မေးခွန်း ၆- ကျေးဇူးတော်ခေတ်တွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်လျက် ၎င်းတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် အစေခံဖို့ လူ့ဇာတိဖြစ်လာခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူသားကို လုံးလုံးလျားလျား သန့်စင်ပြီး ကယ်တင်ဖို့အလို့ငှာ သမ္မာတရားကို ဖော်ပြရန်နှင့် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် တစ်ဖန် လူ့ဇာတိဖြစ်လာပြီဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုအား လုပ်ဆောင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် နှစ်ကြိမ် လူ့ဇာတိခံဖို့ လိုအပ်ပါသနည်း။ ထို့အပြင် ဘုရားသခင် နှစ်ကြိမ် လူ့ဇာတိခံယူခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်မှာ အဘယ်နည်း။

အဖြေ-

ဘုရားသခင်က လူသားမျိုးနွယ် ကယ်တင်ခြင်းအမှုအတွက် အဘယ့်ကြောင့် နှစ်ကြိမ်တိတိ လူ့ဇာတိခံရသနည်း၊ ကျွန်တော်တို့အနေနှင့် ဦးဆုံး ရှင်းရှင်းလင်းလင်း သိထားရမည့်အရာ ရှိပါသည်။ လူများကို ကယ်တင်ခြင်းနှင့်ပတ်သက်ပါက၊ ဘုရားသခင်၏လူ့ဇာတိခံခြင်း နှစ်ကြိမ်လုံးက သိပ်ကို လေးနက်သည့် အဓိပ္ပာယ်ရှိပါသည်။ ကျွန်တော်တို့အနေနှင့် ရွေးနုတ်ခြင်းအကြောင်းကို ပြောသည်ဖြစ်စေ၊ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအကြောင်းကို ပြောသည်ဖြစ်စေ၊ ကယ်တင်ခြင်း အမှုတော်ဆိုသည်မှာ လူများအနေနှင့် မဆောင်ရွက်နိုင်သည့် အရာမျိုး ဖြစ်ပါသည်။ ဘုရားသခင်က လူ့ဇာတိခံယူပြီး၊ အမှုတော်ကို ကိုယ်တိုင် ဆောင်ရွက်ဖို့လိုပါသည်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က သခင်ယေရှုအဖြစ် လူ့ဇာတိခံခဲ့သည်၊ ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်က သန့်ရှင်းပြီး အပြစ်ကင်းသည့် လူ့ဇာတိနှင့် သူ့ကိုယ်သူ လွှမ်းခြုံခဲ့ခြင်းသာ ဖြစ်သည်၊ ပြီးလျှင် လူများကို အပြစ်ကနေ ရွေးနုတ်သည့်အနေနှင့် အပြစ်ပေးဆပ်ခြင်းအဖြစ် ကားတိုင်မှာ သံမှိုစွဲခံခဲ့သည်။ ဤအရာကိုမူ ကျွန်တော်တို့အားလုံး နားလည်ကြ ပါသည်။ သို့သော်လည်း နောက်ဆုံးသောကာလမှာ သခင်ယေရှု ပြန်လာခြင်းနှင့်ပတ်သက်ပြီး ပြောရလျှင်၊ သူက အဘယ့်ကြောင့် လူသားအဖြစ် ထပ်ပြီး လူ့ဇာတိခံယူရသနည်း။ ဤအရာကိုမူ လူတော်တော်များများက နားလည်ဖို့ခက်ခဲကြပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကသာ သမ္မာတရား၏ ဤရှုထောင့်ကို မရှင်းပြဘဲ၊ ၎င်း၏နက်နဲမှုကိုလည်း မဖွင့်ဟထားပါက၊ ဤ သမ္မာတရားကို မည်သူမျှ နားလည်ကြမည်မဟုတ်ပါ။

............

အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များကနေ ကျွန်တော်တို့ မြင်ရသည်မှာ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က ရွေးနှုတ်ခြင်းအမှုသက်သက်အတွက်သာ ပထမဆုံးအကြိမ် လူ့ဇာတိခံခဲ့ကြောင်း၊ လူများကို အပြစ်ကနေ ရွေးနုတ်ဖို့အတွက်၊ လူများအနေနှင့် ပညတ်တော်၏ပြစ်ဒဏ်ခတ်ခြင်းများကနေ သက်သာရာရစေဖို အပြစ်ပေးဆပ်မှုအဖြစ် ကားတိုင် တင်ခံခဲ့ကြောင်း တို့ ဖြစ်ပါသည်။ ကျွန်တော်တို့က အပြစ်များကို ဝန်ခံပြီး နောင်တရဖိုသာ လိုခဲ့သည်။ အပြစ်များကို ခွင့်လွှတ်ပေးမည် ဖြစ်သည်။ ပြီးလျှင် ပေါများလှသည့် ကျေးဇူးတော်နှင့် သမ္မာတရားကို ခံစားနိုင်ကြသည်။ ဤသည်မှာ သခင်ယေရှု ပြုခဲ့သည့် ရွေးနုတ်ခြင်းအမှုပင် ဖြစ်ပါသည်၊ သခင့်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရခြင်း၏ စစ်မှန်သည့် အဓိပ္ပာယ်ဖြစ်ပါသည်။ သခင်ယေရှုက အပြစ်များကို ခွင့်လွှတ်ခဲ့သော်လည်း၊ အပြစ်များ၏အချုပ်အနှောင်ကနေ လွတ်အောင် ကျွန်တော်တို့ ရုန်းနေရဆဲဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့က အပြစ်နှင့်ပြည့်သည့် သဘာဝနှင့် ဆိုးယုတ်သည့် သဘောထားကို ပိုင်ဆိုင်နေဆဲကြောင့် ဖြစ်သည်။ ကျွန်တော်တို့က သခင့်ဆီမှာ အပြစ်များကို ဝန်ခံပြီး၊ ခွင့်လွှတ်ခြင်းကို ရထားသော်လည်း၊ ကျွန်တော်တို့၏လွဲမှားသည့်သဘာဝကို မသိကြပါ၊ အပြစ်များထက် ပို၍ဆိုးဝါးသည့် အခြေအနေဖြစ်သည့် ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ပို၍ပင် မသိကြပါ၊ ကျွန်တော်တို့၏အပြစ်က ပညတ်ချိုးဖောက်ခြင်းများ ပါဝင်သည်။ ထိုအပြစ်ကြောင့် မိမိအသိစိတ်ကို စွပ်စွဲခြင်းနှင့် အဆုံးသတ်ကြောင်း ကိုသာ ကျွန်တော်တို့ သိနိုင်ကြသည်။ သို့သော်လည်း ပိုပြီးနက်ရှိုင်းသော အပြစ်များဖြစ်သည့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ်ကိုမူ ကျွန်တော်တို့ မသိကြပါ။ ဥပမာ၊ ဘုရားသခင်အပေါ် ဆန့်ကျင်မိသည့် အကြောင်းရင်းကို မသိကြပါ၊ ကျွန်တော်တို့၏ဆိုးယုတ်သည့် စိတ်သဘောထားက မည်သို့ ပေါ်လွင်သည်၊ ဆိုးယုတ်သည့်သဘာဝက မည်သို့ဖြစ်လာသည်၊ ကျွန်တော်တို့ သဘာဝထဲမှာ စာတန်၏ အဆိပ်အတောက်များ မည်သို့ရှိနေသည်၊ လူ၏ဆိုးယုတ်သည့် အတွေးအခေါ်၊ ဆင်ခြင်မှုနှင့် စည်းမျဉ်းများက မည်သည့်နေရာမှနေ ထွက်ပေါ်လာသည် တို့ကို မသိကြပါ။ ထို့ကြောင့် လူများက ဤကဲ့သို့ ဆိုးယုတ်သည့်အရာများကို အဘယ့်ကြောင့် မသိကြသနည်း။ လူများ၏အပြစ်များကို သခင်ယေရှုက ခွင့်လွှတ်ထားပြီးပါက၊ လူက အပြစ်များ၏ အချုပ်အနှောင်ကနေ အဘယ့်ကြောင့် ရုန်းမထွက် နိုင်သနည်း။ ဤအပြစ်များကိုသာ အဘယ့်ကြောင့် ဆက်ကျူးလွန် နေသနည်း။ လူက အပြစ်များ ခွင့်လွှတ်ခံရပြီဆိုသည်နှင့် တကယ်ပဲ သန့်ရှင်းပြီလား။ ဤသည်မှာ ကျေးဇူးတော်ခေတ်က မည်သူမှ နားလည်ပုံမရသည့် လက်တွေ့ကျသည့် အချက်တစ်ခုဖြစ်သည်။ သခင့်ကို ယုံကြည်မှုအတွက်၊ ကျွန်တော်တို့အပြစ်များ ခွင့်လွှတ်ခံရသော်လည်း၊ ကျွန်တော်တို့က အပြစ်များကို အမှုမဲ့အမှတ်မဲ့ ကျူးလွန်နေဆဲသာ ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင် သစ္စာဖောက်မိဆဲသာ ဖြစ်သည်။ ယုံကြည်သူများအနေနှင့် ဤအရာကို ကိုယ်တွေ့သိကြပါသည်။ ဥပမာ ကျွန်တော်တို့က သခင့်ကို ယုံကြည်ပြီးသားဖြစ်သည့်တိုင်၊ ဆက်ပြီး လိမ်ညာဆဲ၊ စိတ်ကြီးဝင်ဆဲသာ ဖြစ်သည်၊ သမ္မာတရားကို မုန်းပြီး၊ မကောင်းမှုကို ဆုပ်ကိုင်ထားဆဲသာ ဖြစ်သည်၊ ကျွန်တော်တို့က မောက်မာပြီး ဖောက်ပြန်နေဆဲသာ ဖြစ်သည်၊ တစ်ကိုယ်ကောင်းဆန်ပြီး၊ လောဘကြီးနေဆဲသာ ဖြစ်သည်။ ကျွန်တော်တို့က စာတန်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ထဲမှာ ကူရာမဲ့ ငြိတွယ်နေကြသည်။ လူတော်တော်များများက သခင့်အတွက် မမောနိုင်မပန်းနိုင် အလုပ်လုပ်ခြင်းကလည်း၊ ဆုလာဘ် ရဖို့နှင့် ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရဖို့ မျှော်လင့်ချက်များနှင့် လုပ်ကြခြင်း ဖြစ်သည်။ သခင့်ကျေးဇူးတော်ကို ခံစားရချိန်မျိုးမှာ၊ သူတို့က ကျေနပ်သည်၊ ယုံကြည်မှုလည်း ခိုင်မာကြသည်။ သို့သော်လည်း ဘေးဒုက္ခနှင့် ရင်ဆိုင်ရခြင်း၊ မိသားစုမှာ ဝမ်းနည်းစရာ ကြုံရခြင်း ဖြစ်သည်နှင့် နားလည်မှုလွဲပြီး၊ အပြစ်တင်ကြသည်။ သခင့်ကိုပင် ငြင်းပယ်ပြီး သစ္စာဖောက်ကြသည်။ ဘုရားသခင်၏အမှုတော်က သူတို့အယူအဆများ၊ အတွေးမှားများနှင့် မကိုက်တော့ဘူးဆိုပါက၊ သီလကြောင် ဖာရိရှဲများကဲ့သို့ပင် ဘုရားသခင်ကို ဆန့်ကျင် ရှုတ်ချကြသည်။ ကျွန်တော် ပြောသည့်အရာများကို သင်တို့လည်း ကိုယ်တွေ့မကြုံဖူးကြပါလား။ ၎င်းတို့က မည်သည့်အရာကို သက်သေပြသနည်း။ ကျွန်တော်တို့က သခင်ယေရှု၏ ကယ်တင်ခြင်းကို လက်ခံပြီး၊ အပြစ်များ ခွင့်လွှတ်ခံခဲ့ရသော်လည်း အပြစ်များကို လုံး၀ ဖယ်ရှားနိုင်သေးခြင်း မရှိဘဲ၊ ယခု သန့်ရှင်းသွားပြီ ဖြစ်ကြောင်း ပြခြင်း မဟုတ်ပါ၊ ကျွန်တော်တို့က ဘုရားသခင်၏အရာများ ဖြစ်လာပြီး၊ ဘုရားသခင်၏ ရယူခြင်းခံလိုက် ရကြောင်းကို ပြသည်မှာ ပို၍ပင် မဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုက နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုအတွက် တစ်ဖန်ကြွလာ သည့်အခါ လူတော်တော်များများက ဘုရားသခင်ကို အကဲဖြတ်ရင်း၊ ရှုတ်ချစော်ကားမိကြသည်။ ကိုယ်တော့်ကို သူတို့၏ပြိုင်ဘက်အဖြစ် ကြေညာပြီး၊ ကားတိုင်မှာ ထပ်တင်မိသကဲ့သို့ ဖြစ်ကြသည်။ အပြစ်များ ခွင့်လွှတ်ခံထားရခြင်းကိုသာ အခြေခံပြီး ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချသည့် ထိုကဲ့သို့သော လူများက ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရနိုင်မလား။ သူ့ကို ဆန့်ကျင်သည့် ထိုကဲ့သို့ မိစ္ဆာအင်အားများကို ဘုရားသခင်က ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ပြုနိုင်ပါ့မလား။ ဤကဲ့သို့ အန္တိခရစ်များ၊ သမ္မာတရား မုန်းတီးသူများကို ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ပါ့မလား။ ခင်ဗျားတို့ မြင်ရသကဲ့သို့ပင် ကျွန်တော်တို့က သခင့်ကို ယုံကြည်မှုကြောင့်၊ အပြစ်များ ခွင့်လွှတ်ခံရသော်လည်း မိမိကိုယ်ကိုယ် အပြစ်များကနေ လုံးဝမဖယ်ရှားရသေးပါ။ ဆိုးယုတ်သည့် လွှမ်းမိုးမှုများကနေ မလွတ်သေးပါ။ ဘုရားသခင်၏ရယူခြင်း ခံရပြီ၊ ဘုရားသခင်၏အရာများ ဖြစ်ဖို့မှာ ပို၍ပင်ဝေးပါသေးသည်။ ထို့ကြောင့် ဘုရားသခင်၏အပြည့်အဝ ရယူခြင်းခံရဖို့၊ အပြစ်များကို ဖယ်ရှားပြီး၊ သန့်စင်ခြင်းကို အောင်မြင်ရရှိချင်ပါက ဘုရားသခင်၏ ဒုတိယမြောက်လူ့ဇာတိခံခြင်းအားဖြင့် ဆောင်ရွက်သည့် သန့်စင်ခြင်းနှင့်၊ ကယ်တင်ခြင်းကို နှံ့စပ်စွာ ခံကြရမည်။

