၅။ အဆင်မပြေမှုမှတစ်ဆင့် ကောင်းချီးရရှိခြင်း

ဂျပန်နိုင်ငံ၊ သူ့ကျွမ်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည်သတိရသည့်အခါ ၎င်း၏ ခရီးလမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ၎င်း၏လမ်းကို ဦးဆောင် လမ်းပြနေခဲ့ပြီး စီမံချက်ရေးဆွဲနေခဲ့သည်ကို မြင်ရပေသည်။ ယင်းသည် ၎င်းကိုယ်တိုင်မသိဘဲလျက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ခဲ့ပေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံနိုင်ဖို့၊ ၎င်း၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ မည်မျှ ကြီးမြတ်သည့် အခွင့်အလမ်း ဖြစ်ပါသနည်း။...လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်း လင်းလင်း မသိသည့်အခါ၊ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် မည်သည့်နေရာ၌ရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ ၎င်း၏အသက်ရှင်မှုနည်းလမ်းနှင့် ၎င်း၏ ပန်းတိုင်နောက်လိုက်ခြင်းက ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးသည်၊ ယင်းမှာ မိမိ၏ အတိတ်ကို ပြန်လှည့် ကြည့်ဖို့ ခံနိုင်ရည်မရှိသည့်အရာမျိုးဖြစ်သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အနှစ်မဲ့ခြင်းဟူသမျှကို ခါချပြီး ကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)”) ဒီ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တကယ်တို့ထိတယ်။ ကျွန်မရဲ့ အသက်တာကို တိတိကျကျ ဖော်ပြထားလို့လေ။

ကျွန်မက ဆင်းရဲတဲ့ ကျေးလက်ဒေသ မိသားစုတစ်ခုကနေ မွေးခဲ့တာပါ။ ကျွန်မ တစ်ဘဝလုံးမှာ လူတွေက ကျွန်မကို အထင်သေးခဲ့ကြတယ်။ ကျွန်မ မိသားစုက ဆင်းရဲတော့ ထမင်းနောက်တစ်နပ်က ဘယ်ကရောက်လာမလဲဆိုတာ မသိခဲ့ရဘူး။ ပြီးတော့ ကျွန်မ အစ်မရဲ့ အင်္ကျီအကျတွေကို ကျွန်မ ဝတ်ရတယ်။ အဝတ်တွေက ကြီးနေတယ်။ အတန်းဖော်တွေက ကျွန်မကို စနောက်ကြပြီးတော့ မပေါင်းချင်ကြဘူး။ ကျွန်မ ကလေးဘဝက တော်တော်နာခဲ့ရပါတယ်။ အဲဒီကနေစပြီးတော့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ငါ ကြီးလာရင် ပိုက်ဆံတွေ အများကြီး သေချာပေါက် ရှာမယ်။ ကောင်းမွန်တဲ့ဘဝကို နေထိုင်မယ်။ ဒါဆို ဘယ်သူမှ ငါ့ကို အထင်သေးတော့မှာမဟုတ်ဘူး။ ဆိုပြီးတော့။ ကျွန်မ မိသားစုက ပိုက်ဆံလုံးဝမရှိတော့ အလယ်တန်းကျောင်းမပြီးခင်မှာ ကျွန်မ ကျောင်းထွက်ခဲ့ရပြီး ကောင်တီ ဆေးဝါးဆိုင်ရာ စက်ရုံမှာ လုပ်ခဲ့ရတယ်။ ပိုက်ဆံနည်းနည်းပိုရအောင်လို့ ည ၁၀ နာရီအထိ အချိန်ပို ခဏခဏလုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ အစ်မက ဟင်းသီးဟင်းရွက်ကို ငါးရက် ရောင်းတာနဲ့ ကျွန်မရဲ့ လစာလောက် ရတယ်လို့ ကြားရတယ်။ ဟင်းသီးဟင်းရွက်ရောင်းဖို့အတွက် ဆေးဝါးဆိုင်ရာစက်ရုံကနေ ကျွန်မ ချက်ချင်း အလုပ်ထွက်ခဲ့လိုက်တယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကျွန်မ ယောက်ျားနဲ့ ကျွန်မ စားသောက်ဆိုင်တစ်ခု ဖွင့်ကြတယ်။ စားသောက်ဆိုင်ဖွင့်ရင် ပိုက်ဆံပိုရမယ်၊ ကြီးကျယ်ပြီး ဂုဏ်ရှိတဲ့ ဘဝကို နေနိုင်မယ်၊ တခြားလူတွေက အားကျပြီး အထင်ကြီးကြမယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒါပေမဲ့ အဲဒီစီးပွားရေးမှာ အပြိုင်အဆိုင်က ကြမ်းပြီးတော့ ကျွန်မတို့က ပိုက်ဆံချွေတာရအောင်လို့ စားပွဲထိုးတစ်ယောက်ပဲ ငှားခဲ့တာ။ မီးဖိုခန်းနဲ့ စားသောက်တဲ့နေရာကြား ပြေးနေရင်းနဲ့ ကျွန်မ အကုန်လုပ်ခဲ့တယ်။ တစ်ခါတလေ ကျွန်မ ရပ်ဖို့တောင် တော်တော်ပင်ပန်းနေတယ်။ တချို့ အစိုးရ အရာရှိတွေလာတတ်တယ်။ ဒါပေမဲ့ ဘယ်တော့မှ ပိုက်ဆံ မပေးဘူး။ ပြီးတော့ ဒဏ်ကြေးတွေ၊ အခွန်တွေလည်း အမျိုးမျိုးဆောင်ရတယ်။ တစ်ခါတလေမှာ ကျွန်မတို့ကို ဒဏ်ရိုက်ဖို့ ဘယ်လို အကြောင်းပြချက်မဆို ပြပြီးတော့ သူတို့ရဲ့ တစ်ရက်ဝင်ငွေရပြီး ပြန်သွားကြတယ်။ ကျွန်မ တော်တော် စိတ်တိုတယ်။ ဒါပေမဲ့ တရုတ်ပြည်မှာ ဒါနဲ့ပတ်သက်ပြီး ဘာမှမတတ်နိုင်ဘူး။ ခေါင်းငုံ့နေဖို့ပဲရှိတယ်။ ကျွန်မတို့ တတ်နိုင်သလောက် ကြိုးစား အလုပ်လုပ်ပေမဲ့ ပိုက်ဆံအများကြီး မရခဲ့ဘူး။ လုပ်တာ နည်းနည်းကြာလာတော့ ကျွန်မ စပြီးတော့ စိုးရိမ်လာတယ်။ “ပိုက်ဆံတွေအများကြီးနဲ့ ကောင်းမွန်တဲ့ ဘဝကို ငါ ဘယ်တော့နေရမှာလဲ” ဆိုပြီး စဉ်းစားမိတယ်။

