အခန်း ၈၉

ငါ၏ ရည်ရွယ်ချက်များနှင့်အညီ အရာရာကို လုပ်ဆောင်ဖို့ မလွယ်ကူပေ။ ယင်းမှာ သင့်ကိုယ်သင် ဟန်ဆောင်မှုဖြင့် အတင်းအကျပ်လုပ်စေခြင်း အကြောင်း မဟုတ်။ ထို့ထက်၊ ယင်းမှာ ကမ္ဘာလောကကို ငါ၏ ဖန်ဆင်းခြင်းမတိုင်မီ သင့်ကို ငါ၏ အစွမ်းအစများ အပ်နှင်းခဲ့ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပေသည်။ ဤအရာအားလုံးသည် ငါ့သဘောအတိုင်းဖြစ်၏။ ယင်းတို့သည် လူသားများ ပြီးမြောက်နိုင်သည့်အရာများ မဟုတ်ပေ။ ငါချစ်ရန်ဆန္ဒရှိသောသူကို ငါချစ်ပြီး၊ သားဦးများဖြစ်သည်ဟု ငါပြောသည့် မည်သူမဆိုသည် ဧကန်မုချ ငါ၏သားဦး ဖြစ်သည်။ ယင်းမှာ အတိအကျ မှန်ပေသည်။ သင်သည် ယင်းကို ဟန်ဆောင်ကောင်း ဟန်ဆောင်ချင်မည်ဖြစ်သော်လည်း၊ ထိုသို့ လုပ်ဆောင်ခြင်းသည် အချည်းနှီးဖြစ်ပေမည်။ သင့်ကို သင် ဖြစ်သည့်အရာအတွက် ငါမမှတ်မိဟု သင်ထင်သလော။ ငါ့ရှေ့တွင်ရှိချိန် ကောင်းမွန်သော အပြုအမူအချို့ကို ပြသခြင်းမျှသည် သင့်အတွက် တော်လောက်ပြီလော။ ယင်းသည် ထိုမျှ ရိုးရှင်းသလော။ လုံးဝမဟုတ်ပေ။ သင်သည် ငါ၏ ဂတိရှိရမည်ဖြစ်ပြီး၊ ငါ၏ ခရီးပန်းတိုင် ရှိရမည်။ ငါ၏ နောက်ကွယ်၌ သင် လုပ်ဆောင်သည့်အရာကို ငါမသိဟု သင်ထင်သလော။ သင်သည် ကိုယ်ကျင့်တရားပျက်သည်တကား။ ငါ့အဖို့ သင်၏ အစေခံမှု ပြီးဆုံးသည်နှင့်တစ်ပြိုင်နက်၊ ကန့်နှင့်လောင်သော မီးအိုင်ထဲ အလျင်အမြန်ပြန်သွားလော့။ ငါ ရွံရှာစက်ဆုပ်သည်။ သင့်အား တကယ်ကို မြင်ရခြင်းတွင် ငါသည် စက်ဆုပ်မှုဖြင့် ပြည့်၏။ ငါ့ကို အစေခံမှုတွင် ရှိသူအားလုံး၊ ငါ့အတွက် သစ္စာရှိစွာ အသုံးမခံသောသူအားလုံး၊ အကျင့်ပျက်ပြီး အသောက်အစား အပျော်အပါး၌ မွေ့လျော်သူအားလုံးနှင့် ငါ၏ ရည်ရွယ်ချက်များကို သဘောမပေါက်နိုင်သူ အားလုံး - သင်တို့၏ အစေခံမှု ပြီးသည့်နောက်တွင်၊ မြန်မြန်လုပ်ကာ ငါ၏ မြင်ကွင်းမှ ထွက်သွားကြလော့။ သို့မဟုတ်ပါက၊ ငါသည် သင့်ကို မောင်းထုတ်ရလိမ့်မည်။ ဤလူတို့သည် ငါ့၏အိမ်၌ ( အတိအကျပြောရသော်၊ အသင်းတော်၌) တဒင်္ဂမျှ ကြာကြာ နေ၍မရနိုင်။ ငါ၏နာမကို အရှက်မရစေရန်နှင့် ငါ၏ ဂုဏ်သတင်းကို မပျက်စီးစေရန် ၎င်းတို့အားလုံး