တရုတ်ပြည်တွင် ဘုရားသခင် ပေါ်ထွန်းခြင်းနှင့် အလုပ်လုပ်ခြင်းသည် အလွန်အရေးပါသည်။

21.12.2020

ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထို့နောက် ဣသရေလလူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်စည်းလုံး၍ ပေါင်းသင်းကာ၊ ယင်းကို ရှာဖွေခြင်း မပြုရတော့ရန်အလို့ငှာ၊ ငါသည် ၎င်းတို့ကို အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းကို တစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါ၌ရှိခဲ့သော ဘုန်းတော်ကို မြင်စေမည်။ ရှေးလွန်လေပြီးသော ကာလက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်၊ မရေတွက်နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို သူတို့အား မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏ အရှင်၊ လူတို့တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များ၏ ညှဉ်းပန်းခြင်းခံခဲ့ရသည့်ငါ၏ ရုပ်သွင်အပြည့်အဝကို ကြည့်စေမည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတော်နှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ထုတ်ဖော်ပြလျက်၊ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုပြုပြီး ကြီးစွာသော အမှုကို ဆောင်ရွက်မည်။ ယုဒပြည်တွင် ငါ၏ဘုန်းတော် မရှိစေတော့ရန် ငါသည် ငါ၏ဘုန်းတော်ကို ရှေးကာလက ယူလိုက်ပြီး အရှေ့အရပ်သို့ ယူဆောင်ခဲ့ပြီးဖြစ်ကြောင်း အားလုံး သိစေခြင်းအလို့ငှာ၊ ငါ့ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကို နှိပ်စက်ညှဉ်းပန်းသည့် လူသားမျိုးနွယ် တစ်ခုလုံးအား ဘုန်းကြီးသော ငါ၏မျက်နှာ အပြည့်အဝ ပြမည်။ အကြောင်းမှာ နောက်ဆုံးသောကာလသည် ရောက်နှင့်ပြီး ဖြစ်သောကြောင့်ပင်တည်း။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ)

ဒီဗီဒီယိုကိုကြည့်ပြီး ကျွန်မ တော်တော်လေးစိတ်လှုပ်ရှားသွားတယ် နောက်ဆုံးသောကာလမှာ ဘုရားက သူ့ရဲ့ကျက်သရေကို အစ္စရေးကနေ အရှေ့အရပ်ဆီ ဆောင်ကျဉ်းလာခဲ့ပြီလေ။ နိုင်ငံတွေထဲမှာမှ ဘုရားကို အဆန့်ကျင်ဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ပြည်မှာပေါ်ထွန်းလာပြီးတော့ စကြဝဠာတစ်ခုလုံးမှာရှိတဲ့ လူတိုင်းကို သိမ်းပိုက်ကယ်တင်ဖို့ အလုပ်လုပ်ဆောင်ပြီး သမ္မာတရားကို ဖော်ပြနေပါပြီ။ ဒါက ဘုရားရဲ့အနန္တတန်ခိုးနဲ့ ဉာဏ်ပညာပါပဲ။ တရုတ်ပြည်မှာ ဘုရားသခင်ပေါ်ထွန်းပြီး အလုပ်လုပ်ဆောင်နေတာက အရမ်းကိုအဓိပ္ပာယ်ရှိပါတယ် အရင်ကတော့ ကျွန်မလည်း ဘုရားရဲ့အလုပ်တွေနဲ့ သိပ်မရင်းနှီးခဲ့ဘူးလေ ကျွန်မရဲ့ အယူအဆအရ သခင်ပြန်လာမယ်ဆိုရင်လည်း အစ္စရေးမှာပဲ ပေါ်ထွန်းလာမယ်လို့ထင်ခဲ့မိတယ် အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေဖတ်ပြီးမှပဲ တရုတ်ပြည်မှာ ဘုရားသခင် ပေါ်ထွန်းပြီး အလုပ်လုပ်ခြင်းရဲ့ နက်နဲမှုကို နားလည်သွားတော့တယ်။ အနန္တတန်ခိုးရှင်ဘုရားကို လက်ခံခြင်းနဲ့ပတ်သက်ပြီး ကျွန်မရဲ့အတွေ့အကြုံကို ဝေမျှချင်ပါတယ်။

