၆။ ကျော်ကြားမှုနှင့် အောင်မြင်မှုတို့သည် နာကျင်စရာများကို ယူဆောင်လာခဲ့သည်
နွေဦးရာသီတစ်ခုမှာ ကျွန်မနှင့် စီနီယာဆရာဝန် အချို့တို့သည် အပြင်မှာ ဟင်းချက်စားဖို့ သွားကြသည်။ လမ်းမှာ ဒေသခံ ရွာသားအချို့က ဒေါက်တာဝမ်ကို မှတ်မိကြသည်။ သူတို့အရမ်းပျော်ပြီး ကျေးဇူးလည်းတင်ကြသည်။ သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုကြသည်။ ပြီးလျှင် ကျွန်မတို့ ဟင်းချက်နေစဉ်တွင် ပစ္စည်းလေးများ လိုအပ်သည်ကို သတိထားမိသည်။ ရွာသားများက အရမ်း သဘောကောင်းကြပါသည်။ ကျွန်မလိုအပ်နေသည်ကို တွေ့သည့်အခါ၊ သူတို့မှာ ရှိသည့်အရာများကို ပေးကြသည်။ ထိုအချိန်ကာလတွင် အချို့နေ့စဉ်သုံးရသည့်ပစ္စည်းများက ရှားပါးပြီး အလွန် တန်ဖိုးရှိသည်။ ဥပမာအားဖြင့် နွားနို့ အများကြီးမရှိပါ။ နွားနို့ရဖို့ကို လူများစွာ တန်းစီခဲ့ကြရသည်။ သို့ရာတွင် နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံက လူများက ကျွန်မတို့ထံ လာပို့ပေးကြသည်။ ဤအရာများ အားလုံးက ဒေါက်တာဝမ်၏ ဂုဏ်သတင်းကြောင့် ဖြစ်ပါသည်။ ဒေါက်တာဝမ်၏မျက်လုံးများ မှေးနေအောင်ကို ပြုံးနေသည်ကို ကျွန်မတွေ့ရပြီး သူမကို အားမကျဘဲ မနေနိုင်အောင်ဖြစ်ပြီး “လူတွေက ဒေါက်တာဝမ်ကို တကယ်ကို အထင်ကြီး လေးစားကြတာပဲ။ သူသွားလေရာမှာ လူတွေက သူ့ကိုလေးစားကြပြီးတော့ သူအနေနဲ့ ဘာကိုမှ မပူပင်ရဘူး။ သူ့မျက်နှာပြလိုက်တာနဲ့ အကုန် အဆင်ပြေသွားတာပဲ။ ဒါပေမဲ့ ငါကျတော့၊ လူမသိသူမသိ ရိုးရိုးဆရာဝန်တစ်ယောက်ပဲ။ ငါကတော့ အဲဒီလိုဆက်ဆံခံရမှာ မဟုတ်ဘူး။ သူ့ရဲ့စိန်နားကပ်ရောင်နဲ့ ပါးပြောင်ရုံပဲ တတ်နိုင်တယ်။” ဟု တွေးမိသည်။ သို့ရာတွင် ထို့နောက် ဒေါက်တာဝမ်၏ ဆံပင်ဖြူကိုကြည့်ပြီး စိတ်ပျက်ပြီး “ငါကငယ်သေးတာပဲ မဟုတ်လား။ ငါသာ ဆေးပညာကို သေချာလေ့လာပြီးတော့ ဝါရင့်ဆရာဝန်ကြီးတွေဆီက သင်ယူမယ်ဆိုရင် ငါအလုပ် ကြိုးစားနေသရွေ့ ငါလည်း အနှေးနဲ့အမြန် သူတို့လို နာမည်ကြီးပြီး လေးစားခံရမှာပဲ။” ဟုတွေးမိသည်။
တစ်လအကြာ ဆက်တိုက် ကြိုးစားခဲ့ပြီးသည့်နောက်မှာ ကျွန်မဘာသာ တာဝန်ထမ်းဆောင်နိုင်လာပြီး ခွဲစိတ်မှုကို လေ့ကျင့်ဖို့လည်း အခွင့်အရေးရခဲ့သည်။ သို့ရာတွင် ဤသည်မှာ ပထမအဆင့်သာ ရှိသေးသည်။ ကျွန်မအလုပ်ကို ဆက်ကြိုးစားရဦးမည်။ ထို့နောက်တွင် ကျွန်မ ဆေးပညာ သီအိုရီများကို တောက်လျှောက် လေ့လာနေခဲ့သည်။ ကျွမ်းကျင်မှုဆိုင်ရာ စာမေးပွဲတစ်ခုကို ဖြေပြီး၊ အလုပ်ချိန် ပြင်ပမှာလည်း ဖေးမမှုအတန်းများ အကုန်လုံးကို တက်ခဲ့သည်။ အရေးပေါ်ခွဲစိတ်မှု ရှိခဲ့ပါက၊ အလုပ်ချိန်မှာပဲဖြစ်စေ၊ အလုပ်ချိန် ပြင်ပမှာပဲဖြစ်စေ ခွဲစိတ်မှုကို လေ့ကျင့်ရမည့်အခွင့်အရေးကို ကျွန်မ မည်သည့်အခါမျှ အလွတ်မခံခဲ့ပါ။ တစ်ခါတလေ ကျွန်မ ခွဲစိတ်ခန်းဝင်၍ အလုပ်များနေသည့်အခါ၊ ဗိုက်အရမ်းဆာသော်လည်း၊ ခွဲစိတ်မှုတွင် အမှားမခံနိုင်သောကြောင့်၊ မိမိကိုယ်ကိုယ်ပင် ဂရုမစိုက်နိုင်ပါ။ တစ်ခါတစ်ရံ ၂၄ နာရီလုံး အလုပ်လုပ်ဖို့ လိုအပ်ခြင်းပင် ရှိသည်။ အလုပ်နားပြီးသည့်နောက် ကျွန်မခေါင်းက မည်သည့်အရာမျှ မစဉ်းစားနိုင်တော့ဘဲ၊ လူလည်း အရမ်းပင်ပန်းနေပြီ ဖြစ်သည်။ ကျွန်မ အရမ်း နားချင်သော်လည်း၊ ကျွန်မအဖေအမြဲပြောခဲ့သည့် “အနာမခံလျှင် အသာမစံရ၊” နှင့် ရည်မှန်းချက်များ ဖြစ်မြောက်ဖို့ အလုပ်ကြိုးစားရသည့်အကြောင်းများကို သွားသတိရသည်။ ထို့ကြောင့် ဆက်လုပ်ဖို့ မိမိကိုယ်ကိုယ် အားပေးပြီး အလုပ်ကို ဆက်ကြိုးစားခဲ့သည်။ ညဘက် အိမ်ကို ပြန်ရောက်သည်နှင့် ကျွန်မ ချက်ချင်း တန်းအိပ်ရာဝင်ခဲ့သည်။ အကြောဆန့်ပြီး ပင်ပန်းကိုက်ခဲနေသည့် ကျွန်မ၏ခန္ဓာကိုယ်ကို အနားပေးသည်။ မျက်လုံးမှိတ်လိုက်သည့်အခါ၊ အိပ်ချင်လျက်နှင့် ခွဲစိတ်မှုတစ်ခု၏ အသေးစိတ်အချက်အလက်များက ကျွန်မ၏အတွေးထဲ ပေါ်လာသည်။ ကျွန်မ၏ခြေကုန်လက်ပန်းကျနေသည့် စိတ်အခြေအနေကြောင့်၊ ခွဲစိတ်မှုမှာ အမှားတစ်ခုခုဖြစ်မည်ကို ကြောက်မိခဲ့သည်။ အလုပ်မှာ အမှားလေးအနည်းငယ်လုပ်မိပြီး ခွဲစိတ်မှု လုံးဝ ထပ်မလုပ်ရတော့သည့် လုပ်ဖော်ကိုင်ဖက်ဟောင်းများ အကြောင်းကို ကျွန်မ စဉ်းစားမိသည်။ တစ်ခုခုများ မှားသွားခဲ့ပါက၊ ကျွန်မ မည်သည့်အခါမျှ အောင်မြင်မည် မဟုတ်တော့ပါ။ ထို့နောက်တွင် ကျွန်မ ချက်ချင်း စိတ်ဖိစီးလာပြီး ပင်ပန်း ကြောက်ရွံကာ စိတ်ပူမိသည်။ ကျွန်မလူရော စိတ်ပါ အလွန် ပင်ပန်းနေခဲ့သည်။ တစ်ခါတစ်ရံတွင် နောက်တစ်နေ့မှာ ရှိသည့် ရက်ချိန်းနှင့် ခွဲစိတ်ရဖို့ကို စဉ်းစားမိပြီး အိမ်ပြန်ရောက်သည့်အခါ၊ မည်မျှနောက်ကျပါစေ မည်သည့်အမှားမျှ မလုပ်မိစေဖို့အလို့ငှာ၊ နောက်နေ့ အော်ပရေးရှင်းအတွက် လိုအပ်သည့် ဆေးပညာများကို ထပ်ခါထပ်ခါ ပြန်စစ်ပြီး လေ့လာသည်။ ကျွန်မ အရမ်း ပင်ပန်းခဲ့ပေသော်လည်း၊ တစ်နေ့မှာ အောင်မြင်ဖို့အတွက် ဖြစ်သည်ဟု မိမိကိုယ်ကိုယ် တွန်းအားပေးခဲ့သည်။ “ကြိုးစားထား လမ်းဆုံးရင်တော့ ရွာတွေ့မှာပါ။”
နောက်ဆုံးမှာ ခုနှစ်နှစ်ကြာအောင် မဆုပ်မနစ် ကြိုးစားခဲ့ပြီးနောက်၊ ကျွန်မက တရားဝင် အသိအမှတ်ပြု ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ပါသည်။ ထိုအချိန်က ကျွန်မစိတ်ထဲမှာ အများဆုံးပေါ်လာသည့်စကားများက- ကြိုးစားခဲ့ရကျိုးနပ်ပြီဟု ဖြစ်သည်။ ကျွန်မရာထူး တက်လာသည့်အခါ၊ ကျွန်မနှင့် လူနာကြည့်ခလည်း တက်လာသည်။ တရားဝင်အသိအမှတ်ပြု ဆရာဝန်အဆင့်မှ လုပ်လို့ရသည့် ခွဲစိတ်မှုများ အကုန်လုံးကို ကျွန်မ လုပ်ခဲ့ပြီး၊ ကျွန်မ၏နာမည်ကလည်း ခွဲစိတ်ဆရာဝန်ကြီးများ စာရင်းမှာ ပါလာခဲ့သည်။ ကျွန်မ၏လုပ်ဖော်ကိုင်ဖက်များ နောက်မှာ ကျန်ခဲ့ချိန်မှာ ကျွန်မ၏လစာနှင့် ဂုဏ်ဒြပ်တို့က တိုးတက်လာခဲ့သည်။ အထူးသဖြင့် လူရှုပ်သည့်လမ်းများမှာ လူများက ကျွန်မကို သိနေခြင်းကို ကြုံရသည့်နေရာတွင်၊ ကျွန်မ မပြောပြတတ်အောင် ပျော်ရွှင်မိသည်။ ကျွန်မက သူတို့ကို မသိသော်လည်း၊ သူတို့က ကျွန်မကို သိနေသည်။ ကျွန်မက ထူးချွန်သည့် ခွဲစိတ်ဆရာဝန်တစ်ယောက်ကောင်း တစ်ယောက် ဖြစ်ခြင်းအပေါ်ပင် ချီးကျူးကြသည်။ ကျွန်မ၏လူနာများက လေးစားအားကျသည့်အကြည့်နှင့် ကြည့်ပြီး ပြောကြသည်။ “အရင်က ဆရာမနဲ့တွေ့လိုက်ပြီး ပိုက်ဆံအများကြီးမကုန်ဘဲနဲ့ ခဏလေးအတွင်းမှာ သက်သာသွားတာ၊ ဒါပေမဲ့ ကျွန်တော် တခြားဆရာဝန်ကတော့ ကျွန်တော့်ကို ကုခဲ့တာ အချိန်အကြာကြီးနဲ့ ဘာတိုးတက်မှုမှလည်းမရှိဘူး။” ပြီးလျှင် အချို့က “ဆရာမက အရမ်းတော်တဲ့ဆရာဝန်လို့ လူတွေက ပြောကြတယ်။ သူက ဆရာမနဲ့သွားပြဖို့ အကြံပြုတယ်။ အခုဆိုရင် ဆရာမနဲ့ပြဖို့ကမလွယ်ဘူး။” ဟု ပြောကြသည်။ ဤသည်တို့ကို ကြားရသည့်အခါ၊ ကျွန်မ အားရပါးရ ပြုံးမိသည်။ စိတ်ထဲမှာ အရမ်းပျော်သည်။ လူများက အချိန်ကြာသည့်အထိ ဤအရာများကို မှတ်မိနေကြဆဲဖြစ်ပြီး ကျွန်မကနာမည်ကြီး ဖြစ်သည့်အတွက် အခြားသူများကလည်း လာပြကြသည်။ ကျွန်မကျော်ကြားလာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး၊ အောင်မြင်မှု၏အရသာကို ကျွန်မ သိလာသည်။ သို့ရာတွင် ပျော်ပြီးသည့်နောက်၊ အခြားသူများကို ပြန်ကြီးကြပ်ရသည့် ဆရာဝန်ဖြစ်ဖို့ အများကြီးလိုသေးသည်ကို စဉ်းစားမိသည်။ ကျွန်မက သာမာန်ခွဲစိတ်မှုများသာ လုပ်နိုင်သေးသည်။ အခြားသူများကို ကြီးကြပ်ရသည့် ဆရာဝန်သာဖြစ်ပြီး ပိုပြီးအဆင့်မြင့်သည့် ခွဲစိတ်မှုများသာ လုပ်နိုင်ပါက၊ လူနာများက ကျွန်မကို ပိုအထင်ကြီးလေးစားပြီး ကျွန်မနှင့်ပြချင်သည့်သူများ ပို၍ပင် များလာဦးမည် ဖြစ်သည်။ ကျွန်မကို သူတို့ ပို၍အထင်ကြီးလာကြမည် မဟုတ်ပါလား။
