ပုန်ကန်သူတစ်ဦး နောင်တရခြင်း

03.08.2022

ကူဝေချင်း တရုတ်နိုင်ငံ

ကူဝေချင်း- ကျွန်တော် ၁၉၉၀မှာ ခရစ်ယာန်ဖြစ်လာတာပါ။ သမ္မာကျမ်းစာက ကျွန်တော်တို့ယုံကြည်ခြင်းရဲ့ အခြေခံအုတ်မြစ်ပဲ၊ ဒီတော့ ယုံကြည်သူတွေအနေနဲ့ ကျွန်တော်တို့က ကျမ်းစာကို လိုက်နာရမယ်လို့ အမြဲပြောတဲ့ အသင်းတော်ခေါင်းဆောင်တစ်ယောက် ရှိခဲ့တယ်။ အဲဒီစကားတွေက ကျွန်တော့်စိတ်နှလုံးထဲမှာ တကယ်ကို အမြစ်တွယ်နေခဲ့တာ။ ကျွန်တော်က ကိုယ့်ဘာသာတွေးမိတယ်၊ ငါကျမ်းစာအများကြီး ဖတ်ဖို့လိုတယ်၊ ကျမ်းစာကို နားလည်သရွေ့ ငါ့ယုံကြည်ခြင်းမှာ လမ်းကြောင်းတစ်ခု ရှိနေမှာပဲလို့ပေါ့။ ဒါကြောင့် ကျွန်တော်က ကျမ်းစာကို ထပ်ထပ် ဖတ်ခဲ့တယ်။ ယုံကြည်ခြင်းမှာ ကျွန်တော့် အကြီးအကဲတွေဆီကိုလည်း ခဏခဏ အကြံသွားတောင်းခဲ့တယ်။ သူတို့ထဲက တစ်ယောက်က ဒီအားပေးစကားတွေပြောတာကို ကျွန်တော် မှတ်မိတယ်။ “ကျမ်းစာအတွက် မင်းစိတ်ပြင်းပြပုံနဲ့တော့ နောင်မှာ သခင်က မင်းကို အကြီးအကျယ်သုံးမှာ ကျိန်းသေပဲ” တဲ့။ ယုံကြည်သူအသစ်တစ်ယောက်အနေနဲ့၊ ဒီစကားတွေကြားလိုက်ရတော့ ကျွန်တော့်အတွက် တကယ်ကို စိတ်လှုပ်ရှားခဲ့ရတာပေါ့။ ဒါတွေကြောင့် ကျမ်းစာကိုလည်း ပိုလို့တောင် ကိုးကွယ်လာခဲ့မိတယ်။ အဲဒီနောက်မှာတော့ သမ္မာကျမ်းစာဖတ်ဖို့ မနက်တိုင်း ၄ နာရီမှာ အိပ်ရာထတယ်၊ တစ်အိမ်လုံးအနှံ့မှာလည်း ရွေးချယ်စရာ ကျမ်းပိုဒ်တွေကို ကပ်ထားခဲ့တယ်။ ကျွန်တော်အားတဲ့အချိန်တိုင်းမှာလည်း ကျမ်းပိုဒ်ဖတ်ရင်ဖတ် မဖတ်ရင် အလွတ်ကျက်တယ်။ ညည အိပ်ရာဝင်တဲ့အခါမှာလည်း ကျွန်တော့်ရဲ့ခေါင်းအုံးဘေးမှာ ကျမ်းစာအုပ်ကို ချထားတယ်။ သခင်က ညကြီးမိုးချုပ် ပြန်ကြွလာရင် လက်ထဲမှာ ကျမ်းစာအုပ်နဲ့ အပြေးကြိုနိုင်မယ်ဆိုတဲ့ အတွေးနဲ့လေ။ အဓိကကတော့၊ ကျွန်တော့်သမ္မာကျမ်းစာအုပ်နဲ့ လုံးဝမခွဲနိုင်ခဲ့တာပေါ့။

အစီအစဉ် တင်ဆက်သူ- တော်တော်အစွန်းရောက်သွားတာပဲနော်။

ကူဝေချင်း- ဟုတ်တယ်ဗျ။ သုံးလေးနှစ်ကြာတော့၊ ကျွန်တော်တို့မြို့ထဲက ကျွန်တော်က ခဲရစ္စမဲတစ်ဂိုဏ်းရဲ့ အဓိက တွဲဖက်အမှုတော်ဆောင်ထဲက တစ်ယောက် ဖြစ်သွားတယ်။ စုဝေးပွဲနေရာ ၃၀၀ ကျော်ကို တာဝန်ယူခဲ့ရတာ။ ကျွန်တော်က သမ္မာကျမ်းစာကို လုံးဝအသည်းစွဲနေခဲ့တော့ ညီအစ်ကိုမောင်နှမတွေကို ဒီလိုအမြဲပြောဖြစ်တယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။(ရှင်မဿဲခရစ်ဝင် ၄:၄) သူတို့နဲ့ ဒီလိုလည်း မိတ်သဟာယပြုခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာရှိလို့ ကျမ်းစာကို ဖတ်တာက နေ့စဉ်နေ့တိုင်း အစာစားသလောက် အရေးကြီးတယ်၊ ကျမ်းစာက ကျွန်တော့်ယုံကြည်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့၊ ကျွန်တော်တို့က ကျမ်းစာကို ဘာဖြစ်ဖြစ် လိုက်နာရမယ်၊ စစ်မှန်တဲ့ ယုံကြည်သူဆိုတာ ဒါပဲလို့ပေါ့။

အစီအစဉ် တင်ဆက်သူ- အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်းကို အစ်ကိုဘယ်တုန်းက ကြားခဲ့တာလဲ။

ကူဝေချင်း- အဲဒါက ၁၉၉၇ ခုနှစ်ထဲမှာပေါ့။ တရုတ်အရှေ့မြောက်ပိုင်းက အသင်းတော် တော်တော်များများမှာ အသင်းသားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို တစ်ယောက်ပြီးတစ်ယောက် လက်ခံလာကြတယ်။ ကျွန်တော်တို့ခေါင်းဆောင်တစ်ယောက်က တွဲဖက်အမှုတော်ဆောင် အစည်းအဝေးတစ်ခု အလျင်စလိုလုပ်တယ်၊ အဲဒီမှာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို အိုးမဲသုတ်တဲ့ ဝါဒဖြန့်မှု တစ်ပုံကြီးကို သူပြခဲ့တယ်လေ။ ဒီလိုလည်း ပြောတယ်၊ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆိုတဲ့ အသင်းတော်တစ်ခု အခုရှိလာပြီ။ သူတို့ပြောတာတော့ သခင်ယေရှုဟာ အနန္တတန်ခိုးရှင် ဘုရားအဖြစ် လူ့ဇာတိနဲ့ ပြန်ကြွလာပြီ၊ နှုတ်ကပတ်တော်အသစ်တွေ မိန့်မြွက်ပြီး စာစောင်ကို ဖွင့်ပြီးပြီတဲ့။ သမ္မာကျမ်းစာက ခေတ်နောက်ကျသွားပြီ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်မှပဲ အာဟာရ ရမယ်တဲ့။ ဒီလိုဘယ်လိုပြောထွက်နိုင်ရတာလဲ။ နှစ်ထောင်နဲ့ချီပြီး သခင့်ကို ယုံကြည်သူအားလုံးက သမ္မာကျမ်းစာကို ဖတ်နေခဲ့ကြတာလေ။ ဘုရားနှုတ်ကပတ်တော်တွေအားလုံးက ကျမ်းစာထဲမှာပဲ၊ အဲဒါကလွဲပြီး ဘယ်ဟာကမှ ဘုရားနှုတ်ကပတ်တော် မဟုတ်ဘူး။ ငါတို့အနေနဲ့ အမြဲတမ်း သမ္မာကျမ်းစာကို စောင့်ထိန်းရမယ်။ လမ်းလွဲတာက သခင့်ကို သစ္စာဖောက်တာပဲမို့ သူကြွလာတဲ့အခါ ကယ်တင်ခံရမှာ မဟုတ်ဘူး” တဲ့လေ။ အဲဒီအချိန်တုန်းကတော့ သူပြောတာတွေကို ကျွန်တော်က သူနဲ့လုံးလုံး သဘောတူခဲ့တာ။ ဒီလိုတွေးမိတယ်၊ “မှန်တယ်။ ငါတို့ယုံကြည်ခြင်းမှာ ရှိသမျှက ကျမ်းစာကို အခြေပြုထားတာပဲ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက လူတွေက ကျမ်းစာကို ဖတ်တောင် မဖတ်တော့ သခင့်လမ်းခရီးကနေ လမ်းလွဲနေတာပဲ မဟုတ်လား။ ကျမ်းစာကို စောင့်ထိန်းဖို့နဲ့ ကျမ်းစာကနေ ဘယ်တော့မှ လမ်းမလွဲဖို့ ညီအစ်ကိုမောင်နှမတွေကို ငါဦးဆောင်လမ်းပြရမယ်” လို့ပေါ့။ ခုနခေါင်းဆောင်က ဒီလိုပုံစံနဲ့ အစည်းအဝေးကို သုံးရက်လုပ်လိုက်တယ်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဘယ်လိုသတိထားဆန့်ကျင်ရမလဲတွေ ပြောတယ်လေ။ အစည်းအဝေးတွေ လုပ်ပြီးသွားတော့ ကျွန်တော့်တာဝန်က အရင်ကထက် ပိုကြီးလာသလိုပဲ။ အသင်းတော်ကို ကာကွယ်ဖို့အတွက် အသင်းတော်ကို ပိတ်ထားပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဆန့်ကျင်ဖို့ တခြားအမှုတော်ဆောင်တွေနဲ့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ဝတ်ပြုဆုတောင်းပွဲတိုင်းမှာ၊ အဲဒါကို ဘယ်လို သတိထားဖို့အကြောင်း ပြောခဲ့ကြတယ်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ကျွန်တော်တို့ အသင်းတော်ရဲ့သိုးတွေ ခိုးနေတာကို တားပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ရင်း အစာရှောင် ဆုတောင်းသင့်တယ်လို့တောင် ညီအစ်ကိုမောင်နှမတွေကို ပြောခဲ့တယ်။

အစီအစဉ် တင်ဆက်သူ- ဒါမျိုးလုပ်ထားတဲ့ကြားက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လေ့လာစုံစမ်းသူတွေများ ရှိခဲ့လား။

ကူဝေချင်း- ရှိတာပေါ့ဗျာ။ သိပ်မကြာပါဘူး၊ တစ်နေ့မှာ ညီအစ်မတစ်ယောက်က ကျွန်တော့်ကို ပြောတယ်လေ၊ တွဲဖက်အမှုတော်ဆောင် တစ်ယောက်က အခု အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်သွားပြီး သူ့စုဝေးပွဲနေရာက စိတ်အားအထက်သန်ဆုံး အသင်းသားတွေက သူနဲ့အတူ လိုက်သွားတယ်တဲ့။ ဒါကြားလိုက်ရတော့ ကျွန်တော့်ကို စိုးရိမ်လွန်းလို့ ထမင်းတောင် မစားအားဘဲ သူ့နေရာကို ချက်ချင်းပြေးသွားတာ။ အဲဒီကို ရောက်တော့ အယောက် ၄၀ သာသာ စုဝေးပွဲမှာ ၁၉ ယောက် ပျောက်နေတာ တွေ့ရတယ်။

အစီအစဉ် တင်ဆက်သူ- ဆယ့်ကိုးယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံလိုက်တာပေါ့။

ကူဝေချင်း- ဟုတ်တယ်။ ဖြစ်ချင်တော့ အဲဒီ ၁၉ ယောက်က အဲဒီစုဝေးပွဲနေရာမှာ ဘာသာတရား အကိုင်းရှိုင်းဆုံးသူတွေလေ။ သူတို့လို သိုးကောင်းတွေ အခိုးခံရလိုက်တော့ ကျွန်တော့်အတွက် တကယ်ကို စိတ်ဆင်းရဲခဲ့ရတာ။ ဒီလိုတွေးမိတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက အဲဒီသိုးကောင်းတွေကို နှစ်ရက်သုံးရက် အလုပ်နဲ့တင် ခိုးသွားတာဟာ တကယ်ကို ရှိန်လောက်စရာပဲလို့လေ။ ဒါကြောင့် ကျွန်တော်က အဲဒီညီအစ်ကိုမောင်နှမတွေကို တားဖို့အတွက် သူတို့ဆီကို အပြေးသွားလည်ခဲ့တယ်။ ကျွန်တော် ပြောလိုက်တယ်၊ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သခင်ပြန်ကြွလာပြီး နှုတ်ကပတ်တော်အသစ်တွေ မိန့်မြွက်ထားတယ်လို့ အခိုင်အမာပြောပေမဲ့ ဒါဟာ မမှန်ပါဘူး။ ဘုရားနှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာရှိတာ၊ တခြားဟာတွေက သခင့်ရဲ့လမ်းခရီးကနေ သွေဖည်တာပဲ၊ သခင်ကြွလာတဲ့အခါ သူတို့က နိုင်ငံတော်ထဲ ဝင်ရမှာ မဟုတ်ဘူး။ ဒါဆို နှစ်နဲ့ချီ ယုံကြည်ခဲ့တာတွေက အလဟဿဖြစ်သွားမယ် မဟုတ်လား” လို့ပေါ့။ သခင့်ဆီမှာ ချက်ချင်းနောင်တရကြဖို့ တိုက်တွန်းလိုက်တယ်။

အစီအစဉ် တင်ဆက်သူ- သူတို့က ဘယ်လိုတုံ့ပြန်ကြလဲဗျ။

ကူဝေချင်း- အဲဒီအချိန်က သူတို့နားထောင်မယ် ထင်နေခဲ့တာ၊ ဒါပေမဲ့ အံ့ဩစရာက ကျန်းမျိုးရိုး ညီအစ်မတစ်ယောက်က ဒီလိုပြောလာရော။ “အစ်ကိုဂူ၊ ဘုရားနှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာဆိုတဲ့ အစ်ကို့ရဲ့ပြောဆိုချက်က မမှန်ဘူးနော်။ ရှင်ယောဟန် ၂၁:၂၅ မှာ ပြောထားတယ်၊ ‘ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။’ သခင်ယေရှု ပြုခဲ့ ပြောခဲ့တဲ့အရာတွေကို ကျမ်းစာထဲမှာ အပြည့်အဝ မှတ်တမ်းမတင်ထားတဲ့အကြောင်း ဒီကျမ်းပိုဒ်က ကျွန်မတို့ကို ပြနေတာ။ ပြီးတော့ သခင်က ပြန်ကြွလာတဲ့အခါ စာစောင်ဖွင့်ပြီး တံဆိပ်ခုနှစ်ချက်ကို ခွာမဲ့အပြင် အသင်းတော်တွေကို ပိုစကားပြောမယ်လို့ ဗျာဒိတ်ကျမ်းက ပရောဖက်ပြုထားတယ်။ သိသာတာက နောက်ဆုံးကာလအတွက် ဘုရားနှုတ်ကပတ်တော်အသစ်တွေကို ကျမ်းစာထဲမှာ ကြိုရေးထားဖို့ မဖြစ်နိုင်ဘူးဆိုတာပဲ။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာပဲဆိုတဲ့ အစ်ကို့ရဲ့ပြောဆိုချက်က မခိုင်လုံဘူး” တဲ့။ အဲဒီအချိန်က သူ့စကားကို ဘယ်လိုချေပရမလဲ ကျွန်တော် တကယ်မသိခဲ့ဘူး။ ကျွန်တော် တွေးမိတယ်၊ “မှန်တယ်၊ အဲဒီ ကျမ်းပိုဒ်က အရမ်းရှင်းရဲ့သားနဲ့ အရင်က ငါဘာလို့ မတွေးမိပါလိမ့်” ပေါ့။ အဲဒီနောက်မှာ အစ်မကျန်းက ဆက်ပြောတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ လူသားမျိုးနွယ်ကို တရားစီရင်၊ သန့်စင်ပြီး လုံးလုံးကယ်တင်တဲ့ သမ္မာတရားအကုန် သူဖော်ပြပြီးပြီ။ ဒီသမ္မာတရားတွေက အသင်းတော်တွေအဖို့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်တွေပဲ။ ဒါက ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတဲ့ စာစောင်ကို ဖွင့်ခြင်းပဲ” တဲ့။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာက သခင့်ကို သစ္စာဖောက်တာ မဟုတ်ဘူး၊ ဘုရားအသံတော်ကို ကြားပြီး သိုးသငယ်ရဲ့ခြေလှမ်းတွေနောက် လိုက်တာပဲလို့လည်း သူပြောခဲ့တယ်။ ဗျာဒိတ်ကျမ်းထဲမှာ ပြောထားသလိုပါပဲ။ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄) သူက ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ဖတ်ဖို့လည်း အားပေးခဲ့တယ်၊ နှိမ့်နှိမ့်ချချနဲ့ ရှာဖွေကြည့်မှပဲ ဘုရားအသံတော်ကို ကြားပြီး သခင်ပြန်ကြွလာတာကို ကြိုဆိုနိုင်မှာတဲ့လေ။

