ကျွန်ုပ်အခုအိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ်ရောက်လာပြီ။ သူငယ်ချင်းတွေက မြင့်တဲ့၊ ချမ်းသာတဲ့၊ ချောတဲ့ ဒါမှမဟုတ် ဖြူတဲ့၊ ချမ်းသာတဲ့၊ လှတဲ့သူတွေကို ပစ်မှတ်ထားပြီး ရှာကြတယ်၊ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ အချစ်မဟုတ်ဘူး။ အဲ့ဒီအစား နှစ်ဦးနှစ်ဖက်ကိုလည်း အလွန်ထိခိုက်နာကျင်စေတယ်။ ခရစ်ယာန်တစ်ယောက်အနေနဲ့ အချစ်နဲ့ လက်ထပ်ခြင်းကို ဘယ်လို သဘောထားသင့်သလဲဆိုတာကို ကျွန်ုပ်သိချင်ပါတယ်။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ဘဝတွင် အရေးကြီးသည့် ဆုံမှတ်တစ်ခု ဖြစ်ပါသည်။ ယင်းသည် လူတစ်ယောက် ကံကြမ္မာ၏ ရလဒ်ဖြစ်ပြီး တစ်ဦးတစ်ယောက်၏ ကံကြမ္မာထဲက အလွန်အရေးကြီးသည့် အချိတ်အဆက် တစ်ခု ဖြစ်သည်။ ယင်းကို မည်သူမဆို၏ တစ်ဦးချင်း စိတ်ဆန္ဒ သို့မဟုတ် ကြိုက်နှစ်သက်မှုနှင့်မျှ တည်ဆောက်ထားခြင်းမဟုတ်သကဲ့သို့ မည်သည့် ပြင်ပအချက်အလက်မဆို၏ လွှမ်းမိုးမှု မခံရဘဲ၊ နှစ်ဦးနှစ်ဖက်၏ ကံကြမ္မာအားဖြင့်၊ စုံတွဲ၏ ကံကြမ္မာနှင့်ပတ်သက်ပြီး ဖန်ဆင်းရှင်၏ စီစဉ်မှုနှင့် ကြိုတင်သတ်မှတ်မှုအားဖြင့် လုံးဝ သတ်မှတ်ပါသည်။ အပေါ်ယံအားဖြင့်၊ အိမ်ထောင်ပြုခြင်း၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ဆက်လက်ဖြစ်ပေါ်စေဖို့ ဖြစ်သော်လည်း အမှန်မှာမူ အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ တာဝန်ကို ပြည့်စုံစေခြင်း ဖြစ်စဉ်တွင် ကြုံရမည့် ဓလေ့တစ်ခု သက်သက်သာဖြစ်သည်။ အိမ်ထောင်တွင်၊ လူတို့သည် နောက်မျိုးဆက်ကို မွေးခြင်း အခန်းကဏ္ဍသက်သက်ကို မဆောင်ရွက်ကြပေ။ ၄င်းတို့က အိမ်ထောင်တစ်ခုကို ထိန်းသိမ်းရာတွင် ပါဝင်သည့် အခန်းကဏ္ဍမျိုးစုံနှင့် ပြည့်စုံစေရန် လိုအပ်သည့် အခန်းကဏ္ဍများဖြစ်သော တာဝန်များကို ခံယူကြလေသည်။ လူတစ်ယောက်၏ မွေးဖွားမှုက လူများ၊ ဖြစ်ရပ်များနှင့် သူ့ပတ်ဝန်းကျင်က အမှုအရာများ ကြုံရသည့် ပြောင်းလဲမှုများအပေါ် လွှမ်းမိုးမှုရှိသည့်အတွက် သူ၏ အိမ်ထောင်ပြုခြင်းကလည်း ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မလွှဲမရှောင်သာ သက်ရောက်မည်ဖြစ်သည့်အပြင် ဤအရာများအားလုံးကို နည်းအမျိုးမျိုးဖြင့် ပြောင်းလဲပေးလိမ့်မည်ဖြစ်သည်။