ထို့နောက်မှာ ကျော်ကြားမှုနှင့် အောင်မြင်မှုအတွက် ကျွန်မ ပိုကြိုးစားခဲ့သည်။ ကျွန်မ၏အမျိုးသားက ကျွန်မသူ့ကို အချိန်ပေးသည်မှာ ပိုနည်းလာသည်ဟု ပြောလျက်၊ စောဒကတက်ပြီး ကျွန်မနှင့် မကြာခဏ စကားများသည်။ ကျွန်မအရမ်းပင်ပန်းပြီး လွဲချော်နေသည်ဟုခံစားရသည်၊ ပြီးလျှင် “ငါဘာအတွက် ကြိုးစားခဲ့တာလဲ။ အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ ကောင်းမွန်တဲ့ဘဝ ရဖို့ပဲ မဟုတ်လား။ ငါတစ်ခုခုများမှားနေပြီလား။ မဟုတ်ပါဘူး။ ငါ့အမျိုးသားက လျှောက်ပြောနေတာပါ။ သူကရည်မှန်းချက်မှ မရှိတာ။” ဟု အကြိမ်ကြိမ် မတွေးဘဲ မနေနိုင်ပါ။ ကျွန်မ မျက်ရည်များကို သုတ်ပြီး ကျွန်မ၏ ဆေးပညာတိုးတက်ပြီး အခြားသူများကို ကြီးကြပ်ရသည့် ဆရာဝန်ဖြစ်လာဖို့အတွက် ထပ်ပြီးလေ့လာဖို့ မြူနီစီပယ်အဆင့် ဆေးပညာယူနစ်ကိုသွားဖို့ ထပ်ပြီးလျှောက်ထားခဲ့သည်။ ယင်းက ရှားပါးအခွင့်အရေးဖြစ်ပြီး ကျွန်မ အရမ်း တန်ဖိုးထားခဲ့သည်။ သို့ရာတွင် လေ့ကျင့်ရေး ကာလအတွင်းမှာ၊ မထင်မှတ်ဘဲ ကျွန်မမှာကိုယ်ဝန်ရှိနေသည်ကို သိခဲ့ရသည်။ ကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရခြင်းက ကျွန်မ ဆုံးရှုံးနစ်နာသကဲ့သို့ ခံစားရပြီး ကလေးယူဖို့ အချိန် မဟုတ်သေးပါဟု ထင်ခဲ့သည်။ ဤအခွင့်အရေးရဖို့အတွက် ကျွန်မ များစွာ ကြိုးစားဖြတ်သန်းခဲ့ရသည်၊ ကလေးကြောင့်၊ ယင်းကို စွန့်လွှတ်ပြီး ကျွန်မ၏တက်လမ်းကို အဆုံးရှုံးမခံနိုင်ပါ။ သို့ရာတွင် ထို့နောက်တွင် ကလေးအတွက်လည်း စဉ်းစားမိသည်။ ကျွန်မ ဖျက်လည်းမချချင်ပါ။ နောက်ပိုင်းတွင် ကျွန်မအလုပ်များ အရမ်းလုပ်ပြီး မတ်တပ်ရပ် ခွဲစိတ်မှုများ အကြာကြီးလုပ်ကာ ရက်ချိန်းမယူထားသည့် ခွဲစိတ်မှုများလုပ်ဖို့ အစားမှန်မှန် မစားဖြစ်ခြင်းများကြောင့်၊ ကလေးက ပျက်ကျသွားခဲ့သည်။ သို့ရာတွင် ကျော်ကြားမှုနှင့် အောင်မြင်မှု နောက်ကို လိုက်ခြင်းကို ကျွန်မ လုံးဝမရပ်ခဲ့ပါ။ သန္ဓေသားကို ဖယ်ရှားပြီးသည့် နောက်တစ်နေ့မှာပဲ ကျွန်မ အလုပ်ကို ပြန်သွားချင်ခဲ့သော်လည်း၊ ထိုနေ့မှာ လူက အရမ်း အားနည်းနေခဲ့သည်။ ကျွန်မခန္ဓာကိုယ်က တစ်စစီ ပြိုလဲနေသကဲ့သို့ ခံစားရသည်။ ဗိုက်အောင့်ပြီး ခြေများလက်များကလည်း အားမရှိပါ။ ကျွန်မအိပ်ရာပေါ်မှာ လှဲပြီးလျှင် အနားယူရုံပဲတတ်နိုင်ခဲ့သည်။ သို့ရာတွင် ကလေးပျက်ကျသွားခြင်းကိုဖြစ်စေ၊ မိမိကိုယ်ကိုယ် မည်သို့ ဂရုစိုက်ရမည်ကိုဖြစ်စေ ကျွန်မ မစဉ်းစားမိပါ၊ ကျွန်မ၏ လေ့လာရမည့်အချိန်များ နှောင့်နှေးသွားမည်ကိုလည်းကောင်း၊ ယင်းက ကျွန်မ၏ ဘွဲ့ယူခြင်းကို ထိခိုက်မည်ကိုလည်းကောင်း စိုးရိမ်နေခဲ့မိသည်။ အားလုံးအချည်းနှီး ဖြစ်သွားခဲ့ပြီလား။
နောက်ထပ် ခုနှစ်နှစ်ကြာ ပင်ပင်ပန်းပန်း ကြိုးစားပြီးသည့်နောက်၊ ကျွန်မအိပ်မက်မက်ခဲ့ရသည့် အခြားသူများကို ကြီးကြပ်ရသည့် ဆရာဝန်ဆိုသည့်နေရာကို ကျွန်မ ရခဲ့ပြီဖြစ်သည်။ ကျွန်မနှင့်ပြခဲ့ဖူးသည့် လူနာများက ကျွန်မကိုတွေ့သည့်အခါ၊ နှုတ်ဆက်ကြပြီး “ဒေါက်တာထျန်က ငါ့ကိုခွဲစိတ်ပေးပြီး ငါ့အသက်ကိုကယ်ခဲ့တာ။” ဟု သူတို့ဘေးက လူများကို ပြောကြသည်။ အချို့က ကျွန်မအိမ်ကို လာလည်ပြီး သူတို့ဒေသထွက်ကုန်အစုံ ယူလာပေးကြသည်။ အချို့ကလည်း ကျေးဇူးတုံ့ပြန်သည့်အနေနှင့် လက်ဆောင်များနှင့် စျေးဝယ် ဘောက်ချာများ လာပေးကြသည်။ တစ်ခါတစ်ရံ ကျွန်မ စားသောက်ဆိုင်မှာ စားနေပြီး သူတို့တွေ့သည့်အခါ၊ ကျွန်မ မသိလိုက်မီ ကျွန်မအတွက် ရှင်းပေးသွားကြသည်။ ကျွန်မကို ဤအရာများအားလုံးက လူများကို အထင်ကြီး လေးစားကြစေသော်လည်း၊ ကျွန်မ၏ပျော်ရွှင်မှုက ခဏသာ တည်တံ့ခဲ့သည်။ ကျွန်မ၏ပျော်ရွှင်မှု၏နောက်ကွယ်က ခက်ခဲမှုများနှင့် နာကျင်မှုတို့ကို မည်သူမျှ မသိကြပါ။ ကျွန်မက အော်ပရေးရှင်းမှာ အမှားစိုးစဉ်းမျှ လုပ်၍မရပါ သို့မဟုတ်ပါက အကျိုးဆက်က မတွေးရဲစရာ ဖြစ်ပြီး၊ အမှားလုပ်မိ၍ ဒုက္ခရောက်မည်ကို ကျွန်မ အမြဲတမ်း စိုးရိမ်ခဲ့ရသည်။ ဓားသွားပေါ် လမ်းလျှောက်နေရသကဲ့သို့ အရမ်း သတိထားရသည်။ ကျွန်မစိတ်များ အရမ်းဖိစီးနေပြီး မခံနိုင်တော့ပါ။ ကျွန်မကျန်းမာရေးကို ထိခိုက်လာပြီး ကိုယ်အလေးချိန်လည်း ပေါင် ၉၀ အောက်ရောက်သွားသည်။ အချိန်အကြာကြီးအလုပ်လုပ်ခြင်းများကြောင့်၊ ကျွန်မ ကျန်းမာရေး ယိုယွင်းလာပြီး အိပ်မပျော်သည့်ဝေဒနာ၊ ဗိုက်အောင့်ခြင်းနှင့် သည်းခြေအိတ်ရောင်ယမ်းခြင်းတို့ကို ခံစားခဲ့ရသည်။ ကျွန်မအိပ်မပျော် စားမဝင်ဖြစ်ခဲ့သည်။ ကျွန်မတစ်ညလုံး သိုးများရေတွက်ပြီး အိပ်ဆေးလေးလုံးအထိ သောက်လည်း အိပ်မပျော်ပါ။ နေ့ပိုင်းတွင် မူးနောက်ပြီး အားမရှိပါ။ ခြေထောက်များလည်း တောင့်ခဲနေသည်။ မခံမရပ်နိုင်လောက်အောင်ကို ခက်ခဲခဲ့ပါသည်။ ကျွန်မနေနှင့် မည်သည့်အရာမျှမတတ်နိုင်ဘဲ မချိတင်ကဲပြုံးပြီး “သူများတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ နာမည်တစ်လုံးကို ငါရခဲ့တယ်၊ ဒါပေမဲ့ အခု သာမာန်လူတစ်ယောက်လိုတောင် မအိပ်နိုင် မစားနိုင်ဘူး။” ဟု တွေးမိသည်။ ကျွန်မအလုပ်ပင် မလုပ်ချင်ဘဲ၊ မည်သည့်အရာမျှ မလုပ်ချင်ဘဲ၊ အိပ်ရေးဝဝသာ အိပ်ချင်သည်၊ သို့ရာတွင် ယင်းကလည်း စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။ ပိုဆိုးသည်မှာ ကျွန်မအတွက် ဂရုစိုက်မှုနှင့် ကြည့်ရှုစောင့်ရှောက်မှု အလိုအပ်ဆုံးအချိန်မှာ ကျွန်မ၏ အမျိုးသားက အပြင်မှာ အရက်များသောက်ပြီး ပျော်ပါးနေသည်၊ ပြီးလျှင် ကျွန်မတစ်ယောက်တည်းသာ ကြိတ်မှိတ် ခံစားခဲ့ရသည်။ ထိုတိတ်ဆိတ်နေသည့်ညနက်များမှာ ကျွန်မ စိတ်သောကရောက်ပြီး အားငယ်ခဲ့သည်။ အိပ်ပျော်ဖို့အတွက် အရမ်းခက်ခဲပြီး အမှောင်ထဲမှာ စမ်းတဝါးဝါးနှင့်လျှောက်သွားပြီး အိမ်အပြန်လမ်း သို့မဟုတ် ကျွန်မသွားနေသည့် ဦးတည်ချက်ကို ရှာမတွေ့နိုင်သည့် အိပ်မက်မျိုးများလည်း မက်လေ့ရှိသည်။ ကျွန်မကြောက်ပြီး ရုန်းကန်ခဲ့ရသည်။ တစ်ခါက ကျွန်မ “အား” ဟု ငိုရင်းနှင့် အိပ်မက်ကနေလန့်နိုးလာသည်။ နဖူးမှာလည်း ချွေးများထွက်နေသည်။ မီးဖွင့်ပြီး အိပ်ရာဘေးမှာထိုင်ရင်းနှင့် လူနာများ၏လေးစားမှုနှင့် မိသားစုက ချီးကျူးခြင်းများကို စဉ်းစားမိသည်၊ သို့ရာတွင် ယင်းကလည်း နာကျင်မှုကို လုံးဝ မသက်သာစေပါ။ နှစ်ပေါင်းများစွာ ကျွန်မ ကြိုးစားခဲ့ခြင်းများကို ပြန်တွေးပြီး မိမိကိုယ်ကိုယ် မေးကြည့်သည်။ “ငါ့ဘဝ သက်တမ်းရဲ့တစ်ဝက်ကို အောင်မြင်ဖို့ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးကျတော့ ခဏတာ အောင်မြင်မှုကို ခံစားရတာကလွဲလို့ ငါပြန်ရလိုက်တာက ကျန်းမာရေးမကောင်းတဲ့ခန္ဓာကိုယ်၊ ဖောက်ပြန်တဲ့ယောကျ်ားနဲ့ အဆုံးမရှိတဲ့နာကျင်ခံစားရမှုတွေပဲ။ အဲဒါဘာလို့လဲ။ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ဘဝတစ်ခုကိုရဖို့ ဘယ်လို