၆။ သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

(၂၄၀) နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့် ခရစ်ယာန်ဘာသာ၏) အစဉ်အလာ နည်းလမ်းဖြင့် ယုံကြည်မှုသည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်း ဖြစ်ခဲ့သည်။ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် အများနှင့်ကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး၊ လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာကျမ်းစာအား ရှင်းလင်းဖော်ပြမှု ဖြစ်ရပေမည်။ ဆိုလိုသည်မှာ၊ သင်က သခင့်ကို ယုံကြည်လျှင်၊ သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သမ္မာကျမ်းစာမှလွဲ၍ သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်ရပေ။ သင်က ထိုသို့ ပြုလုပ်လျှင်၊ ဘုရားသခင်အား သစ္စာဖောက်နေခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။ သို့ဖြစ်၍၊ လူတို့က သခင်ကို ယုံကြည်သည်နှင့် တစ်ပြိုင်နက် သမ္မာကျမ်းစာကို စတင်ဖတ်ကြားပြီး၊ သမ္မာကျမ်းစာကို အာဂုံဆောင်ကြသည်၊ ပြီးလျှင် သမ္မာကျမ်းစာကို အာဂုံဆောင်လာနိုင်လေလေ၊ သူတို့သည် သခင်ကို ချစ်ကြကြောင်းနှင့် ဧရာမယုံကြည်သူများ ဖြစ်ကြကြောင်း သက်သေပြနိုင်လေလေ ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ကြားလျက် အခြားသူတို့အား သမ္မာကျမ်းစာကို ပြောပြပေးနိုင်သူအားလုံးတို့သည် သူကောင်း ညီအစ်ကိုမောင်နှမများ ဖြစ်သည်။ ဤနှစ်များအားလုံးအတွင်း၊ လူတို့၏ သခင်အပေါ် ယုံကြည်မှုနှင့် သစ္စာရှိမှုကို သူတို့ သမ္မာကျမ်းစာကို သိရှိ နားလည်မှု ပမာဏဖြင့် တိုင်းတာခဲ့ကြသည်။ လူအများစုက သူတို့ မည်သည့် အတွက်ကြောင့် ဘုရားသခင်အား ယုံကြည်သင့်သည်ကို လည်းကောင်း၊ ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်ကို လည်းကောင်း နားမလည်ကြဘဲ၊ သမ္မာကျမ်းစာ၏ အခန်းကြီးများကို အဓိပ္ပာယ်ဖွင့်ပေးရန် သဲလွန်စများကို မမြင်မကန်း ရှာသည်မှ လွဲပြီး မည်သည့်အရာမျှ မလုပ်ကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ ဦးတည်ရာလမ်းကြောင်းကို မည်သည့်အခါကမျှ မလိုက်ခဲ့ကြပေ၊ ကာလတစ်လျှောက်လုံး၌ ထိုသူတို့သည် သမ္မာကျမ်းစာကို အသည်းအသန် လေ့လာစူးစမ်းမှု မှလွဲပြီး မည်သည့်အရာမျှ မပြုခဲ့ပေ၊ ထို့အပြင်၊ သမ္မာကျမ်းစာ ပြင်ပတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ သာ၍သစ်သော လုပ်ဆောင်ချက်ကို မည်သူမျှ မည်သည့်အခါကမျှ ရှာမတွေ့ခဲ့ပေ၊ မည်သူမျှ သမ္မာကျမ်းစာမှ မသွေဖည်ခဲ့သလို၊ မည်သူမှ သမ္မာကျမ်းစာမှ သွေဖည်ဝံ့ခြင်းလည်း မရှိခဲ့ပေ။ လူတို့သည် ထိုနှစ်များအတွင်း သမ္မာကျမ်းစာကို လေ့လာခဲ့ကြသည်၊ သူတို့သည် ရှင်းလင်းချက် အမျိုးမျိုးကို စိတ်ကူးခဲ့ကြလျက် များစွာ ကြိုးစား အားထုတ်ခဲ့ကြသည်။ သမ္မာကျမ်းစာနှင့် ပတ်သက်၍ သဘောထား ကွဲလွဲချက်များလည်း အများအပြားရှိကြပြီး၊ ၎င်းတို့ကို မဆုံးနိုင်အောင် ငြင်းခုံနေကြသည်မှာ ယနေ့တွင် ဘာသာရေး ဂိုဏ်းဂဏပေါင်း နှစ်ထောင်ကျော်ပင် ဖွဲ့စည်းထူထောင် ထားခဲ့ပြီးသည်အထိ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာကျမ်းစာထဲတွင် အထူး ရှင်းလင်းချက်အချို့ကို သို့မဟုတ် ပို၍ နက်နဲသိမ်မွေ့သည့် လျှို့ဝှက်ဆန်းကြယ်သည့် အချက်များကို ရှာကြံလိုကြပြီး၊ ၎င်းကို စူးစမ်းလေ့လာလိုကာ၊ ၎င်းအထဲတွင် ယေဟောဝါ၏ ဣသရေလနိုင်ငံထဲက လုပ်ဆောင်ချက်၊ သို့မဟုတ် ယုဒနယ်ထဲက ယေရှု၏ လုပ်ဆောင်ချက်၊ သို့မဟုတ် အခြား မည်သူမျှ မသိသေးသည့် လျှို့ဝှက်ဆန်းကြယ်သည့် နောက်ထပ်အချက်များကို ရှာဖွေလိုကြသည်။ သမ္မာကျမ်းစာအား လူတို့၏ ချဉ်းကပ်ကြပုံမှာ စွဲလမ်းမှုနှင့် ယုံကြည်မှုသာရှိပြီး၊ သမ္မာကျမ်းစာ၏ အတွင်းဇာတ်လမ်း သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်လာလျှင် မည်သူမျှ လုံးဝ ရှင်းလင်းစွာ မသိနိုင်ပါ။ ထို့ကြောင့်၊ သမ္မာကျမ်းစာနှင့် ပတ်သက်လာလျှင် ယနေ့ လူများသည် ဖော်ပြမရနိုင်အောင် အံ့သြရသည့် ခံစားချက်ရှိနေဆဲဖြစ်ပြီး သူတို့သည် သမ္မာကျမ်းစာကို ပို၍ပင် စွဲလမ်းနေကြပြီး ယုံကြည်နေကြသည်။ ယနေ့တွင်၊ လူတိုင်းက နောက်ဆုံးသောကာလ အမှုတော်၏ ပရောဖက်ပြုချက်များကို သမ္မာကျမ်းစာထဲမှာ ရှာတွေ့လိုနေကြပြီး၊ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် မည်သည့်အမှုကို လုပ်ဆောင်သည်၊ ထို့အပြင် နောက်ဆုံးသော ကာလအတွက် မည်သည့် နိမိတ်လက္ခဏာများ ရှိကြသည် ဆိုသည်ကို ၎င်းတို့က သိလိုကြသည်။ ဤနည်းဖြင့်၊ သမ္မာကျမ်းစာကို သူတို့ကိုးကွယ်မှုသည် သာ၍ပင် ထက်သန်လာနေပြီး နောက်ဆုံးသောကာလသို့ ပို၍ နီးကပ်လာလေလေ သူတို့သည် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များကို၊ အထူးသဖြင့် နောက်ဆုံးသောကာလနှင့် ပတ်သက်သည့်အရာများကို အကျိုးအကြောင်းမဲ့စွာ ပို၍ လက်ခံယုံကြည်လာလေလေ ဖြစ်သည်။ သမ္မာကျမ်းစာကို ထိုကဲ့သို့ မျက်ကန်းယုံကြည်မှုဖြင့်၊ သမ္မာကျမ်းစာကို ထိုကဲ့သို့ အားကိုးခြင်းဖြင့်၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မရှာဖွေလိုတော့ပေ။ လူတို့၏ အယူအဆများထဲတွင်၊ သမ္မာကျမ်းစာကသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ယူဆောင်ပေးနိုင်သည်ဟု သူတို့ ယုံကြည်ကြသည်၊ ဘုရားသခင်၏ ခြေလှမ်းများကို သမ္မာကျမ်းစာထဲတွင်သာ သူတို့ တွေ့ရှိနိုင်သည်၊ ဘုရားသခင်၏ အမှု၏ နက်နဲရာများကို သမ္မာကျမ်းစာထဲတွင်သာ ဝှက်ထားသည်၊ မည်သည့်အခြားစာအုပ် သို့မဟုတ် လူများမဟုတ်ဘဲ၊ သမ္မာကျမ်းစာကသာလျှင် ဘုရားသခင်၏ အရာအားလုံးနှင့် ဘုရားသခင် အမှု အလုံးစုံကို ရှင်းလင်းပေးနိုင်သည်၊ သမ္မာကျမ်းစာသည် ကောင်းကင်ဘုံ အမှုကို ကမ္ဘာကြီးထံ ယူဆောင်ပေးနိုင်သည်၊ ထို့အပြင် သမ္မာကျမ်းစာသည် ခေတ်များကို စတင်နိုင်သကဲ့သို့ အဆုံးသတ်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ဤအယူအဆများကြောင့်၊ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေလိုစိတ် မရှိကြတော့ပေ။ ထို့ကြောင့်၊ အတိတ်ကာလများက လူတို့ကို သမ္မာကျမ်းစာက မည်မျှပင် ကူညီပေးခဲ့ပါစေ၊ ၎င်းသည် ဘုရားသခင်၏ နောက်ဆုံးသောအမှုအတွက် အတားအဆီး တစ်ခု ဖြစ်လာသည်။ သမ္မာကျမ်းစာ မရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို အခြားတစ်နေရာမှာ ရှာနိုင်ကြမည် ဖြစ်သော်လည်း၊ ယနေ့တွင် ဘုရားသခင်၏ ခြေလှမ်းများကို သမ္မာကျမ်းစာက ထိန်းချုပ်ထားပြီး၊ ဘုရားသခင်၏ နောက်ဆုံးသော အမှုကို တိုးချဲ့ခြင်းသည် နှစ်ဆနှစ်ပြန် ခဲယဉ်းလာလျက်၊ လေထန်ရေဆန် ရုန်းကန်ရမှုတစ်ခု ဖြစ်တော့သည်။ အားလုံး ထိုသို့ဖြစ်လာရသည်မှာ၊ သမ္မာကျမ်းစာထဲက နာမည်ကြီးအခန်းများနှင့် မိန့်ကြားချက်များကြောင့် ဖြစ်သလို၊ သမ္မာကျမ်းစာထဲက အမျိုးမျိုးသော ပရောဖက်ပြုချက်များကြောင့်လည်း ဖြစ်သည်။ သမ္မာကျမ်းစာသည် လူများ၏ စိတ်ထဲမှာ ကိုးကွယ်ရာတစ်ခု ဖြစ်လာပြီး၊ ၎င်းသည် သူတို့၏ ဦးနှောက်များထဲ၌ ပဟေဠိတစ်ခု ဖြစ်လာ၍၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ပြင်ပတွင် အမှုပြုနိုင်သည်ကို ၎င်းတို့ တကယ့်ကို ယုံကြည်လက်ခံနိုင်စွမ်း မရှိကြပေ၊ လူတို့သည် ဘုရားသခင်ကို သမ္မာကျမ်းစာ၏ ပြင်ပတွင် ရှာတွေ့နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း မရှိကြသည့်အပြင်၊ နောက်ဆုံးသော အမှုအတွင်းမှာ ဘုရားသခင်သည် သမ္မာကျမ်းစာက သွေဖည်လျက် အသစ်တစ်ဖန် စတင်နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း သာ၍ပင် မရှိကြပေ။ လူတို့သည် ဤအရာကို မစဉ်းစားရဲကြပေ။ သူတို့သည် ၎င်းကို မယုံနိုင်ကြသလို၊ ၎င်းကို စိတ်ကူးကြည့်၍ပင် မရနိုင်ကြပေ။ လူတို့အနေနှင့် ဘုရားသခင်၏ အမှုသစ်ကို လက်ခံရေးတွင် သမ္မာကျမ်းစာသည် ဧရာမအဟန့်အတားတစ်ခု ဖြစ်လာကာ ဘုရားသခင်၏ ဤအမှုသစ် တိုးချဲ့ရေးအတွက် အခက်အခဲ ဖြစ်လာသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