သခင့်ကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မက တက်ကြွတဲ့ရှာဖွေသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။။ အချိန်ရတိုင်း အသင်းတော်မှာ စေတနာ့ဝန်ထမ်း လုပ်ဖြစ်ခဲ့တယ်။ ပြီးတော့ ကျွန်မ လတိုင်း အလှူငွေ မပျက်မကွက်ထည့်တယ်။ ၂၀၁၁ ခုနှစ် ဧပြီလမှာ ကျွန်မ အလုပ်ကိစ္စတစ်ခုအတွက် တောင်ကိုရီးယားနိုင်ငံကိုလာခဲ့တယ်။ ပြီးတော့ ဘယ်လောက်ပဲအလုပ်များနေပါစေ တနင်္ဂနွေဝတ်ပြုပွဲကိုတော့ တက်ဖြစ်ပါတယ်။ ဒါပေမဲ့ သင်းအုပ်ဆရာရဲ့ ဟောပြောချက်တွေက အမြဲတမ်း အဟောင်းတွေချည်းပဲ ထပ်နေတယ်လေ။ အသင်းဝင်တွေကလည်း ငိုက်တဲ့လူကငိုက်၊ အချင်းချင်းစကားပြောတဲ့သူကပြောနဲ့ ဖြစ်ကုန်တာပေါ့။ ပျော်စရာလုံး၀မရှိခဲ့ပါဘူး ကြာလာတော့ ကျွန်မလည်း ဝတ်ပြုပွဲကို မသွားချင်တော့ဘူးလေ။ ဒါပေမဲ့လည်း ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ကျွန်မအနေနဲ့။ ဝတ်ပြုပွဲကိုမသွားတာက မှန်တဲ့လုပ်ရပ်လို့ မခံစားရဘူးလေ ဒါကြောင့်ပဲ ကျွန်မကိုယ်ကျွန်မ ဆက်သွားဖို့ ဖိအားပေးခဲ့ရတယ်။ တစ်ရက်ကျတော့ ဖြစ်ချင်တော့။ အရင်အသင်းတော်ဟောင်းက မိတ်ဆွေဖြစ်တဲ့ အစ်မကျိုးနဲ့ ဆုံဖြစ်ခဲ့တယ်။ သူက သူ့အိမ်ကိုလာလည်ဖို့ ကျွန်မကိုဖိတ်ခဲ့ပါတယ်။ သူ့သူငယ်ချင်း အစ်မလီလည်း ပါလာတယ်လေ။ ပထမဆုံး ဆုံဖြစ်တာဆိုပေမယ့်လည်း တွေ့တွေ့ချင်းပဲ ခင်သွားကြပါတယ်။ ကျွန်မတို့အခြေအနေတွေအကြောင်းနဲ့ အသင်းတော်မှာ ခြောက်ကပ်နေတဲ့အကြောင်းတွေ ပြောဖြစ်ခဲ့တယ်။ အစ်မလီကလည်း အသင်းတော်မှာခြောက်ကပ်သွားရတဲ့ အကြောင်းရင်းအများစုက ဘုရားကအလုပ်အသစ်ကို လုပ်ဆောင်နေပြီးတော့ သန့်ရှင်းသောဝိဉာဉ်တော်ရဲ့ လုပ်ဆောင်မှုတွေ မရှိတော့တဲ့အတွက်။ ကျွန်မတို့ကလည်း သခင့်ကိုကြိုဆိုဖို့အတွက် ပညာရှိ သတို့သမီးတွေလို ဘုရားသခင်ပေါ်ထွန်းခြင်းကိုရှာဖွေပြီး ကိုယ်တော်ရဲ့အသံကို နားထောင်ရမယ်လို့ မိတ်သဟာယဖွဲ့ပါတယ်။ သူပြောခဲ့တာတွေက အရမ်း အသိဉာဏ်ပွင့်စေတယ်ဆိုတာ သိခဲ့ရတယ်။ နောက်တော့ အစ်မလီပြောတာက။ “သခင်ယေရှုက ပြန်ရောက်နေပြီလေ။ အနန္တတန်ခိုးရှင်ဘုရားအနေနဲ့ လူ့ဇာတိခံယူခဲ့ပြီးပြီ။ တရုတ်ပြည်မှာ အလုပ်လုပ်ဆောင်ဖို့ ပေါ်ထွန်းလာခဲ့ပြီးတော့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကိုလုပ်ဆောင်နေပြီး သမ္မာတရားကို ဖော်ပြနေပါပြီ။ အနန္တတန်ခိုးရှင်ဘုရားက ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး နိုင်ငံတော်ခေတ်ကို စတင်ခဲ့ပြီ နောက်ဆုံးသောကာလမှာ ကိုယ်တော်ရဲ့အလုပ်ကို လက်ခံသူတိုင်းက ဘုရားရဲ့ပလ္လင်တော်ရှေ့မှောက် ရောက်ကြရမှာပါ။ ဘုရား နှုတ်ကပတ်တော်တွေရဲ့ အထောက်အပံ့ကိုရရှိပြီးတော့ သိုးသူငယ်ရဲ့ မင်္ဂလာညစာစားပွဲကို တက်ရောက်ခွင့်ရရှိကြမှာဖြစ်ပါတယ်” တဲ့ အစ်မလီပြောခဲ့တဲ့စကားကြောင့် ကျွန်မ တကယ်ကိုတုန်လှုပ်သွားပြီးတော့ သူ့စကားကို ယုံရခက်ခဲ့ပါတယ်။ သခင်ပြန်ရောက်လာပြီလား ပြီးတော့ တရုတ်ပြည်ကိုလာခဲ့တာလား ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကာလတုန်းက ဘုရားက အစ္စရေးမှာပဲ အလုပ်လုပ်ခဲ့တာလေ ပြီးတော့ သမ္မာကျမ်းထဲမှာပြောထားတာက- “ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့်၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ တောင် တဝက်သည် မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင် ဘက်သို့၎င်း ရွှေ့ရလိမ့်မည်။(ဇာခရိအနာဂတ္တိကျမ်း ၁၄:၄) နောက်ဆုံးသောကာလမှာ သခင်က အစ္စရေးနိုင်ငံက သံလွင်တောင်မှာ ရောက်နေရမှာလေ ဘယ်လိုလုပ် တရုတ်ပြည်မှာဖြစ်နိုင်မှာလဲ။ ကျွန်မသိပ်မရှင်းတဲ့ကိစ္စကို အစ်မလီကို ပြောခဲ့ပါတယ်။

သူက ပြုံးပြီးပြောပါတယ်။ “သခင်ပြန်လာမယ့်ဟောကိန်းတွေက နားလည်ရခက်ပါတယ်။ အဓိပ္ပာယ်ကို ကျွန်မတို့ နားမလည်နိုင်ဘူးလေ ဟောကိန်းတစ်ခု ပြည့်စုံသွားပြီး ဘုရားက အလုပ်ကိုဘယ်လိုလုပ်သလဲဆိုတာ ကျွန်မတို့ မြင်ပြီးတဲ့အခါကျမှ အဲဒီဟောကိန်းက ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်မတို့ နားလည်နိုင်တာပါ။ ကျွန်မတို့က ဟောကိန်းတွေရဲ့ တိုက်ရိုက်အဓိပ္ပာယ်တွေကို သုံးပြီး ဘုရားရဲ့အမှုတော်ကို ဘောင်မခတ်သင့်ဘူး။ အဲဒီလိုလုပ်လိုက်ရင် ကျွန်မတို့အနေနဲ့ ဘုရားကို ခုခံဆန့်ကျင်မိနိုင်လို့ပါပဲ ဖာရိရှဲ တို့ကို ဥပမာယူကြည့်ပါ မေရှိယလာပြီ ဆိုတဲ့ ဟောကိန်းရဲ့ တိုက်ရိုက်အဓိပ္ပာယ်ကို စွဲကိုင်ထားပြီးတော့။ သခင်လာတဲ့အခါမှာ မေရှိယဆိုတဲ့ နာမည်နဲ့ဖြစ်ပြီး။ မေရှိယဆိုတဲ့နာမည်နဲ့မဟုတ်ရင် ခရစ်တော်မဟုတ်ဘူးလို့ ထင်ကြတယ်လေ ရလဒ်အနေနဲ့ သူတို့လည်းနောက်ဆုံးမှာ သခင်ယေရှုရဲ့အလုပ်ကို ခုခံရှုတ်ချပြီး ဘုရားရဲ့ကယ်တင်ခြင်းကို ဆုံးရှုံးခဲ့ကြတာပေါ့ သမ္မာကျမ်းမှာပါတဲ့ တိုက်ရိုက် အနက်ပြန်ဆိုချက်တွေကိုအခြေခံပြီး ကျွန်မတို့က ဘုရားရဲ့အလုပ်ကို ဘောင်ခတ်ပြီးတော့။ ဘုရားသခင်ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်ချက်တွေရဲ့ အချက်အလက်တွေကို မစုံစမ်းဘူးဆိုရင်။ ကျွန်မတို့လည်း ဖာရိရှဲတို့လို အမှားမျိုး လုပ်မိနိုင်တာပေါ့။ တဲ့ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားက တရားစီရင်ခြင်းအလုပ်ကို ဘုရားရဲ့အိမ်တော်ကနေ စပြီးလုပ်ဆောင်နေပြီးတော့။ အရှေ့အရပ်မှာပေါ်လာတဲ့ တောက်ပတဲ့ အလင်းရောင်လို။ လူသားမျိုးနွယ်ကိုကယ်တင်ဖို့နဲ့ သန့်စင်ဖို့အတွက် သမ္မာတရားကို အလုံးစုံဖော်ပြနေပါပြီ နှစ် ၂၀ ကျော်အတွင်းမှာ။ နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင်ဘုရားရဲ့ အလုပ်ဟာ တရုတ်ပြည်တစ်ခွင် ပျံ့နှံ့ခဲ့ပြီးတော့။ အခုဆိုရင်လည်း ကမ္ဘာတလွှားမှာရှိတဲ့ တခြားနိုင်ငံတွေဆီကိုပါ ရောက်ရှိခဲ့ပြီလေ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏။ ဆိုတဲ့ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို စုထားတဲ့စာအုပ်ဟာ။ ဘာသာစကားပေါင်း ၂၀ ကျော်အထိ ဘာသာပြန်ထားပြီးတော့။ ကမ္ဘာတလွှားမှာရှိတဲ့သူတွေ ရှာဖွေစုံစမ်းနိုင်ဖို့အတွက် အွန်လိုင်းမှာလည်း တင်ထားခဲ့ပြီးပါပြီ။ အနန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ဟာ သခင်ယေရှုရဲ့ဟောကိန်းကို အလုံးစုံ ပြည့်စုံစေခဲ့ပါပြီ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) နောက်ပြီး မာလခိအနာဂတ္တိကျမ်း ၁:၁၁ မှာလည်း။ ‘နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ မိန့်တော်မူ၏။’” ဒါကိုကြားလိုက်ရတော့ ချက်ချင်းပဲ အမြင်ရှင်းသွားတယ်။ သခင်က အစ္စရေးနိုင်ငံမဟုတ်ဘဲ တရုတ်ပြည်မှာ ပြန်လာခဲ့ပြီ။ အဲဒါကိုလည်း သမ္မာကျမ်းမှာ ဟိုးအရင်ကတည်းက ပြောခဲ့ပါလားပေါ့။

