတ်ပြရမည်။ လူများတွင် ရှိရမည့် သမ္မာတရားအားလုံးကို ဟောကြားရမည်၊ ထိုသို့နှင့် လူများက သမ္မာတရားကို နားလည်လာမည်၊ ဘုရားသခင်ကို သိလာမည်၊ မာရ်နတ်၏ယုတ်မာသည့် အကြံအစည်များနှင့် အမျိုးမျိုးသော အမှားအယွင်းများကို မြင်လာကြမည်၊ သို့မှသာ လူများက မာရ်နတ်ကို ကျောခိုင်းပြီး၊ ဘုရားသခင်ရှေ့မှောက် ရောက်လာနိုင်ကြမည်။ နောက်ပြီး ဘုရားသခင်၏ လူ့ဇာတိခံခြင်း အမှုက လူမျိုးစုံကို ဖော်ထုတ်ပြပါသည်။ အဘယ့်ကြောင့်ဆိုသော် လူများအားလုံးက စိတ်ကြီးဝင်နေကြသည့်အပြင်၊ အလျှော့မပေးတတ် ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်က သမ္မာတရားကိုဖော်ပြဖို့ လူ့ဇာတိခံသည့်အခါ လူများကလည်း သူတို့အယူအဆများနှင့် တုံ့ပြန်ကြမှာသေချာသည်၊ ဆန့်ကျင်ကြမည်၊ တိုက်ပွဲများနှင့်ပင် ပြန်တိုက်ကြမည်။ ဤသို့နှင့် အကျင့်ပျက်လူသားများ၏ဆန့်ကျင်မှု၊ ဘုရားသခင်အပေါ် သစ္စာဖောက်မှုများက ထင်ထင်ရှားရှားပေါ်လာမည်။ ဘုရားသခင်က လည်း လူများကို သူတို့ကိုယ်တိုင်ဖော်ထုတ်ပြသည့် အကျင့်ပျက်မှုများ၊ စရိုက်အမှန်များအတိုင်း တရားစီရင်ခြင်းပြုမည်။ ဤနည်းနှင့်မှသာ လူများအပေါ် ဘုရားသခင်၏သိမ်းပိုက်ခြင်း၊ သန့်စင်စေခြင်းနှင့် ပြည့်စုံစေခြင်းများကို ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းကတစ်ဆင့်၊ လူများကို ဖြည်းဖြည်းချင်း သိမ်းပိုက်မည်၊ သန့်စင်စေမည်။ လူများကို လုံးဝသိမ်းပိုက်နိုင်ပြီဆိုပါက၊ သူတို့က လူ့ဇာတိခံယူသည့် ဘုရားသခင်ကို စပြီးနာခံလာသည်။ ဘုရားသခင်၏တရားစီရင်မှု၊ ဆုံးမမှုများကို စပြီးလက်ခံသည်၊ နာခံသည်၊ ဘုရားသခင်၏ အမှုတော်များကို နားလည်လာသည် သမ္မာတရားကို ရှာဖို့နှင့် မာရ်နတ်၏ အတွေးအခေါ်များ၊ စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မနေတော့ဖို့ စိတ်ပိုင်းဖြတ်သည်။ လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်လာပြီ ဆိုပါက၊ ဘုရားသခင်က မာရ်နတ်ကို လုံးဝအနိုင်ရသွားပါပြီ။ ဤကဲ့သို့လူသားများက မာရ်နတ်အပေါ် အနိုင်ရလိုက်ခြင်း၏ အကျိုးအမြတ်များဖြစ်သည်။ အချုပ်ပြောရရင်တော့ ဘုရားသခင်က အကျင့်ပျက်နေသည့်လူများကို မာရ်နတ်၏လက်မှနေ လုယူတာဖြစ် ပါသည်။ လူ့ဇာတိခံသည့် ဘုရားသခင်၏ အမှုတော်ကြောင့်သာ ဤကဲ့သို့ရလဒ်မျိုးကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် လူများကို ကယ်တင်ဖို့အတွက် ဘုရားသခင်၏လူ့ဇာတိခံခြင်းက မဖြစ်မနေ လိုအပ်ပါသည်။ လူ့ဇာတိခံသည့်ဘုရားသခင်ကသာ လုံးလုံးလျားလျား လူများကို သိမ်းပိုက်နိုင်မည်၊ ကယ်တင်နိုင်မည်။ ဘုရားသခင် အသုံးပြုသည့်လူများကတော့ လူများကိုရွေးနုတ်ခြင်း၊ ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်စွမ်းမရှိပါ။

