၈၉။ အယူဝါဒသွတ်သွင်းခြင်းနှင့် ရင်ဆိုင်တိုက်ခိုက်ပွဲ တစ်ခု

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ဒေသ၊ ကျောက်လျန်

ကျွန်တော် ၁၉ နှစ်တုန်းက ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကြောင့် တရုတ်ကွန်မြူနစ်ပါတီ ရဲတွေဖမ်းဆီးတာ ခံခဲ့ရတယ်။ ကျွန်တော် ဘုရားသခင်ကို ငြင်းပယ်ပြီး ညီအစ်ကို မောင်နှမတွေ အကြောင်း ဖွင့်ပြောအောင်လုပ်ဖို့အတွက် ကျွန်တော့်ကို ရက် ၆၀ နှိပ်စက်ပြီး အယူဝါဒသွတ်သွင်းကြတယ်။ အဲဒီ အတွေ့အကြုံက ကျွန်တော့်နှလုံးသားထဲမှာ တော်တော် လောင်မြိုက်နေခဲ့တာပါ။ လုံးဝ မေ့မှာမဟုတ်ဘူး။

အဲဒီနေ့မနက် ဝတ်ပြုအစည်းအဝေးတစ်ခုကို ကျွန်တော် သွားတဲ့လမ်းမှာ အဲဒီကို ရောက်ခါနီးကျတော့ အနားမှာ ကားသုံးစင်းရပ်ထားတာ သတိပြုမိတယ်။ ကျွန်တော် နည်းနည်း စိတ်မအေးနိုင်ဖြစ်သွားတယ်။ အဲဒီနေရာမှာက ကားတွေအများကြီး ရပ်လေ့မရှိဘူး။ ကျွန်တော် ရောက်တာနဲ့ တစ်ပြိုင်နက် ညီအစ်ကို မောင်နှမတွေကို ပြောလိုက်တယ်။ ကျွန်တော်တို့ ဝတ်ပြုအစည်းအဝေးက မလုံခြုံတော့ဘူးဆိုတာ ကျွန်တော်တို့ သဘောပေါက်ခဲ့တယ်။ နေရာပြောင်းဖို့ကို ကျွန်တော်တို့ စပြီး ဆွေးနွေးကြတာပေါ့။ သိပ်မကြာခင်မှာပဲ ဝင်းထဲကို လူစိမ်းလေးယောက် ဝင်လာပြီး သူတို့က နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့က ဖြစ်ပြီး ဖွက်ထားတဲ့ ပေါက်ကွဲပစ္စည်းတွေကို ရှာဖို့ အိမ်ကို စစ်ဆေးတာလို့ ပြောတယ်။ သူတို့က ကျွန်တော်တို့ကို ဆိုဖာပေါ်မှာ အတင်းဖိကိုင်ထားပြီး ရှာဖွေတယ်။ ဘာမှမတွေ့တော့ ကျွန်တော်နဲ့ တခြားအစ်ကိုတစ်ယောက်ကို သူတို့ကားတစ်စီးထဲကို ထည့်လိုက်တယ်။ ကျွန်တော်တို့ကို ရဲစခန်းကို ခေါ်သွားကြတယ်။ ရဲစခန်းမှာ ရဲတွေက ကျွန်တော်တို့ကို မြေအောက်ခန်းထဲခေါ်သွားပြီး လူခွဲပြီး သော့ပိတ်ထားကြတယ်။ ဒီလို ချက်ချင်းကြီး ဖမ်းခံလိုက်ရတာ အိပ်မက်တစ်ခုလိုပဲ။ ရဲတွေက ကျွန်တော့်ကို ဘယ်လို ဆက်ဆံမယ်ဆိုတာ ကျွန်တော် လုံးဝ မသိခဲ့ဘူး။ ကျွန်တော် နည်းနည်းကြောက်ပြီး ဘုရားသခင်ကို အဆက်မပြတ် ဆုတောင်းတယ်။ ကျွန်တော့်ကို ယုံကြည်ခြင်းပေးဖို့ တောင်းလျှောက်တယ်။ ကျွန်တော်တို့ ခဏခဏ ဆိုကြတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို စဉ်းစားမိတယ်။ “အနန္တတန်ခိုးရှင်၏ သာလွန်ခြင်းနှင့် ကြီးမြတ်ခြင်းကျူး။” “ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏ အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာ ပြောင်းလဲ လေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာ ပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက် နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့်ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။...” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ကျွန်တော် ဘုရားသခင်ကို ဒီလို ဆုတောင်းခဲ့တယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင် ကိုယ်တော်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကိုယ်တော်က စကြဝဠာမှာ အရာရာကို အုပ်စိုးပြီး ကျွန်တော့်ရဲ့ ကံကြမ္မာက ကိုယ်တော့်လက်ထဲမှာရှိပါတယ်။ ဒီနေ့မှာ ရဲတွေ ကျွန်တော့်ကို ဖမ်းဆီးဖို့ ကိုယ်တော် ခွင့်ပြုခဲ့ပါတယ်။ သူတို့တွေ ကျွန်တော့်ကို ဘယ်လို နှိပ်စက်ပါစေ၊ ဘယ်လောက် ဒုက္ခခံစားရပါစေ ကျွန်တော် သက်သေရပ်တည်ချင်ပါတယ်။ ကိုယ်တော့်ကို သစ္စာဖောက်ပြီး ယုဒလိုဖြစ်တာမျိုး ဘယ်တော့မှ မဖြစ်ချင်ပါဘူး။” ဆိုပြီးတော့။

ညနေ ၄ နာရီ ရောက်တော့ ရဲတွေက ကျွန်တော့်ကို အတော်ဝေးတဲ့ ဝင်းတစ်ဝင်းဆီကို ခေါ်သွားကြတယ်။ အဲဒီထဲမှာ ဟိုတယ်တစ်ခုနဲ့တူတဲ့ လေးထပ်ရှိတဲ့ အဆောက်အဦး အတန်းလိုက်တစ်ခုရှိတယ်။ ရဲတွေက လျှို့ဝှက်စစ်ဆေးမေးမြန်းဖို့နဲ့ နှိပ်စက်ဖို့အတွက် ဟိုတယ်တွေဆီကို ထိန်းသိမ်းထားသူတွေကို ပို့ကြတယ်လို့ ညီအစ်ကို မောင်နှမတွေ အများကြီးက ပြောဖူးတယ်။ သူတို့လည်း ကျွန်တော့်ကို နှိပ်စက်ဖို့ပဲလားဆိုပြီး ကျွန်တော် မတွေးဘဲ မနေနိုင်ခဲ့ဘူး။ တော်တော် ခြောက်ကပ်တဲ့ နေရာတစ်ခုပါ။ ကျွန်တော့်ကို သူတို့ သတ်လို့ရပြီး ဘယ်သူကမှ သိမှာမဟုတ်ဘူး။ တွေးကြည့်ရင်းနဲ့ ကျွန်တော့် ကြောက်စိတ်က တိုးလာပြီး ဘုရားသခင်ကို ခဏခဏ တိတ်တဆိတ် အော်ခေါ်မိတယ်။ လေးထပ်မြောက်မှာရှိတဲ့ အခန်းတစ်ခန်းကို ကျွန်တော့်ကို ခေါ်သွားကြတယ်။ ပြစ်မှုစစ်ဆေးရေးခေါင်းဆောင်က သဘောကောင်းဟန်ဆောင်ပြီး ပြောတယ်။ “မင်း နာမည်က ဘာလဲ။ ဘယ်မှာနေလဲ” တဲ့။ ကျွန်တော်က သူ့ကို “ဘာလို့ ကျွန်တော့်ကို ဖမ်းတာလဲ။ ဘာလို့ ဒီကို ခေါ်လာတာလဲ” လို့ မေးလိုက်တယ်။ သူက ပြောတယ်။ “ဒါ အထူးသဖြင့် ယုံကြည်သူတွေကို ပညာပေးပြီး ပြောင်းလဲဖို့ တရားဝင် ပညာရေး သင်တန်းပဲ ငါတို့က မင်းအကြောင်းကို အားလုံးသိထားလို့ မင်းကို ခေါ်တာ။ မဟုတ်ရင် တခြားတစ်ယောက်ကို ခေါ်မှာပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အဓိက နိုင်ငံတော် ပစ်မှတ်ပဲ။ ရှင်းပစ်ဖို့ လုပ်ထားတာ။ အနန္တတန်ခိုးရှင်ဘုရားသခင် ယုံကြည်သူတွေက သေချာပေါက် အဖမ်းခံရမှာပဲ။” တဲ့။ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပါတယ်မဟုတ်ဘူးလား” ဆိုပြီး ကျွန်တော်က မေးလိုက်တယ်။ လှောင်ပြုံး ပြုံးရင်းနဲ့ သူကပြောတယ်။ “လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ဟုတ်လား။ အဲဒါက အကန့်အသတ်ရှိတယ်။ မင်းရဲ့ ယုံကြည်မှုမှာ ငါတို့ရဲ့ ပံ့ပိုးမှုကို ရဖို့ ပါတီပြောတာကို နားထောင်ပြီး ပါတီရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတာက မင်းကိုယ်မင်း ပါတီနဲ့ ဆန့်ကျင်ပြီးလုပ်နေတာပဲ။ ငါတို့က ဘယ်လိုလုပ်ပြီး မဖမ်းရမှာလဲ။” တဲ့။ ကျွန်တော်က ပြန်တုံ့ပြန်လိုက်တယ်။ “ကျွန်တော်တို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုဖတ်ပြီး ဘုရားကို သက်သေခံဖို့ ဧဝံဂေလိ ဝေမျှတာ သက်သက်ပါ။ နိုင်ငံရေးတွေထဲမှာ လုံးဝ ဝင်မပါပါဘူး။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ပါတီနဲ့ ဆန့်ကျင်ပြီးလုပ်နေတာလို့ ဘယ်လိုလုပ် အခိုင်အမာ ပြောနိုင်ရတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- ‘ဘုရားသခင်သည် လူသား၏နိုင်ငံရေးတွင် မပါဝင်သော်လည်း၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ထားလေသည်။ ဘုရားသခင်သည် ဤကမ္ဘာလောကနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်၏။ လူသား၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်သည် အတွင်းကျကျ ဆက်နွှယ်ပြီး၊ မည်သည့်လူ၊ မည်သည့်နိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ မကင်းလွတ်ကင်းပေ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက၊ ဘုရားသခင်၏ရှေ့သို့ လာရပေမည်။ ဘုရားသခင်သည် သူ၏ နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို အောင်မြင်ကြီးပွားစေပြီး၊ သူ့ကို ဆန့်ကျင်ကာ ငြင်းပယ်သောသူများ အပေါ် ကျဆင်းမှုနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်း ဆောင်ကြဉ်းလိမ့်မည် ဖြစ်သည်။’ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”) ဘုရားနှုတ်ကပတ်တော်တွေက တော်တော်ရှင်းတယ်။ သူက စကြဝဠာကို အုပ်စိုးပြီး နိုင်ငံတွေ၊ လူတွေ အားလုံးရဲ့ ကံကြမ္မာက သူ့လက်ထဲမှာရှိတယ်။ ဒါပေမဲ့ ဘုရားသခင်က နိုင်ငံရေးတွေထဲမှာ ဝင်မပါဘူး။ လူတွေ သမ္မာတရားကို နားလည်နိုင်ပြီး ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို ဖယ်ရှားနိုင်ဖို့၊ ကယ်တင်ခြင်း ခံရနိုင်ဖို့အတွက် အဓိကအားဖြင့် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုဖို့ လူ့ဇာတိခံ ဘုရားသခင်က နောက်ဆုံးသောကာလမှာ ကမ္ဘာပေါ်ကို ကြွလာတာပါ” ပေါ့။ ရဲက ကျွန်တော် ပြောလို့ မပြီးခင်မှာတင် စိတ်မရှည်သလိုနဲ့ ဝင်ဖြတ်ပြောပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို စော်ကားတဲ့ စကားတွေမျိုးစုံ ပြောတယ်။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ သူက အကြံပြုတယ်။ သူ ဘာကိုပဲပြောပြော ဘုရားရှေ့မှောက်မှာ ကျွန်တော် စိတ်ငြိမ်သက်စွာနေပြီး စာတန်ရဲ့ လှည့်ကွက်တွေကနေ ကျွန်တော့်ကို ကာကွယ်ဖို့ တောင်းလျှောက်ခဲ့တယ်။