နောက်တော့ အစ်မလီက အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်ထဲက တစ်ပိုဒ်ကိုဖတ်ပြခဲ့တယ် “စင်စစ်အားဖြင့် ဘုရားသခင်သည် အရာအားလုံး၏ အရှင်သခင်ဖြစ်၏။ သူသည် ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်သည်။ သူသည် ဣသရေလအမျိုးသားနှင့် ယုဒလူမျိုးတို့၏ ဘုရားသခင်ဖြစ်သည် သာမကဘဲ ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်၏။ လူတို့ထံ၌ အယူအဆအချို့ကို ဖြစ်ပေါ်စေခဲ့သည့် သူ့အလုပ်၏ ယခင်အဆင့်နှစ်ဆင့်သည် ဣသရေလပြည်၌ ဖြစ်ပျက်ခဲ့သည်။ ယေဟောဝါသည် သူ၏အလုပ်ကို ဣသရေလပြည်၌ လုပ်ခဲ့သည်၊ ယေရှုကိုယ်တိုင်သည် ယုဒပြည်၌ သူ၏အလုပ်ကို ဆောင်ရွက်ခဲ့သည်၊ ထို့အပြင် အလုပ်လုပ်ရန်အတွက် လူ့ဇာတိကို ယေရှုခံယူခဲ့ပြီး၊ မည်သို့ပင်ဖြစ်စေကာမူ ထိုအလုပ်သည် ဣသရေလပြည်ကို မကျော်လွန်ခဲ့ချေဟူ၍ သူတို့က ယုံကြည်ကြသည်။ ဘုရားသခင်သည် အဲဂုတ္တုလူမျိုး၊ သို့မဟုတ် အိန္ဒိယလူမျိုးတို့ထံတွင် အလုပ်မလုပ်ခဲ့ပေ။ ဣသရေလအမျိုးသားတို့ထံ၌သာ သူအလုပ်လုပ် ခဲ့၏။ ထို့ကြောင့် လူတို့သည် အမျိုးမျိုးသော အယူအဆများကို ပုံဖော်ကြပြီး ဘုရားသခင်၏အလုပ်ကို အတိုင်းအတာတစ်ခုအတွင်း အသေးစိတ် ရုပ်လုံးဖော်ကြလေသည်။ ဘုရားသခင် အလုပ်လုပ်သောအခါ သူ့အနေဖြင့် ရွေးကောက်ခံထားရသော လူများအကြား၌နှင့် ဣသရေလပြည်၌ လုပ်ရမည်ဖြစ်သည်ဟု သူတို့ပြောကြသည်။ ဣသရေလအမျိုးသားများမှလွဲ၍ ဘုရားသခင်သည် အခြားမည်သူ့အပေါ်၌မျှ အလုပ်မလုပ်သကဲ့သို့ သူ၏အလုပ်နှင့်ပတ်သက်ပြီး ပို၍ကြီးမားသော အတိုင်းအတာလည်း မရှိဟု သူတို့ပြောကြ၏။ လူ့ဇာတိခံ ဘုရားသခင်ကို ထိန်းချုပ်သည့်အရေးနှင့်ပတ်သက်လာလျှင် သူတို့သည် အထူးသဖြင့် တိကျကြပြီး ဣသရေလပြည်၏ နယ်နိမိတ်ကိုလွန်၍ သူ့အား လှုပ်ရှားခွင့် မပြုကြပေ။ ဤအရာအားလုံးမှာ လူသားတို့၏ အယူအဆများသာ ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့၏၊ ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့အတွက်ကြောင့် သူ့အနေဖြင့် သူ၏အလုပ်ကို မည်သို့လျှင် ဣသရေလပြည်၌သာ ကန့်သတ်ထား၍ ရနိုင်မည်နည်း။ ထိုအတိုင်းသာဖြစ်နေပါက ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခြင်းမှာ အဘယ်အကျိုးရှိ လိမ့်မည်နည်း။ တစ်လောကလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့ပြင် သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို ဣသရေလပြည်၌ သာ မဟုတ်ဘဲ စကြဝဠာရှိ လူပုဂ္ဂိုလ်အယောက်ချင်းစီတိုင်းအပေါ်၌ သူဆောင်ရွက်ခဲ့လေ၏။...ဘုရားသခင်သည် လူသားတို့၏အယူအဆများအတိုင်း လုပ်မည် ဆိုပါက သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်၍ သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံ ချဲ့ထွင်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ချေ၊ အကြောင်းမှာ သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်နေမည် မဟုတ်သောကြောင့်ဖြစ်သည်။ ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ပရောဖက်ပြုချက်များက ဆိုထားသည်။ အဘယ်ကြောင့် ထိုအရာကို ပရောဖက်ပြုထားသနည်း။ အကယ်၍ ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေခဲ့ပါက သူသည် ဣသရေလပြည်၌သာ အမှုပြုခဲ့ပေလိမ့်မည်။ ထို့အပြင် ဤအလုပ်ကို သူဖြန့်ကြက်လိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့သော ပရောဖက်ပြုချက်ကိုလည်း သူပြုခဲ့မည် မဟုတ်ချေ။ ထိုပရောဖက်ပြုချက်ကို သူပြုခဲ့သောကြောင့် သူသည် သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၊ တိုင်းနိုင်ငံအားလုံးနှင့် ကုန်းမြေအားလုံးအကြား ဧကန်အမှန် ချဲ့ထွင်လိမ့်မည် ဖြစ်သည်။ ထိုသို့သူပြောခဲ့သောကြောင့် ထိုအရာကို သူလုပ်ရပေလိမ့်မည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်သည်၊ အကြောင်းမှာ သူသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော သခင်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဣသရေလအမျိုးသားတို့အကြား၌ သူအလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ယုဒပြည်တစ်ဝှမ်းလုံး၌ သူအလုပ်လုပ်သည်ဖြစ်စေ သူလုပ်သော အလုပ်သည် စကြဝဠာ တစ်ခွင်လုံး၏ အလုပ်ဖြစ်ပြီး လူသားအားလုံး၏ အလုပ်ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံဖြစ်သော အဆင်းနီသည့် နဂါးကြီး၏ တိုင်းနိုင်ငံ၌ ယနေ့သူလုပ်သော အလုပ်သည် လူသားအားလုံး၏ အလုပ်ဖြစ်နေဆဲပင်ဖြစ်သည်။ ဣသရေလပြည်သည် မြေကြီးပေါ်ရှိ သူ၏အလုပ်အတွက် အခြေစိုက်စခန်း ဖြစ်နိုင်ခဲ့၏၊ တရုတ်နိုင်ငံ သည်လည်း တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားရှိ သူ၏အလုပ် အတွက် အခြေစိုက်စခန်း ဖြစ်နိုင်သည်။ ‘ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်’ ဟူသော ပရောဖက်ပြုချက်ကို သူယခု ပြည့်စုံစေခဲ့ပြီ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏)