၂၀၀၈ ခုနစ်မှာ သူငယ်ချင်းတစ်ယောက်က ကျွန်မကိုပြောတယ်။ ဂျပန်မှာ တစ်ရက်လုပ်တာက တရုတ်ပြည်မှာ ဆယ်ရက်လုပ်သလောက် ရနိုင်တယ်တဲ့။ ဒါကိုကြားတော့ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ နောက်ဆုံးတော့ ပိုက်ဆံရှာဖို့ အခွင့်ကောင်းတစ်ခုတော့ တွေ့ပြီဆိုပြီး တွေးမိတယ်။ ဂျပန်ကိုသွားဖို့အတွက် ပွဲစားခက များတယ်။ ဒါပေမဲ့ ကျွန်မက “အနာမခံရင် အသာမစံရဘူးလေ။ ဂျပန်မှာ အလုပ်တွေရနေသရွေ့ ငါတို့ အဲဒီပိုက်ဆံကို ခဏလေးနဲ့ ပြန်ရမှာပါ” ဆိုပြီး တွေးလိုက်တယ်။ အဲဒီ အိပ်မက်နောက်ကို လိုက်ဖို့ ကျွန်မ ယောက်ျားနဲ့ ကျွန်မ ဂျပန်ကို ချက်ချင်းပဲသွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဂျပန်ကိုရောက်တာနဲ့ ကျွန်မတို့ နေ့တိုင်း ၁၃ နာရီ ၁၄ နာရီလောက်အထိ အလုပ်လုပ်ရတယ်။ ကျွန်မတို့ အရမ်းကို ပင်ပန်းတယ်။ အလုပ်ပြီးရင် လဲှပြီးတော့ နားနေချင်တယ်။ အစာစားချင်စိတ်မရှိဘူး။ ကျွန်မ ကျောအောက်ပိုင်းက အမြဲတမ်းနာနေပြီး ဆရာဝန်ပြဖို့က မတတ်နိုင်ဘူး။ အဲဒါနဲ့ သက်သာအောင် အကိုက်အခဲပျောက်ဆေးတွေပဲ သောက်တယ်။ ကျွန်မက နာနေရုံတင်မကဘူး ကျွန်မ သူဌေးက ဆူတာကိုလည်း ခံရတယ်။ အလုပ်ဖော်တွေက အနိုင်ကျင့်တာကိုလည်း ခံခဲ့ရတယ်။ တစ်ခါတုန်းက အလုပ်သစ်မှာ စလုပ်တုန်း နည်းနည်းမှားသွားတယ်။ သူဌေးက ကျွန်မကို တော်တော်ဆူတယ်။ ကျွန်မ တော်တော်စိတ်ညစ်ပြီး ငိုမိတယ်။ ဒါပေမဲ့ တခြား ဘာတတ်နိုင်မှာလဲ။ ဆက်ပြီး ပိုက်ဆံရှာနိုင်အောင် ကျွန်မ ခံစားချက်တွေကို မျိုသိပ်ထားခဲ့ရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ခဏခဏပြောတယ်။ “အခုတော့ ခက်ခဲတယ်။ ဒါပေမဲ့ ပိုက်ဆံနည်းနည်းရလာရင် မတ်မတ်ရပ်နိုင်ပြီး လူတွေကို ဒဲ့ကြည့်လို့ရတယ်။ ငါ စိတ်ထိန်းထားမှ ဖြစ်မယ်။” ပေါ့။ ဒီလိုနဲ့ ပိုက်ဆံထုတ်တဲ့စက်တစ်ခုလို နေ့တိုင်း အလုပ်လုပ်ရင်းနဲ့ ကျွန်မ ဆက်သွားတယ်။ မျှော်လင့်မထားဘဲနဲ့ ၂၀၁၅ ခုနစ်မှာ အလုပ်ကြမ်းလုပ်ရာကနေ ပင်ပန်းပြီး ကျွန်မ နေမကောင်းဖြစ်ခဲ့တယ်။ ဆေးစစ်ကြည့်ဖို့ ဆေးရုံသွားလိုက်တယ်။ ဆရာဝန်ကပြောတယ်။ အာရုံကြောတစ်ခုပေါ် ဖိမိနေတဲ့ ချော်ထွက်နေတဲ့ ခါးရိုးပြားတစ်ခုရှိနေတယ်တဲ့။ အလုပ်ဆက်လုပ်ရင် ကျွန်မ အိပ်ရာပေါ်လဲပြီး ကိုယ့်ကိုယ်ကိုယ်လည်း စောင့်ရှောက်နိုင်မှာမဟုတ်ဘူး တဲ့။ ဒီသတင်းက ကျွန်မကို ရုတ်တရက် မိုးကြိုးပစ်လိုက်သလိုပါပဲ။ တစ်ခါတည်း ဘာအားအင်မှမရှိတော့သလို ခံစားခဲ့ရတယ်။ ကျွန်မ ဘဝမှာ စပြီး အဆင်ပြေလာနေပြီး ကျွန်မ အိပ်မက်က နီးလာနေပြီ။ ဒါပေမဲ့ ဒဏ်ရာရပြီး အဆုံးသတ်သွားတယ်။ ကျွန်မ ဒါကို လက်မခံနိုင်ခဲ့ဘူး။ ကျွန်မ စဉ်းစားတယ်။ “ငါ ငယ်သေးတယ်။ ငါ တောင့်ခံလိုက်ရင် ဒါကို ကျော်လွှားနိုင်မှာပါ။ အခု ပိုက်ဆံမရဘဲ လက်ဗလာနဲ့ တရုတ်ပြည်ကိုပြန်သွားရရင် ရှက်စရာကြီးမဟုတ်လား။” အဲဒါနဲ့ ကျွန်မ တောင့်ခံပြီး ကျွန်မရဲ့ ဒဏ်ရာရနေနဲ့ ကိုယ်ခန္ဓာကို အလုပ်ဆီကို ဆက်ပြီး ဆွဲခေါ်ခဲ့တယ်။ နာတာက ဆိုးလာရင် ဆေးပလာစတာတစ်ခုကပ်ပြီး ကြိုးစားပြီး လုပ်တယ်။ တစ်နေကုန်လုပ်တယ်။ ပြီးတော့ နာတာက ညပိုင်းမှာ တော်တော်ဆိုးတော့ အိပ်လို့မရခဲ့ဘူး။ ကျွန်မ လှည့်လို့တောင် သိပ်မရဘူး။ သုံးလေးရက်လောက်ကြာတော့ ကျွန်မ တော်တော်နေမကောင်းဖြစ်ပြီး အိပ်ရာကနေတောင် ကုန်းမထနိုင်ခဲ့ဘူး။