လူတစ်ယောက်သည် အမှီအခိုကင်းလာသည့်အခါ၊ သူ၏ အိမ်ထောင်နှင့် ဆက်စပ်နေသည့် လူများ၊ အဖြစ်အပျက်များ၊ အကြောင်းအရာများဆီကို တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာစေသည့် သူ၏ကိုယ်ပိုင် ဘဝခရီးကို အစပြုလေသည်။ တစ်ချိန်တည်းတွင် ထိုအိမ်ထောင်ထဲတွင် တစ်ခြားလူက အလားတူ လူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများဆီကို တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လျက် ရှိပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာအောက်တွင်၊ ဆက်စပ်နေသည့် ကံကြမ္မာနှင့် အတူ ဆက်နွှယ်မှုမရှိသည့် လူနှစ်ယောက်သည် အိမ်ထောင် တစ်ခုထဲသို့ တဖြည်းဖြည်းဝင်ရောက်လာပြီး ဆန်းကြယ်စွာနှင့် မိသားစုတစ်စု ဖြစ်လာလေသည်- “ကျိုင်းကောင်နှစ်ကောင် ကြိုးတစ်ချောင်းတည်းမှာ တွယ်ကပ်နေကြသည်။” ထို့ကြောင့် တစ်ဦးတစ်ယောက်က အိမ်ထောင်တစ်ခုထဲသို့ ဝင်ရောက်သည့်အခါ သူ၏ဘဝခရီးက သူ့လက်တွဲဖော်အပေါ်မှာ လွှမ်းမိုးမှုရှိပြီး သက်ရောက်မှု ရှိပါလိမ့်မည်။ အလားတူ၊ လူတစ်ယောက် အဖော်၏ ဘဝခရီးကလည်း တစ်ယောက်၏ ဘဝကံကြမ္မာကို လွှမ်းမိုးမှုနှင့် သက်ရောက်မှု ရှိပါလိမ့်မည်။ တစ်နည်းပြောရလျှင် လူသား ကံကြမ္မာများသည် ဆက်စပ်နေကြလေသည်။ မည်သူကမျှ အခြားသူထံ လုံးဝအမှီအခိုကင်းခြင်းဖြင့် မိမိ၏ ဘဝတာဝန်များကို ပြီးဆုံးအောင် မပြုလုပ်နိုင်ပါ သို့မဟုတ် သူ့အခန်းကဏ္ဍကို မဆောင်ရွက်နိုင်ပါ။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဆက်ဆံရေးများနှင့်ဆိုင်သော ကြီးမားသည့် ကွင်းဆက်တစ်ခု အပေါ်မှာ ဆက်နွယ်မှုရှိပေသည်။ အရွယ်ရောက် ကြီးပြင်းခြင်း ကလည်း ဆက်ဆံရေးများ၏ ရှုပ်ထွေးသည့် ကွင်းဆက်တစ်ခု ပါဝင်သည်။ အလားတူပင်၊ အိမ်ထောင်ပြုခြင်းတစ်ခုသည်လည်း အဖွဲ့ဝင်တိုင်းပါဝင်ပြီး ယင်း၏ အစိတ်အပိုင်းဖြစ်သည့် လူတိုင်း၏ ကံကြမ္မာကို လွှမ်းမိုးမှုရှိနေရင်း လူသားဆက်နွယ်မှု၏ ကျယ်ပြန့်ပြီး ရှုပ်ထွေးသည့် ကွန်ယက်ထဲမှာ မလွှဲမရှောင်သာ ဖြစ်တည်ပြီး ဆက်လက် တည်ရှိလေသည်။ အိမ်ထောင်တစ်ခုသည် နှစ်ဦးနှစ်ဖက် မိသားစုများ၊ သူတို့ကြီးပြင်းလာသည့် အခြေအနေများ၊ သူတို့၏ အသွင်အပြင်များ၊ အသက်အရွယ်များ၊ အရည်အချင်းများ၊ ပါရမီများ၊ သို့မဟုတ် တစ်ခြား မည်သည့် အချက်အလက်မဆို၏ ရလဒ်မဟုတ်ပေ၊ ယင်းထက် ဝေမျှပြီးယူထားသည့် တာဝန်နှင့် ဆက်စပ်နေသည့် ကံကြမ္မာတစ်ခုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်က စီစဉ်ညွှန်ကြားပြီး စီမံခဲ့သည့် လူသားကံကြမ္မာ၏ ရလဒ်ဖြစ်သည့် အိမ်ထောင်ပြုခြင်း၏ မူလဇာစ်မြစ် ဖြစ်ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