နောက်တော့ အစ်မလီ မိတ်သဟာယဖွဲ့ပြန်ပါတယ်- “ဘုရားဟာ ဖန်တီးမှုအားလုံးရဲ့ အရှင်သခင်ဖြစ်ပါတယ်။ စကြာဝဠာ တစ်ခုလုံးကို အုပ်စိုးပြီးတော့၊ လူသားတိုင်းရဲ့ ကံကြမ္မာကို ဦးဆောင်ပါတယ်။ ဘုရားဟာ အစ္စရေးလူမျိုးတွေရဲ့ ဘုရားသာလျှင်မဟုတ်ဘဲ အဲဒီထက်ပိုပြီး ဖန်ဆင်းခြင်းအားလုံးရဲ့ ဘုရားသခင်ဖြစ်ပါတယ်။ ဘုရားက အလုပ်ကို ဘယ်နိုင်ငံမှာမဆို ဘယ်သူတွေကြားမှာမဆို လုပ်ဆောင်ခွင့်ရှိပါတယ် ဒါပေမဲ့ ဘယ်နိုင်ငံမှာပေါ်ထွန်းပြီး အလုပ်လုပ်ဆောင်တာပဲဖြစ်နေပါစေ။ လူသားတွေရဲ့တိုးတက်မှုအတွက် ဦးဆောင်ပေးနိုင်ဖို့နဲ့။ လူသားအားလုံးရဲ့ အကျိုးအတွက် သူအလုပ်လုပ်ပါတယ်။ ဥပမာအားဖြင့် ပညတ်တော်ခေတ်မှာ။ ယေဟောဝါဘုရားသခင်က အစ္စရေးမှာ သူ့ရဲ့ ပညတ်တော်ကို ကြေညာပြီး ပညတ်တော်ခေတ်ကို စတင်ဖို့အတွက် မောရှေကို အသုံးပြုခဲ့တယ်။ နောက်တော့ အဲဒီဒေသကိုပဲ ဗဟိုချက်အဖြစ်အသုံးပြုပြီး တဖြည်းဖြည်းနဲ့ သူ့ရဲ့အလုပ်တွေကို တခြားဒေသတွေဆီ ဖြန့်ကျက်ခဲ့တဲ့အတွက်ကြောင့်။ လူသားအားလုံး၊ နိုင်ငံအားလုံးက ကိုယ်တော်ရဲ့နာမတော်ကို ကြီးမြတ်ရာအဖြစ် ကိုးကွယ်ကြတာပေါ့။ ကျေးဇူးတော်ခေတ်မှာလည်း သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကို ယုဒပြည်မှာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ယေရှုက ဂျူးလူမျိုးတွေကိုပဲ ရွေးနုတ်ခဲ့တာမဟုတ်ဘဲ လူသားအားလုံးကို ရွေးနုတ်ခဲ့တာပါ။ အခု နှစ်ပေါင်း နှစ်ထောင်ကြာပြီးတဲ့နောက်မှာ သခင့်ရဲ့ဧဝံဂေလိတရားတွေဟာ ကမ္ဘာ့နေရာအသီးသီးဆီ ပျံ့နှံ့ခဲ့ပါပြီ။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားက သူ့ရဲ့အလုပ်တွေကို စကြဝဠာ အနှံ့မဖြန့်ခင်။ တရုတ်ပြည်ကို စမ်းသပ်ရာနေရာအဖြစ် အသုံးပြုနေတာပါ။ အခုဆို အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်ချက်တွေက အရှေ့အရပ်ကနေပေါ်လာတဲ့။ တောက်ပတဲ့ အလင်းရောင်လိုမျိုးဖြစ်ပြီးတော့ သက်သေခံချက်တွေနဲ့ အနောက်အရပ်က နိုင်ငံတိုင်းကို အလင်းပေးနေပါတယ် တော်တော်များများလည်း အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေက တဆင့် ဘုရားရဲ့အသံကိုကြားခဲ့ရပြီးတော့။ နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကိုလက်ခံဖို့ ဘုရားရဲ့ပလ္လင်တော်ရှေ့မှောက်ကို ရောက်ရှိလာခဲ့ပါပြီ တဲ့။ ဘယ်ခေတ်မှာပဲဖြစ်ဖြစ်။ ဘုရားက လူတွေကြားမှာ ဒါမှမဟုတ် နိုင်ငံတစ်ခုခုမှာ ပေါ်ထွန်းပြီး အလုပ်လုပ်ဖို့ဆုံးဖြတ်ပြီဆိုရင်။ အမြဲတမ်း အလုပ်လုပ်ဆောင်ဖို့နေရာကို အရင်ဆုံးရွေးပြီးမှ။ လူသားတွေကို ကယ်တင်ခြင်းအလုပ်ကို ပြီးမြောက်အောင်လုပ်ဖို့အတွက် အဲဒီနေရာကို ဥပမာတစ်ခုအနေနဲ့အသုံးချပြီး။ တဖြည်းဖြည်းချင်း အလုပ်တွေကို တခြားနေရာဆီချဲ့ထွင်တတ်ပါတယ်။ ဒါက ဘုရားရဲ့အလုပ်တွေနောက်ကွယ်က သဘောတရားပါပဲ။ “ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်မှာ ဘုရားက အစ္စရေးမှာပဲ အလုပ်လုပ်ဆောင်ခဲ့တာကြောင့်။” အစ္စရေးနိုင်ငံရဲ့ ဘုရားသခင်ပဲဖြစ်ပြီးတော့ အစ္စရေးကနေပဲ ဧဝံဂေလိတရားတွေ ထွက်ပေါ်လာနိုင်တယ်၊ အစ္စရေးလူမျိုးတွေကပဲ ဘုရားရဲ့ အမှန်တကယ် ရွေးချယ်ခံရသူတွေဖြစ်ပြီးတော့ ဘုရားရဲ့ကောင်းချီးနဲ့ ထိုက်တန်တဲ့အတွက်ကြောင့် ခရစ်ယာန်နိုင်ငံမဟုတ်တဲ့ နိုင်ငံမှာ ပေါ်ထွန်းပြီး အလုပ်လုပ်မှာမဟုတ်ဘူးဆိုတဲ့ ကျွန်မတို့ရဲ့ အယူအဆ၊ စိတ်ကူးအတိုင်းသာ ဆက်သွားနေရင်။ ကျွန်မတို့က ဘုရားကို ဘောင်ခတ်မိသလို ဖြစ်မနေဘူးလား ‘တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီး မြတ်ရလိမ့်မည်’ လို့ ဘုရားကပြောခဲ့ပါတယ်။ ဒီလိုဆို ဒါကဘယ်လိုလုပ်များ ပြီးမြောက်ပြည့်စုံနိုင်မှာလဲပေါ့။ ဘုရားက နောက်ဆုံးသောကာလမှာ လူတွေရဲ့အယူအဆ တွေကိုချေဖျက်ဖို့နဲ့ ကိုယ်တော်ဟာ စည်းမျဉ်းအရမလုပ်ဘဲ ကိုယ်ပိုင်အစီအစဉ်နဲ့သာ လုပ်ဆောင်တယ်ဆိုတာကို ပြသဖို့အတွက်။ ဘုရားမဲ့ဝါဒအုပ်စိုးတဲ့ တရုတ်ပြည်မှာ လူ့ဇာတိခံယူပြီး အလုပ်လုပ်ဆောင်နေပါပြီ ကိုယ်တော်ဟာ အစ္စရေးလူမျိုးတွေကိုသာ မကဘဲ။ ခရစ်ယာန်မဟုတ်တဲ့လူတွေကိုပါ ကယ်တင်တယ်ဆိုတာကိုလည်း ပြသနေပါတယ် ဘုရားဟာ လူသားမျိုးနွယ်အားလုံးရဲ့ ဘုရားသခင်ပါ လူတစ်စု နိုင်ငံတစ်ခုရဲ့ ဘုရားသခင်ပဲ မဟုတ်ပါဘူး တဲ့ ဘုရားသခင် ဘယ်မှာပဲပေါ်ထွန်းပြီး အလုပ်လုပ်ဆောင်နေပါစေ အမြဲတမ်း အရေးပါပြီးတော့။ လူသားတွေကိုကယ်တင်ဖို့ ရည်ရွယ်ချက်အတွက် အကောင်းဆုံးဖြစ်မယ့်နေရာကို အမြဲရွေးချယ်ပါတယ်” တဲ့။