အိပ်ရာပေါ်မှာ လှဲနေရင်းနဲ့ ကျွန်မ တော်တော် အကူအညီမဲ့ပြီး အထီးကျန်သလို ခံစားခဲ့ရတယ်။ ကျွန်မ တွေးမိတယ်။ “ဒီလို ငယ်ရွယ်တဲ့ အချိန်မှာ ငါ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ရတာလဲ။ ငါ တကယ်ပဲ အိပ်ရာထဲ လှဲနေတော့မှာလား” ပေါ့။ ကျွန်မ ပြောပြလို့မရတဲ့ ဝမ်းနည်းမှုတစ်မျိုးကို ခံစားခဲ့ရတယ်။ ပြီးတော့ ကျွန်မ တွေးမိတယ်။ “လူက တကယ်တမ်း ဘာအတွက် အသက်ရှင်နေတာလဲ။ တကယ်ပဲ ပိုက်ဆံရှာပြီး ထင်ပေါ်ဖို့လား။ ပိုက်ဆံက တကယ်ပဲ ပျော်ရွှင်ခြင်းလို့ အဓိပ္ပာယ်ရသလား။ ပိုက်ဆံအတွက် ကိုယ့်ကိုယ်ကိုယ် အထိခိုက်ခံတာက တကယ် တန်ရဲ့လား” အရမ်း အပင်ပန်းခံပြီး အလုပ်လုပ်ခဲ့တဲ့ နှစ်၃၀ကျော်ကာလမှာ ကျွန်မ စက်ရုံမှာလုပ်ခဲ့တယ်။ ဟင်းသီးဟင်းရွက်တွေ ရောင်းခဲ့တယ်။ စားသောက်ဆိုင် ဖွင့်တယ်။ ဂျပန်ကို လာပြီး အလုပ်လုပ်ခဲ့တယ်။ ဒီခရီးတစ်လျှောက်မှာ ပိုက်ဆံနည်းနည်းရှာနိုင်ခဲ့တယ်။ ဒါပေမဲ့ တော်တော် ဆင်းရဲဒုက္ခရောက်ခဲ့တယ်။ အစတုန်းကတော့ ဂျပန်ကို လာရင် ကျွန်မ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မယ်၊ ညတွင်းချင်း ချမ်းသာပြီး အားကျဖို့ကောင်းတဲ့ ဘဝမှာ နေထိုင်ရမယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အိပ်ရာထဲ ရောက်နေခဲ့ရတယ်။ ဘီးတပ်ကုလားထိုင်ပေါ်မှာတောင် ကျွန်မ ဘဝကို ကုန်ဆုံးရနိုင်တယ်။ အဲဒီလို တွေးမိပြီး ကျွန်မ ပိုက်ဆံရပြီး သူများထက်သာဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံခဲ့တာကို အထူးသဖြင့် နောင်တရမိတယ်။ နစ်နာသလိုခံစားရတယ်။ စိတ်ဆင်းရဲပြီး ဝမ်းနည်းခဲ့ရတယ်။ ကျွန်မ ငိုပဲငိုနေမိခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲကနေ အော်ခေါ်မိတယ်။ “ဘုရားရေ ကျွန်မ ကိုကယ်ပါ။ ကျွန်မ ဘဝက ဘာလို့ အရမ်း ပင်ပန်း ခက်ခဲနေရတာလဲ။”

ကျွန်မ အကူအညီမဲ့ပြီး နာကျင်ခံစားနေရတဲ့အချိန်မှာပဲ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းက ကျွန်မဆီကို ရောက်လာခဲ့ပါတယ်။ ဘုရားကို ယုံကြည်တဲ့ အစ်မ နှစ်ယောက်နဲ့ ကျွန်မ မထင်မှတ်ဘဲ တွေ့ခဲ့ရတယ်။ သူတို့နဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး သမ္မာတရားနဲ့ပတ်သက်ပြီး သူတို့မိတ်သဟာယဖွဲ့တာကို နားထောင်ပြီးတော့ အရာအားလုံးကို ဘုရားက ဖန်ဆင်းခဲ့ပြီး စကြာဝဠာတစ်ခုလုံးကို ဘုရားသခင်က အုပ်စိုးတယ်၊ လူတိုင်းရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာရှိတယ်။ လူသားမျိုးနွယ်ကို ဘုရားက တစ်ချိန်လုံး လမ်းပြပြီး ထောက်ပံ့ပေးခဲ့တယ်၊ လူသားမျိုးနွယ်ကို အမြဲတမ်း စောင့်ရှောက်ကာကွယ်တယ်ဆိုတာတွေကို ကျွန်မ နားလည်ခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ခုမှာ ကျွန်မ မရှင်းသေးဘူး။ ကျွန်မတို့ ကံကြမ္မာကို ဘုရားသခင်က ထိန်းချုပ်တယ်။ ဘုရားသခင်က ကျွန်မတို့ကို တစ်ချိန်လုံး ဦးဆောင်လမ်းပြပြီး ကာကွယ်ပေးနေတယ်။ အဲဒီလိုဆိုရင် ကျွန်မတို့ ပျော်နေသင့်တာပေါ့။ ဒါဆိုရင် ကျွန်မတို့က ဘာလို့ ဖျားနာတာ၊ နာကျင်တာတွေကို ခံစားနေရတာလဲ။ ဘဝက ဘာလို့ အရမ်းခက်ခဲနေတာလဲ။ ဒီ နာကျင်မှုတွေက တကယ်တမ်း ဘယ်ကနေ လာနေတာလဲ။ အဲဒါကို ဒီအစ်မတွေကို ကျွန်မ မေးကြည့်တော့။