နေထိုင်သင့်လဲ။” ကျွန်မက သောကများမှ တကယ် လွတ်မြောက်ချင်ခဲ့သည်။ ကျွန်မ ဗေဒင်ဆရာဆီသွားသည်၊ နာမည်ကြီးပုဂ္ဂိုလ်များ၏ အဆိုအမိန့်များကိုရှာပြီး လူများ အရမ်းလိုချင်သည့် “အပြုသဘောဆောင်တဲ့စွမ်းအင်” ကို ဟိုစပ်စပ် ဒီစပ်စပ်နှင့် ရှာခဲ့သည်။ အွန်လိုင်းတွင် ဗုဒ္ဓဘာသာမှ အဖြေကို ရှာခဲ့သော်လည်း၊ ကျေနပ်လောက်သည့်အဖြေကို မရခဲ့ဘဲနှင့် ကျွန်မ၏ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်ခဲ့ပါ။ ကျွန်မ၏ဝေဒနာများက မခံနိုင်အောင်နာကျင်လာသည့်အချိန်၊ ဘဝမှာ မျှော်လင့်ချက်မဲ့ပြီး ရှေ့ဆက်ဖို့လမ်းကို ရှာမတွေ့သည့်အချိန်၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်က ကျွန်မထံ ရောက်လာပါသည်။
ဘုရားသခင်အပေါ် ယုံကြည်သက်ဝင်မှုကို ရှာတွေ့ပြီးသည့်နောက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ အဖြေများကို ရှာတွေ့ခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည်မှာ၊ “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏နှလုံးသားကို လင်းလက် သွားစေသည်။ ဒေါက်တာဝမ်နှင့် အပြင်မှာ ဟင်းချက် သွားသည့်အချိန်က ကျွန်မသာ နာမည်ကြီးပြီး ဆေးပညာ ကျွမ်းကျင်မှု မြင့်မားနေသရွေ့၊ လူများကကျွန်မကိုလေးစားမည်၊ အထူးအခွင့်အရေးပေးဆက်ဆံကြပြီး ဘဝက သာယာချောမွေ့မည်ဟု သန္နိဌာန်ချခဲ့သည်ကို သွားသတိရသည်။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏၊” “သူများတွေထက် ထူးချွန်ပါစေ၊” နှင့် “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။” ကဲ့သို့ စာတန်၏ အဆိပ်အတောက်များကိုလည်း ကျွန်မလက်ခံခဲ့မိသည်မှာ ကျော်ကြားမှုနှင့် အောင်မြင်မှု နောက်ကို လိုက်ခြင်းက ကျွန်မဘဝ၏ ရည်မှန်းချက် ဖြစ်လာခဲ့သည်။ ကျွန်မ၏ အသက်မွေးဝမ်းကြောင်း တိုးတက်ရေးအတွက် တောက်လျှောက် ကြိုးစားခဲ့သည်။ လူများ၏လေးစားမှုနှင့် ချီးမွမ်းမှုကိုရပြီးသည့်နောက် အောင်မြင်မှု၏ တကယ့် အရသာကိုခံစားမိပြီး၊ ယင်းက ကျွန်မကို တစ်ချက် နောက်မတွန့်ဘဲ၊ လမ်းမှားကို ဆက်လိုက်စေခဲ့သည်။ ကျွန်မဘဝ၏ အကောင်းဆုံးသော ၁၀ နှစ်ကို အောင်မြင်မှုနှင့် ကျော်ကြားမှု နောက်လိုက်ပြီးကုန်ဆုံးခဲ့သည်၊ မိသားစုနှင့် ကျွန်မဗိုက်ထဲက ရင်သွေးလေးကိုလည်း စတေးခဲ့ရသည်။ ကျွန်မ၏ ကျန်းမာရေး ပျက်စီးပြီး မကျန်းမသည့် ခန္ဓာကိုယ်ဖြင့် ကျန်ရစ်ခဲ့သည်။ ထိုပေးဆပ်မှုများအားလုံး နောက်တွင်မှသာ “အောင်မြင်မှုနဲ့ကျော်ကြားမှုက ငါ့အတွက် ဘာများ အသုံးဝင်လို့လဲ။ အဲဒီနောက်ကိုလိုက်လို့ ပင်ပန်းဆင်းရဲမှုနဲ့ နာကျင်ခံစားရမှုတွေပဲ ရခဲ့ပြီးတော့ အဲဒါတွေကိုရပြီးတော့လည်း ပြောမပြတတ်အောင် ငါခံစားနေရတုန်းပဲ။ နောက်ဆုံးတော့ အောင်မြင်မှုနဲ့ ကျော်ကြားမှု နောက်ကို လိုက်တာက လမ်းမှားပဲဆိုတာ သိသာပါတယ်။” ဟု စဉ်းစားမိခဲ့ရသည်မှာ ဆိုးလှသည်။ အောင်မြင်မှုနှင့်ကျော်ကြားမှုအတွက် ကြိုးစားအားထုတ်ခြင်းက လူများကို ကြိုးကဲ့သို့ရစ်ပတ်ပြီး မွန်းကျပ်စေသည့် ဆိုးယုတ်သည့်စွမ်းအားတစ်ခုဖြစ်သည်ကို ကျွန်မ နောက်ဆုံးမှာတော့ နားလည်ခဲ့ပါသည်။ ယင်းက ကျွန်မ နာကျင်ခံစားပြီး အရာရာကိုစတေးချင်စေဖို့ စာတန်က ကျွန်မကိုယ်ပေါ်ကို တင်ခဲ့သည့် လှည်းထမ်းပိုးတစ်ခုကဲ့သို့ ဖြစ်သည်။ နောက်ဆုံးမှာတော့ ကျွန်မသည် စာတန် ဖြစ်စေချင်သကဲ့သို့၊ ဖြစ်သွားခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ပြောထားသကဲ့သို့ ဖြစ်သည်။ “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) စာတန်က မည်မျှမုန်းစရာကောင်းသည်ကို ကျွန်မတကယ်တွေ့ခဲ့ရပြီး ဘုရားသခင်ကို ရင်ထဲ နှလုံးသားထဲမှ ကျေးဇူးတင်မိပါသည်။ စာတန်က ကျွန်မကို ချောင်ပိတ်သွားအောင် တွန်းပို့သည့်အချိန်တွင်၊ ဘုရားသခင်က သည်အတိုင်း ထိုင်ကြည့်မနေဘဲ၊ သူ၏ကယ်တင်ခြင်းလက်များကို ကျွန်မထံ ကမ်းပေးခဲ့သည်၊ သူ၏နှုတ်ကပတ်တော်များနှင့် ကျွန်မကို နှစ်သိမ့်အားပေးခဲ့သည်၊ ကျွန်မခံစားမှုများ၏ အရင်းအမြစ်ကို ရှာတွေ့ဖို့ကူညီခဲ့သည်။ လူသားများကို အချစ်ဆုံးက ဘုရားသခင်သာ ဖြစ်သည်။ ကျွန်မတို့ အကောင်းနှင့်အဆိုး၊ အပြုသဘောနှင့် အပျက်သဘောကို ခွဲခြားတတ်အောင် သင်ကြားပေးဖို့ သူသည် လူ့ဇာတိခံယူပြီး သမ္မာတရားကို ဖော်ထုတ်ပြောကြားသည်။ ကျွန်မအနေနှင့် လမ်းမှားကို ဆက်သွားပြီး အောင်မြင်မှုနှင့် ကျော်ကြားမှုများ နောက်ကိုသာလိုက်ပြီး ကျွန်မဘဝကို ကုန်ဆုံး၍မဖြစ်သည်ကို သိခဲ့ရသည်။ ဖန်ဆင်းရှင်ကို ကျွန်မ ကိုးကွယ်ဆည်းကပ်ရမည် ဖြစ်သည်။ ထို့နောက်တွင် ကျွန်မ၏အားလပ်ချိန်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရင်းနှင့် ပို၍ ကုန်ဆုံးစေပြီး ကျွန်မ နားမလည်သည့်အရာများကို ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့သည်၊ ပြီးလျှင် ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ကူညီပံ့ပိုးပေးခဲ့သည်။ ကျွန်မ မသိလိုက်မီတွင်၊ သမ္မာတရားအချို့ကို ကျွန်မ နားလည်လာပြီး အချို့အရာများကို ပိုသဘောပေါက်လာသည်။ ကျွန်မ၏ စိတ်လည်း ပို၍ ပေါ့ပါးလာသည်။ တဖြည်းဖြည်းနှင့် ကျွန်မ၏အိပ်မပျော်သည့် ရောဂါသက်သာလာပြီး ဗိုက်အောင့်ခြင်းနှင့် သည်းခြေအိတ်ရောင်ခြင်းလည်း သက်သာလာခဲ့သည်။ အောင်မြင်ကျော်ကြားမှုနှင့် အကျိုးစီးပွား နောက်ကိုလိုက်၍ မရနိုင်သည့်အရာများ ရှိသည်။ စိတ်ဝိညာဉ် လွတ်လပ်ခြင်း၏ ပျော်ရွှင်မှုကို ကျွန်မ အမှန်တကယ် ခံစားလိုက်ရသည်။
နောက်ပိုင်းတွင် ကျွန်မ၏လုပ်ဖော်ကိုင်ဖက်များ အကုန်လုံး ရာထူးတက်ဖို့ ကြိုးစားနေသည်ကို တွေ့ရသည်၊ ပြီးလျှင် အချို့က ကျွန်မလောက် ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုမရှိဘဲ၊ သူတို့ထဲမှ အချို့က ကျွန်မသင်ကြားပေးခဲ့သည့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ပြီး သူတို့အကုန်လုံးက လက်ထောက် ပါမောက္ခများ ဖြစ်ကုန်ကြသည်။ ကျွန်မ အနည်းငယ် နောက်ကျ ကျန်ခဲ့သကဲ့သို့ ခံစားရသည်။ ကျွန်မ ကျန်းမာရေးသာ ကောင်းခဲ့ပြီး ဆယ်နှစ်ခန့်သာ နောက်ကျမကျန်ခဲ့ပါက၊ ကျွန်မ၏ပညာဖြင့်ဆိုလျှင် အနည်းဆုံး လက်ထောက် ပါမောက္ခတစ်ဦး ဖြစ်နေလောက်ပြီဟု တွေးမိသည်။ သို့ရာတွင် ရာထူးတိုးဖို့ ကြိုးစားရင်းနှင့် ကျန်းမာရေးထိခိုက်ပြီး နာကျင်ခံစားခဲ့ရခြင်းကို တွေးသည်၊ ဤသည်မှာ စာတန်၏ ကောက်ကျစ်စဉ်းလဲသည့် အကြံအစည်များ ဖြစ်သည်ကို သဘောပေါက်လိုက်သည်။ စာတန်က ကျွန်မ၏ လိုအင်ဆန္ဒများကို အသုံးချပြီး အောင်မြင်မှုနှင့် အကျိုးစီးပွား ဝဲဂယက်ထဲကို မျှားခေါ်သွားခဲ့တာ။ အောင်မြင်မှုနှင့် အကျိုးစီးပွားနောက်ကိုသာ ကျွန်မ ပြန်လိုက်ပါက၊ ကျွန်မ၏ အသက်ပင် ဆုံးရှုံးသွားရနိုင်သည်။ မည်သည့် အဓိပ္ပာယ်များ ရှိဦးမည်နည်း။ သခင်ယေရှု ပြောခဲ့သည့်အရာတစ်ခုကို ကျွန်မ သွားစဉ်းစားမိသည်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူး ရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ပြီးလျှင် အနန္တတန်ခိုးရှင်ဘုရားသခင်ကပြောသည် “ပုံမှန်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ဖို့ အားထုတ်သည့် သူတစ်ဦး ဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အရေးပါမှုရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုကို လုပ်ဆောင်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အရေးပါမှု ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ဘုရားသခင်၏အလိုတော်ကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်မနားလည်ခဲ့သည်။ လူတစ်ယောက်သည် မည်မျှနာမည်ကြီးပါစေ၊ သို့မဟုတ် မည်မျှဂုဏ်သိက္ခာကြီးပါစေ အောင်မြင်မှုနှင့် ကျော်ကြားမှုများ နောက်ကိုလိုက်ခြင်းက လမ်းမှားဖြစ်ပြီး ယင်းက သေဆုံးခြင်းကို သွားသည့်လမ်းကြောင်း ဖြစ်သည်။ ထိုလမ်းကြောင်းကို သွားပါက၊ ဘုရားသခင်၏ကောင်းချီးပေးမှု သို့မဟုတ် အကာအကွယ် ပေးမှုကို မရနိုင်ပါ။ သမ္မာတရား နောက်ကိုလိုက်ပြီး ကျွန်မတို့ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့်သာလျှင်၊ ဘုရားသခင်၏ လုပ်ဆောင်မှုကို တွေ့ကြုံခံစားပြီး မိမိ၏ အကျင့်ပျက်မှုများကို မိမိဘာသာ ရှင်းလင်းကာ ဘုရားသခင်ကို သိအောင် ကြိုးစားခြင်းအားဖြင့်သာလျှင်၊ အဓိပ္ပာယ်နှင့် တန်ဖိုးရှိသည့် ဘဝကိုရပြီး နောက်ဆုံးမှာ ဘုရားသခင်၏ ကောင်းချီးပေးမှုကို ရရှိလိမ့်မည်။ ဤသည်မှာ လူတစ်ယောက်မှာ ရှိသင့်သည့် တစ်ခုတည်းသော စစ်မှန်သည့်အနာဂတ် ဖြစ်သည်။ ကျွန်မအနေနှင့် အလိုဆန္ဒများကို ဖြည့်ဆည်းဖို့သာ ဆက်ကြိုးစားနေပါက၊ ဘုရားသခင်က ကောင်းချီး မပေးရုံသာမကဘဲ၊ ကျွန်မကိုပါ မုန်းသွားလိမ့်မည်။ ဤသည်မှာ ကျွန်မနှင့်သိသည့် လူများ၏ တကယ့်ဘဝ ဥပမာများ ဖြစ်ပါသည်။ ကျွန်မသူဌေး၏သမီးက ကောလိပ်မှ ဘွဲ့ရပြီး နိုင်ငံခြားမှာ နေပြီး အလုပ်အကိုင် အဆင်ပြေသည်။ သို့ရာတွင် နှစ်များကြာလာတော့ အပြိုင်အဆိုင်များခြင်းနှင့် အရမ်းစိတ်ဖိစီးခြင်းတို့ကြောင့်၊ စိတ်ဓာတ်ကျပြီး တိုက်ပေါ်ကခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားသည်။ ပြီးလျှင် ကျွန်မသူငယ်ချင်း တစ်ယောက်၏သားက ငယ်ငယ်လေးနှင့် မန်နေဂျာဖြစ်လာပြီး အောင်မြင်သည်၊ လူမှုရေးအရ အရက်များသောက်များခြင်းမှ အသည်းရွတ်ရောဂါရခဲ့သည်။ ခြောက်လပင် မခံဘဲ၊ သူဆုံးသွားပြီး ကျွန်မသူငယ်ချင်းမှာ ထိုဒဏ်နှင့် နေ့ချင်းညချင်း အိုမင်းသွားခဲ့သည်။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ တစ်ခါက ဖတ်ဖူးသည်ကို ပြန်စဉ်းစားမိသည်။ “ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) အောင်မြင်မှုနှင့် အကျိုးစီးပွားက လူများခံစားနေရသည်ကို မပျောက်ကင်းစေဘဲ၊ သူတို့၏ဘဝများကို မကယ်တင်နိုင်ပါ။ ခဏတာ ပျော်ရွှင်မှု ရပြီးသည့်နောက် သူတို့က လူများကို သေခြင်းတရား၏ အသူရာချောက်နက်ကြီးထဲကိုသာ ပြန်ရောက်သွားစေသည်။ ဤသည်ကို နားလည်သွားပြီးနောက်၊ ကျွန်မနောက် မည်သည့်အခါမျှ ပတ်ဝန်းကျင်ကလူများကြောင့် စိတ်ညစ်ခြင်း သို့မဟုတ် သက်ရောက်မှုရှိခြင်း မဖြစ်တော့ပါ။ ကျွန်မ၏ ကျန်ရှိသည့်အချိန်များကို သမ္မာတရားနောက်ကို လိုက်ပြီး ဘုရားသခင်ကိုသိကျွမ်းဖို့သာအသုံးချချင်သည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်းနေပြီး ဘုရားသခင်၏အိမ်တော်မှာ ကျွန်မ၏တာဝန်ကို ထမ်းဆောင်ချင်သည်။
