၃။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို သက်သေခံခြင်းနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ

(၁၆၅) ချီးမွမ်းခြင်းသည် ဇိအုန်သို့ရောက်လာပြီဖြစ်ကာ ဘုရားသခင်၏ ကျိန်းဝပ်တော်မူရာအရပ်သည် ပေါ်ထွန်းလာပြီးဖြစ်သည်။ လူမျိုးခပ်သိမ်း၏ ချီးမွမ်းခြင်းခံရသော ဘုန်းကြီးသည့် သန့်ရှင်းသောနာမသည် ပျံ့နှံ့လျက်ရှိသည်။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ စကြဝဠာ၏ဦးသျှောင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်- သူသည် ဘုန်းတန်ခိုးအာနုဘော်နှင့် ကြီးကျယ်ခမ်းနားခြင်းတို့ဖြင့် စကြဝဠာတစ်ခုလုံးအပေါ်လွှမ်းမိုးသည့် ဇိအုန်တောင်အထက်တွင် ပေါ်ထွက်နေသော တောက်ပနေသည့်နေမင်းဖြစ်၏...

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့သည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် ကိုယ်တော်အား ဟစ်အော်ခေါ်ကြပါ၏၊ ကျွန်ုပ်တို့သည် ကခုန်လျက် သီချင်းဆိုကြပါ၏။ ကိုယ်တော်သည် အမှန်တကယ် ကျွန်ုပ်တို့၏ ရွေးနုတ်ရှင်၊ စကြဝဠာ၏ ကြီးမြတ်သော ဘုရင်ဖြစ်၏။ ကိုယ်တော်သည် အောင်မြင်သောသူတစ်စုကို ပြုလုပ်ပြီးဖြစ်ကာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေလေပြီ။ လူမျိုးခပ်သိမ်းသည် ဤတောင်သို့ စုဝေးကြလိမ့်မည်။ လူမျိုးခပ်သိမ်းသည် ပလ္လင်တော်ရှေ့တွင် ဒူးထောက်ကြလိမ့်မည်။ ကိုယ်တော်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်တော်မူပြီး ဘုန်းအသရေနှင့် ဂုဏ်ပြုခြင်းတို့ ထိုက်တန်ပါ၏။ ဘုန်းအသရေ၊ ချီးမွမ်းခြင်းနှင့် ဩဇာအာဏာအားလုံးတို့သည် ပလ္လင်တော်၌ ရှိစေသတည်း။ အသက်စမ်းရေသည် မြောက်မြားစွာသော ဘုရားသခင်၏လူတို့ကို ရေလောင်းကာ ကျွေးမွေးလျက် ပလ္လင်တော်မှ စီးထွက်သည်။ အသက်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲ၏။ အသစ်သောအလင်းနှင့် ဗျာဒိတ်တော်များသည် ဘုရားသခင်အကြောင်း အသစ်သော ထိုးထွင်းသိမြင်မှုများကို စဉ်ဆက်မပြတ် ပေးလျက်၊ ကျွန်ုပ်တို့နောက်ကို လိုက်ကြ၏။ အတွေ့အကြုံများအလယ်တွင်၊ ဘုရားသခင်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ လုံးဝ သေချာသွားကြသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်များသည် စဉ်ဆက်မပြတ် ထင်ရှားလာကြ၏၊ မှန်ကန်သောသူများအတွင်းတွင် ထင်ရှားလာကြ၏။ ကျွန်ုပ်တို့သည် ဧကန်အမှန် ကောင်းချီးအလွန်ခံစားကြရပါ၏။ ဘုရားသခင်နှင့် နေ့စဉ် မျက်နှာချင်းဆိုင် တွေ့၍ အရာရာ၌ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ ဘုရားသခင်အား အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာပေးလျက်ရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သေချာစွာ စဉ်းစားချင့်ချိန်၍ ကျွန်ုပ်တို့၏နှလုံးသားများသည် ဘုရားသခင်၌ ငြိမ်သက်လျက်ရှိပြီး၊ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အလင်းကို လက်ခံရရှိသည့် နေရာဖြစ်သော ကိုယ်တော်၏ရှေ့မှောက်သို့ လာကြ၏။ နေ့စဉ် ကျွန်ုပ်တို့၏ အသက်တာများ၊ လုပ်ဆောင်မှုများ၊ စကားများ၊ အတွေးများနှင့် စိတ်ကူးများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် ကျွန်ုပ်တို့ အသက်ရှင်ကြပြီး အစဉ်အမြဲ ခွဲခြားစိတ်ဖြာနိုင်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တိကျသေချာစွာ လမ်းပြ၏၊ ကျွန်ုပ်တို့အတွင်း ကွယ်ဝှက်ထားသောအရာများသည် တစ်ခုပြီးတစ်ခု မမျှော်လင့်ဘဲ ပေါ်လာကြ၏။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် နှောင့်နှေးခြင်းကို သည်းခံသည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ အတွေးများနှင့် စိတ်ကူးများသည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို ခံရသည်။ အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့သည် တရားစီရင်ခြင်းကို ကျွန်ုပ်တို့ ကြုံရသည့်နေရာဖြစ်သော ခရစ်တော်၏ပလ္လင်တော်ရှေ့၌ အသက်ရှင်နေထိုင်လျက်ရှိကြ၏။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာများအတွင်းရှိ ‌နေရာတိုင်းသည် စာတန်၏ ဆက်လက်သိမ်းပိုက်ထားခြင်းကို ခံနေရသည်။ ယနေ့တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ပြန်လည် ရရှိရန်အလို့ငှာ၊ သူ၏ဗိမာန်တော်သည် သန့်ရှင်းရပေမည်။ ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို အပြည့်အဝခံရဖို့ရန် ကျွန်ုပ်တို့သည် သေရေးရှင်ရေး ရုန်းကန်မှုတစ်ရပ်တွင် ပါဝင်ရမည်။ ကျွန်ုပ်တို့၏ လူဟောင်းများကို ကားစင်တင်ပြီးဖြစ်သည့်အခါမှသာ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်သည် အထွတ်အထိပ် စိုးစံနိုင်ပေသည်။

ယခုတွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ဆယ်တင်ခြင်းအတွက် တိုက်ပွဲဝင်ရန် ကျွန်ုပ်တို့၏ နေရာအနှံ့တွင် ရုတ်တရက် တစ်ဟုန်ထိုးတိုက်ပွဲတစ်ရပ် စတင်၏။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားလျက်ရှိရန် အဆင်သင့်ရှိသရွေ့၊ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် တတ်နိုင်သမျှအမြန်ဆုံး စုံလင်သွားနိုင်စေရန်အလို့ငှာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အတွင်းမှ အချိန်တိုင်း အလင်းပေးကာ သန့်စင်စေမည်ဖြစ်ပြီး၊ စာတန်သိမ်းပိုက်ထားခဲ့သည့်အရာကို အသစ်ပြန်လည် သိမ်းယူလိမ့်မည်မှာ သေချာ၏။ အချိန်မဖြုန်းနှင့်- ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အချိန်တိုင်း အသက်ရှင်လော့။ သန့်ရှင်းသူတို့ နှင့်အတူ တည်ဆောက်ခြင်းခံကြလော့၊ နိုင်ငံတော်အတွင်း ခေါ်ဆောင်ခြင်းခံကြလော့၊ ပြီးလျှင်ဘုရားသခင်နှင့်အတူ ဘုန်းတော်ဝင်စားကြလော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁)

(၁၆၆) ဖိလဒေလဖိအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့် လုံးလုံးဖြစ်၏။ ၎င်းတို့၏ ဝိညာဉ်ရေးရာ ခရီးပေါ်တွင် ယိမ်းယိုင်ခြင်းမရှိသည့် မရေမတွက်နိုင်သော သန့်ရှင်းသူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ထွက်ပေါ်လေသည်။ ၎င်းတို့သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် လူ့ဇာတိခံလာပြီဖြစ်သည်၊ သူသည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်သည့် စကြဝဠာ၏ ဦးသျှောင် ဖြစ်သည်ဟူသော ၎င်းတို့၏ ယုံကြည်ခြင်းကို စွဲစွဲမြဲမြဲ ကိုင်စွဲကြလေသည်။ ယင်းကို သန့်ရှင်းသောဝိညာဉ်တော်က အတည်ပြုထား၏၊ ယင်းသည် တောင်တန်းများတမျှပင် မရွေ့လျားနိုင်ပေ။ ပြီးလျှင် ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

အိုး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၊ ယနေ့တွင် မျက်စိမမြင်သူများကို မြင်ခွင့်ပေးလျက်၊ ခြေမသန်သောသူများကို လမ်းလျှောက်စေလျက်နှင့် နူနာစွဲသောသူများကို ပျောက်ကင်းစေလျက် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာမျက်စိတို့ကို ဖွင့်ပေးခဲ့သူမှာ ကိုယ်တော်ဖြစ်ပါ၏။ ဝိညာဉ်ရေးရာ နယ်ပယ်၏ နက်နဲမှုများကို ကျွန်ုပ်တို့အား သိမြင်စေလျက်၊ မိုးကောင်းကင်သို့ တံခါးကို ဖွင့်ခဲ့သည်မှာ ကိုယ်တော် ဖြစ်ပါ၏။ ကိုယ်တော်၏ သန့်ရှင်းသော နှုတ်ကပတ်တော်များဖြင့် စိမ့်ဝင်ပျံ့နှံ့ကာ ကျွန်ုပ်တို့သည် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူ့သဘာဝမှ ကယ်တင်ခံရလျက်- ကိုယ်တော်၏မခန့်မှန်းနိုင်သော မဟာအမှုတော်နှင့် မခန့်မှန်းနိုင်သော မဟာကရုဏာတော်သည် ဤကဲ့သို့ ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ သက်သေခံများ ဖြစ်ကြပါ၏။

ကိုယ်တော်သည် နှိမ့်ချစွာနှင့် တိတ်ဆိတ်စွာ ကွယ်ဝှက်၍နေလာခဲ့သည်မှာ ကာလကြာမြင့်ခဲ့ချေပြီ။ ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ ကားစင်တင်ခံရခြင်းဒုက္ခ၊ လူ့ဘဝ၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းများ၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကြုံရပြီးဖြစ်ပါ၏။ ကိုယ်တော်သည် လူ့လောက၏ နာကျင်မှုကို တွေ့ကြုံကာ မြည်းစမ်းပြီးဖြစ်ကာ ခေတ်ကာလ၏ ပစ်ပယ်မှုကို ကိုယ်တော် ခံရပြီးဖြစ်ပါ၏။ လူ့ဇာတိကိုခံယူသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တော်မူ၏။ ဘုရားသခင်၏ အလိုတော်အဖို့ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကိုယ်တော်၏ လက်ျာလက်တော်ဖြင့် ချီပင့်ရင်းနှင့် ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်တို့အား အခမဲ့ ပေးရင်း နောက်ချေးပုံမှ ကျွန်ုပ်တို့ကို ကယ်တင်ပြီးဖြစ်ပါ၏။ မည်သည့်နာကျင်မှုကိုမျှ မရှောင်ရှားဘဲ၊ ကိုယ်တော်သည် ကိုယ်တော်၏အသက်ကို ကျွန်ုပ်တို့အတွင်း၌ ဖြစ်ပေါ်စေခဲ့လေပြီ။ ကိုယ်တော်၏ သွေး၊ ချွေးနှင့် မျက်ရည်တို့ဖြင့် ကိုယ်တော် ပေးဆပ်ခဲ့သော အဖိုးအခသည် သန့်ရှင်းသူတို့အပေါ် ပုံပေါ်လာပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အပင်ပန်းခံသော အားထုတ်မှုများ၏ ရလဒ်က ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်ပေးဆပ်သည့် အဖိုးအခဖြစ်ပါ၏။

အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော်၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်တော်၊ ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် နှိမ့်ချခြင်းတို့ကြောင့် လူမျိုးအားလုံးသည် ကိုယ်တော်၏ ရှေ့တော်၌ ထာဝရကာလပတ်လုံး ပျပ်ဝပ်၍ ကိုးကွယ်ကြပါလိမ့်မည်။

ယနေ့၊ ကိုယ်တော်သည်- ဖိလဒေလဖိ အသင်းတော်- အသင်းတော်အားလုံးကို စုံလင်စေပြီးဖြစ်ကာ ထိုသို့ဖြင့် ကိုယ်တော်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေပြီးဖြစ်ပါ၏။ စိတ်ဝိညာဉ်တွင် ဆက်နွှယ်လျက်နှင့် ချစ်ခြင်းမေတ္တာနှင့်အတူ လိုက်လျှောက်ရင်း၊ စမ်းရေ၏ အရင်းအမြစ်နှင့် ဆက်သွယ်လျက် ကိုယ်တော်၏ရှေ့တွင် သန့်ရှင်းသူတို့သည် မိမိတို့ကိုယ်ကိုယ် နှိမ့်ချစွာဖြင့် နာခံနိုင်ကြပါ၏။ ရှင်သန်သော အသက်စမ်းရေသည် အသင်းတော်ထဲက ရွှံ့နှင့် ညစ်ညူးမှုအားလုံးကို ဆေးကြောကာ သန့်စင်ဖယ်ရှားလျက်၊ ကိုယ်တော်၏ ဗိမာန်တော်ကို တစ်ဖန် သန့်စင်စေရင်း၊ မရပ်မနား စီးဆင်းပါ၏။ ကျွန်ုပ်တို့သည် လက်တွေ့ကျသည့် စစ်မှန်သော ဘုရားသခင်ကို သိရှိလာကြပါပြီ၊ ကိုယ်တော်၏နှုတ်ကပတ်တော်အတွင်းတွင် လျှောက်လှမ်းကြပါပြီ၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင် လုပ်ငန်းတာဝန်များကို သိမှတ်ပြီး အသင်းတော်အဖို့အလို့ငှာ မိမိတို့ကိုယ်ကိုယ် အသုံးခံဖို့ ကျွန်ုပ်တို့သည် တတ်နိုင်သမျှ လုပ်ဆောင်ပြီးဖြစ်သည်။ ကိုယ်တော်၏ အလိုတော်သည် ကျွန်ုပ်တို့၌ မပိတ်ဆို့ရန်၊ ကိုယ်တော်၏ ရှေ့မှောက်တွင် အမြဲ ဆိတ်ဆိတ်နေလျက် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ကျွန်ုပ်တို့ အရေးစိုက်ရပါမည်။ သန့်ရှင်းသူများအကြားတွင် အပြန်အလှန် ချစ်ခြင်းမေတ္တာရှိပြီး အချို့၏ အားသာချက်တို့သည် အခြားသူတို့၏အားနည်းချက်များအတွက် အစားထိုးပေးပါလိမ့်မည်။ ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရကာ အလင်းပြခံရလျက်၊ အချိန်တိုင်း ဝိညာဉ်တော်၌ လျှောက်လှမ်းနိုင်ကြပေသည်။ ၎င်းတို့သည် သမ္မာတရားကို သိရှိနားလည်သည်နှင့် ချက်ချင်း လက်တွေ့လုပ်ဆောင်ကြသည်။ အသစ်သောအလင်းကို အမီလိုက်ကာ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်ကြလေသည်။

ဘုရားသခင်နှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြလော့၊ ကိုယ်တော်ကို ထိန်းချုပ်ခွင့်ပေးခြင်းမှာ ကိုယ်တော်နှင့်အတူလျှောက်လှမ်းခြင်းဖြစ်၏။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် စိတ်ကူးများ၊ အယူအဆများ၊ သဘောထားများနှင့် လောကီ ငြိတွယ်ခြင်းများသည် မီးခိုးငွေ့ကဲ့သို့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝိညာဉ်များထဲတွင် ဘုရားသခင်ကို ကျွန်ုပ်တို့ အထွတ်အထိပ် အုပ်စိုးခွင့်ပြုသောကြောင့်၊ သူနှင့်အတူလျှောက်ကာ၊ ထူးကဲသာလွန်ခြင်း၊ လောကကို အောင်မြင်ခြင်းတို့ကို ရရှိကြပြီး ကျွန်ုပ်တို့၏စိတ်ဝိညာဉ်များသည် လွတ်လပ်စွာ ပျံသန်းကာ လွတ်မြောက်မှုကို ရရှိကြ၏။ ဤသည်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်လာသည့်အခါ ရရှိသော အကျိုးရလဒ်ပင် ဖြစ်ပေ၏။ ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းများ၊ အသစ်သော ဓမ္မသီချင်းများကို ပူဇော်ရင်း၊ ကျွန်ုပ်တို့သည် အဘယ်သို့ ချီးမွမ်းခြင်းဖြင့် မကခုန်၊ မသီဆိုဘဲ နေနိုင်ကြမည်နည်း။

ဘုရားသခင်ကိုချီးမွမ်းရန် နည်းလမ်းများစွာ အမှန်ရှိ၏- ကိုယ်တော့်နာမတော်ကို ဟစ်ခေါ်ခြင်း၊ ကိုယ်တော့်ထံ တိုးဝင် ချဉ်းကပ်ခြင်း၊ ကိုယ်တော့်အကြောင်းကို တွေးတောခြင်း၊ ဆုတောင်း- ဖတ်ရှုခြင်း၊ မိတ်သဟာယ၌ ပါဝင်ခြင်း၊ ဆင်ခြင်စဉ်းစားခြင်းနှင့် တွေးဆခြင်း၊ ဆုတောင်းခြင်းနှင့် ချီးမွမ်းသီချင်းများ ဖြစ်သည်။ ဤကဲ့သို့ ချီးမွမ်းခြင်းမျိုးများတွင် ပျော်မွေ့ခြင်းရှိကာ ဘိသိက်ရှိ၏၊ ချီးမွမ်းခြင်း၌ တန်ခိုးရှိပြီး ဝန်တာတစ်ခုလည်း ရှိ၏။ ချီးမွမ်းခြင်း၌ ယုံကြည်ခြင်းရှိကာ အသစ်သော ထိုးထွင်းသိမြင်ခြင်း ရှိပေသည်။

ဘုရားသခင်နှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လော့၊ အစေခံခြင်းတွင် ပူးပေါင်းဆောင်ရွက်ကာ တစ်လုံးတစ်ဝတည်း ဖြစ်ကြလော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းလော့၊ သန့်ရှင်းသော ဝိညာဉ်ရေးရာ ခန္ဓာတစ်ခု ဖြစ်ရန် အလျင်အမြန်ပြုလော့၊ စာတန်အား ခြေဖြင့်နင်းကာ စာတန်၏ ကံကြမ္မာကို အဆုံးသတ်လော့။ ဖိလဒေလဖိအသင်းတော်သည် ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ ချီဆောင်ခံရပြီးဖြစ်ကာ သူ၏ ဘုန်းတော်ထဲတွင် ထင်ရှားစေပြီ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂)