အစ်မချင်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တချို့ကို ဖတ်ပြတယ်။ “လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဘယ်အရာက လူတို့ကို ဤအရာများအား ရရှိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ထိုအရာများ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ထိုအရာများသည် လူသားများအနေဖြင့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာ ဆုတ်ယုတ်လာခဲ့သည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်၊ ယင်းက ၎င်းတို့ကို စတင် ညှဉ်းဆဲခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ လူသားမျိုးနွယ်၏ အနာရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး၊ သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ တိုး၍ တိုး၍၊ လူတို့သည် လူ့လောက၏ အနှစ်သာရကင်းမဲ့ခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်းအပြင်၊ ဆက်လက်ရှင်သန်နိုင်စွမ်းမရှိခြင်းတို့ကို ခံစားခဲ့ကြရပြီး၊ သူတို့သည် ကမ္ဘာလောကအတွက် မျှော်လင့်ချက် ပို၍ပို၍လျော့နည်းစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကီ ဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အရေးပါမှု”) ပြီးတဲ့အခါမှာ ဒီ မိတ်သဟာယကို ဝေမျှပါတယ်။ “ဘုရားသခင်က လူကို ဖန်ဆင်းခဲ့တဲ့အချိန်မှာ သူတို့ကို ဘုရားသခင်က အဖော်ပြုခဲ့တယ်။ ဂရုစိုက်ခဲ့တယ်။ ကာကွယ်ပေးခဲ့တယ်။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်း၊ သေခြင်း၊ ပူပန်ခြင်း၊ အမျက်ထွက်ခြင်းတွေ မရှိဘူး။ လူဟာ ဧဒင်ဥယျာဉ်မှာ ပူပင်စရာတွေမရှိဘဲ နေထိုင်ခဲ့ရတယ်။ ဘုရားသခင်က ပေးအပ်တဲ့ ပျော်မွေ့လို့ရတဲ့ အရာအားလုံးကို ပျော်မွေ့ကြတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုအောက်မှာ သူတို့ ပျော်ရွှင်ဝမ်းမြောက်စွာ နေထိုင်ခဲ့ကြတယ်။ ဒါပေမဲ့ လူက စာတန်ရဲ့ လှည့်စားပြီး ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်။ စာတန်ရဲ့ အလိမ်အညာတွေကို သူတို့ ယုံခဲ့ပြီး အပြစ်လုပ်တယ်။ ဘုရားကို သစ္စာဖောက်ခဲ့တယ်။ အဲဒါကြောင့် ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကွယ်ကာမှုကို ဆုံးရှုံးခဲ့ရတယ်။ အဲဒီကတည်းက ကျွန်မတို့ဟာ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ နေထိုင်ခဲ့ရပြီး မှောင်မိုက်ခြင်းထဲကို သက်ဆင်းခဲ့ရတယ်။ ပင်ပန်းတဲ့၊ ပူပန်ရတဲ့၊ နာကျင် ဝမ်းနည်းရတဲ့ ဘဝတွေကို ကျွန်မတို့ နေထိုင်ရတယ်။ နှစ်ထောင်ပေါင်းများစွာအထိ စာတန်က ရုပ်ဝါဒ၊ ဘုရားမဲ့ဝါဒ နဲ့ ဆင့်ကဲဖြစ်စဉ်တို့လို မိစ္ဆာဒိဌိ နဲ့ အယူအမှားတွေကို အဆက်မပြတ် အသုံးပြုခဲ့တယ်။ ပြီးတော့ ‘လောကမှာ ဘုရားဆိုတာ မရှိဘူး’ ‘လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏’ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ‘ထင်ပေါ်အောင်နေ၍ ဘိုးဘေးတို့အား ဂုဏ်တက်စေပါ’ ‘လူသားသည် ချမ်းသာကြွယ်ဝရန် မည်သည့်အရာကိုမဆို လုပ်လိမ့်မည်’ ‘ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်’ စတဲ့ လူတွေကို လမ်းမှားစေပြီး ထိခိုက်နစ်နာစေဖို့ နာမည်ကြီးပြီး ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တွေ ဖြန့်တဲ့ နီတိစကားတွေကို အသုံးပြုခဲ့တယ်။ ဒီ ဆိုးယုတ်တဲ့ အယူမှားတွေကို လက်ခံပြီးနောက်မှာ လူတွေက ဘုရားရဲ့ တည်ရှိမှုနဲ့ စည်းမျဉ်းတွေကို ငြင်းပယ်ခဲ့ကြတယ်။ ဘုရားနဲ့ ဝေးကွာစေပြီး ဘုရားကို သစ္စာဖောက်ခဲ့ကြတယ်။ သူတို့က ပိုပြီး မာနထောင်လွှားလာကြတယ်။ စိတ်ကြီးဝင်လာကြတယ်။ ပိုပြီးတော့ တစ်ကိုယ်ကောင်းဆန်လာတယ်။ ကောက်ကျစ်လာတယ်။ ရန်လိုလာတယ်။ လူတွေဟာ နာမည်ကြီးဖို့၊ ဂုဏ်အဆင့်အတန်းနဲ့ ချမ်းသာကြွယ်ဝမှုအတွက် လျှို့ဝှက်ကြံစည်ကြတယ်။ တိုက်ခိုက်ကြတယ်။ သတ်ကြတယ်။ ခင်ပွန်းနဲ့ ဇနီးတွေ၊ မိတ်ဆွေတွေက အချင်းချင်း လိမ်ကြတယ်။ သစ္စာဖောက်ကြတယ်။ အဖေနဲ့သားတောင်မှ ရန်ဖြစ်ကြပြီး ညီအစ်ကိုတွေက တိုက်ခိုက်ကြတယ်။ ကျွန်မတို့ရဲ့ သင့်လျော်တဲ့ လူသားဆန်မှုက လုံးဝ ပျောက်ဆုံးနေပြီး လူသားဆိုတာထက် သားရဲကောင်တွေလို နေထိုင်ကြတယ်။ စာတန်ရဲ့ အယူမှားတွေက လူတွေအများကြီးကို ထိခိုက်စေခဲ့တယ်။ သူတို့က ထိန်းချုပ်နိုင်တယ်၊ ပြောင်းလဲနိုင်တယ်လို့ ထင်ပြီး သူတို့ရဲ့ ကံကြမ္မာကို ကြိုးစားယှဉ်ပြိုင်ကြတယ်။ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ကြိုးစားကြပြီး သူတို့ရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်ရုံမကဘူး ကြိုးစားရင်းနဲ့ သူတို့ကိုယ်သူတို့ ဖျက်ဆီးကြတယ်။ လူသားမျိုးနွယ်ဟာ စာတန်ရဲ့ လှည့်စားခြင်း၊ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်။ ကျွန်မတို့ဟာ တစ်နေကုန် အပင်ပန်းခံတယ်။ ကိုယ်ရော စိတ်ကိုပါ ညှင်းပန်းကြတယ်။ ဖျားနာတာ၊ ဒုက္ခခံရတာတွေ မျိုးစုံက မြှင့်တက်လာတယ်။ ဒီ ဆင်းရဲဒုက္ခတွေနဲ့ ပူပင်သောကတွေက ဒီ ကမ္ဘာမှာ လူ့ဘဝဟာ သိပ်ခက်ခဲ ပင်ပန်းလွန်းတယ်ဆိုပြီး ကျွန်မတို့ကို ခံစားရစေတယ်။ ဒါတွေအားလုံးက စာတန်က လူကို ဖျက်ဆီးပြီးတဲ့နောက်မှာ ရောက်လာတာပါ။ ဒါ စာတန်က ကျွန်မတို့ကို ထိခိုက်နေတာပါ။ ပြီးတော့ လူသားမျိုးနွယ်က ဘုရားကို ငြင်းပယ်ပြီး သစ္စာဖောက်တဲ့ ခါးသီးတဲ့ ရလဒ်လည်းဖြစ်ပါတယ်။”

