အခန်း ၉၀

ငါအလိုရှိသောသူတို့မှာ ငါ့ကိုသိနိုင်သူ၊ ငါ့ကိုတွေ့နိုင်သူနှင့် ငါ့ထံမှ အရာအားလုံးကို ရရှိနိုင်သူ ဖြစ်သည့်အတွက်၊ ကြောင်းကျိုးမမြင်သောသူ အားလုံးသည် ငါ့ထံမှထွက်သွားရမည်ဖြစ်ပြီး တဒင်္ဂမျှပိုကြာရှည်၍ မနေရ။ ပြီးလျှင် မည်သူသည် ငါ့ထံမှ အရာအားလုံးကို အမှန်တကယ် ရရှိနိုင်သနည်း။ ဤလူစားမျိုး အလွန်နည်းပါးသည်မှာ သေချာဆုံးဖြစ်ပြီး ၎င်းတို့သည် ငါ၏ကောင်းချီးမင်္ဂလာများကို ဧကန်မုချ ရရှိကြလိမ့်မည်။ ငါသည် ဤလူတို့ကိုချစ်ပြီး ငါ၏လကျာ်လက်၊ ငါ၏ သရုပ်သကန် ဖြစ်ဖို့ ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် ငါရွေးချယ်မည်။ ငါသည် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အား ဤလူတို့အတွက် မရပ်မနား ဩဘာပေးစေရင်း ငါ့ကို မရပ်မနား ချီးမွမ်းစေအံ့။ အို၊ ဇိအုန်တောင်၊ အောင်မြင်ခြင်း အောင်လံတံခွန်ထူပြီး ငါ့အတွက် ဩဘာပေးလော့။ အကြောင်းမူကား ငါသည် ဤနေရာသို့ တစ်ဖန် ပြန်မလာမီတွင် တောင်များ၊ မြစ်များနှင့် အရာခပ်သိမ်းတို့၏ နေရာတိုင်းသို့ ခြုံငုံရင်း၊ စကြဝဠာအနှံ့နှင့် ကမ္ဘာမြေစွန်းများအထိ သွား၏။ ငါသည် ဖြောင့်မတ်ခြင်း၊ တရားစီရင်ခြင်း၊ အမျက်ဒေါသနှင့် လောင်ကျွမ်းခြင်းဖြင့်သာမက၊ ထို့ထက်ပို၍ ငါ၏ သားဦးများနှင့်ပင် အောင်မြင်စွာ ပြန်လာသည်။ ငါရွံရှာသော အရာအားလုံးနှင့် ငါရွံမုန်းသော လူများ၊ ကိစ္စရပ်များ၊ အရာဝတ္ထုများ အားလုံးကို ငါသည် အဝေးသို့ စွန့်ပစ်သည်။ ငါသည် အောင်မြင်ပြီး ငါလုပ်ဆောင်လိုသောအရာအားလုံးကို ငါ ပြီးစီးပြီး ဖြစ်သည်။ ငါ့အမှုကို ငါ မပြီးစီးသေးဟု အဘယ်သူ ဆိုဝံ့သနည်း။ ငါ၏သားဦးများကို ငါ မရယူသေးဟု အဘယ်သူ ဆိုဝံ့သနည်း။ ငါသည် အောင်မြင်ခြင်းဖြင့် ပြန်မလာသေးဟု အဘယ်သူ ဆိုဝံ့သနည်း။ ထိုသို့သော လူတို့သည် သေချာပေါက် စာတန်မျိုး ဖြစ်သည်။ ၎င်းတို့သည် ငါ၏ လွတ်ငြိမ်းစေခြင်းကို ရရှိဖို့ အခက်တွေ့သူများ ဖြစ်ကြ၏။ ၎င်းတို့သည် ကျိုးကြောင်းမမြင်ကြ၊ ညစ်ညူးသော မကောင်းဆိုးဝါးများဖြစ်ကြပြီး ၎င်းတို့ကို ငါအရွံရှာဆုံးဖြစ်သည်။ ဤအရာများနှင့်ပတ်သက်၍ ငါသည် ငါ၏အမျက်ဒေါသနှင့် ငါ၏ တရားစီရင်ခြင်း အလုံးစုံကို စတင် ထုတ်ဖော်ပြမည် ဖြစ်ပြီး ငါ၏ လောင်ကျွမ်းနေသောမီးမှတစ်ဆင့် နေရာတိုင်းကို အလင်းပေးရင်း၊ စကြာဝဠာနှင့် ကမ္ဘာမြေကို နေရာအနှံ့် မီးစွဲစေမည်- ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သည်။