အစီအစဉ် တင်ဆက်သူ- သူ့စကားက အခြေအမြစ်ရှိတယ်နော်။

ကူဝေချင်း- ဟုတ်တယ်ဗျ။

အစီအစဉ် တင်ဆက်သူ- အဲဒီအချိန်က အစ်ကိုဘယ်လိုတွေးလဲ။

ကူဝေချင်း- ကျွန်တော်ကတော့ဖြင့် သူပြန်ပြောင်းလဲအောင် လုပ်ဖို့ကိုသာ စွဲစွဲမြဲမြဲ အာရုံစိုက်နေခဲ့တာ။ ဒီတော့ သူ့မိတ်သဟာယက ကျွန်တော့်စိတ်ထဲ မရောက်ခဲ့ဘူး။ ကျွန်တော်က ကျမ်းစာအုပ်ကို ကောက်ကိုင်လိုက်ပြီး၊ သူ့ရှေ့မှာ ဝှေ့ရမ်းပြရင်း ဒီလိုပြောလိုက်တယ်။ “ကျမ်းစာကို ငါသိတယ်။ ငါရှာစရာမလိုဘူး။ သမ္မာကျမ်းစာကလွဲပြီး ဘယ်ဟာမဆို အယူလွဲတွေပဲ၊ နင်ကယ်တင်ခံရမှာ မဟုတ်ဘူး” လို့ပေါ့။ ဒီပုံစံနဲ့ သူတို့စိတ်ပြောင်းအောင်လုပ်ဖို့ ကြိုးစားရင်း ကျွန်တော် တစ်ပတ်လောက် နေ့တိုင်းသွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ဘာပဲပြောပြော သူတို့အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင် နောက် လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ နောက်ဆုံးတော့ သူတို့ထဲက တစ်ယောက်ကိုမှ ကျွန်တော် ပြန်မခေါ်နိုင်ခဲ့ဘူး။

အစီအစဉ် တင်ဆက်သူ- ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူးပေါ့။

ကူဝေချင်း- လုံးဝကို မထင်ထားခဲ့တာဗျာ။ ကျွန်တော် အိမ်ပြန်ရောက်တော့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆီ ထွက်သွားကြတဲ့ အသင်းသားတွေအားလုံးအကြောင်း တွေးဖြစ်တယ်။ ကျုပ်ဖြင့် စဉ်းစားလို့ကို မရနိုင်ခဲ့ဘူး။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့စာအုပ်ကို သူတို့ဖတ်ပြီးသွားရင် ဘာကြောင့်လုံးဝပြန်ဆွယ်လို့ မရတာလဲ။ အဲဒါက ခေါင်းဆောင်ပြောသလို သူတို့စာအုပ်ထဲမှာ ဆေးတစ်မျိုးမျိုး တကယ်ပါနေလို့များလားပေါ့။ ဒါပေမဲ့ သူတို့ကြည့်ရတာ လုံးလုံးပုံမှန်ပါပဲ၊ လမ်းပျောက်နေတဲ့ပုံ လုံးဝ မရှိဘူး။ ဒါ့အပြင် အရမ်းတက်ကြွလှုပ်ရှားပြီး ယုံကြည်စိတ်ချနေကြတာ။ သူတို့ရဲ့မိတ်သဟာယက ထိုးထွင်းအမြင်ရှိပြီး ချေပလို့မရနိုင်ဘူး။ ကျွန်တော်က တော်တော်ကို စိတ်ရှုပ်သွားတာ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း စာအုပ်ထဲမှာ ရေးထားတာတွေကို ကျွန်တော် ဖတ်ကြည့်ချင်စိတ် ပေါက်သွားတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကလွဲပြီး ဘယ်ဟာမဆို သခင့်ကို သစ္စာဖောက်နေတာဖြစ်လို့ ကျွန်တော်လည်း ကယ်တင်ခံရမှာ မဟုတ်တာ တွေးမိတယ်။ ဒါကြောင့် ကျွန်တော် မဖတ်ရဲခဲ့ဘူး။ နောက်ပိုင်းမှာ အဲဒီလူ ၁၉ ယောက်ကို ကျွန်တော် အသင်းတော်ကနေ ပိတ်ပင်လိုက်တယ်။ သူတို့နဲ့ မပတ်သက်ကြဖို့လည်း တခြားလူတိုင်းကို လိုက်တိုက်တွန်းခဲ့တယ်။ သူတို့အုပ်စုကို ဒေါက်ထောက်ကြည့်ထားဖို့ တွဲဖက်အမှုတော်ဆောင်တွေကို အထူးတိုက်တွန်းခဲ့တယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံတဲ့ ဘယ်သူ့ကိုမဆိုလည်း ချက်ချင်းထုတ်ပယ်ခဲ့တယ်။

အစီအစဉ် တင်ဆက်သူ- အသင်းတော်ကို ပိတ်ထားဖို့ အလွန်အကျွံ လုပ်ခဲ့တာပဲနော်။ နောက်တော့ ဘယ်လိုဆက်ဖြစ်သွားလဲဗျ။

ကူဝေချင်း- သိပ်မထူးပါဘူးဗျာ။ အသင်းတော်ကို သီးခြားခွဲထားဖို့ ကျွန်တော် အရမ်းကြိုးစားပေမဲ့လည်း၊ ပိုပိုများတဲ့ ညီအစ်ကိုမောင်နှမတွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို သွားပူးပေါင်းနေကြတာလေ။ နေ့တိုင်းနီးပါး တစ်ယောက်မဟုတ် တစ်ယောက်ပဲ။ တားလို့လည်း မရဘူး။ အဲဒီအချိန်တုန်းက ဒါနဲ့ပဲ လုံးလုံးအချိန်ကုန်နေခဲ့တာ။ သူတို့ပြန်လှည့်လာအောင် ကျုပ်နေ့ညမနား တကယ်ကြိုးစားလုပ်ခဲ့တယ်၊ ဒါပေမဲ့လည်း တစ်ယောက်ကိုမှ မသိမ်းသွင်းနိုင်ခဲ့ဘူး။ ကျုပ်ပါးစပ်အဟောင်းသား ဖြစ်သွားရတာကတော့ မကြာခင်မှာပဲ ကျွန်တော်နဲ့ အတူ လက်တွဲအမှုတော်ဆောင်ခဲ့တဲ့ အစ်ကိုဝမ်တောင်မှ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပူးပေါင်းသွားတာပဲ။ ဒါကြီးက သိပ်ထူးဆန်းနေပြီလို့ ကျွန်တော် တွေးမိတယ်။ အစ်ကိုဝမ်က အစမှာ ကျုပ်နဲ့ တစ်သဘောတည်းပဲ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဘယ်လိုသတိထားရမလဲ ဆိုတဲ့အကြောင်းတွေ သူအမြဲပြောနေကျ။ သူ့လိုလူက သွားပူးပေါင်းလိမ့်မယ်လို့ ကျုပ်လုံးဝမထင်ခဲ့ဘူး။ သူ့ကို ဖိစစ်ဖို့ ကျွန်တော် သူ့အိမ်ကို သွားခဲ့တယ်၊ ကျွန်တော် အရမ်းကို ဒေါသထွက်နေခဲ့တာ။ ကျွန်တော် ပြောလိုက်တယ်၊ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ကျမ်းစာကနေ သွေဖည်တာကို အစ်ကိုသေချာသိသားနဲ့ ဘယ်လိုများ ယုံကြည်နိုင်ရတာလဲ” ပေါ့။ သူဒီလိုပြန်ဖြေတယ်၊ “အစ်ကိုဂူရေ၊ အရင်ကတော့ ငါလည်း ခေါင်းဆောင်စကားကို နားထောင်ခဲ့ပါရဲ့၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ငါလုံးဝမလေ့လာ မစုံစမ်းခဲ့ပါဘူး။ ဇွတ်မှိတ်ခုခံပြီး ရှုတ်ချခဲ့တာ။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက် အဲဒီနှုတ်ကပတ်တော်တွေက ကျမ်းစာရဲ့နက်နဲမှုအများကြီးကို ဖွင့်ပြတဲ့အပြင် အပြစ်ကနေ သန့်စင်ခံရဖို့ လမ်းကြောင်းတစ်ခု ကျွန်တော်တို့ကို ပေးတယ်ဆိုတာကို ကျွန်တော် တွေ့ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး ဘုရားသခင်ရဲ့ အသံတော်ပဲ။ အနန္တတန်ခိုးရှင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ အစ်ကိုလည်း သူ့နှုတ်ကပတ်တော်တွေ ဖတ်သင့်တယ်” တဲ့။ သူအဲဒီလိုပြောလာတော့ ကျွန်တော်က သူ့ကို ချက်ချင်းဖြတ်ပြောလိုက်တယ်၊ “တော်ပြီ၊ အစ်ကိုလှည့်စားခံထားရတာ။ ကျုပ်ကိုတော့ လာမလှည့်စားပါနဲ့။ အစ်ကိုဘာပြောပြော ကျွန်တော် ဂရုမစိုက်ဘူး။ အဲဒီစာအုပ်ကို ကျွန်တော်လုံးဝ မဖတ်ဘူး။” လို့ပေါ့။ ကျွန်တော်က တံခါးကိုဆောင့်ပိတ်ပြီး ဒေါသတကြီးနဲ့ ထွက်လာခဲ့တယ်။ နောက်တော့ တွဲဖက်အမှုတော်ဆောင် လျူက ပြောလာတယ်။ နောက်အသင်းတော်တစ်ခုကနေ အသင်းသား ၁၀၀ ကျော်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆီ ထပ်ပါသွားပြန်ပြီတဲ့လေ။ ပြီးတော့ တခြား တွဲဖက်အမှုတော်ဆောင်တွေကလည်း သူတို့ဒေသတွေမှာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သိုးကောင်းတွေကို နေ့တိုင်းခိုးယူနေကြတယ်။ တစ်ယောက်မှ ပြန်ခေါ်လို့ မရဘူးတဲ့လေ။ ဒီသတင်းကို ကြားလိုက်ရတော့ ကျွန်တော့်အတွက်တော့ တကယ်ကို အကြီးအကျယ် တုန်လှုပ်သွားရော။ ကျုပ်တွေးမိတယ်။ ဒီအသင်းတော်က ဘယ်လိုလုပ်ပြီး သိပ်စွမ်းနေရတာလဲပေါ့၊ သခင်က တကယ်ပြန်ကြွလာပြီလားပေါ့။ မဟုတ်ရင် လူအများကြီးက သူတို့ကို ဘာလို့လက်ခံပြီး သိပ်ယုံကြည်နေရတာလဲပေါ့။

အစီအစဉ် တင်ဆက်သူ- အဲဒီအချိန်က အဲဒါကို စုံစမ်းဖို့ အစ်ကိုတွေးမိခဲ့လား။

ကူဝေချင်း- ဟင့်အင်း၊ ကျွန်တော်က ကိုယ့်အယူအဆထဲမှာပဲ ပိတ်မိနေခဲ့တာ။ ကျွန်တော် တွေးမိတယ်လေ၊ ဒီလူတွေက သမ္မာကျမ်းစာကို မဖတ်ကြတော့ဘူး။ ငါတို့ရဲ့ ယုံကြည်ခြင်းက ကျမ်းစာပေါ် အခြေပြုရမှာဆိုတော့ ဘုရားနိုင်ငံတော်ထဲကို သူတို့ဝင်ရမှာ မဟုတ်ဘူးလို့‌ပေါ့။ ဒီကိစ္စကို လေ့လာစုံစမ်းဖို့ ကျုပ်တကယ်အတွေးမပေါ်မိဘူးဗျ။

အစီအစဉ် တင်ဆက်သူ- အဲဒီအချိန်က အဲဒီညီအစ်ကိုမောင်နှမတွေကို ပြန်လာဖို့ ဘာကြောင့်ဖျောင်းဖျလို့မရတာလဲလို့များ အစ်ကိုတွေးဖြစ်သေးသလား။

ကူဝေချင်း- တွေးဖြစ်တာပေါ့ဗျာ။ သဘောကို မပေါက်ခဲ့တာ။ အဲဒီအချိန်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်သွားပြီးတဲ့နောက်မှာ သူတို့အားလုံးက သမ္မာကျမ်းစာကို ကျွန်တော့်ထက် ပိုနားလည်ကြပုံရတယ်လို့ ကျွန်တော် ခံစားခဲ့ရတာ။ ဒီတော့ သူတို့ကို ဘာပြောရမှန်း မသိခဲ့ဘူး။ မှတ်မိပါသေးရဲ့။ အဲဒီနှစ် စက်တင်ဘာမှာ အသင်းတော်က အဓိက တွဲဖက်အမှုတော်ဆောင် တစ်ယောက် ဖြစ်တဲ့ အစ်ကိုလီက သူ့ဇနီးနဲ့အတူ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို သွားပူးပေါင်းလိုက်တာ။ အဲဒီသတင်းကို ကျွန်တော် ကြားလိုက်ရတော့၊ ကျွန်တော် ကျမ်းစာအုပ် ဆွဲပြီး တခြားအမှုတော်ဆောင် လေးယောက်နဲ့ သူတို့ကို သွားတွေ့တယ်။ အဲဒီနေရာကို ရောက်တော့ သူတို့ကို တစ်ခွန်းမှ ပြောခွင့်မပေးဘဲ ဒီတိုင်းအော်ဟောက်ပစ်ခဲ့တာ။ “ခင်ဗျားတို့မှာ အသိစိတ်တောင် မရှိကြဘူးလား။ သခင်ယေရှုက ခင်ဗျားတို့အပေါ် အများကြီး ကျေးဇူးပြုထားတာကို ခင်ဗျားတို့ မေ့ပစ်လိုက်ကြပြီလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဘယ်လိုလုပ် ယုံကြည်နိုင်ရတာလဲ။ ခင်ဗျားတို့ကို သူတို့ဘာပေးလဲ။ ခင်ဗျားတို့ ဘယ်လောက်ရထားလဲ” လို့ပေါ့။ အံ့ဩစရာက အစ်ကိုလီက ပြုံးပြီးပြောလာတယ်လေ။ “သမ္မာတရားနဲ့ အသက်ပဲ ပေးတာ၊ ငွေမဟုတ်ဘူး” တဲ့လေ။ သူဒီလိုပြောတော့ ကျွန်တော့်ကို ပိုဒေါကန်သွားရော။ ပြန်ပြောလိုက်တယ်။ “သူတို့က ဘယ်လိုလုပ် အသက်ပေးနိုင်မှာလဲ။ သမ္မာကျမ်းစာကလွဲပြီး ဘယ်ဟာမဆို သခင့်ကို သစ္စာဖောက်တာပဲ။ ဘာသမ္မာတရားနဲ့ အသက်လဲ” လို့ပေါ့။ မမျှော်လင့်ဘဲ၊ သူ တုံ့ပြန်ရာမှာ ကျွန်တော့်ကို မေးခွန်းတစ်ခုမေးခဲ့တယ်။ ဒီလိုပေါ့။ “အစ်ကို့အနေနဲ့ သမ္မာတရားနဲ့ အသက်က ဘုရားဆီက လာတယ်လို့ ပြောမလား၊ ကျမ်းစာက လာတယ်လို့ပြောမလား။ ဖာရိရှဲတွေကို ပြစ်တင်မောင်းမဲတုန်းက သခင်ယေရှုက ဘာပြောခဲ့လဲ။ ‘ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) ကိုယ်တော့်နှုတ်ကပတ်တော်တွေက သိပ်ရှင်းလင်းတယ်။ သမ္မာကျမ်းစာက ဘုရားကို သက်သေခံပေးတာ၊ ကျမ်းစာမှာ ထာဝရအသက် မရှိဘူး။ သမ္မာကျမ်းစာထဲမှာ ထာဝရအသက်ကို လိုက်ရှာတာက အမှားတစ်ခုပဲ။ ခရစ်တော်သာ လမ်းခရီး၊ သမ္မာတရားနဲ့ အသက်ပဲ။ ခရစ်တော်နောက်ကို လိုက်ပြီး သူ့အမှုနဲ့ နှုတ်ကပတ်တော်တွေကို နာခံမှသာ ကျွန်တော်တို့က သမ္မာတရားနဲ့ ထာဝရအသက်ကို ရနိုင်တာပါ” တဲ့လေ။ သူအဲဒီလိုပြောတာကို ကြားလိုက်ရတဲ့အခါ၊ ကျွန်တော် ဘယ်လို့ တုံ့ပြန်ရမှန်း တကယ်ကို မသိခဲ့ဘူး။ ကျွန်တော် နည်းနည်းမျက်စိမျက်နှာပျက်သွားရော။ ကျွန်တော်တွေးမိတယ်။ ဒီလူက ငါတရားဟောတာကို အမြဲနားထောင်နေကျ။ အခုကျ ဘာလို့များ ငါ့ကို လာရှင်းပြ၊ ချေပနေရတာလဲလို့လေ။ ကျမ်းစာကို နှစ်နဲ့ချီ ငါဖတ်လာတာ၊ သခင့်ပေါ် ယုံကြည်ခြင်းအကြောင်းကို သူတို့က ငါ့ထက် ဘယ်လိုလုပ်ပိုသိနိုင်ရတာလဲပေါ့။