ဤနေရာမှ ထွက်သွားရမည်။ ဤလူများအားလုံးသည် အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များဖြစ်ကြ၏။ ၎င်းတို့ကို ငါ၏ စီမံခန့်ခွဲခြင်းအား နှောင့်ယှက်ရန် အဆင်းနီသော နဂါးကြီးက စေလွှတ်ထားခြင်းဖြစ်၏။ ငါ၏ အမှုကို နှောင့်ယှက်ရန် ၎င်းတို့သည် လှည့်ဖြားခြင်း၌ အထူးကျွမ်းကျင်ကြ၏။ ငါ့သား၊ ဤအရာကို သင် ရိပ်စားမိရမည်။ ထိုသို့သော လူတို့ကို မပေါင်းဖော်နှင့်။ ဤလူစားမျိုးများကို သင် မြင်သည့်အခါ၊ ၎င်းတို့၏ ထောင်ချောက်များထဲသို့ လဲကျခြင်းကို ရှောင်ရှားရန် ၎င်းတို့ထံမှ အလျင်အမြန် အဝေးသို့ ထွက်သွားလော့။ သတိမမူဘဲ စကားပြောဆိုသောသူ၊ တွေးတောခြင်းမရှိဘဲ ပြုမူသောသူ၊ ပြက်လုံးထုတ်ကာ ရယ်မောနေသောသူနှင့် ပေါ့ပြက်သော စကားစမြည်ပြောခြင်း၌ ပါဝင်သောသူတို့ကို ငါ အစက်ဆုပ်ဆုံး ဖြစ်သည်။ ထိုလူများထဲမှ မည်သူကိုမျှ ငါအလိုမရှိ။ ၎င်းတို့အားလုံးသည် စာတန်၏ အမျိုး ဖြစ်သည်။ လုံးဝ အကြောင်းမရှိဘဲ ကျီစားနေခြင်းတွင် ၎င်းတို့ ပါဝင်ကြသည်။ ဤသတ္တဝါများမှာ အဘယ်သူများဖြစ်သနည်း။ ၎င်းတို့သည် အဓိပ္ပာယ်မရှိသောစကားများကို ပြောဆိုကြပြီး ဒေါသတကြီး လျှောက်ရမ်းကြသည်။ ၎င်းတို့သည် အရှက်တရား ခံစားကြရသေးသလော။ အမှန်တွင်၊ ဤလူစားမျိုးသည် တန်ဖိုးအနည်းဆုံးဖြစ်ပြီး၊ ငါသည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့ကို ရိပ်စားမိပြီးဖြစ်ကာ စွန့်ပစ်ပြီး ဖြစ်သည်။ ထိုသို့ငါ မလုပ်ခဲ့ပါက၊ အဘယ်ကြောင့် ၎င်းတို့သည် ငါ၏ ဆုံးမပဲ့ပြင်မှုကို ခံရခြင်းမရှိဘဲ အဓိပ္ပာယ်မရှိသော စကားများကို ထပ်သလဲလဲ ပြောကြမည်နည်း။ ၎င်းတို့သည် အမှန်တကယ် အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။ ယခုတွင်၊ ငါသည် ဤအရာများကို တစ်ခုပြီးတစ်ခု စတင် ဖယ်ရှားပြီဖြစ်သည်။ စာတန်၏ သားစဉ်မြေးဆက်များအား ငါ၏ သားဦးများအဖြစ်၊ သားများနှင့် လူများအဖြစ် ငါအသုံးပြုနိုင်မည်လော။ သို့ဖြစ်လျှင် ငါသည် မပြတ်မသား ဖြစ်မည်မဟုတ်လော။ ငါသည် ထိုသို့ ဧကန်မုချ လုပ်ဆောင်လိမ့်မည်မဟုတ်။ ဤအရာနှင့်သက်ဆိုင်၍ ရှင်းလင်းသော သိနားလည်မှုတစ်ခု သင်တို့ ရှိကြသလော။