ကျွန်တော်တို့က ဘုရားသခင်၏ကယ်တင်ခြင်းအမှုတော်ကို အလွန် ရိုးရှင်းသည်ဟု မြင်နေသည်။ အပြစ်များ ခွင့်လွှတ်ခံရပါက၊ တခြား မည်သည့်အရေးကိစ္စမှ မရှိတော့ပါ။ ကောင်းကင်နိုင်ငံတော်ဆီ သခင်က ချီဆောင်ပေးမှာကို စောင့်ရုံပဲကျန်တော့သည်။ ကျွန်တော်တို့ ဖောက်ပြန်ပျက်ဆီးသည့် လူများက မည်မျှ နုံအပြီး၊ ကလေးကလားဆန် လိုက်သနည်း။ အကျင့်ပျက်လူသားများ၏အယူအဆများ၊ အတွေးမှား များက မည်မျှပင် အဓိပ္ပာယ်မဲ့လိုက်သနည်း။ စာတန်၏ဖျက်ဆီးခြင်း ခံရပြီးနောက်မှာ၊ လူများကို ဖိစီးနေသည့် တစ်ခုတည်းသောပြဿနာက အပြစ်ပဲလား။ လူ့အပြစ်၏အရင်းခံက မည်သည့်အရာနည်း။ အပြစ်ဆိုသည်မှာ မည်သည့်အရာနည်း။ ဘုရားသခင်က အဘယ့်ကြောင့် ဤအရာကို မုန်းတီးသနည်း။ ၎င်းတို့ကို ယနေ့အထိ အမှန်တကယ် နားလည်သည့်သူ မရှိပါ။ လူက စာတန်၏ဖျက်ဆီးခြင်း ခံထားရသည့်အတွက်လူများ၏ပျက်စီးမှုက မည်မျှအတိုင်းအတာအထိ ရှိသည်ကို မည်သူမှ ရှင်းရှင်းလင်းလင်း မသိပါ။ လူများ၏ အကျင့်ပျက်မှု အခြေအနေမှန်က သခင်ယေရှု၏ ကားတိုင်ထက် အသေခံခြင်းမှာ သိသာထင်ရှားခဲ့သည်။ သမ္မာတရား များစွာကို ဖော်ပြထားခဲ့သည့် သခင်ယေရှုကို ကားတိုင်မှာ အဆုံးစီရင်ရက်သည်ကို ကြည့်ပါက လူများက စာတန်၏မျိုးနွယ်များ၊ သားသမီးများ ဖြစ်နေခဲ့ကြောင်းကို ပြပါသည်။ သူတို့မှာ လူ့သဘာ၀ လုံး၀ပျောက်ဆုံးနေပြီ၊ ဆင်ခြင်မှုနှင့် အသိစိတ်ဆိုတာ နည်းနည်းမှ မရှိတော့ကြောင်းကို ပြသည်။ လူများထဲမှာ သာမန်လူ့သဘာ၀ ပိုင်ဆိုင်သေးသည့်သူ မည်သူရှိသနည်း။ ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ မုန်းတီးခြင်းတို့က လူများက ဘုရားသခင်နှင့် သူတို့ကြားမှာ တစ်ဦးဦးသာရှိရမည်၊ စေ့စပ်မရတော့သည့် အဆင့်ကို ရောက်နေပြီဟု ညွှန်ပြမနေပါလား။ အပြစ်များ ခွင့်လွှတ်ခံရရုံနှင့် ဤပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်ပါ့မလား။ လူများက အပြစ်များ ခွင့်လွှတ်ခံရရုံနှင့် ဘုရားသခင်ကို မဆန့်ကျင်တော့၊ ရန်သူအဖြစ် မသတ်မှတ်တော့ဟု မည်သူ အာမခံနိုင်သနည်း။ မည်သူမှ အာမမခံနိုင်ပါ။ လူ၏အပြစ်များကို ခွင့်လွှတ်နိုင်ကောင်းသော်လည်း၊ ဘုရားသခင်က လူ့သဘာဝကို ခွင့်လွှတ်နိုင်ပါ့မလား။ ဘုရားသခင်ကို ဆန့်ကျင်သည့် သဘာ၀လေ လူမှာ ပြည့်နှက်နေသည့် ဆိုးယုတ်သည့် စိတ်သဘောထားကို ဘုရားသခင်က ခွင့်လွှတ်နိုင်ပါ့မလား။ သို့ပါက စာတန်နှင့်ဆိုင်သည့် ဤကိစ္စများကို ဘုရားသခင်က မည်သို့ဖြေရှင်းမည်နည်း။ ဘုရားသခင်က တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို သုံးမှာဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု မပါဘဲ၊ လူများကို သိမ်းပိုက်လို့ရမည် မဟုတ်ဟု ပြော၍ရပါသည်။ လူများ အရှက်ကြီးစွာရပြီး မြေပေါ် ဝပ်ဆင်း စေဖို့ ပို၍ပင် မဖြစ်နိုင်ပါ။ ဤသည်မှာ ဘုရားသခင်က တရားစီရင်ခြင်းအမှုအတွက် လူ့ဇာတိခံယူရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်း အမှုအတွက် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့်ပတ်သက်ပြီး မေးခွန်းထုတ်သည့်သူများစွာ ရှိပါသည်။ အဘယ့်ကြောင့် ဤကဲ့သို့ ဖြစ်ရသနည်း။ သူတို့က လူသား၏လုံးဝ ဖောက်ပြန်ပျက်စီးခြင်း အဖြစ်မှန်ကို မမြင်သောကြောင့်ဖြစ်သည်။ အကျိုးဆက်မှာမူ သူတို့က ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှု၏ အဓိပ္ပာယ်ကို နည်းနည်းမှ နားမလည်တော့ပါ။ သူတို့အယူအဆများ ကိုသာ ကိုင်ဆွဲပြီး၊ စစ်မှန်သည့်လမ်းကို ရှာဖွေ မစူးစမ်းဖြစ်တော့ပါ။ ထို့ကြောင့် သူတို့အနေနှင့် ဘုရားသခင်၏အမှုတော်ကို မည်သို့ လက်ခံနာခံ နိုင်တော့မည်နည်း။