အစ်မလီရဲ့ မိတ်သဟာယဖွဲ့မှုက ကျွန်မကို အရမ်းအရှက်ရစေခဲ့ပါတယ် ဘုရားက ပညတ်တော်ခေတ်မှာရော ကျေးဇူးတော်ခေတ်မှာပါ သူ့အလုပ်ကို အစ္စရေးမှာလုပ်ခဲ့တယ်ဆိုတာ သိထားတော့။ ဘုရားက အစ္စရေးမှာပဲ ပေါ်ထွန်းပြီး အလုပ်လုပ်ဆောင်မယ်လို့ထင်ခဲ့မိတယ်လေ တကယ်လို့ နောက်ဆုံးသောကာလမှာ ဘုရားက အစ္စရေးမှာပဲ ထပ်ပြီး အလုပ်လုပ်ဆောင်မယ်ဆိုရင်။ ကိုယ်တော်ကို အစ္စရေးလူမျိုးတွေရဲ့ ဘုရားသခင်လို့ပဲ ရှေ့လျှောက် ဘောင်ခတ်မိနေဦးမှာပါပဲ။ ပြီးတော့ အဲဒီလိုဆိုရင် ဘုရားကို လူသားမျိုးနွယ်အားလုံးရဲ့ အရှင်သခင်အဖြစ် လက်မခံရာကျမှာပေါ့။ ဒါက ဘုရားကို ခုခံတာပါပဲ ဘုရားသခင်ပေါ်ထွန်းပြီး အလုပ်လုပ်ဆောင်တဲ့ဒေသဆိုတာ အမြဲတမ်း ဘုရားရဲ့အစီအစဉ်နဲ့ ဉာဏ်ပညာရဲ့ ရောင်ပြန်ဟပ်မှုပါပဲ။ ကျွန်မတို့က ဘုရားရဲ့ အလုပ်ကို မှတ်ချက်ပေးဖို့ မသင့်လျှော်ပါဘူး၊ ဘောင်ခတ်ဖို့ဆိုရင် ပိုဆိုးပါတယ် ဒါပေမဲ့လည်း ကျွန်မနောက်တွန့်နေမိတာလေးတွေ ရှိပါတယ် တရုတ်ပြည်ကို ဘုရားမဲ့ဝါဒီအစိုးရက အုပ်ချုပ်နေတာလေ။ ဘုရားကို အဆိုးဝါးဆုံး ဆန့်ကျင်ခုခံနေတဲ့နိုင်ငံပါ ဘုရားက အစ္စရေးမှာပေါ်ထွန်းပြီး အလုပ်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင်။ ခရစ်ယာန်ဘာသာ အဓိကကိုးကွယ်တဲ့ ယူအက်စ် တို့ ယူကေတို့လိုနိုင်ငံတွေမှာ ဘာလို့အလုပ်မလုပ်တာလဲ အလုပ်လုပ်ဖို့အတွက် နိုင်ငံတွေအများကြီးထဲမှာမှ ဘာလို့တရုတ်ပြည်ကို ရွေးခဲ့တာလဲ။ အစ်မလီကို ကျွန်မအဲဒီမေးခွန်းတွေ မေးခဲ့တယ်လေ။

အစ်မလီက ဒီလိုပြန်ပြောခဲ့ပါတယ်။ “ဘုရားက ဘယ်နိုင်ငံတွေမှာ သူ့အလုပ်ကိုလိုအပ်နေလဲဆိုတာကို အခြေခံပြီးတော့ အလုပ်လုပ်ဖို့နိုင်ငံနဲ့ ဒေသကို ရွေးချယ်ပါတယ် ကိုယ်တော်ရဲ့ရွေးချယ်မှုနောက်ကွယ်မှာ အမြဲတမ်း ထူးခြားတဲ့အဓိပ္ပာယ်ရှိတယ် ဒီအကြောင်းကို အနန္တတန်ခိုးရှင်ဘုရားက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးပါပြီ” တဲ့ နောက်တော့ အစ်မလီက အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်ထဲက တစ်ပိုဒ်ကိုဖတ်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာ၌ ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားတို့နှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင့်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှု ပြုသူများဖြစ်ပြီး၊ သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ နမူနာပုံစံ ဖြစ်သည်။...ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် စိတ်ဓာတ်မှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ ဤစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် ဘုရားသခင်၏ နောက်ဆက်တွဲအလုပ်သည် များစွာ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို အထမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူပြီးလျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ အမှန်အားဖြင့် သင်တို့အကြားရှိအမှုမှာ အောင်မြင်သည်နှင့် ယင်းသည် စကြာဝဠတစ်ခုလုံး၌ အောင်မြင်သည့်သဘောနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ဤသည်မှာ ငါသည် သင်တို့ကို စံပြပုံစံနှင့် နမူနာအဖြစ် ဆောင်ရွက်စေခြင်းအကြာင်းရင်း၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ ဤလူများအထဲ၌ ပုန်ကန်မှု၊ ဆန့်ကျင်မှု၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း အားလုံးတို့ကို မြင်တွေ့ရပြီး၊ လူသားမျိုးနွယ်၏ ပုန်ကန်လိုစိတ်ရှိသမျှကို သူတို့အထဲတွင် ကိုယ်စားပြုထားလေသည်။ သူတို့သည် အမှန်ပင် မှတ်သားလောက်ပေသည်။ ဤအကြောင်းကြောင့် သူတို့ကို့ သိမ်းပိုက်ခြင်း၏ နမူနာအဖြစ် စံပြုထားပြီး၊ သူတို့ကို သိမ်းပိုက်လိုက်သည်နှင့် သူတို့သည် အခြားသောသူများအတွက် အလိုအလျောက် စံပြနမူနာ ဖြစ်လာလိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂))