အစီအစဉ် တင်ဆက်သူ- လူတစ်ယောက်ဟာ သူ့ရဲ့ သမ္မာကျမ်းစာပညာကို အရင်းအနှီးအနေနဲ့ သုံးတဲ့အခါ ကိုယ့်အတ္တကို လက်လွှတ်ဖို့နဲ့ ကျိုးကျိုးနွံနွံ ရှာဖွေဖို့ ခက်ခဲတယ်နော်။

ကူဝေချင်း- ဟုတ်တယ်ဗျ။ ဒီတော့ ကျုပ်လည်း လုံးဝယုတ္တိမရှိတဲ့စကားနဲ့ တုံ့ပြန်လိုက်တယ်။ “ခင်ဗျားအနေနဲ့ ဘာပြောပြော ကျုပ်ဂရုမစိုက်ဘူး။ ကျမ်းစာကို မဖတ်တဲ့သူတိုင်း ငရဲသွားရမှာပဲ” လို့ပေါ့။ အဲဒီနောက်မှာ တခြား တွဲဖက်အမှုတော်ဆောင် လေးယောက်က သူတို့ကို ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ ဖျောင်းဖျဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ သူတို့ ဘာပဲပြောပြော အစ်ကိုလီနဲ့ သူ့ဇနီးတို့လင်မယားက အနန္တတန်ခိုးရှင် ဘုရားသခင်ကို မလျှော့တမ်း ယုံနေကြတာ။ ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါမှာ သူပြောသွားတဲ့အကြောင်းတွေနဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပူးပေါင်းသွားတဲ့ တခြားလူတွေရဲ့အကြောင်းကို ကျွန်တော် တွေးမိတယ်။ ကျွန်တော်က သမ္မာကျမ်းစာအကြောင်း သူတို့ထက် ပိုသိခဲ့ဖူးတာ။ ကျွန်တော် ဒေသနာတွေကို သူတို့နားထောင်နေကျလေ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ရောက်သွားတာ သုံးလေးရက်ပဲ ရှိသေးတယ်၊ သူတို့က သုံးလေးခွန်းနဲ့တင် ကျုပ်ဆွံ့အသွားအောင် လုပ်နိုင်ပြီ။ ဘာတွေဖြစ်နေတာလဲပေါ့။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက တကယ်လမ်းခရီးအမှန်လားပေါ့။ ဒါပေမဲ့ ကျွန်တော်က အဲဒီအတွေးကို မြန်မြန်ဖျောက်ပစ်လိုက်တယ်။ မဖြစ်နိုင်ဘူး။ သမ္မာကျမ်းစာကလွဲပြီး ဘယ်ဟာမဆိုက သခင့်ကို သစ္စာဖောက်တာပဲပေါ့။ ကျွန်တော် သမ္မာကျမ်းစာကိုသာ ဆုပ်ကိုင်ထားဖို့နဲ့ သခင်ပြန်ကြွလာပြီး ကျွန်တော့်ကို ကောင်းကင်ဘုံဆီ ခေါ်မှာကို စောင့်ဖို့ ဆုံးဖြတ်ခဲ့တယ်။

အစီအစဉ် တင်ဆက်သူ- အဲဒီအချိန်က အဲဒီဘုရားတရားကိုင်းရှိုင်းတဲ့လူတွေအားလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြပြီး ပြန်မလှည့်လာကြတာကို မြင်ရတော့ ဒီကိစ္စကို အစ်ကိုပြန်ဆင်ခြင်ကြည့်ခဲ့သေးလား။

ကူဝေချင်း- ဘယ်လိုပြောရမလဲ။ ကျွန်တော်ကသာ အဲဒီအချိန်က ရှာဖွေတတ်တဲ့ စိတ်နှလုံးတို့၊ ဘုရားကို ကြောက်ရွံ့စိတ်တို့ ရှိခဲ့ရင် ကိုယ်တော့်ကို ခုခံဖို့ ဒီလောက်ထိ လုပ်ခဲ့မိမှာ မဟုတ်ဘူး။ နောက်ပိုင်းမှာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံတဲ့လူတွေ ပိုပိုများလာတာကို ကျုပ်တွေ့ခဲ့ရတယ်။ ကျွန်တော် ဒေသနာတွေတောင် မဟောတော့ဘူး။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဆန့်ကျင်တဲ့ စာပေတွေ အများကြီး လိုက်ရှာနေခဲ့တာ။ တွဲဖက်အမှုတော်ဆောင်တွေရဲ့ အစည်းအဝေးတွေနဲ့ တနင်္ဂနွေ ဝတ်ပြုပွဲတွေမှာ အဲဒါတွေအကြောင်းပဲ ပြောဖြစ်ခဲ့တယ်။ လူတိုင်းကိုလည်း အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို မစုံစမ်းရဲအောင် ကျွန်တော် ခြိမ်းခြောက်ခဲ့တယ်။ ဒါ့အပြင် သူတို့ကို အတူတိုက်ခိုက်ဖို့ တခြားအသင်းတော်တွေက ခေါင်းဆောင်တွေ၊ အမှုတော်ဆောင်တွေနဲ့ တွဲပြီးတောင် လုပ်ခဲ့တာ။ တစ်ယောက်ယောက်က အသင်းသားတစ်ယောက်ကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆီ ကူးပြောင်းသွားအောင် ကြိုးစားနေတယ်လို့ ကျွန်တော် ကြားရင်၊ အဲဒီကို အပြေးသွားပြီးတော့ မောင်းထုတ်ပစ်တာပဲ။ တစ်ခါတလေဆို စက်ဘီးစီးသွားရင် အရမ်းကြာမှာစိုးလို့ မြို့တစ်ဖက်ခြမ်းထိ တက္ကစီငှားစီးသွားပြီးတော့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက လူတွေကို လိုက်မောင်းထုတ်ခဲ့တယ်။ အဲဒီအချိန်တုန်းကဆ ကျွန်တော်ဟာ သခင့်လမ်းခရီးကို ကာကွယ်နေတာ၊ သိုးအုပ်ကို ကာကွယ်နေတာလို့ ထင်ခဲ့တာ၊ အဲဒီအတွက် ကိုယ့်အသက်ကို စွန့်ပစ်ဖို့တောင် လိုလားနေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် နားမလည်နိုင်တဲ့ ဖြစ်ရပ်ကတော့ သူတို့ကို ကျွန်တော် ကြိုးစားဆန့်ကျင်တိုက်ခိုက်လေ၊ အသင်းတော်မှာ အကြောင်းထူးတွေ ပိုများလာလေပဲ။

အစီအစဉ် တင်ဆက်သူ- အကြောင်းထူးတွေ?

ကူဝေချင်း- ဟုတ်တယ်။ ၁၉၉၉ခုနှစ် ဩဂုတ်လမှာ ကျွန်တော်တို့က အုပ်စုလိုက် ဗတ္တိဇံပေးနေချိန်မှာပေါ့၊ လူတော်တော်များများက ရဲစခန်းကို ဖမ်းခေါ်သွားခံရတယ်။ အဲဒီနောက် ၂၀၀၀ ခုနှစ်၊ ဩဂုတ်လမှာ ကျွန်တော်နဲ့ အရေးကြီးပါတဲ့ တွဲဖက်အမှုတော်ဆောင် သုံးယောက်က ဗတ္တိဇံပေးနေတုန်း အဖမ်းခံခဲ့ရတယ်။ ကျွန်တော့်အိမ်လည်း ဝင်ရှာဖွေခံရတယ်။ အသင်းတော်ရဲ့လှူဖွယ်ပစ္စည်းတွေအားလုံးကိုလည်း ရဲတွေက ယူသွားတယ်။ အချုပ်ကျနေချိန်မှာ အဲဒီအရင်သုံးလေးနှစ်အတွင်း အသင်းတော်မှာ ဖြစ်ပျက်ခဲ့သမျှကို ကျွန်တော် သေချာ ဆင်ခြင်မိတယ်။ တရားဒေဿနာတွေ ဝေမျှဖို့နဲ့ ဧဝံဂေလိတရားဟောဖို့ ကျွန်တော့်ကို တစ်ချိန်လုံး ဖိတ်နေကျ လူကြီးတွေဖြစ်တဲ့ အစ်မကျန်းနဲ့ အစ်ကိုဝူတို့က သူတို့သိုးအုပ်ကို ကာကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ခုခံဖို့ သူတို့အသင်းတော်ကို သီးခြားခွဲထားခဲ့တာ။ သူတို့က အင်မတန်ကို ဘုရားတရားကိုင်းရှိုင်းတဲ့ ခရစ်ယာန်တွေနော်။ ဒါပေမဲ့ တုန်လှုပ်စရာကောင်းတာက သူတို့နှစ်ယောက်လုံး ကင်ဆာရောဂါဖြစ်သွားပြီးတော့ မသက်မသာ ဆုံးသွားကြတယ်လေ။ နောက်တစ်ကြိမ်က ၁၉၉၈ ခုနှစ်မှာပေါ့။ အဓိကအသင်းတော် အမှုတော်ဆောင် ၂၀၀ ကျော်နဲ့ အစည်းအဝေးကြီးမှာ ဖြစ်ကုန်တာ။ အမှုတော်ဆောင်တစ်ယောက်က ရုတ်တရက်ကြီး နတ်ဆိုးဝင်ပူးတာကို ခံလိုက်ရတယ်လေ။ လူတိုင်းက သူ့အတွက် ဘယ်လောက်ဆုတောင်းဆုတောင်း နတ်ဆိုးကို မမောင်းထုတ်နိုင်ကြဘူး။ အကြောင်းထူးတွေ တစ်ခုပြီးတစ်ခုကို ကျွန်တော် တွေးမိကုန်ရော။ အသင်းတော်က ဘာလို့သိပ်ဒုက္ခရောက်နေလဲ ကျွန်တော့်မှာ နားမလည်နိုင်ခဲ့ဘူး။ ကျွန်တော် သခင့်နောက်လိုက်လာတဲ့ နှစ်တွေတစ်လျှောက်မှာ သခင့်အတွက် အလုပ်ကြိုးစားရင်း၊ ကျွန်တော့် အလုပ်နဲ့ မိသားစုကို ကျွန်တော် စွန့်လွှတ်ခဲ့တယ်။ အသင်းတော်မှာ အလုပ်တာဝန်မျိုးစုံ မပြတ် အာရုံစိုက်ခဲ့ပြီး ဒါ့အပြင် သခင့်လမ်းခရီးနဲ့ သိုးအုပ်ကို ကာကွယ်ဖို့လည်း ကြိုးစားလုပ်ခဲ့တယ်။ သခင်က ဘာဖြစ်လို့ ငါ့ကို မကာကွယ်၊ ကောင်းချီးမပေးတာလဲပေါ့။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ငါပိုတိုက်ခိုက်လေ ပိုဒုက္ခရောက်လေနဲ့ တစ်ချိန်လုံး ကြောင့်ကြနေရတာ ဘာကြောင့်လဲပေါ့။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနဲ့ပတ်သက်ပြီး ငါမှားနေပြီလား။ သခင်က တကယ်ပြန်ကြွလာတာများလားပေါ့။ အချုပ်ကျနေတဲ့ ခုနှစ်ရက်အတွင်း ကျွန်တော် သိပ်မအိပ်နိုင်ခဲ့ဘူး။ လုံးဝကို စိတ်ဆင်းရဲနေခဲ့တာ။ အသင်းတော်ထဲမှာ ဖြစ်ပျက်နေတာတွေကို ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။ အဲဒီချိန်မှာ သခင့်ကို ဆုတောင်းလိုက်တယ်။ “သခင်၊ အသင်းတော်မှာ အများကြီး ဖြစ်ပျက်နေပါပြီ။ ဒါတွေက ဘာကြောင့်များလဲ။ သားဘာအမှား လုပ်မိနေလို့လဲ” ဆိုပြီးတော့ပေါ့။

ကျွန်တော် လွတ်တော့ အသင်းတော်က ပိုခြောက်ကပ်သွားတာ ကျွန်တော် တွေ့ရတယ်။ ကျုပ်မှာဖြင့် ကြေကွဲလိုက်ရတာဗျာ။ သခင့်ကို ထပ်ဆုတောင်းလိုက်တယ်။ “သခင်၊ အသင်းတော်က ဘာကြောင့် ဒီလိုဖြစ်နေတာလဲ။ ကိုယ်တော့်အသွေးတော်မြတ်နဲ့ အသင်းတော်ကို တည်ထားတာလေ။ ဘာကြောင့် ပစ်ပယ်ထားတာလဲ။ အို သခင်၊ သားတကယ် ဒုက္ခရောက်နေပါတယ်။ သိုးအုပ်က တကွဲတပြားဖြစ်နေတယ်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို တိုက်ခိုက်လေ၊ အသင်းတော် ဖရိုဖရဲဖြစ်လေပဲ။ ဒါတွေအားလုံးကို ဘယ်လိုအဖတ်ဆယ်ပြီး အသင်းတော်ကို ဘယ်လိုပြန်အသက်သွင်းရမလဲ သားမသိပါဘူး။ သခင်ရယ်၊ သားကို လမ်းကြောင်းဖွင့်ပေးတော်မူပါ” လို့ပေါ့။ ဒါပေမဲ့ ကျွန်တော် ဘယ်လိုပဲဆုတောင်းပါစေ အသင်းတော်က ဖရိုဖရဲဖြစ်နေတုန်းပဲ။ တွဲဖက်အမှုတော်ဆောင်တွေကလည်း ဖမ်းခံရမှာစိုးလို့ နေရာအနှံ့ တကွဲတပြားနဲ့ ပုန်းအောင်းနေကြတယ်။ အသင်းတော်ကတော့ ဗြောင်းဆန်နေတာပဲ။ လာဝတ်ပြုတဲ့သူတွေလည်း နည်းနည်းလာတယ်။ ကျွန်တော်လည်း ဘာတရားဟောရမှန်း မသိဘူး။ ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေမှာ တရားဟောရမှာ သိပ်ကြောက်တာ။ ညီအစ်ကိုမောင်နှမတွေလည်း ကျွန်တော် ဟောနေချိန်မှာ ငိုက်ကုန်ကြရော။ ကျွန်တော်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။ ဘာတွေဆုတောင်းရမလဲ မသိတော့ဘူး။ ယုံကြည်မှုလည်း လျော့လာတယ်။ တခြားဘယ်သူကမှ ကိုယ့်ယုံကြည်မှုနဲ့ သခင့်အတွက် ချစ်ခြင်းကို မထိန်းထားရင်တောင် ငါတော့ ဆက်ထိန်းထားမယ်ဆိုတဲ့ စောစောပိုင်းက သန္နိဋ္ဌာန် ကျွန်တော့်မှာ မရှိတော့တာကို ရုတ်တရက် သိလိုက်ရတယ်။ လူကလည်း တဖြည်းဖြည်း စာရိတ္တပျက်ပြားလာရော။ တီဗီကြည့်လိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ မာကျောက်နဲ့ ပိုကာတောင် ကစားတတ်သွားတယ်။ ကျွန်တော်က အပြစ်ထဲမှာနေပြီး ရုန်းမထွက်နိုင်ခဲ့ဘူး။ ကျမ်းစာအုပ်ကို ဆုပ်ကိုင်ထားပြီး အရမ်းကို စိတ်ဆင်းရဲ၊ လမ်းပျောက်ရင်းနဲ့ ကိုယ့်တံခါးဝမှာ ခဏခဏပဲ ရပ်နေမိတယ်။ ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာလည်း လုံးဝမသိခဲ့ဘူး။...သခင့်ကို အော်ခေါ်ပြီး အသနားခံရင်း ခဏခဏ ဒူးထောက်ဖြစ်ခဲ့တယ်။ “သခင်ယေရှု၊ ကိုယ်တော်ဘယ်မှာလဲ။ သားသေတော့မလို ခံစားရပါတယ်။ သခင်၊ သားကို ကယ်တော်မူပါ၊ အသင်းတော်ကို ကယ်တော်မူပါ” ဆိုပြီးတော့ပေါ့။