(၁၆၇) အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏။ သူသည် ရွေးနုတ်ခြင်းကို ပြီးမြောက်ပြီးဖြစ်ကာ၊ သူ၏လူအပေါင်းကို ဘုန်းအသရေဖြင့် ပေါ်ထွန်းဖို့ ဦးဆောင်ပြီးလေပြီ။ သူသည် စကြဝဠာကို သူ၏လက်ထဲ၌ ထိန်းချုပ်ထားကာ၊ သူ၏ဘုရားသဘောသဘာဝ ဉာဏ်ပညာနှင့် ခွန်အားဖြင့် ဇိအုန်ကို တည်ဆောက်ကာ ခိုင်ခံ့စေလေပြီ။ သူ၏ဘုန်းအာနုဘော်ဖြင့် ဆိုးယုတ်သော လောကကြီးကို တရားစီရင်၏၊ သူသည် တိုင်းနိုင်ငံများအားလုံးနှင့် လူအပေါင်း၊ ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ၎င်းတို့ထဲရှိ သက်ရှိအရာအားလုံးအပြင်၊ မတရားသောမေထုန်၏ စပျစ်ရည်ဖြင့် ယစ်မူးကြသူများကို တရားစီရင်ပြီးလေပြီ။ ဘုရားသခင်သည် ၎င်းတို့ကို ဧကန်မုချ တရားစီရင်လိမ့်မည်ဖြစ်ပြီး၊ သူသည် ၎င်းတို့ကို မုချအမျက်ထွက်မည်ဖြစ်ကာ၊ ယင်း၌ သူ၏ တရားစီရင်ခြင်းသည် ချက်ချင်းပင်ဖြစ်ကာ၊ နှောင့်နှေးခြင်း အလျှင်းမရှိသည့် ဘုရားသခင်၏ ဘုန်းအာနုဘော်အား ထုတ်ဖော်ပြလိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသမီးသည် ၎င်းတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုများကို ဧကန်မုချ မီးရှို့ဖျက်ဆီးမည်ဖြစ်ပြီး၊ ကပ်ဘေးသည် ၎င်းတို့အပေါ် အချိန်မရွေး ကျရောက်လေမည်။ ၎င်းတို့သည် လွတ်မြောက်ရန် လမ်းကို သိကြမည်မဟုတ်ဘဲ၊ ပုန်းအောင်းစရာ နေရာမရှိ ဖြစ်ကြမည်၊ ၎င်းတို့သည် ငိုကြွေးကာ အံသွားခဲကြိတ်ကြလေမည်ဖြစ်ပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အပေါ်သို့ ပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။

ဘုရားသခင်၏ အောင်ပွဲခံသော ချစ်သားများသည် ဇိအုန်၌ မုချနေထိုင်ကြမည်ဖြစ်လိမ့်မည်၊ ထိုနေရာမှ မည်သည့်အခါမျှ ထွက်ခွာကြ မည်မဟုတ်။ မြောက်မြားစွာသော လူတို့သည် သူ၏အသံတော်ကို စေ့စေ့နားထောင်ကြလိမ့်မည်၊ ၎င်းတို့သည် သူ၏ လုပ်ဆောင်ချက်များကို အသေအချာ အလေးဂရုပြုကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ ချီးမွမ်းခြင်း အသံများသည် မည်သည့်အခါတွင်မျှ ရပ်စဲမည်မဟုတ်ပေ။ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်သည် ပေါ်ထွန်းလေပြီ။ ငါတို့သည် စိတ်ဝိညာဉ်၌ သူနှင့်ပတ်သက်၍ ယုံမှားဖွယ်မရှိဘဲ၊ သူ့နောက်သို့ နီးကပ်စွာ လိုက်သင့်ပေသည်။ ငါတို့သည် အစွမ်းကုန် ရှေ့သို့ တစ်ဟုန်ထိုးပြေးပြီး နောက်ထပ် မတုံ့ဆိုင်းသင့်ပေ။ ကမ္ဘာလောက၏ အဆုံးသတ်သည် ငါတို့ရှေ့၌ ဖွင့်ဟလျက်ရှိ၏။ မှန်ကန်သော အသင်းတော် အသက်တာအပြင် ငါတို့ပတ်လည်၌ရှိသော လူများ၊ အရေးကိစ္စများနှင့် အမှုအရာများသည် ယခုပင်လျှင် ငါတို့၏ လေ့ကျင့်ခြင်းကို ပို၍ပြင်းထန်စေနေသည်။ လောကကို အလွန်ချစ်သော ငါတို့၏စိတ်နှလုံးများကို အလျင်အမြန် ပြန်ယူကြပါစို့။ အလွန် မှေးမှိန်သော ငါတို့၏ရူပါရုံကို အလျင်အမြန် ပြန်ယူကြပါစို့။ ငါတို့သည် နယ်နိမိတ်များကို မကျော်လွန်မိနိုင်စေရန် ငါတို့၏ ခြေလှမ်းများကို ထိန်းကြစို့။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် လျှောက်လှမ်းပြီး ငါတို့၏ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုတို့ကို ခုခံပြောဆိုခြင်းမရှိနိုင်တော့ဖို့အလို့ငှာ ငါတို့၏နှုတ်များကို ရပ်တန့်ကြစို့။ လောကီနှင့် ကြွယ်ဝချမ်းသာခြင်းကို သင်၏ အလိုကြီးသော တွယ်တာခြင်း- အို၊ ယင်းကို လက်လွှတ်လော့။ ခင်ပွန်းသည်များနှင့် သားသမီးများကို သင်၏ နှောင်တွယ်နေသော သံယောဇဉ်- အို၊ ယင်းမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေကြလော့။ သင်တို့၏ရှုထောင့်အမြင်များနှင့် အခြေအမြစ် မရှိသော စွဲလမ်းမှုများကို- ကျောခိုင်းကြလော့။ အို၊ နိုးထကြလော့၊ အချိန်သည် တိုတောင်း၏။ သင်တို့၏စိတ်ဝိညာဉ်အတွင်းမှ အထက်သို့ မျှော်ကြည့်လော့၊ အထက်သို့ မျှော်ကြည့်လော့၊ ပြီးလျှင် ဘုရားသခင်ကို ထိန်းချုပ်ခွင့်ပေးလော့။ မည်သည့်အရာ ဖြစ်ပါစေ၊ လောတ၏ နောက်ထပ်ဇနီး ဖြစ်မလာစေကြနှင့်။ ပစ်ပယ်ခံရခြင်းမှာ သနားချင့်စဖွယ် ဖြစ်သည်တကား။ အမှန်ပင် သနားချင့်စဖွယ် ဖြစ်ပါတကား။ အို၊ နိုးထကြလော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃)

(၁၆၈) တောင်များနှင့် မြစ်များ ပြောင်းလဲကြသည်၊ ရေများက မိမိတို့၏ လမ်းကြောင်းတစ်လျှောက် စီးဆင်းကြပြီး၊ လူသား၏အသက်သည် မြေကြီးနှင့် ကောင်းကင်ကဲ့သို့ တည်တံ့ခြင်း မရှိပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်သာလျှင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ရာသက်ပန် ဆက်လက် တည်ရှိသော ထာဝရနှင့် ရှင်ပြန်ထမြောက်သော အသက် ဖြစ်သည်။ ခပ်သိမ်းသော အရာများနှင့် အဖြစ်အပျက်များသည် သူ၏ လက်ထဲတွင်ရှိပြီး စာတန်သည် သူ၏ ခြေအောက်၌ ရှိ၏။

ယနေ့တွင်၊ ကျွန်ုပ်တို့ကို စာတန်၏လက်တွင်းမှ သူကယ်နုတ်သည်မှာ ဘုရားသခင်၏ ကြိုတင်ခွဲခန့် မှတ်သားထားသော ရွေးချယ်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ ရွေးနုတ်ရှင် အစစ်အမှန် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် သူနှင့် မျက်နှာချင်းဆိုင် လာနိုင်ဖို့၊ သူ့ကို စားသောက်ကာ မွေ့လျော်နိုင်ကြဖို့အလို့ငှာ ကျွန်ုပ်တို့ကို ဘုရားသခင်၏အသက်နှင့် ဆက်နွှယ်စေရန် စီမံရင်း၊ ခရစ်တော်၏ ထာဝရ၊ ရှင်ပြန်ထမြောက်သော အသက်ကို ကျွန်ုပ်တို့အတွင်း၌ ဖြစ်ပေါ်စေပြီးဖြစ်သည်။ ဤသည်မှာ သူ၏ နှလုံးသွေး အဖိုးအခဖြင့် ဘုရားသခင် ပြုပြီးဖြစ်သည့် ကိုယ်ကျိုးမငဲ့သော ဆက်ကပ်မှု ဖြစ်သည်။

အလွန်များလှစွာသော ဘဝ၏ ဆင်းရဲဒုက္ခများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အတိဒုက္ခများ၊ အလွန်များလှစွာသော လောကကြီး၏ ငြင်းပယ်မှုများ နှင့် အသရေဖျက်မှုများ၊ အလွန်များလှစွာသော အစိုးရ၏ မမှန်မကန် စွပ်စွဲချက်များနှင့် တွေ့ဆုံရလျက်၊ လေနှင့် ဆီးနှင်းတို့ကို ဖြတ်သန်းရင်း ရာသီဥတုများ လာလိုက်သွားလိုက် ဖြစ်ကြသော်လည်း၊ ဘုရားသခင်၏ ယုံကြည်ခြင်းနှင့် ဆုံးဖြတ်ချက်တို့မှာ အနည်းငယ်မျှ ဆုတ်ယုတ်ခြင်း မရှိပေ။ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် အစီအစဉ်တို့ကို ဆက်ကပ်လျက်၊ ၎င်းတို့ ပြီးမြောက်စေနိုင်ဖို့ရန် အလို့ငှာ သူသည် မိမိကိုယ်တိုင်၏ အသက်ကို ဘေးဖယ်ထား၏။ သူ၏ လူထုအားလုံးအတွက် သူသည် ၎င်းတို့ကို ဂရုတစိုက် ကျွေးမွေးပြီး ရေလောင်းပေးလျက် နာကျင်မှုများကို ရှောင်ရှားခြင်းမရှိပေ။ ကျွန်ုပ်တို့ မည်မျှ မသိနားမလည်ပါစေ၊ သို့မဟုတ် မည်မျှ ဆက်ဆံရခက်ပါစေ သူ၏ရှေ့တွင် နာခံရုံမျှနာခံရမည်ဖြစ်ပြီး ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်သည် ကျွန်ုပ်တို့၏ ဗီဇဟောင်းကို ပြောင်းလဲပေးလိမ့်မည် ဖြစ်သည်။...ဤသားဦးများ အားလုံးအတွက် သူသည် အစားအစာနှင့် အိပ်စက်ခြင်းတို့ကို စွန့်လွှတ်ရင်း မမောနိုင်မပန်းနိုင် အလုပ်လုပ်သည်။ နေ့နှင့်ညများ မည်မျှ များပြားပါစေ၊ မည်မျှချစ်ချစ်တောက်ပူသော အပူရှိန်များနှင့် အလွန့်အလွန်အေးသော အေးစက်မှုများကို ဖြတ်သန်းရပါစေ၊ သူသည် ဇိအုန်တွင် စိတ်နှလုံးအကြွင်းမဲ့ စောင့်ကြည့်လေသည်။

လောက၊ နေအိမ်၊ အလုပ်နှင့် အားလုံးကို ဝမ်းမြောက်ဝမ်းသာ၊ လိုလိုလားလား လုံးဝ စွန့်လွှတ်ပြီး၊ လောက၏ ပျော်ရွှင်မှုများသည် သူနှင့် သက်ဆိုင်ခြင်းမရှိပေ။...သူ၏ နှုတ်မှ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် အရာများကို ဖော်ထုတ်ရင်း၊ ကျွန်ုပ်တို့ထဲကို ထိမှန်လေသည်။ ကျွန်ုပ်တို့သည် လက်ခံယုံကြည်မှုမရှိဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သူ၏နှုတ်မှ ထွက်လာသော ဝါကျတိုင်းသည် ကျွန်ုပ်တို့အထဲတွင် အချိန်မရွေး အမှန်တကယ် ဖြစ်ပေါ်လာကောင်း ဖြစ်ပေါ်လာနိုင်သည်။ သူ၏ မျက်မှောက်တွင်ဖြစ်စေ သူ့ထံမှဝေးရာ၌ ဖုံးကွယ်၍ဖြစ်စေ ကျွန်ုပ်တို့လုပ်ဆောင်သည့် မည်သည့်အရာမဆို သူမသိသောအရာ မရှိ၊ သူ နားမလည်သောအရာ မရှိပေ။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ကြံဆချက်များနှင့် အစီအစဉ်များ ရှိစေကာမူ အားလုံးသည် သူ၏ ရှေ့မှောက်တွင် ဧကန်အမှန် ထုတ်ဖော်ပြခံရလိမ့်မည် ဖြစ်သည်။

သူ့ရှေ့တွင် ထိုင်ရင်း၊ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်အတွင်းတွင် ဝမ်းမြောက်မှု ခံစားရင်း၊ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ငြိမ်သက်သော်လည်း၊ အမြဲ အနှစ်မဲ့ကာ ဘုရားသခင်ကို အမှန်တကယ် ကျေးဇူးကြွေးတင်ရှိသည်ဟု ခံစားရခြင်း- ဤသည်မှာ စိတ်ကူး၍ မရနိုင်သကဲ့သို့ စွမ်းဆောင်ရရှိဖို့ မဖြစ်နိုင်သည့် အံ့ဖွယ်တစ်ခု ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ကို သက်သေပြဖို့ သန့်ရှင်းသော ဝိညာဉ်တော်သည် လုံလောက်ပေ၏။ ယင်းမှာ မငြင်းနိုင်သော သက်သေဖြစ်သည်။ ဤလူစုထဲမှ ကျွန်ုပ်တို့သည် ပြောမပြနိုင်လောက်အောင် ကောင်းချီးမင်္ဂလာ ခံစားကြရ၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် သနားခြင်းကရုဏာကြောင့် မဟုတ်ပါက၊ ကျွန်ုပ်တို့သည် ထာဝရ ပျက်စီးခြင်းသို့သာ သွားပြီး စာတန်နောက်သို့ လိုက်မိနိုင်ပေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သာ ကျွန်ုပ်တို့ကို ကယ်တင်နိုင်ပေသည်။

အလိုလေး။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ လက်တွေ့ကျသော ဘုရားသခင်။ ဝိညာဉ်လောက၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ကျွန်ုပ်တို့အား ရှုမြင်ခွင့်ပေးရင်း၊ ကျွန်ုပ်တို့၏ ဝိညာဉ်မျက်စိများကို ဖွင့်ပေးပြီးလေသူမှာ ကိုယ်တော်ဖြစ်သည်။ နိုင်ငံတော်၏ အလားအလာများမှာ အကန့်အသတ်မဲ့ပေသည်။ ကျွန်ုပ်တို့ စောင့်ဆိုင်းနေရင်း ဂရုတစိုက်ကြည့်ကြပါစို့။ ထိုနေ့ရက်သည် အလွန့်အလွန် မဝေးနိုင်ပေ။

စစ်၏မီးလျှံများ ဝေ့လည်သည်၊ လေထုသည် စက်အမြောက်မီးခိုးများဖြင့် ပြည့်နေ၏၊ မိုးလေဝသအခြေအနေ ပူနွေးသွားသည်၊ ရာသီဥတု ပြောင်းလဲသည်၊ ကပ်ဆိုးတစ်ခု ပျံ့နှံ့လိမ့်မည်ဖြစ်ကာ၊ အသက်ရှင်ကျန်ရစ်ရန် မျှော်လင့်ချက်မရှိဘဲ လူတို့ သေဖို့သာ ရှိနိုင်သည်။

အလိုလေး။ အနန္တတန်ခိုးရှင် ဘုရားသခင် လက်တွေ့ကျသော ဘုရားသခင်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ထိုးဖောက်မရနိုင်သော ခံတပ်ကြီးဖြစ်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်ပါ၏။ ကိုယ်တော်၏ အတောင်တော်များ အောက်တွင် ကျွန်ုပ်တို့ တိုးဝင်ပြီး ဘေးဒုက္ခသည် ကျွန်ုပ်တို့ထံ မရောက်နိုင်ပေ။ ယင်းမှာ ကိုယ်တော်၏ ဘုရားသဘောသဘာဝ ကွယ်ကာခြင်းနှင့် စောင့်မခြင်းတို့ ဖြစ်ပေသည်။

ကျွန်ုပ်တို့အားလုံး သီချင်းများ ကျယ်လောင်စွာ သီဆိုကြသည်၊ ချီးမွမ်းခြင်းဖြင့် ကျွန်ုပ်တို့ သီဆိုကြပြီး ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းအသံသည် ဇိအုန်တစ်လျှောက်လုံး မြည်ဟည်း လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် လက်တွေ့ကျသော ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ထိုဘုန်းကြီးသော ခရီးပန်းတိုင်ကို ပြင်ဆင်ပေးလေပြီ။ ဂရုတစိုက်ကြည့်လော့- အို၊ သတိပြုလော့။ ယခုချိန်ထိ အချိန်နာရီသည် နောက်မကျလွန်းပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅)

(၁၆၉) နိုင်ငံတော်၏ ရှင်ဘုရင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သက်သေထူခံရပြီး ဖြစ်သည့်အချိန်ကတည်းက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အတိုင်းအတာကို စကြဝဠာတစ်ခုလုံး အနှံ့အပြားတွင် လုံးလုံးလျားလျား ဖွင့်ဟပြီးဖြစ်သည်။ ဘုရားသခင် ပေါ်ထွန်းခြင်းကို တရုတ်နိုင်ငံတွင် သက်သေခံပြီးသည်သာမက၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကိုလည်း တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံးတွင် သက်သေခံပြီး ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဖြစ်နိုင်သမျှ မည်သည့်နည်းလမ်းမဆိုဖြင့် မိတ်သဟာယဖွဲ့ဖို့ ကြိုးစားရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ပြီး အသင်းတော်၌ ပူးပေါင်းအစေခံရင်း၊ ဤသန့်ရှင်းသော နာမတော်ကို ဟစ်ခေါ်ကြ၏။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် အံ့သြဖွယ်နည်းလမ်း ဖြစ်ပေသည်။