ယနေ့ သင်ကြုံရသော အရာတိုင်းသည်၊ အကောင်း အဆိုးဖြစ်စေ၊ ငါ၏ အမြော်အမြင်ရှိသော လက်များဖြင့် စီစဉ်ထားခြင်းသာ ဖြစ်သည်။ အားလုံးသည် ငါ၏စီစဉ်ညွှန်ကြားခြင်းခံရကာ ငါ၏ထိန်းချုပ်မှုအောက်တွင် ရှိ၏။ ဤသည်မှာ လူသားမျိုးနွယ် အသင့် ပြီးမြောက်နိုင်သောအရာ တစ်စုံတစ်ခု တကယ်ကို မဟုတ်ပေ။ လူအချို့သည် ငါနှင့်ပတ်သက်၍ လက်ဖဝါးမှ ချွေးထွက်ပြီး ပူပန်လျက်ရှိကြ၏၊ သို့သော် ၎င်းတို့ အမှန်တကယ် စိုးရိမ်စရာ မလိုပေ။ ၎င်းတို့သည် ၎င်းတို့၏အဓိက အလုပ်ကို လစ်လျှူရှုပြီး၊ ဝိညာဉ်ထဲသို့ ဝင်ရောက်ဖို့ မကြိုးစားကြဘဲ အသက်တာ၌ ကြီးထွားခြင်းကို ဆန္ဒရှိကြသေး၏။ ၎င်းတို့သည် အချည်းနှီး မျှော်လင့်ကြပေသည်။ ၎င်းတို့သည် လုံးဝ စိုးရိမ်သောကမရောက်ကြသော်လည်း၊ ငါ၏ အလိုကို ဖြည့်ဆည်းချင်ကြဆဲ ဖြစ်သည်။ ငါ၏ကိုယ်စား သင်စိုးရိမ်သော်လည်း၊ ငါသည်မစိုးရိမ်။ သင်သည် အဘယ်အရာနှင့်ပတ်သက်၍ စိုးရိမ်နေသနည်း။ ငါ့အတွက် သင်၏ အလုပ်သည် ဝတ်ကျေတမ်းကျေဖြစ်ပြီး သင်သည် ငါ့ကို ဇွတ်မှိတ် လိမ်ညာ၏။ သင့်ကို ငါ ပြောသည်။ ဤအခိုက်အတန့်မှစ၍၊ ငါသည် သင်ကဲ့သို့သော လူများကို ငါ၏ အိမ်မှ မောင်းထုတ်မည်။ ထိုသို့သော လူများသည် ငါ၏အိမ်၌ ငါ့ကို အစေခံခြင်းငှာ မထိုက်တန်ပေ။ ၎င်းတို့သည် ငါ့ကို ၎င်းတို့၏ လုပ်ရပ်များဖြင့် ပြစ်မှားစော်ကားကြသောကြောင့် ၎င်းတို့ကို ငါ အလွန်မုန်းတီးသည်။ “ငါ့ကို ပြစ်မှားစော်ကားခြင်းသည် ခွင့်လွှတ်၍မရနိုင်သော အပြစ်ဖြစ်သည်”ဟု ဆိုခဲ့ချိန်တွင်၊ ဤအရာက မည်သူကို ရည်ညွှန်းခဲ့သနည်း။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းကြသလော။ ဤသို့သော လူတစ်ဦးသည် ဤအပြစ်ကိ‌ု ကျူးလွန်နှင့်ပြီးဖြစ်သော်လည်း ပြဿနာမှာ မဆိုးရွားလွန်းသေးဟု ယုံကြည်လေသည်။ အမှန်တကယ်၊ ဤမပြတ်သားသော လူသည် ကျိုးကြောင်းမမြင်သကဲ့သို့ မသိနားမလည်သောသူဖြစ်ပြီး၊ သူ၏ စိတ်ဝိညာဉ်သည် ပိတ်ဆို့ခံထားရပေသည်။ ငါသည် သင့်အား နှင်ထုတ်မည်။ (ဤသည်မှာ ငါနှင့်သက်ဆိုင်သည့် စာတန်၏ စုံစမ်းခြင်းဖြစ်သောကြောင့်၊ ယင်းကို ငါ အလွန် မုန်းပြီး၊ ငါ့ကို အကြိမ်တိုင်း အမျက်ထွက်စေလျက်၊ ဤအကြောင်းအရာကို ထပ်သလဲလဲ ပြောဆိုထားပြီး ဖြစ်သည်။ ငါဒေါသူပုန်ထခြင်းကို ငါ မချုပ်တည်းနိုင်သကဲ့သို့ မည်သူမျှ ယင်းကို မရပ်တန့်နိုင်ပေ။ အချိန် မကျသေးပေ၊ သို့မဟုတ်ပါက ငါသည် ထိုလူကို အချိန်ကြာမြင့်စွာကတည်းက ကိုင်တွယ်ဖြေရှင်းပြီး ဖြစ်ပေမည်။) (ဤသည်မှာ လက်ရှိအချိန်တွင်၊ နိုင်ငံခြားသားများသည် တရုတ်ပြည်ထဲသို့ စုပြုံဝင်ရောက်ရှာဖွေကြလိမ့်မည်ကို မယုံကြည်သေးသည့် လူများစွာ ရှိဆဲဖြစ်သည်ဆိုသည့် အမှန်တရားအကြောင်း ဖြစ်သည်။ ယခုပင် ၎င်းတို့သည် မယုံကြည်ကြသကဲ့သို့ ဤအရာက ငါ၏အမျက်ကို တစ်လိပ်လိပ်ထစေကာ ဆူပွက်သွားစေ၏၊)

ငါ၏ အိမ်အတွင်းတွင်၊ ငါ၏ စိတ်နှင့် ညီညွှတ်သောသူသည် မည်သည့် လူစားမျိုး အတိအကျ ဖြစ်သနည်း။ ဆိုလိုသည်မှာ၊ ဖန်ဆင်း‌ခြင်းမတိုင်မီ၊ မည်သည့်လူစားမျိုးမားကို ငါ၏အိမ်၌ ထာဝရ နေထိုင်ရန် ငါကြိုတင်ခွဲခန့်ထားခဲ့သနည်း။ သင်တို့ သိသလော။ မည်သည့် လူစားမျိုးကို ငါချစ်ခင်နှစ်သက်ပြီး မည်သည့် လူစားမျိုးကို ငါ မုန်းတီးသည်ကို သင်တို့ စဉ်းစားကြပြီးပြီလော။ ငါ၏ အိမ်သည် ငါကဲ့သို့သော စိတ်တစ်ခုတည်း ရှိသောသူနှင့် ငါနှင့်အတူ အဆင်ပြေချိန်များနှင့် အခက်အခဲများ မျှဝေခံစားသူများ - တစ်နည်းအားဖြင့်၊ ကောင်းချီးမင်္ဂလာများနှင့် အခက်အခဲနှစ်ခုလုံးတွင် မျှဝေခံစားသော လူများ - အတွက်ဖြစ်သည်။ ဤလူအားလုံးသည် ငါချစ်ခင်နှစ်သက်သော အရာကို ချစ်ခင်နှစ်သက်ပြီး၊ ငါမုန်းတီးသော အရာကို မုန်းတီးနိုင်ကြ၏။ ၎င်းတို့သည် ငါ စက်ဆုပ်သောအရာကို စွန့်ပစ်နိုင်ကြသည်။ အကယ်၍ ၎င်းတို့မစားရဟု ငါ ပြောပါက၊ ငါ၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ၎င်းတို့သည် ၎င်းတို့၏ အစာအိမ်များကို လစ်ဟာခွင့်ပေးဖို့ လိုလားနေကြသည်။ ဤလူစားမျိုးသည် ငါ့ကို သစ္စာစောင့်သိမြဲစောင့်သိရန်နှင့် ငါ့အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားနေကြကာ ငါ့အတွက် အမြဲ ကြိုးစားအလုပ်လုပ်ရင်း ငါ၏အပင်ပန်းခံသော အားထုတ်မှုများကို အရေးထားနိုင်ကြသည်။ ထို့ကြောင့်၊ ထိုသို့သောလူများအဖို့၊ ငါ၌ ရှိသမျှအရာရာကို ၎င်းတို့အား