(၂၄၁) သမ္မာကျမ်းစာသည် မည်ကဲ့သို့သော စာအုပ်မျိုးနည်း။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ဘုရားသခင်၏ အမှု ဖြစ်သည်။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ယေဟောဝါ၏ အမှုအားလုံးနှင့် သူ၏ ဖန်ဆင်းခြင်းအမှုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ကျမ်းတစ်စောင်လုံးသည် ယေဟောဝါ ပြုခဲ့သည့် အမှုကို မှတ်တမ်းတင်ထားပြီး၊ နောက်ဆုံးတွင် မာလခိကျမ်းဖြင့် ယေဟောဝါ၏ အမှု၏ ဖြစ်စဉ်များကို အဆုံးသတ်ထားသည်။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုနှစ်ခုကို မှတ်တမ်းတင် ထားသည်- တစ်ခုက ဖန်ဆင်းခြင်းအမှု ဖြစ်ပြီး၊ တစ်ခုက ပညတ်ကို ပြဋ္ဌာန်းခြင်းအမှု ဖြစ်သည်။ ထိုအမှုနှစ်ခုစလုံးကို ယေဟောဝါက ပြုခဲ့ခြင်း ဖြစ်သည်။ ပညတ်တော်ခေတ်သည် ယေဟောဝါ ဘုရားသခင်ဟူသော နာမဖြင့် လုပ်ဆောင်ခဲ့သည့် အမှုကို သရုပ်ဖော်သည်၊ အဓိကအားဖြင့် ယေဟောဝါ၏ နာမဖြင့် ဆောင်ရွက်ခဲ့သည့် အမှုတစ်ရပ်လုံး ဖြစ်သည်။ ထို့ကြောင့်၊ ဓမ္မဟောင်းကျမ်းသည် ယေဟောဝါ၏ အမှုကို မှတ်တမ်းတင်ထားပြီး ဓမ္မသစ်ကျမ်းမှာမူ အဓိကအားဖြင့် ယေရှု၏နာမဖြင့် လုပ်ဆောင်ခဲ့သည့် ယေရှု၏အမှုကို မှတ်တမ်းတင်ထား၏။ ယေရှု၏နာမ၏ အရေးပါမှုနှင့် သူပြုခဲ့သည့် အမှုကို ဓမ္မသစ်ကျမ်းထဲတွင် အများအားဖြင့် မှတ်တမ်းတင်ထားသည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်အတွင်းတွင်၊ ယေဟောဝါသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို ဣသရေလနိုင်ငံမှာ တည်ဆောက်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်ရှိ ဣသရေလအမျိုးသားများ၏ ဘဝကို လမ်းညွှန် ပေးခဲ့သည်၊ သူတို့သည် ယေဟောဝါ၏ ရွေးချယ်ခံရသူများ၊ ကမ္ဘာကြီးပေါ်၌ ဘုရားသခင် ရွေးချယ်ခဲ့သည့် ပထမဦးဆုံး လူအုပ်စုဖြစ်ပြီး၊ သူတို့သည် ဘုရားသခင် စိတ်တော်နှင့်တွေ့ကာ ဘုရားသခင်ကိုယ်တိုင် ဦးဆောင်ခဲ့သည့် ပထမဦးဆုံး လူအုပ်စု ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဣသရေလနိုင်ငံမှ လူမျိုးနွယ်စု ဆယ့်နှစ်စုတို့သည် ယေဟောဝါ၏ ပထမဆုံး အရွေးခံများ ဖြစ်ခဲ့ကြသည့်အတွက်၊ သူသည် သူတို့၌ အမြဲ အမှုပြုခဲ့သည်မှာ၊ ပညတ်တော်ခေတ်က ယေဟောဝါ၏အမှု ပြီးဆုံးသွားသည့်အထိ ဖြစ်သည်။ အမှုတော်၏ဒုတိယအဆင့်သည် ဓမ္မသစ်ကျမ်းမှ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ ယင်းကို ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စုဆယ့်နှစ်စုအနက် တစ်စုဖြစ်သည့် ယုဒလူမျိုးနွယ်စု အကြား၌ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဤအမှု၏ အတိုင်းအတာ ပိုသေးခဲ့ခြင်းက ယေရှုသည် လူ့ဇာတိခံယူခဲ့သည့် ဘုရားသခင် ဖြစ်သောကြောင့်ပင်တည်း။ ယေရှုသည် ယုဒပြည်တစ်ဝန်း၌သာ အမှုပြုခဲ့ပြီး၊ သုံးနှစ်ခွဲမျှသော အမှုကိုသာ ပြုခဲ့သည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်း၌ မှတ်တမ်း တင်ထားသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် အမှုပမာဏကို မည်သို့မျှ ကျော်လွန်၍ မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

(၂၄၂) ဘုရားသခင်သည် ပညတ်တော်ခေတ်၏ အမှုတော်ကို ဆောင်ရွက်ပြီးနောက်တွင်၊ ဓမ္မဟောင်းကျမ်း ထွက်ပေါ်ခဲ့ကာ၊ ထို့နောက်တွင် လူတို့သည် သမ္မာကျမ်းစာကို စတင်ဖတ်ရှုခဲ့ကြသည်။ ယေရှု ကြွလာပြီးနောက် သူက ကျေးဇူးတော်ခေတ်၏ အမှုတော်ကို ဆောင်ရွက်ခဲ့ပြီး၊ သူ့တမန်တော်များက ဓမ္မသစ်ကျမ်းကို ရေးသားခဲ့ကြသည်။ ထိုသို့ဖြင့် သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်း နှင့် ဓမ္မသစ်ကျမ်းတို့ ထွက်ပေါ်လာပြီး၊ ယနေ့တိုင်အောင်ပင် ဘုရားသခင်ကို ယုံကြည်သူများအားလုံးက သမ္မာကျမ်းစာကို ဖတ်နေခဲ့ကြသည်။ သမ္မာကျမ်းစာသည် သမိုင်းစာအုပ်တစ်အုပ်ဖြစ်သည်။ ၎င်း၌ ပရောဖက်များ၏ အနာဂတ်ဆိုင်ရာ ဟောကြားချက်တချို့ ပါဝင်ခဲ့သည်မှာ မှန်သော်လည်း၊ ထိုသို့သော ဟောကြားချက်များသည် သမိုင်းနှင့် လားလားမျှ မသက်ဆိုင်ပေ။ သမ္မာကျမ်းစာထဲမှာ ကဏ္ဍ အမျိုးမျိုးပါဝင်သည်— ၎င်းထဲတွင် ပရောဖက်ပြုချက်များ သို့မဟုတ် ယေဟောဝါ၏ အမှုများ သို့မဟုတ် ရှင်ပေါလု၏ ဩဝါဒစာများသာ ပါခဲ့သည် မဟုတ်ပေ။ သမ္မာကျမ်းစာထဲ၌ အပိုင်းမည်မျှ ပါဝင်သည်ကို သင်တို့ သိရှိကြရမည်၊ ဓမ္မဟောင်းကျမ်းထဲ၌ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း...စသဖြင့် ပါဝင်ပြီး ပရောဖက်များက ရေးသားသည့် အနာဂတ္တိကျမ်းများလည်း ရှိသေးသည်။ အဆုံးတွင်၊ ဓမ္မဟောင်းကျမ်းကို မာလခိကျမ်းဖြင့် အဆုံးသတ်ထားသည်။ ၎င်းသည် ယေဟောဝါမှ ဦးဆောင်ခဲ့သည့် ပညတ်တော်ခေတ်၏ အမှုကို မှတ်တမ်းတင်ထားသည်၊ ကမ္ဘာဦးကျမ်းမှ မာလခိကျမ်းအထိ ၎င်းသည် ပညတ်တော်ခေတ်၏ အမှုအားလုံး၏ ပြည့်စုံသော မှတ်တမ်းတစ်ခုဖြစ်သည်။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ် ကာလတုန်းက ယေဟောဝါ၏ လမ်းညွှန်မှုကို ခံယူခဲ့ကြသည့်လူများ ကြုံတွေ့ခဲ့ရသည့် အရာများအားလုံးကို မှတ်တမ်းတင်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ် ကာလထဲတွင်၊ ယေဟောဝါမှ ပျိုးထောင်လေ့ကျင့် ပေးခဲ့သည့် များပြားလှသည့် ပရောဖက်များသည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ဟောကြားခဲ့ကြသည်၊ သူတို့သည် အမျိုးမျိုးသော လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများကို လမ်းညွှန်ချက်များ ပေးခဲ့ကြပြီး၊ ယေဟောဝါမှ ပြုမည့် အမှုကို ကြိုပြီး ဟောကြားခဲ့ကြသည်။ ထိုသို့ ပျိုးထောင်လေ့ကျင့်ပေးခြင်း ခံခဲ့ကြရသူ အားလုံးတို့အား ပရောဖက်ပြုခြင်းဝိညာဉ်ကို ယေဟောဝါမှ ပေးအပ်ခဲ့သည်- သူတို့သည် ယေဟောဝါထံမှ ရူပါရုံများကို မြင်နိုင်၏၊ ဘုရားသခင်၏အသံကို ကြားနိုင်ကြပြီး၊ ထို့ကြောင့် ဘုရားသခင်၏ စေ့ဆော်ခြင်းခံရပြီး အနာဂတ္တိကျမ်းများကို ရေးခဲ့ကြသည်။ သူတို့ လုပ်ခဲ့သည့် အလုပ်သည် ယေဟောဝါ၏ အသံကို ဖေါ်ပြချက် ဖြစ်ပြီး၊ ယေဟောဝါ၏ ပရောဖက်ပြုချက်ကို ဖော်ပြချက်ဖြစ်လျက်၊ ထိုစဉ်က ယေဟောဝါ၏အမှုက ဝိညာဉ်ကို အသုံးပြုပြီး လူများကို လမ်းညွှန်ပေးရုံမျှ ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်မလာခဲ့ဘဲ၊ လူများသည် ဘုရားသခင်၏ မျက်နှာကို မမြင်ခဲ့ကြရပေ။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏ အလုပ်ကို လုပ်ဆောင်ပေးရန် များစွာသော ပရောဖက်များကို ပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး သူတို့အား ဣသရေလနိုင်ငံထဲက လူမျိုးနွယ်စုတိုင်းနှင့် ဆွေမျိုးစုတိုင်းကို လက်ဆင့်ကမ်းရန် နိမိတ်များကိုပေးခဲ့သည်။ သူတို့၏ အလုပ်က ပရောဖက်ပြုချက်ကို ဟောကြားပေးရန် ဖြစ်ပြီး၊ သူတို့ထဲက အချို့သူတို့သည် အခြားသူတို့အား ပြသပေးရန် ယေဟောဝါ၏ ညွှန်ကြားချက်များကို ချရေးခဲ့ကြပါသည်။ လူများအနေနှင့် ယေဟောဝါ၏ အံ့ဘွယ်ကောင်းမှုနှင့် ဉာဏ်ပညာတို့ကို မြင်တွေ့စေရန်အတွက် ယေဟောဝါသည် ထိုသူများကို ပရောဖက်ပြုချက်များ ဟောကြားရန်၊ အနာဂတ်၏အမှု သို့မဟုတ် ထိုကာလအတွင်း လုပ်ဆောင်ပေးဖို့ ရှိနေသေးသည့် အမှုကို ကြိုပြီး ဟောကြားရန် ပျိုးထောင်လေ့ကျင့်ပေးခဲ့သည်။ ယင်းအနာဂတ္တိကျမ်းများသည် သမ္မာကျမ်းစာထဲက အခြားကျမ်းများနှင့် အတော်များများ မတူကြပေ၊ ၎င်းတို့သည် ပရောဖက်ပြုခြင်းဝိညာဉ်ကို ရရှိခဲ့ကြသူများ— ယေဟောဝါထံမှ ရူပါရုံများ သို့မဟုတ် အသံများ လက်ခံရရှိခဲ့ကြရသူများမှ ဟောကြားခဲ့ကြသည့် သို့မဟုတ် ရေးသားခဲ့ကြသည့် စကားလုံးများ ဖြစ်သည်။ အနာဂတ္တိကျမ်းများမှအပ၊ ဓမ္မဟောင်းကျမ်းထဲ ပါရှိသမျှ အရာအားလုံးမှာ ယေဟောဝါက ၎င်း၏ အမှုကို ပြုပြီးသွားပြီးနောက် လူများက ပြုလုပ်ခဲ့ကြသည့် မှတ်တမ်းများ ဖြစ်သည်။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းများကို ဟေရှာယအနာဂတ္တိကျမ်းနှင့် ဒံယေလ အနာဂတ္တိကျမ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်၊ ထိုကျမ်းများသည် ယေဟောဝါမှ ပျိုးထောင် လေ့ကျင့်ပေးခဲ့သည့် ပရောဖက်တို့ပြောကြားခဲ့သည့် ကြိုတင်ဟောကိန်းထုတ်ချက်များကို အစားထိုးနိုင်စွမ်း မရှိနိုင်ကြပေ။ အမှုတော်ကို မလုပ်ဆောင်မီ ပရောဖက်ပြုချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျန်သည့် ကျမ်းများကိုမူ အမှုတော် ဆောင်ရွက်ပြီးနောက်၊ လူများ တတ်စွမ်းနိုင်ခဲ့ကြသည်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကာလက ပရောဖက်များသည် ယေဟောဝါ၏ စေ့ဆော်ပေးခြင်းခံခဲ့ရပြီး အချို့သော ပရောဖက်ပြုချက်များကို ပြောကြားခဲ့သည်၊ ၎င်းတို့သည် စကားအများအပြား ပြောကြားခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ဆိုင်ရာ အရာများအပြင် ယေဟောဝါမှ လုပ်ဆောင်ရန် စီမံထားသည့် နောက်ဆုံးသောကာလ၌ ကမ္ဘာကြီးအား ဖျက်ဆီးမှု အကြောင်းကိုလည်း ပရောဖက်ပြုခဲ့ကြသည်။ ကျန်သည့် ကျမ်းများအားလုံးမှာ ယေဟောဝါက ဣသရေလနိုင်ငံတွင် ပြုခဲ့သည့်အမှုကို မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍၊ သင်တို့ သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါ၊ သင်တို့သည် ယေဟောဝါက ဣသရေလနိုင်ငံတွင် လုပ်ဆောင်ခဲ့သည့်အရာများကို အဓိကအားဖြင့် ဖတ်နေခြင်း ဖြစ်၏၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းမှာ ဣသရေလနိုင်ငံအား လမ်းညွှန်ပေးရန် ယေဟောဝါ၏ အမှု၊ ဣသရေလ အမျိုးသားတို့ကို ဖာရောဘုရင်၏ သံခြေကျင်းများကို ဖယ်ရှားပေးလျက် တောထဲသို့ လမ်းပြရန် မောရှေကို ယေဟောဝါမှ အသုံးပြုခဲ့ခြင်းနှင့် နောက်ပိုင်း ခါနာန်ပြည်အတွင်း ဝင်ရောက်ခဲ့ပြီး ၎င်းနောက်အားလုံးက ခါနာန်ပြည်ရှိ သူတို့၏ ဘဝအကြောင်းကို အဓိကအားဖြင့် မှတ်တမ်းတင်ထားလေသည်။ ထိုမှအပ အားလုံးသည် ဣသရေလနိုင်ငံတစ်ဝန်းလုံးတွင် ယေဟောဝါ၏ အမှုများ၏ မှတ်တမ်းများ စုစည်းထားခြင်း ဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာအားလုံးသည် ဣသရေလနိုင်ငံ၌ ယေဟောဝါ၏ အမှု၊ ယေဟောဝါက အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည့် ပြည်ထဲက ယေဟောဝါ ပြုခဲ့သည့် အမှုဖြစ်သည်။ ဘုရားသခင်က နောဧနောက်ပိုင်း ကမ္ဘာပေါ်ရှိ လူများကို တရားဝင် စတင်ဦးဆောင်လာခဲ့သည့် အချိန်မှစပြီး၊ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသမျှ အရာတိုင်းမှာ ဣသရေလနိုင်ငံက အမှုဖြစ်သည်။ ဣသရေလနိုင်ငံပြင်ပက အမှုတစ်ခုကိုမျှ မှတ်တမ်းတင်ထားခြင်း မရှိသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဣသရေလပြည်သည် လူသားမျိုးနွယ် အစပျိုးရာအရပ် ဖြစ်၍ ဖြစ်သည်။ အစအဦးတွင်၊ ဣသရေလမှအပ အခြားနိုင်ငံများ မရှိခဲ့ကြပေ၊ သို့ဖြစ်၍ ယေဟောဝါသည် အခြားနေရာတွင် အမှုမပြုခဲ့ပေ။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းထဲ၌ မှတ်တမ်းတင်ထားသည်များမှာ ထိုစဉ်က ဣသရေလနိုင်ငံရှိ ဘုရားသခင်၏အမှုသက်သက်သာ ဖြစ်သည်။ ပရောဖက်များဖြစ်သည့် ဟေရှာယ၊ ဒံယေလ၊ ယေရမိနှင့် ယေဇကျေလတို့ ပြောကြားသည့် စကားလုံးများ...သူတို့၏ စကားလုံးများသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ အခြားအမှုကို ကြိုတင်ဟောကြားခဲ့၏၊ သူတို့သည် ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို ကြိုတင်ဟောကြားခဲ့ကြသည်။ ယင်းအရာများ အားလုံး ဘုရားသခင်ထံမှ လာခဲ့၏၊ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ပရောဖက်များ၏ ဤကျမ်းစာအုပ်များမှအပ၊ အခြားအရာ အားလုံးသည် ထိုအချိန်က ယေဟောဝါ၏ အမှုကို လူတို့ကြုံတွေ့ခြင်းများ၏ မှတ်တမ်းတစ်ခုဖြစ်သည်။

ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် မရှိမီ ဖြစ်ပေါ်ခဲ့သော်လည်း၊ ကမ္ဘာဦးကျမ်းသည် လူသားမျိုးနွယ် ပေါ်လာခဲ့သည့် နောက်မှသာပေါ်လာခဲ့၏၊ ယင်းသည် မောရှေက ပညတ်တော်ခေတ်ထဲတွင် ရေးခဲ့သည့် ကျမ်းတစ်အုပ် ဖြစ်သည်။ ၎င်းမှာ သင်တို့အကြား ယနေ့ဖြစ်ပျက်သည့် အရာများနှင့် တူသည်- ၎င်းတို့ဖြစ်ပျက်သွားသည့် နောက်၊ အနာဂတ်တွင် လူများကို ပြသပေးရန် သင်တို့သည် ထိုအရာများကို ချရေးကြသည်၊ အနာဂတ်ထဲက လူများအတွက်မူ၊ သင် မှတ်တမ်းတင်ထားလိုက်သည့် အရာများက အတိတ်ကာလများတုန်းက ဖြစ်ပျက်ခဲ့သည့် အရာများ ဖြစ်သည်— ၎င်းတို့သည် သမိုင်းသက်သက်ပင် ဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌ မှတ်တမ်းတင်ထားသည့် အရာများသည် ဣသရေလနိုင်ငံ၌ ယေဟောဝါ၏ အမှုဖြစ်ပြီး၊ ဓမ္မသစ်ကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာမှာ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏အမှု ဖြစ်သည်၊ ၎င်းတို့သည် မတူညီသည့် ခေတ်နှစ်ခေတ်၌ ဘုရားသခင်က လုပ်ဆောင်ခဲ့သည့် အမှုကို မှတ်တမ်းတင်ထားကြ၏။ ဓမ္မဟောင်းကျမ်းက ပညတ်တော်ခေတ်အတွင်း ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်၏၊ ထို့ကြောင့် ဓမ္မဟောင်းကျမ်းက သမိုင်းဝင်စာအုပ် ဖြစ်သော်လည်း၊ ဓမ္မသစ်ကျမ်းကမူ ကျေးဇူးတော်ခေတ် အမှု၏ ရလဒ်ဖြစ်သည်။ အမှုအသစ်ကို စတင်သည့်အခါ၊ ဓမ္မသစ်ကျမ်းသည်လည်း ခေတ်ဟောင်းသွားခဲ့၏— သို့ဖြစ်၍၊ ဓမ္မသစ်ကျမ်းသည်လည်း သမိုင်းဝင်စာအုပ်တစ်အုပ် ဖြစ်၏။ ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းကဲ့သို့ စနစ်မကျသကဲ့သို့၊ အရာများစွာကိုလည်း ဓမ္မဟောင်းကျမ်းလောက် မှတ်တမ်းမတင်ထားသည်မှာ မှန်ပေသည်။ ယေဟောဝါ မိန့်ကြားခဲ့သည့် နှုတ်ကပတ်တော်များအားလုံးကို သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသော်လည်း၊ ယေရှု၏နှုတ်ကပတ်တော် အချို့တို့ကိုသာ ခရစ်ဝင်ကျမ်း လေးကျမ်းထဲတွင် မှတ်တမ်းတင်ထားသည်။ ယေရှုသည်လည်း အမှုများစွာ လုပ်ဆောင်ခဲ့သည်မှာ မှန်၏၊ သို့သော်လည်း၊ ၎င်းတို့ကို အသေးစိတ် မှတ်တမ်းမတင်ထားခဲ့ပေ။ ဓမ္မသစ်ကျမ်းထဲတွင် ထိုသို့ မှတ်တမ်းတင်မှု နည်းနေခြင်းမှာ ယေရှုလုပ်ဆောင်ခဲ့သည့် အမှု၏ ပမာဏကြောင့် ဖြစ်သည်၊ သုံးနှစ်ခွဲကြာ ကာလအတွင်း ကမ္ဘာကြီးပေါ်မှာ ယေရှုလုပ်ခဲ့သည့် အမှုပမာဏနှင့် တမန်တော်များ လုပ်ခဲ့ကြသည့် အမှုပမာဏမှာ ယေဟောဝါ၏ အမှုထက် များစွာမှ နည်းပါးခဲ့သည်။ သို့ဖြစ်သောကြောင့်၊ ဓမ္မသစ်ကျမ်းတွင်ဓမ္မဟောင်းကျမ်းထက် ကျမ်းစာအုပ်များ ပိုနည်းခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