နောက်တော့ အစ်မလီ မိတ်သဟာယဖွဲ့ပါတယ်။ “ဘုရားသခင်က အဆင့်တိုင်းမှာ သူ့အမှုတော်ရဲ့ တည်နေရာနဲ့ ဦးတည်ချက်ကို ရွေးချယ်ရာမှာ သူ့အမှုတော်ရဲ့ လိုအပ်ချက်တွေကို အခြေခံပါတယ်။ အဲဒီမှာ အမြဲတမ်း တိကျတဲ့ အဓိပ္ပာယ်ရှိပြီးတော့ လူသားမျိုးနွယ်ကိုကယ်တင်ဖို့အတွက်ပါပဲ။ ဥပမာပြောရရင် ဘုရားက အလုပ်ရဲ့ပထမဆုံး အဆင့် ၂ ခုကို အစ္စရေးမှာလုပ်ဆောင်ခဲ့တယ်ဆိုတာက။ အစ္စရေးလူမျိုးတွေက ဘုရားရဲ့ ရွေးချယ်ခြင်းခံရတဲ့လူတွေ ဖြစ်လို့ပါပဲ သူတို့က ဘုရားကိုယုံကြည်ပြီး ကိုးကွယ်ကြတယ်။ သူတို့ရဲ့နှလုံးသားမှာ ဘုရားကိုကြောက်ရွံ့ပြီး လူတွေထဲမှာမှ ဖောက်ပြန်ပျက်စီးခြင်း အနည်းဆုံးဖြစ်နေလို့ပါပဲ အဲဒါကြောင့်ပဲ ဘုရားအနေနဲ့ သူတို့ကြားမှာ အလုပ်လုပ်ဆောင်ရင်း ဘုရားကိုကိုးကွယ်တဲ့အုပ်စုတစ်ခုကို စံပြအဖြစ် ဖန်တီးဖို့ အလွယ်ဆုံးဖြစ်ခဲ့တာပေါ့ ပြီးတော့ ဒီလိုမှပဲ ဘုရားရဲ့လုပ်ဆောင်ချက်တွေက ပိုပြီးမြန်ဆန်ချောမွေ့စွာ ပျံ့နှံ့နိုင်မှာပါ ဒါမှပဲ လူသားမျိုးနွယ်အားလုံးလည်း ဘုရားရဲ့တည်ရှိမှုနဲ့ အလုပ်ကို သိနိုင်မှာဖြစ်ပြီးတော့။ နောက်ထပ် လူတွေထပ်ပြီးတော့ ဘုရားရဲ့ ရှေ့မှောက်ကိုလာပြီး ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မှာပေါ့ အစ္စရေးမှာ လုပ်ဆောင်ခဲ့တဲ့ ဘုရားရဲ့ ပထမအလုပ် နှစ်ဆင့်ဟာ တကယ်ကို ပုံဥပမာဆန်ပါတယ်။ သူ့အလုပ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ ဘုရားက အစ္စရေးနိုင်ငံကို လုံး၀ရွေးချယ်ခဲ့တာပါ။ နောက်ဆုံးသောကာလမှာ ဘုရားက တရားစီရင်ခြင်းအမှုနဲ့ သန့်စင်ခြင်းအမှုကို လုပ်ဆောင်ပါတယ် ကိုယ်တော်ရဲ့ ဖြောင့်မတ်မှု၊ အမျက်ဒေါသနဲ့ ပုန်ကန်ပစ်မှားမရနိုင်တဲ့ စိတ်သဘောထားကို လူသားမျိုးနွယ်အားလုံး မြင်အောင်ပြသပြီး လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ မဖြောင့်မတ်မှုကို တရားစီရင်ပြီး ဖော်ထုတ်ဖို့အတွက် သမ္မာတရားကို ဖော်ပြပါတယ်။ ဒါကြောင့်ပဲ ဥပမာအနေနဲ့ ဖောက်ပြန်ပျက်စီးမှုအများဆုံး နဲ့ ဘုရားကို အခုခံဆုံးလူတွေကို ရွေးရတာပါ။ ဒီလိုလုပ်မှပဲ ဘုရားရဲ့အလုပ်ဟာ အကောင်းဆုံးရလဒ်ကို ရမှာပါ။ အားလုံးသိတဲ့အတိုင်းပဲ။ လူတွေထဲမှာမှ တရုတ်တွေက အသိဉာဏ်ဖွံ့ဖြိုးမှုအနည်းဆုံးနဲ့ စာတန်ကြောင့် ဖောက်ပြန်ပျက်စီးမှု အများဆုံးလူတွေလေ လူမျိုးတွေထဲမှာမှ သူတို့က မသန့်စင်ဆုံး၊ နိမ့်ကျပြီး ဘုရားကို ဆန့်ကျင် ခုခံဆုံးလူမျိုးပါ။ သူတို့က ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေရဲ့ အခြေခံအကျဆုံးပြယုဂ်ပါပဲ တရုတ်ပြည်မှာ တရားစီရင်ခြင်းအမှု လုပ်ဆောင်ပြီး တရုတ်လူမျိုးတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘောထားကို ပစ်မှတ်ထားခြင်းအားဖြင့် ဘုရားက လူသားမျိုးနွယ်ကို အပြည့်စုံဆုံး အတိကျဆုံး ဖော်ထုတ်ရာရောက်ပြီးတော့။ ကိုယ်တော်ဖော်ပြတဲ့ သမ္မာတရားကလည်း အကောင်းဆုံး ပြည့်စုံပြီး၊ ကိုယ်တော်ရဲ့ သန့်ရှင်းဖြောင့်မတ်သော စိတ်သဘောထားကို အကောင်းဆုံးပြသနိုင်မှာပါပဲ။ လူသားမျိုးနွယ်ကို သိမ်းပိုက်ကယ်တင်ဖို့၊ သူ့ရဲ့ မြင့်မြတ်ဖြောင့်မတ်တဲ့ စိတ်သဘောထားကို မြင်စေဖို့ ဘုရားသခင်က တရုတ်ပြည်မှာ ရွေးချယ်ထားတဲ့ လူတွေအပေါ် သူ့အလုပ်ကတစ်ဆင့် ဖော်ပြထားတဲ့ သမ္မာတရားကို အသုံးပြုပါတယ်။ ဒါမှပဲ လူသားတွေအားလုံးက ကိုယ်တော်ကိုချီးမွမ်းဖို့ ဘုရားရှေ့ရောက်လာကြမှာပါ။ ဒါက ဘုရားအလုပ်ရဲ့ ဉာဏ်ပညာပါပဲ တဲ့ ဖောက်ပြန်ပျက်စီးမှု အများဆုံးလူတွေကို ဘုရားက ပြည့်စုံစေနိုင်တယ်ဆိုရင် ကျန်တဲ့လူတွေကို ပြည့်စုံစေဖို့ဆိုတာက ရှောင်လွှဲလို့မရနိုင်တဲ့အပြင် စာတန်ဟာလည်း အလုံးစုံရှုံးနိမ့်သွားမှာပဲပေါ့။ တရုတ်ပြည်မှာ အလုပ်လုပ်ခြင်းအားဖြင့် ဘုရားက အသင့်လျော်ဆုံး သက်သေခံချက်နဲ့ အကြီးမြတ်ဆုံးဘုန်းကျက်သရေကို ရရှိမှာဖြစ်ပါတယ်။ အစ္စရေးလူမျိုးတွေ ဒါမှမဟုတ် ယူအက်စ်တို့ ယူကေတို့လို ခရစ်ယာန်များတဲ့နိုင်ငံတွေက လူတွေက။ ဖောက်ပြန်ပျက်စီးတဲ့လူမျိုးတွေရဲ့ အကြီးဆုံးဥပမာ မဟုတ်တဲ့အတွက် သူတို့အပေါ် အလုပ်လုပ်ပြီး ပြည့်စုံစေမယ်ဆိုရင် လူသားမျိုးနွယ်ကို သိမ်းပိုက်ကယ်တင်ဖို့ဆိုတဲ့ ပန်းတိုင်ကို ရောက်ရှိမှာမဟုတ်ပါဘူး ဒါကြောင့် တရားစီရင်ခြင်းအမှု လိုအပ်ချက်အရ ဘုရားက တရုတ်လူမျိုးတွေနဲ့ အလုပ်လုပ်တယ်ဆိုတာ။ အကောင်းဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးဖြစ်ပါတယ်။ ဘုရား အမှုတော်ရဲ့ ဦးတည်ချက်၊ တည်နေရာနဲ့ အဆင့်တစ်ခုစီက အမြင့်ဆုံး သက်ရောက်မှုကို ကြည့်ရင် ဘုရားရဲ့အလုပ်က အမှန်တကယ် ဉာဏ်ပညာကြီးပြီး အံ့ဩစရာကောင်းတယ်ဆိုတာ တွေ့နိုင်ပါတယ်” တဲ့။