တတိယမြောက်နေ့ နေ့လည်လောက်မှာ သူတို့က ကျွန်တော့်ကို အစည်းအဝေးအခန်းထဲကို ပြန်ခေါ်တယ်။ ရဲတစ်ယောက်က သူ့ကိုယ်သူ မိတ်ဆက်တယ်။ သူက နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့ဗိုလ်ကြီးဖြစ်ပြီး ပညာရေးနဲ့ ပြောင်းလဲရေးမှာ လုပ်တယ် တဲ့။ သူက ကျွန်တော့်နာမည်၊ နေရပ်နဲ့ အသင်းတော်ရဲ့ အချက်အလက်တွေကို မေးတယ်။ ကျွန်မ စကားပြောဖို့ ငြင်းဆန်ခဲ့တယ်။ အဲဒါနဲ့ သူက ကျွန်တော့်ရဲ့ ဘယ်ဘက်လက်ကို ဆန့်ပြီး စားပွဲပေါ်ကို တင်ခိုင်းတယ်။ လက်ဝါးဖြန့်ခိုင်းထားတယ်။ ပြီးတော့ သူက ဆေးလိပ်သောက်ရင်းနဲ့ ပြာတွေကို ကျွန်တော့်လက်ထဲ ခါချပြီး ပြောတယ်။ “အခုခေတ် နည်းပညာနဲ့ဆိုရင် မင်း ပြောမလား၊ မပြောဘူးလားဆိုတာ ငါတို့ သိလာလိမ့်မယ်ဆိုတာ မင်းသိသင့်တယ်။ မင်းက ငတုံးလား။ ငါက မင်းကို အခွင့်အရေးပေးထားတာ။ ငါ့ စီးကရက်ရဲ့ ထိပ်ဖျားက ၈၀၀ ဒီဂရီလောက်ရှိတယ်။ အဲဒါ ဘယ်လို ခံစားရလဲ သိချင်လား” တဲ့။ သူက စီးကရက်ကို နှစ်ဖွာ သေချာရှိုက်လိုက်ပြီး စီးကရက်က နီရဲနေတဲ့ ထိပ်ဖျားနဲ့ ကျွန်တော့်လက်ဝါးကို ထိုးလိုက်တယ်။ ကျွန်တော်က နာပြီး လက်ကို ဆွဲလိုက်တဲ့အခါမှာ တခြားရဲတစ်ယောက်က ကျွန်တော့်လက်ကို အတင်း ဖိကိုင်ထားတယ်။ သူ့စီးကရက်ထိပ်ဖျားနဲ့ ခဏခဏ ထိုးနေတော့ ကျွန်တော့်လက်ဝါးက စူးစူးရှရှနာပြီး ပူလောင်နေတယ်။ ကျွန်တော့် နဖူးမှာ ချွေးတွေ လိမ့်ကျလာတယ်။ နည်းနည်း အားလျော့လာပြီး ကျွန်တော့် နာမည်ကို ပြောလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို နှိပ်စက်တာကို သူတို့ ရပ်လိုက်ကြတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဗီဒီယိုတွေ ကြည့်ခိုင်းပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရှုတ်ချပြီး စော်ကားတဲ့ ကောလာဟလတွေကို ဖတ်ခိုင်းတယ်။

ငါးရက်မြောက်နေ့ နေ့လည်မှာ ရှန်ဒုံ ကျောက်ယွမ် အမှုအကြောင်း သတင်းထုတ်လွှင့်မှုကို ကျွန်တော့်ကို ကြည့်ခိုင်းပြီး ကျွန်တော် ဘယ်လိုထင်လဲဆိုတာကို မေးတယ်။ ကျွန်တော်က ပြောလိုက်တယ်။ “သူတို့တွေက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကလူတွေ မဟုတ်ဘူး။ ကျွန်တော်တို့ အသင်းတော်က ဘယ်သူကမှ ဒါမျိုး လုပ်မှာမဟုတ်ဘူး။ ဧဝံဂေလိ မျှဝေတဲ့နေရာမှာ ကျွန်တော်တို့မှာ စည်းကမ်းတွေရှိတယ်။ ဘုရားသခင်ရှိတယ်လို့ ယုံကြည်တဲ့ ကြင်နာတတ်တဲ့သူတွေနဲ့ပဲ ကျွန်တော်တို့ ဝေမျှတာ။ ဆိုးတဲ့သူတွေနဲ့ မဟုတ်ဘူး။ ကျန်းလီဒုံလိုမျိုး ဆိုးဝါးတဲ့လူတွေက ဧဝံဂေလိ မျှဝေဖို့အတွက် ကျွန်တော်တို့ရဲ့ စံသတ်မှတ်ချက်တွေနဲ့ နည်းနည်းလေးမှ မကိုက်ညီဘူး။ ဘုရားသခင်က သူတို့ကို ယုံကြည်သူတွေအဖြစ် အသိအမှတ်မပြုဘူး။ အသင်းတော်က သူတို့ကို လုံးဝ လက်ခံမှာမဟုတ်ဘူး။” ဆိုပြီးတော့။ ကျွန်တော့် ယုံကြည်ခြင်းက မယိုင်သေးတာကို တွေ့တော့ သူက “မင်းတို့ ခေါင်းဆောင်တွေ အားလုံးကို ငါတို့ ဖမ်းပြီးပြီ။ သူတို့ကို မေးခွန်းတွေထုတ်ပြီး ငါတို့ အကုန်လုံးကို သိအောင်လုပ်မှာ။ ငါတို့ အချိန်ကို မင်းနဲ့ ဖြုန်းပစ်ဖို့ မလိုပါဘူး။ မင်းက ဘယ်လောက်ငယ်သေးတယ်ဆိုတာ တွေ့ရတော့ မင်းကို ကယ်တင်ချင်လို့ပါ။” ဆိုပြီး ပြောတယ်။ ကျွန်တော်က “အားလုံးက အလိမ်အညာတွေပဲ။ ငါ့ကို ဘုရားသခင်ကို သစ္စာဖောက်အောင် လုပ်ဖို့ ကြိုးစားနေတာ သက်သက်ပါ။ သူတို့တွေ ဘာပဲပြောပြော ငါ ညီအစ်ကို မောင်နှမတွေအကြောင်း လုံးဝ ဖွင့်မပြောဘူး။ ဘုရားသခင်ကို ငါ လုံးဝ သစ္စာမဖောက်ဘူး” ဆိုပြီး တွေးမိတယ်။ အဲဒီနေ့ ညနေ ခုနစ်နာရီထိုးပြီးတဲ့နောက်မှာ အယူဝါဒ သွတ်သွင်းတဲ့ သင်တန်းနဲ့ စိတ်ပညာဗေဒကျွမ်းကျင်သူတစ်ယောက်က သင်တန်းနဲ့ပတ်သက်ပြီး သုံးသပ်ချက်တွေ ရေးခိုင်းတယ်။ ကျွန်တော် ရေးလိုက်တာက “ကျောက်ယွမ်အမှုက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်က လုပ်တာမဟုတ်ပါ။ မကောင်းတဲ့ နတ်ဆိုးတစ်ကောင်က လုပ်တာပါ။ သူလုပ်ခဲ့တာအတွက် ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရမှာပါ” ဆိုပြီးတော့။

ကိုးနာရီထိုးပြီး နည်းနည်းလောက်ကြာတော့ နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့ ဗိုလ်ကြီးက ဝင်လာပြီး ကျွန်တော်ရေးခဲ့တာနဲ့ပတ်သက်ပြီး သူက တော်တော်ကို မကျေနပ်ဘူး။ သူက ဝင်လာပြီး ကျွန်တော့်ခုံကနေ ကျွန်တော့်ကို လက်တစ်ဖက်နဲ့မပြီး တခြားလက်နဲ့ ကျွန်တော့်ကို ထပ်ခါထပ်ခါ ရိုက်တယ်။ ပြီးတော့ ကြမ်းပြင်ပေါ်ကို ကျွန်တော့်ကို ကန်ပစ်တယ်။ ပြီးတော့ ကျွန်တော့်ကို ကုတင်ပေါ်ကို ဆွဲခေါ်ပြီး ထိုးကြိတ်တယ်။ သုံးလေးခါလောက် ထိုးပြီးတော့ သစ်သား အင်္ကျီချိတ်တစ်ခုကို ယူပြီး အဲဒါနဲ့ ကျွန်တော့်ကို တစ်ကိုယ်လုံး ရိုက်ရင်းနဲ့ အသင်းတော်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ တောင်းတယ်။ ကျွန်တော် ငြိမ်ပြီးတော့ပဲ နေတယ်။ ဒါကို သူက စိတ်ဆိုးဒေါသထွက်ပြီး ကျွန်တော့် အဝတ်အစားတွေ အကုန်ချွတ်ဖို့ အမိန့်ပေးတယ်။ သူက အရမ်းကို ရူးနှမ်းသလိုပုံစံဖြစ်နေတော့ ကျွန်တော် ကြောက်သွားတယ်။ ဘုရားသခင်ဆီကို ကျွန်တော် တိတ်တိတ်လေး အဆက်မပြတ် ဆုတောင်းခဲ့တယ်။ ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့တယ်။ သူက ကျွန်တော့်ကို ဆောင့်ဆွဲပြီး အဝတ်တွေ အတင်းချွတ်ခိုင်းတယ်။ အင်္ကျီချိတ်နဲ့ သုံးလေးကြိမ် ထပ်ရိုက်တယ်။ နောက်တော့ သင်တန်းနည်းပြနှစ်ယောက်ကို ကျွန်တော့်ကို အိပ်ရာပေါ်မှာ ဖိကိုင်ထားခိုင်းတယ်။ သင်တန်းနည်းပြတွေကို ရဲတွေက ငှားထားပေမဲ့ အသိတရားရှိပြီး ဆယ်ကျော်သက်အရွယ်တစ်ယောက်ကို နှိပ်စက်တာမှာ ရဲတွေကို လိုက်လျောပေးမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တာ။ ကျွန်တော် ထင်တာ မှားသွားတယ်။ ကျွန်တော့်ကို လုံးဝ လှုပ်မရအောင် တင်းတင်းကျပ်ကျပ် ဖိထားတယ်။ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ ဗိုလ်ကြီးက သူ့ စီးကရက်နဲ့ ကျွန်တော့်ရဲ့ နို့သီးခေါင်းကို အရူးတစ်ယောက်လို ထိုးတယ်။ ခဏလေးနဲ့ မီးကျွမ်းသွားပြီး အသားကိုမီးမြိုက်တဲ့ အနံ့က လေထဲမှာ ပြန့်သွားတယ်။ ကျွန်တော်က နာကျင်တာကြောင့် ချွေးတွေ စိုရွှဲနေပြီး ခြေထောက်တွေနဲ့ ကန်ကျောက်နေတယ်။ နောက်တော့ “ပြောမှာလား မပြောဘူးလား” လို့ အော်ရင်းနဲ့ ကျွန်တော့် လိင်အင်္ဂါတွေကို စလုပ်တယ်။ နာပြီးတော့ အကျယ်ကြီး အော်ရင်းနဲ့ ကျွန်တော့်မှာ အတွေးတစ်ခုပဲ လွှမ်းမိုးနေတယ်။ “ငါ ဘုရားသခင်ကို သစ္စာဖောက်လို့ မဖြစ်ဘူး” ကျွန်တော့် နှလုံးသားထဲမှာ ဘုရားသခင်ဆီကို အဆက်မပြတ် ဆုတောင်းနေတယ်။ အဲဒီ ဆိုးယုတ်တဲ့ ရဲရဲ့ နှိပ်စက်မှုကို ဖြတ်ကျော်နိုင်ဖို့အတွက် ကျွန်တော့်ကို ခွန်အားနဲ့ ယုံကြည်ခြင်းပေးဖို့ ဘုရားကို တောင်းပန်ခဲ့တယ်။