(၂၄၃) ဓမ္မသစ်ကျမ်းထဲမှ ခရစ်ဝင်ကျမ်းများကို ယေရှု ကားစင်တင်ခံခဲ့ရသည့်နောက် အနှစ်နှစ်ဆယ်မှ အနှစ်သုံးဆယ် အကြာတွင် ရေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန် မတိုင်မီက အစ္စရေးလူမျိုးများသည် ဓမ္မဟောင်းကျမ်းကိုသာ ဖတ်ရှုခဲ့ကြသည်။ ယင်းမှာ ကျေးဇူးတော်ခေတ်၏ အစပိုင်းမှ လူများသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုခဲ့ကြသည်ဟု ဆိုရပေမည်။ ဓမ္မသစ်ကျမ်းသည် ကျေးဇူးတော် ခေတ်အတွင်းတွင်သာ ပေါ်ပေါက်လာခဲ့သည်။ ယေရှု အလုပ်လုပ်ခဲ့သည့် အချိန်က ဓမ္မသစ်ကျမ်း မရှိခဲ့ပေ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားပြီးနောက်တွင် လူတို့သည် ယေရှု၏ အမှုကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုအချိန်ကျမှသာ ခရစ်ဝင်ကျမ်း လေးကျမ်း၊ ထို့အပြင် ပေါလုနှင့် ပေတရုတို့၏ ရေးစာများနှင့် ဗျာဒိတ်ကျမ်းတို့ ရှိခဲ့လေသည်။ ယေရှု ကောင်းကင်သို့ တက်ကြွသွားခဲ့သည့်နောက်ပိုင်း နှစ်ပေါင်း သုံးရာကျော်ကြာချိန်တွင်၊ နောက်ပိုင်း မျိုးဆက်များသည် ဤမှတ်တမ်းမှတ်ရာများကို စုပေါင်း၍ ကောက်နုတ်စုစည်းခဲ့ကြပြီး၊ ထိုအခါမှသာ သမ္မာကျမ်းစာ၏ ဓမ္မသစ်ကျမ်း ရှိခဲ့ပေသည်။ ဤအလုပ် ပြီးစီးပြီးသည့်အခါမှသာ ဓမ္မသစ်ကျမ်း ရှိခဲ့ခြင်း ဖြစ်သည်၊ ယင်းသည် ယခင်က မရှိခဲ့ပေ။ ဘုရားသခင်သည် ထိုအလုပ်အားလုံးကို လုပ်ဆောင်ခဲ့ပြီး၊ ပေါလုနှင့် အခြား တမန်တော်တို့သည် နေရာအမျိုးမျိုး၌ရှိသည့် အသင်းတော်များထံ ဩဝါဒစာများစွာ ရေးသားခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့နောက်တွင် လူတို့သည် ၎င်းတို့၏ ဩဝါဒစာများကို ပေါင်းလိုက်ပြီး၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို ပရောဖက်ပြုထားသည့် ပတ်မုကျွန်း၌ ယောဟန် မှတ်တမ်းတင်ခဲ့သော အကြီးမားဆုံး ရူပါရုံကို ဖြည့်စွက်ခဲ့ကြသည်။ လူတို့သည် ယနေ့ခေတ် မိန့်မြွက်ချက်များနှင့် မတူသည့် ဤအစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။ ယနေ့ခေတ်တွင် ရေးမှတ်ထားသော အရာများသည် ဘုရားအမှု၏ ခြေလှမ်းများနှင့်အညီ ဖြစ်သည်။ ယနေ့ လူများ ကြုံတွေ့နေကြသော အရာများသည် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အလုပ်၊ ဘုရားသခင် ကိုယ်တိုင် မိန့်မြွက်သောစကားများဖြစ်သည်။ လူသားမျိုးနွယ်ဖြစ်သော သင့်အနေနှင့် ဝင်စွက်ဖက်ရန် မလိုပေ။ တိုက်ရိုက်လာသည့် စကားများသည် တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်ထားသည့် စကားများ ဖြစ်ပြီး လူ၏ မှတ်တမ်းများနှင့် စီစဉ်ထားပုံချင်း မတူပါ။ လူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် သူတို့၏ ပညာရေး အဆင့်အတန်းနှင့် လူ့အစွမ်းအစအပေါ်၌မူတည်သောအရာများ ဖြစ်သည်ဟု ပြောနိုင်ပါသည်။ သူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် လူတို့၏ အတွေ့အကြုံများဖြစ်ပြီး တစ်ဦးချင်းဆီ၌ ကိုယ်ပိုင်မှတ်တမ်းတင်နည်းများနှင့်၊ သိနိုင်သည့် နည်းလမ်းများ ရှိသောကြောင့် ၎င်းတို့၏ မှတ်တမ်းများသည် တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့ဖြစ်၍ သင်က သမ္မာကျမ်းစာကို ဘုရားသခင်အဖြစ် ကိုးကွယ်နေလျှင် သင်သည် အလွန်အမင်း ပညာမဲ့သူ၊ မိုက်မဲသူဖြစ်သည်။ ဘုရားသခင် ယနေ့ လုပ်ဆောင်သည့် အမှုကို သင်အဘယ်ကြောင့် မရှာဖွေသနည်း။ ဘုရားသခင်၏ အမှုကသာလျှင် လူကို ကယ်တင်နိုင်သည်။ သမ္မာကျမ်းစာသည် လူကို မကယ်တင်နိုင်ပါ။ လူတို့သည် ယင်းကို နှစ်ပေါင်းထောင်နှင့်ချီပြီး ဖတ်ရှုနိုင်ခဲ့ကြသော်လည်း ယင်းတို့အထဲတွင် အပြောင်းအလဲ စိုးစဉ်းမျှရှိခဲ့မည် မဟုတ်ခဲ့ချေ။ သင်က သမ္မာကျမ်းစာကို ကိုးကွယ်နေလျှင် သန့်ရှင်းသောဝိညာဉ်၏ လုပ်ဆောင်ချက်ကို ဘယ်တော့မှ ရမည် မဟုတ်ပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

(၂၄၄) လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်ခြင်းနှင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်းသည် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း အမှန်တွင်၊ အမှုအရာများသည် အမှန်ပင် အလွန် ရိုးရှင်းသလော။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)

(၂၄၅) သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်မှ ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။ ထို့ကြောင့် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုသေး၍ ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ဣသရေလ၏ ပြင်ပ၊ ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ပြီးကြောင်း၊ ထိုအမှုသည် ဣသရေလ၏ နယ်ပယ်အပြင်ထိ ကျော်လွန်နှင့်ပြီး၊ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယင်းသည် ပရောဖက်ပြုချက်များ၌ မပါဝင်သည့် အသစ်သော အံ့သြဖွယ်အမှု၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အမှု၊ လူသားများ မည်သည့်အခါတွင်မျှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အမှုဖြစ်ကြောင်းကို လူများက မသိကြပေ။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သောအမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများ မည်သို့ ပါဝင်နိုင်မည်နည်း။ မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။ ယနေ့ သင့်ကို သမ္မာကျမ်းစာ မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအမှုတစ်ခု ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲ၌ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လက်တွေ့လုပ်ဆောင်မှုကို ရှာမကြည့်သည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပ၌ ပိုကြီးမြတ်သည့်အမှု ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သင် နားလည်ရမည်။ ဤသည်အားလုံးသည် သင်တို့ နားလည်သင့်သည့် အရာဖြစ်သည်။ သင်သည် အမှုအဟောင်းနှင့် အသစ်အကြား ခြားနားချက်ကို နားလည်ရမည်၊ ပြီးလျှင် သင်သည် သမ္မာကျမ်းစာကို မဖတ်သည့်တိုင်အောင် ၎င်းကို စိစစ်နိုင်စွမ်း ရှိရမည်၊ သို့မဟုတ်လျှင် သင်သည် သမ္မာကျမ်းစာကို ကိုးကွယ်မြဲ ကိုးကွယ်နေမည် ဖြစ်၍၊ သင်သည် အမှုသစ်ထဲကို ဝင်ရန်နှင့် အပြောင်းအလဲ အသစ်များကို ကြုံတွေ့ရန် ခဲယဉ်းလိမ့်မည်။ ပိုမြင့်မားသည့် လမ်းခရီး ရှိနေသောကြောင့်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးကို အဘယ့်ကြောင့် လေ့လာနေသနည်း။ ပိုသစ်သည့် မိန့်မြွက်ချက်များနှင့် ပိုသစ်သည့်အမှု ရှိနေလျှင်၊ သမိုင်းမှတ်တမ်း အဟောင်းများအကြားတွင် အဘယ့်ကြောင့် နေထိုင်နေသေးသနည်း။ မိန့်ကြားချက် အသစ်များက သင့်ကို ပံ့ပိုးပေးနိုင်သည်၊ ဤအချက်က ယင်းသည် အမှုသစ် ဖြစ်ကြောင်းကို သက်သေပြနေသည်၊ မှတ်တမ်းအဟောင်းများက သင့်ကိုဆန္ဒ ပြည့်ဝစေနိုင်ခြင်း၊ သင်၏လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည့်းပေးနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် သမိုင်းဖြစ်ပြီး ယခုအချိန် ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေပြနေသည်။ အမြင့်ဆုံးလမ်းခရီးသည် အသစ်ဆုံးအမှုဖြစ်ပြီး၊ အမှုသစ်နှင့်ဆိုလျှင် အတိတ်က လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူတို့၏ ပြန်ပြောင်းဆင်ခြင် သုံးသပ်ချက်များ၏ သမိုင်းဖြစ်နေဆဲ ဖြစ်ပြီး၊ ရည်ညွှန်း ပြောဆိုချက်အဖြစ် ၎င်း၏တန်ဖိုးမှာ မည်သို့ပင်ရှိပါစေ၊ ယင်းသည် လမ်းခရီးဟောင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းခရီးဟောင်းသည် သမိုင်းဖြစ်သည်၊ “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေ၏။ ၎င်းလမ်းခရီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ သင့်ကို ကယ်တင်နိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

(၂၄၆) သင်တို့သည် သမ္မာကျမ်းစာကို နားလည်ရမည်— ဤအလုပ်မှာ အရေးတကာ့ အရေးအကြီးဆုံး ဖြစ်သည်။ ယနေ့တွင် သင်သည် သမ္မာကျမ်းစာကို ဖတ်ရန် မလိုအပ်တော့ပေ၊ ၎င်းထဲတွင် အသစ်ဟူ၍ ဘာမျှ မရှိသောကြောင့် ဖြစ်သည်။ အားလုံးသည် အဟောင်းပင် ဖြစ်သည်။ သမ္မာကျမ်းစာသည် သမိုင်းအခြေခံသော စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်း ခေတ်က သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့ပါက၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏အမှု၌ ကျင့်သုံးခဲ့လျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန်အတွက် ပေါင်းစည်းကာ လက်တွေ့လုပ်ဆောင်မည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်၌ နောက်ကျနေခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်လျှင်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူ ဖြစ်သည်။ ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ယင်း၏ အမှုကို အတည်ပြုရန် လာခဲ့ခြင်း မဟုတ်ပေ။ ယေရှု၏ အမှုမှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် သမ္မာကျမ်းစာကို အခြေခံထားခဲ့ခြင်း ရှိ မရှိ ထည့်သွင်း မစဉ်းစားထားသောကြောင့် ဖြစ်သည်။ ယေရှုသည် ၎င်းအနေနှင့် ပြုအပ်သည့်အမှုကို ဆောင်ရွက်ဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက်ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ နှုတ်ကပတ်တော်များနှင့် အညီလည်း မဆောင်ရွက်ခဲ့ပေ။ သူသည် ဓမ္မဟောင်းကျမ်းက ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ ထိုကျမ်းသည် သူ၏အမှုနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ဂရုမစိုက်ခဲ့ပေ၊ ထို့အပြင် အခြားသူတို့က သူ၏အမှုအကြောင်း မည်သည့်အရာများ သိရှိကြသည်၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြသည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ လူအများအပြားတို့က ဓမ္မဟောင်းကျမ်းထဲက ပရောဖက်တို့၏ ကြိုတင်ဟောကိန်းများကို အသုံးပြုပြီး ယေရှုကို ရှုတ်ချခဲ့ကြသော်လည်း၊ သူသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီးလုပ်ဆောင်ခဲ့သည်။ လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

