၁၈။ ကျွန်မ၏အထင်လွဲခြင်းများနှင့် သတိထားခြင်းတို့အားဖြင့် ဘေးဖြစ်ခြင်း

ဆူရှင်း တရုတ်နိုင်ငံ

များမကြာမီအချိန်က ကျွန်မ၏ အသင်းတော်ခေါင်းဆောင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့ကျသော အလုပ်ကို မလုပ်သောကြောင့် သူမ၏ရာထူးကို ဆုံးရှုံးခဲ့ရသည်၊ ပြီးလျှင် အခြားညီအစ်ကို မောင်နှမများက သူမ၏နေရာကို ယူဖို့ ကျွန်မကို ရွေးကောက်ခဲ့ကြသည်။ ရွေးကောက်မှု၏ အကျိုးဆက်က ကျွန်မကို စိုးရိမ်သွားစေသည်။ ခေါင်းဆောင်တစ်ဦးဖြစ်ရခြင်းက သမ္မာတရားကို နားလည်ခြင်းတစ်ခုနှင့် အခြားသူများ၏အသက် ဝင်ရောက်မှုရှိ ၎င်းတို့၏အခက်အခဲများကို ဖြေရှင်းနိုင်စွမ်း တစ်ခု လိုအပ်သည်။ ယင်းက ဝန်ထုပ်တစ်ခုကို တာဝန်ယူထမ်းခြင်းနှင့် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်းကိုလည်း ဆိုလိုသည်။ ယခင်က ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွန်မ အစေခံခဲ့ဖူးသော်လည်း၊ ကျွန်မသည် နာမည်ကောင်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားနေပြီး လက်တွေ့ကျသော အလုပ်ကို မလုပ်နိုင်ခဲ့သောကြောင့်၊ အဆုံး၌ အမြဲ အစားထိုးခံခဲ့ရသည်။ ယခုအကြိမ်တွင် ဘုရားသခင်၏ အိမ်တော်နှင့်သက်ဆိုင်သည့် အလုပ်နှင့် အသင်းသားများ၏ အသက်ဝင်ရောက်ခြင်းတို့ကို ဟန့်တားနှောင့်ယှက်ခြင်းအပြင်၊ ကျွန်မ၏အလုပ်ကို ကျွန်မ ကောင်းစွာ မလုပ်ဆောင်ပါက၊ အညှာတာဆုံးအနေဖြင့် ကျွန်မ အလုပ်ထုတ်ခြင်းခံရမည် ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် ထုတ်ဖော်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းကို ကျွန်မ ခံရနိုင်သည်။ ကျွန်မသည် နောက်တစ်ကြိမ် ခေါင်းဆောင် တစ်ဦးဖြစ်ခြင်း၊ ပိုမိုမြင့်မားသော ဂုဏ်ဒြပ်ကို ရှာဖွေခြင်းတို့ကို စိတ်မဝင်စားခဲ့ပါ။ ကျွန်မက လျှိုနေပြီး မိမိ၏တာဝန်ကိုသာ ကောင်းမွန်စွာ ဆောင်ရွက်လိုခဲ့သည်။ ထို့ကြောင့် ကျွန်မက “မရဘူး၊ ကျွန်မ လုပ်နိုင်စွမ်းရှိပါဘူး။” ဟု ပြောရင်း၊ ယင်းကို ချက်ချင်း ငြင်းခဲ့ပြီး ဆင်ခြင်မျိုးစုံ ပေးခဲ့ပါသည်။ ယင်းမှာ အကျိုးအကြောင်းဆီလျော်ပြီး၊ မိမိကိုယ်ကိုယ် သတိရှိရှိ လုပ်ဆောင်သော အမှုအရာ တစ်ခုဟု ယုံကြည်စိတ်ချမှု ရှိသော်လည်း၊ နောက်ပိုင်းတွင် ညီအစ်ကို မောင်နှမများဖြင့် မိတ်သဟာယ ပြုခြင်းအားဖြင့်သာလျှင် ကျွန်မသည် “အမြင့်ရောက်လေ၊ အကျနာလေပင်။” နှင့် “ထိပ်ဆုံးတွင် အထီးကျန်၏။” တို့ကဲ့သို့ ဆိုးယုတ်သော အဆိပ်များ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေခဲ့သောကြောင့်၊ ခေါင်းဆောင်မှုကို တာဝန်ယူရန် ကျွန်မ၏ဝန်လေးမှုကို ကျွန်မ သတိပြုမိခဲ့သည်။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် အန္တရာယ်များသည်၊ ကျွန်မကို အချိန်မရွေး ထုတ်ဖော်ခံရခြင်းနှင့် သုတ်သင်ဖယ်ရှင်းခံရခြင်း ဘေးဖြစ်စေမည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ ခံယူထားသည့် အခြေခံသဘောတရားသည် သမ္မာတရားနှင့် မကိုက်ညီသည်ကို ကျွန်မ နားလည်ခဲ့ပြီး ခေါင်းဆောင်မှု တာဝန်ကို ကျွန်မ လက်ခံခဲ့သော်လည်း၊ ကျွန်မ၏ ထိုစိတ်အနေအထားကို မဖြေရှင်းရသေးသောကြောင့်၊ မိမိ၏ တာဝန်နှင့်ပတ်သက်သည့် ကျွန်မ၏ စိုးရိမ်ကြောင့်ကြမှုများကို