............

လူ့ဇာတိခံခြင်း ဆိုသည်မှာ အမှုတော်ကို ကိုယ်တိုင်ပြုဖို့အတွက် ဘုရားသခင်၏ ဝိညာဉ်တော်က လူ့ဇာတိနှင့် လွှမ်းခြုံပြီး၊ ပုံမှန်သာမန်လူ တစ်ယောက်အဖြစ် ပြောင်းလဲခြင်းကို ရည်ညွှန်းကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရင်းနှင့် သိရပါသည်။ လူ့ဇာတိခံဘုရားသခင်က သာမန်လူ့သဘာ၀ ရှိရပါသည်။ သာမန်လူ့သဘာဝအတွင်းမှာသာ အမှုတော်ပြုပြီး ဟောပြောရပါသည်။ နိမိတ်လက္ခဏာများပြသည့် အချိန်မျိုးမှာပင်၊ သာမန်လူ့သဘာဝ အတွင်းမှာသာ ဖော်ပြရပါသည်။ အပြင်ပန်းမှာတော့ လူ့ဇာတိခံ ဘုရားသခင်က သာမန်ပုံစံဖြစ်သည်။ သူ့အမှုတော်ကို သာမန်လူသား တစ်ယောက်ကဲ့သို့ ဆောင်ရွက်သည်ဟုသာ ထင်ရသည်။ သူက သာမန်လူ့သဘာ၀ မရှိဘဲ၊ အမှုတော်ကိုလည်း သာမန်လူ့သဘာဝနှင့် မပြုပါက၊ သူက ဘုရားသခင်၏လူ့ဇာတိခံခြင်း မဟုတ်ပါ။ လူ့ဇာတိခံခြင်းဆိုသည်မှာ ဘုရားသခင်၏ဝိညာဉ်တော်က လူ့ဇာတိမှာ အကောင်အထည်ပေါ်လာခြင်းကို ဆိုလိုပါသည်။ သူက သာမန်လူ့သဘာဝအတွင်းမှာ သမ္မာတရားကို ဖော်ပြပြီး၊ လူများကို ရွေးနုတ်ရင်း၊ ကယ်တင်ရင်းနှင့် အမှုတော်ကို ကိုယ်တိုင်ပြုပါသည်။ ဤသည်မှာ ဇာတိခံခြင်း၏အဓိပ္ပာယ်ဖြစ်သည်။ သို့ပါက ဘုရားသခင် လူ့ဇာတိခံခြင်းနှစ်ကြိမ်၏အဓိပ္ပာယ်က မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်၏လူ့ဇာတိခံခြင်းနှစ်ကြိမ်က လူ့ဇာတိခံခြင်း၏အဓိပ္ပာယ်ကို ပြည့်စုံစေသည်ဟုသာ အဓိကအားဖြင့် ဆိုလိုပါသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုသည့် အမှုကို ပြီးမြောက်စေခြင်း ဖြစ်သကဲ့သို့၊ လူများကို ကယ်တင်ဖို့အတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေခြင်းဟုလည်း အဓိပ္ပာယ်ရသည်။ ဤသည်မှာ ဘုရားသခင် လူ့ဇာတိခံခြင်းနှစ်ကြိမ်၏အရေးပါမှုဖြစ်သည်။ ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သင့်သည်မှာ ဘုရားသခင် ပထမအကြိမ် လူ့ဇာတိခံခြင်း၏ရည်ရွယ်ချက်က ရွေးနုတ်ခြင်းအမှုကို ပြုဖို့နှင့် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက် လမ်းခင်းပေးဖို့ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ပထမအကြိမ် လူ့ဇာတိခံခြင်းက လူ့ဇာတိခံခြင်း၏အဓိပ္ပာယ်ကို မပြည့်စုံစေခဲ့ပါ။ ဘုရားသခင် ဒုတိယအကြိမ် လူ့ဇာတိခံခြင်း၏ ရည်ရွယ်ချက်မှာမူ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုပြီး လူတွေကို စာတန်၏ ချုပ်ကိုင်ထားမှုတွေကနေ လုယူဖို့ ဖြစ်ပါသည်။ လူများကို ဆိုးယုတ်သည့် စိတ်သဘောထားကနေ သက်သာရာရစေဖို့၊ စာတန်၏လွှမ်းမိုးမှုကနေ လွတ်မြောက်စေဖို့ဖြစ်သည်။ သို့မှသာ လူများအနေနှင့် ဘုရားသခင်ဆီ ပြန်ရောက်ပြီး၊ သူ့၏ရယူခြင်းကို ခံရနိုင်မည်။ နောက်ဆုံးသောကာလ၏ခရစ်တော် ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားက လူများကို သန့်စင်၊ ကယ်တင်ဖို့အတွက် သမ္မာတရားအလုံးစုံကို ဖော်ပြထားသည်။ ဘုရားသခင်၏ အမှုတော်အားလုံးကို လူ့ဇာတိမှာ ပြည့်စုံစေပြီး၊ လူ့ဇာတိခံရာမှာ ဘုရားသခင် ဖော်ပြရမည့် အရာအားလုံးကိုလည်း ဖော်ပြထားပါသည်။ ဤသို့ ဆောင်ရွက်မှသာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အမှုကို ပြည့်စုံစေတာဖြစ်ပါသည်။...ဘုရားသခင်၏လူ့ဇာတိခံခြင်းနှစ်ကြိမ်က သူ့၏အမှုတော်အားလုံးကို လူ့ဇာတိမှာ ပြည့်စုံစေပါသည်။ တစ်နည်းပြောရလျှင်၊ လူများကို ကယ်တင်ခြင်းအမှုကို ဘုရားသခင်၏ပြည့်စုံစေခြင်းဖြစ်သည်။ ထို့ကြောင့် အနာဂတ်မှာ ဘုရားသခင်က ထပ်ပြီး လူ့ဇာတိခံတော့မည် မဟုတ်ပါ။ တတိယအကြိမ်၊ စတုတ္ထအကြိမ်တို့လည်း ရှိလာတော့ မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် လူ့ဇာတိ၌ပြုသည့် ဘုရားသခင်၏ အမှုက လုံး၀ ပြီးမြောက်သွား၍ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံခြင်းအဓိပ္ပာယ်ကို ပြည့်စုံစေဖို့၊ ဘုရားသခင်က လူ့ဇာတိနှစ်ကြိမ် ခံယူထားသည် ဆိုသည့် ဖော်ပြချက်၏ ဆိုလိုရင်း ဖြစ်ပါသည်။

ဘုရားသခင်က လူ့ဇာတိခံခြင်းအဓိပ္ပာယ်ကို ပြည့်စုံစေဖို့အတွက် နှစ်ကြိမ်တိတိ လူ့ဇာတိခံယူထားသည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို မတွေ့ကြုံရသေးသူများ အတွက်မူ၊ ဤသည်မှာ နားလည်ဖို့ ခက်ပါသည်။ ကျေးဇူးတော်ခေတ်မှာ ရွေးနုတ်ခြင်းအမှုကိုသာ တွေ့ကြုံခဲ့ရသူများက သခင်ယေရှုကို လူ့ဇာတိခံ ဘုရားသခင် ဖြစ်ကြောင်း သိကြပါသည်။ သို့သော်လည်း သခင်ယေရှု၏ အမှုက ရွေးနုတ်ခြင်းအတွက်သာ ကန့်သတ်ထားသကဲ့သို့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုသည့် အမှုကို မပြီးမြောက်စေ ခဲ့ကြောင်းကိုမူ နားလည်သူ မရှိသလောက်ဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ လူများကိုပြည့်စုံစွာ ကယ်တင်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားအလုံးစုံကို သခင်ယေရှုက မဖော်ပြခဲ့ပါ။ ထို့ကြောင့် သခင်ယေရှုက ပြောခဲ့သည်။ “သင်တို့အား ငါ ပြောစရာစကား အများရှိသော်လည်း သင်တို့သည် ယခု မခံနိုင်ကြ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည် ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည် နောင်လာလတ္တံ့သော အရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန် ၁၆:၁၂-၁၃) ယခုဆိုလျှင် သခင်ယေရှုက လူသားအဖြစ် လူ့ဇာတိခံယူထားပါပြီ။ သူက နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားဖြစ်သည်။ သူက တရားစီရင်ခြင်းအမှုကို ဘုရားသခင်၏အိမ်တော်ကနေ စတင်နေပြီး၊ လူများကို သန့်စင်၊ ကယ်တင်ပေးမည့်် သမ္မာတရားအလုံးစုံကို ဖော်ပြနေပါသည်။ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဆိုသည့် ဤကျမ်းမှာ ပါဝင်သည့် သမ္မာတရားဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က ဘုရား၏သွင်ပြင်လက္ခဏာအတွင်းမှာ သူ့ နှုတ်ကပတ်တော်ကို စကြဝဋ္ဌာတစ်ခုလုံးဆီ ထုတ်ဖော်ပြသည်။ လူများကို ကယ်တင်မည့်် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် အသေးစိတ်ကို သူက ထုတ်ဖော်ပြသည်။ ဘုရားသခင်၏အလိုတော်၊ လူများအပေါ်ထားသည့် တောင်းဆိုချက်များနှင့် လူများ၏ပန်းတိုင်ကိုလည်း ဖော်ပြပေးသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်က ဤအရာကို မည်သို့ရှင်းပြထား ကြောင်းကို ကြည့်ရအောင်- “ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကို မိန့်ကြားသည်မှာ ဖန်ဆင်းခြင်းပြီးကတည်းက ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်ဟုပြောလျှင် သမာသမတ်ကျပါသည်။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားမျိုးနွယ်ကို ထိုကဲ့သို့ အသေးစိတ်ကျကျနှင့် အလွန်စနစ်ကျစွာ ယခင်က တစ်ခါမျှပင် မပြောဆိုခဲ့ဖူးပေ။ ဤသည်မှာ သူသည် ပထမဦးဆုံးအကြိမ် များစွာပြောဆိုခြင်းနှင့် ကြာရှည်စွာ ပြောဆိုခြင်းလည်းဖြစ်သည်မှာ မှန်ပေသည်။ ယင်းသည်မှာ လုံးလုံးမကြုံစဖူးသော အရာဖြစ်သည်။ ထို့ထက်ပိုသည်မှာ၊ ဤမိန့်မြွက်ချက်များမှာ လူသားမျိုးနွယ်အကြားတွင် ဘုရားသခင်ဖော်ပြခဲ့သည့် ပထမဆုံးသော စာသားများပင် ဖြစ်သည်၊ ထိုအထဲတွင် သူသည် လူသားများကို ဖော်ထုတ်ခဲ့သည်၊ လမ်းပြခဲ့သည်၊ တရားစီရင်ခဲ့ကာ၊ လူများကို ရင်းနှီးပွင့်လင်းစွာ ပြောကြားခဲ့ပြီး၊ ယင်းအရာထဲတွင် ဘုရားသခင်က လူများကို သူ၏ခြေရာများ၊ သူလျောင်းသည့်နေရာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အတွေးများနှင့် လူသားမျိုးနွယ်အတွက် သူ၏ပူပန်မှု စသည်တို့ကို သိစေခဲ့သော ပထမဆုံး မိန့်မြွက်ချက်များလည်း ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို တတိယကောင်းကင်ဘုံမှ ပြောဆိုသည့် ပထမဆုံးသော မိန့်မြွက်ချက်များ ဖြစ်သည်ဟု ပြောနိုင်ပြီး၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များအလယ်တွင် လူသားမျိုးနွယ်ထံသို့ သူ့နှလုံးသား၏ အသံကို ဖော်ပြရန်နှင့် ပေါ်လာရန် သူ၏ ပင်ကိုကိုယ်ပိုင်လက္ခဏာကို အသုံးပြုခဲ့သော ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ နိဒါန်း)