ကျွန်တော်က ငြိမ်နေတော့ ရဲက ကြမ်းကြမ်းတမ်းတမ်းနဲ့ ပြောတယ်။ “ငါမင်းကို ပိုပြီး မကြမ်းသရွေ့ မင်းက ကောင်းလာမှာမဟုတ်ဘူး။” တဲ့။ သူက လှည့်ပြီး ဓာတ်ဘူးတစ်ခုကို ကောက်ယူပြီး ရေဆူထားတဲ့ ရေတွေကို ကျွန်တော့်ပေါ် လောင်းချလိုက်တယ်။ ကျွန်တော် နာပြီး အော်မိတယ်။ သူက အေးစက်စက်နဲ့ ပြောတယ်။ “ပြောမှာလား” တဲ့။ ကျွန်တော်က မကြောက်မရွံ့နဲ့ ပြောလိုက်တယ်။ “ကျွန်တော် ဘာမှ မသိဘူး” ပေါ့။ ဒါကို ကြားပြီးနောက် ဒေါသထွက်ပြီး ကျွန်တော့် ဗိုက်ပေါ်ကို နောက်ထပ် ရေဆူထားတဲ့ ရေနှစ်ခွက် လောင်းချတယ်။ ကျွန်တော်က ခုနကလို သိပ်မနာတာကို တွေ့တော့ သူက ကျွန်တော့်ဗိုက်ကို ထိပြီး ရေက မပူဘူးလို့ အော်ပြောတယ်။ ပြီးတော့ လှည့်ပြီးတော့ ရေတစ်အိုး ဆူအောင်လုပ်ထားဖို့ အမိန့်ပေးလိုက်တယ်။ အဲဒီအချိန်မှာ သူ့မျက်မှာမှာ ပြုံးဖြဲဖြဲလုပ်ရင်းနဲ့ ပြောတယ်။ “ခဏနေရင် မင်း ကိုယ်ပေါ်ကို ဆူပွက်နေတဲ့ ရေပူတွေ လောင်းချခံရတဲ့ အရသာကို မင်း ခံစားရတော့မယ်” တဲ့။ ဒါကိုကြားရတော့ ကျွန်တော် စိတ်မထိန်းနိုင်ဘဲ ကြောက်လာတယ်။ ခုနက ရေပူက အခုဟာထက် ပိုအေးတာကို တွေးမိတယ်။ တကယ်ကို ပွက်နေတဲ့ ရေတွေ ကျွန်တော့်အပေါ် လောင်းချတာခံရရင် ကျွန်တော် ခံနိုင်ပါ့မလား။ စိတ်လှုပ်ရှားပြီး ကြောက်နေရင်းနဲ့ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းခဲ့ပါတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ။ ကျွန်တော် သက်သေရပ်တည်ချင်ပါတယ်။ ကိုယ်တော့်ကို သစ္စာမဖောက်ချင်ဘူး။ ညီအစ်ကို မောင်နှမတွေအကြောင်းကို ဖွင့်မပြောချင်ပါဘူး” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် တွေးမိတယ်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားပြီး တွန့်ဆုတ်ပြီး ကြောက်လန့်တဲ့ အတွေးတွေ ရှိတာဟာ စာတန်ရဲ့ လှည့်ကွက်ထဲကို ကျဆင်းတာပဲဆိုတာကို သဘောပေါက်မိပြီး ဘုရားသခင်အပေါ် ကျွန်တော် စစ်မှန်တဲ့ ယုံကြည်ခြင်းမရှိဘူးဆိုတာကို မြင်ခဲ့ရတယ်။ သက်သေရပ်တည်ဖို့အတွက် ကျွန်တော့်အသက်ကို စွန့်ပြီး အချိန်အခိုက်အတန့်တိုင်းမှာ ဘုရားကို ကျွန်တော် အမှီပြုခဲ့ရပါတယ်။ ကျွန်တော့်ကို စောင့်နေတဲ့ နှိပ်စက်မှုကို ရင်ဆိုင်ဖို့ လိုအပ်တဲ့ ယုံကြည်ခြင်းကို ဒီနားလည်မှုက ကျွန်တော့်ကို ပေးခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ သူက စီးကရက်ကို မီးညှိပြီး နှစ်ခေါက် သေချာ ရှိုက်လိုက်တယ်။ ကျွန်တော့်ရှေ့မှာ ရပ်ပြီး ကောက်ကျစ်တဲ့ အပြုံးနဲ့ ပြောတယ်။ “သေချာထိုင်နေ။ ရေက ရတော့မယ်။” တဲ့။ သူက ပြောရင်းနဲ့ ရေပူလောင်ထားတဲ့ နေရာတည့်တည့် ကျွန်တော့် ရင်ဘတ်ပေါ်ကို သူ့စီးကရက် ထိပ်ဖျားနဲ့ ထိတယ်။ နာတာကို ထိန်းထားဖို့ ကျွန်တော် ကြိုးစားနေခဲ့တယ်။ ခုနစ်မိနစ်၊ ရှစ်မိနစ်လောက်ကြာတော့ ရေဆူလာတယ်။ ရေနွေးအိုးကနေ ရေပွက်ပြီး အငွေ့တွေ ထွက်လာတာကို မြင်ရတော့ ကျွန်တော့် ဦးရေပြားက မရိုးမရွဖြစ်လာတယ်။ ကျွန်တော့်ကိုယ်က တုန်နေပြီး ဆံပင်တွေအကုန် ထောင်နေတယ်။ ရေနွေးအိုးကို သူက သယ်လာတယ်။ အဖုံးကို ဖွင့်လိုက်ပြီး ကျွန်တော့်နားကို လာတယ်။ ရေနွေးငွေ့တွေကို ကျွန်တော့်ကိုယ်ပေါ်ကနေ ခံစားရတယ်။ နောက်တော့ သူက ရေနွေးအိုးကို ကျွန်တော့် ဗိုက်တည့်တည့်ကို ကပ်တယ်။ လောင်ကျွမ်းတဲ့ နာကျင်မှုကို ခံစားရပြီး အလိုလို အော်ဟစ်မိတယ်။ သူက အဲဒီအခွင့်အရေးကို ယူပြီး ကျွန်တော် ပြောပြမှာလားဆိုတာ ထပ်မေးတယ်။ ကျွန်တော် ငြိမ်နေတာကို တွေ့တော့ သူက ခွက်တစ်ခု ယူလိုက်ပြီး ရေဖြည့်တယ်။ ကျွန်တော့်ရင်ဘတ်ပေါ်ကို ဖျန်းလိုက်တယ်။ အရမ်းနာတော့ ကျွန်တော် ထခုန်မိတယ်။ ရေနွေးအိုးထဲမှာ ကုန်သွားတဲ့အထိ ရေပူတွေကို ကျွန်တော့်ကို ဆက်ဖျန်းနေတယ်။ ကျွန်တော် တုန်နေတာကို ရပ်လို့မရဘူး။ ကျွန်တော့်ရဲ့ ကိုယ်အရှေ့ပိုင်းတစ်ခုလုံးက အပူလောင်ပြီး အနာတွေ ဖြစ်နေတယ်။ အကြီးဆုံးက ကြက်ဥတစ်လုံးစာလောက်ရှိတယ်။ နည်းပြတွေက မကြည့်နိုင်တော့ ထွက်သွားချင်တာ။ အဲဒါနဲ့ သူက တံခါးဆီကို တည့်တည့်သွားပြီး သော့ခတ်လိုက်တယ်။ ပြီးတော့ အော်တယ်။ “မသွားနဲ့။ ဒီမှာနေပြီး ကြည့်။ ငါသူ့ကို အရိပ်အကဲ နားလည်အောင် ဘယ်လိုပြနေတယ်ဆိုတာ ကြည့်။” တဲ့။ ပြီးတော့ နောက်ထပ် ရေနွေးအိုးသွားတည်ဖို့ သူတို့ကို ပြောတယ်။ အဲဒါကို ကြားတော့ ကျွန်တော် ကြောက်စိတ်ကို မထိန်းနိုင်ခဲ့ဘူး။ နောက်ထပ်လာဦးမယ်။ ပထမရေအိုးကြောင့် ကျွန်တော် ဒီအခြေအနေဖြစ်သွားရင် နောက်ထပ် အပူလောင်ရင် ကျွန်တော် ဘာဖြစ်သွားမလဲ။ ကျွန်တော် အားတင်းပြီး နေနိုင်မှာလား။ ဘုရားသခင်ကို ကျွန်တော် အဆက်မပြတ် အော်ခေါ်ခဲ့တယ်။ ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားသခင်ဆီက ဒီ နှုတ်ကပတ်တော်တွေက စိတ်ထဲ ပေါ်လာတယ်။ “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ရဲတွေ ကျွန်တော့်ကို နှိပ်စက်နေတာက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်ပျက်နေတာပါ။ ဘုရားသခင်က ကျွန်တော့် ယုံကြည်ခြင်းကို စုံလင်စေချင်တယ်။ ဘယ်လောက်ပဲ ဆိုးပါစေ၊ ဘယ်လောက်ပဲ ကြမ်းကြုတ်ပါစေ ဘုရားလက်ထဲမှာပဲ ရှိနေဆဲပါပဲ။ ကျွန်တော် ဆုတောင်းပြီး ဘုရားသခင်ကို အမှီပြုသရွေ့ စာတန်ရဲ့ နှိပ်စက်မှုကို အောင်မြင်နိုင်ဖို့ ဘုရားသခင်က ကျွန်တော့်ကို လမ်းပြမယ်ဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ ကျွန်တော် မကြောက်တော့ဘူး။ ညှင်းပန်းမှုကို ဆက်ပြီး ရင်ဆိုင်ဖို့ ယုံကြည်ခြင်း ကျွန်တော့် မှာရှိခဲ့တယ်။