အစီအစဉ် တင်ဆက်သူ- အစ်ကိုက တကယ့်ကို ချောင်ပိတ်မိနေခဲ့ပုံပဲနော်။

ကူဝေချင်း- ဟုတ်တယ်ဗျ။ အဲဒီနောက် ကျွန်တော်အားအနည်းဆုံးအချိန်ဖြစ်တဲ့ ၂၀၀၂ မှာပဲ တရုတ်တောင်ပိုင်းက အစ်ကိုကျိုးက ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ ဝတ်ပြုခြင်းအကြောင်း နည်းနည်းလေ့လာဖို့ သူ့ဆီ လာလည်ပါဦးတဲ့လေ။ ဒါကို ကျွန်တော် ကြားလိုက်ရတော့ ဘုရားကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတာဗျာ။ ကျွန်တော့်ဘဝမှာ အဲဒီအချိန်က တကယ်ရုန်းကန်နေခဲ့ရတာ။ ဒါကြောင့် ကျွန်တော့်ခွန်အားတွေပြန်ရောင် ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချဖို့ စိတ်စောနေခဲ့တယ်။ ကျွန်တော် အဲဒီကိုရောက်တော့ အရင်နှစ်နှစ်က နောက်ဆုံးအကြိမ်အဖြစ် ရောက်ခဲ့တဲ့ အချိန်ထက်တောင် သူတို့ပိုအဆင်ပြေနေတာ တွေ့လိုက်ရတယ်။ သူတို့ယုံကြည်မှုက ပိုခိုင်မာနေတယ်။ သူတို့ ကျွန်တော့်ကို တွေ့တော့ သူတို့က အကြင်နာထားပြီး အားပေးကြတယ်၊ မိသားစုလိုပဲ ခံစားခဲ့ရတာ။ ကျွန်တော် တကယ်ကို တို့ထိခံစားခဲ့ရတယ်။ နောက်တစ်နေ့မှာ အစ်ကိုကျိုးက အစစအရာရာ အဆင်ပြေရဲ့လားဆိုပြီး မေးလာရော။ ကျွန်တော် အခက်အခဲဖြစ်နေတဲ့ဟာကို သေချာမေးတယ်။ အသင်းတော်မှာ ဖြစ်ပျက်နေတာတွေကို တစ်ခုမှ မထိမ်ချန်ဘဲ သူ့ကို ကရားရေလွှတ်ပြောပြလိုက်တယ်။ ကျွန်တော် ပြောလို့ပြီးတော့ သူဒီလိုမိတ်သဟာယဖွဲ့ပြတယ်။ “အခုနောက်ပိုင်း အစ်ကို့အသင်းတော်ပဲ တက်ကြွမှု ပျောက်နေတာ မဟုတ်ဘူး။ နေရာအနှံ့က အသင်းတော်တွေမှာ ဖြစ်ပျက်နေတာ။ ယုံကြည်သူတွေရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းတို့က အေးစက်လာနေပြီး သူတို့ဟာ ကိုယ့်အပြစ်တွေအတွက် ဆုံးမပဲ့ပြင်တာ မခံရဘူး။ တွဲဖက်အမှုတော်ဆောင်တွေမှာလည်း ဟောစရာ ဘာမှမရှိဘူး။ အချင်းချင်း မနာလိုပြီး ခွက်စောင်းခုတ်နေကြတာ။ အသင်းတော်တွေက ဂိုဏ်းခွဲထွက်နေကြပြီ။ ဘုရားမျက်မှောက်တော် မရှိတာလည်း တော်တော် ကြာပြီ” တဲ့။ အသင်းတော်အားလုံး ဘာကြောင့်အရမ်းခြောက်ကပ်လာနေလဲ ဆိုတာကိုလည်း ကျွန်‌တော့်ကို ပြောပြတယ်။

အစီအစဉ် တင်ဆက်သူ- သူဘာပြောပြတာလဲဗျ။

ကူဝေချင်း- အာမုတ်အနာဂတ္တိကျမ်းက အခန်းကြီး ၈ အငယ် ၁၁ ကို သူဖတ်ပြတာ။ “ယေဟောဝါ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့၊ မြေပေါ်သို့ ငတ်မွတ်ခြင်းဘေးကြီး ငါစေလွှတ်မည့်ကာလ ရောက်လာပြီ၊ အစာငတ်မွတ်ခြင်းဘေး မဟုတ်သကဲ့သို့ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ သို့သော် ယေဟာဝါ၏ နှုတ်ကပတ်တော်များ ကြားရခြင်းကို ငတ်မွတ်သော ဘေးဖြစ်လိမ့်မည်။” ပြီးတော့ သူပြောတယ်၊ “ဒီမွတ်သိပ်ခြင်းဘေးအတွက် အကြောင်းအရင်းတစ်ခုက ဘုရားနှုတ်ကပတ်တော်တွေကို လူတွေလက်တွေ့မကျင့်လို့ပဲ ဆိုတာကို ဒီကျမ်းချက်ကနေ ကျွန်တော်တို့ တွေ့ရတယ်။ အဲဒါက ပညတ်တော်ခေတ် နှောင်းပိုင်းလိုပဲ။ ယဇ်ပုရောဟိတ်မင်းကြီးတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေက လူ့ရိုးရာတွေကိုပဲ ထိန်းသိမ်းပြီး ယေဟောဝါရဲ့ ပညတ်တရားကို မထိန်းသိမ်းတဲ့ အချိန်တုန်းကလိုပေါ့။ စံနှုန်းမမီတဲ့ ယဇ်တွေ ပူဇော်တဲ့အပြင် ဗိမာန်တော်ထဲမှာ ခြံမွေးတိရစ္ဆာန်တွေကို ပွင့်ပွင့်လင်းလင်း ရောင်းချနေကြပြီး ငွေတွေလဲရင်း ဗိမာန်တော်ကို ဓားပြတွင်းအဖြစ် ပြောင်းလိုက်လို့ ဘုရားသခင်က ရွံရှာပြီး စွန့်ပစ်သွားတာ။ ဗိမာန်တော်မှာ ဘုရားရဲ့လုပ်ဆောင်ချက် မရှိတော့တာနဲ့ လူတွေက ကြိုက်သလို လုပ်ကုန်ကြပြီး သူတို့အပြစ်တွေအတွက် ဆုံးမပဲ့ပြင်တာ မခံကြရဘူး။ ဗိမာန်တော်က အကျိုးမဖြစ်ထွန်းတော့ဘူး။ ဒီတော့ ပြောရရင် အဲဒီအတွက် အဓိကအကြောင်းအရင်းက ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ယေဟောဝါရဲ့ပညတ်တရားတွေကို မထိန်းသိမ်းဘဲ သခင့်လမ်းခရီးကနေ သွေဖည်သွားလို့ပဲ။ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဘုရားက အမှုအဆင့်အသစ်ကို လုပ်ဆောင်နေတာမို့လို့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်က ပြောင်းသွားခဲ့တယ်။ ဒီတော့ သခင်ယေရှုက ကျေးဇူးတော်ခေတ်ကို ဗိမာန်တော်ပြင်ပမှာ အစပြုခဲ့တယ်။ သူ့နောက်ကို လိုက်တဲ့လူတွေကလည်း ရေလောင်းပေးခြင်းနဲ့ အာဟာရတို့ကို ရနိုင်ခဲ့တယ်။ သခင့်ဆီမှာ သူတို့ဆုတောင်းပြီး ဝန်ခံသရွေ့ အပြစ်လွှတ်ခြင်းရပြီး သခင်ပေးအပ်တဲ့ ကျေးဇူးတော်နဲ့ ငြိမ်းချမ်းမှုတို့ကို ခံစားနိုင်ကြတယ်လေ။ ဒါပေမဲ့ သူ့အမှုကို လက်ခံဖို့ ငြင်းပြီး သူ့ကို ခုခံလို့ ပြစ်တင်ရှုတ်ချခဲ့ကြတဲ့ ယဇ်ပုရောဟိတ်မင်းကြီးတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေအပြင် သူတို့တွေရဲ့နောက်ကို မလျှော့တမ်း လိုက်တဲ့သူတွေကတော့ အမှောင်နဲ့ ပျက်စီးခြင်းထဲ ကျသွားပြီး ဘုရားအမှုတော်ရဲ့ စွန့်ပစ်ဖယ်ရှင်းတာကို အလိုလိုခံခဲ့ရတယ်” တဲ့။

အစီအစဉ် တင်ဆက်သူ- ဒီမိတ်သဟာယပြုချက်ကို အစ်ကိုဘယ်လိုသဘောရခဲ့လဲ။

ကူဝေချင်း- အဲဒီအချိန်တုန်းကတော့ တကယ်ကို အလင်းရသွားသလိုပဲ ခံစားခဲ့ရတာ။ ဒါပေမဲ့ ခေါင်းလည်း ရှုပ်သွားတယ်။ ပြီးတော့ တွေးတယ်လေ။ “ဒါတွေအားလုံးကို သမ္မာကျမ်းစာထဲမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငါဖတ်ဖူးရဲ့သားနဲ့ အဲဒီနည်းနဲ့ ငါဘာဖြစ်လို့ မမြင်ခဲ့ရတာလဲ။ ဒါ့အပြင် ဒီညီအစ်ကိုမောင်နှမတွေအားလုံးက ငယ်ငယ်လေးပဲ ရှိကြသေးတယ်။ သူတို့က ဘယ်လိုလုပ်ပြီး ဒီပြဿနာအပေါ် ထိုးထွင်းအမြင် သိပ်ကောင်းနေရတာလဲ” လို့ပေါ့။ သူတို့ ဘယ်လိုသိသွားတာလဲလို့ ကျွန်တော် တွေးမိတယ်။ ကျွန်တော် စူးစူးစိုက်စိုက် ဆက်နားထောင်ခဲ့တယ်။ အဲဒီနောက်မှာ အစ်ကိုကျိုးက ပြောတယ်၊ “ပညတ်တော်ခေတ်မှာ ဗိမာန်တော် ကျဆင်းယိုယွင်းလာတဲ့ အကြောင်းအရင်းလိုပဲ ဒီနေ့ခေတ် အသင်းတော်တွေက ဒီအခြေအနေမှာ ရှိနေတာဟာ ဘုရားသခင်က အမှုအဆင့်အသစ်ကို ပြုနေလို့ပါ” တဲ့။ သူအဲဒီလိုပြောတာကို ကျွန်တော် ကြားလိုက်ရတဲ့အခါ လှိုက်ခနဲဖြစ်သွားပြီး အတွေးပေါ်လာရော။ ဒီလူတွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက များလားပေါ့။ သူတို့သွန်သင်ချက်တွေက အရမ်းပါးနပ်တယ်လို့ လူတိုင်းပြောကြတယ်။ ငါပါ အလှည့်စားခံရရင် ဘယ်လိုလုပ်မလဲပေါ့။ ကျွန်တော်က တကယ်ကို ရင်တုန်ပန်းတုန်ဖြစ်လာတယ်၊ စိတ်ထဲမှာလည်း လွန်ဆွဲနေတယ်။ သူတို့ပြောတာကို ငါနားထောင်သင့်လား၊ နားမထောင်သင့်ဘူးလားပေါ့။

အစီအစဉ် တင်ဆက်သူ- ဆက်နေဖို့ အစ်ကိုဆုံးဖြတ်လိုက်တယ်ပေါ့။

ကူဝေချင်း- ဟုတ်တယ်။ အဲဒီအချိန်တုန်းကတော့ အသင်းတော်ထဲက ပြဿနာကိုပဲ ကျွန်တော် ဖြေရှင်းချင်ခဲ့တာ။ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ၊ တရုတ်ပြည်ကဖြစ်ဖြစ်၊ ပြည်ပကဖြစ်ဖြစ် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းစာကို ဘယ်လောက်ပဲဖတ်ဖတ်၊ အစာရှောင်ပြီး ဘယ်လောက်ပဲ ဆုတောင်းဆုတောင်း တစ်ယောက်မှ မကူညီနိုင်ခဲ့ကြဘူး။ အသင်းတော်က ဆက်ပြီး ယိုယွင်းလာနေတုန်းပဲ။ အဲဒီညီအစ်ကိုမောင်နှမတွေကတော့ ယုံကြည်မှုအပြည့်၊ ချစ်ခြင်းအပြည့်ပဲ။ မိတ်သဟာယပြုချက်ကလည်း ထိုးထွင်းအမြင်ရှိတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ လမ်းပြမှုမရှိရင် ဘယ်သူမှ ဒီလောက်အဆင်မပြေနိုင်ဘူးလေ။ ဒါကြောင့် ကျွန်တော်က သဘောပေါက်သွားတယ်၊ သူတို့ရဲ့မိတ်သဟာယပြုချက်ကနေတစ်ဆင့် အသင်းတော်ကို ပြန်အသက်သွင်းဖို့ နည်းလမ်းရှာနိုင်ရင် ငါတို့အတွက် မျှော်လင့်ချက်လေး ရှိသေးတယ်ပေါ့။ ဒီအခွင့်အရေးကို အရယူမှဖြစ်မယ်ပေါ့။ သူတို့က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ဆိုရင်တောင် ငါကြောက်စရာမလိုဘူး။ သမ္မာကျမ်းစာကို ငါသိတာပဲ။ ငါလမ်းမလွဲနိုင်ပါဘူးလို့ပေါ့။ ဒီလိုမျိုး ကျွန်တော် တွေးလိုက်တဲ့အခါမှာ သူတို့ပြောတာတွေကို သမ္မာကျမ်းစာကို လှန်လှောကြည့်ရင်း စနားထောင်ခဲ့တယ်။ သမ္မာကျမ်းစာနဲ့ ကိုက်ညီရဲ့လားဆိုတာ စစ်ကြည့်ဖို့ပေါ့။

အစီအစဉ် တင်ဆက်သူ- အစ်ကိုက ဆက်နေနေပေမဲ့ သတိကြီးကြီးတော့ ထားနေတုန်းပဲပေါ့နော်။

ကူဝေချင်း- ဟုတ်တယ်ဗျ။ အစ်ကိုကျိုးက ဆက်မိတ်သဟာယပြုပေးတယ်။ အာမုတ် အခန်းကြီး ၄၊ အခန်းငယ် ၇ ကနေ ၈ အထိကို ဖတ်ပြရင်းနဲ့ပေါ့။ “စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုးမရွာစေခြင်းငှါ မိုးကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုးရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။ ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြသေးဟု ယေဟောဝါ မိန့်တော်မူ၏။” အဲဒါကို သူဒီလိုရှင်းပြတယ်။ “တစ်မြို့မှာ မိုးခေါင်နေချိန်မှာ တစ်မြို့မှာတော့ မိုးရွာတယ်လို့ ဒီကျမ်းပိုဒ်က ပြောတယ်။ ဒီ ‘မိုး’က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်ကို ရည်ညွှန်းတာ။ ဘုရားက နေရာအနှံ့က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ယူပြီး သူ့အမှုအသစ်ကို လက်ခံတဲ့ လူတွေဆီ ရွှေ့ပြောင်းပေးလိုက်တာ။ ဘုရားခြေလှမ်းတွေကို အမီလိုက်နေတဲ့သူတွေမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လက်ရှိနှုတ်ကပတ်တော်ကပေးတဲ့ အာဟာရတွေ ရှိတဲ့အပြင် သူ့အမှုကိုလည်း ရရှိကြတယ်။ ဒါပေမဲ့ ဘုရားရဲ့အမှုသစ်ကို လက်မခံတဲ့သူတွေကတော့ ဘုရားအမှုပြုချိန်တစ်လျှောက်မှာ ဖယ်ရှင်းတာကို အလိုလိုခံရပြီး အမှောင်ထဲမှာ အသက်ရှင်ရတယ်” လို့ပေါ့။ သူဒီအထိ မိတ်သဟာယပြုပေးပြီးသွားတော့ ကျွန်တော့် စပြီး ပိုနားလည်လာခဲ့တယ်။ အသင်းတော်က အကျိုးမဖြစ်ထွန်းတော့တာဟာ ဘုရားက အမှုသစ်ကို ပြုနေတာကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်က ပြောင်းသွားလို့ဆိုတာ ကျွန်တော် သိသွားတယ်။ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော်က အနက်ဆုံးတွင်းထဲကို ကျသွားပြီး မျှော်လင့်ချက် တစ်စက်မှ မရှိသလိုမျိုး ဘုရားရဲ့မျက်မှောက်တော်ကို ကျွန်တော် မခံစားခဲ့ရဘဲ၊ ဝိညာဉ်အမှောင်ထုကြီး ခံစားခဲ့ရတာ မဆန်းပါဘူး။ ကျွန်တော်က တကယ့် ဒုက္ခထဲမှာ အသက်ရှင်နေခဲ့တာ။ ဘုရားရဲ့ခြေလှမ်းတွေကို အမီလိုက်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ လမ်းပြတာကို ထပ်ခံစားမယ်ဆိုတဲ့ အတွေးနဲ့ ကျွန်တော်က အစ်ကိုကျိုးကိုထက်ထက်သန်သန် မေးလိုက်တယ်။ မေးလိုက်တယ်။ “ဘယ်လိုလုပ်ရင် သိုးသငယ်ရဲ့ခြေလှမ်းတွေကို အမီလိုက်နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရနိုင်မလဲ” ပေါ့။ သူက ကျွန်တော့်ကို ပြောတယ်၊ “ဗျာဒိတ်ကျမ်းထဲမှာ ခုနှစ်ကြိမ် ပရောဖက်ပြုထားတယ်။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) ဘုရားသခင်က နောက်ဆုံးသောကာလမှာ အသင်းတော်တွေကို စကားပြောမှာဖြစ်ပြီး ဘုရားရဲ့အသံတော်ကို ကြားတဲ့သူတိုင်းက ဘုရားရဲ့ခြေလှမ်းတွေကို အမီလိုက်ပြီးတော့ သိုးသငယ်ရဲ့ မင်္ဂလာစားပွဲကို တက်လိမ့်မယ်လို့ ဒီကျမ်းပိုဒ်က ပရောဖက်ပြုထားတာ” တဲ့။ အဲဒီနောက်မှာ သူက စာအုပ်တစ်အုပ်ထုတ်ပြီး ဆက်ပြောတယ်။ “ဒီစာအုပ်ထဲမှာ အသင်းတော်တွေအဖို့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်တွေ ပါတယ်။ ဒီစာအုပ်ကို အစ်ကိုဖတ်ကြည့်လိုက်၊ အားလုံးနားလည်သွားလိမ့်မယ်” တဲ့။ စာအုပ်ယူပြီး ကြည့်လိုက်တော့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တဲ့လေ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့စာအုပ်ကြီး မဟုတ်လားပေါ့။ ကျွန်တော် ခဏလောက် မှင်တက်သွားပြီးတော့ တွေးမိရော။ “ငါဒီလူတွေနဲ့ ထိပ်တိုက်ယှဉ်ပြိုင်နေခဲ့တာ ငါးနှစ်ရှိပြီ၊ ဒါပေမဲ့ အခုအချိန်အထိ သူတို့နဲ့ မျက်နှာချင်းဆိုင် လုံးဝမတွေ့ဖူးသေးဘူး။” အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို နားထောင်ပြီးတာနဲ့ ဘယ်လိုမှ ဖျောင်းဖျလို့မရတော့တဲ့ ဟိုညီအစ်ကိုမောင်နှမတွေကို ကျွန်တော် တွေးမိတယ်။ တအားရင်ထိတ်လွန်းလို့ ဆို့နင့်သလိုလိုကြီး ဖြစ်လာရော။ ကျွန်တော် ဆုတောင်းလိုက်တယ်၊ “သခင် ကျေးဇူးပြုပြီး သားကို ကာကွယ်တော်မူပါ။ ဘာပဲဖြစ်ဖြစ် ကျမ်းစာနဲ့ ကိုယ်တော့်လမ်းခရီးကနေ သားမသွေဖည်နိုင်ပါဘူး”လို့ပေါ့။ ဒီတော့ ကျွန်တော်က မေးလိုက်တယ်၊ “ဒီစာအုပ်ထဲမှာ ဘယ်လိုလုပ်ပြီး ဘုရားနှုတ်ကပတ်တော်တွေ ပါနေရမှာတုံး။ ဘုရားနှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာလေ၊ တခြားဘယ်အရာကမှ ဘုရားနှုတ်ကပတ်တော် မဟုတ်ဘူး။ ကျမ်းစာကနေ သွေဖည်တာက အယူလွဲတာပဲ။ သခင့်ကို သစ္စာဖောက်တာပဲ” လို့ပေါ့။ ပြောပြီးသွားတော့ကျွန်တော် အဲဒီမှာ ဆက်ပြီး မထိုင်နိုင်တော့ဘူး။ စိတ်ဆိုးမာန်ဆိုးနဲ့ ထရပ်လိုက်တယ်။ သူတို့ပြောတာကိုလည်း လုံးလုံးနားမထောင်တော့ဘူး။

