မေးခွန်း ၇- ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟု ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာနှစ်ခုက သက်သေခံကြသည်။ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ခြင်းကို အဘယ်သို့ ကျွန်ုပ်တို့ နားလည်သင့်သနည်း။

အဖြေ-

ယုံကြည်သူတွေက ခရစ်တော်ကို သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ကြောင်း အစစ်အမှန်အသိအမှတ်ပြုနိုင်တယ်ဆိုရင် ဒါဟာ တကယ့်ကိုအဖိုးတန်ပါတယ် ဒီလိုယုံကြည်သူတွေဟာ ခရစ်တော်ရဲ့ဂုဏ်တော်ကို အမှန်တကယ်သိကြတယ်ဆိုတဲ့သဘောပါပဲ အဲဒီလိုလူတစ်ယောက်ဟာ ဘုရားသခင်ကို အမှန်တကယ်သိတယ်လို့ ဆိုနိုင်တယ်။ ခရစ်တော်ဟာ လူ့ဇာတိခံယူတဲ့ လက်တွေ့ကျသော ဘုရားသခင်ပါပဲ။ ခရစ်တော်ကို အသိအမှတ်ပြုပြီး နာခံနိုင်သူတွေသာ ဘုရားသခင်ကို အမှန်တကယ်သိတာဖြစ်ပါတယ် အကြောင်းကတော့ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဟာ ဘုရားသခင်ဆီက ပေါ်ထွက်တာကြောင့်ပါပဲ ဒါတွေအားလုံးဟာ လူ့ဇာတိခံယူတဲ့ခရစ်တော်ရဲ့ထုတ်ဖော်ပြမှုတွေကနေ လာတာပါ ခရစ်တော်ကလွဲရင်၊ ဘယ်သူ့ကိုမှ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး၊ ဒါကို နားလည်တဲ့လူဆိုတာလည်း မရှိသလောက်ပါပဲ။ လူ့ဇာတိခံခြင်းကို အသိအမှတ်ပြုလာစေဖို့အတွက် ဘုရားသခင်ဟာ လူရဲ့စွမ်းရည်ကိုပဲ အသုံးချပါတယ် လူတွေကိုစမ်းသပ်တဲ့ စံနှုန်းအဖြစ်နဲ့ပါ ယုံကြည်မှုအရ ဒီစံနှုန်းကိုမီတဲ့သူတွေသာ ဘုရားသခင်ရဲ့ချီးမွမ်းမှုကို ရနိုင်တယ်။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကို လက်ခံနာယူသူအားလုံးဟာ မကောင်းမှုမှာကျော်လွှားနိုင်သူတွေပါပဲ။ ပြီးပြည့်စုံမှုကို ဦးဆုံးရဖို့အတွက် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံရမယ့်လူတွေပါ။ ခရစ်တော်ကို လက်မခံနိုင်၊ မနာခံနိုင်သူတွေကတော့ ကပ်ဘေးမျိုးစုံကို ကြုံကြရပါလိမ့်မယ် အကြောင်းကတော့ သူတို့ဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကို အသိအမှတ်မပြုတာကြောင့်၊ ပညာဉာဏ်နည်းတဲ့ကညာပျိုတွေအဖြစ် သတ်မှတ်ခံရလို့ပါပဲ သခင်ယေရှု ကြွခဲ့တဲ့ကာလတုန်းကလိုပေါ့ သမ္မာတရားကို ချစ်မြတ်နိုးသူတွေနဲ့ ကိုယ်တော့်နှုတ်ကပတ်တော်ကို လက်ခံပြီး၊ ကိုယ်တော်ကို အမှန်တကယ်ဆည်းကပ်သူတွေအားလုံးကို ကိုယ်တော်က တောင်ထိပ်ဆီ ခေါ်သွားခဲ့တယ် သူတို့အားလုံးကို သီးခြားလမ်းပြပေးတယ်၊ သင်ကြားပေးတယ် ဒါပေမဲ့ ဘာသာရေးလောကထဲက လူတွေ၊ ဘုရားသခင်ကို ကိုယ်ကျိုးအတွက်သာ ယုံကြည်သူတွေကိုတော့ နည်းနည်းမှ ဂရုစိုက်ခြင်းမရှိခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အထက်ကောင်းကင်ဘုံတွေမှာရှိတယ်ဆိုတဲ့ ဝိုးတဝါးဘုရားသခင်ကိုပဲ ယုံကြည်ခဲ့ကြတယ်။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကိုလည်း လက်မခံခဲ့ကြဘူး။ သူတို့တွေဟာ ဘုရားသခင်ကိုအသိအမှတ်ပြုနိုင်စွမ်း မရှိတာကြောင့် အကန်းလိုဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် လူ့ဇာတိခံယူတဲ့ခရစ်တော်ကို လက်ခံနာယူသူတွေသာ ဘုရားသခင်ရဲ့ချီးမွမ်းခြင်းကို