မကြာခင်မှာပဲ ဒုတိယအိုးက ရေဆူလာတယ်။ အဲဒီအိုးကို သူယူလာတယ်။ ခွက်တစ်ခွက်ကို ရေပူတွေဖြည့်ပြီး ကျွန်တော့်ရှေ့ကို ယူလာတယ်။ ကျွန်တော့်ကိုယ်အောက်ပိုင်းကို အဲဒီခွက်နဲ့ စဖျန်းတယ်။ နာလို့ အော်ဟစ်ခဲ့ပြီး မနေနိုင်ဘဲ နောက်ဆုတ်မိတယ်။ သူက ရှေ့ကို နည်းနည်းတိုးပြီး ကျွန်တော့်ကို မေးခွန်း ဆက်ထုတ်နေတယ်။ ဒါပေမဲ့ ကျွန်တော် ဖြေဖို့ ငြင်းဆန်နေတုန်းပဲ။ သူက ကျွန်တော့် လိင်အင်္ဂါတွေ အောက်ကနေ ရေပူအပြည့်နဲ့ ခွက်ကို ကိုင်ထားပြီး “ပြောမှာလား မပြောဘူးလား” ဆိုပြီး မေးတယ်။ ကျွန်တော်က တစ်ခွန်းမှ မပြောဘူး။ ခွက်ထဲကို ကျွန်တော့် လိင်အင်္ဂါတွေ လုံးဝ မြုပ်သွားအောင် သူက ခွက်ကို အပေါ်ကို ချက်ချင်း မြှင့်လိုက်တယ်။ ကျွန်တော် နာပြီးတော့ အော်ရင်းနဲ့ တုန်ခါနေရင်း နောက်ကို အလိုလို ဆုတ်မိတယ်။ ကျွန်တော် တကယ်ကို မခံနိုင်တော့ဘူး။ အဆက်မပြတ် ဆုတောင်းတယ်။ ဘုရားသခင်ကို အားအင်ပေးဖို့၊ သူ့ကို သစ္စာမဖောက်မိဖို့ တောင်းလျှောက်တယ်။ အဲဒီနောက်မှာ သခင်ယေရှု ပြောခဲ့တာတစ်ခုကို တွေးမိတယ်။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။“ (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကို ရှောင်ဖို့အတွက် သူများတွေအကြောင်း ဖွင့်ပြောပြီး ဘုရားသခင်ကို သစ္စာဖောက်လိုက်ရင် ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမှာပဲဆိုတာ ကျွန်တော် သိခဲ့တယ်။ ကျွန်တော် ငရဲကျပြီး ထာဝရ ဒုက္ခခံရမှာပဲ။ ဒါကိုနားလည်ပြီး ကျွန်တော် ဘယ်လောက်ပဲ ဒုက္ခခံရပါစေ အံကြိတ်ပြီး ဘုရားသခင်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ အဲဒီ ရဲဆိုးက ကျွန်တော့် လိင်အင်္ဂါတွေအပေါ်ကို နောက်ထပ် ရေပူနှစ်ခွက်လောင်းပြီး ကျွန်တော့်ကို ဆက်မေးနေတယ်။ ကျွန်တော် အောက်ကို ငုံ့ကြည့်လိုက်ပြီး ကျွန်တော့် လိင်အင်္ဂါတွေပေါ်က အပြင်အရေခွံက အပူလောင်နေတာကို တွေ့ရတယ်။ နည်းပြနှစ်ယောက်က ကျွန်တော့်ကို မကြည့်ရဲဘူး။ အကူအညီမဲ့နေရင်းနဲ့ သူတို့ကပြောတယ်။ “သား ပြောသာ ပြောလိုက်ပါ။ ဒီလို ဒုက္ခခံနေတော့ ဘာကောင်းလို့လဲ” တဲ့။ ကျွန်တော် အသံတစ်သံမှ မထွက်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ ရဲရဲ့ လက်ထောက်က ဝင်လာတယ်။ သူ ကျွန်တော့်ကို မြင်သွားတော့ ခဏ အံ့သြမှင်သက်သွားတယ်။ သူ့ခေါင်းကို ဘေးဘက်လှည့်ပြီး ကျွန်တော့်ဆီ လျှောက်လာပြီး ပြောတယ်။ “ဝန်ခံလိုက်ပါ။ မင်းတို့လူတွေ အများကြီးကို ငါတို့ မိထားပြီးပြီ။ မင်း မပြောရင်တောင် တစ်ယောက်ယောက်က ပြောမှာပဲ။ ငါတို့က မင်းကို အခွင့်အရေး ပေးနေတာ” တဲ့။ ကျွန်တော် ခေါင်းကို ငုံ့လိုက်ပြီး ဘာမှ မပြောဘူး။ ကျွန်တော် တိတ်ဆိတ်နေတာကို မြင်ရတော့ ရဲက ဒေါသထွက်ပြီး အော်တယ်။ “မင်းတို့တွေ နောက်ဆုတ်ကြ။ သူ ဘယ်လောက်ခံနိုင်မလဲဆိုတာ ငါကြည့်မယ်” တဲ့။ အဲဒီနောက်မှာ သူက ရေပူတစ်ခွက်လောင်းထည့်ပြီး ကျွန်တော့် ရင်ဘတ်ကို ထပ်ဖျန်းတယ်။ ကျွန်တော် အော်ဟစ်ပြီး နာကျင်ခံစားနေရင်းနဲ့ ခုန်နေရတယ်။ ကျွန်တော့်ကို ရေပူတွေနဲ့ ပက်တဲ့အခါမှာ ကျွန်တော့်ကိုယ်ပေါ်က အဲဒီ အနာတွေက ပေါက်ပြီး အရေပြားက ကျွန်တော့်ကို ပြန်ကပ်တယ်။ မကြာခင် အနာသစ်တွေက ပေါ်လာပြီး နာတာက မခံနိုင်အောင်ပဲ။ ကျွန်တော် နည်းနည်း အားလျော့လာတယ်။ ကျွန်တော် တွေးလိုက်တယ်။ “ဟုတ်တယ်။ ညီအစ်ကို မောင်နှမတွေ အများကြီးကို သူတို့က ဖမ်းပြီးသွားပြီ။ ငါ မပြောရင်တောင် တစ်ယောက်ယောက်က ပြောမှာပဲ။ ငါက ဘာလို့ ဒါတွေအားလုံးကို ဖြတ်သန်းနေရမှာလဲ။ ငါ ဒီလို ဒုက္ခမခံရအောင် သူတို့ကို နည်းနည်းလောက် ပြောပြလို့ရတာပဲ။” ဆိုပြီးတော့။ ရဲက ရပ်ဖို့ အစီအစဉ်မရှိဘူးဆိုတာ ကျွန်တော် မြင်ခဲ့တယ်။ ကျွန်တော့်ကို သူ နောက်ထပ် လုပ်မယ့်အရာတွေအပေါ် ခံနိုင်ပါ့မလားဆိုတာ ကျွန်တော် လုံးဝ မသိခဲ့ဘူး။ ဒါပေမဲ့ ပြောပြလိုက်ရင် ကျွန်တော်က ယုဒ ဖြစ်သွားမယ်။ အဲဒီအချိန်မှာပဲ ဘုရားသခင်ဆီက ဒီ နှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”) ဘုရားသခင်က သူတို့မိတ်ဆွေတွေရဲ့ အကျိုးစီးပွားတွေကို ရောင်းစားတဲ့သူတွေနဲ့ ဘာမှ မပတ်သက်ချင်ဘူး။ ကျွန်တော်က ပြောပြလိုက်ရင် ဘုရားသခင်ကို သစ္စာဖောက်တဲ့ သဘောပဲ မဟုတ်ဘူးလား။ ကျွန်တော် ဘာမှ ပြောလို့မဖြစ်ဘူး။ လုံးဝ မဖြစ်ပါဘူး။ ကျွန်တော် ဒီလို တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျွန်တော့်ကို ဉာဏ်ပွင့်စေပြီး ညီအစ်ကို မောင်နှမတွေအကြောင်း ဖွင့်မပြောအောင် ပြုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘယ်လောက်ပဲ ဒုက္ခခံရနိုင်ပါစေ ယုဒတစ်ယောက် လုံးဝ ဖြစ်မှာ မဟုတ်ပါဘူး” ဆိုပြီးတော့။

ကျွန်တော် တိတ်ဆိတ်နေတာကို မြင်တော့ နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့ဗိုလ်ကြီးက စီးကရက်ကို မီးညှိလိုက်ပြီး ရက်စက်ယုတ်မာတဲ့ အပြုံးနဲ့ပြောတယ်။ “ဖြည်းဖြည်းလုပ်ကြတာပေါ့။ ငါတို့မှာ အချိန်တွေ အများကြီးရှိတယ်” တဲ့။ ပြောရင်းနဲ့ ကျွန်တော့် နှာခေါင်းထဲကို မီးခိုးတွေ မှုတ်ထုတ်တယ်။ အဲဒီနောက်မှာ ခွက်ကို သူကောက်ကိုင်လိုက်ပြီး ကျွန်တော့်ခေါင်းပေါ်ကို ရေပူတွေ လောင်းချတယ်။ ကျွန်တော် အလိုလို နောက်ဆုတ်လိုက်ပြီး ရေတွေက ကျွန်တော့်ရဲ့ ညာဘက်နားရွက်ကနေ ကျွန်တော့် နောက်ကျောကို ဆင်းသွားတယ်။ နာလို့ အော်ဟစ်ပြီး ကျွန်တော့် နောက်ကျောက မီးလောင်နေသလို ခံစားခဲ့ရတယ်။ သူက နောက်ထပ် သုံးလေးခွက်လောက် ကျွန်တော့် ဗိုက်ကနေ လောင်းချပြီး ကျွန်တော့် ပေါင်တွေကို ဖျန်းတယ်။ သူ လောင်းချလိုက်တဲ့ နေရာတွေမှာ အနာတွေ ချက်ချင်းပေါက်လာတယ်။ ရေနွေးအိုးကုန်သွားတဲ့အခါ နည်းပြတွေကို နောက်ထပ်တစ်အိုး သွားတည်ခိုင်းတယ်။ လေးငါးဆယ်မိနစ်လောက်ကြာတော့ တတိယမြောက်တစ်ခုက ပွက်လာတယ်။ ရေနွေးအိုးကနေ အငွေ့တွေထွက်လာတာကို မြင်ရတော့ ကျွန်တော် တုန်နေတာကို မထိန်းနိုင်ခဲ့ဘူး။ ပြုံးဖြဲဖြဲလုပ်ရင်းနဲ့ သူက ရေနွေးအိုးကို ကောက်ကိုင်ပြီး “သိပ်ကောင်းတယ်” လို့ ပြောတယ်။ အဲဒီနောက်မှာ သူက ရေနွေးအိုးကို ကျွန်တော့်ကိုယ်ပေါ်မှာ ထပ်ပြီး ကပ်ရင်းနဲ့ ခြိမ်းခြောက်ပြီးပြောတယ်။ “ကဲ ပြောမှာလား မပြောဘူးလား” တဲ့။ ကျွန်တော်က မဖြေဘူး။ အဲဒါနဲ့ သူက ကျွန်တော့်အပေါ်ကို ရေပူတွေ တစ်ခွက်ပြီးတစ်ခွက် လောင်းချတယ်။ ကျွန်တော် နာကျင်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ သူက ရပ်ဖို့ အစီအစဉ်မရှိဘူးဆိုတာ ကျွန်တော် သိပြီး ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။ အရမ်းကို နာကျင်ခံစားရပြီး သေပဲ သေချင်ခဲ့တယ်။ ဒါဆိုရင် ဒီလို ဆက်ပြီး ခံစားနေဖို့မလိုတော့ဘူး။ ကျွန်တော့်ရဲ့ ဇာတိပကတိ အားနည်းချက်ကြောင့် ဘယ်သူ့ကိုမှ ဖွင့်ပြောမှာ မဟုတ်တော့ဘူး ပေါ့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ရနိုင်မယ့် မာတဲ့ ပစ္စည်းတစ်ခုခုရှာဖို့ အခန်းကို လှည့်ပတ်ကြည့်လိုက်တယ်။ ဒါပေမဲ့ စားပွဲတစ်လုံးပဲရှိပြီး နံရံတွေက သစ်သားနဲ့ လုပ်ထားတာ။ ကျွန်တော့်ခေါင်းကို တစ်ခါ ဆောင့်လိုက်ရုံနဲ့ သေမယ်လို့ မထင်ဘူး။ ဒါဆိုရင် ပိုပြီးတော့ ညှင်းပန်းတာကို ကျွန်တော် ခံရမှာ။ ကျွန်တော် အခုတော့ ပြောမယ်လို့ ပြောလိုက်လို့ရပါတယ်၊ ဒါဆိုရင် သူများတွေရဲ့ အိမ်တွေကို ရွေးထုတ်ပြပေးဖို့ ကျွန်တော့်ကို သူတို့ ခေါ်သွားကြမှာပဲ လို့တွေးမိတယ်။ အပြင်ကျရင် ကားထဲကနေ ခုန်ဆင်းပြီး သေလိုက်လို့ရတယ် ပေါ့။ ကျွန်တော် ဒီလို စဉ်းစားနေတုန်းမှာပဲ ရဲက ကျွန်တော် ပြောမှာလားလို့ ဆက်မေးနေတယ်။ ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ သူတို့က ကျွန်တော့်ကို ချက်ချင်း အိမ်တွေကို ရွေးထုတ်ပြပေးဖို့ ခေါ်သွားမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အံ့သြသွားရတာက သူ့ကို အသင်းတော်အကြောင်းပြောဖို့ ကျွန်တော့်ကို မေးတယ်။ အောက်ထပ်ကနေ ရဲ ဆယ်ယောက်ကျော်က ဝင်လာတယ်။ အဲဒီအချိန်မှာ ကျွန်တော် တွန့်ဆုတ်မိသလို ခံစားရတယ်။ ကျွန်တော် အခုတင် ခေါင်းညိတ်လိုက်ပြီဆိုတော့ ဘာမှမပြောရင် ကျွန်တော့်အပေါ် ပိုပြီး ရက်စက်တဲ့ နှိပ်စက်မှုတွေကို အသုံးပြုကြမှာလား။ ကျွန်တော် အသင်းတော်ရဲ့ နာမည်နဲ့ တည်နေရာ ခန့်မှန်းခြေပြောပြလိုက်ရင် ရမယ်လို့ ထင်ခဲ့တာ။ ကျွန်တော်က သူ့ကို တစ်လက်မလောက်ပေးလိုက်ပေမဲ့ သူက တစ်မိုင်လောက် လိုချင်တယ်။ အသင်းတော်နဲ့ပတ်သက်ပြီး ကျွန်တော့်ကို နောက်ထပ် မေးခွန်းတွေ ဆက်တိုက်မေးတယ်။ စာတန်ကို ကျွန်တော် ဒီလို အလျှော့ပေးလိုက်တာကို တော်တာ် နောင်တရခဲ့ပါတယ်။ ကျွန်တော် ဒီလို ဆက်သွားနေရင် ကျွန်တော်က ယုဒတစ်ယောက်ဖြစ်သွားမှာ မဟုတ်ဘူးလား။ သူက ကျွန်တော့်ကို တခြားအကြောင်းအရာတွေမေးတဲ့အခါ မသိဘူးလို့ အခိုင်အမာ ပြောလိုက်တယ်။ သူက ကျွန်တော်နဲ့ ဘာတိုးတက်မှုမှ မရှိတော့ ကျွန်တော့်အခန်းထဲကို ပြန်ခွင့်ပေးခဲ့ပါတယ်။ ကျွန်တော့်အခန်းထဲမှာ ကျွန်တော် ကိုယ့်ဘာသာ စဉ်းစားတယ်။ “ငါ ဘာလို့ သေဖို့ ကြိုးစားနေတာလဲ။ ဘုရားသခင်က ငါ့ကို သေစေချင်သလား။ ဒါ အားနည်းတဲ့ လက္ခဏာမဟုတ်ဘူးလား။” ပေါ့။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို သတိရတယ်။ “ဘယ်လောက် ဒုက္ခကြီးပါစေ ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားပါ။” ဆိုတဲ့ဟာ။ “ယနေ့အခါတွင်၊ ဒုက္ခသည် တန်ဖိုးမရှိဟု လူအများစုက ယုံကြည်ကြသည်၊ ၎င်းတို့သည် ၎င်းတို့၏ယုံကြည်မှုအတွက် ဖိနှိပ်ခြင်းခံရသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကို ခံကြရသည်၊ ၎င်းတို့၏နေအိမ်အသက်တာ၌ သောကရောက်ကြသည်၊ ပြီးလျှင် ၎င်းတို့၏ရှေ့ရေးများသည် စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့လူများ၏ ဒုက္ခသည် လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်က ဘုရားသခင်ကို ချစ်ခြင်း နှလုံးသားကို မည်သို့ပြသနည်း။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြသည်။...ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားကြည့်ရင်းနဲ့ ကျွန်တော်က ဘယ်လောက် သတ္တိနည်းတာ၊ အားနည်းတာ၊ မစွမ်းဆောင်နိုင်တာတွေကို မြင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဇာတိပကတိ အားနည်းချက်ကြောင့်၊ ဒုက္ခကို ကြောက်ရွံ့တာကြောင့် သေချင်ခဲ့တယ်။ ဒါက ဘုရားသခင်ကို ဘုန်းကျက်သရေ မတက်စေဘူး။ ဒါ စစ်မှန်တဲ့ သက်သေမဟုတ်ဘူး။ ကျွန်တော် အဖမ်းမခံရခင်တုန်းက ကျွန်တော် စီစီပီ ဖမ်းတာခံရပြီး ဖိနှိပ်ခံရရင် တခြား ညီအစ်ကို မောင်နှမတွေလိုပဲ သက်သေရပ်တည်ချင်တယ်ဆိုပြီး ဘုရားရှေ့မှာ ကျိန်ဆိုခဲ့ပါတယ်။ ဘုရားသခင်ကို ကျွန်တော် ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ယုဒတစ်ယောက် ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်အပေါ်မှာ တစ်ခုခုဖြစ်ပျက်တဲ့အခါ၊ ရဲတွေ နှိပ်စက်တာကို ရင်ဆိုင်ရတဲ့အခါမှာ ဒီအခြေအနေကနေ ဘယ်လို လွတ်မြောက်နိုင်မလဲဆိုတာကို တွေးမိတယ်။ သက်သေရပ်တည်ပြီး ဘုရားသခင်ကို ဘယ်လို ကျေနပ်စေမလဲဆိုတာကို မစဉ်းစားခဲ့ဘူး။ ကျွန်တော်က ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း၊ နာခံခြင်း မရှိခဲ့ဘူးဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်။ ဘုရားသခင်ကို ကျွန်တော် သစ္စာဖောက်ပြီး ကျွန်တော့်ရဲ့ သက်သေခံချက်ကို ဆုံးရှုံးရအောင် ရဲတွေက ကျွန်တော့်ကို နှိပ်စက်နေတာပါ။ ကျွန်တော်က သေခြင်းကနေ လွတ်မြောက်သွားခဲ့ရင် ကျွန်တော်က စာတန်ရဲ့ ဟားတိုက်စရာကြီး ဖြစ်သွားမှာမဟုတ်ဘူးလား။ ဒီလို စဉ်းစားမိပြီး ကျွန်တော့်အားနည်းချက်အပေါ် နောင်တတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ဘယ်လိုဖြစ်ပြီး ကျွန်တော့်လျှာကို ဖြေလျှော့ပေးလိုက်မိတာလဲ။ ဘုရားသခင်က ကျွန်တော့်ကို သက်သေခံဖို့ အခွင့်အရေးတစ်ခုပေးခဲ့ပေမဲ့ ကျွန်တော်က မဆုပ်ကိုင်ထားခဲ့ဘူး။ ဒါဟာ ဘုရားသခင်အတွက် နာကျင်ပြီး စိတ်ပျက်စေပါတယ်။ သူတို့က ကျွန်တော့်ကို အိမ်တွေ ရွေးထုတ်ပေးစေချင်တယ်ဆိုရင် ကျွန်တော် မသွားဘူးဆိုပြီး စိတ်ပိုင်းဖြတ်လိုက်တယ်။ သူတို့ ကျွန်တော့်ကို ဘယ်လောက်ပဲ နှိပ်စက်ပါစေ ဘုရားသခင်ကို အမှီပြုပြီး သက်သေရပ်တည်မယ် ပေါ့။

နောက်တစ်နေ့ မနက် ၆:၃၀ မှာ မြူနီစပယ် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ရုံးရဲ့ ဒါရိုက်တာက ကျွန်တော် ဘယ်လောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားတယ်ဆိုတာ မြင်ပြီး လူတစ်ယောက်ကို ကျွန်တော့်ကို ဆေးရုံခေါ်သွားခိုင်းလိုက်တယ်။ သူတို့တွေ တာဝန်ခံစရာမလိုအောင်ပေါ့။ ဆေးရုံသွားတဲ့လမ်းမှာ သူက ကျွန်တော့်ကို ရန်လိုတဲ့ပုံစံနဲ့ သတိပေးတယ်။ “ဆေးရုံမှာ ဘာတစ်ခွန်းမှ မပြောနဲ့။ မဟုတ်ရင်တော့ ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် မင်းမှာ တာဝန်ရှိလိမ့်မယ်။” တဲ့။ အဲဒါကို ကြားရတော့ ကျွန်တော် အရမ်းကို စိတ်ဆိုးခဲ့တယ်။ ကျွန်တော့်ကို ဒီလောက် ဆိုးဆိုးဝါးဝါး နာကျင်အောင်လုပ်ပြီးတဲ့နောက်မှာတောင် သူတို့က ကျွန်တော့်ကို ခြိမ်းခြောက်နေပြီး အမှန်တရားကို ပြောခွင့်မပေးဘူး။ ဆိုးယုတ်ပြီး မုန်းတီးစရာ ကောင်းပါတယ်။ ဘယ်လိုဖြစ်ပြီး ဒီ အပူလောင်တာတွေ ဖြစ်လာသလဲဆိုတာကို ဆရာဝန်က မေးတယ်။ ကျွန်တော် သူ့ကို အမှန်အတိုင်းပြောရင်တောင် သူ ဘာမှလုပ်နိုင်မှာမဟုတ်ဘူးဆိုတာ သိတယ်။ ဓာတ်ဘူးကွဲသွားလို့ဆိုပြီး ပြောလိုက်တယ်။ သူက မယုံမကြည်ဖြစ်ပြီးတော့ မေးတယ်။ “ဓာတ်ဘူးကွဲတာကြောင့် ဒါတွေ အကုန် ဖြစ်သွားတာလား” တဲ့။ ရဲက ဆရာဝန်ကို ဘေးကို ချက်ချင်းဆွဲခေါ်လိုက်ပြီး သူ့ကို ခဏလောက် ခပ်တိုးတိုးပြောလိုက်တယ်။ နောက်တော့ ဆရာဝန်က ကျွန်တော့်ရဲ့ဒဏ်ရာတွေကို စပြီး ကိုင်တွယ်ပြီးတော့ ကျွန်တော် ဆေးရုံလူနာအနေနဲ့နေဖို့ လိုတယ်လို့ပြောတယ်။ ရဲက ဒါ အထူးအခြေအနေဖြစ်ပြီး ကျွန်တော် နေလို့မရဘူးလို့ ပြောပြီး တာဝန်အပြည့်အဝယူပါတယ်ဆိုတဲ့ ဖောင်တစ်ခုကို လက်မှတ်ထိုးခိုင်းခဲ့တယ်။ နောက်တော့ ကျွန်တော့်ကို အယူဝါဒသွတ်သွင်းတဲ့ စင်တာကို ချက်ချင်း ပြန်ခေါ်သွားခဲ့တယ်။ ကျွန်တော့် ဒဏ်ရာတွေက သင်တန်းတက်ဖို့အတွက် တော်တော်ဆိုးလွန်းနေတယ်။ ဒါပေမဲ့ ရဲတွေက အဲဒါကို မကြိုက်ဘူး။ အဲဒါကြောင့် ကျွန်တော့်ကို နေ့တိုင်းစောင့်ကြည့်ပြီး အယူဝါဒသွတ်သွင်းဖို့အတွက် လူနှစ်ယောက် လွတ်လိုက်တယ်။ ကျွန်တော်ရဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်အောင် လုပ်ဖို့အတွက် အကြမ်းနည်းရော၊ အနုနည်းနဲ့ပါ ကြိုးစားကြတယ်။

