ကျွန်ုပ် အိမ်က မိသားစုနဲ့ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ရှိနေရင် မကျေနပ်တာ တစ်ခုခုကြုံလာတဲ့အခါ ကျွန်ုပ် မကြာခဏစိတ်ဆိုးတယ်။ သွေးပူလာတတ်တယ်။ ဒီအတွက်နဲ့ တော်တော် နာကျင်ရတယ်။ လူတွေနဲ့ ဘယ်လို ပုံမှန်ဆက်ဆံသင့်သလဲ၊ လူ့သဘာဝအတိုင်း ဘယ်လို အသက်ရှင်နေထိုင်ရမလဲ။ ဒါကို သိချင်ပါတယ်။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတစ်ယောက်အနေဖြင့် အခြားလူများရှေ့မှာ စိတ်ဆိုးသည်ဖြစ်စေ၊ သူတို့နောက်ကွယ်မှာ စိတ်ဆိုးသည်ဖြစ်စေ လူတိုင်း၌ သူတို့စိတ်ဆိုးရခြင်းနှင့် ပတ်သက်၍ မတူညီသည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များရှိသည်။ သူတို့အနေဖြင့် သူတို့၏သိက္ခာကို တည်ဆောက်နေခြင်း ဖြစ်ချင်ဖြစ်မည်၊ သူတို့၏ပုံရိပ်ကို ထိန်းသိမ်းရင်း၊ သို့မဟုတ် မျက်နှာမပျက်အောင်နေရင်း သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်နေခြင်းလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ အချို့လူတို့က သူတို့၏ဒေါသကို ထိန်းချုပ်ကြပြီး အခြားလူတို့မှာမူ ကမူးရှူးထိုးပိုလုပ်တတ်ကာ စိုးစဉ်းမျှပင် မထိန်းချုပ်ဘဲ သူတို့ဆန္ဒရှိသည့် မည်သည့်အချိန်တွင်မဆို ထောင်းခနဲ ဒေါသူပုန်ထကြသည်။ အတိုချုပ်ပြောရလျှင် လူသား၏ဒေါသသည် သူ၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမှ ဆင်းသက်လာသည်။ ရည်ရွယ်ချက်က မည်သည့်အရာပင် ဖြစ်နေပါစေ ယင်းသည် ဇာတိနှင့်ဆိုင်ပြီး ဗီဇနှင့်ဆိုင်သည်။ လူသား၏ဗီဇနှင့် အနှစ်သာရများထဲမှ မည်သည့်အရာကမျှ သမ္မာတရားနှင့် ကိုက်ညီခြင်း မရှိသောကြောင့် သူ၏ဒေါသသည် တရားမျှတခြင်း၊ သို့မဟုတ် တရားမမျှတခြင်းတို့နှင့် ဘာမျှမသက်ဆိုင်ပေ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသစိတ်နှင့် ဘုရားသခင်၏ အမျက်ဒေါသကို တစ်တန်းတည်းထား၍ အတူတူမပြောဆိုသင့်ပေ။ ခြွင်းချက်မရှိဘဲ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကိုခံရသည့် လူသား၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးခြင်းကို ကာကွယ်လိုသည့်ဆန္ဒနှင့် စတင်ပြီး ဖောက်ပြန်ပျက်စီးမှု၌ ဧကန်အမှန် အခြေခံထားသည်။ ထို့ကြောင့် လူသား၏ဒေါသသည် သဘောတရားအရ မည်မျှပင်သင့်တော်သည့်ပုံ ပေါက်နေပါစေ လူသား၏ဒေါသကို ဘုရားသခင်၏ အမျက်ဒေါသနှင့် တစ်တန်းတည်းထားပြီး အတူတူပြော၍မရနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

လူတစ်ယောက်၌ ဂုဏ်ဒြပ်ရှိသွားသည်နှင့် ထိုသူသည် သူ၏စိတ်နေစိတ်ထားကို ထိန်းချုပ်ဖို့ရန် မကြာခဏပင် အခက်တွေ့လိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုကို ဖော်ပြပြီး သူ၏ခံစားချက်များကို ဖွင့်ချဖို့ရန် အခွင့်အရေးများကို ပျော်ပျော်ကြီးနှင့် အမိအရ သူဆုပ်ကိုင်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ပြရန်အပြင် သူ၏ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့နှင့် မတူကွဲပြားကြောင်း အခြားလူများ သိစေဖို့ရန်အတွက် သူသည် သိသာသည့် အကြောင်းပြချက်မရှိပါဘဲနှင့် မကြာခဏ ထောင်းခနဲ ဒေါသူပုန်ထပြလိမ့်မည်။ မှန်ပေ၏၊ ဂုဏ်ဒြပ်မရှိသော ဖောက်ပြန်ပျက်စီးသည့် လူတို့က မကြာခဏ ထိန်းမနိုင်သိမ်းမရဖြစ်ကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုကြောင့် သူတို့သည် မကြာခဏ ဒေါသထွက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် မိမိတို့၏ခံစားချက်များကို မကြာခဏဖွင့်ချပြီး မိမိတို့၏မာနထောင်လွှားသည့် သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ လူသားသည် အပြစ်တရား၏ ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်အလို့ငှာ ထောင်းခနဲ ဒေါသအိုးပေါက်ကွဲပြီး သူ၏ခံစားချက်များကို ဖွင့်ချလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏မကျေနပ်မှုကို ဖော်ပြသည့် နည်းလမ်းများဖြစ်သည်။ ၎င်းတို့သည် မစင်ကြယ်ခြင်းများ၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများ၊ လူသား၏ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်လျှံနေပြီး၊ အခြားမည်သည့်အရာထက်မဆို လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များ၊ ဆန္ဒများနှင့် ပြည့်လျှံနေသည်။ တရားမျှတမှုသည် ဆိုးသွမ်းမှုနှင့် ထိပ်တိုက်တွေ့သည့်အခါ၌ လူသားသည် တရားမျှတမှု၏ ဖြစ်တည်မှုကို ကာကွယ်ရန်သော်လည်းကောင်း၊ ထိန်းသိမ်းရန်သော်လည်းကောင်း ဒေါသူပုန်ထလိမ့်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် တရားမျှတခြင်း၏ စွမ်းအားတို့ ခြိမ်းခြောက်ခံရသည့်အခါ၊ ညှဉ်းဆဲခံရပြီး တိုက်ခိုက်ခံရသည့်အခါ လူသား၏သဘောထားသည် လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ဆိုးယုတ်မှု၏ စွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါ လူသား၏သဘောထားသည် ဖြည့်ဆည်းပေးခြင်း၊ မျက်နှာချိုသွေးခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်ဖွင့်ချခြင်းသည် ဆိုးယုတ်သည့် စွမ်းအားတို့အတွက် လွတ်လမ်းတစ်လမ်းဖြစ်ပြီး ဇာတိပကတိလူသားတို့၏ ထကြွသောင်းကျန်းနေပြီး တားဆီး၍မရသော ဆိုးယုတ်သည့်အပြုအမူဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဆိုလိုသည်မှာ လူတွေသည် ဘုရားသခင်ကို ယုံကြည်ပြီး ချစ်မြတ်နိုးမည်ဆိုလျှင် သူတို့သည် ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အပေါ်ယံပုံစံနှင့် ပြုမူဖို့ ကြိုးစားနေခြင်းထက် မိမိတို့နှလုံးသားအတွင်းထဲမှ စစ်မှန်သော ထိုးထွင်းဉာဏ်ကို ရှာဖွေသင့်သည်။ သင်က သီချင်းဆိုခြင်းနှင့် ကခြင်းကို စိတ်အားထက်သန်ပြီး အမှန်တရားကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် ဘုရားသခင်ကို ချစ်ပါသည်ဟု သင်ဆိုနိုင်ပါမည်လော။ ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံးထဲ၌ ဘုရားသခင်၏ အလိုတော်ကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ နက်နက်နဲနဲ စူးစမ်းခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားခြင်း၊ ဤကိစ္စ၌ ဘုရားသခင်၏ အလိုတော်က အဘယ်နည်းဆိုသည်ကို သိဖို့ကြိုးစားခြင်း၊ သူက သင့်ကို မည်သည့်အရာများ ရရှိစေချင်သည်နှင့် သူ၏အလိုတော်ကို သင်မည်ကဲ့သို့ သတိထားသင့်သည် စသည်တို့ကို သိဖို့ကြိုးစားခြင်းတို့ လိုအပ်သည်။ ဥပမာ- သင့်အနေဖြင့် အခက်အခဲကိုတောင့်ခံရမည့်အရာတစ်ခု ဖြစ်ပျက်လာပါက ထိုအချိန်တွင် ဘုရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်သည်နှင့် သူ၏အလိုတော်နှင့်ပတ်သက်၍ သင်မည်ကဲ့သို့ သတိရှိသင့်ပုံတို့ကို သင်နားလည်သင့်သည်။ သင့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေ၍ မရပေ။ ပထမဆုံး သင့်ကိုယ်သင် ဘေးဖယ်ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်စွမ်းရပါမည်။ ဤကဲ့သို့အတွေးများနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ ရှေးဦးစွာ သင့်ကိုယ်သင် ဘေးဖယ်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို အရာအားလုံးထဲတွင် အောက်တန်းအကျဆုံးအရာအနေနှင့် သတ်မှတ်ရမည်ဖြစ်သည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ၎င်းက ပိုပြီးလွတ်လွတ်လပ်လပ် ပြုမူလေဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီး ဖြစ်နေသည်နှင့်အမျှ၊ လူတို့သည် ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာကြလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် အလိုရမ္မက် သိပ်ကြီး၏။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ရုတ်တရက် စိတ်ဆိုးသည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ...။ ၎င်းကို ကျေနပ်အောင်ပြုပေးရန်၊ ၎င်း၏အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို မနာခံသည့်အထိ၊ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ၎င်း၏ဆန္ဒက ပိုပြီးကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် ပိုပြီးအကျင့်ပျက်လာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်များက ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏အားနည်းချက်များကို မည်သူမျှ မစာနာဟု သင်အမြဲတမ်း ခံစားရမည်၊ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး “ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်နိုင်ရသနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း” ဟု သင်ပြောလိမ့်မည်။ လူတို့အနေဖြင့် ဇာတိပကတိကို အလွန်အမင်းလိုက်လျောပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသောအခါ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကြသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ဇာတိပကတိကို မကျေနပ်စေဘူးဆိုလျှင် ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အလွန်မှန်ကန်ပြီး အလွန်ကောင်းမွန်လှသည်ကို သင်မြင်ရမည်ဖြစ်ပြီး၊ သင်၏ပုန်ကန်မှုအတွက် ဘုရားသခင်၏ ကျိန်ဆဲမှု၊ သင်၏မဖြောင့်မတ်မှုအတွက် တရားစီရင်မှုသည် တရားမျှတသည်ကို သင်မြင်ရမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆုံးမသည့်အချိန်၊ ပဲ့ပြင်သည့်အချိန်၊ သင့်ကိုအကြမ်းခံအောင် ပြုရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည့်အချိန်၊ သူ့ရှေ့လာစေဖို့အတွက် သင့်ကို တွန်းအားပေးသည့် အချိန်များ ရှိမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အံ့သြစရာကောင်းသည်ဟု သင်အမြဲတမ်း ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နာကျင်မှုသိပ်မရှိသလို သင်ခံစားရမည်ဖြစ်ပြီး ဘုရားသခင်သည် အလွန်ချစ်ခင်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်နေပြီး ဘုရားသခင်က သိပ်လွန်သွားသည်ဟုပြောလျှင် သင်သည် နာကျင်မှုကို အမြဲတမ်းခံစားရမည်၊ အမြဲတမ်း စိတ်ဖိစီးနေမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးနှင့်ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်က လူသား၏ အားနည်းချက်ကို မစာနာ၊ လူသား၏ အခက်အခဲများကို သတိမပြုသည့်အလား ထင်နေရမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် တရားမမျှတမှုကြီးကို ခံစားနေရသည့်အလား စိတ်ဆင်းရဲပြီး အထီးကျန်ဆန်နေလိမ့်မည်ဖြစ်ကာ သင်သည် ဤအချိန်၌ စပြီးမကျေမနပ် ပြောဆိုလာပါလိမ့်မည်။ သင်သည် ဤနည်းလမ်းနှင့် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်လေလေ၊ အခြေအနေက အလွန်ဆိုးလာပြီး သင့်အနေဖြင့် ဘုရားသခင်၏အမှုကို ငြင်းဆိုလာသည့်အထိ၊ ဘုရားသခင်ကို စတင်ဆန့်ကျင်လာသည့်အထိ၊ လုံးဝမနာခံတော့သည်အထိ ဘုရားသခင်က လွန်လွန်းသည်ဟု ခံစားရလေလေ ဖြစ်မည်ပင်။...သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် သင်၏တွန်းလှန်မှုကို သင်မည်ကဲ့သို့လုပ်ဆောင်သနည်း ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးနုတ်ခဲ့ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပေးခဲ့၏၊ သို့သော်လည်း အကယ်၍ သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့ကျင့်ကြံဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သော နှလုံးသားနှင့် သင်၏ကိုယ်ပိုင်ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင်ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိ၏ ဆန္ဒရိုင်းကို အမြဲဖြည့်ဆည်းပေးနေလျှင် စာတန်သည် သင့်ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မပါဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမပါဘဲ သူထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ သင်သည် စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်ကို ချစ်လိုလျှင် နာကျင်မှုဟူသည့် အဖိုးအခကို ၎င်းတို့ ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲကို တောင့်ခံရမည်ဖြစ်သည်။ စာများပိုဖတ်လျက်၊ အလုပ်ပိုရှုပ်လျက် ပြင်ပစိတ်အားထက်သန်မှုနှင့် အခက်အခဲများဖြစ်ဖို့ မလိုပေ။ ထိုအစား ၎င်းတို့အနေဖြင့် မိမိတို့အထဲ၌ရှိသည့်အရာများကို ဘေးဖယ်ထားသင့်သည်- လွန်ကဲသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ ၎င်းတို့၏ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုများ၊ အယူအဆများနှင့် ရည်ရွယ်ချက်များဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။