မဖယ်ရှားနိုင်ခဲ့ပေ။ ညံ့ဖျင်းစွာ ဆောင်ရွက်ကာ အလုပ်ထုတ်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းခံရမည်ကို ကျွန်မ ကြောက်ခဲ့သည်၊ ထို့ကြောင့် ကျွန်မသည် သတိထားခြင်းနှင့် အထင်လွဲခြင်းများ၏ အခြေအနေတစ်ခုတွင် ရှင်သန်ခဲ့လေသည်။ ထိုကာလအတွင်းတွင် ကျွန်မ၏ အခြေအနေသည် ဆက်လက်၍သာ ဆိုးရွားလာသည်။ ကျွန်မ၏ ဆုတောင်းခြင်းများသည် နိုးကြွစေခြင်းမရှိ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှ မည်သည့် အလင်းရောင်မျှ ကျွန်မ မရရှိခဲ့ဘဲ၊ ကျွန်မ၏ တာဝန်အတွက် မည်သည့် စိတ်တက်ကြွမှုမျှ မမွေးထုတ်နိုင်ခဲ့ပါ။ လုံးလုံးစိတ်ရှုပ်ထွေးမှုတစ်ခုတွင် ကျွန်မ ရှင်သန်နေခဲ့သည်။ ကျွန်မ၏ နာကျင်မှု၌ ဘုရားသခင်ကို ကျွန်မ အော်ခေါ်ခဲ့သည်။ “အိုဘုရားသခင်။ ကျွန်မက အရမ်း ပုန်ကန်လိုစိတ်ရှိပါတယ်။ ဒီတာဝန်ကို ရင်ဆိုင်ရာမှာ ကျွန်မ မနာခံနိုင်ပါဘူး။ ကျွန်မကို ကျေးဇူးပြုပြီး လမ်းပြတော်မူပါ၊ ကျွန်မကိုယ်ကျွန်မ သိဖို့နဲ့ နာခံဖို့ ခွင့်ပြုတော်မူပါ။”

ကျွန်မ၏ဆုတောင်းချက် အပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဤကျမ်းပိုဒ်ကို ဖတ်မိသည်။ “အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်း နှုတ်ကပတ်တော်များသည် ကျွန်မ၏ စိတ်နှလုံးကို ကြောက်ရွံ့စေသည်၊ အထူးသဖြင့် “ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။” ဟု သူ ပြောသည့်နေရာတွင် ဖြစ်သည်။ ယင်းက ကျွန်မအတွက် အလွန့်အလွန် စိတ်ထိခိုက်စေသည်။ ထို ခုခံကာကွယ်ခြင်းနှင့် ထင်ယောင်ထင်မှားဖြစ်ခြင်း အခြေအနေတွင် ရှိခြင်းက ကျွန်မသည် ဘုရားသခင်ကို ခုခံပြီး ပြစ်မှားစော်ကားနေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်များတစ်လျှောက် ခေါင်းဆောင်မှုကဏ္ဍမှ ကျွန်မ မည်သို့ ထုတ်ပယ်ခြင်းခံခဲ့ရသည်ကို ကျွန်မ တွေးမိသည်။ ယင်းမှာ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့ဘဲ၊ လူများက ကျွန်မကို လေးစားပြီး ကြည်ညိုစေရန် ကြိုးစားရင်း၊ နာမည်ကောင်းနှင့် ဂုဏ်ဒြပ်တို့နောက်သို့ ကျွန်မ လိုက်နေခဲ့သောကြောင့်သာ ဖြစ်သည်။ ကျွန်မသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည့် လမ်းကြောင်း တစ်ခုပေါ်တွင် ရှိနေခဲ့သည်။ ကျွန်မ၏ရာထူးမှ ဖယ်ရှားခြင်းခံရပြီးသည့်နောက်၊ ဘုရားသခင်၏ အလိုတော်ကို နားလည်စေသည်မှာ သူ၏ နှုတ်ကပတ်တော်များဖြစ်သည်။ ကျွန်မ၏ ရှုံးနိမ့်မှုနှင့် အပျက်သဘောဆောင်ခြင်းတို့မှ ကျွန်မကို လမ်းညွှန်ခဲ့သည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များ ဖြစ်သည်။ ပြီးလျှင် ထို့နောက်တွင်ပင် ကျွန်မ၏တာဝန်ကို ဆက်လက်ဆောင်ရွက်ဖို့၊ သမ္မာတရားကို လိုက်စားဖို့နှင့် ကျွန်မ၏တာဝန်ကို ထမ်းဆောင်ခြင်းတစ်လျှောက် သူ၏ကယ်တင်ခြင်း ရရှိဖို့ အခွင့်အရေးတစ်ခု ဘုရားသခင်က ကျွန်မကို ပေးဆဲဖြစ်သည်။ ဘုရားသခင်သည် ကျွန်မကို ဖော်ထုတ်ဖို့နှင့် သုတ်သင်ဖယ်ရှင်းဖို့ မည်သည့်ရည်ရွယ်ချက်မျှ မရှိခဲ့သည်ကို ကျွန်မ သတိပြုမိခဲ့သော်လည်း၊ ဘုရားသခင်က ကျွန်မကို ဖော်ထုတ်ဖို့နှင့် ဖယ်ရှားဖို့ ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ၏အစေခံမှုကို အသုံးပြုမည်ဟု တွေးလျက်၊ ကျွန်မသည် ထင်မြင်ချက်နှင့် သံသယများဖြင့် ပြည့်နေခဲ့သည်။ ယင်းမှာ ဘုရားသခင်နှင့်ပတ်သက်သည့် အထင်လွဲမှုတစ်ခု လုံးလုံးဖြစ်လေသည်- ယင်းက ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ဤသည်က နောက်ဆုံးတွင် ကျွန်မ၏ ပုန်ကန်လိုသော စိတ်နှလုံးကို အနည်းငယ် မွှေနှောက်ခဲ့ပြီး ကျွန်မသည် အကြိမ်အနည်းငယ် ထုတ်ပယ်ခြင်းခံခဲ့ရသော်လည်း၊ ထိုအတွေ့အကြုံများမှ သမ္မာတရားကို ရှာဖွေဖို့နှင့် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့ အခွင့်အရေး တစ်ခုအနေဖြင့် မည်သည့်အခါမျှ အသုံးမပြုခဲ့သည်ကို ကျွန်မ တွေ့မြင်ခဲ့ရသည်။ ထိုအစား ဘုရားသခင်နှင့်ပတ်သက်သည့် ကျွန်မ၏အထင်လွဲမှုများနှင့် ကျွန်မ၏ သတိထားခြင်းတို့ကသာ တိုးပွားလာခဲ့သည်။ ကျွန်မသည် အပြစ်ရှိသောစိတ်နှင့် နောင်တတို့ဖြင့် ပြည့်လာခဲ့သည်။

ထို့နောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များ နောက်ထပ် ကျမ်းပိုဒ်ကို ကျွန်မ ဖတ်ခဲ့သည်။ “ဖောက်ပြန်ပျက်စီးသော လူတို့ အဆင့်အတန်း ရသည့် တစ်ခဏတွင်၊ ၎င်းတို့ မည်သူပင် ဖြစ်ပါစေ၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာကြသလော။ (သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင်၊ ၎င်းတို့ အန္တိခရစ်များ ဖြစ်လာကြလိမ့်မည်ဖြစ်၏၊ သို့သော် သမ္မာတရားကို ၎င်း လိုက်စားလျှင် ဖြစ်ကြလိမ့်မည်မဟုတ်။) ဤသည်မှာ အကြွင်းမဲ့ မဟုတ်ပေ။ ထို့ကြောင့် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ကြသည့်သူတို့သည် ဂုဏ်အဆင့်အတန်းကြောင့် ထိုလမ်းကြောင်းကို လျှောက်ကြသလော။ မှန်ကန်သည့် လမ်းကြောင်းကို လူတို့ မလိုက်ကြသည့်အခါ၊ ယင်းသို့ ဖြစ်လေသည်။ ၎င်းတို့တွင် လိုက်လျှောက်ရမည့် ကောင်းမြတ်သည့် လမ်းကြောင်းရှိ၏၊ သို့သော် ယင်းကို ၎င်းတို့ မလိုက်လျှောက်ကြချေ။ ထိုအစား၊ ဆိုးယုတ်သည့်လမ်းကြောင်းတစ်ခုကို သူတို့ လိုက်ကြ၏။ ဤသည်မှာ လူတို့ စားသည့်ပုံနှင့် ဆင်ဆင်တူ၏- အချို့သည် မိမိတို့၏ ကိုယ်ခန္ဓာကို အာဟာရဖြည့်တင်းပေးနိုင်ပြီး မိမိတို့၏ သာမန်တည်ရှိမှုကို ထောက်ပံ့ပေးနိုင်သည့် အစားအစာကို မစားသောက်ကြဘဲ၊ နောက်ဆုံးတွင် မိမိကိုယ် ဆိုးကျိုးဖြစ်စေလျက်၊ ဘေးဖြစ်စေသော အရာများကိုသာ မလျှော့တမ်း စားသုံးကြသည်။ ဤသည်မှာ လူတို့ မိမိတို့ကိုယ်တိုင် ပြုလုပ်ကြသည့် ရွေးချယ်မှုတစ်ခု မဟုတ်လော။ ခေါင်းဆောင်များအဖြစ် အစေခံခဲ့ပြီး၊ ဖယ်ရှင်းခံရသည့်သူအချို့ ဖြန့်ချိသည့်အရာမှာ အဘယ်နည်း။ ‘ခေါင်းဆောင် ဖြစ်အောင်မလုပ်နဲ့၊ ပြီးတော့ ဂုဏ်အဆင့်အတန်း ရှိအောင်မလုပ်နဲ့။ လူတွေက ဂုဏ်အဆင့်အတန်းရတဲ့ တဒင်္ဂတွင်းမှာ အန္တရာယ်ရှိကြပြီး၊ ဘုရားသခင်က သူတို့ကို ဖော်ထုတ်လိမ့်မယ်။ သူတို့ ဖော်ထုတ်ခံရတာနဲ့တစ်ပြိုင်နက်၊ သူတို့ဟာ သာမန် ယုံကြည်သူတွေဖြစ်ဖို့တောင် အရည်အချင်းပြည့်မီမှာ မဟုတ်သလို၊ ဘာအခွင့်အရေးမှ ရှိတော့မှာ မဟုတ်ဘူး။’ ထို့သို့ပြောစရာလော။ အညှာတာဆုံးဆိုရလျှင်၊ ယင်းက ဘုရားသခင်ကို နားလည်မှုလွဲခြင်းအား ဖော်ပြပါသည်။ ကုန်ကုန်ပြောရလျှင်၊ ယင်းသည် သူ့ကို ပြစ်မှားစော်ကားခြင်း ဖြစ်၏။ သင်သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်ပါက၊ သမ္မာတရားကို မလိုက်စားသကဲ့သို့၊ ဘုရားသခင်၏လမ်းခရီးကို