အစီအစဉ် တင်ဆက်သူ- အသင်းတော် ယိုယွင်းပျက်စီးရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်တဲ့ ဒီမိတ်သဟာယကို အစ်ကိုကြားတဲ့အခါမှာ ဉာဏ်အလင်းတော့ ရသွားမှာပေါ့။

ကူဝေချင်း- ဟုတ်တယ်၊ စိတ်ထဲမှာတော့ အဲဒါက မှန်တယ်ဆိုတာ သိနေတယ်။

အစီအစဉ် တင်ဆက်သူ- ဒါပေမဲ့ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာ အစ်ကိုသိလိုက်ရတော့ ဆက်နားမထောင်နိုင်တော့ဘူးပေါ့။

ကူဝေချင်း- ဟုတ်တယ်။ ကျွန်တော်က အဲဒါကို ခုခံသလို၊ အယူအဆတွေလည်း အများကြီး ရှိတယ်။ သူတို့က ကျွန်တော် ဘယ်လောက်ထိခုခံနေပုံနဲ့ ဆက်နားမထောင်တော့တာကို မြင်တော့ သူတို့အားလုံး ဒူးထောက်လိုက်ပြီး ကျွန်တော့်အတွက် မျက်ရည်လည်ရွဲ ဆုတောင်းကြတယ်။ ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး ဘုရားအမှုကို မြင်စေပါလို့ ဘုရားကို တောင်းလျှောက်ကြတာ။ ကျွန်တော်ကတော့ ဘေးမှာ ရပ်နေတာပေါ့။ သူတို့ရဲ့ လှိုက်လှဲတဲ့ ဆုတောင်းချက်တွေကို ကြားရတော့ ကျွန်တော်ဖြင့် စိတ်တို့ထိသွားတာပဲ။ ကျွန်တော်က တွေးနေမိတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်မရှိရင် ဘယ်သူက ဒီလောက်ထိ ချစ်ခင်ကြင်နာနိုင်မှာလဲလို့လေ။ ဒီလိုတွေးမိတော့ ကျွန်တော် တဖြည်းဖြည်းချင်း စတည်ငြိမ်လာပြီး ခုခံချင်စိတ်ကလည်း နည်းနည်းလျော့သွားတယ်။ သူတို့ဆုတောင်းလို့ပြီးသွားတော့ အစ်ကိုကျိုးက သူ့အတွေ့အကြုံတချို့ ကျွန်တော်နဲ့ဝေမျှတယ်လေ။ သူက ပြောတယ်၊ “အစ်ကို့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်လည်း ပထမတော့ အစ်ကို့လိုပါပဲ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ဆန့်ကျင်ခဲ့တယ်။ သင်းအုပ်တွေ၊ အကြီးအကဲတွေနဲ့ လက်တွဲပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အပုပ်ချတဲ့အပြင် သူတို့ကို ဆန့်ကျင်တဲ့ စာပေတွေ ရေးခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်အောင် ဟန့်တားဖို့ သူတို့ကို ခြိမ်းတောင် ခြိမ်းခြောက်ခဲ့တာ။ ဘုရားကို ခုခံပြစ်မှားဖို့ အများကြီး ကျွန်တော်လုပ်ခဲ့မိတယ်။ သခင့်လမ်းခရီးကို ကာကွယ်ပြီး ဆက်ကပ်နေတာလို့ တွေးရင်းလေ။ ကျွန်တော်က ဘုရားကို ယုံကြည်ပေမဲ့ သူ့ကို မသိခဲ့ဘူး၊ စိတ်နှလုံးခိုင်မာပြီး မာနထောင်လွှားခဲ့တာ။ ဘုရားသာ ကျွန်တော့်ကို အပြစ်ဒဏ်ပေးပြီး ဆုံးမပဲ့ပြင်တာသာ မရှိခဲ့ရင်၊ သူ့ရဲ့ အာဏာအပြည့်နဲ့ ဝိညာဉ်ကို တို့ထိတဲ့ နှုတ်ကပတ်တော်တွေကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်လုံးဝကျိုးနွံခဲ့မှာ မဟုတ်ဘူး” တဲ့။ နှုတ်ကပတ်တော်အားလုံးက သမ္မာကျမ်းစာထဲမှာ ရှိပြီး တခြားဘယ်အရာမှ ဘုရားနှုတ်ကပတ်တော် မဟုတ်လို့ သမ္မာကျမ်းစာကနေ သွေဖည်တာဟာ အယူမှားတာပဲဆိုပြီး သူအမြဲတွေးခဲ့တယ်လို့လည်း ပြောတယ်။ နောက်တော့ ဒီအတွေးဟာ ဘယ်လိုမခိုင်လုံပုံ၊ အမှန်တရားနဲ့ မကိုက်ညီပုံကို ရှင်းပြထားတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို သူဖတ်ပြတယ်။ ပထမတော့ ကျွန်တော်က တကယ်ကို မရှင်းမလင်းဖြစ်သွားတယ်။ ဒါက ဘယ်လိုလုပ်ပြီး အမှန်မဟုတ်ရမှာလဲလို့ပေါ့။ အဲဒီနောက်မှာ သူဒီလိုပြောလာရော။ “အစ်ကို သမ္မာကျမ်းစာကို ကောင်းကောင်းသိတာပဲ၊ ဒါကြောင့် သခင်အမှုပြုပြီးတဲ့နောက် နှစ်တွေကြာမှ လူတွေက ကျမ်းစာကို ပြုစုထားတယ်ဆိုတာ အစ်ကို သိလောက်မှာပါ၊ ဒီတော့ ပါဝင်အကြောင်းအရာတချို့က အဖယ်ခံလိုက်ရတယ်ဆိုတဲ့ သဘောပဲ။ ဘုရားဆီကလာတဲ့ ပရောဖက်တွေရဲ့ စကားတချို့ကို ဓမ္မဟောင်းကျမ်းမှာ အကုန်လုံး မှတ်တမ်းတင်ထားတာ မဟုတ်ဘူး။ ဧဇရရဲ့ ပရောဖက်ပြုခြင်းတွေလိုမျိုး ကျမ်းပယ်ထဲကို ထည့်လိုက်ကြတာ” တဲ့။ ဒီလိုလည်း သူပြောတယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့အမှုနဲ့ နှုတ်ကပတ်တော်အားလုံးကို သမ္မာကျမ်းထဲမှာ မှတ်တမ်းတင်ခဲ့တာ မဟုတ်ဘူး။ ကိုယ်တော်က ၃ နှစ်ခွဲ တရားဝင် အမှုပြုခဲ့တာ။ အဲဒီအချိန်အတွင်း သူဘယ်လောက်ပြောခဲ့လဲ၊ ဒေသနာဘယ်လောက်ဟောခဲ့လဲ မသိနိုင်ဘူး။ ခရစ်ဝင်ကျမ်းလေးကျမ်းက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေအားလုံးကို ပေါင်းလိုက်ရင် ကိုယ်တော့်အတွက် သုံးလေးနာရီ စကားပြောစာသာ ရှိမှာပဲ။ အဲဒီ ၃ နှစ်ခွဲမှာ ကိုယ်တော်ပြောခဲ့လောက်မယ့် ပမာဏနဲ့ယှဉ်ကြည့်ရင် သိပ်နည်းလွန်းနေတာ တွေ့ရတယ်တဲ့လေ။ ရှင်ယောဟန်ထဲမှာလည်း ပြောထားတယ်၊ “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) သမ္မာကျမ်းစာကလွဲပြီး ဘယ်အရာမှ ဘုရားနှုတ်ကပတ်တော် မဟုတ်ဘူးဆိုတာ တကယ်မှန်နိုင်လား၊ အဲဒါက အမှန်တရား ဖြစ်ပါ့မလားတဲ့လေ။ ပြီးတော့ ဗျာဒိတ်ကျမ်းထဲမှာ အကြိမ်ကြိမ် ပရောဖက်ပြုထားတယ်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) သခင်က နောက်ဆုံးသောကာလမှာ အသင်းတော်တွေကို ပြောစရာတွေ ထပ်ရှိသေးတယ်ဆိုတာ ဒါက သက်သေပြတယ်။ နောက်ဆုံးသောကာလအတွက် အဲဒီနှုတ်ကပတ်တော်တွေကို သမ္မာကျမ်းစာထဲမှာ ဘယ်လိုများ ကြိုရေးထားနိုင်မှာလဲတဲ့။ နဂိုက တံဆိပ်ခတ်ထားတဲ့ စာစောင်ကို သိုးသငယ်က ဖွင့်မယ့်အပြင် သိုးသငယ်ကပဲ တံဆိပ်တွေကို ခွာနိုင်တယ်လို့လည်း ဗျာဒိတ်ကျမ်းက ပရောဖက်ပြုထားတယ်တဲ့။ အဲဒီစာစောင်ရဲ့ ပါဝင်အကြောင်းအရာကို သမ္မာကျမ်းထဲမှာ မှတ်တမ်းတင်ထားပြီးသား ဖြစ်နိုင်သလား။ လုံးဝ မဖြစ်နိုင်ဘူးတဲ့။ ဒါဆိုရင် ဘုရားနှုတ်ကပတ်တော်အားလုံးက သမ္မာကျမ်းထဲမှာပဲဆိုတဲ့ သင်းအုပ်တွေရဲ့ ပြောဆိုချက်ကရော ယုတ္တိရှိရဲ့လား။ ဘုရားရဲ့ကိုယ်ပိုင်နှုတ်ကပတ်တော်တွေကို ငြင်းပယ်ရှုတ်ချရာ မကျဘူးလားတဲ့။

အစီအစဉ် တင်ဆက်သူ- သူ့ဆီက ဒီမိတ်သဟာယပြုချက်ကို အစ်ကိုကြားတော့ အစ်ကို ဘာတွေတွေးနေခဲ့လဲ။

ကူဝေချင်း- အဲဒီအချိန်မှာ ကျွန်တော်က လုံးလုံး ယုံကြည်လက်ခံသွားတယ်လေ။ သူ့စကားမှန်တာ ကျွန်တော် သိတယ်။ နောက်ဆုံးသောကာလမှာ သိုးသငယ်က တံဆိပ်ခုနှစ်ချက်ကိုခွာရင်း စာစောင်ကို ဖွင့်မယ်လို့ ဗျာဒိတ်ကျမ်းမှာ အထင်အရှား ပရောဖက်ပြုထားတာ။ ဒီတော့ အဲဒီအကြောင်းအရာအတိအကျကို သမ္မာကျမ်းထဲမှာ မှတ်တမ်းတင်ထားပြီးသား ဘယ်လိုဖြစ်နိုင်မှာလဲ။ သမ္မာကျမ်းစာကလွဲပြီး ဘုရားနှုတ်ကပတ်တော်တွေ မရှိဘူးလို့ ငါအခိုင်အမာ ပြောနေတာဟာ မှားနေခဲ့တာပဲလို့ ကျွန်တော် သဘောပေါက်လိုက်တယ်။

အစီအစဉ် တင်ဆက်သူ- အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လူတွေမဆန်းစစ်အောင် အစ်ကိုတားနေတုန်းမှာ လူတချို့က ဒါနဲ့ပတ်သက်ပြီး ရိုးရှင်းတဲ့ မိတ်သဟာယတချို့ အစ်ကို့ကို ဝေမျှထားပြီးသားလို့ ခုနက အစ်ကိုပြောခဲ့တာ ကျွန်တော်သတိရတယ်။

ကူဝေချင်း- ဟုတ်တယ်၊ နည်းနည်းပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်က အရမ်းမာနထောင်လွှားပြီး နားထောင်ဖို့ ငြင်းပယ်ခဲ့တာ။ အစ်ကိုကျိုးရဲ့မိတ်သဟာယကတော့ သိပ်ရှင်းပါတယ်။ သူဒီလိုပြောတယ်။ သမ္မာကျမ်းစာက ဘုရားအမှုတော်ရဲ့ သမိုင်းမှတ်တမ်းသက်သက်ပဲ။ ဓမ္မဟောင်းကျမ်းကိုရော ဓမ္မသစ်ကျမ်းကိုပါ အမှုရဲ့အဆင့်တစ်ခုကို ဘုရားလုပ်ဆောင်ပြီးတဲ့နောက်မှ လူသားတွေက စုစည်းပြုစုထားခဲ့ကြတာတဲ့လေ။ ဘုရားက သမ္မာကျမ်းအတိုင်း အလုပ်မလုပ်သလို သမ္မာကျမ်းဘောင်ထဲမှာ မပိတ်မိနေဘူး။ ဘုရားက သူ့ကိုယ်ပိုင် စီမံခန့်ခွဲမှု အစီအစဉ်နဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေအတိုင်း အမှုပြုတယ်တဲ့လေ။ သခင်ယေရှု ကြွလာတုန်းက သူ့အနေနဲ့ ဓမ္မဟောင်းကျမ်းအတိုင်း အမှုမပြုခဲ့ဘူး။ အဲဒီအချိန်က ကျမ်းစာဘောင်ထဲက ထွက်ပြီး နောင်တတရားလမ်းအကြောင်း သူဟောတယ်၊ နာမကျန်းသူကို ကျန်းမာစေပြီး နတ်ဆိုးတွေ နှင်ထုတ်တယ်၊ သူများတွေကို အကြိမ်ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်ဖို့၊ ဥပုသ်မစောင့်ဖို့ စတာတွေ ပြောခဲ့တယ်။ အဆုံးမှာ သူက ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ရင်း ကားစင်တင်ခံလိုက်ရတယ်။ ဒါပေမဲ့ ဓမ္မဟောင်းကျမ်းထဲမှာ ဒါတွေတစ်ခုကိုမှ ရှာလို့မရနိုင်ဘူးတဲ့လေ။ အဲဒါတွေထဲက တချို့ဆိုရင် ဟေဗြဲကျမ်းစာထဲက ပညတ်တရားတွေနဲ့ ကွဲလွဲဆန့်ကျင်နေပုံတောင် ရတယ်။ သမ္မာကျမ်းစာကလွဲပြီး ဘယ်ဟာမဆို အယူလွဲတွေပဲဆိုတဲ့ သင်းအုပ်တွေပြောတာကိုသာ ကျွန်တော်တို့ လိုက်နာရင် သခင်ယေရှုရဲ့အမှုကို ပြစ်တင်ရှုတ်ချရာ ကျနေဦးမှာပဲ မဟုတ်လားတဲ့။ ဘုရားသခင်က ဖန်ဆင်းရှင်ပဲ၊ ဘုရားရဲ့ ကြွယ်ဝမှုက အရာအားလုံးကို လွှမ်းခြုံထားတယ်။ ဒါကြောင့် သမ္မာကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ အမှုနည်းနည်းကိုပဲ ဘုရားပြုနိုင်တယ်လို့ပြောတာ မှန်နိုင်ပါ့မလား။ ဘုရားက သမ္မာကျမ်းစာကလွဲပြီး အမှုအသစ်မပြုနိုင်ဘူး၊ နှုတ်ကပတ်တော်အသစ် မမိန့်မြွက်နိုင်ဘူးဆိုတာ မှန်ရဲ့လား။ အဲဒါဟာ ဘုရားကို ဘောင်ခတ်ပြီး စော်ကားရာကျနေမယ် မဟုတ်လားတဲ့။ သခင်ယေရှုရဲ့ အမှုက ကျမ်းစာဘောင်ကို ကျော်သွားတယ်၊ အဲဒါက အယူလွဲတာပဲလို့ ပြောရင်း အဲဒီအမှုကို ပြစ်တင်ရှုတ်ချဖို့ ဖာရိရှဲတွေက ဟေဗြဲကျမ်းစာကို အသုံးပြုခဲ့တယ်။ ကိုယ်တော်ဖော်ပြတဲ့ သမ္မာတရားတွေကို ငြင်းပယ်ရှုတ်ချခဲ့ကြတယ်။ အဆုံးမှာတော့ ကိုယ်တော်ကားစင်တင်ခံရအောင်လို့ ပေါင်းကြံကြပြီး ဘုရားရဲ့ အပြစ်စီရင်တာနဲ့ အပြစ်ဒဏ်ပေးတာကို ခံကြရတယ်တဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်က အခု ကြွလာပြီ၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြပြီးပြီ။ ဒါတွေဟာ သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်တို့ကို ပြောတဲ့ နှုတ်ကပတ်တော်တွေပဲ၊ ဒါဟာ ဘုရားက ကျွန်တော်တို့ကို ထာဝရအသက်လမ်း ပေးနေတာပဲတဲ့လေ။ ကျွန်တော်တို့က နားမထောင်သလို၊ မရှာဖွေဘဲ၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုနဲ့ နှုတ်ကပတ်တော်တွေကို ခုခံရှုတ်ချရင်း သမ္မာကျမ်းကို ဇွတ်မှိတ်ဖက်တွယ်ထားရင် ဖာရိရှဲတွေလို အမှားမျိုး လုပ်နေမိတာပဲ မဟုတ်ဘူးလားတဲ့။ ဒါဆို ဘုရားသုတ်သင်တာ ကျွန်တော်တို့ ခံရလိမ့်မယ်တဲ့လေ။