ဆယ့်ခုနစ်ရက်ကြာပြီးတဲ့နောက်မှာ ကျွန်တော့် ဒဏ်ရာတွေ မပျောက်သေးခင် ကျွန်တော့်ကို သင်တန်းကို ပြန်ပို့ကြတယ်။ သူတို့မှာ တက္ကသိုလ် ပရော်ဖက်ဆာတစ်ယောက်နဲ့ စိတ်ပညာကျွမ်းကျင်သူတစ်ယောက်ရှိတယ်။ သူတို့တွေက ခင်မင်ဟန်ဆောင်ကြတယ်။ စကားကောင်းတွေ ပြောပြီး ကျွန်တော်နဲ့ ရင်းနှီးအောင်၊ ကျွန်တော် ဖွင့်ပြောလာအောင် ကြိုးစားကြတယ်။ ဘုရားသခင်ဆီကို ကျွန်တော် အကြိမ်ကြိမ် အော်ခေါ်ပြီး စာတန်ရဲ့ လှည့်ကွက်တွေကနေ ကျွန်တော့်ကို ကာကွယ်ဖို့ တောင်းလျှောက်ခဲ့တာပေါ့။ ကျွန်တော် သူတို့နဲ့ ဘုရားသခင်အပေါ် သက်သေခံချက် ဝေမျှတယ်။ ကျွန်တော်က အလှည့်စားမခံတာကို မြင်တော့ သူတို့တွေ စိတ်ဆိုးကြတယ်။ နောက်သုံးလေးရက်မှာ ကျွန်တော်တို့ အသင်းတော်ကို စော်ကားထားတဲ့၊ သူတို့ရေးထားတဲ့ စာအုပ်တွေကို ကျွန်တော့်ကို ဖတ်ခိုင်းပြီး စော်ကားထားတဲ့ ဗီဒီယို တချို့ကို ကြည့်ခိုင်းပါတယ်။ သူတို့ ဘယ်ကနေ ဘယ်လို ဖန်တီးထားမှန်းမသိတဲ့ အဲဒီ အလိမ်အညာတွေအားလုံးကြောင့် ကျွန်တော် မခံမရပ်နိုင်ဖြစ်ပြီး အော်ဂလီဆန်မိတယ်။ သူတို့ပြောတာ တစ်ခုမှ ကျွန်တော် နားမထောင်ခဲ့ဘူး။

တစ်မနက်မှာ ကျွန်တော်နေတဲ့နေရာကို တိုင်းအဆင့် ဒါရိုက်တာက နည်းပြ သုံးလေးယောက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဝင်လာတယ်။ ဒီလိုဖြစ်လာတာကို မြင်တော့ ကျွန်တော် နည်းနည်း ကြောက်သွားတာပေါ့။ အဲဒါနဲ့ ကျွန်တော် တိတ်တိတ်လေး ဆုတောင်းတယ်။ ကျွန်တော် အဲဒီ ဆိုးဝါးတဲ့ ရဲတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ဉာဏ်ပညာကို ပေးဖို့ ဘုရားသခင်ဆီကို တောင်းလျှောက်တယ်။ သူက ခြိမ်းခြောက်ပြီး ပြောတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ ရက် တစ်ရာတိုက်ပွဲနဲ့ပတ်သက်ပြီး မနေ့က ငါတို့ အစည်းအဝေးလုပ်တယ်။ ပြစ်ဒဏ်ချမှတ်ချက်တွေက ကြမ်းလိမ့်မယ်။ မင်းလို ငယ်တဲ့၊ အိမ်ထောင်မရှိတဲ့ လူတွေအတွက် ပိုတောင် ဆိုးဦးမယ်။ အထူးသဖြင့် မင်းလိုမျိုး စိတ်မပြောင်းတဲ့သူတွေက သေနတ်နဲ့ပစ်သတ်တဲ့ အဖွဲ့ကို တန်းသွားရမှာ။ သူတို့က မင်းရဲ့ ခေါင်းကို ပစ်ပြီး ဦးနှောက်တွေ ထွက်သွားအောင် ပစ်မှာ။” တဲ့။ သူ ဒီလိုပြောတော့ ကျွန်တော် နည်းနည်း ပြာသွားတယ်။ ဒါပေမဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။“ (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) ဘုရားသခင်အတွက် အသေခံရတာ ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး ဘုရားသခင်က မှတ်သားထားမှာပဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သေမှာကို ကြောက်ပြီး ဘုရားသခင်ကို သစ္စာဖောက်တာက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမှာဖြစ်ပြီး ဘုရားကို စက်ဆုပ်ရွံရှာစေလိမ့်မယ်။ ကျွန်တော့် ကိုယ်ခန္ဓာက ဆက်ပြီး အသက်ရှင်ရင်တောင်မှ ဘုရားသခင်ရဲ့ အမြင်မှာ ကျွန်တော် သေနေမှာပဲ။ ကျွန်တော့် ဝိညာဉ်က ဘုရားသခင်ရဲ့ ဖယ်ရှားခြင်းကို ခံရမှာဖြစ်ပြီး ငရဲမှာ အပြစ်ဒဏ်ပေးခံရမှာပါ။ ခေတ်တွေတစ်လျှောက်မှာ ယုံကြည်သူတွေ မရေမတွက်နိုင်အောင် ဖိနှိပ်ခံရပြီး အသေခံခဲ့ကြရတယ်။ သူတို့အားလုံး ဘုရားသခင်အတွက် သက်သေရပ်တည်ကြတယ်။ ယုံကြည်ခြင်းအတွက် အသတ်ခံရတယ်ဆိုတာ ဘုရားသခင်က ကျွန်တော့်ကို ချီးမြှောက်နေတာပါ။ သေရမယ်ဆိုရင်တောင် ဘုရားသခင်ရဲ့ အစီအစဉ်တွေကို နာခံပြီး သက်သေရပ်တည်ဖို့ ကျွန်တော် ဆန္ဒရှိနေခဲ့ပါတယ်။ ကျွန်တော် တိတ်နေတော့ ရဲက ကျွန်တော့်ကို ခြိမ်းခြောက်တယ်။ “မင်း အိမ်ပြန်ချင်လား။ ထောင်ထဲကို ပြန်ချင်တာလား” တဲ့။ ကျွန်တော် အိမ်ကို အရမ်း ပြန်ချင်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် ပေးဆပ်ရမှာက နောင်တရတဲ့ စာကို လက်မှတ်ထိုးပြီး အသင်းတော်နဲ့ အဆက်အသွယ်ဖြတ်ရမှာပါ။ ကျွန်တော် ပြတ်ပြတ်သားသား ပြောလိုက်တယ်။ “ထောင်” ဆိုပြီးတော့။ သူ့မျက်လုံးတွေက ဒေါသတွေနဲ့ ပြူးကျယ်သွားပြီး ကျွန်တော့်ကို လက်ညှိုးထိုးပြီး ပြောတယ်။ “ကြည့်ရတာ မင်းက တကယ် ဒုက္ခ မခံစားရသေးဘူးထင်တယ်” တဲ့။ နောက်တော့ သူက စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတယ်။

အဲဒီနောက်မှာ ကျွန်တော့်ကို အယူဝါဒသွတ်သွင်းဖို့အတွက် သင်းအုပ်ဆရာတစ်ယောက်ကို သူတို့ ရှာလာကြတယ်။ ဝင်လာတာနဲ့ တစ်ပြိုင်နက် သူက ပြောတယ်။ “သား မင်းက ငယ်သေးတယ်။ ငါပြောတာ နားထောင်ပါ။ မင်းက လမ်းမှားပေါ်ရောက်နေတယ်” တဲ့။ ကျမ်းစာမှာ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၂၃-၂၄ ကို ဖွင့်ပြီး ပြောတယ်။ “သခင်ယေရှုက ပြန်လာပြီးနှင့်ပြီလို့ မင်းကပြောတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာထဲမှာ ဘာရေးထားလဲ ကြည့်ကြည့်။ ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။’ သခင်ကြွလာပြီလို့ပြောတဲ့ ဘယ်သူမဆို မှားတယ်။ မင်း ဒီ နောက်ကို လိုက်လို့မရဘူး။” ဆိုပြီး ပြောတယ်။ ကျွန်တော် ကျမ်းစာကို ယူလိုက်ပြီး ပြန်ပြောလိုက်တယ်။ “နောက်ဆုံးသောကာလမှာ သခင်ယေရှုက ပြန်ကြွလာတဲ့အခါ လူတွေကို လှည့်စားဖို့အတွက် ခရစ်တော်ယောင်ဆောင်သူတွေနဲ့ ပရောဖက် အယောင်ဆောင်တွေက ကြီးမြတ်တဲ့ နိမိတ်လက္ခဏာတွေ၊ အံ့သြဖွယ်ရာတွေပြလိမ့်မယ်လို့ သခင်ယေရှုက ကျွန်တော်တို့ကို သတိပေးနေတာပါ။ သူက ကျွန်တော်တို့ကို သတိရှိဖို့ ပြောခဲ့တာပါ။ ခင်ဗျားက သခင်ကြွလာတဲ့ သတင်းတွေအကုန် မှားတယ်လို့ ပြောရင် သခင်ကိုယ်တိုင် ပြန်ကြွလာတာကို ငြင်းဆန်နေတာမဟုတ်ဘူးလား။ ခရစ်တော် အယောင်ဆောင်တွေက သမ္မာတရားကို မပိုင်ဆိုင်ဘူး။ လူတွေကို သူတို့က နိမိတ်လက္ခဏာတွေ၊ အံ့သြဖွယ်ရာတွေနဲ့ လှည့်စားကြတာ။ အနန္တတန်ခိုးရှင်ဘုရားသခင်က အဲဒီအရာတွေကို မပြသဘူး။ သူက လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ပြီး ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို လုပ်ဆောင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပါ။ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားဖြစ်ပါတယ်။” ဆိုပြီးတော့ ကျွန်တော်က သူ့အကွက်ထဲမရောက်တော့ သူက စော်ကားတဲ့စကားတွေ မျိုးစုံပြောတယ်။ ကျွန်တော်က စိတ်ဆိုးပြီး တုံ့ပြန်ပြောလိုက်တယ်။ “သန့်ရှင်းသော ဝိညာဉ်တော်ကို စော်ကားတာက အခုဘဝရော၊ နောက်ဘဝမှာပါ ခွင့်လွှတ်ခံရမှာမဟုတ်ဘူး” ပေါ့။ အဲဒီအခါမှာ သူက ကျွန်တော့်ကို “မင်းက တကယ်ကို ခေါင်းမာတဲ့ ကလေးပဲ။ အသိတရားရှိစမ်းပါ သားရဲ့။ သူတို့လိုချင်တဲ့ ဘာကိုမဆို ပြောပြီး ဝန်ခံလိုက်ပါ။ မင်း တကယ်ကို သော့ပိတ်ခံရရင် နောင်တရလိမ့်မယ်” ဆိုပြီးတော့ ပြောတယ်။ ကျွန်တော်က “ကျွန်တော် ဒါကို နောင်တရမှာမဟုတ်ဘူး။ ပြီးတော့ ခင်ဗျားကို စစ်မှန်တဲ့လမ်းကို ရှာဖွေဖို့ သေချာ အကြံပေးချင်တယ်။ ဘုရားသခင်ကို အာခံတာကို ရပ်ပါ။ သိပ်ဆိုးတဲ့ အပြစ်ကို ခင်ဗျားကျူးလွန်ရင် အရမ်း နောက်ကျသွားလိမ့်မယ်” ဆိုပြီး ပြောလိုက်တယ်။ စိတ်တိုနေရင်းနဲ့ သူက ကျွန်တော့်ကိုပြောတယ်။ “မင်းက မျှော်လင့်ချက်မရှိတော့ဘူး။ ခေါင်းမာလွန်းတယ်” တဲ့။ အဲဒီနောက်မှာ သူက မကျေမနပ်နဲ့ ထပြီး ထွက်သွားတယ်။