တိုင်းနိုင်ငံအမျိုးမျိုးတို့၏ ဘာသာစကားများသည် တစ်ခုနှင့်တစ်ခု ကွဲပြားကြသော်လည်း၊ ဝိညာဉ်တော်သည် တစ်ပါးတည်းသာရှိသည်။ ဤဝိညာဉ်တော်သည် စကြဝဠာတစ်လျှောက် အသင်းတော်တို့ကို ပေါင်းစည်းပေးပြီး ကွာခြားချက် စိုးစဉ်းမျှ မရှိဘဲ ဘုရားသခင်နှင့် လုံးဝ တစ်လုံးတစ်ဝတည်း ဖြစ်ပေသည်။ ဤသည်မှာ ယုံမှားဖွယ် မရှိသောအရာ ဖြစ်သည်။ ယခုတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို ခေါ်ပြီး၊ သူ၏အသံသည် ၎င်းတို့ကို နိုးထစေသည်။ ယင်းမှာ ဘုရားသခင်၏ ကရုဏာတော် အသံ ဖြစ်ပေသည်။ ၎င်းတို့အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ သန့်ရှင်းသော နာမကို ဟစ်ခေါ်နေကြ၏။ ၎င်းတို့သည် ချီးမွမ်းကာလည်း သီချင်း သီဆိုကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲတွင် ဘယ်သောအခါမျှ မည်သည့်သွေဖည်ခြင်းမျှ မရှိနိုင်ပေ။ ဤလူများသည် မှန်ကန်သော လမ်းကြောင်းတစ်လျှောက် ရှေ့တိုးချီတက်ရန် အလွန့်အလွန် ကြိုးစားပမ်းစား လုပ်ကြသည်၊ ၎င်းတို့ နောက်မဆုတ်ကြ- အံသြဖွယ်ရာများသည် ထပ်ဆင့် ပုံလျက်ရှိသည်။ ဤသည်မှာ လူတို့ စိတ်ကူးဖို့ခက်ပြီး မှန်းဆဖို့ မဖြစ်နိုင်ဟု တွေ့ရသည့် အရာတစ်ခု ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် စကြဝဠာတွင် အသက်၏ အရှင်သခင် ဖြစ်၏။ သူသည် ဘုန်းကြီးသော ပလ္လင်ထက်တွင် ထိုင်ပြီး၊ လောကကို တရားစီရင်၏၊ အရာခပ်သိမ်းကို ကြီးစိုးကာ၊ တိုင်းနိုင်ငံ အားလုံးကို အုပ်စိုးလေသည်။ လူမျိုးအားလုံးသည် သူ့ထံ ဒူးထောက်ကြသည်၊ သူ့အားဆုတောင်းကာ၊ သူ့ထံ ချဉ်းကပ်ကြပြီး သူနှင့် မိတ်သဟာယဖွဲ့ကြ၏။ ဘုရားသခင်ကို သင် မည်မျှကြာ ယုံကြည်ပြီး ဖြစ်သည်၊ သင်၏ အဆင့်အတန်း မည်မျှမြင့်မားသည် သို့မဟုတ် သင်၏ ဝါရင့်မှု မည်မျှကြီးမားသည်ကို ပဓာနမထားဘဲ၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သင်ဆန့်ကျင်ပါက၊ သင်သည် တရားစီရင်ခံရမည်ဖြစ်ပြီး နာကျင်ဖွယ် အသနားခံခြင်းအသံကို မြည်တမ်းလျက် သူ၏ ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ပျပ်ဝပ်ရမည် ဖြစ်သည်။ ဤသည်မှာ သင်၏ ကိုယ်ပိုင် လုပ်ရပ်များ၏ အသီးအပွင့်တို့ကို ဧကန်အမှန် ရိတ်သိမ်းခြင်း ဖြစ်သည်။ ဤမြည်တမ်းသောအသံသည် ကန့်နှင့်ရောနှောသော မီးအိုင်ထဲတွင် ညှဉ်းဆဲခံနေရခြင်း အသံဖြစ်ပြီး၊ ဘုရားသခင်၏ သံလှံတံဖြင့် ဆုံးမခံရရာမှ ငိုညည်းသံဖြစ်သည်။ ဤသည်မှာ ခရစ်တော်၏ ပလ္လင်တော်ရှေ့ တရားစီရင်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈)

(၁၇၀) အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ဘုန်းကြီးသော ခန္ဓာကိုယ်သည် ပွင့်လင်းစွာ ပေါ်ထွန်းသည်၊ သန့်ရှင်းတော်မူသော ဝိညာဉ်ခန္ဓာတော်သည် ပေါ်ထွက်ပြီး၊ ကိုယ်တော်သည် ပြည့်စုံသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လောကနှင့်လူ့ဇာတိ နှစ်ခုစလုံးတို့ ပြောင်းလဲကြပြီး၊ တောင်ပေါ်တွင် ကိုယ်တော်၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲခြင်းသည် ဘုရားသခင်၏ ဇာတိအဖြစ်တော် ဖြစ်သည်။ ကိုယ်တော်သည် ဦးခေါင်းထက်၌ ရွှေသရဖူကို ဆောင်း၏၊ ကိုယ်တော်၏ဝတ်ရုံတော်သည် ဖြူစင်သန့်ရှင်းသည်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ကမ္ဘာနှင့် အရာအားလုံးတို့သည် ကိုယ်တော်၏ ခြေတင်ရာခုံဖြစ်သည်။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင်၏။ နိုင်ငံတော်သို့ သွားရာလမ်းသည် အဆုံးမဲ့စွာ တောက်ပပြီး၊ ကိုယ်တော်၏ ဘုန်းတော်သည် ထွက်ပေါ်ကာ ထွန်းတောက်သည်။ တောင်တို့သည် ဝမ်းမြောက်လျက်၊ ရေတို့သည် ရယ်မောလျက်၊ နေ၊ လနှင့် ကြယ်တို့ အားလုံးသည် စီစဉ်ထားသည့် အစဉ်အတိုင်း လည်ပတ်ကြလျက်၊ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် အပြီးသတ်ခြင်းကို ကြေငြာကာ အောင်ပွဲခံပြန်လာသည့် အတုမရှိ၊ စစ်မှန်သည့် ဘုရားသခင်ကို ကြိုဆိုကြသည်။ အားလုံး ဝမ်းမြောက်စွာ ကခုန်ကြလော့။ သြဘာပေးလော့။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ဘုန်းကြီးသော ပလ္လင်တော်ထက်တွင် ထိုင်တော်မူသည်။ သီချင်းဆိုလော့။ အနန္တတန်ခိုးရှင်၏ အောင်လံကို ဘုန်းအာနုဘော်ပြည့်စုံ၍ ခမ်းနားသော ဇိအုန်တောင်ပေါ်တွင် မြင့်မားစွာ လွှင့်ထူသည်။ လူမျိုးအပေါင်းတို့သည် သြဘာပေးနေကြသည်၊ လူမျိုးအားလုံးတို့သည် သီချင်းသီဆိုနေကြသည်၊ ဇိအုန်တောင်သည် ဝမ်းမြောက်စွာ ရယ်မောနေပြီး ဘုရားသခင်၏ ဘုန်းတော်သည် ထွက်ပေါ်ပြီ ဖြစ်သည်။ ငါသည် ဘုရားသခင်၏မျက်နှာတော်ကို တွေ့မြင်ရလိမ့်မည်ဟု မည်သည့်အခါမျှ အိပ်မက်ပင် မမက်ဘူးပေ၊ သို့သော် ယနေ့တွင် ငါသည် ၎င်းကို တွေ့ခဲ့ပြီ ဖြစ်သည်။ နေ့စဉ် ကိုယ်တော်နှင့်မျက်နှာချင်းဆိုင် ငါသည် ကိုယ်တော်ထံ ရင်ဖွင့်သည်။ ကိုယ်တော်သည် စားဖွယ်နှင့်သောက်ဖွယ်ကို ကြွယ်ဝစွာ ပေးသနားတော်မူသည်။ အသက်၊ နှုတ်ကပတ်တော်များ၊ လုပ်ဆောင်မှုများ၊ အတွေးများ၊ အယူအဆများ အားလုံးတို့ကို ကိုယ်တော်၏ ဘုန်းကြီးသော အလင်းတော်မှ အလင်းပေးတော်မူသည်။ ကိုယ်တော်သည် လမ်းခရီး၏ခြေလှမ်းတိုင်းကို ဦးဆောင်ပြီး၊ ကိုယ်တော်၏ တရားစီရင်မှုသည် မည်သည့် တော်လှန်လိုသော နှလုံးသားပေါ်သို့မဆို ချက်ချင်း ကျရောက်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၅)

(၁၇၁) လူသားကို သက်သေခံပြီးဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြီးဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတော်သည် တောက်လောင်နေသော နေကဲ့သို့ ပြင်းထန်စွာ တောက်ပလျက် ထုတ်လွှတ်ပြီးဖြစ်သည်။ ကိုယ်တော်၏ ဘုန်းကြီးသောမျက်နှာသည် အလွန်စူးရှတောက်ပသော အလင်းဖြင့် တောက်လောင်သည်၊ မည်သူ၏မျက်လုံးတို့သည် ကိုယ်တော်ကို ခုခံမှုဖြင့် ဆက်ဆံနိုင်သနည်း။ ခုခံမှုသည် သေခြင်းသို့ ဦးတည်သည်။ သင်၏စိတ်နှလုံးထဲတွင် ကြံစည်သည့် မည်သည့်အရာမဆို၊ သင်ပြောဆိုသည့် မည်သည့်စကားကိုမဆို သို့မဟုတ် သင်လုပ်ဆောင်သည့် မည်သည့်အရာမဆို အတွက် အနည်းငယ်ဆုံးသော သနားကရုဏာကို ပြသမည်မဟုတ်ပေ။ သင်တို့အားလုံးသည် သင်တို့ရရှိပြီးသောအရာမှာ ငါ၏စီရင်မှုမှတစ်ပါး အခြား မည်သည်မျှ မရှိကြောင်း နားလည်လာကြ၊ မြင်တွေ့လာကြလိမ့်မည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်ကို စားသောက်ရန် အားမထုတ်ဘဲ၊ ၎င်းအစား ငါတည်ဆောက်ထားသောအရာကို စိတ်ကူးပေါက်သည်အတိုင်း ဝင်ရောက် နှောင့်ယှက်ကာ ဖျက်ဆီးသောအခါ၊ ငါသည် ယင်းကို သည်းခံနိုင်မည်လော။ ငါသည် ဤကဲ့သို့သောသူကို သိမ်မွေ့စွာ ဆက်ဆံလိမ့်မည် မဟုတ်ပေ။ သင်၏စရိုက်သည် သာ၍ဆိုးရွားစွာ ယိုယွင်းလာပါလျှင်၊ သင်သည် မီးလောင်ခြင်းကို ခံရလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဦးခေါင်းမှသည် ခြေဖျားအထိ ဆက်သွယ်ထားသော အသား သို့မဟုတ် အသွေး စိုးစဉ်းမျှ မရှိသော ဝိညာဉ်ခန္ဓာကိုယ်တွင် ကိုယ်ထင်ပြသည်။ ကိုယ်တော်သည် စကြာဝဠာလောကကို ကျော်လွန်သည်၊ တတိယကောင်းကင်ရှိ ဘုန်းကြီးတော်မူသော ပလ္လင်တော်ထက်တွင် ထိုင်တော်မူကာ အရာခပ်သိမ်းကို စီမံအုပ်ချုပ်နေသည်။ စကြာဝဠာနှင့် အရာခပ်သိမ်းတို့သည် ငါ၏လက်များအထဲတွင် ရှိကြသည်။ ငါသည် မြွက်တော်မူလျှင် ထိုအတိုင်းဖြစ်သည်။ ငါချမှတ်ဆုံးဖြတ်လျှင်၊ ထိုအတိုင်းဖြစ်လိမ့်မည်။ စာတန်သည် ငါ၏ခြေအောက်တွင်ရှိသည်- ၎င်းသည် အနက်ဆုံးသောတွင်း အထဲ၌ရှိသည်။ ငါ၏အသံတော် ထွက်သောအခါ၊ ကောင်းကင်နှင့်မြေကြီးသည် တည်ရှိတော့မည် မဟုတ်ဘဲ၊ မည်သည့်အရာမျှ ရှိတော့မည် မဟုတ်ပေ။ အရာခပ်သိမ်းတို့သည် အသစ်ပြုခြင်းကို ခံရကြလိမ့်မည်၊ ၎င်းသည် အကြွင်းမဲ့ မှန်ကန်သော ပြောင်းလဲ၍မရနိုင်သည့် သမ္မာတရား တစ်ခုဖြစ်သည်။ ငါသည် လောကအပြင် ဆိုးယုတ်သောသူများကို အောင်နိုင်ပြီးဖြစ်သည်။ ငါသည် ဤနေရာတွင် ထိုင်တော်မူကာ သင်တို့အား မိန့်မြွက်တော်မူသည်၊ ထို့ကြောင့် နားရှိသောသူအားလုံး ကြားသင့်ပြီး၊ အသက်ရှင်နေသောသူ အားလုံး လက်ခံသင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၅)

(၁၇၂) အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင်၊ နန်းတက် ရှင်ဘုရင်သည် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အား မျက်နှာမူလျက် စကြဝဠာတစ်ခုလုံးကို စိုးစံပြီး၊ ကောင်းကင်အောက်ရှိ အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ ဘုန်းဖြင့် ထိန်လင်းလျက်ရှိ၏။ စကြဝဠာနှင့် ကမ္ဘာ့အစွန်အဖျားတိုင်အောင်ရှိ သက်ရှိအပေါင်းတို့သည် မြင်ကြရမည်။ တောင်များ၊ မြစ်များ၊ ရေကန်များ၊ ကုန်းမြေများ၊ သမုဒ္ဒရာများနှင့် သက်ရှိသတ္တဝါအပေါင်းတို့သည် စစ်မှန်သော ဘုရားသခင်၏ မျက်နှာအလင်းတွင် အိပ်မက်မှ နိုးထလျက်ရှိကြသည့်အလား၊ မြေကို ထိုးဖောက်၍ အညှောင့်ထွက်သည့်အလား ၎င်းတို့၏ ကန့်လန့်ကာများကို ဖွင့်လှစ်ခဲ့ကြလေပြီ။

အဲ၊ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်သည် ကမ္ဘာလောကရှေ့၌ ပေါ်ထွန်းလေသည်။ မည်သူသည် ကိုယ်တော့်အား ခုခံမှုဖြင့် ချဉ်းကပ်ဝံ့သနည်း။ အားလုံးသည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ကြ၏။ အားလုံး လုံးဝ ယုံကြည်လက်ခံကြပြီး၊ ခွင့်လွှတ်ခြင်းကို ထပ်ကာတလဲ တောင်းခံကြ၏။ လူအားလုံး သူ၏ရှေ့တွင် ဒူးထောက်ကာ နှုတ်ရှိသမျှသည် သူ့ကို ရှိခိုးကြလေသည်။ တိုက်ကြီးများနှင့် သမုဒ္ဒရာများ၊ တောင်များ၊ မြစ်များ- အရာခပ်သိမ်းတို့သည် ကိုယ်တော့်အား အတောမသတ် ချီးမွမ်းကြသည်။ နွေဦးသမယသည် ၎င်း၏ နွေးထွေးသော လေညင်းများနှင့်အတူ သန့်စင်သော နွေဦးမိုးကို ယူဆောင်လျက် ရောက်လာသည်။ လူအားလုံးကဲ့သို့၊ စမ်းချောင်းများ၏ ရေစီးကြောင်းများသည် ကျေးဇူးတင်ရှိခြင်းနှင့် မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း မျက်ရည်များ ယိုစီးလျက် ပူဆွေးခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် စီးဆင်းကြသည်။ မြစ်များ၊ ရေကန်များ၊ ကမ်းခတ်လှိုင်းနှင့် လှိုင်းတံပိုးထခြင်းများ အားလုံးသည် စစ်မှန်သော ဘုရားသခင်၏ သန့်ရှင်းသောနာမကို သီဆိုလျက်၊ ချီးမွမ်းထောပနာပြုလျက် ရှိနေကြသည်။ ချီးမွမ်းခြင်းအသံများမှာ အင်မတန် ကြည်လင်ပြတ်သားမှုဖြင့် မြည်ဟည်းထွက်သွား၏။ တစ်ချိန်က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် ဟောင်းသောအရာများ- တစ်ခုစီတိုင်းသည် အသစ်ပြုပြင်ခံရကာ ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး၊ လုံးဝ သစ်လွင်သော နယ်ပယ် တစ်ခုထဲသို့ ဝင်ရောက်ကြလိမ့်မည်...

ဤသည်မှာ သန့်ရှင်းသော တံပိုးဖြစ်ပြီး စတင်အသံမြည်လေပြီ။ နားစိုက်ထောင် ကြလော့။ အချိန်ကျရောက်ပြီ ဖြစ်ကြောင်း၊ နောက်ဆုံးသောနိဂုံး ရောက်လာပြီ ဖြစ်ကြောင်းကို တိုင်းနိုင်ငံတိုင်းနှင့် လူတိုင်းအား အသိပေးလျက် အလွန် သာယာနာပျော်ဖွယ်ကောင်းသော ထိုအသံသည် ပလ္လင်၏ မိန့်မြွက်ချက်ဖြစ်သည်။ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်မှာ ပြီးမြောက်ပြီဖြစ်သည်။ ငါ၏ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် လူပုံအလယ် ပေါ်ထွန်းလေပြီ။ လောက၏ နိုင်ငံများသည် ဘုရားသခင်ဖြစ်သော ငါ၏ နိုင်ငံတော် ဖြစ်လာကြပေပြီ။ ငါ၏ တံပိုးခုနှစ်လုံးသည် ပလ္လင်မှ အသံမြည်ကာ၊ အင်မတန် အံ့ဩဖွယ် အရာများ ဖြစ်ပေါ်လိမ့်မည်။ ကမ္ဘာမြေကြီး အစွန်းရှိ လူတို့သည် အချို့က ပင်လယ်များတွင် ရွက်လွှင့်လျက်၊ အချို့တို့သည် လေယာဉ်ဖြင့် ပျံသန်းလျက်၊ အချို့တို့သည် ပုံသဏ္ဌာန် အရွယ်အစား အမျိုးမျိုးရှိသော မော်တော်ယာဉ်များကို စီးလျက်၊ အချို့တို့သည် မြင်းစီးလျက်၊ ရေခဲတောင်တစ်ခု ပြိုကျသည့် အရှိန်မျိုး၊ မိုးကြိုးတို့၏ အင်အားမျိုးဖြင့် အရပ်ရပ်မှ တစ်ဟုန်ထိုး ပြေးလာကြလိမ့်မည်။ သေချာစွာ ကြည့်လော့။ ဂရုတစိုက် နားထောင်လော့။ စိတ်ဝိညာဉ်များ နိုးထလျက်၊ အင်အားကြီးမားပြီး ခံ့ညားလျက်၊ စစ်မြေပြင်ကို သိမ်းပိုက်သည့်အလား၊ အရောင်အမျိုးမျိုးသော မြင်းများကို စီးနှင်လာသည့် ဤသူများသည် သေခြင်းကို ဂရုမစိုက်ပေ။ မြင်းများ၏ ဟီသံနှင့် စစ်မှန်သော ဘုရားသခင်အား ဟစ်ခေါ်ကြသော လူတို့၏ ပွက်ပွက်ညံသံကြားတွင် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများစွာသည် ၎င်းတို့၏ခွာများဖြင့် ချက်ချင်း နင်းချေခံရကြလိမ့်မည်။ အချို့တို့သည် သေကျေကြလိမ့်မည်၊ အချို့တို့သည် ၎င်းတို့၏ နောက်ဆုံး ထွက်သက်ကို ရှိုက်ကြလိမ့်မည်၊ အချို့တို့သည် ကယောင်ချောက်ချား အော်ဟစ်ရင်း၊ နာကျင်မှုဝေဒနာဖြင့် ငိုကြွေးရင်းဖြင့် ၎င်းတို့အား စောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်ကြလိမ့်မည်။ ပုန်ကန်ခြင်း၏ သားများပေတကား။ ဤသည်မှာ သင်တို့၏ နောက်ဆုံးရလဒ် မဟုတ်လော။

ငါ၏အသံကို ကြားပြီး တိုင်းနိုင်ငံနှင့် နယ်မြေအားလုံးမှ စုဝေးကြကုန်သော ငါ၏ လူများအပေါ် ငါသည် ဝမ်းမြောက်စွာကြည့်၏။ စစ်မှန်သော ဘုရားသခင်ကို မိမိတို့၏ နှုတ်တွင် ထားရှိကြသော လူအပေါင်းတို့သည် ဝမ်းမြောက်သည့်အတွက် အတောမသတ် ချီးမွမ်းကာ ခုန်ပေါက်ကြလေ၏။ ၎င်းတို့သည် ကမ္ဘာလောကကို သက်သေခံကြပြီး၊ စစ်မှန်သော ဘုရားသခင်အား ၎င်းတို့၏ သက်သေခံချက်အသံသည် ရေထု၏ မြည်ဟည်းနေသော အသံကဲ့သို့ဖြစ်သည်။ လူအပေါင်းတို့သည် ငါ၏ နိုင်ငံတော်ထဲသို့ စုရုံးကြလိမ့်မည်။