ဤသည်မှာ ငါသည် လူသား၏အဆုံးကို လောကသို့ ယူဆောင်လာ၍ ဤနေရာမှ စ၍ ငါသည် အမှန်တကယ်ပင် လူ့လောကသို့ လာခဲ့ကြောင်း၊ အရာခပ်သိမ်းပွားသည့် ကမ္ဘာမြေပေါ်သို့လာခဲ့ကြောင်း ငါ့ကိုသိသူခပ်သိမ်းနှင့် မသိသူများ ကြာရှည်စွာကြည့်နိုင်ရန် ငါသည် လူသားရှေ့တွင် ငါ၏ စိတ်နေသဘောထား တစ်ရပ်လုံးကို အဖုံးအကွယ်မရှိ ထုတ်ဖော်ပြသည်။ ဤသည်မှာ ငါ၏အစီအစဉ်၊ လူသားမျိုးနွယ်ကို ငါဖန်ဆင်းသည့်အချိန်က စ၍ ငါ၏တစ်ခုတည်းသော ‘ဝန်ခံချက်’ ဖြစ်၏။ ငါ၏လှံတံတော်သည် လူသားအနီး၊ ငါ့ကိုဆန့်ကျင်သူ အားလုံးအနီး၊ တစ်ဖန်ပြန်၍ ချဉ်းကပ် လာသည်ဖြစ်၍ သင်တို့သည် ငါ၏လှုပ်ရှားမှုအားလုံးကိုသာ အာရုံစိုက်ရန် ငါလိုလားသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့)