သုံးလေးရက်လောက် ကြာပြီးတဲ့နောက်မှာ ပြစ်မှုစစ်ဆေးရေးခေါင်းဆောင်က ကျွန်တော့်ကို ဘုရားသခင်ကို ငြင်းပယ်ပြီး စော်ကားတဲ့ စကားတွေကို အတင်း ထပ်ခါထပ်ခါ ပြောခိုင်းတယ်။ ကျွန်တော်က ငြင်းဆန်တဲ့အခါ သူက ကြမ်းကြမ်းတမ်းတမ်းနဲ့ ပြောတယ်။ “မင်းက ဒဏ်ခတ်ခံရမှာ မကြောက်ဘူးလား။ ဘုရားဆိုတာ မရှိဘူး။ ဒါဆို ဘုရားက ဘယ်ကလာမှာလဲ။ ဘုရားကို စွန့်လွှတ်လိုက်တဲ့လူတွေက အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။” တဲ့။ ကျွန်တော်က ပြောလိုက်တယ်။ “အခုအချိန်ခဏမှာ မသေသေးဘူးဆိုတာက ကောင်းမွန်တဲ့ ရလဒ်လို့ မဆိုလိုဘူး။ ဘုရားသခင်က လူတွေကို ချက်ချင်း အပြစ်ဒဏ်ပေးတာ မဟုတ်ဘူး။” ပေါ့။ သူက ကျွန်တော့်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ဆွဲကိုင်လိုက်ပြီး သုံးလေးခါလောက် ဖြတ်ရိုက်တယ်။ ဒါပေမဲ့ ကျွန်တော် တစ်ခွန်းမှ မပြောသေးဘူး။ ကျွန်တော်က သခင်ယေရှုပြောခဲ့တာတစ်ခုကို စဉ်းစားနေတာ။ “ထို့ကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၁၂:၃၁) ဒီနှုတ်ကပတ်တော်တွေရဲ့ အားအင်ကြောင့် ကျွန်တော် လုံးဝ မယိမ်းယိုင်ခဲ့ဘူး။ ကျွန်တော် ဘာမှ မပြောဘဲနဲ့ နှစ်နာရီလောက် ကုန်သွားတယ်။ ဒေါသထွက်နေရင်းနဲ့ သူက ကျွန်တော့်ကို ဆံပင်ကနေ ကိုင်ပြီး အဆောင်ဆီကို ပြန်ဆွဲခေါ်သွားတယ်။ ပြီးတော့ ရက်စက်ယုတ်မာတဲ့ ပုံစံနဲ့ပြောတယ်။ “သူ ဖွင့်မပြောမချင်း သူ့ကို အစာမကျွေးနဲ့” တဲ့။ ကျွန်တော့် စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ဆုတောင်းခဲ့ပြီး သခင်ယေရှုရဲ့ ဒီ နှုတ်ကပတ်တော်တွေက စိတ်ထဲပေါ်လာတယ်။ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၄:၄) ဘုရားနှုတ်ကပတ်တော်တွေက ဘဝအတွက် ကျွန်တော်တို့ရဲ့ အာဟာရပါပဲ။ အစာမစားရရင်တောင် ဘုရားသခင် ခွင့်မပြုဘဲ ကျွန်တော် သေမှာမဟုတ်ဘူး။ အံ့သြစရာကောင်းတာက သန့်ရှင်းရေးလုပ်တဲ့ အစ်မကြီးက အဲဒီညမှာ ကျွန်တော့်ကို ပေါက်စီတစ်လုံး ခိုးပေးတယ်။ လူတွေရဲ့ နှလုံးသားနဲ့ ဝိညာဉ်ဟာ ဘုရားလက်ထဲမှာရှိတယ်ဆိုတာ ကျွန်တော် တကယ် ခံစားခဲ့ရတယ်။ အဲဒီနောက်မှာ ရဲတွေက သူတို့ရုံးကို ကျွန်တော့်ကို နေ့တိုင်း သန့်ရှင်းရေးလုပ်ခိုင်းတယ်။ ဖြစ်ချင်တော့ စာရေးစားပွဲပေါ်မှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်တစ်အုပ် ရှိနေတယ်။ ကျွန်တော် နေ့စဉ် သန့်ရှင်းရေးလုပ်ရင်းနဲ့ အဲဒီစာအုပ်ကို ခိုးကြည့်တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးပါတယ်။ ရဲတွေက ကျွန်တော့်ကို ဘုရားမဲ့အယူဝါဒဆိုင်ရာ အယူမှားတွေကို အဆက်မပြတ် အများကြီး ထိုးထည့်နေတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် လမ်းပြမှုနဲ့ ကျွန်တော့်အပေါ် လုံးဝ သက်ရောက်မှု မရှိခဲ့ဘူး။

တစ်ရက်ကျတော့ ကျွန်တော့်ကို အယူဝါဒ သွတ်သွင်းပြီး သွေးဆောင်ဖို့အတွက် သူတို့က တက္ကသိုလ် ပရော်ဖက်ဆာ နှစ်ယောက်ကို နည်းမျိုးစုံ ကြိုးစားခိုင်းတယ်။ “မင်း အသိတရားဝင်လာပြီး စာသုံးစောင်ကို လက်မှတ်မထိုးရင် မင်း ထောင်ငါးနှစ်ကျပြီးတော့ နောက်ကျရင် မိန်းမ ရှာဖို့ ခက်သွားမှာ။ မင်းရဲ့ လူငယ်ဘဝကို ဘယ်လိုလုပ်ပြီး ဒီလို ဖြုန်းပစ်နိုင်မှာလဲ။ တန်ရဲ့လား” ဆိုပြီး ပြောတယ်။ ဒါက ကျွန်တော့်ကို တကယ် ထိသွားတယ်။ ကျွန်တော် ဘယ်လောက် ငယ်နေသလဲဆိုတာ စဉ်းစားကြည့်ပြီး အဲဒီမှာ ကျွန်တော် တကယ်ကို နှစ်ချီပြီး ဒုက္ခခံရမှာလားဆိုတာ တွေးမိတယ်။ ကျွန်တော် ဒါကို စဉ်းစားနေရင်းနဲ့ ကျွန်တော်က စာတန်ရဲ့ အကွက်ထဲ ရောက်နေတယ်ဆိုတာကို သတိပြုမိလိုက်တယ်။ အဲဒါနဲ့ ဒီလို အမြန်ဆုတောင်းလိုက်တယ်။ “အဖ ဘုရားသခင် စာတန်ရဲ့ လှည့်ကွက်ထဲကို ကျွန်တော် ရောက်လုနီးပါးဖြစ်ခဲ့ပါတယ်။ ကျွန်တော် သက်သေရပ်တည်နိုင်ဖို့အတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကာကွယ်တော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ထဲက စာသားတစ်ကြောင်းကို တွေးမိတယ်။ “လူငယ်တို့သည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကိုလည်း မသိုထားသင့်ပေ- မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ ၎င်းတို့သည် မျောပါသွားရုံသက်သက် မဖြစ်သင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ငယ်ရွယ်သူတို့ လုပ်ဆောင်ရမည့်အချက်များ”) သမ္မာတရားကို ရရှိဖို့ ဘယ်နာကျင်မှုကိုမဆို ခံယူနိုင်ရမယ်ဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ ခဏတာ သက်သာမှုအတွက် ဘုရားသခင်ကို ကျွန်တော် သစ္စာဖောက်လို့ မဖြစ်ဘူး။ ရဲတွေက ကျွန်တော့်ကို ဘာပဲလုပ်သည်ဖြစ်စေ ကျွန်တော် သက်သေရပ်တည်ပြီး ဘုရားသခင်ကို ကျေနပ်စေရမယ်။ ကျွန်တော်က ဘာမှ မပြောတော့ သူတို့တွေ ထွက်သွားကြတယ်။ ဘာမှ မတတ်နိုင်ကြတော့ဘူး။ အဲဒီနေ့ နေ့လည်မှာ သင်းအုပ်ဆရာက ပြန်လာပြီး စစ်မှန်မှုမရှိတဲ့ အပြုံးနဲ့ ပြောတယ်။ “မင်း ထောင်ကို သွားရတော့မယ်လို့ ငါကြားတယ်။ မင်း အဲဒီလို လုပ်လို့ မဖြစ်ဘူး။ အဲဒီမှာ ဘဝက လူမဆန်ဘူး။ မင်းလိုမျိုး ကောင်လေးက ခံနိုင်မယ်လို့ ထင်လား” တဲ့။ သူက သူ့ဖုန်းကို ထုတ်လိုက်ပြီး နှိပ်စက်ခံထားရတဲ့ ခရစ်ယာန်တွေရဲ့ ပုံတချို့ကို ပြပြီး ပြောတယ်။ “သူတို့ကို ကြည့်စမ်း။ တချို့တွေက ၁၀ နှစ်ကျတယ်။ တချို့က နှစ် ၂၀ ကျတယ်။ တချို့က ထောင်ထဲမှာ သေကြတယ်။ မင်းက ယုံကြည်သူ စစ်စစ်တစ်ယောက်ဆိုတာ ငါ မြင်နိုင်ပါတယ်။ သူတို့ လက်မှတ်ထိုးစေချင်တဲ့ ဘာကိုမဆို ထိုးသာထိုးလိုက်ပါ။ မင်း ထွက်သွားရတဲ့အခါကျရင် မင်းရဲ့ ယုံကြည်ခြင်းကို ကျင့်သုံးလို့ ရတယ်။ ဒီလိုမျိုး ဒုက္ခခံဖို့ မလိုပါဘူး။ အခု လက်မှတ်ထိုးလိုက်။ ငါ မင်းကိုယ်စား စကားနည်းနည်း ပြောပေးလိုက်မယ်။ မဟုတ်ရင် မင်း အခွင့်အရေး ရှိမှာမဟုတ်ဘူး။” တဲ့။ ကျွန်တော် တကယ်ကို ပြစ်ဒဏ်ချမှတ်ခံရရင် ထောင်မှာ ရဲတွေက ကျွန်တော့်ကို သူတို့ဆန္ဒရှိသလို နှိပ်စက်လို့ရတယ်လို့ တွေးရင်းနဲ့ ကျွန်တော် စိတ်ပူလာတယ်။ နောက်ထပ် အများကြီး နာကျင်ခံစားရမှာ သေချာတယ်။ ကျွန်တော် စိတ်မထိန်းနိုင်ဘဲ ကြောက်လာတယ်။ ဒါပေမဲ့ အဲဒီစာတွေကို လက်မှတ်ထိုးတာဟာ ဘုရားသခင်ကို သစ္စာဖောက်တာဖြစ်ပြီး ကျွန်တော့်မှာ သားရဲ အမှတ်တံဆိပ်ရှိလာမှာပဲဆိုတာကို သိခဲ့ပါတယ်။ ကျွန်တော့် စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ဆုတောင်းပြီး အော်ခေါ်ခဲ့တယ်။ ကျွန်တော် သက်သေရပ်တည်နိုင်ဖို့အတွက် ယုံကြည်ခြင်းပေးဖို့ ဘုရားကို တောင်းလျှောက်ခဲ့ပါတယ်။ သင်းအုပ်ဆရာကို ကျွန်တော် ပြောလိုက်တယ်။ “ကျွန်တော် လက်မှတ် မထိုးဘူး” ပေါ့။ သူ အပိတ်ခံလိုက်ရပြီး ထွက်သွားတယ်။