လူရဲ့ ဖျားနာခြင်းက စာတန်ဆီကနေ အရင်းခံလာတယ်ဆိုတာ အစ်မချင်ရဲ့ မိတ်သဟာယက ကျွန်မကို ပြခဲ့တယ်။ စာတန်က လူကို ဖျက်ဆီးပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကွယ်ကာမှုကို ကျွန်မတို့ ဆုံးရှုံးခဲ့ပြီး ဖျားနာမှု၊ နာကျင်မှု မျိုးစုံ ပေါ်လာခဲ့တယ်။ ပြီးတော့ အစ်မက ဒီလိုပြောတယ်။ “လူသားမျိုးနွယ်ကို စာတန်က ကစားနေပြီး နှိပ်စက်နေတာကို ဘုရားသခင်က မကြည့်ရက်ဘူး။ လူသားမျိုးနွယ်ကို ရွေးနုတ်ပြီး ကယ်တင်ဖို့အတွက် ဘုရားသခင်က နှစ်ကြိမ် လူ့ဇာတိခံယူခဲ့တယ်။ ပထမအကြိမ်မှာ သခင်ယေရှုအဖြစ် လူ့ဇာတိခံခဲ့တယ်။ ကျွန်မတို့ကို အပြစ်ကနေ ရွေးနုတ်ဖို့ လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် ကားစင်တင်ခံခဲ့တယ်။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်မတို့ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အပြစ်ပြုတဲ့သဘာဝက ကျန်ရှိနေပြီး အပြစ်ကနေ ကျွန်မတို့ အပြည့်အဝ မလွတ်မြောက်သေးပါဘူး။ ကျွန်မတို့တွေ စာတန်ဆီကနေ အပြည့်အဝ ကယ်တင်ခံရဖို့၊ အပြစ်ကို ဖယ်ရှားဖို့၊ သန့်စင်ပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ခေါ်ဆောင်ခံရဖို့အတွက် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို လုပ်ဆောင်ဖို့ ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ လူသားတွေကြားမှာ နောက်တစ်ခါ လူ့ဇာတိခံယူခဲ့ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီးတော့ ဖတ်ရင် သမ္မာတရားကို ကျွန်မတို့ နားလည်နိုင်ပြီး ပိုင်းခြားသိမြင်မှု ရှိလာနိုင်ပါတယ်။ စာတန်က လူကို ဘယ်လို ဖျက်ဆီးတယ်ဆိုတာကို နားလည်ပြီး စာတန်ရဲ့ မကောင်းတဲ့ အနှစ်သာရကို ထိုးထွင်းမြင်ရလိမ့်မယ်။ အဲဒီအခါ စာတန်ကို ကျွန်မတို့ ငြင်းပယ်နိုင်ပြီး စာတန်ရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်နိုင်တယ်။ ဒါဆိုရင် စာတန်က ကျွန်မတို့ကို မကစားနိုင်တော့ဘူး၊ မထိခိုက်နိုင်တော့ဘူး။” ဆိုပြီး ပြောတယ်။ ကျွန်မတို့ကို ကယ်တင်ဖို့အတွက် ဘုရားသခင်က ကိုယ်တိုင်ကြွလာခဲ့တယ်ဆိုတာကို ကြားတော့ ကျွန်မ တော်တော်ပျော်ခဲ့တယ်။ စာတန်က ကျွန်မကို ဒီလို ဆက်ပြီး ထိခိုက်နေမှာကို ကျွန်မ တကယ် မလိုချင်ခဲ့ဘူး။ ဒါပေမဲ့ စာတန်က ကျွန်မကို ဘယ်လိုမျိုး ထိခိုက်နေတယ်ဆိုတာ သေချာမသိဘူး။ အဲဒါနဲ့ အစ်မတွေကို မေးလိုက်တယ်။ “ကျွန်မ လူတွေထက်သာပြီး ထင်ပေါ်ဖို့အတွက် အရမ်းအလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ မခံနိုင်လောက်အောင် နာကျင်ခဲ့ရတယ်။ ကျွန်မကို ဒီလိုဖြစ်စေတာက စာတန်လား။”

အဲဒီမှာ အစ်မကျန်းက ကျွန်မ မေးခွန်းနဲ့ပတ်သက်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တချို့ကို ဖတ်ပြတယ်။ “စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေလေသည်၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။...လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)”)

ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ စာတန်ဟာ လူကို ဖျက်ဆီးဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ဘယ်လိုအသုံးချသလဲဆိုတာနဲ့သက်ဆိုင်တဲ့ သမ္မာတရားကို သူ မိတ်သဟာယပြုတယ်။ အဲဒီအခါကျမှ စာတန်က ဘယ်လောက် မုန်းစရာကောင်းသလဲဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ စာတန်က ဘဝအတွက် သူ့ရဲ့စည်းမျဉ်းတွေနဲ့ ကျွန်မတို့ကို အယူဝါဒသွတ်သွင်းဖို့ ကျောင်းပညာရေးနဲ့ လူမှုဆိုင်ရာလွှမ်းမိုးမှုတွေကို အသုံးပြုတယ်။ “အနာခံမှ အသာစံရမည်” “လူတွေရှေ့တွင် ဂုဏ်ရှိလိုလျှင် လူတွေနောက်တွင် ဒုက္ခခံရမည်” “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” ဆိုတာမျိုးတွေပေါ့။ ဒီ ဘဝစည်းမျဉ်းတွေရဲ့ လှည့်စားတာကို ခံရပီး လူတွေက သူတို့ဟာ ပိုက်ဆံမရှိဘဲ အသက်မရှင်နိုင်ဘူး၊ ချမ်းသာသွားတာနဲ့ တခြားလူတွေက သူတို့ကို အထင်ကြီးကြမယ်၊ သူတို့တွေ ဂုဏ်ရှိမယ်၊ ဆင်းရဲတယ်ဆိုတာ တန်ဖိုးမရှိတာလို့ မြင်လာကြတယ်။ ဒါကြောင့် လူတွေက ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် တစ်ဘဝလုံး ကြိုးစားကြတာ။ အကျိုးဆက်က ဘာတွေပဲဖြစ်ဖြစ် ဒါတွေကို ရဖို့အတွက် ဘာမဆိုလုပ်ကြတယ်။ လူတွေက ပိုပြီးတော့ ဖောက်ပြန်ပျက်စီးလာပြီး သူတို့ဘဝတွေက ပိုပြီး နာကျင်စရာကောင်းလာတယ်။ ဒါဟာ ကျွန်မတို့အပေါ်မှာရှိနေတဲ့ စာတန်ရဲ့ အချုပ်အနှောင်ပဲ။ ကျွန်မတို့ကို ဖျက်ဆီးဖို့အတွက် စာတန်ရဲ့ လှည့်ကွက်လည်းဟုတ်တယ်။ တခြားလူတွေ ကျွန်မကို အထင်ကြီးအောင် ပိုက်ဆံပိုရဖို့အတွက် သူများတွေထက်သာအောင် ကြိုးပမ်းရင်းနဲ့ ကျွန်မ ပိုက်ဆံထုတ်တဲ့စက်လို ဖြစ်လာတယ်။ ကျွန်မရဲ့ လိုအင်ဆန္ဒက ကြီးလာတယ်။ ဘယ်တော့မှ ကျေနပ်မှုမရှိဘူး။ ကျွန်မရဲ့ ကျန်းမာရေးကို ထိခိုက်လာတဲ့အခါမှပဲ မရပ်ချင်ဘဲ ရပ်လိုက်ရတယ်။ ကျွန်မက ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ ကျွန်ဖြစ်လာခဲ့တာပါ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်လိုက်တာက ကျွန်မဘဝကို အရမ်းခက်ခဲ ပင်ပန်းစေတယ်။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ အဲဒါတွေကို ရှာဖွေရင်း နာကျင်မှုတွေ ပြည့်လာပြီး ဒဏ်ရာရသွားခဲ့တယ်။ ဒီ ဒုက္ခတွေအားလုံးက စာတန်ရဲ့ ထိခိုက်မှုနဲ့ ဖျက်ဆီးမှုကို ခံရပြီးဖြစ်လာတာပါ။ ဘုရားနှုတ်ကပတ်တော်တွေက ဖွင့်ပြခြင်းမရှိရင် ကျော်ကြားမှုနဲ့ အကျိုးအမြတ်က လူသားအပါ် စာတန်ရဲ့ အချုပ်အနှောင်ဆိုတာကို သိဖို့ မပြောနဲ့ လူကို ဖျက်ဆီးဖို့အတွက် စာတန်က ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးချတယ်ဆိုတာ ကျွန်မ လုံးဝ သိမှာမဟုတ်ဘူး။

နောက်ပိုင်းမှာ အစ်မချင်က ကျွန်မဆီကိုလာပြီး မိတ်သဟာယတွေ အများကြီးဖွဲ့တယ်။ အချိန်ကြာလာတော့ စာတန်က လူကို ဖျက်ဆီးဖို့အတွက် အသုံးပြုတဲ့ နည်းလမ်းတွေကို ကျွန်မ စပြီးတော့ မြင်လာတယ်။ ဘာက အရေးကြီးဆုံးဆိုတာလဲ ကျွန်မ နားလည်လာတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ သမ္မာတရားကို အားထုတ်ခြင်း၊ ဘုရားသခင်ရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံခြင်းပါ။ ဒါကသာ အသက်ရှင်ဖို့အတွက် အဓိပ္ပာယ်အရှိဆုံး၊ ပျော်စရာအကောင်းဆုံးနည်းဖြစ်ပြီးတော့ ဘုရားသခင် ချီးမွမ်းတဲ့ တစ်ခုတည်းသော လမ်းပါပဲ။

တစ်နေ့မှာ ကျွန်မရဲ့ အလုပ်ဖော်တစ်ယောက်က ပိုက်ဆံရသလောက်ရှာဖို့အတွက် ဂျပန်ကို သူ့အမျိုးသားနဲ့ရောက်လာတာဆိုတာကို သိလိုက်ရတယ်။ သူတို့က ပိုက်ဆံ နည်းနည်းရလာပေမဲ့ သူ့အမျိုးသား ကျန်းမာရေးက နောက်ပိုင်းမှာ ဆိုးလာပြီး ဆေးကုဖို့အတွက် တရုတ်ပြည်ကို ပြန်သွားလိုက်ရတယ်။ သူ့မှာ ကင်ဆာနောက်ဆုံးအဆင့်ရှိနေတာကို သိလိုက်ရတယ်။ သူတို့မိသားစုလည်း ဝမ်းနည်း ထိတ်လန့်ပြီး နေခဲ့ရတယ်။ သူ့ရဲ့ ကံဆိုးမှုကနေတစ်ဆင့် ကျွန်မတို့ရဲ့ ထိလွယ်ရှလွယ် ဘဝနဲ့ ဘဝတန်ဖိုးကို သေချာခံစားလိုက်ရတယ်။ ဘဝမရှိရင် ပိုက်ဆံပိုရတော့ ဘာလုပ်မှာလဲ။ ပိုက်ဆံက ဘဝကို ဝယ်လို့ရသလား။ နောက်ပိုင်းမှာ ကျွန်မ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကို ဖတ်ပါတယ်။ “လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)”) ကျွန်မတို့က ဘုရားကို မယုံကြည်ရင်၊ သမ္မာတရားကို နားမလည်ရင်၊ စာတန်ရဲ့ အကြံအစည်တွေကို ကျွန်မတို့ မရိပ်မိနိုင်ဘူးဆိုတာ၊ စာတန်ဟာ လူတွေကို ဖျက်ဆီးဖို့အတွက် ပိုက်ဆံနဲ့ နာမည်ကျော်ကြားမှုကို အသုံးပြုတာကို ကျွန်မတို့ မမြင်နိုင်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပိုသိမြင်စေခဲ့ပါတယ်။ ကျွန်မတို့ဟာ ပြန်မထွက်နိုင်တဲ့ ဒီ ဝဲဂယက်ထဲကို စုပ်ယူခံခဲ့ရတာပါ။ ကျွန်မတို့ဟာ ကိုယ်တိုင်သတိမထားမိလိုက်ဘဲ စာတန်က အရူးလုပ်တာ၊ ထိခိုက်တာကို ခံခဲ့ရပြီး ကိုယ့်ဘဝတွေကိုတောင် ဖျက်ဆီးခဲ့ကြတယ်။ တော်တော် ဝမ်းနည်းဖို့ ကောင်းပါတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို အများကြီးဖတ်ခြင်းကြောင့် နောက်ဆုံးမှာ ဒါတွေကို ကျွန်မ နားလည်လာခဲ့ပြီ။ ကျွန်မသာ ယုံကြည်ခြင်း မရှိခဲ့ရင်၊ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်ခဲ့ရင် စာတန်ရဲ့ ဖျက်ဆီးခြင်းကို ကျွန်မ ဘယ်တော့မှ ဖယ်ရှားပစ်နိုင်မှာမဟုတ်ဘူး။ လွတ်လမ်းမရှိဘဲနဲ့ အမှောင်ထဲ၊ နာကျင်မှုထဲမှာပဲ ရုန်းကန်နေရမှာပါ။