ငါ၏ တံပိုးခုနှစ်လုံးသည် အိပ်မောကျနေသူတို့အား နိုးထစေလျက် အသံမြည်ကြ၏။ အလျင်အမြန် ထကြလော့၊ အချိန် သိပ်မနှောင်းသေးပေ။ သင်တို့၏ အသက်တာကို ကြည့်ကြလော့။ သင်တို့၏ မျက်လုံးများကို ဖွင့်၍၊ ယခု မည်သည့်အချိန် ရှိပြီဖြစ်သည်ကို မြင်ကြလော့။ ရှာဖွေစရာ မည်သည့်အရာ ရှိသနည်း။ စဉ်းစားစရာ မည်သည့်အရာ ရှိသနည်း။ ဖက်တွယ်စရာ မည်သည့်အရာ ရှိသနည်း။ ငါ၏ အသက်ကို ရခြင်းနှင့် သင် ချစ်ခင်ကာ ဖက်တွယ်ထားသော အရာအားလုံးကို ရရှိခြင်းကြား တန်ဖိုးကွာခြားမှုကို သင် ဆင်ခြင်စဉ်းစားဖူးပါသလော။ တဇွတ်ထိုးမလုပ်သကဲ့သို့ ကပြက်ကချော် မလုပ်ကြနှင့်တော့။ ဤ အခွင့်အရေးကို လက်လွှတ်မခံလေနှင့်။ ဤအချိန်သည် တစ်ဖန် ရောက်လာလိမ့်မည် မဟုတ်။ သင်တို့၏ ဘဝအတွေ့အကြုံ ပို၍ နက်ရှိုင်းစေရန်နှင့် ငါ၏ စိတ်သဘောထားအတိုင်း သင်တို့ အသက်ရှင်ရန်အလို့ငှာ၊ ပြီးလျှင် သင်တို့၏ အသက်တာ ရင့်ကျက်ပြီး အတွေ့အကြုံရင့်စေရန်နှင့် ငါ၏ ခြေလှမ်းများနောက်သို့ သင်တို့ အမြဲလိုက်နိုင်ပြီး စာတန်ကို အောင်နိုင်ကြစေဖို့အလို့ငှာ၊ ချက်ချင်း ထရပ်လော့၊ သင်တို့၏ စိတ်ဝိညာဉ်ကို လက်တွေ့လေ့ကျင့်လော့၊ စာတန်၏ ကြံစည်မှုနှင့် လှည့်ကွက်တိုင်းကို ရိပ်မိပြီး ဖျက်ဆီးရန် အမျိုးမျိုးသော လက်နက်များကို အသုံးပြုလော့။ စိတ်ဓာတ်ကျခြင်း၊ အားနည်းခြင်း မရှိဘဲ၊ ရှေ့သို့ အမြဲရွှေ့ရင်း၊ တစ်လှမ်းချင်း လမ်းဆုံးထိ တည့်တည့် သွားကြလော့။

တံပိုးခုနှစ်လုံး တစ်ဖန် အသံမြည်သည့်အခါ၊ ယင်းသည် တရားစီရင်ခြင်း၊ ပုန်ကန်သော သားများကို တရားစီရင်ခြင်း၊ တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့ကို တရားစီရင်ခြင်းအဖို့ ကြေညာခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး တိုင်းနိုင်ငံအသီးသီးသည် ဘုရားသခင်၏ရှေ့တွင် အညံ့ခံကြလိမ့်မည်။ ဘုရားသခင်၏ ကျက်သရေရှိသော မျက်နှာသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့ရှေ့၌ ဧကန်အမှန် ပေါ်ထွန်းလိမ့်မည်။ အယောက်တိုင်းသည် လုံးဝ လက်ခံယုံကြည်ကြလိမ့်မည်ဖြစ်ပြီး စစ်မှန်သော ဘုရားသခင်အား အတောမသတ် ကြွေးကြော်ကြလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပို၍ကြီးမားသော ကျက်သရေရှိလိမ့်မည်ဖြစ်ပြီး၊ ငါ၏ သားများနှင့် ငါသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့အား တရားစီရင်လျက်၊ မတရားသောသူတို့အား ပြစ်ဒဏ်ပေးလျက်၊ ငါနှင့်သက်ဆိုင်သောသူတို့အား ကယ်တင်ကာ သနား ကရုဏာထားလျက်၊ နိုင်ငံတော်ကို ခိုင်မာပြီး တည်ငြိမ်စေလျက် ဘုန်းအသရေနှင့် ရှင်ဘုရင် အရိုက်အရာကို မျှဝေခံစားကြလိမ့်မည်။ တံပိုးခုနှစ်လုံး၏ အသံမှတစ်ဆင့်၊ လူပေါင်းမြောက်မြားစွာတို့သည် အစဉ် ချီးမွမ်းခြင်းဖြင့် ဒူးထောက်ကိုးကွယ်ရန် ငါ၏ရှေ့သို့ ပြန်လာကြရင်း ကယ်တင်ခြင်း ခံရကြလိမ့်မည်။

တံပိုးခုနှစ်လုံး နောက်တစ်ဖန် အသံမြည်သည့်အခါ၊ ယင်းသည် ခေတ်ကာလ၏ အဆုံးမှ နိဂုံးချုပ်အဖြစ်အပျက်၊ စာတန်မာရ်နတ်အပေါ် အောင်မြင်မှုနှင့်ဆိုင်သော ကျယ်လောင်စူးရှသည့် တံပိုးမှုတ်သံ၊ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံတော်ထဲတွင် လူပုံအလယ် အသက်ရှင်ခြင်း၏ အစအဦးကို ကြေညာသည့် ဂုဏ်ပြုခြင်း ဖြစ်လတ္တံ။ အလွန်မြင့်မြတ်သည့် အသံပေတကား၊ ပလ္လင်ပတ်လည်တွင် ပဲ့တင်ထပ်နေသော ဤအသံ၊ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသော ဤကျယ်လောင်စူးရှသည့် တံပိုးမှုတ်သံသည် ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် အထမြောက်အောင်မြင်ခြင်း လက္ခဏာဖြစ်၏။ ယင်းသည် စာတန်နှင့်ဆိုင်သော တရားစီရင်ခြင်း ဖြစ်သည်။ ၎င်းက ဟောင်းနွမ်းသော ဤကမ္ဘာလောကကြီး တစ်ခုလုံးကို သေဆုံးခြင်းသို့၊ အနက်ဆုံးသောတွင်းထဲသို့ ပြန်သွားဖို့ စီရင်လေသည်။ ကျယ်လောင်စူးရှသော ဤတံပိုးမှုတ်သံသည် ကျေးဇူးတော်တံခါး ပိတ်တော့မည်၊ နိုင်ငံတော်၏အသက်တာသည် ကမ္ဘာမြေကြီးပေါ်၌ စတင်လိမ့်မည်ဟူသည့် မှန်ကန်ပြီး လျော်ကန်သောအချက်တို့ကို ညွှန်ပြပေသည်။ ဘုရားသခင်သည် သူ့အား ချစ်သောသူများကို ကယ်တင်၏။ သူ၏ နိုင်ငံတော်ဆီသို့ ၎င်းတို့ ပြန်သွားကြသည်နှင့် တစ်ပြိုင်နက်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် ငတ်မွတ်ခြင်းဘေးနှင့် ကပ်ရောဂါဘေးကို ရင်ဆိုင်ကြရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖလားခုနှစ်လုံးနှင့် ဘေးဒဏ်ခုနှစ်ပါးသည် တစ်ခုပြီး တစ်ခု သက်ရောက်မည် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း၊ ငါ၏စကား တည်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၆)

(၁၇၃) ငါ၏ နှုတ်ကပတ်တော်များကို ငါ စတင်မိန့်မြွက်သည့် အခိုက်အတန့် အတိအကျလည်းဖြစ်သည့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းပေါ်ထွက်ချိန်- လျှပ်ပြက်ခြင်း ပေါ်ထွက်သည့်အခါတွင်၊ စကြဝဠာတစ်ခုလုံး ထွန်းလင်းသွားပြီး ခပ်သိမ်းသော ကြယ်များတွင် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လေသည်။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ရွေးထုတ်ခံရပြီး ဖြစ်သည့်အလား ဖြစ်သည်။ အရှေ့အရပ်မှ ဤအလင်းရောင်ခြည်မျှင်တန်း၏ တောက်ပမှုအောက်တွင် လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ မူလသဏ္ဌာန်ဖြင့် ထုတ်ဖော်ပြခံကြရသည်၊ ၎င်းတို့၏ မျက်လုံးများ ပြာသွားကြသည်၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မရေရာဖြစ်ကြပြီး၊ ၎င်းတို့၏ အကျည်းတန်သော ရုပ်များကို မည်သို့ ဖုံးကွယ်ရမည်ကို သာ၍ မသေချာမရေရာ ဖြစ်ကြသေး၏။ ၎င်းတို့သည် ငါ၏အလင်းမှ ထွက်ပြေးပြီး တောင်ပေါ်ဂူများတွင် ခိုလှုံကြကုန်သော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြသည်- သို့သော်လည်း ၎င်းတို့ထဲမှ တစ်ဦးမျှ ငါ၏ အလင်းရောင်အတွင်းမှ မှေးမှိန်ပျောက်ကွယ်မသွားနိုင်ပေ။ လူသားအားလုံးသည် အလွန် အံ့အားသင့်ကြသည်၊ အားလုံး စောင့်ဆိုင်းနေကြသည်၊ အားလုံး စောင့်ကြည့်နေကြသည်၊ ငါ၏ အလင်း ပေါ်ထွန်းခြင်းနှင့်အတူ အားလုံးသည် ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်၌ ဝမ်းမြောက်ကြပြီး၊ ထိုနည်းတူ အားလုံးသည် ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်အား ကျိန်ဆဲကြလေသည်။ ကွဲလွဲလျက်နေသော စိတ်ခံစားချက်များကို ရှင်းလင်းစွာပြောဆိုရန် မဖြစ်နိုင်ပေ။ မိမိကိုယ်ကိုယ် အပြစ်ပေးသော မျက်ရည်များက မြစ်များကို ဖြစ်ပေါ်စေပြီး ရိုက်ပုတ်သော ရေစီးဖြင့် သယ်ဆောင်သွားခြင်း ခံရကာ၊ တစ်ခဏချင်း အစအနမရှိဘဲ ပျောက်ကွယ်သွားလေသည်။ လူသားမျိုးနွယ်အား နောက်တစ်ဖန် နှိုးဆော်ရင်း၊ နောက်ထပ်အစပြုခြင်းအသစ်ကို လူသားမျိုးနွယ်အား ပေးရင်း၊ ငါ၏ နေ့ရက်သည် နောက်တစ်ဖန် လူသားမျိုးနွယ်အပေါ် အပူတပြင်း နီးကပ်လာသည်။ ငါ၏နှလုံးသည် ခုန်လျက်ရှိပြီး ငါ၏ နှလုံးခုန်သံ စည်းချက်များနောက်လိုက်ရင်း၊ တောင်များသည် ဝမ်းမြောက်ခြင်းဖြင့် ခုန်ပေါက်ကြပြီး၊ ရေတို့သည် ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြကာ လှိုင်းလုံးများသည် ကျောက်ဆောင်အတိပြီးသော ကျောက်တန်းများကို ရိုက်ခတ်ကြလေသည်။ ငါ၏ စိတ်နှလုံးထဲ၌ ရှိသော အရာကို ဖော်ပြရန် ခက်ခဲလှသည်။ ငါသည် မသန့်ရှင်းသော အရာအားလုံးကို ငါ၏ အကြည့်အောက်တွင် ပြာမှုန့်များအဖြစ်သို့ လောင်ကျွမ်းသွားစေချင်မိသည်။ ငြင်းဆန်သောသူအားလုံးကို နောက်ထပ် မည်သည့်အခါမျှ တဝဲလည်လည် မတည်ရှိတော့ရန်၊ ငါ၏မြင်ကွင်းမှ ကွယ်ပျောက်သွားစေချင်သည်။ ငါသည် အဆင်းနီသော နဂါးကြီး နေထိုင်ရာနေရာတွင် အသစ်သော အစပြုခြင်းတစ်ခုကို ဖြစ်စေပြီးသည် သာမက၊ စကြဝဠာတွင် အသစ်သော အမှုကိုလည်း စတင်ပြီး ဖြစ်သည်။ ငါသည် အောင်မြင်မှုကို ရရှိနှင့်ပြီးဖြစ်သောကြောင့်၊ ငါသည် အောင်မြင်လျက် ပြန်ကြွလာပြီးဖြစ်သောကြောင့်၊ မကြာမီ၊ ကမ္ဘာမြေ၏ တိုင်းနိုင်ငံများသည် ငါ၏ နိုင်ငံတော် ဖြစ်လာကြလိမ့်မည်၊ မကြာမီ ငါ၏ နိုင်ငံတော်ကြောင့် ကမ္ဘာမြေ၏ တိုင်းနိုင်ငံများ ထာဝရ တည်ရှိမှု ရပ်စဲလိမ့်မည်။ မြေကြီးပေါ်တွင် ငါ၏ အမှုကို ဖျောက်ဖျက်ပစ်ရန် မျှော်လင့်ချက်ဖြင့် ငါ၏ အစီအစဉ်ကို နှောင့်ယှက်ရန် အဆင်းနီသော နဂါးကြီးသည် ကြံစည်၍ရနိုင်သမျှ နည်းလမ်းများ ကုန်ခန်းသွားပြီ ဖြစ်သည်၊ သို့သော် ငါသည် ၎င်း၏ လိမ်လည်လှည့်ဖြားသော ပရိယာယ်အားဖြင့် တိုး၍ စိတ်ပျက်အားလျော့နိုင်သလော။ ၎င်း၏ ခြိမ်းခြောက်မှုများအားဖြင့် ငါသည် စိတ်ချယုံကြည်မှု ဆုံးရှုံးခြင်းဖြင့် အထိတ်တလန့် ဖြစ်နိုင်သလော။ ငါ၏ လက်ဖဝါးတွင် ငါ ဆုပ်ကိုင်ထားခြင်း မရှိသော သတ္တဝါတစ်ဦးမျှ ကောင်းကင် သို့မဟုတ် မြေကြီးပေါ်တွင် မရှိဖူးပေ။ ငါ့အား အဖြည့်ခံတစ်ခုအဖြစ် အစေခံသည့် ဤတန်ဆာပလာဖြစ်သော အဆင်းနီသော နဂါးကြီးနှင့် ပတ်သက်၍ ဤသည်မှာ မည်မျှပို၍ မှန်ကန်သနည်း။ ၎င်းသည်လည်း ငါ၏လက်ဖြင့် ကြိုးကိုင်ခြယ်လှယ်ခံရမည့် အရာတစ်ခု ဖြစ်သည်မဟုတ်လော။

လူ့လောကထဲတွင် ငါ၏လူ့ဇာတိခံခြင်းအတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် ငါ၏လမ်းပြမှုအောက်တွင်၊ ဤနေ့ရက်ထိ အမှတ်တမဲ့ ရောက်ရှိလာပြီးဖြစ်ကာ ငါ့ကို အမှတ်တမဲ့ သိလာကြပြီးဖြစ်သည်။ သို့သော် ရှေ့တွင်ရှိသည့်လမ်းကြောင်းကို မည်သို့ လျှောက်လှမ်းရမည် နှင့်စပ်လျဉ်း၍မူ မည်သူမျှ အရိပ်အမြွက် မရှိ၊ မည်သူမျှ မသိကြပေ- ပြီးလျှင် ထိုလမ်းကြောင်းက ၎င်းတို့ကို မည်သည့်ဦးတည်ရာသို့ ခေါ်ဆောင်သွားမည်နှင့်ပတ်သက်၍ မည်သူမျှ သဲလွန်စတစ်ခုတစ်လေ သာ၍ မရှိကြသေးချေ။ ၎င်းတို့အပေါ် ဂရုစိုက်နေသည့် အနန္တတန်ခိုးရှင်နှင့် အတူသာ မည်သူမဆိုသည် ထိုလမ်းကြောင်းကို အဆုံးတိုင် လျှောက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအားဖြင့် လမ်းပြခံရလျက်သာ၊ မည်သူမဆိုသည် ငါ၏နိုင်ငံတော်သို့ ဆိုက်ရောက်စေသည့် တံခါးခုံကို ဖြတ်သန်းနိုင်မည် ဖြစ်သည်။ လူသားများအကြားတွင်၊ ငါ၏မျက်နှာကို တွေ့မြင်ဖူးသောသူ၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို တွေ့မြင်ဖူးသော သူတစ်ဦး မည်သည့်အခါကမျှ မရှိဖူးပေ။ ငါ၏ပလ္လင်မှ မိန့်မြွက်ချက်များကို ကြားဖူးသောသူ မည်မျှ သာ၍ မရှိလေပြီနည်း။ အမှန်တွင် ရှေးခေတ်အချိန်ကာလများမှ၊ လူသားတစ်ဦးမျှ ငါ၏ ဇာတိအဖြစ်တော်နှင့် တိုက်ရိုက် ထိတွေ့ဆက်သွယ်မလာဖူးပေ။ ယနေ့တွင်သာ၊ ကမ္ဘာလောကထဲသို့ ယခု ငါ ကြွလာပြီးဖြစ်သောကြောင့်၊ လူသားတို့သည် ငါ့အား တွေ့မြင်ရန် အခွင့်အရေးတစ်ခု အမှန် ရှိလာကြပေသည်။ သို့သော် ယခုတွင်ပင်လျှင် လူတို့သည် ငါ၏ မျက်နှာကိုသာ ကြည့်ရုံမျှသာ ကြည်ညိုကြပြီး၊ ငါ၏ အသံကို ကြားရုံသာ ကြားကြသော်လည်း ငါဆိုလိုသောအရာကို နားလည်ခြင်း မရှိကြသည်နှင့်အမျှ၊ လူတို့သည် ငါ့အား မသိကြသေးပေ။ လူသားအားလုံးမှာ ဤကဲ့သို့ ဖြစ်ကြသည်။ ငါ၏လူများထဲမှ တစ်ဦးဖြစ်လျက်၊ သင်တို့သည် ငါ၏မျက်နှာကို တွေ့မြင်ရသည့်အခါ၊ သင်တို့သည် ကြီးမားသော ဂုဏ်ယူမှုကို မခံစားရသလော။ ပြီးလျှင် သင်တို့သည် ငါ့အား မသိကြသောကြောင့် ဆိုးရွားသည့် အရှက်ရခြင်းကို မခံစားရသလော။ ငါသည် လူ့ဇာတိခံယူခဲ့ပြီး လူ့လောကထဲသို့ ကြွလာပြီးဖြစ်သည့်အတွက်၊ ငါသည် လူသားများအလယ် လျှောက်လှမ်းပြီး လူသားများအလယ် အသက်ရှင်လေသည်။ ငါ၏ ရည်မှန်းချက်မှာ လူသားများက ငါ၏ လူ့ဇာတိကို ကြည်ညိုကြစေဖို့မျှသာ မဟုတ်ချေ။ ပို၍ အရေးကြီးသည်မှာ၊ ယင်းသည် လူသားမျိုးနွယ်အား ငါ့ကို သိကျွမ်းနိုင်စေဖို့ ဖြစ်သည်။ ထို့အပြင် ငါသည် ငါ၏ လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့်၊ လူသားမျိုးနွယ်အား ၎င်းတို့၏ အပြစ်များကို စီရင်ချက်ချမည်။ ငါသည် ငါ၏ လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့် အဆင်းနီသော နဂါးကြီးကို နှိမ်နင်းကာ ၎င်း၏ သားရဲတွင်းကို အမြစ်ဖြတ်ချေမှုန်းမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၂)

(၁၇၄) ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။

ငါ၏အသံသည် ပိုမိုနက်လာသည်နှင့်အမျှ၊ ငါသည် စကြဝဠာ၏ အခြေအနေကိုလည်း အကဲခတ် ကြည့်ရှုသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ဖန်ဆင်းခံလောကရှိ အသင်္ချေ များလှသောအရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရမည်။ ကောင်းကင်သည် ပြောင်းလဲပြီး၊ ကမ္ဘာမြေကြီးသည်လည်း ပြောင်းလဲသည်။ လူသားသည် ၎င်း၏ မူလပုံစံအတိုင်း ဖော်ထုတ်ခံရပြီး၊ လူတစ်ဉီးချင်းစီသည် ၎င်းတို့၏ အမျိုးအစားအလိုက် ဖြည်းဖြည်းချင်း သီးခြားခွဲထုတ်ခံရကာ သတိမပြုမိဘဲ၊ ၎င်းတို့မိသားစုများ၏ ရင်ခွင်အတွင်းသို့ ပြန်လည် ရောက်ရှိသွားကြသည်။ ယင်းသည် ငါ့အား ကြီးစွာ ကျေနပ်စေမည်။ ငါသည် အနှောင့်အယှက်မှ ကင်းလွတ်ပြီး၊ ငါ၏ ကြီးမြတ်သောအမှုသည် မသိမသာ ပြီးမြောက်ကာ၊ ဖန်ဆင်းခံ လောက၏ အသင်္ချေများလှသောအရာများသည် ပြောင်းလဲခြင်း ခံကြရသည်။ ဤကမ္ဘာလောကကြီးကို ငါဖန်ဆင်းခဲ့သောအခါ၊ ပုံသဏ္ဌာန်ရှိသောအရာအားလုံးကို ၎င်းတို့၏အမျိုးအစားနှင့် အတူထားလျက်၊ အရာခပ်သိမ်းတို့ကို အမျိုးအစားအလိုက် ငါသည် ပုံသွင်းခဲ့သည်။ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏နိဂုံး နီးကပ်လာသည်နှင့်အမျှ၊ ငါသည် ဖန်ဆင်းခံလောက၏ ယခင်အခြေအနေကို ပြန်လည်ဖြစ်ပေါ်စေမည်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ အလယ်သို့ ပြန်လာကြစေရန်၊ အရာခပ်သိမ်းကို သာလွန်ထူးကဲစွာ ပြောင်းလဲလျက်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့၏ မူလ အခြေအနေအတိုင်း ပြန်လည်ဖြစ်ပေါ်စေမည်။ အချိန်ကျလေပြီ။ ငါ၏အစီအစဉ်၏ နောက်ဆုံးအဆင့်သည် ပြီးမြောက် အောင်မြင်လုနီးပြီ ဖြစ်သည်။ အို၊ ညစ်ညမ်းသော လောကဟောင်း။ သင်သည် ငါ့နှုတ်ကပတ်တော်များအောက်တွင် ဧကန်အမှန်ပင် ကျဆင်းလိမ့်မည်။ ငါ၏အစီအစဉ်အားဖြင့် သင်သည် ဗလာနတ္ထိ အဖြစ်သို့ ဧကန်အမှန်ပင် ရောက်သွားမည် ဖြစ်သည်။ အိုး၊ ဖန်ဆင်းခံလောက၏ အသင်္ချေများလှသောအရာများတို့။ သင်တို့အားလုံးသည် ငါ့နှုတ်ကပတ်တော်များအတွင်းတွင် အသစ်သောအသက်ကို ရကြလိမ့်မည်၊ သင်တို့၏ အချုပ်အခြာ အာဏာပိုင်သောသခင် သင်တို့ ရလိမ့်မည်။ အိုး၊ သန့်စင်၍ အပြစ်အနာအဆာမဲ့သော လောကသစ်ကြီး။ သင်သည် ငါ့ဘုန်းတော်အတွင်းတွင် ဧကန်အမှန်ပင် နိုးထလိမ့်မည်။ အိုး၊ ဇိအုန်တောင်။ တိတ်ဆိတ်၍မနေတော့နှင့်။ ငါသည် အောင်မြင်ခြင်းနှင့် ပြန်ကြွလာပြီ။ ဖန်ဆင်းခံများ၏အလယ်မှ၊ ကမ္ဘာမြေကြီးတစ်ခုလုံးကို ငါသည် စေ့စေ့စပ်စပ် ကြည့်ရှု၏။ ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်သည် အသစ်သော အသက်ကို စတင်ခဲ့ပြီး၊ မျှော်လင့်ခြင်းအသစ်ကို ရရှိခဲ့လေပြီ။ အိုး၊ ငါ၏လူများတို့။ သင်တို့သည် ငါ၏ အလင်းရောင်အတွင်း၌ မည်သို့ ပြန်လည်မရှင်သန်နိုင်ရသနည်း။ သင်တို့သည် ငါ၏လမ်းပြပို့ဆောင်မှု အောက်၌ ရွှင်လန်းခြင်းဖြင့် မကခုန်ဘဲ အဘယ်သို့နေနိုင်သနည်း။ ကုန်းမြေတို့သည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် အော်ဟစ်ကြ၏၊ ရေတို့သည် အားရရွှင်လန်းသော ရယ်မောခြင်းနှင့် ရုန့်ကြမ်း ကျယ်လောင်နေကြပါတကား။ အိုး၊ ရှင်ပြန်ထမြောက်သော ဣသရေလ။ သင်သည် ငါ၏ ကြိုတင် ခွဲခန့်မှတ်သားခြင်းများကြောင့် ဂုဏ်မယူဘဲ အဘယ်သို့ နေနိုင်ရသနည်း။ မည်သူသည် ငိုကြွေးခဲ့ပြီးသနည်း။ မည်သူသည် ငိုကြွေးမြည်တမ်းခဲ့သနည်း။ ဟောင်းနွမ်းသော ဣသရေလပြည်သည် မတည်ရှိတော့ဘဲ၊ ယနေ့ကာလ၏ ဣသရေလပြည်သည် ထမြောက်လေပြီ၊ လောကကြီးတွင် ၎င်းသည် မားမားမတ်မတ်နှင့် မြင့်မြင့်မားမားရှိကာ လူသားမျိုးနွယ်အားလုံးတို့၏ နှလုံးသားများထဲတွင် တည်လျက်ရှိသည်။ ယနေ့ကာလ၏ ဣသရေလပြည်သည် ငါ၏လူများမှတစ်ဆင့် ဖြစ်တည်ရာရင်းမြစ်ကို ဧကန်အမှန်ပင် ရရှိလိမ့်မည်။ အိုး၊ မုန်းတီးဖွယ် အဲဂုတ္တု။ သင်သည် ငါအား ဆန့်ကျင်၍နေသေးသလော။ သင်သည် ငါ၏သနားကရုဏာကို အခွင့်ကောင်းယူလျက် ငါ၏ပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်ရန် မည်သို့ ကြိုးစားနိုင်သနည်း။ သင်သည် ငါ၏ပြစ်တင်ဆုံးမခြင်း အတွင်း၌ မည်သို့ ရှိမနေနိုင်သနည်း။ ငါချစ်သောသူ အားလုံးသည် ဧကန်အမှန် ထာဝစဉ် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ ငါ့အား ဆန့်ကျင်သောသူတို့မူကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝစဉ်ခံကြရပေလိမ့်မည်။ အကြောင်းမူကား ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်ပြီး ငါသည် လူအားလုံးကို သူတို့ပြုခဲ့သော အရာများအတွက် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်တော်၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)

(၁၇၅) လူထုအပေါင်းတို့သည် ငါ့ကို သြဘာပေးကြ၏။ လူထုအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို အမည်မှည့် ခေါ်ကြ၏၊ လူခပ်သိမ်းတို့သည် ငါ၏ ဆောင်ရွက်ချက်တို့ကို မော်ကြည့်ကြ၏။ နိုင်ငံတော်သည် လူ့လောကပေါ်သို့ ဆင်းသက်၏၊ ငါ၏ ဇာတိအဖြစ်တော်သည် ကြွယ်ဝကာ အလျှံပယ်ဖြစ်၏။ အဘယ်သူသည် ဤအရာ၌ ဝမ်းမမြောက်ဘဲ ရှိမည်နည်း။ အဘယ်သူသည် ဝမ်းမြောက်ခြင်းအတွက် မကခုန်ဘဲနေမည်နည်း။ အို...ဇိအုန်၊ ငါ့ကို ချီးကျူးဂုဏ်ပြုရန် သင်၏အောင်လံကို လွှင့်ထူလော့။ ငါ၏ သန့်ရှင်းသောနာမကို ဖြန့်ကြက်ရန် သင်၏ အောင်ပွဲခံသီချင်းကို သီဆိုလော့။ မြေကြီးစွန်းတိုင်အောင်ရှိ ဖန်ဆင်းခြင်းအပေါင်းတို့။ သင်တို့သည် ငါ့အတွက် ပူဇော်သက္ကာများ ဖြစ်စေခြင်း ခံရနိုင်ဖို့အလို့ငှာ မိမိကိုယ်ကိုယ် အလျင်အမြန် သန့်စင်ကြလော့။ ကောင်းကင်၏ ကြယ်တာရာတို့။ မိုးမျက်နှာကြက်၌ ငါ၏ အားကြီးသောတန်ခိုးကို ပြသရန် သင်တို့၏အရပ်များသို့ အလျင်အမြန် ပြန်ကြလော့။ ငါသည် ငါ့အတွက်မိမိတို့၏ အသင်္ချေချစ်ခြင်းနှင့် ချစ်ကြောက်ရိုသေခြင်းကို သီချင်းဖြင့် သွန်းလောင်းသော မြေကြီးပေါ်ရှိ လူတို့၏ အသံများကို နားစိုက်ထောင်၏။ ဤနေ့ရက်တွင် ခပ်သိမ်းသော ဖန်ဆင်းခြင်း ပြန်လည် အသက်ဝင်လာချိန်တွင်၊ လူ့လောကထဲသို့ ငါဆင်းကြွလာ၏။ ဤအချိန်၌ ဤအဆင့်တွင်ပင် ပန်းများအပေါင်းတို့သည် ဗြုန်းခနဲ ဝေဝေဆာဆာ ပွင့်လန်းကြသည်၊ ငှက်များအပေါင်းတို့ သံပြိုင်သီချင်းဆိုကြသည်၊ အရာခပ်သိမ်းတို့သည် ဝမ်းမြောက်မှုဖြင့် တုန်လှုပ်ကြ၏။ ကောင်းကင်နိုင်ငံတော်၏ ဂုဏ်ပြုခြင်း အသံတွင်၊ စာတန်၏နိုင်ငံတော် ပြိုလဲ၏၊ ကောင်းကင်နိုင်ငံတော်သီချင်း၏ မြည်ဟည်းသံတွင် နောက်တစ်ဖန် လုံးဝ မပေါ်ထွန်းတော့ရန် အမြစ်ဖြတ်ချေမှုန်းခံရ၏။

ကမ္ဘာပေါ်က မည်သူသည် ထ၍ဆန့်ကျင်ဝံ့သနည်း။ မြေကြီးပေါ်သို့ ငါဆင်းသက်သည်နှင့်အမျှ၊ ငါသည် လောင်ကျွမ်းခြင်းကို ဆောင်ကြဉ်း၏၊ အမျက်ဒေါသကို ဆောင်ကြဉ်း၏၊ ကပ်ဘေးမျိုးစုံကို ဆောင်ကြဉ်း၏။ လောကီနိုင်ငံတို့သည် ယခုတွင် ငါ၏ နိုင်ငံတော်ဖြစ်လေပြီ။ ကောင်းကင်ထက်တွင် တိမ်များလူးလိမ့်ပြီး တလိပ်လိပ်ထကြ၏။ ကောင်းကင်အောက်တွင် အိုင်များနှင့်မြစ်များ တစ်ဟုန်ထိုးစီးကာ၊ စိတ်လှုပ်ရှားစေသော တေးသွားတစ်ပုဒ်ကို ရွှင်ရွှင်မြူးမြူး ထုတ်ဆိုကြ၏။ နားနေသည့်တိရစ္ဆာန်များက ၎င်းတို့၏ သားရဲတွင်းများမှ ထွက်လာကြကာ လူမျိုးအပေါင်းတို့သည် အိပ်စက်ခြင်းမှ ငါ့ကြောင့် နိုးထကြ၏။ နောက်ဆုံးတွင် များလှစွာသောလူမျိုးတို့ စောင့်စားခဲ့သည့်နေ့ရက် ရောက်လာပေပြီ။ သူတို့သည် ငါ့အား အသာယာဆုံး သီချင်းများ ပူဇော်ကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ကောင်းကင်နိုင်ငံတော်သီချင်း

(၁၇၆) မိုးချုန်းသံခုနစ်ချက် မြည်ဟီးသည့် အချိန်လည်းဖြစ်သည့် နိုင်ငံတော်ကိုအလေးပြုသံ မြည်ဟီးလေသောအခါ ဤအသံသည် ကောင်းကင်နှင့်မြေကြီးကို ပြင်းစွာတုန်လှုပ်စေပြီး အမြင့်ဆုံးသော ကောင်းကင်ဘုံကို လှုပ်ခါကာ လူတိုင်း၏ အသည်းညှာကို တုန်ခါစေသည်။ နိုင်ငံတော်အတွက် နိုင်ငံတော်သီချင်းသည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် တခမ်းတနား ထွက်ပေါ်လာပြီး၊ ငါသည် ထိုတိုင်းနိုင်ငံကို ဖျက်ဆီးခဲ့ပြီးနောက် ငါ၏နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီးဖြစ်ကြောင်းကို သက်သေပြသည်။ သာ၍ အရေးကြီးသည်မှာ ငါ၏နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်၌ တည်ထောင်ထားခြင်း ဖြစ်သည်။ ဤအခိုက်အတန့်တွင် ငါ၏သားများ၊ ငါ၏လူများကို ထိန်းကျောင်းစေခြင်းငှာ ငါ၏ကောင်းကင်တမန်များကို ကမ္ဘာလောကကြီး၏ တိုင်းနိုင်ငံတိုင်းဆီသို့ ငါသည် စတင်၍ စေလွှတ်နေသည်၊ ဤသည်မှာ ငါ့အမှုနောက်တစ်ဆင့်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်လည်း ဖြစ်သည်။ သို့သော်လည်း ငါသည်ကား အဆင်းနီသောနဂါးကြီး ခွေလျက် လဲလျောင်းနေရာအရပ်သို့ ကိုယ်တိုင်ကိုယ်ကျသွား၍ တိုက်ပွဲဆင်နွှဲ၏။ လူသားမျိုးနွယ်အားလုံးသည် ဇာတိပကတိ၌ရှိနေသောငါ့ကို သိလာသောအခါနှင့်‌ ဇာတိပကတိ၌ပြုသော ငါ၏လုပ်ဆောင်ချက်များကို မြင်တွေ့လာနိုင်သောအခါ အဆင်းနီသောနဂါးကြီး၏ သားရဲတွင်းသည် ပြာအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကာ ခြေရာလက်ရာ မကျန်ဘဲ ပျောက်ကွယ်သွားလိမ့်မည်။...

ယနေ့တွင် ငါသည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံအပေါ်သို့ ဆင်းကြွလာနေသည်သာမကဘဲ၊ အမြင့်ဆုံးသော ကောင်းကင်ဘုံ တစ်ခုလုံး တုန်ခါစေလျက်၊ စကြဝဠာတစ်ခုလုံးကို မျက်နှာချင်းဆိုင်ရန်လည်း လှည့်နေ၏။ ငါ၏တရားစီရင်မှုကို မခံရသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွန်းချလိုက်သော ဘေးဒုက္ခများအောက်တွင် မတည်ရှိသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွားလေရာရာ အရပ်တိုင်းတွင် ငါသည် အမျိုးမျိုးသော “ဘေးအန္တရာယ်၏ မျိုးစေ့များ” ကို ကြဲချခဲ့သည်။ ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားကို ကယ်တင်ရန်အတွက် လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိသည့်အပြင် ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေသေးသည်။ ငါ့ကို ပို၍ပင် များပြားသောလူတို့ သိလာစေခွင့်၊ မြင်တွေ့နိုင်စေခွင့်ပြုပြီး ဤနည်းအားဖြင့် သူတို့သည် နှစ်ပေါင်းများစွာ မတွေ့မြင်နိုင်ခဲ့သော်လည်း ယခုတွင် စစ်မှန်သော ဘုရားသခင်ကို ချစ်ကြောက်လာစေရန် ငါပြုလိုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)