လူက ကယ်တင်ခြင်းခံရချင်သည်ဆိုပါက၊ သူ့ကို တရားစီရင်ဖို့ သန့်စင်ပေးဖို့အတွက် ဘုရားသခင်က လူ့ဇာတိခံဖို့ အမှန်တကယ် လိုအပ်ပါသည်။ လူ့ဇာတိခံသည့်ဘုရားသခင်က လူများနှင့် တုံ့ပြန်ဆက်ဆံ ရာတွင် လူများကို ဘုရားသခင်အပေါ် မျက်မြင် သိနားလည်လာအောင် လုပ်ယူပါသည်။ သမ္မာတရားကို အမှန်တကယ် ရှာဖွေသူများက နောက်ဆုံးသောကာလခရစ်တော်၏ တရားစီရင်မှု၊ သန့်စင်စေမှုများကို လက်ခံသည့်အတွက် သူတို့များက ပင်ကိုအားဖြင့် ဘုရားသခင်ကို နာခံနိုင်စွမ်းရှိကြသည်။ ရင်ထဲတွင် မြတ်နိုးနိုင်စွမ်း ရှိကြသည်။ ပြီးတော့ မာရ်နတ်၏အုပ်စိုးမှုအောက်မှနေ ကယ်တင်ခံရ နိုင်သည်။ ဒါက ဘုရားသခင်အတွက် လူများကို ကယ်တင်ဖို့၊ ပြည့်စုံစေဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်လား။ ဘုရားသခင်က လူ့ဇာတိခံယူလိုက်သည့်အတွက် ကျွန်တော်တို့က ဘုရားသခင်ကို မျက်မြင်ဖူးခွင့်ရဖို့၊ ကိုယ်တော်၏အမှုတော်နှင့် တွေ့ကြုံရဖို့ အခွင့်အလမ်းကို ရသွားပါပြီ။ ဘုရားသခင်၏တိကျသည့် နှုတ်ကပတ်တော်ကို ရဖို့၊ ကိုယ်တော်တိုင် ထိန်းကျောင်းပျိုးထောင် ပေးတာကို ခံရဖို့ အခွင့်အလမ်းကိုလည်း ရသွားပါပြီ။ ဒါများကို ကြုံရတော့မှ ကျွန်တော်တို့က ဘုရားသခင်အပေါ် အားထားလာမည်၊ နာခံလာမည်၊ ကိုယ်တော်ကို အမှန်တကယ် ချစ်မြတ်နိုးလာပါမည်။ လူများကိုကယ်တင်ခြင်းအမှုကို ပြုဖို့အတွက်၊ ဘုရားသခင်က လူ့ဇာတိမခံယူခဲ့ ဆိုပါက၊ ဤကဲ့သို့လက်တွေ့ကျသည့် ရလဒ်ကို ရနိုင်မှာမဟုတ်ပါ။...

ဘုရားသခင်က အကျင့်ပျက်နေသည့်လူများကို ကယ်ဖို့အတွက် လူ့ဇာတိခံယူသည့်အခါ၊ ဘုရားသခင်၏တောင်းဆိုမှုများ၊ ကိုယ်တော့် အလိုတော်များ၊ ကိုယ်တော့်စိတ်သဘောထားနှင့် အရာအားလုံးနှင့် ဖြစ်ခြင်းများကို လူများကို ရှင်းရှင်းလင်းလင်း ပြောပြဖို့အတွက် လူများ၏ဘာသာစကားကိုသာ အသုံးပြုပါသည်။ ထို့ကြောင့် လူများက ကြိုးစားပမ်းစားလိုက်ရှာဖို့ မလိုတော့ဘဲ၊ ဘုရားသခင်၏အလိုတော်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်သည်။ ဘုရားသခင်၏ တောင်းဆိုမှုများနှင့် သူတို့ကျင့်သုံးရမည့် လမ်းစဉ်ကိုလည်း သိနိုင်သည်။ ဘုရားသခင်အပေါ် လက်တွေ့ကျသည့်နားလည်မှုနှင့် အသိကိုလည်း သူတို့အနေနှင့် ရနိုင်သည်။ ကျေးဇူးတော်ခေတ်မှာ ရှင်ပေတရုက သခင်ယေရှုကို မေးခဲ့သကဲ့သို့ပဲ “ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကို ပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်။” (မ ၁၈:၂၁) သခင်ယေရှုက ရှင်ပေတရုကို အရှင်းဆုံးပဲမိန့်ခဲ့ပါသည် “ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို။ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏(မ ၁၈:၂၂) လူ့ဇာတိခံသည့်သခင်ယေရှုက လူများကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို လက်တွေ့အကျဆုံး