လူ့ဇာတိခံခြင်းအဓိပ္ပာယ်ကို ပြည့်စုံစေသည့် ဘုရားသခင်၏ လူ့ဇာတိခံခြင်းနှစ်ကြိမ်နှင့်ပတ်သက်ပါက၊ မတွေ့ကြုံရသေးသည့် အတွက် နားမလည်ကြသူများ ရှိပါသည်။ သူတို့က ဤအရာကို ကြားရသည့်အခါ၊ နားမလည်ကြပါ။ လူ့ဇာတိခံခြင်းသမ္မာတရားက တကယ်ကို လေးနက်ပါသည်။ ဤအရာကို နားလည်ဖို့ အတော်အတန် ဆွေးနွေးရပါသည်။ အခု ဘုရားသခင် လူ့ဇာတိခံခြင်းနှစ်ကြိမ်အတွင်းမှာ ဆောင်ရွက်သည့် အမှုတော်၏အသေးစိတ်ကို ဆွေးနွေးရအောင်။ ဘုရားသခင်၏ပထမအကြိမ် လူ့ဇာတိခံခြင်းမှာ၊ သူက နိမိတ်လက္ခဏာများကို ပြရင်း ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ခဲ့သည်။ လူငါးထောင်ကို မုန့်ငါးလုံး၊ ငါးနှစ်ကောင်တည်းနှင့် လောက်ငှအောင် ကျွေးပြသည်၊ လေနှင့် လှိုင်းကို စကားတစ်ခွန်းတည်းနှင့် ငြိမ်သက်စေသည်၊ လာဇရုကို ပြန်ရှင်စေခဲ့သည်၊ သခင်ယေရှုက အစာအာဟာရ မသုံးဆောင်ဘဲ၊ တောထဲမှာ ရက်လေးဆယ်လုံးလုံး စုံစမ်းသွေးဆောင်မှုကို ခံခဲ့သေးသည်၊ ရေပေါ်မှာလည်း လမ်းလျှောက်ပြသည်၊ သခင်ယေရှု၏လူ့ဇာတိခန္ဓာက လူများရှေ့မှာ နိမိတ်လက္ခဏာပြခြင်းများ၊ တောင်ပေါ်မှာ ထူးခြားသည့် အဆင်းအရောင်များ ပြခဲ့ခြင်းကြောင့် ကျွန်တော်တို့ လူသားများ၏ အမြင်မှာ သခင်ယေရှုက လူ့ဇာတိခံယူခဲ့သည်ဟု ဆိုသော်လည်း၊ သူ့မှာ တန်ခိုးဣဒ္ဓိပါဒ်များ ပိုင်ဆိုင်ဆဲဖြစ်သည်။ သူက သာမန်လူ တစ်ယောက်ထက် ထူးခြားခဲ့သည်။ သူ ထွက်ပေါ်သည့် နေရာတိုင်းကို တန်ခိုးတော်များ ပါလာသည်။ ထို့အပြင် သခင်ယေရှုက ရွေးနုတ်ခြင်းဆိုသည့် အမှုတော်အဆင့်တစ်ခုကိုသာ ပြုခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် စိတ်နေသဘောထား၏ကရုဏာနှင့် ချစ်ခြင်းကို အဓိက ထင်ရှားပြရင်းနှင့် ရွေးနုတ်ခြင်းအမှု၏သမ္မာတရားကိုသာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ တရားစီရင်ခြင်း၊ ကယ်တင်ခြင်းအမှု၏ သမ္မာတရားများ အားလုံးကို မဖော်ပြခဲ့ပါ။ ဘုရားသခင်၏ဖြောင့်မတ်သည့်၊ သန့်ရှင်းသည့်၊ ချိုးဖျက်မရနိုင်သည့် စိတ်နေသဘောထားကို လူများကို မဖော်ပြခဲ့ပါ။ ထို့ကြောင့် ပထမအကြိမ် လူ့ဇာတိခံခြင်းက လူ့ဇာတိခံခြင်း အဓိပ္ပာယ်ကို ပြည့်စုံစေခဲ့သည်ဟု မဆိုနိုင်ပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “ယေရှုသည် ‘နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏’ နှင့်စပ်ဆိုင်သည့် အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သော အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် အတူရှိပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်မှာ ဇာတိခန္ဓာနှင့် အတူရှိကာ သူ့ထံမှ ခွဲခြားထား၍ မရပါ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိကာ၊ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည်ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)) နောက်ဆုံးသောကာလမှာ ဘုရားသခင် လူ့ဇာတိခံခြင်းက ပထမအကြိမ် လူ့ဇာတိခံခြင်းနှင့် မတူပါ။ ဒုတိယအကြိမ် လူ့ဇာတိခံခြင်းမှာ၊ ဘုရားသခင်က နိမိတ်လက္ခဏာများကို မပြထားပါ။ သူက တန်ခိုးဣဒ္ဓိပါဒ်ရှိသူ မဟုတ်ပါ။ လူများကြားမှာ လက်တွေ့ကျကျ အမှုတော်ပြုရင်း၊ နှုတ်ကပတ်တော်ကို ဟောကြားရင်းနှင့်ပဲ၊ သူက အပြင်ပန်းအရ သာမန်လူသားတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ သူက လူများကို တရားစီရင်ဖို့၊ သန့်စင်ဖို့၊ စုံလင်စေဖို့အတွက် သမ္မာတရားကို ဖော်ပြထားပါသည်။ အနန္တတန်ခိုးရှင်ဘုရားက ဘုရားသခင့် စီမံခန့်ခွဲမှု အစီအစဉ်၏နက်နဲမှုများအားလုံးကို ထုတ်ဖော်ပြထားသကဲ့သို့ ဘုရားသခင်၏ ဖြောင့်မတ်ပြီး သန့်ရှင်းသည့် စိတ်နေသဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ့၏အလိုတော်နှင့် လူများ အပေါ် ထားသည့် တောင်းဆိုမှုများကိုလည်း ပြသထားပါသည်။ ထို့အပြင် ဘုရားသခင်ကို ဆန့်ကျင်သည့် လူများ၏ ဆိုးယုတ်သည့် သဘာဝနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို တရားစီရင်ပြီး ဖော်ထုတ်ပြထားသည်။ ဤကဲ့သို့ပြုရင်းနှင့်သာ လူများကို သိမ်းပိုက်ထားပါပြီ၊ စုံလင်စေပါပြီ။ လူတစ်ဦးစီကို သူ့အမျိုးအစားအလိုက် ဖော်ထုတ်ပြပြီး၊ ဖယ်ရှားထားပါပြီ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူများကို ပေးအပ်သည့် သမ္မာတရားအားလုံးကို လူ့ဇာတိ၏သာမန်လူ့သဘာဝအတွင်းမှာသာ ဖော်ပြသည်။ ဤအရာနှင့် ပတ်သက်ပြီး တန်ခိုးဣဒ္ဓိပါဒ် မရှိပါ။ သာမန်လူတစ်ယောက်က နှုတ်ကပတ်တော်ကို ဟောကြားရင်း၊ အမှုတော် ပြုနေတာကိုသာ မြင်ကြရသည်။ သို့သော်လည်း ခရစ်တော် ဟောပြောသည့် နှုတ်ကပတ်တော်က အလုံးစုံသော သမ္မာတရားဖြစ်သည်။ ဤနှုတ်ကပတ်တော်မှာ ဩဇာအာဏာနှင့် တန်ခိုးပါဝင်သည်။ လူများကို သန့်စင် ကယ်တင်နိုင်သည်။ လူ၏အကျင့်ပျက်ခြင်း အနှစ်သာရနှင့် အဖြစ်မှန်ကို တရားစီရင်ပြီး ဖော်ထုတ်ပြသည့် ခရစ်တော်၏နှုတ်ကပတ်တော်ကနေ ကျွန်တော်တို့ ဘုရားသခင်က လူများကို စောင့်ကြည့်ရာမှာ အတွင်းထဲအထိ မည်သို့ထိုးဖောက်ကြည့်ကြောင်း၊ လူများကို မည်သို့ အလုံးစုံနားလည်မှုရှိကြောင်း မြင်ရပါသည်။ လူများအနေနှင့်လည်း ဘုရားသခင်၏ဖြောင့်မတ်သည့်၊ သန့်ရှင်းသည့်၊ ချိုးဖျက်မရနိုင်သည့် စိတ်နေသဘောထားကို သိလာရပါသည်။ ခရစ်တော်၏ဆုံးမ တိုက်တွန်းမှုကတစ်ဆင့်၊ ဘုရားသခင်၏ကရုဏာနှင့် အလေးထားမှုကို ကျွန်တော်တို့ သိရကြသည်။ ခရစ်တော်၏ဟောပြောပုံ၊ အမှုတော်ပြုပုံ အမျိုးမျိုးကနေ ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုတတ်လာကြသည်။ လူများကို ကယ်တင်ဖို့အတွက် ဘုရားသခင်၏အထက်သန်ဆုံး စေတနာများ၊ လူများအပေါ်ထားသည့် စစ်မှန်သည့် ချစ်ခြင်းနှင့် ကယ်တင်ခြင်းကိုလည်း အသိအမှတ်ပြုတတ် လာသည်။ လူများအားလုံးနှင့် အရာခပ်သိမ်းအပေါ် ခရစ်တော်၏ ပြုမူဆက်ဆံပုံကတစ်ဆင့် ဘုရားသခင်၏ဝမ်းမြောက်မှု၊ ဒေါသ၊ ဝမ်းနည်းမှုများက အပေါင်း လက္ခဏာဆောင်သည့် အရာများ၏ အရှိတရားများ ဖြစ်ကြောင်းကို နားလည်လာကြသည်။ ၎င်းတို့က ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ပြခြင်းများဖြစ်ပြီး၊ ဘုရားသခင် အသက်တာ၏အနှစ်သာရကို သဘာဝကျကျ ထင်ရှားပြခြင်းများ ဖြစ်ကြောင်းလည်း နားလည်လာသည်။ ခရစ်တော်၏နှုတ်ကပတ်တော်နှင့် အမှုတော်ကတစ်ဆင့်၊ ဘုရားသခင်က မည်သို့ အထွတ်အမြတ်ဖြစ်ပြီး ကြီးမြတ်ကြောင်း၊ မည်သို့ နှိမ့်ချပြီး ကွယ်ဝှက်ကြောင်းကို မြင်ကြရသည်။ ဘုရားသခင်၏ ပင်ကို စိတ်နေသဘောထားနှင့် မျက်နှာတော်စစ်စစ်ကိုလည်း အမှန်တကယ် နားလည်သိမြင်လာကြသည်။ ထို့တွက် ကျွန်တော်တို့က သမ္မာတရားကို တောင့်တလာပြီး၊ ဘုရားသခင်ကို ကြည်ညိုလာ ကြသည်။ သူ့ကို အမှန်တကယ် ချစ်ခင် နာခံချင်လာသည်။ ဤသည်မှာ ဘုရားသခင် ဒုတိယအကြိမ်လူ့ဇာတိခံခြင်း နှုတ်ကပတ်တော်နှင့် အမှုတော်တို့၏ ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်မှုဖြစ်သည်။ ဘုရားသခင် ဒုတိယအကြိမ်လူ့ဇာတိခံခြင်း၏ နှုတ်ကပတ်တော်နှင့် အမှုတော်များက လူများအနေဖြင့် လူ့ဇာတိခံသည့် ဘုရားသခင်ကို မြင်စေရုံမကဘဲ၊ လူ့ဇာတိတွင်ပေါ်နေသော ဘုရားသခင်၏နှုတ်ကပတ်တော်ဆိုသည့် အချက်ကိုလည်း မြင်စေပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်က ဤအရာများအားလုံးကို ပြီးမြောက်စေသည်။ ဤကဲ့သို့ သာမန်သာရှိသည့် လူ့ဇာတိက သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က သမ္မာတရား၊ လမ်းခရီးနှင့်အသက်ဖြစ်သည်။ သူက တစ်ပါးတည်းသော စစ်မှန်သော ဘုရားသခင်၏ပေါ်ထွန်းခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကသာ ပြည့်စုံသည့် လူ့ဇာတိခံခြင်း အရေးပါမှုရှိပါသည်။