(၁၇၇) လူသားတို့သည် ကယ်တင်ရှင်၏ ရောက်ရှိခြင်းကို မျက်မြင်တွေ့နိုင်ရန် ထောင်စုနှစ်အချို့ကြာ တောင့်တကြပြီး ဖြစ်သည်။ ကယ်တင်ရှင် ယေရှုသည် နှစ်ထောင်ပေါင်းများစွာကြာ သူ့ကို အောက်မေ့ကာ တမ်းတကြသူများအလယ် ကိုယ်တိုင်ကိုယ်ကျ ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်သည်ကို ရှုမြင်ရန် လူသားက တောင့်တပြီးဖြစ်သည်။ လူသားသည် ကယ်တင်ရှင်က ပြန်ကြွလာပြီး ၎င်းတို့နှင့် ပြန်လည် ပေါင်းစည်းရန်အတွက်လည်း တောင့်တပြီးဖြစ်သည်။ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်းများစွာကြာ လူတို့နှင့် ကွဲကွာပြီးဖြစ်သည့် ကယ်တင်ရှင် ယေရှုကို ပြန်ကြွလာဖို့နှင့် ယုဒလူမျိုးများအလယ် သူပြုခဲ့သည့် ရွေးနုတ်ခြင်းအမှုကို တစ်ဖန် ဆောင်ရွက်ဖို့၊ လူသားအပေါ် သနားကရုဏာနှင့်ပြည့်စုံပြီး ချစ်ခင်ရန်၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ပြီး လူသား၏အပြစ်များကို သယ်ဆောင်ပြီး လူသား၏ အပြစ်ဒုစရိုက်များအားလုံးကိုပင် သယ်ဆောင်ရန်နှင့် လူသားအား အပြစ်မှ ကယ်လွှတ်ရန် တောင့်တခဲ့ကြသည်။ လူသားက တောင့်တသည်မှာ ကယ်တင်ရှင် ယေရှုသည် ယခင်အတိုင်း ဖြစ်ဖို့ရန် ဖြစ်သည်- ချစ်မြတ်နိုးဖွယ်ကောင်းသည့်၊ ကြင်နာပြီး၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသ မရှိသကဲ့သို့၊ လူသားကို အပြစ်ဆိုခြင်း မရှိဘဲ၊ ခွင့်လွှတ်ကာ လူသား၏ အပြစ်များအားလုံးကို ဆောင်ယူပြီး ယခင်အတိုင်း လူသားအတွက် ကားတိုင်တွင်ပင် အသေခံသည့် ကယ်တင်ရှင်အဖြစ် ဖြစ်သည်။ ယေရှု ထွက်ခွာသွားခဲ့ကတည်းက၊ သူ့ နောက်လိုက်ခဲ့ကြသည့် တပည့်တော်များအပြင်၊ သူ၏နာမဖြင့် ကယ်တင်ခံခဲ့ကြရသည့် သန့်ရှင်းသူအားလုံးသည် သူ့အား အသည်းအသန် အောက်မေ့ကာ စောင့်ဆိုင်းနေကြပြီး ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတွင်းတွင် ယေရှုခရစ်တော်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံခဲ့ရသူ အားလုံးသည် ကယ်တင်ရှင်ယေရှုက ဖြူသော မိုးတိမ်စီးလျက် လူအားလုံးအလယ် ပေါ်ထွန်းမည့်အချိန် နောက်ဆုံးသော ကာလထဲက ဝမ်းမြောက်ဖွယ်ရာနေ့ရက်ကို တောင့်တနေခဲ့ကြသည်။ ဟုတ်ပေ၏၊ ဤသည်မှာ ယနေ့ခေတ် ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်း ဖြစ်သည်။ စကြဝဠာရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူ အယောက်စီတိုင်းသည် ကမ္ဘာမြေပေါ်တွင် ယေရှု ရှိစဉ်က “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည်ရောက်ရှိလာလိမ့်မည်။” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန် ယေရှုခရစ်တော် ရုတ်တရက် ရောက်ရှိဖို့ အသည်းအသန် တမ်းတလျက် ရှိကြပြီးဖြစ်သည်။ ကားစင်တင်ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း နောက်တွင်၊ ယေရှုသည် အမြင့်ဆုံးသော ဘုရား၏ လက်ျာတော် အရပ်ရှိ သူ၏ နေရာကိုယူဖို့ ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့သည်ဟု လူသားက ယုံကြည်သည်။ ထိုနည်းတူ ယေရှုသည် နှစ်ထောင်ပေါင်းများစွာကြာ သူ့အား အသည်းအသန် တမ်းတကြပြီးဖြစ်သူများအလယ် ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်သွားချိန်က စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုသည်) စီးလျက် တစ်ဖန် ဆင်းသက်လာလိမ့်မည် ဖြစ်ပြီး၊ သူသည် ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်ကို ယူပြီး အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားထံ ပေါ်ထွန်းပြီးနောက်တွင်၊ ၎င်းတို့အပေါ် အစားအစာ ပေးသနားမည် ဖြစ်ပြီး၊ ၎င်းတို့အတွက် အသက်ရေများ ပန်းထွက်စေလိမ့်မည် ဖြစ်ကာ၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝလျက်၊ လူသားအလယ် အထင်းသားနှင့် စစ်မှန်စွာ အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထိုသို့သော အယူအဆအားလုံးသည် လူတို့ ယုံကြည်သည့်အရာ ဖြစ်သည်။ သို့သော် ကယ်တင်ရှင် ယေရှုက ဤသို့ မလုပ်ဆောင်ခဲ့ပေ။ လူသား စိတ်ကူးပေါက်သည့်အရာနှင့် ဆန့်ကျင်ဘက် လုပ်ဆောင်ခဲ့သည်။ သူ၏ပြန်ကြွလာခြင်းကို တမ်းတခဲ့ကြသူများ အလယ်တွင် သူ ကြွရောက်မလာခဲ့သကဲ့သို့၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူအားလုံးထံသို့ သူ ပေါ်ထွန်းမလာခဲ့ပေ။ သူသည် ရောက်ရှိနှင့်ပြီးဖြစ်သော်လည်း၊ လူသားက မသိသကဲ့သို့၊ မသိနားမလည်ဘဲ ရှိနေဆဲဖြစ်သည်။ “ဖြူသောမိုးတိမ်”ပေါ် (သူ၏ ဝိညာဉ်တော်၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ ပင်ကိုစိတ်သဘောထားနှင့် သူ၏ ဖြစ်ခြင်း အားလုံးဖြစ်သော မိုးတိမ်) သူ ဆင်းကြွနှင့်ပြီးဖြစ်ကာ နောက်ဆုံးသောကာလအတွင်း သူပြုမည့် အောင်မြင်သူများ အုပ်စုအလယ်တွင် ယခု ရှိနေသည်ကို မသိဘဲလျက်၊ လူသားသည် ရောက်တတ်ရာရာ သူ့ကို စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းနေလေသည်။ ဤအရာကို လူသားက မသိပေ- သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အတွက် ချစ်ခင်မှုနှင့် ချစ်ခြင်းမေတ္တာများရှိ သော်ငြားလည်း၊ အညစ်အကြေးများနှင့် မသန့်စင်သော ဝိညာဉ်များ နေရာယူ ထားသည့် “ဗိမာန်တော်များ”တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားသည် သူ၏ကြွရောက်ခြင်းကို စောင့်စားနေပြီးဖြစ်သော်လည်း၊ မဖြောင့်မတ်သော သူ၏အသားကို စားသူ၊ မဖြောင့်မတ်သောသူ၏ သွေးကို သောက်ပြီး၊ မဖြောင့်မတ်သောသူ၏ အဝတ်အစားများကို ဝတ်ဆင်သူ၊ သူ့ကို ယုံကြည်သော်လည်း သူ့ကို မသိသောသူ၊ သူ့ကို စဉ်ဆက်မပြတ် ခြိမ်းခြောက်သူများထံ အဘယ်သို့ ပေါ်ထွန်းနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာနှင့် ပြည့်ပြီး၊ သနားကရုဏာဖြင့် ပြည့်လျှံကာ၊ သူသည် ရွေးနုတ်ခြင်းနှင့် ပြည့်ဝသည့် အပြစ်ဖြေရာယဇ်ဖြစ်သည်ကိုသာ လူသားက သိရှိထားသည်။ သို့ရာတွင် သူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှုတို့ဖြင့် ပြည့်လျှမ်းပြီး ဩဇာအာဏာကို ပိုင်ဆိုင်ကာ ဂုဏ်သိက္ခာအပြည့် ရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကိုမူ လူသားက မသိချေ။ ထို့ကြောင့် လူသားသည် ရွေးနုတ်ရှင်၏ ပြန်ကြွလာခြင်းကို စိတ်အားထက်သန်စွာ တမ်းတပြီး ဆန္ဒပြင်းပြကာ၊ ၎င်းတို့၏ ဆုတောင်းချက်များက ကောင်းကင်ဘုံကိုပင် လှုပ်ရှားသွားစေသော်လည်း၊ ကယ်တင်ရှင်ယေရှုသည် သူ့ကို ယုံကြည်သော်လည်း သူ့အား မသိကျွမ်းသူများထံ မပေါ်ထွန်းပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

(၁၇၈) ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထိုနည်းအားဖြင့် ဣသရေလ လူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်စည်းလုံး၍ ပေါင်းသင်းကာ၊ ယင်းကို ရှာဖွေခြင်း မပြုရတော့ရန်အလို့ငှာ၊ ငါသည် ၎င်းတို့ကို အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းကို တစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါ၌ရှိခဲ့သော ဘုန်းတော်ကို မြင်စေမည်။ ရှေးလွန်လေပြီးသော ကာလက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်၊ မရေတွက်နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို သူတို့အား မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏ အရှင်၊ လူတို့တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များ၏ ညှဉ်းပန်းခြင်းခံခဲ့ရသည့်ငါ၏ ရုပ်သွင်အပြည့်အဝကို ကြည့်စေမည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတော်နှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ထုတ်ဖော်ပြလျက်၊ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုပြုပြီး ကြီးစွာသော အမှုကို ဆောင်ရွက်မည်။ ငါသည် ငါ၏ဘုန်းတော်ကို ရှေးကာလက ယူလိုက်ပြီး အရှေ့အရပ်သို့ ယူဆောင်ခဲ့ကာ ယင်းမှာ ယုဒပြည်တွင် မရှိစေတော့ကြောင်း အားလုံး သိစေခြင်းအလို့ငှာ၊ ငါ့ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကို နှိပ်စက်ညှဉ်းပန်းသည့် လူသားမျိုးနွယ် တစ်ခုလုံးအား ဘုန်းကြီးသော ငါ၏မျက်နှာ အပြည့်အဝ ပြမည်။ အကြောင်းမှာ နောက်ဆုံးသောကာလသည် ရောက်နှင့်ပြီး ဖြစ်သောကြောင့်ပင်တည်း။

စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ တန်ခိုးကြီးမားသည့် သူ့ကို မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား ငါ မျက်နှာချင်းဆိုင်မည် ဖြစ်ပြီး ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် နို့စို့ကလေးငယ်တစ်ဦး ခုလေးတင် မွေးဖွားပြီးသည့်အလား၊ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ “သံလွင်တောင်” ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေဖို့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ်ပြုစေဖို့၊ လူသားတိုင်း ငါ့ကို ယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံဖို့အလို့ငှာ၊ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်

(၁၇၉) ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

(၁၈၀) ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသတ်သို့ ရောက်လာနေပြီ ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေသူများအားလုံးအတွက် နိုင်ငံတော်၏ တံခါးသည်လည်း ဖွင့်ထားနှင့်ပြီးဖြစ်သည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သည့်အရာကို စောင့်မျှော်နေကြသနည်း။ မည်သည့်အရာကို ရှာဖွေနေကြသနည်း။ ဘုရားသခင် ပေါ်ထွန်းခြင်းကို သင်တို့စောင့်မျှော်နေသလော။ ဘုရားသခင်၏ ခြေရာများကို သင်တို့ ရှာဖွေနေကြသလော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တကြသည်တကား။ ထို့ပြင် ဘုရားသခင်၏ ခြေရာများကို တွေ့ရန်မှာလည်း အလွန်ပင် ခက်ခဲလှသည်တကား။ ဤကဲ့သို့သောခေတ်၊ ဤကဲ့သို့သောလောကမှာ ဘုရားသခင် ပေါ်ထွန်းသည့်နေ့ရက်ကို မျက်မြင်တွေ့ကြုံနိုင်ဖို့အတွက် မည်သည့်အရာကို ငါတို့ လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ ခြေလှမ်းများကို အမီလိုက်ရန် ငါတို့အနေဖြင့် မည်သို့ လုပ်ဆောင်ရမည်နည်း။ ဘုရားသခင် ပေါ်ထွန်းရန် စောင့်မျှော်နေသည့် သူများအားလုံး ဤမေးခွန်းများနှင့် ရင်ဆိုင်ကြရသည်။ သင်တို့ အားလုံးလည်း ဤမေးခွန်းများကို တစ်ခါထက်မက စဉ်းစားဖူး ကြသည်။ သို့သော် မည်သည့်ရလဒ်ကို ရရှိကြသနည်း။ ဘုရားသခင်သည် မည်သည့်အရပ်၌ ပေါ်ထွန်းသနည်း။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသနည်း။ သင်တို့၌ အဖြေရှိပြီလော။ လူတော်တော်များများက “ဘုရားသခင်က သူ့နောက်လိုက်သောသူ အားလုံးအကြား၌ ပေါ်ထွန်းပြီး ကိုယ်တော်၏ ခြေရာများသည်လည်း ကျွန်ုပ်တို့အကြား၌ ရှိသည်၊ ထိုမျှပင် ရိုးစင်းလှသည်။” ဟု ဖြေကြမည် ဖြစ်သည်။ မည်သူမဆို ပုံသေကားကျ စကားလုံးများပါသည့် အဖြေမျိုးကို ပေးနိုင်ပါသည်၊ သို့သော် ဘုရားသခင်၏ ပေါ်ထွန်းခြင်း သို့မဟုတ် သူ၏ခြေရာများဟုဆိုရာ၌ အဘယ်အရာအား ဆိုလိုသည်ကို သင်တို့နားလည်ကြသလော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းဟူသည်မှာ ဘုရားသခင်က သူ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျလုပ်ရန်အတွက် လောကသို့ ဆိုက်ရောက်လာခြင်းကို ရည်ညွှန်းသည်။ ခေတ်တစ်ခေတ်ကို အစပြုသည့်အမှုနှင့် ခေတ်တစ်ခေတ်ကို အဆုံးသတ်သည့်အမှုတို့ကို လုပ်ဆောင်ရန် သူ၏ကိုယ်ပိုင်လက္ခဏာနှင့် စိတ်သဘောထား၊ ထို့ပြင် သူ့နည်းသူ့ဟန်နှင့် လူသားများအလယ်သို့ သူဆင်းကြွလာသည်။ ဤပေါ်ထွန်းခြင်းမျိုးသည် အခမ်းအနားအသွင် တစ်ခု မဟုတ်ပါ။ ယင်းမှာ သင်္ကေတတစ်ခုလည်းမဟုတ်၊ ပုံဆောင်မှု တစ်ခု၊ အံ့သြဖွယ်တစ်ခု၊ သို့မဟုတ် ခမ်းနားသည့် မြင်ကွင်းတစ်ခုလည်း မဟုတ်ပေ။ ထို့အပြင် ဘာသာရေးဖြစ်စဉ်မျိုး သာ၍ပင် မဟုတ်ပေ။ ၎င်းသည် စစ်မှန်သည့် အချက်အလက် တစ်ခုဖြစ်ပြီး ကိုင်တွယ်တို့ထိနိုင်သော၊ မည်သူမဆို မြင်နိုင်သောအရာ ဖြစ်သည်။ ဤပေါ်ထွန်းခြင်းမျိုးသည် ဟန်ဆောင် လုပ်ပြခြင်းအလို့ငှာ မဟုတ်ပေ၊ သို့မဟုတ် မည်သည့်ရေတိုတာဝန်ုအလို့ငှာ မဟုတ်ပေ၊ စင်စစ်အားဖြင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်ရှိ အလုပ်အဆင့် တစ်ဆင့်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် အမြဲအဓိပ္ပာယ်ရှိသည့်အပြင် သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်း ဆက်စပ်မှုအချို့ အမြဲရှိသည်။ ဤနေရာ၌ပြောသည့် ပေါ်ထွန်းခြင်း ဆိုသည်မှာ လူသားကို ဘုရားသခင် လမ်းပြ၊ ဦးဆောင်ပြီး ဉာဏ်အလင်းပေးသည့် “ပေါ်ထွန်းခြင်း” နှင့် လုံးဝမတူပါ။ ဘုရားသခင်သည် မိမိကိုယ်မိမိ ထုတ်ဖော်ပြသည့် အကြိမ်တိုင်း၌ ကြီးမြတ်သော သူ့အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင် လေ့ရှိသည်။ ထိုအလုပ်သည် အခြားမည်သည့်ခေတ်၏ အလုပ်နှင့်မဆို ကွဲပြားခြားနားသည်။ လူသားအနေဖြင့် မစဉ်းစားတတ်သည့်အလုပ်၊ မည်သည့်အခါကမျှ မကြုံတွေ့ဖူးသော အလုပ်ဖြစ်သည်။ ၎င်းသည် ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခေတ်ကို အစပြုသော အလုပ်ဖြစ်သည်၊ လူတို့ကို ကယ်တင်ခြင်းအတွက် အသစ်သော အလုပ်ပုံစံတစ်ခု၊ သာ၍ကောင်းသော အလုပ်ပုံစံတစ်ခု ဖြစ်သည်။ ထို့အပြင် လူသားများကို အသစ်သောခေတ်ထဲသို့ ပို့ဆောင်ပေးသည့် အလုပ်လည်း ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှာ ထိုသဘောကိုဆောင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

(၁၈၁) ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှာ အဘယ်အရာအား ဆိုလိုသည်ကို သင်တို့နားလည်သွားသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်၏ ခြေရာများကို သင်တို့မည်သို့ရှာဖွေသင့်သနည်း။ ဤမေးခွန်းမှာ ဖြေရှင်းရန် မခက်ပါ။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်း၌ ဘုရားသခင်၏ ခြေလှမ်းများကို သင် တွေ့ရမည်ဖြစ်သည်။ ထိုသို့သောအဖြေက ရိုးစင်းသည်ဟု ထင်ရသည်၊ သို့သော် လက်တွေ့လုပ်ဆောင်ဖို့ရန် လွယ်လှသည်ကား မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် များစွာသော လူတို့သည် ဘုရားသခင်က သူ့ကိုယ်သူ မည်သည့်အရပ်၌ ပေါ်ထွန်းလိုကြောင်း၊ သို့မဟုတ် မည်သည့်အရပ်၌ သူပေါ်ထွန်းသင့်ကြောင်းကို သိရန်မဆိုထားနှင့် ဘုရားသခင်သည် မည်သည့်အရပ်၌ ပေါ်ထွန်းသည်ကိုပင် မသိကြသောကြောင့်ဖြစ်သည်။ အချို့ကလည်း သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသော နေရာတိုင်း၌ ဘုရားသခင် ပေါ်ထွန်းသည်ဟု စိတ်ကူးပေါက်ရာ ယုံကြည်ကြသည်။ သို့မဟုတ်ပါက ဝိညာဉ်ရေးရာ၌ ထင်ရှားသောပုဂ္ဂိုလ်များ ရှိသည့်နေရာတိုင်း၌ ဘုရားသခင် ပေါ်ထွန်းသည်ဟု ယုံကြည်ကြသည်။ သို့မဟုတ်ပါက ဂုဏ်သတင်းကြီးမားသော လူများရှိသည့်နေရာတိုင်း၌ ဘုရားသခင် ပေါ်ထွန်းသည်ဟု ယုံကြည်ကြသည်။ လတ်တလောတွင်မူ ထိုသို့သော ယုံကြည်မှုများသည် မှန်သလော သို့မဟုတ် မှားသလော ဟူသည့် အချက်ကို အသာထားကြဦးစို့။ ထိုသို့သောမေးခွန်းကို ဖြေရှင်းရန် အတွက် ပထမဦးဆုံးအနေနှင့် ငါတို့၌ ရှင်းလင်းသော ရည်ရွယ်ချက် ရှိရပေမည်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ ထင်ရှားသော ပုဂ္ဂိုလ်များကို ငါတို့ရှာဖွေနေခြင်း မဟုတ်၊ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ နောက်သို့ လိုက်နေကြခြင်း သာ၍ပင် မဟုတ်ပါ၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်နေကြခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လူတို့၏ အယူအဆများနှင့် ချိန်ညှိ၍ မရနိုင်ချေ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