အရှင်းဆုံး အထောက်အပံ့ကို ပေးရင်း၊ လမ်းပြခဲ့ကြောင်းကို ဤမိန့်ဆိုချက်တွင် ကျွန်တော်တို့ မြင်နိုင်ပါသည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားက လူများကြားတွင် လူ့ဇာတိခံယူလိုက်ပါပြီ။ လူများ၏တကယ့် အခြေအနေမှန်ကို ဖြေရှင်းဖို့ သမ္မာတရားကို ဖော်ပြပေးနေပါသည်။ လူများကို အထောက်အပံ့ဖြစ်စေဖို့အတွက် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံး နှင့်ဖြစ်ခြင်းကို ဖော်ပြပေးနေပါသည်။ ဘုရားသခင်အပေါ်ထားသည့် လူများ၏ယုံကြည်မှု ထဲက မတိကျမှုများ၊ အတွေးမှားများကို ထောက်ပြပေး နေပါသည်၊ ဘုရားသခင်၏အလိုတော်နှင့် တောင်းဆိုမှုများကို အသိပေးနေပါသည်၊ လက်တွေ့အကျဆုံး၊ အတိကျဆုံး ဘဝအထောက်အပံ့နှင့် အာဟာရကို လူများအား ပေးကမ်းနေပါသည်။ ဥပမာအားဖြင့်..ကျွန်တော်တို့က မိမိကိုယ်ကို မသိလိုက်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး နေထိုင်မိသည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်တော်တို့ကို ချက်ချင်းဖော်ထုတ်ပြပြီး၊ တရားစီရင်ပါသည်။ ကျွန်တော်တို့၏ ဆိုးယုတ်သည့်သဘာဝက ဘုရားသခင်ကို ဆန့်ကျင်နေကြောင်း နှုတ်ကပတ်တော်ကတစ်ဆင့် မြင်စေပါသည်။ ကျွန်တော်တို့က တစ်ကိုယ်ရေ ရလိုမှုများအတွက် ဘုရားသခင်ကို ဆည်းကပ်ပြီး၊ ယင်းကိုလည်း မိမိဘာသာ မှန်သည်ဟု ထင်နေသည့်အခါ ဘုရားသခင်က ကျွန်တော်တို့၏ချို့ယွင်းချက်များကို ဖော်ထုတ်ပြသည်၊ ဘုရားသခင်ကို ဆည်းကပ်သူများက မည်သို့ယုံကြည်မှုများ ကိုင်စွဲရမည်ဖြစ်ကြောင်းကို ပြောပြသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုအပေါ် ကျွန်တော်တို့က သိမြင်နားလည်မှု လွဲနေသည့်အခါတွင်လည်း လူများကို ကယ်တင်မည့်၊ တရားစီရင်မည့်၊ လေးနက်သည့်ရည်ရွယ်ချက်များကို ဘုရားသခင်၏နှုတ်ကပတ်တော်က သတိပေးပါသည်၊ ဘုရားသခင်အပေါ် နားလည်မှုလွဲမှားနေခြင်းများကို ဖြေရှင်းပေးပါသည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူအားလုံးက သူတို့ကို လူ့ဇာတိခံသည့်ဘုရားသခင်က အမြဲတမ်းအထောက်အပံ့ ပေးနေကြောင်း ခံစားမိနေကြပါပြီ၊ လိုက်ပြီး ရှာဖွေနေစရာမလိုတော့ပါ။ ကျွန်တော်တို့လုပ်ဖို့လိုသည်မှာ ဘုရားသခင်၏ လက်တွေ့အကျဆုံး အထောက်အပံ့ကို ရဖို့အတွက်၊ အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်ကို ပိုပြီးဖတ်ကြဖို့ဖြစ်သည်။ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်ကတစ်ဆင့်၊ ဘုရားသခင်၏အလိုတော်၊ ကိုယ်တော်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းများကို ကျွန်တော်တို့အနေနှင့် အမှန်တကယ် နားလည်လာပါသည်။ ဤကဲ့သို့နားလည်လာရာမှနေ၊ စစ်မှန်သည့်ဘဝတစ်ခုကို မည်သို့နေထိုင်သွားမည်ဖြစ်ကြောင်းကို ထပ်ပြီးသိလာသည်။ မာရ်နတ်၏ယုတ်မာသည့်အကြံအစည်များကို မည်သို့မြင်အောင်ကြည့်ရ မည်ကိုလည်း သင်ယူတတ်လာသည်၊ ကျွန်တော်တို့က မာရ်နတ်ကြောင့် မည်မျှအထိ ပျက်စီးနေကြပြီဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်လာသည်၊ ထိုကတစ်ဆင့်၊ မာရ်နတ်၏မကောင်းသည့်လွှမ်းမိုးမှုနှင့် ကျွန်တော်တို့ အပြစ်များကို ဖြည်းဖြည်းချင်း ဖယ်ရှားတတ်လာသည်။ ထိုအတွက် ရလဒ်မှာမူ၊ ဘဝအပေါ်ထားသည့် ကျွန်တော်တို့ သဘောထားက ပြောင်းလဲသွားသည်၊ သမ္မာတရား၏စစ်မှန်မှုကိုလည်း နားလည်လာရင်း လမ်းကြောင်းမှန်ကို စပြီးလျှောက်လာကြပါသည်။ ဤအရာများအားလုံးက ဘုရားသခင်၏လူ့ဇာတိခံခြင်းကြောင့် ဖြစ်လာပါသည်။

ဘုရားသခင်က အမှုတော်ကိုပြုဖို့၊ နှုတ်ကပတ်တော်ကို ဖော်ပြဖို့အတွက် လူ့ဇာတိခံယူပြီးပါပြီ၊ လူများကို ဘဝအတွက် လက်တွေ့အကျဆုံးအထောက်အပံ့နှင့် အာဟာရကိုလည်း ပေးနေသည်။ လူ့ဇာတိခံသည့် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုအပေါ် လူတွေမှာ အယူအဆတွေအများကြီး ဖြစ်နေသည့်တိုင် ဘုရားသခင်က လူများအတွက် ဘဝ၏လမ်းစဉ်နှင့် ထာဝရတည်မြဲသည့် ကယ်တင်ခြင်းကို ယူဆောင်လာပါပြီ၊ လူများကလည်း ကိုယ်တော်ကို အားထားနေကြပါပြီ။...လူများကို ကယ်တင်ဖို့ ပြည့်စုံစေဖို့အတွက် နောက်ဆုံးသောကာလ လူ့ဇာတိခံခြင်းမှာ ဘုရားသခင်က သာမန်လူသား တစ်ယောက်၏အသွင်ကို ယူထားသည့်အပြင် ကိုယ်တော်က တန်ခိုးပြာဋိကတွေ မပြမည့်အပြင်၊ သာမန်ထက်သာလွန်သည့် အရည်အသွေးများ အရှိန်အဝါများလည်း မပိုင်ဆိုင်ပါ၊ ထို့အပြင် ကိုယ်တော်က လူများ၏အယူအဆများ၊ သူတို့၏ငြင်းပယ်မှုများနှင့် ဆန့်ကျင်မှုများ၏ ပစ်မှတ်လည်း ဖြစ်နေပါသည်၊ ယင်းသို့ရှိသော်ငြားလည်း၊ ခရစ်တော် ဖော်ပြသည့်သမ္မာတရားနှင့် ဆောင်ရွက်မည့်၊ တရားစီရင်ခြင်းအမှုတော်ကြောင့် လူများအနေနှင့် ဘုရားသခင်နှုတ်ကပတ်တော်၏အထောက်အပံ့ကို ရသွားကြပါသည်။ သမ္မာတရားကိုလည်း ရသွားနိုင်သည့်အပြင်၊ ဘုရားသခင် ပေါ်ထွန်းခြင်းကိုလည်း မြင်ခွင့်ရသွားကြပါသည်။ ကျွန်တော်တို့က ဘုရားသခင်၏လူသားအသွင်ကို မမြင်ကြသေးသော်လည်း၊ ကိုယ်တော်၏ ပင်ကိုယ်စိတ်သဘောထားနှင့် သန့်ရှင်းသည့်ဂုဏ်တော် ကိုတော့ မြင်ပြီးကြပါပြီ။ ဤသည်မှာ ကိုယ်တော်၏လူသားအသွင်ကို မြင်ရခြင်းနှင့် တူညီသည်။ ကျွန်တော်တို့လူတွေကြားတွင် ရောက်ရှိနေသည့် ဘုရားသခင်ကို ကျွန်တော်တို့အနေနှင့် အမှန်တကယ်မြင်ပြီးကြပါပြီ။ ကိုယ်တော့်ပလ္လင်တော်ရှေ့ကို ချီဆောင်ခံ လိုက်ရပြီ ဟုလည်း ခံစားမိကြပါသည်။ ဘုရားသခင်၏ အမှုတော်ကို ဘုရားသခင်နှင့်အတူ တွေ့ကြုံနေကြပါပြီ၊ ပလ္လင်တော်ဆီက စီးဆင်းလာသည့် အသက်ရေစင်၏ အထောက်အပံ့ ကိုလည်း ကျေနပ်နေမိကြပါပြီ။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို သိနားလည်သွားခြင်း က လူများကို