ကျွန်မ ဒဏ်ရာရနေတုန်းမှာ အသင်းတော်က အစ်မတွေက ကျွန်မကို ခဏခဏလာကြည့်ပြီး နာနေတာတွေကို သက်သာအောင်လုပ်ပေးခဲ့ပါတယ်။ ကျွန်မကို သူတို့ မိသားစုလိုပဲ အိမ်အလုပ်တွေလုပ်ပေးပြီး စောင့်ရှောက်ပေးတယ်။ နိုင်ငံရပ်ခြားမှာ နေနေရတော့ ဒီအစ်မတွေ ကျွန်မကို ဂရုစိုက်စောင့်ရှောက်နေတာတွေအပေါ် တော်တော်ကို စိတ်ခံစားမိတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပိုပြီးတော့ ကျေးဇူးတင်မိတယ်။ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကွယ်ကာမှုကြောင့် ကျွန်မ သတိမထားမိခင်မှာပဲ သက်သာလာခဲ့တယ်။

နောက်ပိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဒီအပိုဒ်ကို ဖတ်မိပါတယ်။ “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည်သတိရသည့်အခါ ၎င်း၏ ခရီးလမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ၎င်း၏လမ်းကို ဦးဆောင် လမ်းပြနေခဲ့ပြီး စီမံချက်ရေးဆွဲနေခဲ့သည်ကို မြင်ရပေသည်။ ယင်းသည် ၎င်းကိုယ်တိုင်မသိဘဲလျက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ခဲ့ပေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံနိုင်ဖို့၊ ၎င်း၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ မည်မျှ ကြီးမြတ်သည့် အခွင့်အလမ်း ဖြစ်ပါသနည်း။ လူတစ်ဦးသည် ကံကြမ္မာအပေါ် အပျက်သဘောဆောင်သည့် သဘောထားရှိပါက၊ ၎င်းတို့အတွက် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို သူတို့ခုခံနေကြောင်း၊ ၎င်းတို့တွင် ကျိုးနွံနာခံသည့် သဘောထားမရှိကြောင်းကို ယင်းက သက်သေပြပေသည်။ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တစ်ဦးတစ်ယောက်သည် အပြု သဘောဆောင်သည့် သဘောထားရှိပါက သူ့ခရီးကို ပြန်ကြည့် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သဘောပေါက်လာသည့်အခါ၊ ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ကျိုးနွံနာခံဖို့ သာ၍ လေးလေးနက်နက် ဆန္ဒရှိလာလိမ့်မည်၊ ၎င်း၏ ကံကြမ္မာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပြုဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းအား ရပ်ဖို့၊ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှု ပိုပြီးရှိလာလိမ့်မည်။ အကြောင်းမှာ ၎င်းသည် ကံကြမ္မာကို နားလည်သဘောပေါက်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းမရှိသည့်အခါ၊ မြူများကိုဖြတ်သွားရင်း ဒယိမ်းဒယိုင်နှင့် ကိုယ့်သဘောနှင့် စမ်းတဝါးဝါးသွားသည့်အခါ ခရီးက အလွန်ခက်ခဲသည်။ အလွန် ကြေကွဲဖွယ်ကောင်းပါသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ၊ ပါးနပ်သူများက ဤအချက်ကို သိဖို့၊ လက်ခံဖို့၊ ၎င်းတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားသည့်အချိန်တွင် နာကျင်ရသည့် နေ့ရက်များကို နှုတ်ဆက်လိုက်ဖို့၊ ကံကြမ္မာကို ဆန့်ကျင်ရုန်းကန်ခြင်းနှင့် ကိုယ်ပိုင်နည်းလမ်းများဖြင့် ၎င်းတို့၏ ဘဝပန်းတိုင်ဟု ၎င်းတို့ခေါ်သည့် အရာများနောက် လိုက်စားခြင်းအား ရပ်တန့်ဖို့ ရွေးချယ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်း လင်းလင်း မသိသည့်အခါ၊ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် မည်သည့်နေရာ၌ရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ ၎င်း၏အသက်ရှင်မှုနည်းလမ်းနှင့် ၎င်း၏ ပန်းတိုင်နောက်လိုက်ခြင်းက ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးသည်၊ ယင်းမှာ မိမိ၏ အတိတ်ကို ပြန်လှည့် ကြည့်ဖို့ ခံနိုင်ရည်မရှိသည့်အရာမျိုးဖြစ်သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အနှစ်မဲ့ခြင်းဟူသမျှကို ခါချပြီး ကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သိပ် လက်တွေ့ကျတယ်။ တစ်ကြောင်းစီတိုင်းက ကျွန်မ စိတ်နှလုံးထဲအထိ ရောက်ပါတယ်။ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်မတို့က သူ့ရဲ့ ဖန်ဆင်းခံတွေဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ပါတယ်။ လူတိုင်းရဲ့ အသက်က ဘုရားလက်ထဲမှာရှိပြီး သူ့ရဲ့ ထိန်းချုပ်မှုနဲ့ စီစဉ်မှု အောက်မှာရှိပါတယ်။ ဘဝမှာ ကျွန်မတို့ရတဲ့ အရာရာတိုင်းက ဘုရားရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး ဘုရားက ကြိုတင်စီမံထားပြီးသားပါ။ ဟိုဟိုဒီဒီပြေးလွှားနေတာက အရေးပါတဲ့အချက်မဟုတ်ဘူး။ ဘုရားသခင်က ကျွန်မတို့ကို ဘယ်လောက်ပဲ ပေးပေး ဒါ ကျွန်မတို့ ရမယ့်ဟာပဲ။ ဘုရားသခင်က ကျွန်မတို့ကို မပေးဘူးဆိုရင် ဘယ်လောက်ပဲလုပ်လုပ် အလကားပဲ ဖြစ်လိမ့်မယ်။ “လူက စိုက်ပျိုးတယ် ဘုရားက ရိတ်သိမ်းဖို့သတ်မှတ်တယ်” “လူက ကြံရွယ်တယ် ဘုရားက စီမံတယ်” ဆိုတဲ့ စကားတွေလိုပေါ့။ ကျွန်မတို့ အသက်တာမှာ ဖန်ဆင်းရှင်ရဲ့ အုပ်စိုးမှုနဲ့ စီစဉ်မှုတွေကို နာခံသင့်တယ်။ ဒါ အသက်တာမှာ ပျော်ရွှင်ဖို့အတွက် လျှို့ဝှက်ချက်ပဲ။ ငွေနဲ့ ရာထူးအဆင့်အတန်းက လောကီပိုင်ဆိုင်မှုတွေဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်ကိုလိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် စိတ်နှစ်မြုပ်ထားတော့ အဆုံးမှာ ကိုယ်ရလိုက်တာက ဗလာဖြစ်ခြင်းနဲ့ နာကျင်မှုပဲ။ နောက်ဆုံးမှာ စာတန်ရဲ့ ဝါးမျိုခြင်းကို ခံရတယ်။ “အနာခံမှ အသာစံမည်” ဆိုတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေအတိုင်း အသက်ရှင်ပြီး ပိုက်ဆံနဲ့ ကျော်ကြားမှုနောက်ကိုလိုက်ခဲ့တာတွေကို ကျွန်မ ပြန်စဉ်းစားကြည့်တယ်။ ကျွန်မ ပျော်ရွှင်တဲ့ဘဝကို ရပြီး တခြားလူတွေက အထင်ကြီးအားကျကြတာကို ခံရမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒါတွေအစား ကျွန်မရမှာက နာကျင်မှုနဲ့ ခါးသီးမှုဆိုတာ ကျွန်မ မမျှော်လင့်ခဲ့မိဘူး။ ဘာငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုမှ မရှိခဲ့ပါဘူး။ အခု ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရတော့ ဘုရားအလိုတော်ကို ကျွန်မ နားလည်တယ်။ ကျွန်မရဲ့ ကံကြမ္မာကို ကျွန်မ ဖက်မပြိုင်ချင်တော့ဘူး။ ပြီးတော့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်ကိုလည်း တကယ်ကို မလိုက်ချင်တော့ဘူး။ အဲဒါ ကျွန်မလိုချင်တဲ့ အသက်တာမဟုတ်တော့ဘူး။ အသက်တာမှာ တခြားနည်းလမ်းနဲ့သွားဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ပြီးတော့ ကျွန်မ ဖြစ်ချင်တာက ကျွန်မရဲ့တစ်ဘဝလုံးကို ဘုရားသခင်က စီစဉ်ပေးဖို့အတွက် ဘုရားလက်ထဲကိုအပ်ဖို့၊ ဘုရားကို နာခံအောင် ကြိုးစားပြီး ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ပါပဲ။

ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ဝတ်ပြုအစည်းအဝေးတွေအတွက် အချိန်ရအောင် ကျွန်မရဲ့ အရင်အလုပ်ကို စွန့်လွှတ်လိုက်ပြီး ပိုလွယ်တဲ့ အလုပ်သစ်တစ်ခုရခဲ့တယ်။ အလုပ်မလုပ်တဲ့အချိန်ဆို ဘုရားနှုတ်ကပတ်တော်တွေကို ခဏခဏဖတ်တယ်။ ကျွန်မ ပိုဖတ်လေလေ၊ ကျွန်မ စိတ်နှလုံးက ဝမ်းမြောက်လေလေပဲ။ လူသားရဲ့ အပြစ်ပြုခြင်း အရင်းအမြစ်ကိုလည်း ကျွန်မ သိခဲ့တယ်။ ဘုရားက လူသားမျိုးနွယ်ကို အဆင့်ဆင့် ကယ်တင်ပုံ၊ လူသားက ဘာအတွက် အသက်ရှင်သင့်တယ်၊ အဓိပ္ပာယ်ရှိတဲ့ အသက်တာကို ဘယ်လိုအသက်ရှင်သင့်တယ် ဆိုတာတွေကို ကျွန်မ နားလည်လာတယ်။ ကျွန်မတို့ အတွေ့အကြုံတွေကို ဝေမျှပြီး ဘုရားနှုတ်ကပတ်တော် သီဆိုဖို့ လေ့ကျင့်ဖို့အတွက် ညီအစ်ကို မောင်နှမတွေနဲ့ ခဏခဏ အတူတူတွေ့ဖြစ်တယ်။ ကျွန်မအသက်တာက အခု အရမ်းပျော်စရာကောင်းပါတယ်။ ကျွန်မ အရင်ကလောက် ပိုက်ဆံမရဘူး။ ဒါပေမဲ့ တစ်ခါမှ မရှိခဲ့ဘူးတဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ကျွန်မ ခံစားရတယ်။ အခု ပြန်စဉ်းစားကြည့်တော့ ကျွန်မဟာ အဆင်မပြေမှုကနေတစ်ဆင့် ကောင်းချီးရခဲ့တာပါ။ ဒါ တကယ်ကို ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပါပဲ။

အရှေ့သို့- ၄။ မောဘ၏ အမျိုးအနွယ်တို့ကို စမ်းသပ်မှု

နောက်တစ်ခုသို့- ၆။ ကျော်ကြားမှုနဲ့ အောင်မြင်မှုဟာ နာကျင်စရာတွေကို ယူဆောင်လာခဲ့တယ်

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၁။ လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

ပြင်သစ်၊ ရှီးယွမ်လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

တရုတ်နိုင်ငံ ကွမ်ရှီး ဒေသ၊ ရှင်းကျယ်အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၇၅။ ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

တရုတ်နိုင်ငံ ကျိလင် စီရင်စု၊ ကျုံးရှင်းအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက်...

၁၁။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

အမေရိကန်နိုင်ငံ၊ ရှင့်ရှင်းအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်