မြူနီစပယ် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ရုံးရဲ့ ဒါရိုက်တာကလည်း ကျွန်တော့်ကို စာသုံးစောင်မှာ လက်မှတ်ထိုးခိုင်းဖို့ ကြိုးစားတယ်။ စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်တော့်ကိုပြောတယ်။ “ဘာမှ အပြောင်းအလဲမရှိတာ နှစ်လ ရှိနေပြီ။ အခု မင်းဆီကနေ သဘောထား တစ်မျိုးရဖို့ ငါ မျှော်လင့်တယ်။ မင်း မယုံကြည်တော့ဘူးလို့ပြောရင် မင်း အိမ်ကိုပြန်လို့ရတယ်။ ဒါပေမဲ့ မင်း ယုံကြည်တယ်လို့ပြောရင် ထောင်ကို ချက်ချင်း ပို့ခံရမယ်။ မင်း ယုံကြည်သူ ဖြစ်နေတုန်းပဲလား။” တဲ့။ ကျွန်တော့်စိတ်ထဲမှာ တကယ်ကို ဒွိဟဖြစ်နေတယ်။ ဟုတ်တယ်လို့ပြောရင် ထောင်ကိုသွားရမယ်။ အဲဒီမှာ ဘယ်လို နှိပ်စက်မှုမျိုးက ကျွန်တော့်ကို စောင့်နေမယ်ဆိုတာ ဘယ်သူ သိမှာလဲ။ ဒါပေမဲ့ မဟုတ်ဘူးလို့ပြောရင် ဘုရားကို သစ္စာဖောက်တာဖြစ်မယ်။ ကျွန်တော် ဆုတောင်းပြီး ကျွန်တော့်ကို သတ္တိပေးဖို့ ဘုရားကို တောင်းလျှောက်ခဲ့တယ်။ ပြီးတော့ သက်သေရပ်တည်ဖို့ ကျွန်တော် အဆင့်သင့်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို သတိရမိတယ်။ “ယေရှုသည် မိမိအတွက် အစီအစဉ်များ သို့မဟုတ် ကြိုတင်ပြင်ဆင်ခြင်းများ မပြုဘဲ၊ ဘုရားသခင်၏ အလိုတော်ကို အစွမ်းကုန် အရေးစိုက်ခဲ့သောကြောင့်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဗဟိုချက်မ၌ပင် ထားနိုင်ခဲ့ပြီး ကောင်းကင်ဘုံရှိ အဖထံသို့ အစဉ် ဆုတောင်းခဲ့ကာ ကောင်းကင်ဘုံရှိ အဖ၏အလိုတော်ကို ရှာဖွေခဲ့သည်။ သူဆုတောင်း၍ ပြောဆိုခဲ့သည်မှာ- ‘အဖဘုရားသခင်၊ ကိုယ်တော်၏အလိုတော် ဖြစ်သည့်အရာကို ဖြစ်မြောက်စေပါ။ ကျွန်ုပ်၏ အလိုဆန္ဒများအတိုင်း မလုပ်ဆောင်ဘဲ၊ ကိုယ်တော်၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ လူသားသည် အားနည်းနိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သူ့ကို အဘယ်ကြောင့် ဂရုစိုက်သင့်သနည်း။ ကိုယ်တော်၏ လက်ထဲတွင်ရှိသည့် ပုရွက်ဆိတ်သဖွယ် ဖြစ်သော လူသားသည် ကိုယ်တော်၏ အလေးထားမှုကို အဘယ်သို့ ထိုက်တန်နိုင်သနည်း။ ကျွန်ုပ်၏နှလုံးသားတွင် ကိုယ်တော်၏အလိုတော်ကိုသာ ပြီးမြောက်စေလိုပြီး ကိုယ်တော်ကိုယ်တိုင်၏ ဆန္ဒများအတိုင်း ကျွန်ုပ်၌ ကိုယ်တော်ပြုမည့်အရာကို ကိုယ်တော်ပြုနိုင်စေဖို့ ကျွန်ုပ် ဆန္ဒရှိပါသည်။’” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သခင် ယေရှုကို အတုယူကြစေ”) သခင်ယေရှုဟာ ကားစင်တင်ခံရဖို့ သူ သွားတဲ့လမ်းမှာ ဒုက္ခခံခဲ့ရတယ်။ သူ့မှာ ဇာတိကပတိနဲ့ဆိုင်တဲ့ အားနည်းချက်ရှိတယ်။ ဒါပေမဲ့ သူက ဘုရားသခင်ရဲ့ စေခိုင်းချက်ကို ပြီးပြည့်စုံအောင်လုပ်ဖို့ကို အာရုံစိုက်နိုင်ခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်ခံစားနေရပေမဲ့ ဘုရားသခင်ရဲ့ အစီအစဉ်တွေကို သူ နာခံခဲ့တယ်။ ပြီးတော့ ပေတရုက ဘုရားသခင်အပေါ် သူ့ရဲ့ ချစ်ခြင်းအတွက် သေတဲ့အထိ လိုက်နာသွားဖို့၊ ဘုရားသခင်အတွက် ကားစင်အတင်ခံရဖို့ ဆန္ဒရှိခဲ့တယ်။ ကျွန်တော့်ရဲ့ သေးငယ်တဲ့ ဒုက္ခခံရခြင်းက ဘာဟုတ်သေးလို့လဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေခဲ့ပြီး ကျွန်တော် ကြောက်သလို မခံစားရတော့ဘူး။ ကျွန်တော် တကယ်ကို ထောင်ကျရင်တောင် ဘုရားသခင်အတွက် သက်သေရပ်တည်မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ကျွန်တော် ခိုင်ခိုင်မာမာနဲ့ ပြောလိုက်တယ်။ “ဒါဆိုရင် ကျွန်တော် ထောင်ကို သွားမယ်” ပေါ့။ စိတ်ဆိုးရင်းနဲ့ သူက ပြန်ပြောလိုက်တယ်။ “ပစ္စည်းတွေ သိမ်းလိုက်။ မနက်ဖြန်မင်း ထောင်ကို သွားရမယ်” တဲ့။ ပြီးတော့ သူက တံခါးကို ဆောင့်ပိတ်လိုက်ပြီး စိတ်ဆိုးရင်းနဲ့ ထွက်သွားတယ်။ အံ့သြစရာကောင်းတာက နှစ်ရက် ကြာပြီးတဲ့နောက်မှာ ကျွန်တော့်မြို့က ရဲစခန်းက ရဲလေးယောက်ရောက်လာပြီး ကျွန်တော့်ကို အိမ်ပို့ပေးမယ်ဆိုပြီး ပြောတယ်။ အဲဒီအချိန်အခိုက်အတန့်မှာ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်က တကယ်ကို အံ့သြဖွယ်ဖြစ်တာကို ကျွန်တော် ခံစားခဲ့ရတယ်။ ပြီးတော့ ကျွန်တော့်အတွက် သူ့ရဲ့ ဂရုစိုက်မှုနဲ့ ညှာတာမှုကိုလည်း ခံစားရတယ်။ ရဲတွေက ကျွန်တော့်ကို မြို့ထဲ ပြန်ပို့ပြီး နှုတ်ဖော်ပြချက်တစ်ခုကို အသံသွင်းတယ်။ ရဲစခန်းကို တစ်ပတ်တစ်ကြိမ် သတင်းပို့ဖို့ ပြောတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုကနေတစ်ဆင့် နောက်ပိုင်းမှာ အဲဒီနေရာကနေ ကျွန်တော် ထွက်ပြေးခဲ့ပြီး ကျွန်တော့်တာဝန်ကို ပြန်ပြီး ထမ်းဆောင်နိုင်ခဲ့ပါတယ်။

ရဲတွေ ဖမ်းဆီးတာကိုခံရပြီး နှိပ်စက်ခံရတာတွေဟာ ကျွန်တော့်အထဲမှာ လောင်မြိုက်နေခဲ့တယ်။ ကွန်မြူနစ်ပါတီက ဘယ်လောက် ရိုင်းစိုင်းပြီး လူမဆန်သလဲဆိုတာကို ကျွန်တော် မြင်တွေ့ခဲ့ရတယ်။ သူတို့ရဲ့ ဘုရားကို အာခံတဲ့ အနှစ်သာရကို အပြည့်အဝ မြင်ခဲ့ရတယ်။ အဲဒီနတ်ဆိုးတွေကို ကျွန်တော် တော်တော်ကြီးကို မုန်းတီးတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဘုန်းတန်ခိုးနဲ့ သြဇာအာဏာကိုလည်း ကျွန်တော် ကြုံတွေ့ခဲ့ရပါတယ်။ စမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေကတစ်ဆင့် ကျွန်တော့်ကို လမ်းပြဖို့၊ ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေကို ဆက်ပြီး အသုံးပြုနေခဲ့တယ်။ ဘုရားသခင်ကသာ ကျွန်တော်တို့ကို ချစ်တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကသာ ကျွန်တော်တို့ရဲ့ အသက်တာဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော် မြင်ခဲ့ရတယ်။ ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ ယုံကြည်ခြင်းက ပိုပြီးတော့တောင် ကြီးမားလာပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။

အရှေ့သို့- ၈၈။ အကျဉ်းထောင်၏ ဆင်းရဲဒုက္ခ

နောက်တစ်ခုသို့- ၉၀။ စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခများမှတစ်ဆင့် စုံလင်ခြင်းခံရသော ယုံကြည်ခြင်း

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၁။ လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

ပြင်သစ်၊ ရှီးယွမ်လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

တရုတ်နိုင်ငံ ကွမ်ရှီး ဒေသ၊ ရှင်းကျယ်အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၆၇။ လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ကနေဒါနိုင်ငံ၊ ထားရှီအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၁၁။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

အမေရိကန်နိုင်ငံ၊ ရှင့်ရှင်းအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်