(၂၄၇) ယုဒလူအားလုံးသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုပြီး သားယောက်ျားတစ်ဦး နွားစားခွက်ထဲတွင် မွေးဖွားလိမ့်မည်ဟူသော ဟေရှာယ၏ ပရောဖက်ပြုချက်ကို သိခဲ့ကြသည်။ သို့ဆိုလျှင်၊ ဤပရောဖက်ပြုချက်ကို အပြည့်အဝ သိရှိသော်လည်း၊ ၎င်းတို့သည် အဘယ်ကြောင့် ယေရှုကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသေးသနည်း။ ယင်းမှာ ၎င်းတို့၏ ပုန်ကန်တတ်သော သဘာဝနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မသိနားမလည်မှုကြောင့် ဖြစ်ခဲ့သည် မဟုတ်လော။ ထိုအချိန်က၊ ဖာရိရှဲများသည် ယေရှု၏အမှုမှာ ပရောဖက်ပြုထားသော သားယောက်ျားတစ်ဦးနှင့် ပတ်သက်၍ ၎င်းတို့ သိခဲ့သည့်အရာနှင့် ကွဲပြားသည်ဟု ယုံကြည်ခဲ့ကြပြီး၊ ယနေ့ လူတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုက သမ္မာကျမ်းစာနှင့် မကိုက်ညီသောကြောင့် ဘုရားသခင်ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့၏ ဘုရားသခင်အပေါ် ပုန်ကန်ခြင်း၏ အနှစ်သာရသည် တူညီသည် မဟုတ်လော။ သင်သည် သံသယမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားလုံးကို လက်ခံနိုင်သလော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်ပါက၊ မှန်ကန်သော ရေစီးကြောင်းဖြစ်ကြီး၊ မည်သည့် ဒွိဟမျှမရှိဘဲ သင် လက်ခံသင့်၏။ မည်သည့်အရာ လက်ခံရမည်ကို သင် မရွေးသင့်ပေ။ သင်သည် ဘုရားသခင်ကို ထိုးထွင်းသိမြင်မှု သာ၍ရရှိပြီး၊ သူ့အပေါ် သာ၍ သတိထားပါက၊ ယင်းသည် မဆီမဆိုင် ဖြစ်သည် မဟုတ်လော။ သင်သည် သမ္မာကျမ်းစာမှ နောက်ထပ်သက်သေပြမှုကို ရှာဖွေဖို့ မလိုအပ်ပေ။ သင်သည် ဘုရားသခင်နောက်လိုက်ဖို့ ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်ပါက သင် လက်ခံရမည်ဖြစ်ပြီး၊ သူ့ကို မစုံစမ်းမစစ်ဆေးသင့်ပေ။ ငါသည် သင်၏ဘုရားသခင်ဖြစ်သည်ကို သက်သေပြရန် ငါနှင့်သက်ဆိုင်သည့် နောက်ထပ် သက်သေ အထောက်အထားကို သင် မရှာဖွေသင့်ဘဲ၊ ထိုအစား ငါသည် သင့်အဖို့ အကျိုးဖြစ်သည်၊ မဖြစ်သည်ကို သင်သိမြင်သင့်သည်- ဤသည်မှာ အရေးအပါဆုံးသော အရာဖြစ်သည်။ သင်သည် သမ္မာကျမ်းစာ အတွင်း၌ များစွာ ငြင်းမရနိုင်သော သက်သေကို တွေ့ရှိခဲ့လျှင်ပင်၊ ယင်းက သင့်ကို ငါ့ရှေ့သို့ အပြည့်အဝ မဆောင်ကြဉ်းနိုင်ပေ။ သင်သည် သမ္မာကျမ်းစာ၏ ဘောင်ခတ်မှုများအတွင်းတွင် အသက်ရှင်ရုံမျှရှင်ပြီး ငါ၏ ရှေ့မှောက်တွင် အသက်မရှင်ပေ။ သမ္မာကျမ်းစာသည် ငါ့ကိုသိဖို့ရန် သင့်ကို မကူညီနိုင်သကဲ့သို့၊ ငါ့အတွက် သင်၏ချစ်ခြင်းမေတ္တာကို နက်သည်ထက်နက်မလာစေနိုင်ပေ။ သမ္မာကျမ်းစာက သားယောက်ျားတစ်ဦး မွေးဖွားမည်ဟု ပရောဖက် ပြုခဲ့သော်လည်း၊ လူသားသည် ဘုရားသခင်၏ အမှုကို မသိခဲ့သည့်အတွက်၊ မည်သူ့အပေါ် ထိုပရောဖက်ပြုချက် ဖြစ်လာမည်ကို မည်သူမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ၊ ထို့အပြင် ဤသည်မှာ ဖာရိရှဲများအား ယေရှုကို ဆန့်ကျင်ရပ်တည်စေခဲ့သည့်အရာဖြစ်သည်။ ငါ၏အမှုသည် လူသားတို့ အကျိုးစီးပွားများအတွက် ဖြစ်သည်ကို အချို့က သိရှိကြသည်၊ သို့သော် ယေရှုနှင့် ငါသည် အပြန်အလှန် သဟဇာတမဖြစ်နိုင်သော လုံးဝကွဲပြားသည့်သူ နှစ်ဦးဖြစ်သည်ဟု ၎င်းတို့က ဆက်လက် ယုံကြည်ကြသည်။ ထိုအချိန်က၊ ယေရှုသည် သူ၏တပည့်များအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့အတူတကွစုရုံးရမည်၊ ဆုတောင်းခြင်းတွင် မည်သို့တောင်းလျှောက်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်တို့ကဲ့သို့သော အကြောင်းအရာများ နှင့်ပတ်သက်၍ တရားဟောပြောချက် အတွဲများဖြင့်သာ ကျေးဇူးတော်ခေတ်တွင် မြွက်ကြားခဲ့သည်။ သူဆောင်ရွက်ခဲ့သည့် အမှုမှာ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ တပည့်တော်များနှင့် သူ့နောက်လိုက်သူများအနေဖြင့် မည်သို့ လက်တွေ့ လုပ်ဆောင်သင့် သည်ကိုသာ အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးသောကာလ၏ မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။ ယေဟောဝါသည် ပညတ်တော်ခေတ်တွင် ဓမ္မဟောင်း ပညတ်တရားကို ချမှတ်ခဲ့ချိန်တွင်၊ ကျေးဇူးတော်ခေတ်၏အမှုကို အဘယ်ကြောင့် သူ မလုပ်ဆောင်ခဲ့သနည်း။ သူသည် အဘယ်ကြောင့် ကျေးဇူးတော်ခေတ်၏အမှုကို ကြိုတင်၍ ရှင်းသွားစေဖို့ မပြုခဲ့သနည်း။ ဤအရာက ယင်းကို လူသား လက်ခံရန် အထောက်အကူ ပြုခဲ့မည်မဟုတ်လော။ သားယောက်ျားလေးတစ်ဦး မွေးဖွားကာ တန်ခိုးအာဏာ ရှိလာလိမ့်မည်ဟုသာ သူက ပရောဖက် ပြုခဲ့သော်လည်း၊ ကျေးဇူးတော်ခေတ်၏ အမှုကို ကြိုတင် ဆောင်ရွက်ခဲ့ခြင်းမရှိပေ။ ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုအတွက် သမ္မာကျမ်းစာကို ရှာဖွေဖို့ဆိုသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖမ်းဆုပ်ထားခြင်းမျှဖြင့် မည်သည့်အရာကို သင် သိမြင်နိုင်သနည်း။ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူဖြစ်စေ၊ တရားဟောဆရာဖြစ်စေ၊ အဘယ်သူသည် ယနေ့၏အမှုကို ကြိုတင် တွေ့မြင်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

(၂၄၈) ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။ ၎င်းတို့သည် ထိုအချိန်က အသင်းတော်များ၏ ညီအစ်ကိုမောင်နှမများသည် သူ၏ အကြံပေးချက်များကို လိုက်လျှောက်ပြီး သခင်ယေရှု၏ နောင်တတရားလမ်းခရီးကို လိုက်နာကြဖို့အလို့ငှာ သခင်၌ ညီအစ်ကိုမောင်နှမများ အားလုံးအတွက် ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အချိန်က ရှိခဲ့ကြသည့် အသင်းတော်များဖြစ်စေ၊ အနာဂတ်တွင် ရှိလာကြမည့် အသင်းတော်များဖြစ်စေ သူရေးခဲ့သည့်အရာများကို စားသောက်ကြရမည်ဟု တစ်ခါမျှ ပေါလု မပြောကြားခဲ့သကဲ့သို့ သူပြောသော စကားလုံးများအားလုံးသည် ဘုရားသခင်ထံမှ လာသော စကားများဖြစ်သည်ဟုလည်း မပြောခဲ့ပါ။ ထိုစဉ်အချိန်က အသင်းတော်များ၌ ဖြစ်နေသော အခြေအနေများနှင့်အညီ သူသည် ညီအစ်ကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီး ပြောဆိုခဲ့ခြင်းသာ ဖြစ်ပြီး၊ သူတို့ကို နှိုးဆော်ရင်း သူတို့အထဲရှိ ယုံကြည်ခြင်းကို လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်၊ လူများကို တရားဟောခြင်း သက်သက် သို့မဟုတ် သတိပေးရုံသက်သက်၊ နှိုးဆော်ခြင်းသက်သက် ဟောပြောခဲ့ခြင်းဖြစ်သည်။ သူပြောသော စကားများသည် သူ၏စိတ်ထဲရှိ ဝန်ထုပ်၊ ဝန်ပိုးမှ ဖြစ်လာသော စကားများ ဖြစ်ပြီး သူသည် ထိုစကားများဖြင့် လူတို့ကို ကူညီခဲ့သည်။ သူသည် ထိုစဉ်အချိန်က အသင်းတော်များ၏ တမန်တော်အလုပ်ကို သူလုပ်ဆောင်ခဲ့သည်။ သူသည် သခင်ယေရှု အသုံးပြုခဲ့သော အမှုဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် အသင်းတော်များအတွက် တာဝန်ကို သူယူရမည်ဖြစ်ပြီး အသင်းတော်များ၏ အလုပ်ကို ဆောင်ရွက်ရမည် ဖြစ်သည်၊ သူသည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေကို လေ့လာသင်ယူခဲ့ရသည်၊ သို့ဖြစ်သောကြောင့် သူသည် သခင့်ထဲက ညီအစ်ကိုမောင်နှမအားလုံးထံသို့ သြဝါဒစာများကို ရေးသားခဲ့ခြင်းဖြစ်သည်။ လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပေ။ ယင်းသည် လူတစ်ယောက်၏ အတွေ့အကြုံများနှင့်ဆိုင်သော မှတ်တမ်းတစ်ခုနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့် စကားလုံးများသဖွယ် လူတို့ သဘောထားခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။ ဤအချက်သည် အသင်းတော်များအတွက် ရေးသားခဲ့သည့် ပေါလု၏ ရေးစာများနှင့် ပတ်သက်၍ အထူးမှန်ကန်သည်။ ၎င်း၏ ရေးစာများကို ထိုစဉ်အချိန်တုန်းက အသင်းတော် တစ်ခုချင်းစီ၏ အခြေအနေနှင့် အနေအထားများအပေါ် မူတည်ပြီး ညီအစ်ကိုမောင်နှမများအတွက် ရေးပေးခဲ့ခြင်းဖြစ်ပြီး သခင့်ထဲက ညီအစ်ကိုမောင်နှမများကို တိုက်တွန်းရန်ဖြစ်သည်။ ယေရှုသည် အာဗြဟံ၏ မျိုးဆက်ဖြစ်ကြောင်းကို ထိုသို့ရေးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရေးစာများသည် ထိုစဉ်တုန်းက ညီအစ်ကိုမောင်နှမများကို နိုးကြားထကြွလာစေရန် ရေးခဲ့သောစာများဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ပေါလု၏ ကိုယ်ပိုင်ဝန်ထုပ်၊ ဝန်ပိုးဖြစ်သည်ဟု ဆိုနိုင်သလို၊ သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်ခဲ့သည့် တာဝန်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ထိုစဉ်အချိန်က အသင်းတော်များကို ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် တမန်တော်၊ အသင်းတော်များအတွက် ရေးစာများကို ရေးသားပေးလျက် တိုက်တွန်းနှိုးဆော်ခဲ့သည့်သူ ဖြစ်ခဲ့သည်— ထိုသို့လုပ်ဆောင်ခြင်းသည် သူ့တာဝန် ဖြစ်ခဲ့သည်။ သူ၏ ကိုယ်ပိုင်လက္ခဏာမှာ အမှုဆောင်ခဲ့သည့် တမန်တော်မျှသာဖြစ်သည်၊ ဘုရားသခင် စေလွှတ်ခဲ့သည့် တမန်တော်မျှသာ ဖြစ်သည်၊ သူသည် ပရောက်ဖက်တစ်ဦးလည်း မဟုတ်သကဲ့သို့ အနာဂတ်ကို ဟောကြားသူလည်း မဟုတ်ခဲ့ပါ။ သူ့အဖို့ သူ၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်တာသည် အရေးတကာ့ အရေးကြီးဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်စား မပြောကြားနိုင်ခဲ့ပါ။ သူ့စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စကားများ မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု သာ၍ပင် ပြောမရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင်၏လူ့ဇာတိခံယူခြင်း မဟုတ်သည်မှာ သေချာသောကြောင့် ဖြစ်သည်။ ပေါလု၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှုနှင့် မတူပါ။ ယေရှု ပြောခဲ့သော စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ စကားများ၊ ဘုရားသခင်၏ စကားများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်လက္ခဏာသည် ခရစ်တော် ဖြစ်သောကြောင့်— ဘုရားသခင်၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ပေါလုသည် မည်သို့ ယေရှုနှင့် တူညီနိုင်ပါမည်နည်း။ အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ သို့ဖြစ်၍ သင်ဘာပြောမည်နည်း၊ အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသည် ၎င်း၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် မစွန်းထင်းဘဲ ရှိနေနိုင်မည်လော။ ၎င်းတို့သည် မည်သို့ လူ၏အတွေးအခေါ်များဖြင့် စွန်းထင်းမနေဘဲ ရှိနေနိုင်မည်နည်း။ ပေါလုသည် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများနှင့် သူ၏ ကိုယ်ပိုင် အသိပညာပေါ်အခြေခံပြီး အသင်းတော်များအတွက် သြဝါဒစာများကို ရေးခဲ့သည်။ ဥပမာ— ပေါလုက ဂလာတိ အသင်းတော်အတွက်ရေးသော သြဝါဒစာသည် အာဘော်တစ်မျိုး ဖြစ်ပြီး၊ ပေတရု ရေးလိုက်သည့် နောက်စာတစ်ခုသည် နောက်အာဘော်တစ်မျိုး ဖြစ်သည်။ ၎င်းတို့အထဲမှ မည်သည့်စာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်သနည်း။ မည်သူမျှ သေချာပေါက် မပြောနိုင်ပါ။ သို့ဖြစ်၍၊ သူတို့ နှစ်ဦးစလုံးသည် အသင်းတော်များအတွက် ဝန်ကို ထမ်းရွက်ခဲ့ကြသည်၊ သို့သော် သူတို့၏ ပေးစာများမှာမူ သူတို့၏ ဝိညာဉ်အသက်တာကို ကိုယ်စားပြုသည်၊ ထိုစာများသည် ညီအစ်ကိုမောင်နှမများအတွက် သူတို့၏ ပံ့ပိုးကူညီမှုကို လည်းကောင်း၊ အသင်းတော်များအတွက် သူတို့ ထမ်းခဲ့သော ဝန်ကိုလည်းကောင်း ကိုယ်စားပြုပေသည်။ ထိုစာများသည် လူ၏ အလုပ်ကိုသာ ဖော်ပြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ မဟုတ်ဟုသာ ပြောနိုင်ပါသည်။ သူ၏ သြဝါဒစာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု သင်ပြောမည်ဆိုလျှင် သင်သည် အဓိပ္ပာယ်မဲ့သောသူဖြစ်ပြီး ဘုရားသခင်ကို သင်ပြစ်မှားစော်ကားလိုက်ခြင်းဖြစ်သည်။ ပေါလု၏ သြဝါဒစာများနှင့် ဓမ္မသစ်ကျမ်းထဲက အခြားသော သြဝါဒစာများသည် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ ကိုယ်တွေ့ မှတ်တမ်းများနှင့် တူသည်။ ထိုအရာများသည် စောင့်ကြည့်သူ နီး၏ စာအုပ်များ သို့မဟုတ် လောရင့်စ်၏ အတွေ့အကြုံများ စသည်တို့နှင့် တန်းတူကြသည်။ ရိုးရိုးလေး ပြောရလျှင် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ စာအုပ်များကို ဓမ္မသစ်ကျမ်းထဲကို ထည့်မပေးထားသော်လည်း ထိုပုဂ္ဂိုလ်များ၏ အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ ထိုသူတို့အားလုံးသည် အချိန်ကာလတစ်ခုအတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခဲ့သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့ကြပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