ကယ်တင်မည့် ဘုရားသခင်၏လေးနက်သည့် ရည်ရွယ်ချက်များကို တဖြည်းဖြည်းနှင့် အသိအမှတ်ပြုမိသွားတာ ဖြစ်ပါသည်။ လူများကိုကယ်ဖို့အတွက် ဘုရားသခင် ပေးဆပ်ရသည့်တန်ကြေးနှင့် ခံစားရသည့်ဆင်းရဲဒုက္ခများက တကယ့်ကို ကြီးမားကြောင်းကို မြင်သွားကြခြင်း ဖြစ်ပါသည်။ ဘုရားသခင် ဆောင်ရွက်သမျှအားလုံးက ကိုယ်တော့်မေတ္တာကို ဖော်ပြခြင်းဖြစ်ပြီး၊ ကျွန်တော်တို့ကို ကယ်တင်ခြင်းအတွက်သာ ရည်ရွယ်ပါသည်။ ကျွန်တော်တို့က ယခင်က ပုန်ကန်ခဲ့ခြင်းများ၊ မိုက်မဲခဲ့ခြင်းများ အတွက် မိမိကိုယ်ကိုပြန်ပြီး ရွံမိကြသည်။ သို့သော်လည်း ဘုရားသခင်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး နာခံလာကြသည်။ ဘုရားသခင်၏အမှုတော်ကို ယခုလောက်အထိ သိနားလည်သွား ကြပြီဆိုပါက၊ ကျွန်တော်တို့ မိမိကိုယ်ကို ပြန်မြင်နေသည့် အပြောင်းအလဲတွေက လူ့ဇာတိခံသည့်ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့်ဖြစ်သည့် ရလဒ်ဖြစ်ကြောင်း သဘောပေါက်နေကြပါပြီ။ နောက်ဆုံးသောကာလ၏ ခရစ်တော်က အကျင့်ပျက်လူသားများ အတွက် အကြီးဆုံးသော ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်ကိုသိနိုင်ဖို့နှင့် ဘုရားသခင်၏ချီးမွမ်းမှုကိုရဖို့အတွက် တစ်ခုတည်းသောလမ်းက ကိုယ်တော်သာဖြစ်သည်။

—နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ

အရှေ့သို့- မေးခွန်း ၄- ဘုရားသခင်သည် ပညတ်တော်ခေတ် အမှုတော်ကို လုပ်ဆောင်ရန် မောရှေကို အသုံးပြုခဲ့၏၊ သို့ဆိုလျှင် နောက်ဆုံးသော ကာလတွင် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို အသုံးမပြုပါသနည်း။ ယင်းကို သူကိုယ်တိုင်လုပ်ဆောင်ဖို့ လူ့ဇာတိဖြစ်လာဖို့ရန် အမှန်တကယ်လိုအပ်ပါသလား။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသော လူတို့ကြား ပဓာနကျသော ကွာခြားချက်မှာ အဘယ်နည်း။

နောက်တစ်ခုသို့- မေးခွန်း ၆- ကျေးဇူးတော်ခေတ်တွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်လျက် ၎င်းတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် အစေခံဖို့ လူ့ဇာတိဖြစ်လာခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူသားကို လုံးလုံးလျားလျား သန့်စင်ပြီး ကယ်တင်ဖို့အလို့ငှာ သမ္မာတရားကို ဖော်ပြရန်နှင့် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် တစ်ဖန် လူ့ဇာတိဖြစ်လာပြီဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုအား လုပ်ဆောင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် နှစ်ကြိမ် လူ့ဇာတိခံဖို့ လိုအပ်ပါသနည်း။ ထို့အပြင် ဘုရားသခင် နှစ်ကြိမ် လူ့ဇာတိခံယူခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်မှာ အဘယ်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။