လိုက်မလျှောက်ဘဲ၊ ထိုအစား အန္တိခရစ်များ၏ လမ်းခရီးကို မလျှော့တမ်းသွားပြီး ပေါလု၏လမ်းကြောင်းတွင် အဆုံးသတ်ကာ၊ နောက်ဆုံး၌ ပေါလုကဲ့သို့ အဆုံးသတ်ဖြစ်သည့် အလားတူ အဆုံးသတ်ကို ကြုံရ၍၊ ဘုရားသခင်ကို အပြစ်တင်ဆဲဖြစ်ပြီး ဘုရားသခင်ကို မဖြောင့်မတ်ဟု ဝေဖန်အကဲဖြတ်နေဆဲဖြစ်ပါက၊ သင်သည် စစ်မှန်သော အန္တိခရစ်အမျိုးတစ်ဦးသာ မဟုတ်လော။ ထိုသို့သော အပြုအမူသည် ကျိန်ဆိုခြင်းခံရသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) လူများသည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ပြီး သုတ်သင်ဖယ်ရှင်းခြင်းခံရသည့်အခါတွင်၊ ယင်းက ၎င်းတို့သည် ဂုဏ်ဒြပ်၏ ကျော့ကွင်းများအားဖြင့် ပျက်စီးနေခဲ့ခြင်းကြောင့် မဟုတ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဤကျမ်းပိုဒ်က ကျွန်မကိုပြခဲ့သည်။ ယင်းက သမ္မာတရားကို မလိုက်စားနိုင်ခြင်း၌ အခြေပြုလေသည်။ ယင်းက တစ်ခါတစ်ရံတွင် ဆိုးယုတ်မှုများ ပြုလုပ်ခြင်းနှင့် အသင်းတော်၏အလုပ်ကို ဟန့်တားနှောင့်ယှက်သည်အထိပင် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို အစဉ် လိုက်စားခြင်း၊ ဝါကြွားခြင်းနှင့် ချီးမွမ်းခံလိုခြင်းတို့၌ အခြေပြုသည်။ သေချာကြည့်လျက်၊ ကျွန်မ၏ယခင်က ရှုံးနိမ့်မှုများသည် ကျွန်မ၏ရာထူးကြောင့် မဟုတ်ဘဲ၊ ကျွန်မ၌ မာနထောင်လွှားသော စိတ်သဘောထား တစ်ခုရှိပြီး ကျွန်မ၏တာဝန်တွင် သမ္မာတရားကို မလိုက်စားခဲ့သောကြောင့် ဖြစ်သည်ကို ကျွန်မ မြင်ခဲ့ရသည်။ ထိုအစား ကျွန်မသည် နာမည်ကောင်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားနေခဲ့ပြီး ကျွန်မ၏တာဝန်များကို ကောင်းမွန်စွာ ထိန်းသိမ်းခြင်း မရှိခဲ့ပေ။ အခြား ညီအစ်ကိုမောင်နှမ အများအပြားသည်လည်း ခေါင်းဆောင်တစ်ဦး၏ ရာထူးကို ရရှိခဲ့ကြသည်၊ သို့ရာတွင် ၎င်းတို့က လမ်းကြောင်းမှန်ကို လျှောက်ခဲ့ကြသည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည့်အခါ၊ ရှုံးနိမ့်မှုကို တွေ့ကြုံသည့်အခါ သို့မဟုတ် ပြစ်မှားခြင်းကို ကျူးလွန်သည့်အခါ၊ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းတို့ကို အာရုံစိုက်ကြသည်။ ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေခြင်း၊ သမ္မာတရား အခြေခံသဘောတရားများအရ အမှုအရာများကို ပြုခြင်းတို့အပေါ်တွင် အာရုံစိုက်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏အလုပ်၌လည်း ၎င်းတို့သည် သာ၍ သာ၍ အောင်မြင်လာကြသည်။ ဂုဏ်ဒြပ်ရှိခြင်းက လူတစ်ယောက်၏ စရိုက်မှန်ကို အမှန်တကယ် ပြသည်။ သမ္မာတရားကို လိုက်စားသည့်သူ တစ်ယောက်အတွက်၊ ၎င်းတို့ မည်မျှမြင့်မားသည့်ရာထူးကို ရရှိထားပါစေ၊ ၎င်းတို့သည် ဆိုးယုတ်မှုကို ဆောင်ရွက်ဖို့ တွန်းအားပေးခြင်း ခံရမည် မဟုတ်ဘဲ၊ သမ္မာတရားကို မလိုက်စားသည့်သူများအတွက်မူ၊ ၎င်းတို့သည် ဩဇာ မရှိသည့် ရာထူးရထားလျှင်ပင် အဆုံးတွင် သုတ်သင်ဖယ်ရှင်းခြင်း ခံရလိမ့်မည်။ ဤအရာများ အားလုံးကို နားလည်သဘောပေါက်မှု တစ်ခုရရှိခြင်းက ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရခြင်းကို ကျွန်မ အဘယ့်ကြောင့် အလွန် ခုခံလိုသည်ကိုလည်းကောင်း၊ ထိုတာဝန်ကို မယူဖို့ အဘယ့်ကြောင့် ကျွန်မ ဆင်ခြေများ ပေးခဲ့သည်ကိုလည်းကောင်း သဘောပေါက်ဖို့ကိုလည်း အထောက်အကူပေးသည်။ ယင်းမှာ အကြိမ်အနည်းငယ် ထုတ်ပယ်ခြင်းခံရပြီးသည့်နောက်တွင် ကျွန်မသည် သမ္မာတရားကို မလိုက်စားသေးသကဲ့သို့၊ ကျွန်မ၏ ရှုံးနိမ့်ခြင်းများ၏ အရင်းအမြစ်ကို ဆန်းစစ်ခြင်း မရှိသေးဘဲ၊ ထိုအစား ကျွန်မဆုပ်ကိုင်ထားသည့် ဂုဏ်ဒြပ်သည် ကျွန်မကို မကြာခဏ လဲကျလုနီးဖြစ်စေသည်ဟု ကျွန်မ တွေးခဲ့သောကြောင့် အဓိကဖြစ်လေသည်။ ကျွန်မသည် “အမြင့်ရောက်လေ၊ အကျနာလေပင်။” နှင့် “ထိပ်ဆုံးတွင် အထီးကျန်၏။” တို့ကဲ့သို့သော အတွေးမှားများကိုလည်း ယင်းတို့က သမ္မာတရားဖြစ်သည့်အလား ဖက်တွယ် ထားခဲ့သည်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများက ကျွန်မကို ခေါင်းဆောင်တစ်ဦးအဖြစ် တစ်ဖန် ရွေးချယ်သည့်အခါ၊ ကျွန်မသည် မနာခံခဲ့သကဲ့သို့ ပျော်ရွှင်စွာ တာဝန်မယူခဲ့ဘဲ၊ ထိုအစား ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ အစေခံပါက၊ ကျွန်မသည် တစ်ဖန် ထုတ်ဖော်ခြင်းခံရပြီး အလုပ်ထုတ်ခြင်း ခံရမည်ကိုလည်းကောင်း၊ ကျွန်မသည် အဆုံးတွင် ဆိုးယုတ်မှုကို ပြုပြီး မောင်းထုတ်ခြင်း ခံရမည်ကိုလည်းကောင်း ကြောက်လျက်၊ မိမိကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားခဲ့သည်။ ကျွန်မသည် အလွန်ပင် ရယ်ဖွယ်ကောင်းလိုက်လေခြင်း။

ဤသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌လည်း ကျွန်မ ဖတ်ရှုခဲ့ရသည်။ “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်၏ ကျိန်ခြင်းခံရသည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) လူတစ်ဦး၏တာဝန်သည် အဆုံးသတ်၌ ၎င်း ကောင်းကြီးခံစားရခြင်းကို သို့မဟုတ် ကျိန်စာသင့်ခံရခြင်းကို ဖြစ်စေသည့် အကြောင်းရင်း မဟုတ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မ တွေ့မြင်ရသည်။ ယင်းထက် ၎င်းတို့၏တာဝန်၌ သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်း ရှိမရှိ၊ ၎င်းတို့သည် နောက်ဆုံး၌ သမ္မာတရားနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတို့ကို ရရှိခြင်း ရှိမရှိဆိုသည့်ပေါ်တွင် အဓိကအားဖြင့် အခြေပြုသည်။ ကျွန်မသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သေချာစွာ စဉ်းစားဆင်ခြင်ခြင်းအားဖြင့် အလွန် အရှက်ရပြီး ကျွန်မ၏ ယုံကြည်မှုနှစ်များတစ်လျှောက်၌ ကျွန်မသည် မိမိကိုယ်ပိုင် အနာဂတ်နှင့် ပန်းတိုင်တို့နောက်ကိုသာ အရူးအမူး လိုက်နေခဲ့ခြင်း ဖြစ်သည်ကို တွေ့ခဲ့ရသည်။ ပထမတွင် ဘုရားသခင်၏အိမ်တော်၌ ခေါင်းဆောင်မှု ရာထူးတစ်ခုကို ရရှိခြင်းက အခြားသူများ၏ ရိုသေကြည်ညိုမှုနှင့် ဘုရားသခင်၏ထောက်ခံမှုတို့ကို ရရှိမည်ဖြစ်ကြောင်း၊ ကျွန်မသည် ကောင်းကြီးခံစားရခြင်းနှင့် ကောင်းမွန်သော နောက်ဆုံး ပန်းတိုင်တစ်ခု ရှိခြင်းဖြင့် အဆုံးသတ်မည် ဖြစ်ကြောင်း တွေးထင်ခဲ့သည်။ ယင်းက မိမိကိုယ်ကိုယ် စိတ်အားထက်သန်စွာ အသုံးခံဖို့၊ ကျွန်မ၏တာဝန်အတွက် ဒုက္ခခံဖို့ ကျွန်မကို တွန်းအားပေးခဲ့သည်။ သို့ရာတွင် အကြိမ်ပေါင်းများစွာ ထုတ်ပယ်ခြင်းခံရပြီးသည့်နောက်တွင် ကျွန်မသည် ခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ထုတ်ခံရခြင်းနှင့် သုတ်သင်ဖယ်ရှင်းခံရခြင်းကို