(၂၄၉) ယနေ့တွင် သင်တို့ထဲမှ မည်သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောဝံ့သနည်း။ မည်သူမဆိုသည် ထိုသို့သောအရာများကို ပြောဝံ့သလော။ သင်သည် ထိုသို့သောအရာများကို ပြောဆိုပါက၊ ဧဇရအနာဂတ္တိကျမ်းသည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရသနည်း၊ ပြီးလျှင် ရှေးသန့်ရှင်းသူများနှင့် ပရောဖက်များ၏ ကျမ်းများကိုလည်း အလားတူ အဘယ်ကြောင့် ပြုခဲ့သနည်း။ ၎င်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုပါက၊ သင်တို့သည် အဘယ်ကြောင့် ထိုသို့ပြောင်းလဲလွယ်သော ရွေးချယ်မှုများကို လုပ်ဝံ့ကြသနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရွေးချယ်ရန် အရည်အချင်းပြည့်မီသလော။ ဣသရေလမှ အဖြစ်အပျက် အများအပြားသည်လည်း ပယ်ဖျက်ခြင်း ခံခဲ့ရသည်။ ပြီးလျှင် သင့်အနေဖြင့် အတိတ်က ဤရေးသားချက်များအားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ယုံကြည်ပါက၊ ကျမ်းများထဲမှ အချို့သည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရပါသနည်း။ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပါက၊ ယင်းတို့အားလုံးကို ထားရှိသင့်ပြီး၊ အသင်းတော်များရှိ ညီအစ်ကို မောင်နှမများထံသို့ ဖတ်ရှုရန် ပေးပို့သင့်ပေသည်။ ယင်းတို့ကို လူ့သဘောဖြင့် ရွေးချယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မပြုသင့်ပေ။ ထိုသို့လုပ်ခြင်းသည် မှားယွင်း၏။ ပေါလုနှင့် ယောဟန်တို့၏ အတွေ့အကြုံများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အမြင်များနှင့် ရောထွေးသည်ဟု ပြောဆိုခြင်းသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် အသိပညာသည် စာတန်ထံမှ လာသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုများမှ လာသည့်အရာများ ရှိခဲ့ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏အသိပညာသည် ထိုအချိန်က ၎င်းတို့၏ တကယ့်အတွေ့အကြုံများ၏ နောက်ခံအကြောင်းအရာ နှင့်အညီ ဖြစ်ပြီး၊ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူက ယုံကြည်စိတ်ချစွာ ပြောနိုင်မည်နည်း။ ခရစ်ဝင်ကျမ်းလေးကျမ်းလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာပါက၊ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့သည် ယေရှု၏အမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာကွဲပြား၍ အဘယ်ကြောင့် အသီးသီး ပြောဆိုခဲ့ကြသနည်း။ ဤအရာကို သင်တို့ မယုံကြည်ပါက၊ ပေတရုက သခင်ကို သုံးကြိမ်ငြင်းဆိုခဲ့ပုံနှင့်ပတ်သက်သည့် ကျမ်းစာထဲက ဖြစ်စဉ်များကို ကြည့်လော့- ယင်းတို့ အားလုံး ကွဲပြားခြားနားနေပြီး ၎င်းတို့အသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်ထူးခြားသော လက္ခဏာရပ်များ ရှိကြသည်။ မသိနားမလည်သောသူများစွာက၊ “လူ့ဇာတိခံ ဘုရားသခင်သည်လည်း လူသားတစ်ဦး ဖြစ်သည်။ သို့ဆိုလျှင် သူပြောဆိုသော စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လုံးဝ လာနိုင်ပါသလော။ ပေါလုနှင့် ယောဟန်တို့၏ စကားများသည် လူ့အလိုဆန္ဒဖြင့် ရောနှောခဲ့ပါက၊ ကိုယ်တော်ပြောဆိုသော စကားများသည် လူ့အလိုဆန္ဒဖြင့် အကယ်ပင် ရောနှောမနေပါသလော။” ဟု မေးကြသည်။ ထိုသို့သော အရာများကို ပြောဆိုသောလူများသည် မျက်ကန်း၍ မသိမိုက်မဲ ကြလေတကား။ ခရစ်ဝင်ကျမ်းလေးကျမ်းကို သေချာစွာ ဖတ်လော့။ ယေရှု လုပ်ဆောင်ခဲ့သောအရာများနှင့် သူ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ၎င်းတို့မှတ်တမ်းတင်ခဲ့သည့် အရာကို ဖတ်လော့။ ဖြစ်စဉ်အသီးသီးသည် အကယ်ပင် အတော်အတန်ကွဲပြားသကဲ့သို့၊ အသီးသီး၌ မိမိကိုယ်ပိုင် ရှုထောင့် ရှိလေသည်။ ဤကျမ်းများ၏ စာရေးသူများက ရေးသားခဲ့သည့် အရာ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဆိုပါက၊ အားလုံးသည် တူညီပြီး တစ်သမတ်တည်း ဖြစ်သင့်ပေသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ကွာဟချက်များ ရှိရသနည်း။ ဤအရာကို မမြင်နိုင်ရန်မှာ၊ လူသားသည် အလွန့်အလွန် မိုက်မဲသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

(၂၅၀) ဓမ္မသစ်ကျမ်း၏ ရှင်မဿဲခရစ်၀င်ကျမ်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်းကို မှတ်တမ်းတင်ထားသည်။ အစပိုင်းတွင် ယေရှုသည် အာဗြဟံနှင့် ဒါဝိဒ်၏ မျိုးဆက်တစ်ဦးဖြစ်သည်၊ ယောသပ်၏ သားဖြစ်သည်ဟု ဖော်ပြထားပြီး နောက်ပိုင်းတွင် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်မှ ပဋိသန္ဓေတည်စေခဲ့သော သားဖြစ်သည်၊ အပျိုကညာမှ မွေးသူ ဖြစ်သည်ဟု ဆိုထားသည်။ တစ်နည်းအားဖြင့် ယေရှုသည် ယောသပ်၏ သားမဟုတ်၊ အာဗြဟံနှင့် ဒါဝိဒ်၏ မျိုးဆက်လည်းမဟုတ်ဟု ပြောလိုက်ခြင်း ဖြစ်နေသည်။ ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်း၌ ယေရှုကို ယောသပ်နှင့် ဆက်စပ်ကြောင်း ခိုင်ခိုင်မာမာ ဖော်ပြသော်လည်း ထို့နောက်တွင်ဆွေစဉ်မျိုးဆက်စာရင်းက ယေရှု မွေးဖွားသည့် ဖြစ်စဉ်ကို အစပြု မှတ်တမ်းတင်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က မာရိ၌ ပဋိသန္ဓေတည်စေပြီး ယေရှုသည် အပျိုကညာမှ မွေးဖွားလာသူဖြစ်သည်၊ ယေရှုသည် ယောသပ်၏သား မဟုတ်ဟု ဖော်ပြထားသည်။ သို့သော်လည်း ဆွေစဉ်မျိုးဆက်စာရင်းတွင်မူ ယေရှုသည် ယောသပ်၏သားဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ရေးသား ဖော်ပြထားသည်။ အဆိုပါ ဆွေစဉ်မျိုးဆက်စာရင်းသည် ယေရှုအတွက် ရေးထားသောကြောင့် မျိုးဆက် လေးဆယ့်နှစ်ဆက်ကို မှတ်တမ်းတင် ဖော်ပြထားသည်။ ယောသပ်၏ မျိုးဆက်ဆီသို့ ရောက်သောအခါ ယောသပ်သည် မာရိ၏ ယောက်ျားဖြစ်သည်ဟု ကမန်းကတန်း ဖော်ပြထားသည်။ ထိုစကားလုံးများမှာ ယေရှုသည် အာဗြဟံ၏ မျိုးဆက်ဖြစ်ကြောင်းကို သက်သေပြလိုသည့် စကားလုံးများ ဖြစ်နေသည်။ ထိုအချက်သည် ရှေ့နောက်မကိုက်ညီမှု မဟုတ်ပါလား။ ဆွေစဉ်မျိုးဆက်စာရင်းတွင် ယောသပ်၏ ဘိုးဘေးများကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားပြီး၊ ထိုမှတ်တမ်းသည် ယောသပ်၏ ဆွေစဉ်မျိုးဆက်စာရင်းဖြစ်သည်မှာ ထင်ရှားနေသည်။ သို့သော် မဿဲက ထိုစာရင်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်း ဖြစ်သည်ဟု မရမကဆိုထားသည်။ ထိုအချက်က ယေရှု၏ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခြင်းကို ငြင်းပယ်နေခြင်းပင် မဟုတ်လော။ သို့ဖြစ်၍ မဿဲ၏ ဆွေစဉ်မျိုးဆက်စာရင်းသည် လူ၏ စိတ်ကူးမဟုတ်လော။ အဓိပ္ပာယ်မဲ့လှပေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မဿဲ၏ကျမ်းသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လုံးလုံးလျားလျား လာခဲ့ခြင်းမဟုတ်သည်ကို သင်သိနိုင်သည်။ ဘုရားသခင်သည် လောက၌ ဘိုးဘေးများမှတ်တမ်းရှိရမည်ဟု ယူဆသူတချို့ ရှိနိုင်ပါသည်။ အကျိုးဆက်အနေဖြင့် သူတို့သည် ယေရှုကို အာဗြဟံ၏ လေးဆယ့်နှစ်ယောက်မြောက်မျိုးဆက် အဖြစ် သတ်မှတ်ကြသည်။ ဤသည်မှာ အမှန်တကယ်ပင် အဓိပ္ပါယ် မရှိလှပါ။ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာပြီးနောက်တွင် ဘုရားသခင်၌ မည်သို့ ဘိုးဘေးများစာရင်း ရှိနိုင်ပါမည်နည်း။ ဘုရားသခင်၌ ဘိုးဘေးများစာရင်းရှိသည်ဟု သင်ကဆိုလျှင် သင်သည် ဘုရားသခင်ကို သူဖန်ဆင်းပေးခဲ့သူများနှင့် တပြေးညီ သတ်မှတ်လိုက်ခြင်းပင် မဟုတ်လော။ ဘုရားသခင်သည် ကမ္ဘာမြေနှင့် မသက်ဆိုင်သည့်အတွက် သူသည် ဖန်ဆင်းပေးသည့် အရှင်သခင် ဖြစ်သည်၊ သူသည် သွေးနှင့်သားနှင့် ဖြစ်သော်လည်း လူနှင့် ပင်ကိုယ်သဘာဝချင်း မတူပါ။ သင်သည် ဘုရားသခင်ကို သူဖန်ဆင်းခဲ့သော သတ္တဝါများနှင့် အမျိုးအစားခြင်း တူသူအဖြစ် အဘယ်သို့ သတ်မှတ်နိုင်သနည်း။ အာဗြဟံသည် ဘုရားသခင်ကို ကိုယ်စား မပြုနိုင်ခဲ့ပါ၊ သူသည် တစ်ချိန်က ယေဟောဝါ၏ အလုပ်၌ ပါဝင်ခဲ့သူသာ ဖြစ်သည်။ သူသည် ယေဟောဝါ နှစ်သက်သည့် သစ္စာရှိသော အစေခံတစ်ဦးသာ ဖြစ်သည်၊ အစ္စရေးလူမျိုး တစ်ဦးဖြစ်သည်။ သူသည် မည်သည့်နည်းဖြင့် ယေရှု၏ ဘိုးဘေးတစ်ဦး ဖြစ်နိုင်ပါမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