ငါ၏နှုတ်ကပတ်တော်များကို သင် နားလည်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ယင်းတို့မှ နှစ်သိမ့်ခြင်းကို သင်တို့ ရရှိသင့်သည်။ ယင်းတို့ကို အလေးဂရုမပြုဘဲ၊ သင် လွန်မသွားစေရ။ တရားစီရင်ခြင်း နှင့်ဆိုင်သော မိန့်မြွက်ချက်တို့သည် နေ့စဉ် ကျရောက်၏၊ ထို့ကြောင့် သင်တို့သည် အဘယ်ကြောင့် အလွန်နုံအကာ ထုံထိုင်းကြသနည်း။ သင်တို့သည် အဘယ်ကြောင့် ငါနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြသနည်း။ သင်တို့သည် ငရဲသို့ သွားရန် အလွန် လိုလားနေကြသလော။ ငါသည် ငါ၏သားဦးများ၊ ငါ၏သားများနှင့် လူတို့အဖို့ သနားကရုဏာရှိသည့် ဘုရားသခင်ဖြစ်သည်ဟု ငါဆိုသည်၊ ထို့ကြောင့် ဤအရာကို သင်တို့ အဘယ်သို့ နားလည်ကြသနည်း။ ဤသည်မှာ ရိုးရှင်းသော ကြေညာချက်တစ်ခု မဟုတ်သကဲ့သို့၊ ယင်းကို အပြုသဘောဆောင်သော ရှုထောင့်တစ်ခုမှ နားလည်သင့်သည်။ အို ကြောင်းကျိုးမမြင်သော လူသားမျိုးနွယ်။ သင်တို့သည် ငါ၏ကတိကို ရရှိနိုင်ရန်အလို့ငှာ၊ ငါသည် သင်တို့ကို စာတန်၏ လက်တွင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှ ဆောင်ကြဉ်းလျက် အကြိမ်များစွာ ကယ်တင်ပြီးလေပြီ၊ ထို့ကြောင့် သင်တို့သည် ငါ၏စိတ်နှလုံးအတွက် အရေးထားမှု တစ်ခုတစ်လေ အဘယ်ကြောင့် မပြကြသနည်း။ သင်တို့ထဲမှ တစ်ဦးတစ်လေသည် ဤနည်းဖြင့် ကယ်တင်ခံရနိုင်သလော။ ငါ၏ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် စာတန်ကို သနားကရုဏာ မပြပေ။ သို့သော် သင်တို့နှင့် ပတ်သက်သရွေ့၊ ဤအရာများ၏ ရည်ရွယ်ချက်သည် သင်တို့ကို ကယ်တင်ရန်ဖြစ်သည်၊ သို့သော် သင်တို့သည် ငါ၏စိတ်သဘောထားကို နားလည်နိုင်စွမ်း မရှိသကဲ့သို့၊ ငါ၏လုပ်ရပ်များ နောက်ကွယ်က အခြေခံသဘောတရားများကိုလည်း မသိကြချေ။ ငါသည် ငါ၏လုပ်ရပ်အမျိုးမျိုး၏ ပြင်းထန်မှုတွင် မည်သည့်ကွဲပြားမှုများကိုမျှ မပြုလုပ်သကဲ့သို့၊ ငါ၏လုပ်ရပ်များ၏ ပစ်မှတ်များကြားတွင် မည်သည့် ကွဲပြားမှုများကိုမှ ငါမပြုလုပ်ဟု သင်တို့ တွေးခဲ့ကြသည်- မသိနားမလည် လိုက်လေခြင်း။ ငါသည် လူအားလုံး၊ အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးတို့ကို ရှင်းလင်းစွာ မြင်နိုင်၏။ ငါသည် လူတိုင်း၏ အနှစ်သာရကို ပြီးပြည့်စုံသော