ကြောက်လာခဲ့သောကြောင့်၊ ထိုတာဝန်ကို ယူရန် ဝန်လေးလာခဲ့သည်။ ကျွန်မသည် ဘုရားသခင်ထံမှ ပန်းတိုင်ကောင်းတစ်ခုကို ရယူနိုင်ဖို့၊ မိမိ၏တာဝန်ကို အရောင်းအဝယ် နည်းလမ်းတစ်ခုဖြင့် ဆောင်ရွက်နေခဲ့သည်ကို ကျွန်မ သတိပြုမိခဲ့သည်။ ပေးဆပ်မှုအချို့ကို ပြုလုပ်ပြီး အားထုတ်ကြိုးပမ်းမှု အချို့ကို အသုံးမခံမီ ကျွန်မ ကယ်တင်ခြင်းခံရနိုင်ဖို့ကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ အာမခံသည်ကိုပင် ကျွန်မ လိုချင်ခဲ့မိသည်။ ဆင်ခြင်တွေးခေါ်မှုစနစ်ကို မလိမ့်တစ်ပတ်လုပ်ပြီး ဆင်ခြေများကို မလွတ်တမ်း အသုံးချလျက် အသင်းတော်၏အလုပ်ကို နှောင့်ယှက်မိမည်ကို စိုးရွံ့သည်ဟု ပြောရင်း၊ ကျွန်မသည် မိမိကိုယ်ကိုယ် ကာကွယ်ဖို့အလို့ငှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငြင်းပယ်ခဲ့သည်။ ကျွန်မသည် လုံးလုံး အကျိုးအကြောင်း ဆီလျော်သည်ဟုပင် တွေးမိခဲ့သည်- ယင်းမှာ ဆန့်ကျင်ဘက်သာ ဖြစ်သည်။ ထိုအချိန်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ ဤသည်ကို ကျွန်မ ဖတ်မိသည့်အခါ၊ ကျွန်မ ဆိုးဆိုးရွားရွား ခံစားခဲ့ရသည်။ “သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှု ဖြစ်သည်။” ယင်းမှာ ကျွန်မသည် သမ္မာတရား စစ်မှန်မှု ကင်းမဲ့ပြီး ကျွန်မ၏ ဝိညာဉ်ရင့်ကျက်မှုက မလုံလောက်သောကြောင့်သက်သက်သာ ဖြစ်ပေသည်။ ကျွန်မသည် ထိုကဏ္ဍကို တာဝန်ယူနိုင်စွမ်းရှိသောကြောင့်၊ ဘုရားသခင်က ကျွန်မကို ခေါင်းဆောင်တစ်ဦးအဖြစ် ပြုမူဖို့ အခွင့်အရေးကို ပေးခဲ့ခြင်း မဟုတ်ဘဲ၊ ကျွန်မသည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် သမ္မာတရားကို လိုက်စားမည်၊ ကျွန်မသည် မိမိ၏ကိုယ်ပိုင် ချို့ယွင်းချက်များကို ဖြေရှင်းပြီး ကျွန်မ၏တာဝန်ကို လက်ခံနိုင်ဖွယ် ထမ်းဆောင်နိုင်မည်ဟု မျှော်လင့်ခြင်း၌ ပေးခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ထိုအစား ကျွန်မသည် မိမိအတွက်သာ တွေးတောရင်း၊ ခေါင်းဆောင် တစ်ဦးအနေဖြင့် ကျွန်မ ဖော်ထုတ်ခြင်းနှင့် အစားထိုးခြင်းတို့ကို ခံရပါက၊ ရလဒ်ကောင်းနှင့် ပန်းတိုင်ကောင်းကို ဆုံးရှုံးရမည်ကို စိုးရွံ့လျက်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းခဲ့သည်။ ထို့ကြောင့် ကျွန်မက ယင်းမှ ရုန်းထွက်ဖို့ အသည်းအသန် စဉ်းစားခဲ့သည်။ ကျွန်မသည် အလွန့်အလွန် ပုန်ကန်လိုစိတ်ရှိခဲ့သည်- ကျွန်မသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း အနည်းငယ်ရှိသည်ဟု မည်သို့ အခိုင်အမာ ဆိုနိုင်သနည်း။

ကျွန်မသည် မိမိ၏ရှာဖွေမှု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နောက်ထပ် ကျမ်းပိုဒ် အချို့ကို ဖတ်ရှုခဲ့သည်။ “ပေတရု၏ အလုပ်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ခဲ့သည်။ သူသည် တမန်တော်တစ်ဦး၏ အခန်းကဏ္ဍဖြင့် အလုပ်မလုပ်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ခြင်းအား အားထုတ်နေစဉ်တွင် အလုပ်လုပ်ခဲ့သည်။ ပေါလု၏ အလုပ် ဆောင်ရွက်ပုံ နည်းလမ်းသည်လည်း သူ၏ကိုယ်ရေးကိုယ်တာ လိုက်စားခြင်း ပါရှိခဲ့သည်။ သူ၏ လိုက်စားခြင်းသည် အနာဂတ်အတွက် သူ၏ မျှော်လင့်ချက်များနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုအတွက် သူ၏ ဆန္ဒတို့ထက် ဘာမျှမပိုခဲ့ပေ။ သူသည် သူ၏ အလုပ်အတွင်းတွင် စစ်ဆေးခြင်းကို လက်မခံခဲ့သကဲ့သို့၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကိုလည်း လက်မခံခဲ့ပေ။ သူလုပ်သည့် အလုပ်သည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းပေးပြီး သူလုပ်သည့် အရာအားလုံးသည် ဘုရားသခင်အဖို့ နှစ်လိုဖွယ် ဖြစ်သရွေ့၊ နောက်ဆုံးတွင် ဆုလာဘ်က သူ့ကို စောင့်ကြိုမည်ဟု သူ ယုံကြည်ခဲ့သည်။ သူ၏ အလုပ်တွင် ကိုယ်ပိုင် အတွေ့အကြုံများ မရှိခဲ့ပေ။ ယင်းမှာ အားလုံးမှာ အလုပ် အတွက်သက်သက်သာ ဖြစ်ပြီး၊ ပြောင်းလဲခြင်းအား အားထုတ်ခြင်းအလယ်တွင် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပေ။ သူ့အလုပ်ထဲရှိ အရာရာတိုင်းသည် အပေးအယူတစ်ခု ဖြစ်သည်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန် သို့မဟုတ် ကျိုးနွံနာခံခြင်း တစ်ခုမျှ မပါဝင်ပေ။ သူ၏ အလုပ်ဖြစ်စဉ်အတွင်းတွင်၊ ပေါလု၏ ဟောင်းသော စိတ်သဘောထားထဲတွင် မည်သည့်ပြောင်းလဲမှုမျှ မဖြစ်ပွားခဲ့ချေ။ သူ၏အလုပ်မှာ အခြားသူများအား အစေခံခြင်းမျှ ဖြစ်ခဲ့ပြီး၊ သူ၏ စိတ်သဘောထားထဲ ပြောင်းလဲမှုများ ဆောင်ကြဉ်းနိုင်စွမ်း မရှိခဲ့ချေ။ ပေါလုသည် စုံလင်စေခြင်း မခံရဘဲ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းမခံရဘဲ သူ၏ အလုပ်ကို တိုက်ရိုက် ဆောင်ရွက်ခဲ့ပြီး၊ သူသည် ဆုလာဘ်အားဖြင့် လှုံ့ဆော်ခံခဲ့ရသည်။ ပေတရုမှာ ကွဲပြားခြားနားသည်။ သူသည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံခဲ့ရသူ တစ်ယောက်ဖြစ်ပြီး၊ စစ်ဆေးခြင်းကို ကြုံပြီးခဲ့သူ ဖြစ်သည်။ ပေတရုအလုပ်၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်သည် ပေါလု အလုပ်၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်တို့နှင့် အခြေခံအားဖြင့် ကွဲပြား ခြားနားသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ကျွန်မ ဤတစ်ပိုဒ်ကိုလည်း ဖတ်ခဲ့သည်။ “ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော အမှန်တရား ဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဤကျမ်းပိုဒ်များကို ဖတ်ရှုခြင်းက ပေတရု၏ အောင်မြင်မှုလမ်းကြောင်းနှင့် ပေါလု၏ ရှုံးနိမ့်မှုလမ်းကြောင်းတို့ကို ကျွန်မအား သာ၍ နားလည်ဖို့ ထောက်ကူပေးခဲ့သည်။ ပေတရုသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဆောင်ရွက်ဖို့ ကြိုးစားခဲ့ကြောင်း၊ သူ၏တာဝန်က သူ့ထံသို့ ကောင်းကြီးမင်္ဂလာ ဆောင်ကြဉ်းပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဘုရားသခင်ကို သူနာခံခဲ့ကြောင်းကို ကျွန်မ တွေ့မြင်ခဲ့သည်။ သူသည် သေသည်အထိပင် နာခံလျက်၊ ဘုရားသခင်အတွက် ထူးကဲသည့် သက်သေတစ်ဦးအဖြစ် ပြုမူခဲ့သည်။ သို့သော်လည်း ပေါလုကမူ ကောင်းကြီးမင်္ဂလာများနှင့် ဆုလာဘ်များ ရှာဖွေခဲ့ပြီး သူ၏အလုပ်ကြိုးစားခြင်းက ဖြောင့်မတ်ခြင်း သရဖူကို ရရှိဖို့သာ ဖြစ်ခဲ့သည်။ သူက အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ပြီး အဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ထိုက်ထိုက်တန်တန် ရရှိလျက်၊ ဘုရားသခင်နှင့် အလဲအထပ်လုပ်ဖို့ အရင်းအနှီးအဖြစ် သူ၏အလုပ်ကို အသုံးပြုခဲ့သည်။ ကျွန်မသည် မိမိကိုယ်ကိုယ် ဆန်းစစ်သည့်အခါ၊ ကျွန်မ၏ယုံကြည်မှုတွင် ကျွန်မသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဆောင်ရွက်နေခြင်း မဟုတ်ဘဲ၊ ကောင်းကြီးမင်္ဂလာများနှင့် ပန်းတိုင်ကောင်းတစ်ခုအတွက် ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်ကို ကျွန်မ တွေ့မြင်ခဲ့သည်။ ကျွန်မသည် ကောင်းကင်နိုင်ငံတော်၏ ကောင်းကြီးမင်္ဂလာများအတွက်လည်း အပြန်အလှန်အားဖြင့် ဖြစ်နိုင်သမျှ အနည်းဆုံးသော ပေးဆပ်မှုကိုသာ ပေးလိုသည်။ ခေါင်းဆောင်မှု၏ တာဝန်သည် ကြီးစွာသော တာဝန်ဝတ္တရားများ ပါဝင်သည်ကို ကျွန်မ မြင်သည့်အခါ၊ ကျွန်မသည် ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို နှောင့်ယှက်ခြင်းဖြင့် အဆုံးသတ်ခဲ့ပါက၊ အဆုံးသတ်ကောင်းနှင့် ပန်းတိုင်ကောင်း တစ်ခု ရဖို့ ကျွန်မ၏အခွင့်အရေးကို ဆုံးရှုံးမည်ဟု တွေးခဲ့သည်။ ထိုအကြောင်းကြောင့် ကျွန်မသည် ယင်းကို အမှန်တကယ် ခုခံနေခဲ့သည်။ ကျွန်မသည် ပေါလုကဲ့သို့ အလားတူ ရှုံးနိမ့်သည့် လမ်းကြောင်းပေါ်တွင် အတိအကျ ရှိနေခဲ့ခြင်း မဟုတ်ပါလား။ ကျွန်မ၏ ယုံကြည်မှုမှတစ်ဆင့် ကျွန်မသည် ဘုရားသခင် ဖော်ပြခဲ့သည့် သမ္မာတရားများစွာကို ပျော်မွေ့ခွင့်ရရှိခဲ့သော်လည်း၊ တစ်စုံတစ်ခုကို ပြန်ပေးဖို့ ကျွန်မ မည်သည့်အခါမျှ မတွေးမိခဲ့ပေ။ ထိုအစား ကျွန်မသည် အပိုင်ကြံပြီး ဘုရားသခင်ကို လှည့်စားဖို့ ကြိုးစားလျက်၊ ကျွန်မ၏ အနာဂတ် မည်သို့ဖြစ်မည်ကိုသာ သိနားလည်ဖို့ ကြိုးစားနေခဲ့သည်။ ကျွန်မသည် အလွန် တစ်ကိုယ်ကောင်းဆန်သည်၊ စက်ဆုပ်ဖွယ်ကောင်းသည်၊ လည်ပြီး ကောက်ကျစ်သည်။ ဤအရာအားလုံးကို ကျွန်မ သဘောပေါက်ပြီးသည့်နောက် ကျွန်မသည် ထိုနည်းလမ်းအတိုင်း နောက်ထပ် မရှင်သန်လိုတော့ဘဲ၊ ပေတရု၏ စံနမူနာနောက်သို့ အမှန်တကယ် လိုက်လျှောက်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ ခြေချကာ၊ ဘုရားသခင်ကို မိမိကိုယ်ကိုယ် ပေးဖို့နှင့် သူ၏စည်းမျဉ်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့သာ အမှန်တကယ် လိုချင်ခဲ့လေသည်။

ကျွန်မသည် “ထိပ်ဆုံးတွင် အထီးကျန်၏။” ဆိုသည့် ကျွန်မ၏မှားယွင်းသော အယူအဆကို အမှားပြင်ဆင် ပေးခဲ့ပြီး ကျွန်မ၏ ယုံကြည်မှု၌ ကျွန်မသည် ကောင်းကြီးမင်္ဂလာများ လိုက်စားခြင်း လမ်းကြောင်း ဖြစ်သည့် လမ်းမှားပေါ် ရောက်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့စေကာ၊ ကျွန်မ၏ စဉ်းလဲသော ဆိုးယုတ်သည့် သဘာဝနှင့်ပတ်သက်သည့် နားလည်မှုအချို့ကို ရရှိစေခဲ့သည့် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အတွက် သူ့ကို ကျေးဇူးတင်မိသည်။ ထိုအချိန်မှ စတင်ပြီး ကျွန်မသည် ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ၏တာဝန်မှ ရှောင်ထွက်ဖို့ ကြိုးစားခြင်းကို ရပ်တန့်လိုက်ပြီး၊ တာဝန်ကို ပခုံးထမ်းယူခဲ့သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သမ္မာတရားကို လိုက်စားခြင်းနှင့် ကျွန်မ၏တာဝန်ကို ဆောင်ရွက်ဖို့ ကြိုးစားခြင်းတို့အပေါ် စတင် အာရုံစိုက်ခဲ့လေသည်။

အရှေ့သို့- ၁၇။ ညံ့ဖျင်းသော အရည်အချင်းသည် ဆင်ခြေမဟုတ်

နောက်တစ်ခုသို့- ၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။