(၂၅၁) ယနေ့တွင် ငါသည် သမ္မာကျမ်းစာအား ဤနည်းဖြင့် စိတ်ဖြာ လေ့လာဆွေးနွေးနေပြီး ယင်းမှာ ငါသည် ထိုကျမ်းစာကို မုန်းသည်၊ သို့မဟုတ် ထိုကျမ်းစာ၏ကိုးကားချက် တန်ဖိုးကို ငြင်းဆိုသည်ဟု မဆိုလိုပေ။ သမ္မာကျမ်းစာ၏ ပင်ကိုတန်ဖိုးနှင့် ဇာစ်မြစ်များကို သင်နားလည်အောင် ရှင်းပြနေရခြင်းက သင်အမှောင်ထဲတွင် ရှိနေခြင်းကို ရပ်တန့်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး များပြားလှသော အမြင်များရှိကြကာ၊ အများစုက မှားယွင်းကြသည့်အတွက် ဖြစ်သည်။ ယခုကဲ့သို့သော နည်းလမ်းဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုခြင်းက လူတို့အနေနှင့် ရသင့်သည့်အရာကို မရရှိရန် ဟန့်တားနေရုံသာမက၊ သာ၍ အရေးပါသည်မှာ ၎င်းသည် ငါပြုလုပ်ရန် ရည်ရွယ်သည့် အမှုကို နှောင့်ယှက်နေသည်။ ၎င်းသည် အနာဂတ် အလုပ်ကို အလွန့်အလွန် ဝင်ရောက်နှောင့်ယှက်ပြီး ကောင်းကျိုးများ မပေးဘဲ၊ ဆိုးကျိုးများသာ ပေး၏။ သို့ဖြစ်၍၊ ငါသင်တို့ကို သွန်သင်နေသည့်အရာမှာ သမ္မာကျမ်းစာ၏ အနှစ်သာရနှင့် အတွင်းပိုင်း အကြောင်းအရာတို့ပင် ဖြစ်သည်။ ငါသည် သင့်အား သမ္မာကျမ်းစာကို မဖတ်ဖို့ သို့မဟုတ် ဟိုဟိုသည်သည် သွားကာ ထိုအရာက တန်ဖိုးမဲ့ကြောင်းကို ကြေညာဖို့ တောင်းဆိုနေခြင်း မဟုတ်ဘဲ၊ သင်၌ သမ္မာကျမ်းစာဆိုင်ရာ မှန်ကန်သည့် အသိပညာနှင့် အမြင် ရှိစေဖို့ရန်သာ ဖြစ်သည်။ အလွန်အကျွံ တစ်ဖက်သတ် မဆန်လေနှင့်။ သမ္မာကျမ်းစာသည် လူသားများက ရေးသားခဲ့သည့် သမိုင်းစာအုပ် ဖြစ်သော်ငြားလည်း၊ ၎င်းသည် ရှေးခေတ် သန့်ရှင်းသူများနှင့် ပရောဖက်များက ဘုရားသခင်အား အစေခံရာတွင် အသုံးပြုခဲ့သည့် အခြေခံသဘောတရား များစွာအပြင်၊ များမကြာမီကတမန်တော်များ ဘုရားသခင်ကို အစေခံရာ၌ အတွေ့အကြုံများကိုလည်း မှတ်တမ်းတင်လေသည်- ယင်းအချက်များ အားလုံးကို ဤလူတို့က အမှန်ပင် မြင်ကာ သိခဲ့ကြပြီး ဤခေတ် လူတို့အတွက် မှန်သော လမ်းခရီးကို လိုက်စားရာတွင် ရည်ညွှန်းချက်အဖြစ် အသုံးချနိုင်ပေသည်။ သို့ဖြစ်၍၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် လူများသည် အခြားစာအုပ်များ၌ ရှာမတွေ့နိုင်သည့် အသက်လမ်းခရီးများစွာကို ရရှိနိုင်ကြသည်။ ဤလမ်းခရီးများသည် အတိတ်ကာလ ပရောဖက်များနှင့် တမန်တော်များ တွေ့ကြုံခဲ့ကြရသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အသက်လမ်းခရီးများ ဖြစ်ကြပြီး၊ နှုတ်ကပတ်တော် များစွာတို့သည် တန်ဖိုးရှိပြီး၊ လူတို့ လိုအပ်သည့်အရာကို ထောက်ပံ့ပေးနိုင်လေသည်။ သို့ဖြစ်သောကြောင့်၊ လူအားလုံးက သမ္မာကျမ်းစာ ဖတ်ရှုရခြင်းကို နှစ်သက်ကြသည်။ သမ္မာကျမ်းစာထဲတွင် သွယ်ဝှက်ထားသည်များ အလွန်များပြားသဖြင့်၊ ကျမ်းစာအပေါ် လူတို့၏ ရှုမြင်ပုံများသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များအပေါ် ရှုမြင်ပုံများနှင့် မတူကြပေ။ သမ္မာကျမ်းစာသည် ခေတ်ဟောင်းနှင့် ခေတ်သစ်များထဲတွင် ယေဟောဝါနှင့် ယေရှုတို့ကို အစေခံခဲ့ကြသူများ၏ အတွေ့အကြုံများနှင့် အသိပညာများကို စုစည်းထားသည့် မှတ်တမ်းဖြစ်၍၊ နောက်ပိုင်း မျိုးဆက်များသည် ဉာဏ်အလင်းဖွင့်ပြမူ၊ အလင်းပေးမှုနှင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများကို များစွာ ရယူနိုင်ခဲ့ကြသည်။ သမ္မာကျမ်းစာသည် မည်သည့် ဝိညာဉ်ရေးရာပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များထက်မဆို ပိုမြင့်မားရခြင်း၏ အကြောင်းရင်းမှာ ထိုသူတို့၏ ရေးသားချက် အားလုံးသည် သမ္မာကျမ်းစာထဲမှ ကောက်ယူထားခြင်း ဖြစ်ပြီး၊ သူတို့၏ အတွေ့အကြုံများ အားလုံးက သမ္မာကျမ်းစာထဲမှ လာကြခြင်း ဖြစ်ကာ၊ ၎င်းတို့အားလုံး သမ္မာကျမ်းစာကို ရှင်းပြသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍၊ လူတို့သည် မည်သည့် ဝိညာဉ်ရေးရာပုဂ္ဂိုလ်ကြီးများ၏ စာအုပ်များမှမဆို ထောက်ပံ့ခြင်းကို ရရှိနိုင်ကြသော်လည်း၊ သူတို့အတွက် သမ္မာကျမ်းစာသည် အလွန်မြင့်မားပြီး လေးနက်သည့်ပုံပေါ်သည့်အတွက် ကျမ်းစာကို ၎င်းတို့ ကိုးကွယ်နေကြဆဲ ဖြစ်သည်။ သမ္မာကျမ်းစာသည် ပေါလု၏သြဝါဒစာများနှင့် ပေတရု၏သြဝါဒစာများကဲ့သို့ အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များပါသည့် ကျမ်းစာအုပ်များကို အတူတကွ စုစည်းပေးထားသော်လည်း၊ လူတို့သည် ထိုကျမ်းအုပ်များ၏ ထောက်ပံ့မှုနှင့် မစမှုတို့ကို ခံရနိုင်ကြသော်လည်း၊ ဤကျမ်းအုပ်များသည် ခေတ်မမီဆဲ ဖြစ်သည်၊ ခေတ်ဟောင်းနှင့်သာ သက်ဆိုင်ကြဆဲဖြစ်ပြီး၊ ၎င်းတို့သည် မည်မျှပင် ကောင်းမွန်စေကာမူ၊ ကာလတစ်ခု အတွက်သာ သင့်တော်ပြီး၊ ထာ၀ရသင့်တော်သည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် အစဉ်တိုးတက်လျက် ရှိသည့်အတွက်၊ ၎င်းသည် ပေါလုနှင့် ပေတရုတို့၏ ခေတ်၌သာ ရပ်တန့်မသွားနိုင်ခဲ့သကဲ့သို့၊ ယေရှု ကားစင်တင်ခံခဲ့ရသည့် ကျေးဇူးတော် ခေတ်ထဲတွင် ထာဝရ ကျန်ရှိမနေနိုင်ပေ။ သို့ဖြစ်၍၊ ဤစာအုပ်များသည် ကျေးဇူးတော် ခေတ်အတွက်သာ သင့်တော်ပြီး နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်အတွက် မသင့်တော်ချေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ ယုံကြည်သူများကိုသာ ထောက်မပေးနိုင်ပြီး၊ နိုင်ငံတော်ခေတ်၏ သန့်ရှင်းသူများအတွက်မူ မထောက်မပေးနိုင်ပေ၊ ၎င်းတို့ မည်မျှ ကောင်းစေကာမူ၊ ခေတ်ကုန်သွားပြီဖြစ်ဆဲ ဖြစ်သည်။ ထိုအရာသည် ဣသရေလနိုင်ငံထဲတွင် ယေဟောဝါ၏ ဖန်ဆင်းခြင်း သို့မဟုတ် သူ၏အမှုများနှင့် အလားတူပင် ဖြစ်သည်။ ဤအမှု မည်မျှပင် ကြီးမြတ်စေကာမူ၊ ၎င်းသည် ခေတ်ကုန်လာဦးမည် ဖြစ်ပြီး ၎င်းခေတ် ကုန်လွန်သွားသည့်အချိန် ရောက်လာဦးမည် ဖြစ်သည်။ ဘုရားသခင်၏ အမှုသည်လည်း အလားတူပင် ဖြစ်သည်၊ ၎င်းသည် ကြီးမြတ်သည်၊ သို့သော် အဆုံးသတ်ရမည့် အချိန်ကျလိမ့်ဦးမည် ဖြစ်သည်၊ ၎င်းသည် တစ်ချိန်လုံး ဖန်ဆင်းခြင်း အမှုကြား၌ အစဉ်အမြဲ ရှိမနေနိုင်သကဲ့သို့၊ ကားစင်တင်ခံရခြင်း အမှုကြားတွင်လည်း အစဉ်အမြဲ ရှိမနေနိုင်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် မည်မျှပင် ယုံကြည်လက်ခံစရာ ကောင်းပါစေ၊ ၎င်းသည် စာတန်ကို ချိုးနှိမ်ရာတွင် မည်မျှပင် ထိရောက်မှု ရှိခဲ့ပါစေ၊ စင်စစ်မှာမူ အမှုသည် အမှုအဖြစ် ရှိနေဆဲ၊ ခေတ်များသည်လည်း ခေတ်များအဖြစ် ရှိနေဆဲ ဖြစ်သည်။ ဖန်ဆင်းခြင်းရှိခဲ့ပြီး နောက်ဆုံးသော ကာလရှိရမည် ဖြစ်သောကြောင့် အမှုသည် အခြေခံအုတ်မြစ် တစ်ခုတည်းအပေါ်တွင် အစဉ်အမြဲ မနေနိုင်သကဲ့သို့၊ အချိန်ကာလများသည်လည်း မည်သည့်အခါမျှ မပြောင်းလဲဘဲ မရှိနိုင်ပေ။ ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ထို့ကြောင့်၊ ယနေ့တွင် ဓမ္မသစ်ကျမ်းထဲက အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များဖြစ်သည့် တမန်တော်များ၏ သြဝါဒစာများနှင့် ခရစ်ဝင်ကျမ်း လေးကျမ်းသည် သမိုင်းဆိုင်ရာ စာအုပ်များ ဖြစ်လာကြလေပြီ၊ ၎င်းတို့သည် နှစ်ချုပ်စာအုပ် အဟောင်းများ ဖြစ်လာကြပြီးဖြစ်ကာ ခေတ်ဟောင်း နှစ်ချုပ်စာအုပ်များက လူများကို ခေတ်သစ်ထဲသို့ မည်သို့ ခေါ်ဆောင်သွားနိုင်မည်နည်း။ ဤနှစ်ချုပ် စာအုပ်များသည် လူတို့ကို အသက်ဖြင့် မည်သို့ပင် ထောက်ပံ့ပေးနိုင်ပါစေ၊ ၎င်းတို့သည် လူတို့ကို ကားတိုင်ဆီသို့ မည်သို့ပင် ခေါ်ဆောင်ပေးနိုင်ပါစေ၊ ၎င်းတို့သည် ခေတ်ကုန်သွားကြပြီ မဟုတ်လော။ ၎င်းတို့သည် တန်ဖိုးမဲ့နေကြပြီ မဟုတ်လော။ သို့ဖြစ်၍ သင်သည် ထိုနှစ်ချုပ်စာအုပ်များကို မျက်စိမှိတ် မယုံကြည်အပ်ဟု ငါပြော၏။ ၎င်းတို့သည် အလွန် ဟောင်းနွမ်းသွားကြပြီ၊ ၎င်းတို့သည် သင့်ကို အမှုအသစ်ဆီသို့ ခေါ်ဆောင် မပေးနိုင်ကြဘဲ၊ သင့်ကို ဝန်သာ ပိစေနိုင်၏။ ၎င်းတို့သည် သင့်အား အမှုသစ်နှင့် ဝင်ရောက်မှု အသစ်ဆီသို့ မခေါ်ဆောင်ပေးနိုင်ရုံသာမက၊ သင်တို့ကို အိုဟောင်းသော ဘာသာရေး အသင်းတော်များအတွင်း ခေါ်ဆောင်ပေသည်- ထိုသို့ဆိုပါက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် ဆုတ်ယုတ်သွားနေသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)