ဒါကိုကြားလိုက်ရတော့ ကျွန်မ စိတ်လှုပ်ရှားစွာနဲ့ပဲပြောလိုက်ပါတယ်။ “ဟုတ်တယ်နော်၊ အစ္စရေးက ဘုရားကိုကိုးကွယ်တဲ့ နိုင်ငံဖြစ်ပြီးတော့ လူသားမျိုးနွယ်ထဲမှာမှ ဖောက်ပြန်ပျက်စီးမှု အနည်းဆုံးလူတွေပါပဲ။ တကယ်လို့သာ သခင်က အစ္စရေးမှာ အလုပ်လုပ်ဖို့ပြန်လာရင် ဘုရားရဲ့ သိမ်းပိုက်ခြင်းအလုပ်က ရလဒ်ကောင်းဘယ်ရပါ့မလဲ။ နိုင်ငံတွေထဲမှာမှ တရုတ်ပြည်က အသိဉာဏ်ဖွံ့ဖြိုးမှုအနည်းဆုံးနဲ့ ဘုရားကိုအခုခံဆုံးနိုင်ငံ ဖြစ်နေတော့။ တရုတ်လူမျိုးတွေကို သိမ်းပိုက်ခြင်းအားဖြင့် သိမ်းပိုက်ခြင်းအလုပ်မှာ အကောင်းဆုံးရလဒ် ရလာရုံမကဘဲ။ ကိုယ်တော်ရဲ့ အနန္တတန်ခိုးနဲ့ ဉာဏ်ပညာကိုလည်း ပေါ်လွင်စေတယ်။ အခုတော့ နောက်ဆုံးသောကာလမှာ ဘုရားရဲ့ တရုတ်ပြည်မှာ အလုပ်လုပ်ဆောင်မှုက ဘယ်လောက်ထင်ရှားသလဲဆိုတာကို အမှန်တကယ် သိလိုက်ရပါပြီ။ ပေါ့ ဘုရားရဲ့ အလုပ်ကိုမသိခဲ့ဘဲနဲ့။ ကျွန်မရဲ့အယူအဆ တွေ စိတ်ကူးတွေနဲ့ ဘုရားရဲ့အလုပ်ကို ဘောင်ခတ်မိခဲ့တယ်။ ကျွန်မ စိတ်ကြီးဝင်ခဲ့မိပါတယ် ဆိုပြီး ပြောခဲ့ပါတယ်။”