တစ်ရက်တွင် အခြားဆေးရုံတစ်ခုက ညွှန်ကြားရေးမှူးက ကျွန်မထံ ဖုန်းခေါ်သည်။ သူက “မင်း အခု အနားယူ သွားပြီဆိုတော့ ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုထမင်းစားပွဲ လုပ်ပေးပြီးတော့ အရင်ကပြောဖူးတဲ့ ပူးပေါင်းဆောင်ရွက်မှု အကြောင်းပြောကြတာပေါ့။ မင်းနဲ့အရင်ကပြခဲ့ဖူးတဲ့ လူနာတွေကို ဆွဲဆောင်နိုင်ဖို့ မင်းရဲ့ ကြီးကြပ်ရေး ဆရာဝန်လိုင်စင်ကို ငါတို့ဆေးရုံမှာ ချိတ်ထားချင်တယ်။ မင်းက ငါတို့ဆီမှာ အလုပ်လုပ်လည်းရတယ် ဒါမှမဟုတ် ရှယ်ယာရှင် ဖြစ်ချင်လည်းရတယ်။ မင်းရဲ့သဘောပါ။” ဟု ပြောလာသည်။ ဤသည်ကိုကြားသည့်အခါ၊ ကျွန်မမည်သို့မှမနေနိုင်ဘဲ “ငါဘဝတစ်လျှောက်လုံး ကျော်ကြားမှုနဲ့ အကျိုးစီးပွား နောက်ကို လိုက်ခဲ့ပြီးတော့ ငါဘာများပြန်ရခဲ့လဲ။ ငါ့ဘဝကို တကယ်ပဲ ကျော်ကြားမှုနဲ့ အကျိုးစီးပွားတွေထဲမှာ မြှုပ်နှံထားမှာလား။ အောင်မြင်မှုနဲ့ ကျော်ကြားမှုနောက်ကို လိုက်လို့ရခဲ့တဲ့ နာကျင်မှုတွေကို ဖယ်ရှားရတာလွယ်တာ မဟုတ်ဘူး။ ညဘက်မှာ သိုးတွေကို ရေတွက်စရာလည်း မလိုတော့ဘူး၊ ဒါမှမဟုတ် ပူပင်သောကနဲ့ ကြောက်ရွံမှုတွေနဲ့ တစ်နေ့လုံးနေစရာလည်း မလိုတော့ဘူး။ ဘုရားသခင်ကို ယုံကြည်ပြီးတော့ သမ္မာတရားကိုနားလည်ခြင်းကြောင့်ရလာတဲ့ စိတ်အေးချမ်းမှုရဲ့အရသာကို ငါသိသွားပြီ။ အဲဒီပျော်ရွှင်မှုကို ငါသေချာဆုပ်ကိုင်ထားမှဖြစ်မယ်။ ပြီးတော့ ဆေးရုံမှာ ငါ့ရဲ့လိုင်စင်ကိုချိတ်ထားရုံဆိုပေမဲ့လည်း ပြဿနာတစ်ခုခု ရှိလာရင်တော့ ငါသွားရမှာပဲ၊ ပြီးတော့ အဲဒါက ငါ့ရဲ့အမှုတော်ထမ်းဆောင်ရေးကို အနှောင့်အယှက် ဖြစ်မှာ မဟုတ်ဘူးလား။” ဟု တွေးမိသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ စဉ်းစားမိသည်။ “သင်တို့ လက်ရှိဖြတ်သန်းနေရသော နေ့ရက်တိုင်းသည် အရေးပါလှပြီး၊ သင်တို့၏ ပန်းတိုင်နှင့် ကံကြမ္မာအတွက် အခရာအကျဆုံးဖြစ်သည်ဖြစ်၍ ယနေ့ သင်တို့၌ရှိသော အရာအားလုံးနှင့် ကုန်ဆုံးသွားသော မိနစ်တိုင်းကို သင်တို့တန်ဖိုးထားရမည်။ သင်တို့သည် ဤဘဝကို အချည်းနှီး အသက်မရှင်သွားရန်အလို့ငှာ သင်တို့ကိုယ်သင်တို့ အကြီးမားဆုံးသော အကျိုးများပေးနိုင်ရန် သင်တို့၏အချိန်ကို ဖြစ်နိုင်သမျှ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း) ဘုရားသခင်ကို ရှာဖွေဖို့ ရှားပါးအခွင့်အရေး ရခဲ့သည်မှာ ကျွန်မ အရမ်း ကံကောင်းသည်။ ကျွန်မဘဝ၏အဓိပ္ပာယ်ကို နားလည်ပြီး သောကချောက်နက်ထဲက လွတ်မြောက်အောင် ဘုရားသခင်ကသာ လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ကျွန်မ စာတန်ထံသို့ မည်သို့များ ပြန်သွားနိုင်ပါ့မည်နည်း။ ဘုရားသခင်၏ အလုပ်ကပြီးလုနီးပြီး ကျွန်မက ယခုထိ သမ္မာတရားကို မရသေးပါ။ ကျွန်မနေ့တိုင်းကို ချစ်ခင်မြတ်နိုးပြီး ကျန်ရှိနေသေးသည့်အချိန်အတွင်းမှာ သမ္မာတရားကို လိုက်စားရမည်။ ယင်းက သာယာလှပသည့်ဘဝဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကို နားလည် သွားသည့်အတွက် ညွှန်ကြားရေးမှူး၏ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။ ဖုန်းကိုချလိုက်သည့်အချိန်မှာ ယခင်ကထက် ပို၍ လွတ်လပ်လာသည်ကို ခံစားရသည်။ “ကျော်ကြားမှုနဲ့ အကျိုးစီးပွားနောက်ကို လိုက်တာကို အစောကြီးကတည်းက ရပ်ခဲ့သင့်တယ်။” ဟု မပြောဘဲ မနေနိုင်ခဲ့ပါ။ အခြားဆေးရုံများကလည်း ကျွန်မနှင့်အလုပ်တွဲလုပ်ဖို့ ပြောကြပြီး ကျွန်မအကုန်ပယ်ချခဲ့သည်။ ယခု ကျွန်မအမှုတော် ထမ်းဆောင်ဖို့ကိုသာ မြှုပ်နှံထားသည်။ ကျွန်မ စိတ်အရမ်းအေးချမ်းပြီး နေ့တိုင်းကျေနပ်မိသည်။ ဤသည်မှာ ရုပ်ဝတ္ထုများကရသည့်ပျော်ရွှင်မှုများ သို့မဟုတ် ကျော်ကြားမှုများ သို့မဟုတ် နာမည်ကြီးမှုများက မပေးနိုင်သည့်အရာတစ်ခု ဖြစ်သည်။ ကျွန်မကို ကယ်တင်ခဲ့သည့်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါသည်။