အစီအစဉ် တင်ဆက်သူ- ဟုတ်တယ်၊ အကျိုးဆက်တွေက ဆိုးရွားတယ်။

ကူဝေချင်း- ဟုတ်တယ်။ သူ့ဆီက ဒီမိတ်သဟာယပြုချက်ကို ကြားလိုက်ရတော့ ကျွန်တော် ကြောက်သွားပါလေရော။ သခင်ယေရှုပြောခဲ့တဲ့အရာကိုလည်း တွေးမိသွားတယ်။ “လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်း သော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။(ရှင်လုကာခရစ်ဝင် ၁၂:၁၀) ဒီအတိုင်း ကိုယ့်ကိုယ်ကိုယ် တွေးကြည့်တော့ သိလိုက်တယ်လေ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘုရားဆီက တကယ်လာတာဆိုရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်တွေပဲ။ ဒီတော့ သူ့အမှုနဲ့ နှုတ်ကပတ်တော်တွေကို အယူလွဲတာလို့ ငါခေါ်ရင် ဒါဟာ သန့်ရှင်းသော ဝိညာဉ်တော်ကို စော်ကားတာပဲ မဟုတ်လား။ ဒါဆို ငါ့အနေနဲ့ ဒီဘဝမှာရော နောက်ဘဝမှာပါ ခွင့်လွှတ်ခံရမှာ မဟုတ်ဘူးပေါ့။ ဒီတော့ ကျွန်တော်သိသွားတယ်။ ဒါကို ငါဆက်ဆန့်ကျင်နေလို့မရဘူး၊ ရှာဖွေပြီး လေ့လာစုံစမ်းရမယ်လို့ပေါ့။

အစီအစဉ် တင်ဆက်သူ- ဒါဆို အစ်ကိုက လုံးလုံး စိတ်ပြောင်းသွားတာပေါ့။

ကူဝေချင်း- ဟုတ်တယ်။ အဲဒီနောက် အစ်ကိုကျိုးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တချို့ ကျွန်‌တော့်ကို ဖတ်ပြတယ်လေ။ “လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်ခြင်းနှင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်းသည် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း အမှန်တွင်၊ အမှုအရာများသည် အမှန်ပင် အလွန် ရိုးရှင်းသလော။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄))ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။...လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)) ဒီနှုတ်ကပတ်တော်တွေကို ကြားတဲ့အခါမှာ ဒါတွေက တကယ်ခိုင်လုံတာပဲလို့ ကျွန်တော် ခံစားရတယ်။ ကျွန်တော်ရဲ့ ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်မှာ ပြည်ပနဲ့ တရုတ်ဆရာတော်တွေဆီက ဒေသနာတွေ အများကြီး ကြားဖူးခဲ့တယ်။ ဝိညာဉ်ရေးရာ စာအုပ်တချို့လည်း ဖတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က သမ္မာကျမ်းစာကို ဒီလောက်ရှင်းရှင်းလင်းလင်းနဲ့ နှံ့နှံ့စပ်စပ် ရှင်းပြတာမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ ကျွန်တော်ကတော့ဖြင့် တကယ်ကို ဉာဏ်အလင်းရသွားတာပဲ။ သမ္မာကျမ်းက ဘုရားအမှုတော်ရဲ့ သမိုင်းမှတ်တမ်းတစ်ခုပဲဆိုတာရယ်၊ ကျွန်တော်သိသွားတယ်။ ဒါပေမဲ့ ကျွန်တော်က ဘုရားဟာ သမ္မာကျမ်းစာကလွဲပြီး ဘာအမှုမှ မပြုသင့်ဘူး၊ နှုတ်ကပတ်တော်အသစ်တွေ မမြွက်သင့်ဘူးလို့ တွေးရင်း ဘုရားကို ကျမ်းစာဘောင်ထဲမှာပဲ ကန့်သတ်ထားခဲ့မိတယ်။ ကျွန်တော်သိပ်မိုက်ခဲ့မိတာပေါ့ဗျာ။ အဲဒီအချိန်မှာပဲ ကျွန်တော်သိသွားရော။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တကယ်ကို ဘုရားဆီက လာပြီး သန့်ရှင်းသော ဝိညာဉ်တော် စကားပြောနေတာပဲ၊ ငါ့အနေနဲ့ ရှာဖွေမှုတချို့ လုပ်ဖို့လိုတယ်၊ မဟုတ်ရင်တော့ သခင့်ကို ကြိုဆိုမယ့် အခွင့်အရေးကို ဆုံးရှုံးပြီး နောက်ကျမှ နောင်တရလိမ့်မယ်ပေါ့။ ဒါကြောင့် ကျွန်တော့်ကို လမ်းပြဖို့ သခင့်ကို တောင်းလျှောက်ရင်း အလျင်စလို ဆုတောင်းလိုက်တယ်။

အစီအစဉ် တင်ဆက်သူ- ဘုရားကျေးဇူးတော်ပါပဲ။ အဲဒီအချိန်မှာ သမ္မာကျမ်းစာအပေါ် အစ်ကို့ရှုထောင့်က မှန်သွားတာပေါ့။

ကူဝေချင်း- ဟုတ်တယ်ဗျ။ ဒါပေမဲ့ ကျွန်တော် မရှင်းလင်းသေးဘူး။ သခင်ယေရှုက မိုးတိမ်စီးကြွလာပြီး လူအားလုံးကို အတိအလင်း ပေါ်ထွန်းမယ်လို့ ရှင်းရှင်းလင်းလင်း ပရောဖက်ပြုထားပေမယ့်၊ အဲဒါဖြစ်လာတာကို ငါအခုထိ မတွေ့ရသေးဘူး။ သူတို့ကတော့ ကိုယ်တော်ပြန်ကြွလာပြီးပြီ၊ နှုတ်ကပတ်တော်အသစ်တွေကို မိန့်မြွက်ရင်း လူ့ဇာတိမှာ ရှိတယ်လို့ ပြောနေကြတယ်။ ဒါဆို သခင့်ရဲ့ဒုတိယအကြိမ် လူ့ဇာတိနဲ့ ပြန်ကြွလာခြင်းအကြောင်း ကျမ်းစာပရောဖက်ပြုချက် တစ်ခုတလေ ရှိသလားပေါ့။ ဒါနဲ့ပတ်သက်ပြီး အစ်ကိုကျိုးကို ကျွန်တော် မေးလိုက်တယ်။

အစီအစဉ် တင်ဆက်သူ- သူက ဘာပြောလဲဗျ။

ကူဝေချင်း- သူဒီလိုပြောတယ်လေ။ မိုးတိမ်စီးလို့ သခင်ကြွလာပြီး လူပုံအလယ်မှာ ပေါ်ထွန်းမယ့်အကြောင်း ကျမ်းစာပရောဖက်ပြုချက်တချို့ ရှိပေမဲ့ လူ့ဇာတိနဲ့ တိတ်တဆိတ် ကြွလာမယ့်အကြောင်း ပရောဖက်ပြုချက်တွေလည်း တော်တော်များများ ရှိတယ်တဲ့။ သခင်ယေရှုက ပြောခဲ့တယ်၊ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၇)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄)ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ဒီကျမ်းပိုဒ်တွေအားလုံးက လူသား ကြွလာတာကို ထုတ်ဖော်ပြောထားကြတယ်၊ “လူသား” ဆိုတာက လူတစ်ယောက်ဆီမှာ အသွေးအသားနဲ့ သာမန်လူ့သဘာဝနဲ့ မွေးလာတာကို ဆိုလိုတာပဲ။ သူက ဝိညာဉ်သဏ္ဌာန်နဲ့ မိုးတိမ်စီးကြွလာပြီး လူအားလုံးကို ပေါ်ထွန်းရင် လူတိုင်းက သူ့ကိုမြင်တဲ့အခါ ကြောက်ပြီး အပြေးအလွှား ပျပ်ဝပ်ကြမှာပေါ့တဲ့။ ဘယ်သူက သူ့ကို ခုခံရဲမှာလဲ၊ ငြင်းရဲမှာလဲတဲ့။ သူပြန်ကြွလာတဲ့အခါ ဒုက္ခအများကြီး ခံရမလား၊ ဒီမျိုးဆက်ရဲ့ ငြင်းပယ်တာကို ခံရမှာလား။ ဘယ်ခံရပါ့မလဲတဲ့။ သခင်ယေရှုက သူဟာ နည်းလမ်းနှစ်မျိုးနဲ့ ပြန်ကြွလာမယ်လို့ ပရောဖက်ပြုခဲ့တယ်။ ပထမတော့ သူက သမ္မာတရားတွေကို ဖော်ပြပြီး ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်း အမှုကို ပြုဖို့ ကပ်ဘေးတွေမတိုင်ခင် အောင်မြင်တဲ့သူတစ်စုကို ပြုလုပ်ရင်း လူ့ဇာတိနဲ့ တိတ်တဆိတ် ကြွလာမယ်တဲ့။ အဲဒီနောက် ကပ်ဘေးတွေအပြီးမှာ သခင်က မိုးတိမ်စီးကြွလာပြီး လူပုံအလယ်မှာ ပေါ်ထွန်းမယ်တဲ့။ ကျွန်တော်တို့က လူ့ဇာတိနဲ့ တိတ်တဆိတ် သခင်ယေရှုကြွလာတဲ့အခါမှာ ဘုရားအမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို လက်မခံဘဲ၊ သူ့ကို မိုးတိမ်ပေါ်မှာ မြင်ဖို့ပဲ စောင့်နေရင် သခင်ငြင်းပယ်တာကို ခံရနိုင်တယ်တဲ့လေ။ သူ့မိတ်သဟာယပြုချက်က ကျွန်တော့်ကို အကြီးအကျယ် လှုပ်နိုးလိုက်တာပဲ။ လူသားဆိုတာ လူ့ဇာတိနဲ့ ဘုရားကို ရည်ညွှန်းတာပဲလို့ ကျွန်တော် သဘောပေါက်သွားတယ်။ သခင်က သူခိုးလို လာလိမ့်မယ်လို့ပြောရင်း၊ သူများတွေကို နိုးနိုးကြားကြားရှိပြီး ဆုတောင်းဖို့ ပြောရင်း၊ သခင့်ကို စောင့်ရင်း၊ ဒီနှစ်တွေတစ်လျှောက် အဲဒီကျမ်းပိုဒ်တွေအကြောင်းကို သူများတွေနဲ့ ပြောနေခဲ့တာ၊ ဒါပေမဲ့ ဒီကျမ်းပိုဒ်တွေက သခင်တိတ်တဆိတ် ကြွလာမယ့်အကြောင်း ပရောဖက်ပြုထားတယ်ဆိုတာ ကျွန်တော် မမြင်မိခဲ့ဘူး။

အစီအစဉ် တင်ဆက်သူ- အစ်ကိုက ဒီကျမ်းပိုဒ်တွေနဲ့ပတ်သက်ပြီး နားလည်မှုအသစ် ရသွားတာပေါ့။

ကူဝေချင်း- ဟုတ်တယ်။ အဲဒီအချိန်မှာ ကျွန်တော် သဘောပေါက်သွားတာ၊ သမ္မာကျမ်းကို ဖတ်နေခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်မှာ ကျမ်းစာရဲ့တိုက်ရိုက်အဓိပ္ပာယ်ကိုပဲ ငါမြင်ခဲ့တယ်၊ ဒီပရောဖက်ပြုချက်တွေရဲ့ နောက်ကွယ်က တကယ့်အဓိပ္ပာယ်ကို ငါဘယ်တော့မှ နားမလည်ခဲ့ဘူးပေါ့။ အဲဒီနောက်မှာ အစ်ကိုကျိုးကို နောက်မေးခွန်းတစ်ခု ထပ်မေးလိုက်တယ်။ ဒီလိုပေါ့၊ “သခင်ယေရှုက လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် ကားစင်တင်ခံရပြီး သူက ကျွန်တော်တို့ အပြစ်တွေကို ယူဆောင်သွားတယ်။ ယုံကြည်သူတစ်ယောက်အနေနဲ့ ကျွန်တော့်အပြစ်တွေ ခွင့်လွှတ်ခံရလို့၊ သူကြွလာတဲ့အခါ ကျွန်တော်က ကောင်းကင်နိုင်ငံတော်ထဲကို တိုက်ရိုက် ချီဆောင်ခံရသင့်တာပဲ။ ဘုရားက ကယ်တင်ခြင်းအတွက် နောက်အမှုအဆင့်တစ်ခုကို ဘာလို့လုပ်ဖို့လိုတာလဲ” ပေါ့။ သူကျွန်တော့်ကို ပြန်မေးတယ်လေ၊ ဒီလိုပေါ့။ “အစ်ကို့အပြစ်တွေ ခွင့်လွှတ်ခံရလို့ နိုင်ငံတော်ထဲကို ဝင်ရနိုင်တယ်လို့ အစ်ကိုပြောပေမဲ့ သခင့်နှုတ်ကပတ်တော်တွေထဲမှာ ဒီအတွက် အခြေခံအကြောင်းအရင်း ရှိသလား။ ကိုယ်တော်က ကျွန်တော်တို့ရဲ့အပြစ်တွေကိုပဲ ခွင့်လွှတ်ခဲ့တာ၊ ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခံရလို့ နိုင်ငံတော်ထဲကို ဝင်နိုင်တယ်ဆိုပြီး သူဘယ်တော့မှ မပြောခဲ့ဘူး။ ဒါက လူ့အယူအဆတစ်ခုသက်သက်ပဲ။ အပြစ်တွေ ခွင့်လွှတ်ခံရတာဟာ ကျွန်တော်တို့ကို အပြစ်သားတွေအဖြစ် ကိုယ်တော်မမြင်တော့တာကို ဆိုလိုတာ၊ ကျွန်တော်တို့က အပြစ်နဲ့ ကင်းစင်သွားပြီလို့ မဆိုလိုဘူး။ ကျွန်တော်တို့ဟာ သန့်စင်တယ်၊ အပြစ်မလုပ်တော့ဘူး၊ ဘုရားကို မခုခံတော့ဘူးလို့ ပိုလို့ကို မဆိုလိုတာ။ နိုင်ငံတော်ထဲ ဘယ်သူတွေ ဝင်ရောက်နိုင်မလဲဆိုတာ သခင်ယေရှုက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ပရောဖက်ပြုခဲ့ပြီး သခင့်နာမတော်နဲ့ နတ်ဆိုးတွေကို မောင်းထုတ်တဲ့ အဲဒီလူတွေကလည်း အပြစ်တွေ ခွင့်လွှတ်ခံခဲ့ရတယ် မဟုတ်လား။ ဒါဆိုရင် ဘာဖြစ်လို့ သခင်က သူတို့ကို လုံးဝမသိဘူးဆိုပြီး မကောင်းမှုပြုသူတွေအဖြစ် စီရင်ရတာလဲ။ အပြစ်မှာ အသက်ရှင်တဲ့သူအားလုံးက သခင့်နာမတော်အားဖြင့် အစေခံရင်တောင် နောက်ဆုံးမှာ စီရင်ခြင်းကို ခံကြရမှာဖြစ်ပြီးတော့ ဘုရားရဲ့နိုင်ငံတော်နဲ့ မထိုက်တန်ဘူးဆိုတာ ဒီနှုတ်ကပတ်တော်တွေက ပြတယ်” တဲ့။ အဲဒီနောက်မှာ အစ်ကိုကျိုးက ကျွန်တော့် မေးခွန်းကို ဖြေဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဖတ်ပြခဲ့တယ်။ “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) အဲဒီနောက် သူမိတ်သဟာယဖွဲ့ပြတယ်၊ “ကြာရှည်ယုံကြည်သူတွေအနေနဲ့ ကျွန်တော်တို့အားလုံးက တစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း သိကြတယ်။ ယုံကြည်ခြင်း ရပြီးနောက် ကျွန်တော်တို့ အပြစ်လုပ်တဲ့အခါ သခင့်ဆီ ဝန်ခံပြီး နောင်တရတာနဲ့ ကျွန်တော်တို့ ခွင့်လွှတ်ခံရနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ တစ်ချိန်လုံး ဆက်မလိမ်ဘဲ၊ ဆက်အပြစ်မလုပ်ဘဲ မနေနိုင်တာကိုတော့ ငြင်းလို့မရဘူး။ ကျွန်တော်တို့က နေ့မှာ အပြစ်လုပ်၊ ညမှာ ဝန်ခံဆိုတဲ့ မလွတ်မြောက်နိုင်တဲ့ သံသရာထဲမှာ အသက်ရှင်နေကြတာပဲ” တဲ့။