အစ်မလီက ဆက်ပြောပါသေးတယ်။ “ဘုရားက ဘယ်နေရာမှာ ဘယ်လိုအလုပ်ကိုပဲလုပ်လုပ်။ ရှာဖွေရမယ့် ဆန်းကြယ်မှုတွေနဲ့ အမှန်တရားဆိုတာ အမြဲတမ်း ရှိပါတယ် သခင်ပြန်လာခြင်းကို ဘယ်လိုကြိုဆိုရမလဲဆိုတာနဲ့ ပတ်သက်ပြီး သခင်ယေရှုက ကျွန်မတို့ကိုပြောခဲ့ပါတယ်။ ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ဒါကြောင့် သခင်ပြန်လာခြင်းကို ကြိုဆိုပြီး ကိုယ်တော်ပေါ်ထွန်းခြင်းကို ရှာဖွေတဲ့ အခါမှာ။ အရေးအကြီးဆုံးက သမ္မာတရား ဖော်ပြခြင်းနဲ့ ဘုရားရဲ့အသံရှိ၊ မရှိ ကို ကြည့်ရမှာပါ။ သမ္မာတရားကို ဘယ်နေရာမှာပဲ ဖော်ပြပါစေ၊ အဲဒီနေရာမှာ ဘုရားရဲ့အသံလည်း ရှိမှာဖြစ်ပြီးတော့။ ဘုရားသခင်ပေါ်ထွန်းခြင်းနဲ့ အလုပ်လုပ်ဆောင်ခြင်းလည်း ရှိနေမှာပါ။ အဲဒါက လုံး၀ကိုမှန်ကန်ပါတယ်။ တဲ့ အနန္တတန်ခိုးရှင်ဘုရား ပြောခဲ့သလိုပေါ့- ‘လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မားမားစွင့်စွင့် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆနှင့် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သော အရာဖြစ်လေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုဆန္ဒ သာ၍ပါလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၌ ဘုရားသခင်က သူ့ကိုယ်သူ ထုတ်ဖော်သည်ဖြစ်စေ ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။ ထို့ပြင် ဘုရားသခင် ပေါ်ထွန်းသည့် နည်းဟန် သို့မဟုတ် တည်နေရာကြောင့် သူ၏အနှစ်သာရမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားက ပြောင်းလဲခြင်း မရှိပါ၊ ထို့ပြင် ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်သည် လူသားအားလုံး၏ ဘုရားသခင်ဖြစ်သည်၊ ယင်းအချက်မှာ သခင်ယေရှုသည် ဣသရေလလူမျိုးတို့၏ ဘုရားသာမဟုတ်ဘဲ အာရှ၊ ဥရောပနှင့် အမေရိကတိုက်ရှိ လူအားလုံး၏ ဘုရားဖြစ်သည်သာမက၊ စကြဝဠာတစ်ခုလုံး၌ တစ်ဆူတည်းသော ဘုရားပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုကို ငါတို့ ရှာဖွေကြပါစို့။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သူ၏မိန့်မြွက်ခြင်းများထဲတွင် ရှာဖွေကြပါစို့။ ထို့ပြင် သူ၏ခြေလှမ်းများကို အမီလိုက်ကြပါစို့။ ဘုရားသခင်သည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ပေါ်ထွန်းခြင်းတို့သည် တစ်ပြိုင်တည်း တည်ရှိကြသည်၊ သူ၏ စိတ်သဘောထားနှင့် ခြေရာများသည်လည်း လူသားများအဖို့ အစဉ် လမ်းဖွင့်ပေးထားသည်။’” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏) အနန္တတန်ခိုးရှင်ဘုရား ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရှုပ်ထွေးနေတာတွေကို အားလုံး ဖြေရှင်းပေးခဲ့ပါတယ် ဘုရားသခင်ပေါ်ထွန်းခြင်းနဲ့ အလုပ်ရဲ့ ဆန်းကြယ်မှုတွေကိုလည်း ဖော်ပြခဲ့ပါတယ် ကျွန်မရဲ့ အရင်က အယူအဆတွေကို ခိုင်မာစွာ ချေပနိုင်ခဲ့ပါတယ် သခင်ပြန်လာခြင်းကို ကြိုဆိုဖို့ ကျွန်မ နှစ်တွေအကြာကြီး စောင့်မျှော်ခဲ့ပေမယ့်။ ကျွန်မ စိတ်ကူးစိတ်သန်းတွေ၊ ကျမ်းစာရဲ့ တိုက်ရိုက်စကားလုံးတွေနဲ့ ယှဉ်ပြီး ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ဘောင်ခတ်နေမိတယ်ဆိုတာ လုံးဝ သတိမထားမိခဲ့ဘူး။ ကျွန်မ ဘယ်လောက်တောင် အမြင်ကန်းပြီး မသိခဲ့မိသလဲ တွေ့ဆုံပွဲ ပြီးသွားတဲ့နောက်မှာတော့။ ကျွန်မက အရင်စပြီး အနန္တတန်ခိုးရှင်ဘုရား ဖော်ပြတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ဆိုတဲ့စာအုပ်မိတ္တူတစ်ခုကို အစ်မလီကို တောင်းခဲ့ပါတယ်။

အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့။ သူ့ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာကျမ်းရဲ့ ဆန်းကြယ်မှုတွေအများကြီးကို ဘယ်လို ဖော်ထုတ်ထားသလဲဆိုတာကို သိခဲ့ရပါတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ နှစ် ၆၀၀၀ စီမံကိန်းအစီအစဉ်၊ ကျမ်းစာရဲ့ သမ္မာတရားနဲ့ ကျမ်းစာမှာပါတဲ့ အဖြစ်အပျက်တွေ၊ ဘုရားရဲ့ နာမတော်တွေရဲ့ အဓိပ္ပာယ်၊ လူ့ဇာတိခံယူခြင်းရဲ့ ဆန်းကြယ်မှု၊ လူသားတိုင်းရဲ့ ပန်းတိုင်နဲ့ ရလဒ်ကို ဘုရားက သတ်မှတ်ပေးပုံ၊ ဒီခေတ် အဆုံးသတ်မယ့်ပုံနဲ့ ခရစ်တော်ရဲ့ နိုင်ငံတော် ဒီကမ္ဘာမြေမှာ အမှန်တကယ် ဖြစ်ပေါ်လာမယ့်ပုံ၊ စတာတွေပေါ့။ ဒီလို ဆန်းကြယ်မှုတွေကို ဘုရားကလွဲပြီး ဘယ်သူမှ ဖော်ထုတ်ပြသနိုင်မှာမဟုတ်ပါဘူး။ အနန္တတန်ခိုးရှင်ဘုရား ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေမှာ ဩဇာအာဏာ၊ ဘုန်းအာနုဘော်နဲ့ စွမ်းအားတွေအပြည့်ပါပဲ။ ဒါတွေက တကယ်ကိုပဲ ဘုရားရဲ့ နှုတ်ထွက်စကားတွေဖြစ်ပါတယ်။ ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားဟာ သခင်ယေရှုပြန်လာခြင်းပဲဆိုတာ လုံး၀ သေချာသွားပါတယ်။ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားရဲ့ အလုပ်ကို မတုံ့ဆိုင်းဘဲ လက်ခံခဲ့ပြီးတော့။ အခုဆိုရင် သိုးသူငယ်ရဲ့ ခြေရာအတိုင်း လိုက်ပါခဲ့ပါပြီ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

“ခိုတမန်လေး” တစ်ကောင်က အရေးကြီးသော သတင်း ဆောင်ကြဉ်းလာသည်

ဆုဂျီ၊ တရုတ်ပြည်၁၉၉၉ ခုနှစ် တစ်နေ့တွင် ဝတ်ပြုစုဝေးပွဲတစ်ခု အပြီးသတ် ပြီးနောက်၊ သင်းအုပ်ဆရာက ကျွန်မထံ ချဉ်းကပ်ပြီး “ဆုဂျီ၊ ဒီမှာ နင့်အတွက်...

ကျမ်းစာကို ယုံကြည်ခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တူသလား

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...

ကြိုးစားအားထုတ်ခြင်းက ကောင်းကင်နိုင်ငံသို့ ဝင်ခွင့် ရနိုင်သလား

ရှီလာ ကင်ညာနိုင်ငံ ကျွန်မက ဘာသာရေးကိုင်းရှိုင်းတဲ့ ကက်သလစ်ဘာသာဝင် မိသားစုမှာ မွေးတာပါ။ ကျွန်မတို့ဆရာတော်က အမြဲပြောတတ်တယ်။...

ပညာရှိသတို့သမီးတို့သာ သခင့်ကို ကြိုဆိုနိုင်ကြ၏

မင်ဂျီ တရုတ်နိုင်ငံ သခင်ယေရှုက သူ ပြန်ကြွလာမယ့်အချိန်မှာ လူနှစ်မျိုးရှိလိမ့်မယ်လို့ ပရောဖက်ပြုခဲ့တယ်၊ ပညာရှိတဲ့သတို့သမီးတွေနဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။