ပေးရင်း၊ သားဦးများ၏ အဆင့်အတန်းကို ငါ ပေးသည် - ငါသည် အသင်းတော်အားလုံးကို ဦးဆောင်ရန် အစွမ်းအစရှိပြီး၊ ဤအရာကို ၎င်းတို့အား ငါ ပေး၏။ ငါသည် ဉာဏ်ပညာရှိပြီး ဤအရာကိုလည်း ၎င်းတို့အား ငါပေးသည်။ ငါသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် ဆင်းရဲဒုက္ခခံနိုင်ပြီး ၎င်းတို့ကို ငါ့အတွက် အရာရာ ခံစားနိုင်စေရင်း၊ ဤလူများအား စိတ်ပိုင်းဖြတ်မှုကိုလည်း ငါပေးမည်။ ငါသည် ကောင်းမြတ်သော အစွမ်းအစများ ရှိပြီး၊ ဤလူတို့ကို လူများ မြင်ကြသည့်အခါ ငါ့ကို မြင်ကြဖို့အလို့ငှာ၊ ကွဲပြားခြားနားမှု စိုးစဉ်မျှမရှိဘဲ၊ ၎င်းတို့အား ငါကဲ့သို့ အတိအကျ ဖြစ်စေရင်း၊ ဤအရာများကို ၎င်းတို့အား ငါ ပေးမည်။ ယခုတွင်၊ ၎င်းတို့အနေဖြင့် ငါ့ကို အပြည့်အဝ ထင်ရှားစေနိုင်ဖို့အလို့ငှာ၊ ငါ၏ ပြီးပြည့်စုံသော ဘုရားသဘာဝ၏ သွင်ပြင်လက္ခဏာတစ်ခုကို ၎င်းတို့အား အသက်ရှင်နေထိုင်နိုင်စေဖို့၊ ဤလူများအတွင်းတွင် ငါ၏ ပြီးပြည့်စုံသော ဘုရားသဘာဝကို ငါ ထားရှိးနေသည်။ ဤသည်မှာ ငါ၏ ရည်ရွယ်ချက်ဖြစ်သည်။ ပြင်ပန်းအရာများအရ (ငါကဲ့သို့ အလားတူ စားသောက်ခြင်း၊ ငါကဲ့သို့ ဆင်တူသည့် အဝတ်များကို ဝတ်ဆင်ခြင်း) ငါနှင့်တူရန် မကြိုးစားနှင့်။ ယင်းအားလုံးသည် အချည်းနှီးဖြစ်ပြီး၊ ထိုသို့သော အရာများကို သင် ရှာဖွေပါက၊ သင့်ကိုယ်သင်သာ ဖျက်ဆီးမိလိမ့်ည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါ့ကို အပြင်ပန်းအားဖြင့် တုပရန် ကြိုးစားသောသူများသည် စာတန်၏ လက်ပါးစေများ ဖြစ်ကြပြီး၊ ထိုအားထုတ်မှုမျိုးသည် စာတန်၏ အကြံအစည် ဖြစ်သည်။ ယင်းသည် စာတန်၏ ရည်မှန်းချက် ရောင်ပြန်ဟပ်သောအရာ ဖြစ်သည်။ သင်သည် ငါနှင့်တူရန် ကြိုးစားသော်လည်း၊ သင်သည် ထိုက်တန်ပါသလော။ သင့်ကို သေသည်ထိ ငါနင်းခြေမည်။ ငါ၏အမှုသည် ကမ္ဘာအနှံ့က တိုင်းနိုင်ငံတိုင်းဆီသို့ တိုးချဲ့ရင်း စဉ်ဆက်မပြတ် စတင်ဆောင်ရွက်လျက် ရှိသည်။ အလျင်အမြန် ငါ၏ ခြေလှမ်းများနောက် လိုက်လော့။

အရှေ့သို့- အခန်း ၈၈

နောက်တစ်ခုသို့- အခန်း ၉၀

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။