အစီအစဉ် တင်ဆက်သူ- သိပ်မှန်တာပေါ့။ တကယ်တော့ သခင့်ကို ယုံကြည်သူတွေ အားလုံးက ဒီအခြေအနေမှာ အသက်ရှင်နေကြတာပဲ။

ကူဝေချင်း- “သခင်က ရွေးနုတ်ခြင်းအမှုတော်ကိုပဲ ပြုခဲ့ပြီး နောက်ဆုံးသောကာလအတွက် တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုကို မပြုခဲ့လို့ပါတဲ့။ ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခံရပေမဲ့၊ ကျွန်တော်တို့မှာ အပြစ်ရှိတဲ့ သဘာဝ ရှိနေတုန်းပဲ။ ကျွန်တော်တို့ရဲ့ဆိုးယုတ်တဲ့ သဘာဝနဲ့ စိတ်သဘောထားတွေက မဖြေရှင်းခံရသေးဘူး။ အဲဒီအရာတွေက အပြစ်တွေကိုယ်နှိုက်ထက်ကို ပိုပြီးတော့ အမြစ်တွယ်နေကြတာတဲ့လေ။ အဲဒါတွေက ကျွန်တော်တို့အပြစ်တွေနဲ့ ဘုရားကို ခုခံမှုရဲ့ ဇာစ်မြစ်ပဲတဲ့။” အစ်ကိုကျိုးက ဥပမာတချို့လည်း ပေးခဲ့တယ်။ ဒီလိုပေါ့။ ကျွန်တော်တို့က မာနထောင်လွှားလို့၊ စဉ်းလဲလို့၊ ဆိုးညစ်လို့၊ ဒါ့အပြင် ဒီဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်နေလို့ အမြဲလိမ်ညာ လှည့်စားတယ်၊ ကိုယ့်ဂုဏ် ကိုယ်ဖော်ပြီး ကြွားဝါရတာ ကြိုက်တယ်လို့ဆိုပြီးတော့ပေါ့။ နာမည်နဲ့ အကျိုးအမြတ်အတွက် ကျွန်တော်တို့တိုက်ခိုက်ကြတယ်၊ မနာလိုဖြစ်ပြီး မုန်းတီးကြတယ်။ ဘေးဒုက္ခကို ရင်ဆိုင်ရတဲ့အခါဖြစ်ဖြစ်၊ အိမ်မှာ ပြဿနာတွေ တက်တဲ့အခါဖြစ်ဖြစ် ဘုရားကို ကျွန်တော်တို့ အထင်လွဲပြီး အပြစ်တင်ကြတယ်၊ တစ်ခါတလေမှာ ဘုရားကို ငြင်းပြီး သစ္စာတောင် ဖောက်ကြတယ်တဲ့လေ။ အထူးသဖြင့် ဘုရားအမှုတော်က ကျွန်တော်တို့ အယူအဆတွေနဲ့ မကိုက်ညီတဲ့အခါ ကျွန်တော်တို့က ဘုရားကို တစ်ဇွတ်ထိုး ခုခံပြီး ရှုတ်ချတယ်။ အခုဆိုရင် သခင်ယေရှုက လူ့ဇာတိနဲ့ ပြန်ကြွလာပြီး နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်း အမှုကိုပြုရင်း သမ္မာတရားတွေ ဖော်ပြနေပြီ၊ ဒါကို ကာလရှည်ကြာ ယုံကြည်သူအများကြီးက ကိုယ်တော်ဟာ သမ္မာကျမ်းကလွဲပြီး နှုတ်ကပတ်တော်အသစ်တွေ မိန့်မှာ မဟုတ်ဘူး၊ လူ့ဇာတိမှာ အမှုပြုဖို့ လာမှာမဟုတ်ဘူးလို့ ပြောရင်း သူတို့ရဲ့ကိုယ်ပိုင် အယူအဆတွေနဲ့ ကိုယ်တော့်ကို ဘောင်ခတ်နေကြတယ်တဲ့လေ။ သူတို့က ဘုရားအမှုတော်ကို ရှာဖွေဖို့၊ ကျိုးနွံနာခံဖို့ စိတ်မဝင်စားကြဘူး။ ဘုရားကို ကြောက်ရွံ့ခြင်း လုံးလုံး မရှိကြဘူး။ အဲဒီအစား သူတို့က ဒီတိုင်းခုခံ ရှုတ်ချတယ်၊ မောက်မောက်မာမာနဲ့ ဘုရားကို ဇွတ်ဆန့်ကျင်နေကြတယ်တဲ့။ ဘုရားသခင်က သန့်ရှင်းတယ်၊ ဒါကြောင့် သူ့ကို ခုခံတဲ့သူ၊ စာတန်ဖြစ်တဲ့သူတွေကို သူ့နိုင်ငံတော်ထဲ ဘယ်လိုဝင်ခွင့်ပြုနိုင်မှာလဲတဲ့။ ဒါကြောင့် လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်ကို အခြေပြုပြီး ဘုရားက ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို စီရင်ဖို့နဲ့ သန့်စင်ဖို့ သမ္မာတရားတွေကို ဖော်ပြရင်း၊ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှု အုတ်မြစ်ပေါ်မှာ ကျွန်တော်တို့အပြစ်တွေ ဖယ်ရှားဖို့ အမှုအဆင့်ကို ပြုနေတာပေါ့တဲ့။ နိုင်ငံတော်ခေတ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်က လူကို သန့်စင်ပြီး ကယ်တင်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြနေတယ်၊ သူ့စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ရည်မှန်းချက်၊ သူ့အမှုအဆင့်သုံးဆင့်ရဲ့ အတွင်းကျကျ ဇာတ်ကြောင်း၊ လူ့ဇာတိခံယူခြင်းနောက်ကွယ်က နက်နဲမှုတွေ၊ သမ္မာကျမ်းစာအကြောင်း အမှန်တရားနဲ့ လူတွေရဲ့ အနာဂတ်ပန်းတိုင်တွေလိုမျိုး သူ့စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုတွေ အားလုံးကို သူထုတ်ဖော်ပြီးပြီ။ သူက ကျွန်‌တော်တို့စိတ်သဘောထားတွေ ပြောင်းလဲပြီး အမှန်တကယ် နောင်တရဖို့ နည်းလမ်းကို ကျွန်တော်တို့ကို ပြရင်း လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ခြင်း၊ ကျွန်တော်တို့ အပြစ်ရှိခြင်းရဲ့ဇာစ်မြစ်အပြင် ဘုရားကို ခုခံခြင်းနဲ့ဆိုင်တဲ့ အမှန်တရားကိုလည်း ထုတ်ဖော်ပြီးပြီ။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်တဲ့။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော်တို့ရဲ့အပြစ်ရှိတဲ့ သဘာဝကို ဖြေရှင်းဖို့ ဒီသမ္မာတရားအားလုံးကို ဖော်ပြထားတာတဲ့။ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို လက်ခံတဲ့သူအားလုံးက သန့်စင်ခံရနိုင်တယ်။ ဘေးဒုက္ခတွေတစ်လျှောက် ဘုရားရဲ့ ကာကွယ်တာကို ခံရမယ့်အပြင် သူ့နိုင်ငံတော်ကိုလည်း ဝင်ရလိမ့်မယ်တဲ့လေ။

အစီအစဉ် တင်ဆက်သူ- အစ်ကိုကျိုးရဲ့မိတ်သဟာယပြုချက်ကနေ အစ်ကို့မေးခွန်းအတွက် အဖြေရသွားလား။

ကူဝေချင်း- သူပြောတာနားထောင်ပြီးနောက် ကျွန်တော် ဒီလောက်တော့ ပိုနားလည်သွားတယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကိုပဲ ပြုခဲ့တာ။ လူသားမျိုးနွယ်ကို အပြစ်က ရွေးနုတ်ရင်းလေ။ နိုင်ငံတော်ခေတ်ကတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့တရားစီရင်ခြင်းအမှုအတွက် သမ္မာတရားတွေကို ဖော်ပြတဲ့အချိန်ပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့အပြစ်ရှိတဲ့ သဘာဝကို ဖြေရှင်းမယ့်အရာ၊ ကျွန်တော်တို့ကို အပြစ်ကနေ လုံးလုံး ကယ်တင်ပြီး သန့်စင်မယ့်အရာပဲလို့ပေါ့။ ဒီလောက်နှစ်နဲ့ချီ ယုံကြည်သူဖြစ်နေတာတောင် အပြစ်ရဲ့ထိန်းချုပ်တာ ကျွန်တော်တကယ်ခံနေရသေးပုံကို တွေးမိတယ်။ အထူးသဖြင့် မကြာသေးတဲ့နှစ်တွေမှာ ကျွန်တော်က ပိုအကျင့်ပျက်လာတယ်၊ မယုံကြည်သူတွေနဲ့ တန်းတူဖြစ်လာတယ်။ တီဗီကြည့်လိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ မာကျောက် ကစားနေခဲ့တယ်။ အပြစ်မှာ အသက်ရှင်ပိတ်မိနေပြီး လတ်လျားလတ်လျား လုပ်နေခဲ့တယ်။ ကျွန်တော်က ဘုရားနိုင်ငံတော်ထဲ ဝင်ရောက်ဖို့ တကယ် မထိုက်တန်တာကို သဘောပေါက်ခဲ့တယ်။

အစီအစဉ် တင်ဆက်သူ- အစ်ကို့အခြေအနေနဲ့ ဆက်စပ်ကြည့်လိုက်တော့ တကယ့်ကို တို့ထိခံရပြီး အတွေးတွေ တဖွားဖွားပေါ်လာမှာပဲနော်။

ကူဝေချင်း- ဟုတ်တယ်။ ပြန်တွေးကြည့်ရင် အပြစ်မှာ အသက်ရှင်ခဲ့တဲ့ အဲဒီနေ့ရက်တွေက တကယ့်ကို စိတ်မချမ်းသာစရာပါ၊ ဘယ်လိုရုန်းထွက်ရမယ်ဆိုတာလည်း ကျွန်တော် မသိခဲ့ဘူး။ အပြစ်နှောင်ကြိုးတွေက လွတ်မြောက်ဖို့၊ သန့်စင်ခံရဖို့နဲ့ အပြည့်အဝ ကယ်တင်ခံရဖို့ ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လက်ခံရမယ်လို့ နောက်ဆုံးမှာ ကျွန်တော်သိသွားတယ်။ ဒီလိုတွေးမိခဲ့တာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက အပြစ်လုပ်လိုက် ဝန်ခံလိုက်ဆိုတဲ့ ငါတို့သံသရာရဲ့ အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး သန့်စင်ခံရဖို့နဲ့ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ လမ်းကြောင်းကို ထုတ်ဖော်ပြရင်း၊ ဘုရားအမှုတော်ရဲ့ အတွင်းကျကျ ဇာတ်ကြောင်း ငါတို့ကို ပြပေးတာပဲပေါ့။ ဘုရားသခင်ကပဲ သူ့အမှုကို လုံးဝရှင်းရှင်းလင်းလင်း ရှင်းပြနိုင်တာ။ ဘုရားသခင်ကပဲ လူသားမျိုးနွယ်ကို အပြစ်ကနေ ကယ်တင်ပေးနိုင်တာလို့လေ။ အဲဒီအချိန်မှာ ကျွန်တော် ပိုပြီးသေချာသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားပဲ၊ ဘုရားအသံတော်ပဲဆိုတာကိုပေါ့။ နောက်နှစ်ရက်သုံးရက်အတွင်း ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် နေ့တိုင်း အငမ်းမရ ဖတ်ဖြစ်ရော။ ဒီလိုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုတာ ကျွန်တော်အမြန်စိတ်ချသွားတယ်။

အစီအစဉ် တင်ဆက်သူ- အစ်ကိုက သခင့်ကို နောက်ဆုံးမှာ ကြိုဆိုရတော့မယ်ဆိုပြီး စိတ်လှုပ်ရှားနေခဲ့မှာပဲ။

ကူဝေချင်း- တကယ်ကို စိတ်လှုပ်ရှားခဲ့တာပေါ့ဗျာ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နောင်တတွေနဲ့ ပြည့်နေခဲ့တယ်။ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ ဆန့်ကျင်ပြီး ရှုတ်ချနေခဲ့တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ တကယ်တော့ ကျွန်တော်တောင့်တနေခဲ့တဲ့ သခင်ယေရှု ဖြစ်နေမယ်ဆိုတာရယ်၊ ကျွန်တော် ရှုတ်ချနေခဲ့တဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ က ဘုရားနှုတ်ကပတ်တော်တွေ ဖြစ်နေမယ်ဆိုတာရယ်ကို ကျွန်တော် ယောင်လို့တောင် စိတ်မကူးခဲ့မိဖူးဘူး။ သိပ်မိုက်မဲပြီး ကျိုးကြောင်းမမြင်ခဲ့လို့၊ အလင်းကို မြင်ဖို့ အချိန်အရမ်းကြာခဲ့လို့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ပွေ့ပိုက်ပြီး ရှိုက်ငိုမိရော။

အစီအစဉ် တင်ဆက်သူ- သခင့်ကို အဲဒီနည်းလမ်းနဲ့ ကြိုဆိုရလိမ့်မယ်လို့ အစ်ကို လုံးဝ စိတ်မကူးမိခဲ့ဘူး မဟုတ်လား။

ကူဝေချင်း- ဟုတ်တယ်၊ လုံးလုံးအံ့အားသင့်ခဲ့ရတာ။ ကိုယ့်ကိုယ်ကိုယ် သိပ်မုန်းခဲ့တယ်။ ဘုရားကို ယုံကြည်ပေမဲ့ ဘုရားကို မသိလို့၊ မာနထောင်လွှားပြီး ပုန်ကန်လို့၊ ကိုယ့်အယူအဆတွေကြောင့် ဘုရားကို ဘောင်ခတ်မိလို့၊ ဘုရားက လူ့ဇာတိမှာ အမှုပြုဖို့ ပြန်လာမယ်ဆိုတာကို မယုံကြည်မိလို့ပေါ့။ ဒါပေမဲ့ ပိုဆိုးတာက၊ ညီအစ်ကိုမောင်နှမတွေကို လှည့်စားဖို့၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သူတို့ မလေ့လာအောင် တားဖို့ ပြစ်မှားစော်ကားတဲ့ စာပေတွေ ကျွန်တော် သုံးခဲ့တာပဲ။ ကျွန်တော် လုပ်ခဲ့တာတွေကြောင့် ဘုရားရဲ့အပြစ်ဒဏ်စီရင်တာကို ကျွန်တော် တကယ်ခံထိုက်ပါတယ်။ ဒါပေမဲ့ ဘုရားက ကျွန်တော့်ကို ပြစ်မှားခြင်းတွေအတွက် ထိုက်တန်တဲ့ နည်းလမ်းနဲ့ မဆက်ဆံဘဲ သနားခဲ့တယ်။ သူ့အသံတော်ကို ကြားခွင့်နဲ့ သူ့ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ရယူခွင့် ပေးခဲ့တာ။ ဘုရားမေတ္တာက တကယ်ကို ကြီးမားလွန်းတယ်။