............

ဘုရားသခင်၏လူ့ဇာတိခံခြင်း နှစ်ကြိမ်က လူ့ဇာတိခံခြင်း အရေးပါမှုကို မည်သို့ ပြည့်စုံစေကြောင်းကို အနည်းငယ်မျှ ပိုနားလည်သွားမယ်ဟု ယုံကြည်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို လူ့ဇာတိခံခြင်းအမှုကတစ်ဆင့် ပြီးမြောက်စေ ကြောင်းကို ကျွန်တော်တို့ အခု သိကြပါပြီ။ သခင်ယေရှု ဆောင်ရွက်ခဲ့သည့် အမှုတော်အဆင့်က ရွေးနုတ်ခြင်းအမှုပါ။ သူ ဖော်ပြခဲ့သည့် သမ္မာတရားကလည်း အကန့်အသတ်ရှိပါသည်။ ထို့ကြောင့် သခင်ယေရှု၏အမှုကို တွေ့ကြုံပြီးပြီဆိုသော်လည်း၊ ဘုရားသခင်အပေါ် ကျွန်တော်တို့၏အသိက အကန့်အသတ်နှင့် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကမူ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှု ပြုဖို့ ရောက်လာခဲ့ပါပြီ။ လူများ၏ ဖောက်ပြန်ပျက်စီးခြင်းအပေါ် ဘုရားသခင်၏ ဖြောင့်မတ်သည့် တရားစီရင်မှုနှင့် ပတ်သက်သမျှ အလုံးစုံသောသမ္မာတရားကိုလည်း ဖော်ပြထားသည်။ ဤသည်မှာ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို မြင်စေခြင်းဖြစ်ပြီး၊ သူ၏ဖြောင့်မတ်သည့် သန့်ရှင်းသည့် အနှစ်သာရကိုလည်း သိစေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၏ လူ့ဇာတိခံဘုရားသခင်က ဘုရားသခင်၏ လူ့ဇာတိထဲက အမှုတော်ကို လုံးဝ ပြည့်စုံစေခဲ့ပါပြီ။ လူ့ဇာတိမှာ ဘုရားသခင် ဖော်ပြရမည့်် သမ္မာတရားအလုံးစုံကို သူက ဖော်ပြထားသည်။ ထို့ကြောင့်လည်း နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုသည့်အချက်ကို ပြည့်စုံစေပါသည်။ ဤသည်မှာ ဘုရားသခင်၏လူ့ဇာတိခံခြင်းနှစ်ကြိမ်က လူ့ဇာတိခံခြင်းအဓိပ္ပာယ်ကို မည်သို့ပြည့်စုံစေခြင်း ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံခြင်း နှစ်ကြိမ်က မရှိမဖြစ်ဖြစ်သည်။ တစ်ခုနှင့်တစ်ခု ဖြည့်စွက်ပေးပြီး ပြည့်စုံစေသည်။ ထို့ကြောင့် ဘုရားသခင်က တစ်ကြိမ်သာ လူ့ဇာတိခံနိုင်သည်ဟု ပြော၍မရပါ။ သူက လူ့ဇာတိကို သုံးလေးကြိမ် ခံယူဦးမည်ဟုလည်း ပြော၍မရပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏လူ့ဇာတိခံခြင်းနှစ်ကြိမ်က ကယ်တင်ခြင်းအမှုကို ပြည့်စုံစေခဲ့ပြီး၊ ဘုရားသခင်၏လူ့ဇာတိခံခြင်းများမှာ ဖော်ပြရမည့်၊ လူသားမျိုးနွယ်ကို ကယ်တင်သည့် သမ္မာတရား အလုံးစုံကိုလည်း ဖော်ပြထားပြီး သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံခြင်းနှစ်ကြိမ်က လူ့ဇာတိခံခြင်းအဓိပ္ပာယ်ကို ပြည့်စုံစေခဲ့ပါပြီ။

—နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ

အရှေ့သို့- မေးခွန်း ၅- ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်အားဖြင့် ကယ်တင်ခံရမည်ဟု အဘယ်ကြောင့် ပြောထားပါသနည်း။ ဤသည်မှာ လူအများစု နားမလည်သည့် အရာတစ်ခု ဖြစ်သည်- ကျေးဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြု ဝေမျှပေးပါ။

နောက်တစ်ခုသို့- မေးခွန်း ၇- ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟု ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာနှစ်ခုက သက်သေခံကြသည်။ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ခြင်းကို အဘယ်သို့ ကျွန်ုပ်တို့ နားလည်သင့်သနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။