ရလိမ့်မယ်။ ကိုယ်တော်ကြောင့် ပြီးပြည့်စုံခြင်းကို ရလိမ့်မယ်။ ဘာကြောင့် ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ရတာလဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တစ်ခုကို ဖတ်ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ ရယူနိုင်သောအရာ တစ်ခုလည်း မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်ကိုယ်တိုင်သာ အသက်၏ လမ်းခရီး ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်ပြီး၊ အစဉ်စီးဆင်းနေသော ရှင်သန်သည့် အသက်စမ်းရေဖြစ်၏။ ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်ကတည်းမှစ၍ ဘုရားသခင်သည် အသက်၏ စွမ်းအားပါဝင်သည့် အမှုများစွာကို လုပ်ဆောင်ပြီး ဖြစ်သည်၊ လူသားထံ အသက် ဆောင်ကြဉ်းပေးသည့် အမှုများစွာကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့၊ လူသားအနေဖြင့် အသက်ရရှိစေနိုင်ရန် အလို့ငှာ ကြီးမားသော အဖိုးအခတစ်ခုကို ပေးဆပ်ပြီးဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီး ဖြစ်သောကြောင့် ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)ဘုရားသခင်သာလျှင် မပြောင်းလဲနိုင်သော အသက်ဖြစ်ကြောင်းနှင့် ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီးကို ပိုင်ဆိုင်ကြောင်း...။ သူ၏အသက်သည် မပြောင်းလဲနိုင်သည့်အတွက်၊ ထာဝရဖြစ်၏။ ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီး ဖြစ်သည့်အတွက်၊ ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်၏ လမ်းခရီးဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အရ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဟာ ဘုရားသခင်ထံကသာ ဖြစ်လာမှန်း ကျွန်တော်တို့သိကြပြီ ဘဝလမ်းခရီးဆိုတာ ဘုရားသခင်ကိုယ်တော်တိုင်သာ ပိုင်ဆိုင်ပါတယ်။ “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” လို့ သမ္မာကျမ်းမှာ ဆိုပါတယ် (ယော ၁:၁) နှုတ်ကပတ်တော်ဟာ ဘုရားသခင်ပါပဲ။ နှုတ်ကပတ်တော်ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပါပဲ နှုတ်ကပတ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ပါပဲ ဇာတိဖြစ်လာသောနှုတ်ကပတ်တော်ဆိုတာ လူ့ဇာတိမှာ ပေါ်ပေါက်လာတဲ့ ဘုရားသခင်ရဲ့ဝိညာဉ်တော်ကို ရည်ညွှန်းပါတယ် တစ်နည်းပြောရရင် သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဟာ ဇာတိပကတိမှာ အားလုံးဖြစ်လာပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “နှုအရေးပါသော အရာမှာ သင်သည် နှုတ်ကပတ်တော်မှာ လူ့ဇာတိခံယူပြီး သမ္မာတရား၏ ဝိညာဉ်သည် ဇာတိပတိထဲ၌ အကောင်အထည် ပေါ်လာပြီးဖြစ်သည်- သမ္မာတရားအားလုံး၊ လမ်းခရီးနှင့် အသက်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာပေါ်သို့ ဧကန်အမှန်ပင် ရောက်ရှိလာကာ ဝိညာဉ်တော်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာပြီးဖြစ်သည် ဆိုခြင်းကို ဤပုံမှန် လူ့သဘာဝမှ ရှာဖွေတွေ့ရှိခြင်းငှာ တတ် စွမ်းနိုင်ခြင်း ရှိ၊ မရှိသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)) ကိုယ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်ဆိုတဲ့အချက်ကို ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း နှစ်ကြိမ်စလုံးက သက်သေခံနေပါတယ်။ ဒါဟာ လူတွေကို လေးလေးနက်နက်ထုတ်ဖော်ပြခဲ့ခြင်းဖြစ်ပါတယ် ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာ လူတွေကို ပြခဲ့တာပါ ခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်၊ ကိုယ်တော်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းတွေဟာလည်း သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာကို ပြခဲ့တာပါ ဒါဟာ ခရစ်တော်ရဲ့အနှစ်သာရပါပဲ။ ခရစ်တော်က ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဟောကြားတယ်ဆိုတာ၊ ဘုရားသခင်ကိုယ်တော်တိုင် အမှုတော်ကို ဆောင်ရွက်တာနဲ့အတူတူပါပဲ ဒီလိုနဲ့ပဲ ခရစ်တော်ဟာ ခေတ်ဟောင်းကိုအဆုံးသတ်ပေးသလို၊ ခေတ်သစ်တစ်ခုကိုလည်း အစပျိုးပေးတယ် လူသားအားလုံးအတွက် ခေတ်ကာလတစ်ခုလုံးရဲ့ အမှုတော်ကို ဆောင်ရွက်ပေးတယ်။ ခရစ်တော် ဟောကြားတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အမှုတော်တစ်ခုအတွက် အလုံးစုံသောနှုတ်ကပတ်တော်ပါပဲ ဘုရားသခင်ရဲ့စိတ်သဘောထား၊ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်အစီအမံတွေရဲ့နက်နဲခြင်းတွေကို စစ်မှန်စွာဖော်ထုတ်ပြခြင်းပါပဲ လူတွေအပေါ် ဘုရားသခင်ရဲ့တောင်းဆိုချက်၊ ရည်ရွယ်ချက်ကို ဖော်ပြခြင်းလည်း ဖြစ်ပါတယ်။ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်အားလုံးဟာ သမ္မာတရားပါပဲ။ ဒါတွေဟာ လူတွေရဲ့ဘဝမှာ ပါဝင်နေရုံမကဘူး၊ ဘဝအတွက် အထောက်အပံ့ကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ သခင်ယေရှု ကြွခဲ့တဲ့အချိန်တုန်းကလိုပါပဲ။ ကိုယ်တော်ဟာ ကျေးဇူးတော်ခေတ်မှာ လူတွေ လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြခဲ့တယ် လူတွေကို အပြစ်တွေဝန်ခံစေတယ်၊ နောင်တရစေတယ်၊ ဘုရားသခင်ရှေ့မှောက် ပြန်ရောက်စေခဲ့တယ်။ ကိုယ်တော့်ကျေးဇူးတော်ကို ဝမ်းမြောက်တတ်စေဖို့.. ကိုယ်တော့်သနားကရုဏာနဲ့ မေတ္တာကို မြင်တတ်စေဖို့အတွက်၊ လူတွေကို ဘုရားသခင်ထံ ဆုတောင်းတတ်အောင် ဘုရားသခင်ရှေ့မှောက် ရောက်အောင် မြှင့်တင်ပေးခဲ့တယ်။ ဒါဟာ ရွေးနုတ်ခြင်းအမှုတော်ကြောင့် ရခဲ့တဲ့ရလဒ်ပါပဲ။ သခင်ယေရှုရဲ့အမှုတော်ဟာ လူတွေကိုအပြစ်ကနေ ရွေးနုတ်ရင်း၊ ခွင့်လွှတ်ခြင်းကို ရစေခဲ့ပါတယ် သခင်ယေရှုဟာ လူတွေကိုရွေးနုတ်ခြင်းအမှုရဲ့အဆင့်တစ်ခုကို ဆောင်ရွက်ခဲ့တာဖြစ်သလို ပညတ်တော်ခေတ်ကို အဆုံးသတ်စေခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို အစပျိုးပေးခဲ့တာပါပဲ။ နောက်ဆုံးသောကာလအတွက် လူ့ဇာတိခံတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ကြွရောက်နေပါပြီ လူတွေကို သန့်စင်စေမယ့် ကယ်တင်မယ့် သမ္မာတရားအားလုံးကို ဖော်ထုတ်ပြနေပါပြီ တရားစီရင်ခြင်းအမှုကိုလည်း ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်နေပါပြီ လူတွေအနေနဲ့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ကြဉ်ကြစေဖို့၊ မာရ်နတ်ရဲ့လွှမ်းမိုးမှုအောက်က ရုန်းထွက်ပြီး.. ဘုရားသခင်ရှေ့မှောက် ပြန်ရောက်လာစေဖို့အတွက် ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်သဘောထား၊ အနန္တတန်ခိုးတော်နဲ့ ပညာဉာဏ်တွေကို ထုတ်ဖော်ပြနေပါတယ် လူတွေရဲ့ပင်ကိုယ်စရိုက်တွေကို သန့်စင်ပေးနေပါတယ်။ ပြောင်းလဲပေးနေပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ဟာ နိုင်ငံတော်ခေတ်ကို အစပျိုးပေးပြီး၊ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပါတယ်။ ဒါဟာ ဘာကိုပြလဲဆိုရင် ခရစ်တော် မိန့်ဆိုသမျှ၊ လုပ်ဆောင်သမျှ၊ ဖော်ထုတ်ပြသမျှအားလုံးဟာ အလုံးစုံသောသမ္မာတရားဖြစ်တယ်ဆိုတာပါပဲ ခရစ်တော်ကသာ လူတွေကို လမ်းမှန်ဆီ ညွှန်ပြနိုင်တယ်။ လူတွေအတွက် ဘဝအထောက်အပံ့နဲ့ ကယ်တင်ခြင်းကို ပေးနိုင်တယ် ဒီလိုအရာတွေကို ဘယ်လိုလူကမှ မပိုင်ဆိုင်ပါဘူး။ မဖော်ထုတ်ပြနိုင်ပါဘူး။ ခရစ်တော်ဟာ လူတွေရဲ့ဘဝအတွက် မပြတ်တမ်းရှိနေတဲ့ အထောက်အပံ့ဖြစ်ပါတယ်။ ကိုယ်တော်ဟာ ဘုရားသခင်ပေါ်ထွန်းခြင်းပါပဲ ကိုယ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ပါပဲ။ ခရစ်တော်ကသာ လူတွေကို ရွေးနုတ်ခြင်း၊ ကယ်တင်ခြင်းပြုပါတယ်။ ခရစ်တော်ကလွဲရင် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကို ဘယ်သူမှ မပိုင်ဆိုင်ပါဘူး ဒီအချက်ကိုတော့ အရှင်းဆုံးမြင်နိုင်ပါတယ်။

—နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ

အရှေ့သို့- မေးခွန်း ၆- ကျေးဇူးတော်ခေတ်တွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်လျက် ၎င်းတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် အစေခံဖို့ လူ့ဇာတိဖြစ်လာခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူသားကို လုံးလုံးလျားလျား သန့်စင်ပြီး ကယ်တင်ဖို့အလို့ငှာ သမ္မာတရားကို ဖော်ပြရန်နှင့် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် တစ်ဖန် လူ့ဇာတိဖြစ်လာပြီဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုအား လုပ်ဆောင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် နှစ်ကြိမ် လူ့ဇာတိခံဖို့ လိုအပ်ပါသနည်း။ ထို့အပြင် ဘုရားသခင် နှစ်ကြိမ် လူ့ဇာတိခံယူခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်မှာ အဘယ်နည်း။

နောက်တစ်ခုသို့- မေးခွန်း ၈- နောက်ဆုံးသော ကာလတွင် ဘုရားသခင် မိမိကိုယ်ကိုယ် လူ့ဇာတိခံယူခြင်းက စာတန်အုပ်စိုးသည့် ခေတ်ဟောင်းကို အဆုံးသတ်ရင်း၊ နိုင်ငံတော်ခေတ်ကို စတင်ပြီးဖြစ်သည်ဟု သင် သက်သေခံသည်။ ကျွန်ုပ်တို့ မေးလိုသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်က မရေရာသည့် ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ခေတ်နှင့် စာတန်အုပ်စိုးသည့် အမှောင်ခေတ်ကို အဘယ်သို့ အဆုံးသတ်ခဲ့ပါသနည်း။ ကျေးဇူးပြုပြီး အသေးစိတ် မိတ်သဟာယပြုဝေမျှပေးပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။