(၁၈၂) ယနေ့တွင် ဘုရားသခင်သည် အမှုသစ်လုပ်ဆောင်ပြီးပြီ ဖြစ်သည်။ ဤစကားများကို သင်လက်ခံကောင်း လက်ခံနိုင်မည် မဟုတ်သကဲ့သို့၊ သင့်အဖို့ ထူးဆန်းပုံပေါ်နိုင်သော်လည်း၊ ဘုရားသခင်၏ ရှေ့တွင် ဖြောင့်မတ်ခြင်းတရားအတွက် အမှန်တကယ် ဆာငတ်သောသူတို့သာ သမ္မာတရားကို ရရှိနိုင်ပြီး၊ အမှန်တကယ် ဘာသာတရား အလွန်ရိုသေ ကိုင်းရှိုင်းသော သူတို့သည်သာ သူ၏ ဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုကို ခံရနိုင်သည့်အတွက်၊ သင်၏ သဘာဝကျခြင်းကို မဖော်ထုတ်ရန် ငါအကြံပြုသည်။ အကျိုးရလဒ်များကို စကားများခြင်းနှင့် ယှဉ်ပြိုင်မှုဖြင့် မဟုတ်ဘဲ၊ တည်ကြည်သော ဆိတ်ငြိမ်မှုအားဖြင့် သမ္မာတရားကို ရှာဖွေခြင်းမှ ရရှိနိုင်ပေသည်။ “ယနေ့ ဘုရားသခင်သည် အမှုသစ် လုပ်ဆောင်ပြီးပြီ ဖြစ်သည်။” ဟု ငါပြောသောအခါ၊ ဘုရားသခင် လူ့ဇာတိအဖြစ်သို့ ပြန်လည် ကြွလာခြင်းကို ငါ ရည်ညွှန်းနေခြင်းဖြစ်သည်။ ဤစကားများက သင့်ကို စိတ်အနှောင့်အယှက် ပေးကောင်းပေးမည် မဟုတ်။ သင်သည် ယင်းတို့ကို စက်ဆုပ်ကောင်း စက်ဆုပ်မည်၊ သို့မဟုတ် ယင်းတို့သည် သင့်ဖို့ အလွန်စိတ်ဝင်စားဖွယ် ဖြစ်ကောင်း ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင် ပေါ်ထွန်းသည်ကို အမှန်တကယ် တမ်းတသူတို့အားလုံးသည် ယင်းနှင့် ပတ်သက်၍ ချက်ချင်းရမ်းသန်း ကောက်ချက်ချသည်ထက်၊ ဤအမှန်တရားကို ရင်ဆိုင်နိုင်ပြီး သေသေချာချာ စေ့စေ့စပ်စပ် စစ်ဆေးနိုင်မည်ဟု ငါ မျှော်လင့်သည်။ ယင်းမှာ အမြော်အမြင်ရှိသည့် လူတစ်ဦး လုပ်ဆောင် သင့်သည့်အရာတစ်ခု ဖြစ်သည်။

ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။ အပြင်ပန်း သွင်ပြင်သည် အနှစ်သာရကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ပြင်၊ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် မည်သည့်အခါတွင်မျှ ကိုက်ညီနိုင်မည် မဟုတ်ပေ။ ယေရှု၏ အပြင်ပန်းပုံသဏ္ဌာန်သည် လူ၏ အယူအဆများနှင့် ဆန့်ကျင်ခဲ့သည် မဟုတ်ပါလား။ ယေရှု၏ မျက်နှာနှင့် အဝတ်အစားက သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ မပေးနိုင်သည် မဟုတ်လော။ အစောပိုင်း ဖာရိရှဲများသည် အတိအကျအားဖြင့် သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ရုံမျှခဲ့ကြပြီး သူ၏ နှုတ်မှ နှုတ်ကပတ်တော်များကို နှလုံးမသွင်းခဲ့ကြသောအချက် အတိအကျကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည် မဟုတ်လော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေကြသော ညီအစ်ကို မောင်နှမ အယောက်စီတိုင်းသည် သမိုင်း၏ အဖြစ်ဆိုးကို ထပ်ခါထပ်ခါ ဖြစ်စေမည်မဟုတ်သည်မှာ ငါ၏ မျှော်လင့်ချက် ဖြစ်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ ဖြစ်လာ၍ မဖြစ်သကဲ့သို့၊ ဘုရားသခင်ကို ကားတိုင်တွင် တစ်ဖန် သံမှိုရိုက်၍လည်း မဖြစ်ပေ။ သင်တို့သည် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို မည်သို့ကြိုဆိုရမည်ကို သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံနာခံသူတစ်ဦး မည်သို့ဖြစ်ရမည် ဆိုသည်နှင့် စပ်လျဉ်း၍ ရှင်းလင်းသော စိတ်ရှိရမည်။ ဤသည်မှာ ယေရှုက မိုးတိမ်စီးရင်း ပြန်ကြွလာသည်ကို စောင့်ဆိုင်းသူတိုင်း၏ တာဝန် ဖြစ်သည်။ ငါတို့သည် ငါတို့၏ဝိညာဉ်မျက်စိများကို ကြည်လင်သွားစေဖို့ ပွတ်သပ်ကြည့်သင့်ပြီး လွန်ကဲသည့် စိတ်ကူးယဉ် စကားလုံးများတွင် နွံနစ်မသွားသင့်ပေ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ကျသည့် အမှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ လက်တွေ့ကျသည့် ရှုထောင့်ကို ကြည့်သင့်သည်။ သခင်ယေရှုက မိုးတိမ်စီးရင်း၊ သင်တို့အလယ် ရုတ်တရက် ကြွဆင်းကာ သူ့ကို မည်သည့်အခါတွင်မျှ မသိဖူး သို့မဟုတ် မမြင်ဖူးသကဲ့သို့၊ သူ၏ အလိုကို မည်သို့ ဆောင်ရွက်ရမည်ကို မသိသည့် သင်တို့ကို ခေါ်ဆောင်မည့် နေ့ရက်ကို အမြဲ တောင့်တရင်း၊ စိတ်ကူးယဉ်အိပ်မက်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားမနေနှင့် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နစ်မြုပ်မနေလေနှင့်။ သာ၍လက်တွေ့ကျသော ကိစ္စများနှင့်ပတ်သက်၍ စဉ်းစားရန် သာ၍ ကောင်းပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

(၁၈၃) ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက၊ ဇာတိအသွေးအသားသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရား၏ နှုတ်ကပတ်တော်များအားလုံးကို သရုပ်ထင်စေသည့်အရာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာနှင့်၊ လူသားက နားလည်ရန်အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြသောအရာလည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်အတွင်းဝင်ရောက်ရာ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်ရာ သင်၏လမ်းပြရှင်ဖြစ်သည်။ ထိုကဲ့သို့သော သာမန်ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲရာများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း၊ သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိခန္ဓာ မဟုတ်သည်ကို သင့်အား မြင်ခွင့်ပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်နှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် ဂရုစိုက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင်သကဲ့သို့၊ မီးလျှံတစ်ခုကဲ့သို့ သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံရနိုင်သော်ငြားလည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားခြင်းကရုဏာကို ပြနေကြောင်း သိနိုင်သည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး အတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို နားလည်သဘောပေါက် နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် မြေကြီးပေါ်ရှိ လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ နာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ သည်ကနေ့တွင် လူသားက မြင်ရသည်မှာ လူသားနှင့်တူညီသော ဘုရားသခင်၊ နှာခေါင်းတစ်ခုနှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ ထို့ပြင် ထူးခြားမှုမရှိသော ဘုရားသခင်ဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော အပြောင်းအလဲကို ကြုံရမည်ဖြစ်ကြောင်း၊ ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်သည် မှောင်မည်းလာကာ၊ မြေကြီးသည် ပရမ်းပတာ အခြေအနေထဲ ကျရောက်သွားမည်ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ခြင်းနှင့် ကပ်ဆိုးများအလယ်တွင် နေထိုင်ရမည်ဖြစ်ကြောင်း ဘုရားသခင်က သင်တို့ကို ပြသမည်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်တို့ကို ကယ်တင်ရန် ကြွမလာခဲ့လျှင် ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လွန်ခဲ့သောအချိန်ကပင် ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သင်တို့ကို သူပြသမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ သင်တို့သည် အဓိကအပြစ်သားများ အစဉ်အမြဲ ဖြစ်ကြမည်ဖြစ်ပြီး၊ အလောင်းကောင်များ အမြဲတမ်း ဖြစ်ကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မရှောင်လွှဲနိုင်သော ဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင် စီရင်ချမှတ်မည့် ပို၍ပင် ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိရမည်ကို သင်တို့သိသင့်သည်။ ဤသာမန်ဇာတိခန္ဓာသာ မမွေးဖွားခဲ့ပါက၊ သင်တို့အားလုံးသည် အသက်မရှင်နိုင်ဘဲ ရှင်ခြင်းအတွက် တောင်းဆိုပြီး၊ အသက်မသေနိုင်ဘဲ သေခြင်းအတွက် ဆုတောင်းရမည့် အခြေအနေတစ်ခု၌ ရောက်ရှိကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိလျှင် သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ထို့ထက် သင်တို့သည် သင်တို့၏ ကြီးလေးသော အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရမည်။ သင်တို့သိခဲ့ပါ၏လော၊ ယင်းမှာ ဇာတိခန္ဓာသို့ ဘုရားသခင်၏ပြန်လာခြင်း မရှိခဲ့လျှင်၊ မည်သူ၌မျှ ကယ်တင်ခြင်း၌ မည်သူမျှ အခွင့်အလမ်း ရှိခဲ့မည်မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို လွန်ခဲ့သောအချိန်ကပင် အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ သို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်နိုင်သေးသလော။ သင်တို့သည် ဤသာမညလူသားထံမှ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဖြစ်ရာ သင်တို့သည် သူ့ကို အဘယ်ကြောင့် ဝမ်းပန်းတသာ လက်မခံကြသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ

(၁၈၄) ဘုရားသခင်၏အမှုမှာ သင်သဘောမပေါက်နိုင်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ရွေးချယ်မှု မှန်မမှန်ကို အပြည့်အဝ နားမလည်နိုင်သကဲ့သို့၊ ဘုရားသခင်၏အမှု အောင်မြင်နိုင်မည် မအောင်မြင် နိုင်မည်ကို မသိနိုင်ပါက၊ သင်၏ကံတရားကို စမ်းသပ်ပြီး ဤသာမည လူသားက သင့်အတွက် ကြီးမားသောအကူအညီ ဖြစ်နိုင်မဖြစ်နိုင်မည်နှင့်၊ ဘုရားသခင်က ကြီးမားသောအမှုကို အမှန်ပင် လုပ်ဆောင်ပြီးပြီလော ဟူသည်ကို အဘယ်ကြောင့် မစမ်းသပ်သနည်း။ သို့သော်လည်း နောဧခေတ်တုန်းက လူများသည် သောက်စားနေခဲ့ကြပြီး လက်ထပ်ကြလျက်၊ ဘုရားသခင်အနေနှင့် မြင်တွေ့ရန် မခံမရပ်ခဲ့သည့် အတိုင်းအတာထိ အိမ်ထောင်ပြုခဲ့ကြသောကြောင့် သူသည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် ကြီးစွာသောရေလွှမ်းမိုးမှုကို စေလွှတ်လျက် လူရှစ်ဦးရှိသည့် နောဧမိသားစု၊ ငှက်များနှင့် သားရဲမျိုးစုံတို့ကိုသာ ချမ်းသာပေးခဲ့သည်ကို သင့်အား ငါပြောပြရမည်။ သို့သော်လည်း နောက်ဆုံးသောကာလတွင် ဘုရားသခင် ချမ်းသာပေးခဲ့သူအားလုံးတို့မှာ သူ့အပေါ် အဆုံးထိ သစ္စာရှိနေခဲ့သောသူတို့ပင်ဖြစ်သည်။ ခေတ်နှစ်ခေတ်စလုံးသည် ဘုရားသခင်အနေနှင့် မြင်တွေ့ရန် မခံမရပ်နိုင်သည့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခြင်း ကာလများဖြစ်ခဲ့ပြီး နှစ်ခေတ်စလုံးတွင် လူသားမျိုးနွယ်က အလွန်ဖောက်ပြန်ပျက်စီးပြီး ဘုရားသခင်သည် သူတို့၏သခင်ဖြစ်သည်ကို ငြင်းဆိုခဲ့သော်လည်း၊ ဘုရားသခင်သည် နောဧခေတ်တုန်းက လူတို့ကိုသာ ဖျက်ဆီးခဲ့လေသည်။ ခေတ်နှစ်ခေတ်စလုံးတွင် လူသားမျိုးနွယ်သည် ဘုရားသခင်အား ကြီးစွာသော ထိခိုက်နာကျင်မှု ပေးခဲ့စေကာမူ ဘုရားသခင်သည် ယခုထိ နောက်ဆုံးသောကာလ၌ရှိသော လူများကို ဆက်လက်၍ သည်းခံခဲ့ပြီဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ သင်တို့သည် အဘယ်ကြောင့်နည်းဟူသည်ကို မည်သည့်အခါမျှ မစဉ်းစားဖူးသလော။ သင်တို့ အမှန်တကယ် မသိပါက၊ သင်တို့ကို ငါပြောရမည်။ ဘုရားသခင်က နောက်ဆုံးသောကာလတွင် လူတို့ကို ကျေးဇူးတော် ပေးအပ်နိုင်သည့် အကြောင်းရင်းက သူတို့သည် နောဧခေတ်ကလူတို့ထက် လျော့၍ ဖောက်ပြန်ပျက်စီးသောကြောင့်၊ သို့မဟုတ် နောက်ဆုံးသောကာလ၌ စက်မှုနည်းပညာသည် လွန်စွာတိုးတက်နေသဖြင့် ဘုရားသခင်က သူတို့ကို ဖျက်ဆီးရန် ကိုယ့်ကိုကိုယ် မစေခိုင်းနိုင်ခြင်းမျိုး ဖြစ်ဖို့ဝေးစွ၊ သူတို့သည် ဘုရားသခင်အား နောင်တရခြင်းကို ပြခဲ့ကြပြီးသောကြောင့်လည်း မဟုတ်ပါ။ ထို့ထက် ယင်းမှာ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူအုပ်စုတစ်စုထဲ၌ အမှုပြုရန် ရှိသောကြောင့်ဖြစ်ပြီး ဘုရားသခင်သည် ဤအမှုကို သူ၏ လူ့ဇာတိခံယူခြင်းအားဖြင့် လုပ်ဆောင်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ထိုမျှမက ဘုရားသခင်သည် ဤအုပ်စုထဲက တစ်ချို့ကို သူ့ကယ်တင်ခြင်းအတွက် ရည်စူးထားသူများနှင့် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ အသီးအပွင့်ဖြစ်လာရန် ရွေးချယ်လိမ့်မည်ပြီးလျှင် ဤလူတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်သွားလိုသည်။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ ဘုရားသခင်ပေးဆပ်ခဲ့သည့် ဤတန်ဖိုးသည် နောက်ဆုံးသောကာလ၌ သူ၏ လူဇာတိခံယူထားသော ဇာတိခန္ဓာက ပြုလုပ်မည့်အမှုအား ပြင်ဆင်ရန်အတွက်ချည်းသာ ဖြစ်နေခဲ့သည်။ ယနေ့ သင်တို့ရောက်ရှိလာခဲ့သည် အဖြစ်မှာ ဤဇာတိခန္ဓာကြောင့်ပင် ဖြစ်သည်။ သင်တို့၌ အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးရှိခြင်းမှာ ဘုရားသခင်က ဇာတိခန္ဓာ၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤကံကောင်းခြင်းအလုံးစုံကို ဤသာမညလူသားအတွက်ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဤအရာသာမက အဆုံးတွင် လူမျိုးတိုင်းသည် ဤသာမညလူသားကို ဝတ်ပြုကိုးကွယ်ကြမည် ဖြစ်သကဲ့သို့၊ ဤမထင်ရှားသော လူသားကို ကျေးဇူးတင်ပြီး နာခံကြမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပြီးပြီဖြစ်သည့် သူယူဆောင်ခဲ့သော သမ္မာတရား၊ အသက်နှင့် လမ်းခရီးတို့ပင် ဖြစ်ပြီး၊ လူသားနှင့် ဘုရားသခင်ကြားက ပဋိပက္ခကို ပြေလည်စေခဲ့ကာ သူတို့ကြားက အကွာအဝေးကို တိုစေပြီးလျှင် ဘုရားသခင်နှင့် လူသား၏ သဘောထားများကြား၌ ဆက်သွယ်ချက်တစ်ခုကို လမ်းဖွင့်ပေးခဲ့သည်။ ဘုရားသခင်အတွက် သာ၍ပင်ကြီးမားသော ဘုန်းအသရေကို ရယူပြီးခဲ့သူမှာလည်း သူပင်ဖြစ်သည်။ ထိုသို့သော သာမညလူသားသည် သင်၏ယုံကြည်စိတ်ချမှုနှင့် ကြည်ညိုမှုတို့နှင့် မထိုက်တန်သလော။ ထိုကဲ့သို့သော သာမညဇာတိခန္ဓာသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် မသင့်တော်သလော။ ထိုကဲ့သို့သော သာမညလူသားသည် လူများကြား၌ ဘုရားသခင်၏ထုတ်ဖော်ချက် ဖြစ်မလာနိုင်သလော။ လူသားမျိုးနွယ်ကို ဘေးဒုက္ခမှ ချမ်းသာပေးခဲ့သည့် ထိုလူသားသည် သင်၏ချစ်ခြင်းမေတ္တာနှင့် သူ့အားဖက်တွယ်ထားရန် သင်၏ဆန္ဒတို့နှင့် မထိုက်တန်သလော။ သင်တို့သည် သူ၏နှုတ်မှ ဖော်ပြခဲ့သည့် သမ္မာတရားများကို ငြင်းပယ်ကာ၊ သင်တို့အလယ်၌ သူ၏တည်ရှိမှုကို စက်ဆုပ်ပါက၊ အဆုံး၌ သင်တို့ ဘာဖြစ်သွားမည်နည်း။

နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုအားလုံးကို ဤသာမညလူသားအားဖြင့် လုပ်ဆောင်လျက်ရှိသည်။ သူသည် အရာခပ်သိမ်းကို သင့်အပေါ် အပ်နှင်းမည်ဖြစ်ပြီး၊ ထို့ထက်ပို၍ သင်နှင့်ပတ်သက်သော အရာခပ်သိမ်းကို သူက ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သောလူသားသည် ထုတ်ဖော်ရန် မထိုက်တန်လောက်အောင် အလွန်ရိုးစင်းသည့် လူသားဖြစ်သည်ဟု သင်တို့သူ့ကို ယုံကြည်သည့်အတိုင်း ဖြစ်နိုင်သလော။ သူ၏သမ္မာတရားက သင်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့အတွက် မလုံလောက်သလော။ သူ၏လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ရခြင်းက သင့်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့ မလုံလောက်သလော။ သို့မဟုတ် သင်တို့ကို သူဆောင်ကြဉ်းသွားသည့် လမ်းကြောင်းကို သင်တို့အနေနှင့် လိုက်လျှောက်ရန် မထိုက်တန်သလော။ အဆုံးစွန်အနေဖြင့် သင်တို့အား သူ့ကို စက်ဆုပ်ရွံမုန်းပြီး သူ့ကို ဖယ်ထုတ်ကာ ရှောင်ဖယ်စေသည်မှာ မည်သည့်အရာနည်း။ သမ္မာတရားကို ဖော်ပြသည်မှာ ဤသူပင်ဖြစ်သည်၊ သမ္မာတရားကို ထောက်ပံ့ပေးသည်မှာ ဤသူပင်ဖြစ်သည်၊ ထို့ပြင် သင်တို့လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးသည်မှာ ဤသူပင် ဖြစ်သည်။ သင်တို့သည် ဤသမ္မာတရားများထဲ၌ ဘုရားသခင့်အမှု၏ သဲလွန်စများကို ရှာမတွေ့နိုင်သေးသည်မှာ ဖြစ်နိုင်သလော။ ယေရှု၏အမှု မပါရှိလျှင်၊ လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာနိုင်ခဲ့မည်မဟုတ်၊ မည်သို့ဆိုစေ မျက်မှောက်ကာလ၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း၊ လက်ဝါးကပ်တိုင်မှ ဆင်းလာသူတို့က ဘုရားသခင်၏ သဘောကျနှစ်သက်မှုကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ထဲသို့လည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဤသာမညလူသား၏ ကြွဆင်းလာခြင်း မရှိလျှင်၊ သင်တို့တွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မြင်တွေ့ရန် မည်သည့်အခါမျှ အခွင့်အလမ်းရရှိမည် မဟုတ်သကဲ့သို့၊ မြင်တွေ့ဖို့လည်း အရည်အချင်း ပြည့်မီမည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် လွန်ခဲ့သော အချိန်ကပင် ဖျက်ဆီးခြင်းခံသင့်ခဲ့သည့် အရာများပင် ဖြစ်ကြပေသည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှု၏ ကြွလာခြင်းကြောင့်သာ ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ခဲ့ပြီဖြစ်ကာ သနားကရုဏာကို ပြသခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ သင်တို့အား ငါချန်ထား ပေးရမည့် စကားမှာ ဤအရာသာလျှင်ဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ဤသာမညလူသားမှာ သင်တို့အတွက် မရှိမဖြစ် အရေးပါသူပင် ဖြစ်သည်။ ဤသည်မှာ လူသားများကြား၌ ဘုရားသခင် ပြုခဲ့ပြီးဖြစ်သည့် ကြီးမားသောအမှုပင် ဖြစ်ပေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ

(၁၈၅) ကယ်တင်ရှင်သည် နောက်ဆုံးသောကာလအတွင်းတွင် ရောက်ရှိပြီး၊ ယေရှုဟု ခေါ်ဆိုခြင်းခံရဆဲဖြစ်ကာ၊ တစ်ဖန် ယုဒပြည်တွင် မွေးဖွားပြီး၊ ထိုနေရာတွင် အမှုပြုခဲ့ပါက၊ ဤအရာက ငါသည် ဣသရေလလူမျိုးကိုသာ ဖန်ဆင်းခဲ့ပြီး၊ ဣသရေလလူမျိုးကိုသာ ကယ်နုတ်ခဲ့ကာ တစ်ပါးအမျိုးသားများနှင့် ငါမည်သို့မျှ မသက်ဆိုင်သည်ကို သက်သေပြမည် ဖြစ်သည်။ ဤအရာက “ငါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသော သခင်ဖြစ်၏။” ဟူသော ငါ၏နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်မည် မဟုတ်လော။ ငါသည် ဣသရေလ လူမျိုးတို့၏ ဘုရားသခင်မျှသာ မဟုတ်ဘဲ၊ အဖန်ဆင်းခံ သတ္တဝါ အားလုံး၏ ဘုရားသခင်ဖြစ်သောကြောင့်၊ ယုဒပြည်ကို ငါ စွန့်ခွာခဲ့ပြီး တစ်ပါးအမျိုးသားတို့အလယ်တွင် ငါ၏ အမှုကို ပြုပေသည်။ ငါသည် ဣသရေလ အမျိုးတို့၏ ဘုရားသခင်၊ ယေဟောဝါဖြစ်သည်သာမက၊ ထို့အပြင် တစ်ပါးအမျိုးသားတို့အလယ်ရှိ ငါ၏ ရွေးချယ်ခြင်း ခံရသူအားလုံး၏ ဖန်ဆင်းရှင် ဖြစ်သောကြောင့်၊ နောက်ဆုံးသောကာလ အတွင်းတွင် တစ်ပါးအမျိုးသားများအလယ် ငါ ပေါ်ထွန်းပေသည်။ ဣသရေလ၊ အဲဂုတ္တုနှင့် လေဗနွန်တို့ကို ငါ ဖန်ဆင်းခဲ့သည်သာမက၊ ဣသရေလ အလွန် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အားလုံးတို့ကိုလည်း ဖန်ဆင်းခဲ့သည်။ ဤအရာကြောင့် ငါသည် ခပ်သိမ်းသော အဖန်ဆင်းခံ သတ္တဝါများ အားလုံး၏ အရှင်သခင်ဖြစ်သည်။ ဣသရေလကို ငါ့အမှု၏ အစပြုရာ အဖြစ်မျှသာ ငါအသုံးပြုခဲ့သည်၊ ယုဒနှင့် ဂါလိလဲပြည်များကို ငါ၏ ရွေးနုတ်ခြင်း အမှုနှင့်ဆိုင်သော အမာခံနယ်မြေများအဖြစ် အသုံးပြုခဲ့ပြီး၊ ယခုတွင် ခေတ်တစ်ခေတ်လုံးအား အဆုံးသတ် တစ်ခုသို့ ဆောင်ကြဉ်းရန် အခြေပြုရာအဖြစ် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကို ငါ အသုံးပြုပေသည်။ ငါသည် ဣသရေလပြည်၌ အမှု၏ အဆင့်နှစ်ဆင့်ကို လုပ်ဆောင်ခဲ့သည် (ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် ဖြစ်သည့် ဤအမှုအဆင့်နှစ်ဆင့်)၊ ပြီးလျှင် ဣသရေလ အလွန်ရှိ တိုင်းပြည်များတစ်လျှောက် နောက်ထပ်အမှု၏ (ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်) အဆင့်နှစ်ဆင့်ကို ငါ ဆောင်ရွက်နေပြီး ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အလယ်တွင် ငါသည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်မည် ဖြစ်ပြီး၊ ခေတ်ကိုလည်း နိဂုံးချုပ်မည် ဖြစ်သည်။ လူသားသည် ငါ့ကို ယေရှုခရစ်တော်ဟု အမြဲခေါ်သော်လည်း၊ နောက်ဆုံးသော ကာလအတွင်းတွင် ခေတ်သစ်တစ်ခုကို ငါအစပြုပြီးဖြစ်သကဲ့သို့၊ အမှုသစ်တစ်ခုကို စတင်ပြီးဖြစ်သည်ကို လူသားက မသိရှိသကဲ့သို့၊ လူသည် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို သဲသဲမဲမဲ ဆက်လက် စောင့်ဆိုင်းမည်ဆိုပါက၊ ဤကဲ့သို့သော လူများကို ငါ့ကို မယုံကြည်သောသူများဟု ငါ ခေါ်မည်။ ၎င်းတို့သည် ငါ့အား မသိကျွမ်းသော လူများဖြစ်ပြီး ငါ၌ ၎င်းတို့၏ ယုံကြည်မှုသည် မှားယွင်းပေသည်။ ထိုသို့သော လူများသည် ကယ်တင်ရှင်ယေရှု ကောင်းကင်မှ ကြွရောက်ခြင်းကို တွေ့မြင်နိုင်ကြမည်လော။‌ ၎င်းတို့ စောင့်ဆိုင်းသည်မှာ ငါ၏ ကြွရောက်ခြင်း မဟုတ်ဘဲ၊ ယုဒရှင်ဘုရင်၏ ကြွရောက်ခြင်းသာ ဖြစ်သည်။ မသန့်စင်သော ဤအိုဟောင်းသည့် ကမ္ဘာလောကကို အမြစ်ဖြတ်ချေမှုန်းရန် ငါ့ကို ၎င်းတို့ မတမ်းတကြဘဲ၊ ယင်းအစား၊ ၎င်းတို့ ရွေးနုတ်ခြင်းခံရမည် ဖြစ်သည့် ယေရှု၏ ဒုတိယကြိမ်မြောက် ပြန်ကြွလာခြင်းအား တမ်းတနေကြပေသည်။ ၎င်းတို့သည် ဤညစ်ညမ်းပြီး မဖြောင့်မတ်သည့် နယ်မြေမှ လူသားမျိုးနွယ်အားလုံးကို ယေရှု နောက်တစ်ကြိမ် ရွေးနုတ်ပေးခြင်းကို မျှော်လင့်စောင့်စားနေကြပေသည်။ ထိုသို့သောလူများသည် နောက်ဆုံးသော ကာလ၌ ငါ၏အမှုကို ပြီးစီးစေသည့်သူများ အဘယ်သို့ ဖြစ်လာနိုင်ကြမည်နည်း။ လူသားသည် ယခင်က ငါ လုပ်ဆောင်ပြီးဖြစ်သည့် အမှုကို လေးစားရုံမျှ လေးစားပြီး၊ သို့မဟုတ် မြတ်နိုးရုံမျှ မြတ်နိုးပြီး၊ ငါသည် အမြဲ သစ်လွင်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို ၎င်းတို့ မသိကြသည့်အတွက်၊ လူသား၏ စိတ်ဆန္ဒများသည် ငါ၏အလိုဆန္ဒများကို ဖြည့်ဆည်းနိုင်စွမ်းမရှိပေ၊ သို့မဟုတ် ငါ၏ အမှုကို ပြီးမြောက်စေနိုင်စွမ်း မရှိပေ။ လူသားက ငါသည် ယေဟောဝါ ဖြစ်ပြီး ယေရှုဖြစ်သည်ကိုသာ သိပြီး၊ ငါသည် လူသားမျိုးနွယ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည့် နောက်ဆုံးသော ကာလနှင့် သက်ဆိုင်သူ ဖြစ်သည်ကို အရိပ်အမြွက်မျှ မသိရှိချေ။ လူသားက တမ်းတပြီး သိရှိသည့်အရာအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများမှ လာပြီး ၎င်းတို့ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်နိုင်သည့်အရာမျှသာ ဖြစ်သည်။ ယင်းက ငါလုပ်ဆောင်သော အမှုနှင့် မကိုက်ညီဘဲ၊ ယင်းနှင့် သဟဇာတလည်း မဖြစ်ပေ။ ငါ၏အမှုကို လူသား၏ စိတ်ကူးများအတိုင်း စီမံဆောင်ရွက်ခဲ့မည်ဆိုပါက၊ ယင်းသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ လူသားမျိုးနွယ်သည် မည်သည့်အချိန်တွင် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်နိုင်မည်နည်း။ ပြီးလျှင် ငါသည် ဥပုသ်နေ့ဖြစ်သည့် သတ္တမမြောက်နေ့ရက်ထဲသို့ အဘယ်သို့ ဝင်ရောက်နိုင်မည်နည်း။ ငါသည် လူသား၏ ရည်ရွယ်ချက်များအတိုင်း မဟုတ်ဘဲ- ငါ၏ အစီအစဉ်အတိုင်းနှင့် ငါ၏ ရည်ရွယ်ချက်အတိုင်း အမှုပြုပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

(၁၈၆) သင်သည် အမေရိကန်လူမျိုး ဖြစ်သည်ဖြစ်စေ၊ ဗြိတိသျှလူမျိုး ဖြစ်သည်ဖြစ်စေ သို့မဟုတ် အခြားမည်သည့်လူမျိုးပင် ဖြစ်နေပါစေ၊ သင်၏ကိုယ်ပိုင်လူမျိုး အကန့်အသတ်ဘောင်ထဲက ထွက်လာသင့်သည်၊ သင်၏အတ္တကိုယ်ကို ကျော်လွန်လျက် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ နေရာမှနေ၍ ဘုရားသခင်၏ အလုပ်ကို ရှုမြင်သင့်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ခြေရာများအပေါ် ကန့်သတ်ချက်များ မထားလိမ့်မည်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ယနေ့ခေတ်၌ ဘုရားသခင်သည် တစ်စုံတစ်ရာသော နိုင်ငံတစ်နိုင်ငံ သို့မဟုတ် တစ်စုံတစ်ရာသော လူမျိုးအကြား၌ ပေါ်ထွန်းလာမည်ကို များစွာသောလူတို့က မဖြစ်နိုင်ဟု ထင်မြင်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်၏ အရေးပါမှုသည် အလွန်ပင် လေးနက်လှသည်တကား၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည်လည်း အလွန်ပင် အရေးပါလှသည် တကား။ လူ၏ အယူအဆများနှင့် အတွေးအခေါ်တို့ဖြင့် ၎င်းတို့ကို မည်သို့လျှင် အကဲဖြတ်နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေရန်အလို့ငှာ သင့်အနေဖြင့် မိမိ၏လူမျိုး သို့မဟုတ် မိမိမျိုးနွယ်စု၏ အယူအဆများမှ ထိုးဖောက်ထွက်သင့်သည်ဟု ငါပြောသည်။ ထိုသို့အားဖြင့်သာ သင်သည် သင့်အယူအဆများ၏ ဘောင်ခတ်ခြင်းကို မခံရဘဲ ရှိလိမ့်မည်၊ ထိုသို့အားဖြင့်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုဖို့ရန် သင်သည် အရည်အချင်းပြည့်မီလိမ့်မည်။ သို့မဟုတ်ပါက သင်သည် ထာဝရအမှောင်ထုထဲ၌ ကျန်ရစ်နေမည်ဖြစ်ပြီး ဘုရားသခင်၏ ထောက်ခံခြင်းကို ဘယ်သောအခါမျှ ရရှိမည် မဟုတ်ပေ။

ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုရားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကသာ သီးသန့်ပိုင်သည့် ဘုရားအဖြစ် ဘုရားသခင်က သူ့ကိုယ်သူ မသတ်မှတ်ထားဘဲ၊ မည်သည့်ပုံစံ၊ မည်သည့်တိုင်းနိုင်ငံ၊ သို့မဟုတ် မည်သည့်လူမျိုးမျှ၏ ဘောင်ခတ်ခြင်းကို မခံဘဲ၊ သူကြံစည်ထားသည့်အတိုင်း သူ၏အလုပ်ကို လုပ်နေသည်။ သင့်အနေဖြင့် ထိုပုံစံကို တစ်ခါမျှ စိတ်မကူးမိခဲ့ဖူးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ထိုပုံစံနှင့်ပတ်သက်သော သင့်သဘောထားသည် ငြင်းဆန်သောသဘောထား ဖြစ်ကောင်းဖြစ် နိုင်သည်၊ သို့မဟုတ် ဘုရားသခင်အနေဖြင့် မိမိကိုယ်မိမိ ဖော်ထုတ် ပြသည့် အရပ်ဖြစ်သော တိုင်းနိုင်ငံနှင့် လူမျိုးတို့သည် တိုက်တိုက် ဆိုင်ဆိုင်ပင် လူအားလုံးတို့၏ ခွဲခြားဆက်ဆံမှု ခံနေရပြီး ကမ္ဘာပေါ်၌ ခေတ်နောက်အကျန်ဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်၌ သူ၏ဉာဏ်ပညာရှိသည်။ သူ၏ ကြီးမြတ်သောတန်ခိုး၊ သူ၏ သမ္မာတရားနှင့် သူ၏စိတ်သဘောထားအားဖြင့် ဘုရားသခင်သည် သူနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သည့် လူတစ်စုကို အမှန်ရရှိခဲ့သည်၊ အမျိုးမျိုးသော စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများ၊ အမျိုးမျိုးသော နှိပ်စက်မှုများကို ကြံ့ကြံ့ခံပြီး သူ့နောက်သို့ အဆုံးတိုင် လိုက်နိုင်သည့် သူသိမ်းပိုက်ထားသော လူစုဖြစ်သည့် စုံလင်အောင် သူပြုလိုသော လူတစ်စုကို အမှန်ပင် သူရရှိခဲ့သည်။ မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံတို့ဖြင့် မကန့်သတ်ထားသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့် အတိုင်း သူ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါက ကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ရာတွင် ကားတိုင်တင်ခံရခြင်း အမှုကို စုံလင်စေဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့် ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်၊ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီး သခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း၊ တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့ကြုံသွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် တောင့်တသည့် သဘောထားတစ်ခု ပိုင်ဆိုင်ဖို့ မဆိုထားနှင့်၊ ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ သင်တို့သည် အရမ်းမဲ့ လေ့လာကြပြီး အပူအပင် အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်ထံမှ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိမည်ဟု သင်ထင်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည် ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မျက်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။ သင်၏ အယူအဆများကို စွန့်လွှတ်လော့။ မိမိကိုယ်ကို ငြိမ်သက်စေကာ ဤနှုတ်ကပတ်တော်များကို သေသေချာချာ ဖတ်လော့။ သင့်အနေဖြင့် သမ္မာတရားကို တောင့်တလျှင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်း ပေးလိမ့်မည်ဖြစ်ပြီး သူ၏အလိုနှင့် သူ၏ နှုတ်ကပတ်တော်များကို သင်နားလည်လိမ့်မည်။ “မဖြစ်နိုင်” ဟူသည့် သင်တို့၏ အမြင်များကို စွန့်လွှတ်လော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မားမားစွင့်စွင့် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးတို့်ကို ကျော်လွန်ကာ တည်ရှိလေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုတော် သာ၍ပါလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၌ ဘုရားသခင်က သူ့ကိုယ်သူ ထုတ်ဖော်သည်ဖြစ်စေ ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။ ထို့ပြင် ဘုရားသခင် ပေါ်ထွန်းသည့် နည်းဟန် သို့မဟုတ် တည်နေရာကြောင့် သူ၏အနှစ်သာရမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားက ပြောင်းလဲခြင်း မရှိပါ၊ ထို့ပြင် ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်သည် လူသားအားလုံး၏ ဘုရားသခင်ဖြစ်သည်၊ ယင်းအချက်မှာ သခင်ယေရှုသည် ဣသရေလလူမျိုးတို့၏ ဘုရားသာမဟုတ်ဘဲ အာရှ၊ ဥရောပနှင့် အမေရိကတို့ရှိ လူအားလုံး၏ ဘုရားဖြစ်သည်သာမက၊ ထို့ထက်ပို၍ပင် သူသည် စကြဝဠာတစ်ခုလုံး၌ တစ်ဆူတည်းသော ဘုရားပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုကို ငါတို့ ရှာဖွေကြပါစို့။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သူ၏မိန့်မြွက်ခြင်းများထဲတွင် ရှာဖွေကြပါစို့။ ထို့ပြင် သူ၏ခြေလှမ်းများကို အမီလိုက်ကြပါစို့။ ဘုရားသခင်သည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ပေါ်ထွန်းခြင်းတို့သည် တစ်ပြိုင်တည်း တည်ရှိကြသည်၊ သူ၏ စိတ်သဘောထားနှင့် ခြေရာများသည်လည်း လူသားများအဖို့ အစဉ် လမ်းဖွင့်ပေးထားသည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ ဤနှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်နိုင်ကာ ခေတ်သစ်တစ်ခေတ်ထဲသို့ သင်တို့ရှေ့တိုးလျက် လှမ်းသွားသည်နှင့် ဘုရားသခင်၏ ခြေလှမ်းများ နောက်သို့ စတင်လျှောက်လှမ်းပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စောင့်မျှော်နေကြသူများအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် လှပသော ကောင်းကင်သစ်နှင့် မြေကြီးသစ်ဆီသို့ ဝင်ရောက်ကြ လိမ့်မည်ဟု ငါမျှော်လင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ရလဒ်” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- (ဃ) သမ္မာတရား၏ဖြစ်ခြင်းကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- ၄။ လူ့ဇာတိခံယူခြင်း၏ နက်နဲမှုများကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။