ရှင်းလင်းမှုဖြင့် နားလည်သည်၊ ဆိုလိုသည်မှာ ငါသည် လူတစ်ဦးက မိမိတို့ကိုယ်ကိုယ်အတွင်း၌ သိုထားသော အရာတို့ကို လုံးဝ ရိပ်စားမိသည်။ လူတစ်ဦးသည် ယေဇဗေလတစ်ဦးလော သို့မဟုတ် ပြည့်တန်ဆာတစ်ဦးလော ဆိုသည်ကို ရှင်းလင်းစွာ ငါမြင်နိုင်ပြီး အဘယ်သူသည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်သည်ကို ငါသိ၏။ အသင် အယုတ်ကောင်၊ ငါ၏ ရှေ့တွင် သင်၏ နှစ်လိုဖွယ်ကောင်းခြင်းကို ကြွားလုံးမထုတ်နှင့်။ ဤနေရာမှ ယခု ထွက်သွားလော့။ ငါ၏နာမကို အရှက်ရစေခြင်းအား ရှောင်ရှားရန်အလို့ငှါ ထိုလူစားမျိုးကို ငါ အသုံးမပြု။ ၎င်းတို့သည် ငါ့နာမအဖို့ သက်သေ မခံနိုင်ကြသကဲ့သို့၊ ထိုအစား ၎င်းတို့သည် ဖြစ်စေလိုသည့်အရာနှင့် တခြားစီဖြစ်လျက်ပြုမူကြပြီး ငါ၏မိသားစုကို အရှက်ရစေသည်။ ၎င်းတို့သည် ငါ၏အိမ်မှ ချက်ချင်း နှင်ထုတ်ခြင်းကို ခံကြရလိမ့်မည်။ ၎င်းတို့ကို ငါ အလိုမရှိ။ ငါသည် တစ်စက္ကန့်မျှပင် နှောင့်နှေးခြင်းကို သည်းခံလိမ့်မည်မဟုတ်။ ငါ၏နိုင်ငံတော်တွင် အားလုံးသည် သန့်ရှင်းကြပြီး၊ မည်သည့်နည်းဖြင့်မဆို အပြစ်အနာအဆာ မရှိသည့်အတွက်၊ ထိုလူတို့အတွက် ၎င်းတို့ မည်သို့ကြိုးစားကြသည်ဖြစ်စေ၊ အချည်းနှီး ဖြစ်၏။ အကယ်၍ ငါသည် တစ်စုံတစ်ဦးကို အလိုမရှိဟုဆိုလျှင်- ယင်းသည် ငါ၏လူများအပါအဝင်ဖြစ်ပါက- ငါအမှန်တကယ် ဆိုခြင်းဖြစ်သည်။ ငါ၏စိတ်ပြောင်းလဲရန် မစောင့်ဆိုင်းနှင့်။ သင်သည် ယခင်က ငါ့အဖို့ မည်မျှ ကောင်းခဲ့သည်ကို ငါဂရုမစိုက်ပေ။

ငါသည် နက်နဲမှုများကို သင်တို့ထံ နေ့စဉ် ထုတ်ဖော်ပြသည်။ ငါ စကားပြောသည့်နည်းစနစ်ကို သင်တို့ သိကြသလော။ ငါ၏ နက်နဲမှုများကို ငါ ထုတ်ဖော်ပြသည့် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ သင်တို့ သိသလော။ ငါသည် သင့်တော်သော အချိန်တွင် သင်တို့ကို ထောက်ပံ့ပေးသော ဘုရားသခင် ဖြစ်သည်ဟု သင်တို့ မကြာခဏ ဆိုကြသည်၊ သို့ဖြစ်လျှင် ဤသွင်ပြင်လက္ခဏာများကို သင်တို့ မည်ကဲ့သို့ သဘောပေါက်ကြသနည်း။ ငါသည် ငါ၏ နက်နဲမှုများကို ငါ့အမှု၏ အဆင့်များနှင့်အညီ တစ်ခုပြီးတစ်ခု သင်တို့ထံသို့ ထုတ်ဖော်ပြပြီး၊ ငါ့အစီအစဉ်နှင့်အညီ၊ ပြီးလျှင် သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုများနှင့် သာ၍အညီပင်၊ သင်တို့ကို ငါ ထောက်ပံ့ပေးသည် (ငါ၏ပံ့ပိုးပေးခြင်းသည် ဖော်ပြသည့်အခါတိုင်း၊ ယင်းသည် နိုင်ငံတော်ထဲရှိ လူအယောက်စီတိုင်းကို ရည်ညွှန်းရာတွင် ဖြစ်သည်)။ ငါ စကားပြောဆိုသည့် နည်းစနစ်မှာ ဤသို့ဖြစ်၏- ငါ၏အိမ်၌ ရှိသောလူတို့ကို ကိုယ်စိတ်ချမ်းသာခြင်း ငါပေးသည်- ငါသည် ၎င်းတို့အတွက် ထောက်ပံ့ပေးပြီး၊ ၎င်းတို့ကို တရားစီရင်သည်။ စာတန်ကို ငါသည် သနားကရုဏာ စိုးစဉ်းမျှ မပြသကဲ့သို့၊ အားလုံးသည် အမျက်ဒေါသနှင့် လောင်ကျွမ်းခြင်းဖြစ်၏။ ငါ ခွဲခန့်မှတ်သားထားခြင်း မရှိသော သို့မဟုတ် ရွေးချယ်မထားသောသူတို့ကို တစ်ယောက်ပြီး တစ်ယောက်ကို ငါ၏အိမ်မှ နှင်ထုတ်ရန် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါအသုံးပြုမည်။ စိုးရိမ်ကြောင့်ကြရန် မလိုပေ။ ငါသည် ၎င်းတို့အား ၎င်းတို့၏ မူလပုံသဏ္ဌာန်များကို ထုတ်ဖော် ပြစေပြီးနောက် (အဆုံးရောက်လာချိန် ၎င်းတို့သည် ငါ၏ သားများအတွက် အစေခံမှု ပေးသည့်နောက်တွင်) ၎င်းတို့သည် အနက်ဆုံးသော တွင်းထဲသို့ ပြန်သွားကြလိမ့်မည် သို့မဟုတ် ငါသည် ဤကိစ္စရပ်ကို မည်သည့်အခါမျှ အဆုံးသတ်စေမည် မဟုတ်သကဲ့သို့၊ ငါသည် လုံးဝ လက်လွှတ်မည်မဟုတ်ပေ။ လူတို့သည် ငရဲနှင့် မရဏနိုင်ငံကို မကြာခဏ ထုတ်ဖော်ပြောကြသည်။ သို့သော် ဤစကားလုံးနှစ်လုံးသည် မည်သည့်အရာကို ရည်ညွှန်းသနည်း၊ ပြီးလျှင် ၎င်းတို့နှစ်ခုအကြား ခြားနားချက်မှာ အဘယ်နည်း။ အေးစက်၊ မှောင်မိုက်ပြီး ချောင်ကျသော အရပ်အချို့ကို ယင်းတို့ အမှန်တကယ် ရည်ညွှန်းသလော။ ၎င်းတို့၏ ကိုယ်ပိုင် ကြုံရာကျပန်း တွေးဆခြင်းတို့သည် အပြည့်အဝ ကောင်းမွန်သည်ဟု တွေးထင်ရင်း၊ လူသားများ၏ စိတ်များသည် ငါ၏စီမံခန့်ခွဲမှုကို အစဉ် နှောင့်ယှက်နေကြသည်။ သို့သော် ဤအရာအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများသာ ဖြစ်သည်။ မရဏနိုင်ငံနှင့် ငရဲ နှစ်ခုလုံးသည် ယခင်က စာတန် သို့မဟုတ် နတ်ဆိုးတို့ အသက်ရှင်ပြီးဖြစ်သည့် ညစ်ညမ်းသောဗိမာန်တစ်ခုကို ရည်ညွှန်းသည်။ ဆိုလိုသည်မှာ ယခင်က စာတန် သို့မဟုတ် နတ်ဆိုးတို့၏ နေရာယူခြင်း ခံရပြီးသူ မည်သူမဆို- မရဏနိုင်ငံမှာရှိသည့်သူသည် ၎င်းတို့ ဖြစ်ကြပြီး ငရဲမှာရှိသည့်သူသည် ၎င်းတို့ဖြစ်ကြသည်- မှားစရာမရှိ။ ဤသည်မှာ ငါသည် ညစ်ညမ်းသော ဗိမာန်၌ အသက်မရှင်ဟု အတိတ်တွင် ထပ်တလဲလဲ အလေးပေးပြောကြား ပြီးဖြစ်သည့် အကြောင်းရင်း ဖြစ်သည်။ ငါ (ဘုရားသခင်ကိုယ်တော်တိုင်)သည် မရဏနိုင်ငံ သို့မဟုတ် ငရဲထဲတွင် အသက်ရှင်နိုင်သလော။ ယင်းသည် ရယ်ဖွယ်ရာ အဓိပ္ပာယ်မရှိသော စကား ဖြစ်မည် မဟုတ်လော။ ငါသည် ဤအရာကို နှစ်ကြိမ်ထက်မက ဆိုလေပြီ၊ သို့သော် သင်တို့သည် ငါဆိုလိုသည့်အရာကို နားမလည်ကြသေး။ ငရဲနှင့် နှိုင်းယှဉ်ပါက၊ မရဏနိုင်ငံသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို သာ၍ ပြင်းထန်စွာ ခံရ၏။ မရဏနိုင်ငံအတွက် ဖြစ်သောသူတို့သည် အဆိုးရွားဆုံးသော အခြေအနေများ ဖြစ်ကြပြီး၊ ငါသည် ဤလူတို့ကို တကယ်ကို ခွဲခန့်မှတ်သားထားခြင်းမရှိလေပြီ။ ငရဲအတွက် ဖြစ်သောသူတို့သည် ငါခွဲခန့်မှတ်သားပြီးဖြစ်ကာ၊ ထို့နောက် ပယ်ထုတ်ခြင်း ခံရပြီးသောသူများ ဖြစ်ကြသည်။ ရိုးရှင်းစွာဆိုရလျှင်၊ ဤလူများထဲမှ တစ်ဦးကိုမျှပင် ငါ မရွေးချယ်လေပြီ။

လူတို့သည် ငါ၏နှုတ်ကပတ်တော်များကို နားလည်မှုလွဲရာတွင် ကျွမ်းကျင်သူများအဖြစ် မိမိတို့ကိုယ်ကိုယ် မကြာခဏ ပြသကြသည်။ အကယ်၍ ငါသည် အမှုအရာများကို နည်းနည်းချင်း ရှင်းလင်းစွာ ထောက်ပြပြီး မရှင်းခဲ့ပါက၊ သင်တို့ထဲမှ မည်သူသည် နားလည်မည်နည်း။ ငါ ပြောသော နှုတ်ကပတ်တော်များကိုပင်လျှင် သင်တို့သည် ထက်ဝက်သာ ယုံကြည်ကြသည်၊ ယခင်က မဖော်ပြဖူးသော အရာတို့ကိုကား ဆိုစရာမရှိပေ။ ယခုတွင် တိုင်းနိုင်ငံအားလုံးအတွင်း၌ ပြည်တွင်း အငြင်းပွားမှုများစတင်လေပြီ- အလုပ်သမားများက ခေါင်းဆောင်များနှင့်၊ ကျောင်းသားများက ဆရာများနှင့်၊ နိုင်ငံသားများက အစိုးရ အရာရှိများနှင့် အငြင်းပွားနေကြပြီး ဆူပူမှုကို ဖြစ်စေသည့် ဤကဲ့သို့သော လုပ်ရပ်များ အားလုံးသည် တိုင်းနိုင်ငံတိုင်းအတွင်းတွင် ပထမဦးဆုံး ဆူပူအုံကြွမှု ဖြစ်ပေါ်စေပြီး၊ ဤသည်မှာ ငါ့ကို ပေးသော အစေခံမှု၏ အစိတ်အပိုင်းသာ ဖြစ်သည်။ ပြီးလျှင် အစေခံမှုကို ဤအရာများမှတစ်ဆင့် ငါ့ထံ ပေးသည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ငါသည် လူတို့၏ ကံဆိုးခြင်း၌ သာယာသလော။ ငါသည် အလေးဂရုပြုခြင်းမရှိဘဲ လက်ပိုက် ကြည့်နေသလော။ သေချာပေါက် မဟုတ်ပေ။ အကြောင်းမူကား ဤသည်မှာ စာတန်က ၎င်း၏ သေဆုံးတော့မည့် မချိတင်ကဲ အခြေအနေတွင် ဒေါသတကြီး ရမ်းနေခြင်းဖြစ်ကာ ဤအရာ အားလုံးတို့၏ ရည်ရွယ်ချက်မှာ ငါ၏တန်ခိုးနှင့် ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက်တို့အတွက် အပျက်သဘောဆောင်သူကို အဖြည့်ခံ တစ်ဦးအဖြစ် ပြုမူစေရန် ထိန်းချုပ်အသုံးချဖို့ ဖြစ်၏။ ယင်းသည် ငါ့အဖို့ သက်သေခံသော ခိုင်မာသည့် သက်သေခံချက်တစ်ခုသာ ဖြစ်ပြီး၊ စာတန်ကို တိုက်ခိုက်ရန် လက်နက်တစ်ခုသာ ဖြစ်သည်။ ကမ္ဘာလောက၏ တိုင်းနိုင်ငံအားလုံးတို့သည် နယ်မြေနှင့် အရှိန်အဝါအတွက် တိုက်ခိုက်နေကြချိန်တွင်ပင်၊ ငါ၏သားဦးများနှင့် ငါသည် ဘုရင်များအဖြစ် အတူတကွ စိုးစံကာ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး၊ ဤမနှစ်မြို့ဖွယ် ပတ်ဝန်းကျင် အခြေအနေများ အောက်တွင် ငါ၏နိုင်ငံတော်သည် လူသားအလယ် လုံးလုံးလျားလျား အကောင်အထည် ပေါ်လာသည်မှာ သူတို့ လုံးဝ စိတ်ကူး၍မရနိုင်ပေ။ ထို့အပြင်၊ ၎င်းတို့သည် တန်ခိုးအာဏာအတွက် ယှဉ်ပြိုင်ကြပြီး အခြားသူတို့ကို တရားစီရင်ရန် ဆန္ဒရှိနေကြချိန်တွင်၊ အခြားသူတို့သည် ၎င်းတို့ကို တရားစီရင်ပြီး၊ ငါ၏ အမျက်ဒေါသအားဖြင့် ၎င်းတို့ လောင်ကျွမ်းသွားကြသည်- သနားဖွယ်ကောင်းလိုက်လေခြင်း။ သနားဖွယ်ကောင်းလိုက်လေခြင်း။ ငါ၏နိုင်ငံတော်သည် လူသားအလယ် လုံးလုံးလျားလျား အကောင်အထည်ပေါ်လေသည်- ဤသည်မှာ မွန်မြတ်သော အဖြစ်အပျက်တစ်ခု ပါတကား။

လူသားဖြစ်ပြီးသည့်နောက် (ငါ၏နိုင်ငံတော်နှင့်ဆိုင်သော လူများဖြစ်စေ၊ စာတန်၏ သားသမီးဖြစ်စေ)၊ သင်တို့အားလုံးသည် ငါ၏အံ့ဖွယ်သော လုပ်ဆောင်ချက်တို့ကို မြင်တွေ့ရမည်၊ သို့မဟုတ်ပါက ငါသည် ဤကိစ္စကို မည်သည့်အခါတွင်မျှ အဆုံးသတ်မည် မဟုတ်။ သင်သည် ငါ၏ တရားစီရင်ခြင်းကို လက်ခံရန် လိုလားနေလျှင်ပင်၊ ငါ၏ အံ့ဖွယ်သော လုပ်ဆောင်ချက်တို့ကို သင်မမြင်တွေ့ရသေးပါက ယင်းသည် လက်ခံနိုင်ဖွယ်ဖြစ်လိမ့်ဦးမည် မဟုတ်။ လူအားလုံးသည် စိတ်နှလုံးဖြင့်၊ စကားအားဖြင့်၊ ပြီးလျှင် အမြင်အားဖြင့် လက်ခံ ယုံကြည်ကြရမည်ဖြစ်ပြီး၊ မည်သူမျှ ပေါ့ပေါ့တန်တန် သက်ညှာ မခံရနိုင်ပေ။ လူအပေါင်းတို့သည် ငါ၏ဂုဏ်တော်ကို ချီးမွမ်းကြရမည်။ အဆုံး၌ ငါသည် အဆင်းနီသောနဂါးကြီးကိုပင် ထစေပြီး၊ ငါ၏ အောင်မြင်ခြင်းအတွက် ငါ့ကို ချီးမွမ်းစေအံ့။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သည်- ယင်းကို သင်မှတ်မိလိမ့်မည်လော။ လူအပေါင်းတို့သည် ငါ့ကို မဆုံးနိုင်အောင် ချီးမွမ်းရမည်ဖြစ်ပြီး ငါ့အား ဘုန်းအရေ ပေးကြရမည်။

အရှေ့သို့- အခန်း ၈၉

နောက်တစ်ခုသို့- အခန်း ၉၁

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။