ဒီရက်ပိုင်းမှာ ကျွန်ုပ်နာမကျန်းဖြစ်လာတယ်၊ ဘုရားသခင်ကိုလည်းဆုတောင်းတယ်၊ ဒါပေမဲ့ ပြန်ကောင်းလာတာ မရှိဘူး။ ဒီအတွက်နဲ့ စိတ်ထဲမှာ ဝေဖန်ပြစ်တင်မိတယ်။ သခင့်ကို ပြစ်တင်တာတွေ မလုပ်ရမှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘူး။ ဒီတော့ နာမကျန်းမှု တစ်စုံတစ်ရာ ဖြစ်လာတဲ့ အခါမှာ ဘယ်လို တွေ့ကြုံသင့်သလဲ။ ကျေးဇူးပြု၍ ပြောပြပေးပါ။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဘယ်အရာက လူတို့ကို ဤအရာများအား ရရှိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ထိုအရာများ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ထိုအရာများသည် လူသားများအနေဖြင့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာ ဆုတ်ယုတ်လာခဲ့သည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်၊ ယင်းက ၎င်းတို့ကို စတင် ညှဉ်းဆဲခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ လူသားမျိုးနွယ်၏ အနာရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး၊ သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ တိုး၍ တိုး၍၊ လူတို့သည် လူ့လောက၏ အနှစ်သာရကင်းမဲ့ခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်းအပြင်၊ ဆက်လက်ရှင်သန်နိုင်စွမ်းမရှိခြင်းတို့ကို ခံစားခဲ့ကြရပြီး၊ သူတို့သည် ကမ္ဘာလောကအတွက် မျှော်လင့်ချက် ပို၍ပို၍လျော့နည်းစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကီ ဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အရေးပါမှု” မှ

ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ရှင်ဘုရင်တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်၏။ သူသည် စကြဝဠာနှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေ တစ်ခုလုံးပေါ်၌ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် အချိန်တိုင်းတွင် နီးကပ်နေရမည် ဖြစ်ပြီး၊ အခိုက်အတန့်တစ်ခုကိုမျှ လုံးဝ လက်မလွှတ်ဘဲနှင့် ငါတို့အတွက် အချိန်တိုင်း သင်ယူဖို့ သင်ခန်းစာများဖြင့်၊ သူ၏ရှေ့မှောက်သို့ ဆိတ်ငြိမ်လျက် ရောက်ရှိကြရမည် ဖြစ်သည်။ ငါတို့၏ ပတ်လည်၌ရှိသည့် ပတ်ဝန်းကျင်မှသည် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများအထိ၊ အားလုံးသည် သူ၏ ပလ္လင်တော်၏ ခွင့်ပြုချက်အားဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် မည်သည့် အကြောင်းကြောင့်မျှ မကျေနပ်ချက်များ မရှိစေနှင့်၊ သို့မဟုတ် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည် မဟုတ်။ နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အတွင်းတွင် သူ၏ ကြင်နာသော ရည်ရွယ်ချက်များ မုချ ရှိပေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။ ဖျားနာခြင်းအလယ်တွင် ဘုရားသခင်ကို ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း အလယ်တွင် ဘုရားသခင်၌ မွေ့လျော်လော့။ နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ကြိုးစားမြဲကြိုးစားကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းဖြင့် အလင်းပေးလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌‌‌‌ ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။

ငါတို့သည် ငါတို့အတွင်း၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်ကို ပိုင်ဆိုင်၏။ ငါတို့သည် ဘုရားသခင်၏ မျက်မှောက်၌ သိသိသာသာ ယုံကြည်ခြင်း ကင်းမဲ့ကြပေသည်- ဘုရားသခင်သည် ငါတို့၏အတွင်း၌ စစ်မှန်သော ယုံကြည်ခြင်းကို ထည့်ပေးမည်သာပင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဧကန်အမှန် ချိုမြိန်သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သောဆေးဝါး ဖြစ်ပေသည်တကား။ ယင်းက နတ်ဆိုးများ နှင့် စာတန်ကို အရှက်ရစေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သဘောပေါက်ခြင်းက ငါတို့ကို ထောက်ပံ့မှုပေး၏။ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို ကယ်တင်ဖို့ အလျင်အမြန် လုပ်ဆောင်လေသည်။ ယင်းက အရာအားလုံးကို ပပျောက်စေပြီး၊ အရာအားလုံးကို အေးချမ်းစေ၏။ ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို သူ၏အလင်းဖြင့် အလင်းပေးဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)

သင်အပေါ် မကျန်းမာဖြစ်သည့်အခါ၊ ယင်းကို သင် မည်သို့ တွေ့ကြုံသင့်သနည်း။ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရင်းနှင့် သဘောပေါက်ဖို့ရန် ကြိုးစားရင်း၊ ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းဖို့ သင်လာသင့်၏။ မည်သည့်အရာမျိုးကို ကျွန်ုပ် မှားယွင်း လုပ်ဆောင်ခဲ့သနည်း၊ သို့မဟုတ် ကျွန်ုပ်၏ စိတ်သဘောထားနှင့် ပတ်သက်၍ ကျွန်ုပ်အတွင်းတွင် မဖြေရှင်းရသေးသည့် မည်သည့်အရာများ ရှိသနည်း။ ဤအရာများကို ဒုက္ခဝေဒနာ ခံစားရခြင်းမရှိဘဲ ဖြေရှင်းမရနိုင်ပေ၊ လူတို့သည် အသောက်အစား အပျော်အပါး၌ မွေ့လျော်မှုကို ရပ်ပြီး ဘုရားသခင် ရှေ့မှောက် အမြဲရှိကြဖို့ရန်အလို့ငှာ ဒုက္ခခံစားရခြင်းမှတဆင့် စိတ်ချုပ်တည်းရမည်ဖြစ်သည်။ လူတို့ စိတ်ပျက်မှုကို ခံစားရသည့်အခါ၊ ၎င်းတို့ အမြဲဆုတောင်းကြပြီး၊ ၎င်းတို့၏ စိတ်န္ဒများ ပျောက်ကွယ်သွားကြသည်။ အစားအသောက်ကောင်း၊ အဝတ်အထည်ကောင်း၊ ကြည့်ဖို့နှင့် ကစားဖို့ ကောင်းသည့်အရာများ တစ်ခုကိုမျှ ၎င်းတို့ မလိုချင်ကြပေ။ တစ်ဦးတစ်ယောက်သည် အမှန်တကယ် စိတ်ပျက်သည့်အခါ၊ မည်သည့်အရာကို ၎င်းတို့ စားလိုသနည်း။ မည်သည့်အရာကိုမျှ ၎င်းတို့ မစားလိုပေ။ မည်သည့်အရာကို ဝတ်လိုကြပါသနည်း။ မည်သည့်အရာဝတ်ရမည်ကို သူတို့ လုံးဝ မစဉ်းစားကြ။ ထိုနေရာတွင် မလှုပ်ရှားဘဲ လဲလျောင်းဖို့ကလွဲ၍ မည်သည့်အရာကိုမျှ ၎င်းတို့ မလိုချင်ပေ။ သို့သော် ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ ယခုတစ်လော အမှား တစ်ခုခုကို လုပ်ဆောင်မိသည်၊ မလုပ်ဆောင်မိသည်ကို သုံးသပ်ဆင်ခြင်လျက် ၎င်းတို့ ဆုတောင်းရမည်။ သို့သော် လူအများစုအတွက်၊ ကြီးမားသည့် မကျန်းမာမှု သို့မဟုတ် ဆိုးယုတ်သည့် အနာရောဂါတစ်ခုကို ၎င်းတို့ ခံစားရသည့်အခါ၊ ကြီးမားသည့် နာကျင်မှု သို့မဟုတ် အန္တရာယ်ကို ၎င်းတို့ ကြံ့ကြံ့ခံသည့်အချိန်တွင်၊ ဤအရာသည် အကြောင်းတိုက်ဆိုင်မှုကြောင့် ဖြစ်သည် မဟုတ်ပေ။ သင် နာမကျန်းဖြစ်သည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ထိုအရာအားလုံး၏ နောက်ကွယ်တွင် ဘုရားသခင်၏ အလိုတော် ရှိ၏။ သာမန်အားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့်အခါ၊ အရာရာ အဆင်ပြေသည်ဟု သင် ခံစားရသည်။ သင် ကျန်းမာနေသည့်အချိန်တွင်၊ ဘုရားသခင်ကို သင် ရှာဖွေနိုင်သော်လည်း၊ အခက်အခဲ ဆိုက်ခြင်းတွင် သင် မရှာဖွေနိုင်သကဲ့သို့ မည်သည့် ရှာဖွေရမည်ကို သင် မသိပေ။ သင်သည် ယင်းကို အလျင်အမြန် ကျော်လွှားနိုင်ဖို့အလို့ငှာ မည်သို့ ကုသပျောက်ကင်းနိုင်သည်ကိုသာ တွေးတောရင်း၊ နာမကျန်းမှုအလယ်တွင် အသက်ရှင်ရုံမျှ ရှင်လေသည်။ ထိုသို့သော အချိန်များတွင် နာမကျန်းမှု မရှိသူများကို သင် မနာလိုဖြစ်ပြီး၊ ဤနာမကျန်းဖြစ်ခြင်းကို တတ်နိုင်သမျှ မြန်မြန် သင် လွတ်မြောက်ရန် ဆန္ဒရှိလေသည်- ဤသည်မှာ အပျက်သဘောဆောင်ပြီး ရန်မူလိုသော စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံ၊ လူတို့က မိမိတို့ကိုယ်ကိုယ်၊ “ဤနာမကျန်းဖြစ်ခြင်းသည် ငါ၏ ကိုယ်ပိုင် မိုက်မဲမှုအားဖြင့် ဖြစ်ခဲ့သည် မဟုတ်ပါလား၊ သို့မဟုတ် ထိုအရာနောက်ကွယ်တွင် ဘုရားသခင်၏ အလိုတော် ရှိပါသလား” ဟု တွေးကြသည်။ အချို့သော နာမကျန်းဖြစ်ခြင်းများသည် သင်အအေးမိသည့် အချိန်ကဲ့သို့ သို့မဟုတ် လွန်ကဲသော အတွင်းအပူရှိန်မှ ခံစားရချိန် သို့မဟုတ် သင် တုပ်ကွေးရှိသည့်အချိန်ကဲ့သို့ ပုံမှန်ဖြစ်သည်။ သို့သော် ပြင်းထန်သည့် နာမကျန်းမှုတစ်ခုတစ်လေနှင့်ပတ်သက်၍- သင်သည် ရောဂါဖြင့် ဆုံးပါးသွားသည့်အချိန်၊ ပြီးလျှင် ရုတ်တရက် ဘဝက မခံမရပ်နိုင် ဖြစ်လာချိန်- ထိုခံစားရခြင်းမျိုး သို့မဟုတ် နာမကျန်းမှုမျိုးသည် မတော်တဆ မဖြစ်ပေ။ နာမကျန်းမှု သို့မဟုန် နာကျင်မှုဝေဒနာ၏ အစတွင်၊ သင်သည် ဘုရားသခင်ကို ဆုတောင်းကာ ရှာဖွေပါသလော။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေးရုံမျှပေးပါသလော။ ဤသည်မှာ သူ အမှုပြုသည့် တစ်ခုတည်းသော နည်းလမ်း မဟုတ်ပေ။ လူတို့ကို ဘုရားသခင်က မည်သို့ စမ်းသပ်သနည်း။ ယင်းသည် ၎င်းတို့အား နာကျင်မှု ခံစားစေခြင်းမှတစ်ဆင့် မဟုတ်လော။ စမ်းသပ်မှုများ ရှိသည့်နေရာတွင် နာကျင်မှု ရှိသည်- လူတို့သည် အဘယ်သို့ စမ်းသပ်မှုများမရှိဘဲနှင့် ဆင်းရဲဒုက္ခခံစားရမည်နည်း။ ဆင်းရဲဒုက္ခမရှိဘဲနှင့် လူတို့သည် အဘယ်သို့ ပြောင်းလဲနိုင်မည်နည်း။ စမ်းသပ်မှုများကို နာကျင်မှုက အဖော်ပြုသည့်အခါ၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် လူတို့အား နာကျင်မှု ပေးသည်၊ သို့မဟုတ်ပါက၊ ၎င်းတို့သည် ကောင်ကင်ဘုံ၏ အမြင်များ သို့မဟုတ် မြေကြီး၏ အနက်များကို သိကြမည် မဟုတ်သကဲ့သို့၊ ၎င်းတို့ မိုက်ရိုင်းလာကြပေမည်။ အချို့သော ကိစ္စရပ်များတွင်၊ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းအပေါ် မှီခိုခြင်းမျှသည် ပြဿနာကို ဖြေရှင်းလိမ့်မည်မဟုတ်ပေ။ အခြားသော လူတို့သည် သင်၏ ပြဿနာများကို သင့်ထံ ထောက်ပြကြပြီး၊ သင်ကိုယ်တိုင်က ယင်းကို သိသော်လည်း၊ မပြောင်းလဲနိုင်ပေ။ မိမိကိုယ်ကိုယ် ချုပ်တည်းခြင်းကို ကျင့်သုံးရန် သင်၏ စိတ်စွမ်းအားအပေါ် သင် မည်သို့ မှီခိုသည်ဖြစ်စေ၊ သင့်ကိုယ်သင် မျက်နှာကို ရိုက်ကာ မိမိဘာသာ ခေါင်းကို ခေါက်သည်အထိပင် လုပ်ဆောင်ကောင်း လုပ်ဆောင်မည်ဖြစ်စေ၊ သင်၏ သဘာဝက သင့်အတွင်းတွင် တည်ရှိသည့်အတွက်၊ ယင်းသည် ပြဿနာကို မဖြေရှင်းသေးပေ။ ဤအရာသည် အသက်ရှင်လျက်ရှိ၏၊ ယင်းသည် လူသား၏ ရှင်သန်နေသော အတွေးများကဲ့သို့ဖြစ်ပြီး၊ အချိန်မရွေး ထွက်ပေါ်နိုင်သည်။ ထို့ကြောင့် ဖြေရှင်းမရနိုင်ပါက သင် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ လူတို့သည် အချို့သော မကျန်းမာမှုဖြင့် စစ်ဆေးခံရမည်ဖြစ်ပြီး ၎င်းတို့ စစ်ဆေးခံရသည့်အခါတွင်၊ ညှဉ်းဆဲမှုကို မခံနိုင်ဖြစ်ကာ စတင် ဆုတောင်းပြီး ရှာဖွေသောသူများ ရှိလေသည်။ သင် နာမကျန်းမဖြစ်မီ၊ သင်သည် အကျင့်ပျက်ကာ မိုက်ရိုင်းသော်လည်း၊ နာမကျန်းမှုက သင့်ကို လိမ္မာစေသည်။ သင်သည် မိုက်ရိုင်းနေနိုင်ဦးမည်လော။ သင်၏ စကားလုံးတိုင်းက အားနည်းသည့်အခါ၊ လူတို့ကို သင် ဟောပြောပို့ချဦးမည်လော၊ သင် မာနထောင်လွှားနိုင်ဦးမည်လော။ ထိုသို့သော အချိန်များတွင်၊ သင်သည် မည်သည့်အရာအတွက်မျှ မတောင်းပေ၊ နာကျင်မှု အဆုံးသတ်ရန်အတွက်သာ သင် တောင်းလျှောက်ပြီး၊ မည်သည့်အရာ စားရမည်၊ မည်သည့်အရာ ဝတ်ရမည်၊ မည်သည့်အရာ မွေ့လျော်ရမည်ဆိုသည်တို့ကို သင် မတွေးတောပေ။ သင်တို့အများစုသည် ထိုသို့သော ခံစားချက်တစ်ခုကို မတွေ့ကြုံရသေးပေ။ သင်တို့ တွေ့ကြုံရသည့်အခါ၊ သင်တို့ နားလည်လိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။