အဲဒီနောက်တော့ အဲဒီညီအစ်ကိုမောင်နှမတွေနဲ့ ပုံမှန်စုဝေးပွဲတွေ စလုပ်ဖြစ်တယ်။ လူတိုင်းက ဓမ္မသီချင်းတွေဆို၊ ဘုရားကို အတူတူ ချီးမွမ်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုကြတယ်။ အဲဒီလို အသင်းတော်အသက်တာမျိုးကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်က ဆောင်ကြဉ်းလာတဲ့ ဝမ်းမြောက်ခြင်းကို ကျွန်တော် ပြန်တွေ့ခဲ့တယ်။ သခင့်မျက်မှောက်တော်နဲ့အတူ ပါလာတဲ့ ငြိမ်သက်ခြင်းကိုလည်း ကျွန်တော် ရခဲ့တယ်။ ကျွန်တော် မှတ်မိပါသေးရဲ့။ ကျွန်တော် တကယ်တို့ထိခဲ့ရတဲ့ နှုတ်ကပတ်တော်ဖတ်ရွတ်ခြင်းတစ်ခုကို ကျွန်တော် နားထောင်ခဲ့ရတာကိုပေါ့။ “ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက၊ ဇာတိအသွေးအသားသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရား၏ နှုတ်ကပတ်တော်များအားလုံးကို သရုပ်ထင်စေသည့်အရာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာနှင့်၊ လူသားက နားလည်ရန်အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြသောအရာလည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်အတွင်းဝင်ရောက်ရာ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်ရာ သင်၏လမ်းပြရှင်ဖြစ်သည်။ ထိုကဲ့သို့သော သာမန်ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲရာများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း၊ သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိခန္ဓာ မဟုတ်သည်ကို သင့်အား မြင်ခွင့်ပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်နှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် ဂရုစိုက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင်သကဲ့သို့၊ မီးလျှံတစ်ခုကဲ့သို့ သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံရနိုင်သော်ငြားလည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားခြင်းကရုဏာကို ပြနေကြောင်း သိနိုင်သည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး အတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို နားလည်သဘောပေါက် နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် မြေကြီးပေါ်ရှိ လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ နာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ သည်ကနေ့တွင် လူသားက မြင်ရသည်မှာ လူသားနှင့်တူညီသော ဘုရားသခင်၊ နှာခေါင်းတစ်ခုနှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ ထို့ပြင် ထူးခြားမှုမရှိသော ဘုရားသခင်ဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော အပြောင်းအလဲကို ကြုံရမည်ဖြစ်ကြောင်း၊ ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်သည် မှောင်မည်းလာကာ၊ မြေကြီးသည် ပရမ်းပတာ အခြေအနေထဲ ကျရောက်သွားမည်ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ခြင်းနှင့် ကပ်ဆိုးများအလယ်တွင် နေထိုင်ရမည်ဖြစ်ကြောင်း ဘုရားသခင်က သင်တို့ကို ပြသမည်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်တို့ကို ကယ်တင်ရန် ကြွမလာခဲ့လျှင် ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လွန်ခဲ့သောအချိန်ကပင် ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သင်တို့ကို သူပြသမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ သင်တို့သည် အဓိကအပြစ်သားများ အစဉ်အမြဲ ဖြစ်ကြမည်ဖြစ်ပြီး၊ အလောင်းကောင်များ အမြဲတမ်း ဖြစ်ကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မရှောင်လွှဲနိုင်သော ဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင် စီရင်ချမှတ်မည့် ပို၍ပင် ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိရမည်ကို သင်တို့သိသင့်သည်။ ဤသာမန်ဇာတိခန္ဓာသာ မမွေးဖွားခဲ့ပါက၊ သင်တို့အားလုံးသည် အသက်မရှင်နိုင်ဘဲ ရှင်ခြင်းအတွက် တောင်းဆိုပြီး၊ အသက်မသေနိုင်ဘဲ သေခြင်းအတွက် ဆုတောင်းရမည့် အခြေအနေတစ်ခု၌ ရောက်ရှိကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိလျှင် သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ထို့ထက် သင်တို့သည် သင်တို့၏ ကြီးလေးသော အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရမည်။ သင်တို့သိခဲ့ပါ၏လော၊ ယင်းမှာ ဇာတိခန္ဓာသို့ ဘုရားသခင်၏ပြန်လာခြင်း မရှိခဲ့လျှင်၊ ကယ်တင်ခြင်း၌ မည်သူမျှ အခွင့်အလမ်း ရှိခဲ့မည်မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို လွန်ခဲ့သောအချိန်ကပင် အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ သို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်နိုင်သေးသလော။ သင်တို့သည် ဤသာမညလူသားထံမှ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဖြစ်ရာ သင်တို့သည် သူ့ကို အဘယ်ကြောင့် ဝမ်းပန်းတသာ လက်မခံကြသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ) ဒီအပိုင်းကို မှတ်မိတယ်။ “ဤသာမန်ဇာတိခန္ဓာသာ မမွေးဖွားခဲ့ပါက၊ သင်တို့အားလုံးသည် အသက်မရှင်နိုင်ဘဲ ရှင်ခြင်းအတွက် တောင်းဆိုပြီး၊ အသက်မသေနိုင်ဘဲ သေခြင်းအတွက် ဆုတောင်းရမည့် အခြေအနေတစ်ခု၌ ရောက်ရှိကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိလျှင် သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ထို့ထက် သင်တို့သည် သင်တို့၏ ကြီးလေးသော အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရမည်။” ဒါကို ကြားလိုက်ရတုန်းက ကျွန်တော်တကယ်ပဲ တို့ထိသွားခဲ့တာ။ ကျွန်တော်နဲ့အတူ သခင်မရှိနေတဲ့ အရင်အချိန်တွေအကြောင်း ကျွန်တော် တွေးမိတယ်။ အသင်းတော်က ခြောက်ကပ်နေပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ယုံကြည်မှုက ဆုတ်ယုတ်နေခဲ့တာ။ ဒေသနာတွေမှာလည်း လှုံ့ဆော်တာ မခံရဘူး။ အချင်းချင်း မနာလိုပြီး ခွက်စောင်းခုတ်နေခဲ့တယ်။ လူတိုင်းက အပြစ်ထဲမှာ အသက်ရှင်နေပြီး ရုန်းမထွက်နိုင်ကြဘူး၊ လမ်းလျှောက်နေတဲ့ လူသေကောင်လို အသက်ရှင်ရင်းပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ပြန်ရှင်စေခဲ့တာ။ ကိုယ့်အနား ဘုရားရှိနေတဲ့ ဝမ်းမြောက်ခြင်းကို ကျွန်တော့်ဆီ ပြန်ဆောင်ကြဉ်းပေးခဲ့တာ။ ဘုရားအမှုနဲ့ပတ်သက်တဲ့ အခြေခံနားလည်မှု နည်းနည်းကိုလည်း ကျွန်‌တော် ရခဲ့တယ်။ ဘုရား လူ့ဇာတိခံတာနဲ့ စကားပြောတာ မရှိဘူးဆိုရင်၊ သမ္မာကျမ်းရဲ့နက်နဲမှုတွေနဲ့ သူ့ရဲ့လူ့ဇာတိခံယူမှုတွေကို ထုတ်ဖော်တာမရှိဘူးဆိုရင် ကျွန်တော်ဟာ ကိုယ့်အယူအဆတွေကို ခေါင်းမာမာနဲ့ ဖက်တွယ်ထားဦးမှာပဲဆိုတာ သေချာတယ်။ ဘုရားကို ဆန့်ကျင်တဲ့ ဆိုးယုတ်မှုတွေ ဘယ်လောက်ကို ကျွန်တော် လုပ်ခဲ့မိမယ်ဆိုတာ ဘယ်သူသိမလဲ။ ဘုရားရဲ့ လူ့ဇာတိခံယူခြင်းက ကျွန်တော်တို့အတွက် သိပ်ကို တန်ဖိုးမဖြတ်နိုင်တာပါဗျာ။

အစီအစဉ် တင်ဆက်သူ- ဟုတ်တယ်။ အစ်ကို့မှာ ရှုပ်ထွေးတဲ့ခံစားချက်တွေ ရှိခဲ့မှာပဲ။

ကူဝေချင်း- ရှိခဲ့တာပေါ့ဗျာ။ သခင်ပြန်ကြွလာတာ၊ အမှုအသစ်ပြုတာတွေနဲ့ပတ်သက်ပြီး ကျွန်တော် ကြားနေခဲ့ရတာပဲ၊ ဒါပေမဲ့ ကျွန်တော်က ကိုယ့်အယူအဆတွေမှာ သိပ်ခေါင်းမာနေခဲ့တာ၊ မရှာဖွေ၊ မလေ့လာဘဲနဲ့ပေါ့။ အဲဒီငါးနှစ်မှာ ညီအစ်ကိုမောင်နှမအများကြီးက မိတ်သဟာယဝေမျှပြီး အဲဒါကို လေ့လာစုံစမ်းဖို့ ကျွန်တော့်ကို တိုက်တွန်းခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် နားမထောင်ခဲ့ဘူး။ အဲဒါကို မရှာဖွေ၊ မလေ့လာရုံသာမက ခုခံပြီး ရှုတ်ချခဲ့တာ။ သူများတွေကိုလည်း လှည့်စားပြီး ဟန့်တားခဲ့တယ်၊ ဒါကြောင့် သူတို့က သခင့်ကို ကြိုဆိုဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်က ယုံကြည်မှုရှိတဲ့လူတောင် ဟုတ်ခဲ့ရဲ့လား။ ကျွန်တော်က ဖာရိရှဲတွေလိုပဲ ဘုရားကို ဆန့်ကျင်နေခဲ့တာ မဟုတ်လား၊ ဘုရားကို နောက်တစ်ခါ ကားစင်တင်နေခဲ့တာ မဟုတ်လား။ ကျွန်တော်က ယုံကြည်သူဖြစ်လာတဲ့ နှစ်တွေတစ်လျှောက်မှာ ဘုရားကျေးဇူးတော်အများကြီးကို ခံစားခဲ့ရတယ်။ ဒါပေမဲ့ သခင်ပြန်ကြွလာတော့ သူ့ကို ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော်က သူ့ကို ငါးနှစ်လုံးလုံး အရူးအမူးတောင် တိုက်ခိုက်ခဲ့တယ်။ ငါးနှစ်အတွင်း ခွင့်လွှတ်လို့မရလုနီးပါး အရာတွေ ကျွန်တော် လုပ်ခဲ့တယ်။ ကျွန်တော်သိပ်ပုန်ကန်ခဲ့မိတာ။

အစီအစဉ် တင်ဆက်သူ- အကြီးအကျယ် အမှားတွေကို အစ်ကိုလုပ်ခဲ့မိတာ မြင်ရတော့ တကယ့်ကို နာကျင်စရာကောင်းပါတယ်။

ကူဝေချင်း- ကျွန်တော့်ရဲ့ မရေတွက်နိုင်တဲ့ အပြစ်တွေအကြောင်း တွေးပြီး ဘုရားကရုဏာနဲ့ သည်းခံခြင်းကို မြင်တော့၊ ကျွန်တော့်မှာ ပုန်းစရာနေရာမရှိဘူး၊ ဘုရားကို ရင်မဆိုင်နိုင်ဘူးလို့ ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်စာအုပ်ကို ကျွန်တော် ဆုပ်ကိုင်ရင်း ဒူးထောက်ပြီး မျက်ရည်စက်လက် ဆုတောင်းခဲ့တယ်။ ဒီလိုပေါ့၊ “အနန္တတန်ခိုးရှင် ဘုရားသခင် သားသိပ်ပုန်ကန်ပြီး အာခံနေခဲ့တာတောင်မှ ကိုယ်တော် သားကို ဘယ်တော့မှ မရိုက်နှက်ခဲ့ဘူး။ ကိုယ်တော် သားကို နောင်တရခွင့်ပေးခဲ့တယ်။ ကိုယ်တော့်သနားကရုဏာကို ဘယ်လိုပြန်ပေးဆပ်ရမလဲ သားမသိပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သားတခြားဘာမှမတောင်းဆိုပါဘူး။ ကိုယ်တော့်မေတ္တာကို ပြန်ပေးဆပ်ဖို့အတွက်၊ ကိုယ်တော့်ဆီက သားယူထားတဲ့၊ ကိုယ်တော့်ရှေ့မှောက် မလာရသေးတဲ့ အဲဒီလူတွေကို ကိုယ်တော့်အိမ်တော်ထဲ ပြန်ခေါ်လာဖို့အတွက်၊ ကိုယ်တော့်ကို နှစ်သိမ့်မှုတချို့ ယူလာပေးဖို့အတွက် အစွမ်းကုန် ကြိုးစားနိုင်အောင် သားကို အသက်ထက်ဆုံး အသုံးပြုဖို့ပဲ တောင်းဆိုပါတယ်” လို့ပေါ့။ အခုတောင် ဘုရားကို ကျွန်တော် တိုက်ခိုက်ခဲ့တဲ့ အဲဒီအချိန်တွေအကြောင်း တွေးလိုက်တိုင်း၊ ကျွန်တော့်နှလုံးသားထဲ ဓားစိုက်ဝင်သွားသလိုပဲ။ ဒီနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို တကယ်စိတ်ထိခိုက်စေတယ်။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှုရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ကောင်းကောင်း သရုပ်ဖော်ပြတာပဲ။ ကျွန်‌တော်က ညီအစ်ကိုမောင်နှတွေကို ကျမ်းဟောင်းတရားတွေနဲ့ အယူဝါဒတွေနောက် လိုက်ဖို့၊ အယူအဆတွေနောက် လိုက်ဖို့ပဲ ဦးဆောင်နေခဲ့တာ။ ဘုရားနောက်ကို လိုက်ဖို့ ဦးမဆောင်ခဲ့ဘူး။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ခုခံနေရင်း ကျမ်းစာကို ကျွန်တော် ချီးမြှောက်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကြောင့် လမ်းလွဲပြီး သမ္မာကျမ်းရဲ့ အရှိအတိုင်းစာတွေကို မဆင်မခြင် ဖက်တွယ်ထားတယ်။ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံရဲကြဘူး။ ဒါက ကျွန်တော့်ကြောင့် သူတို့ထိခိုက်သွားတာပဲ၊ ကျွန်တော် ဖြစ်စေခဲ့တဲ့ ဒုက္ခပဲ။ ဖာရိရှဲတွေက သူတို့ကျမ်းစာကို ဖက်တွယ်ထားပြီး သခင့်ကို ကားစင်မှာ သံမှိုစွဲခဲ့ကြတယ်၊ ယုတ်မာလွန်းတဲ့အပြစ်ကို ကျူးလွန်ခဲ့ကြတယ်။ ကျွန်တော်ကတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ရှုတ်ချရင်း၊ အထူးသဖြင့် ဘုရားကို ထပ်ကားစင်တင်ရင်း သမ္မာကျမ်းစာကို ဖက်တွယ်ထားနေခဲ့မိတယ်။ ကျွန်တော်ကတော့ ခေတ်သစ်ဖာရိရှဲတစ်ယောက်ရဲ့ ကဏ္ဍကို လုပ်နေခဲ့တာ။ ကျွန်တော်က အကြိမ်တစ်ထောင်သေလည်း ကျွန်‌တော့်အပြစ်တွေအတွက် ဘယ်တော့မှ ထေမိမှာ မဟုတ်ဘူး။

အစီအစဉ် တင်ဆက်သူ- အမြဲ စိတ်တစ္ဆေခြောက်နေတော့မှာပဲနော်။

ကူဝေချင်း- ဟုတ်တယ်။ ကျွန်တော် အခုလိုချင်တာဆိုလို့ အစွမ်းကုန် သမ္မာတရားကို လိုက်စားဖို့၊ ကိုယ့်တာဝန်ကို လုပ်ဖို့နဲ့ ဧဝံဂေလိတရား ဝေမျှဖို့ ဘုရားပေါ်တင်နေတဲ့ ကိုယ့်အကြွေးကို ပြန်ဆပ်ဖို့ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ပညာရှိသတို့သမီးတို့သာ သခင့်ကို ကြိုဆိုနိုင်ကြ၏

မင်ဂျီ တရုတ်နိုင်ငံ သခင်ယေရှုက သူ ပြန်ကြွလာမယ့်အချိန်မှာ လူနှစ်မျိုးရှိလိမ့်မယ်လို့ ပရောဖက်ပြုခဲ့တယ်၊ ပညာရှိတဲ့သတို့သမီးတွေနဲ့...

ကျမ်းစာကို ယုံကြည်ခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တူသလား

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...

စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာရာတွင် ကျွန်မ တွေ့ကြုံခဲ့ရသည့်အရာ

ဖလောရမ့်စ် အင်ဒိုနီးရှားနိုင်ငံ ကလေးဆိုတော့ ကိုယ့်မိဘတွေ သခင့်ကိုယုံကြည်ကြတဲ့အတိုင်းပဲ ကျွန်မ လိုက်ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။