(၂၅၂) ငါသည် လူတို့အကြားတွင် များစွာသောအမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကာ၊ ၎င်းကာလအတွင်း ငါသည် နှုတ်ကပတ်တော်များစွာကိုလည်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ဤနှုတ်ကပတ်တော်တို့သည် လူသား၏ကယ်တင်ခြင်းအတွက်ဖြစ်၍၊ လူသားသည် ငါနှင့်သဟဇာတ ရှိလာနိုင်ရန် ၎င်းတို့ကို ဖော်ပြခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ငါသည် ကမ္ဘာမြေကြီးပေါ်တွင် ငါနှင့်သဟဇာတဖြစ်သော လူအနည်းငယ်ကိုသာ ရရှိခဲ့သဖြင့်၊ လူသားသည် ငါ၏နှုတ်ကပတ်တော်တို့ကို တန်ဖိုးမထားဟု ငါဆို၏။ ယင်းမှာ လူသားသည် ငါနှင့်သဟဇာတမဖြစ်သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ငါလုပ်ဆောင်သောအမှုသည် လူသားက ငါ့အား ကိုးကွယ်နိုင်ရုံအတွက်သာ မဟုတ်ဘဲ၊ ပို၍အရေးကြီးသည်မှာ လူသားသည် ငါနှင့်သဟဇာတဖြစ်နိုင်ရန်အတွက် ဖြစ်၏။ လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌ အသက်ရှင်နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် အသက်ရှင်နေကြကာ ၎င်းတို့ထဲတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ထိုကဲ့သို့သောသူတို့သည် ဝိုးတဝါးဖြစ်သောရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားများသည် မောက်မာမှု၊ မိမိကိုယ်ကိုယုံကြည်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ဤသည်မှာ ၎င်းတို့အားလုံးသည် အခြေခံအားဖြင့် ငါ့ကိုဆန့်ကျင်ကြလျက် ငါနှင့်သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ သမ္မာကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့်သဟဇာတဖြစ်ရန်နည်းလမ်းကို မသိကြပေ။ ငါ့ကို ဆန့်ကျင်ခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း မသိကြပေ။ ထို့အပြင် သမ္မာကျမ်းပိုဒ်များကို အကျိုးအကြောင်းမမြင်ဘဲသာ ဖတ်ကြ၏။ ကျမ်းစာထဲတွင် ၎င်းတို့ တစ်ခါမျှ မမြင်ဖူးသော၊ ၎င်းတို့မြင်နိုင်စွမ်းမရှိသော ဝိုးတဝါးဖြစ်သည့်ဘုရားသခင်တစ်ပါးကို ၎င်းတို့သည် ဘောင်ခတ်ထား၍ ၎င်းတို့အားလပ်သည့်အချိန်၌ ထုတ်ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သူ့အား ဤလောကမှ နှင်ထုတ်ရန်ကို သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန်ကို သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားတွင် မလိုမုန်းထားမှုများ များလွန်းပြီး၊ သူ၏သဘာဝသည် ငါ့ကိုဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်မည်နည်း။ ငါသည် လူတို့ထဲတွင်နေသော်လည်း လူသည် ငါရှိကြောင်းကို မသိပေ။ ငါသည် ငါ၏အလင်းကို လူသားအပေါ် ထွန်းလင်းသည့်အခါ သူသည် ငါရှိကြောင်းကို မသိဘဲရှိနေသေး၏။ ငါ၏အမျက်ဒေါသကို လူသားအပေါ် လွှတ်လိုက်သည့်အခါ သူသည် ငါရှိနေကြောင်းကို ပို၍ကြီးမားသောအားမာန်ဖြင့် ငြင်းဆို၏။ လူသားသည် စကားလုံးများ၊ သမ္မာကျမ်းစာများတို့နှင့် သဟဇာတဖြစ်ရေးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းကိုရှာဖွေရန် ငါ့ရှေ့မှောက်လာရောက်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါရှိနေခြင်းကို အထူးအလေးထားသော်လည်း၊ လူ့ဇာတိခန္ဓာ၌ရှိနေသော ငါ့အကြောင်းကို မည်သူကမျှ အရေးမပေးပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားတွင်နေလျက်ရှိသော ငါသည် အရေးမပါလွန်းသောကြောင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် ဝေဝါးသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ပြောမပြနိုင်လောက်အောင် မြောက်မြားစွာသောရတနာများကို ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏တန်ခိုးလက်အောက်တွင် ရှိမည့်ဘုရားသခင်၊ မတည်ရှိသောဘုရားသခင် ဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ လူသားသည် နိမ့်ကျလွန်းသဖြင့် ဖော်ပြ၍ပင် မရချေ။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့ထံမှ အကန့်အသတ်မရှိ တောင်းဆိုသူများ၊ သမ္မာတရားကိုမမြတ်နိုးသူများ၊ ငါ့ကိုပုန်ကန်သူများ— ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

(၂၅၃) ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့်၊ သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် အားလုံးထက် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေပြီး၊ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက၊ အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက၊ ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ထို့ကြောင့် စိတ်ကူးစိတ်သန်းများနှင့် အယူအဆများမှအပ၊ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အသွေးအသား၊ သင်၏ နံစော်သော အသွေးအသားကလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများကို အသက်အဖြစ် ထည့်တွက်၍မရနိုင်သည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် ကိုးကွယ်၍ မရနိုင်သကဲ့သို့၊ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်က ယခုပြောသော နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး၊ လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။ အတိတ်ခေတ်များမှ ယနေ့ထိ အတောအတွင်း၊ ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များ၏ မှတ်တမ်းများကို သင် အသုံးချပါက၊ ယင်းက သင့်ကို ရှေးဟောင်းသုတေသီတစ်ဦးဖြစ်စေပြီး၊ သင့်ကို ဖော်ပြရမည့် အကောင်းဆုံးသော နည်းလမ်းမှာ သမိုင်းဆိုင်ရာ အမွေအနှစ်နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးဟူ၍ ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်သည် အတိတ် အချိန်ကာလများတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အမှု၏ အရိပ်အယောင်များကို အမြဲ ယုံကြည်သောကြောင့်၊ ယခင်က လူသားအလယ် ဘုရားသခင် အမှုပြုခဲ့ချိန်တွင် ကျန်ရစ်ခဲ့သည့် ဘုရားသခင်၏အရိပ်ကိုသာ သင် ယုံကြည်ပြီး၊ ယခင်အချိန်များတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်ပေသည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ ဦးတည်ရာကို မယုံကြည်ပေ၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်သကဲ့သို့၊ ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကို မယုံကြည်ပေ။ ထို့ကြောင့် သင်သည် လက်တွေ့အရှိတရားနှင့် လုံးဝ ကင်းကွာသည့် စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်မှာ ငြင်းမရနိုင်အောင် ဖြစ်သည်။ ယခု သင်သည် လူသားကို အသက် ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် စကားများကို ဖက်တွယ်နေဆဲဖြစ်ပါက၊ သင်သည် ရှေးရိုးစွဲဆန်လွန်းသည့်အတွက်၊ ပေကပ်ကပ် နိုင်လွန်းသည့်အတွက်၊ ကျိုးကြောင်းဆင်ခြင်၍ မရသည့်အတွက်၊ မျှော်လင့်ချက်မရှိသော သစ်ခြောက်တစ်ခုက ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

(၂၅၄) နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

အောက်ခြေမှတ်စု(များ)-

က။ သစ်ခြောက်တစ်ခု- “ကူညီ၍မရနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

အရှေ့သို့- ၅။ ဘုရားသခင်၏အမှုတော်၏အဆင့် အသီးသီးနှင့် ဘုရားသခင်၏နာမတော်တို့ကြား ဆက်နွှယ်မှုနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- ၇။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။