အိမ်ထောင်ပြုခြင်းသည် လူတိုင်းဘဝ၏ အဓိက ဖြစ်ရပ်တစ်ခု ဖြစ်သည်။ တာဝန်ဝတ္တရား အမျိုးမျိုးတို့ကို အမှန်တကယ် တာဝန်ယူရန် စတင်သည့် အချိန်၊ တာဝန်အမျိုးမျိုးကို ပြီးမြောက်စေဖို့ တဖြည်းဖြည်း စတင်သည့်အချိန် ဖြစ်သည်။ လူတိုင်းက သူတို့ကိုယ်တိုင် မကြုံရခင်မှာ အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ အတွေးမှားများစွာ သိုထားတတ်ကြလေသကဲ့သို့ ဤအတွေးမှားများ အားလုံးသည် အတော်အတန် နှစ်လိုဖွယ်ဖြစ်သည်။ အမျိုးသမီးများက သူတို့၏ အမျိုးသားများသည် ၎င်းတို့၏ စိတ်ကူးအားလုံးကို ဖြည့်ဆည်းပေးမည့် မင်းသားလေးဖြစ်မည်ဟု စိတ်ကူးကြပြီး အမျိုးသားများက သူတို့သည် စနှိုးဝှိုက်ကို လက်ထပ်ကြမည်ဟု စိတ်ကူးကြသည်။ ဤစိတ်ကူးယဉ်မှုက အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး လူတိုင်းတွင် အချို့သော သတ်မှတ်ချက်များ၊ သူတို့ကိုယ်ပိုင် တောင်းဆိုချက်များနှင့် စံနှုန်းများရှိသည်ကို ပြပေသည်။ ဤဆိုးယုတ်သည့် ခေတ်ကာလတွင် လူတို့သည် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး လိုရာဆွဲ၍ မမှန်မကန်ပြောသည့် သတင်းစကားများ တရစပ်ကြားနေရပြီး ယင်းက နောက်ထပ်ပိုများသည့် သတ်မှတ်ချက်များကို ဖန်တီးပြီး ဝန်ထုပ်ဝန်ပိုးမျိုးစုံနှင့် တစ်မူထူးသည့် စိတ်သဘောထားများကို လူတို့အား ပေးနေသော်လည်း အိမ်ထောင်ပြုခြင်းကို အတွေ့အကြုံရှိသည့်လူ မည်သူမဆိုက လူတစ်ယောက်သည် အိမ်ထောင်ပြုခြင်းကို မည်မျှ နားလည်ပါစေ၊ ထိုအရာအပေါ် မည်သို့ သဘောထားပါစေ၊ အိမ်ထောင်ပြုခြင်းက လူတစ်ယောက်၏ ရွေးချယ်မှုနှင့်ဆိုင်သည့် ကိစ္စမဟုတ်သည်ကို သိကြလေသည်။

လူတစ်ယောက်သည် မိမိဘဝတွင် လူများစွာကို ကြုံရ၏၊ သို့သော်လည်း မိမိ၏အိမ်ထောင်ဖက်က မည်သူဖြစ်မည်ဆိုတာကို အဘယ်သူမျှ မသိပေ။ လူတိုင်းက အိမ်ထောင်ပြုခြင်း အကြောင်းအရာအပေါ် သူတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် ကိုယ်ပိုင် ရပ်တည်ချက်များ ရှိကြသော်လည်း သူတို့၏ စစ်မှန်သည့် အဖော်က နောက်ဆုံး မည်သူဖြစ်မည်ကို မည်သူမျှ ကြိုမမြင်နိုင်သကဲ့သို့ ကိစ္စရပ်အပေါ် လူတစ်ယောက်၏ ကိုယ်ပိုင်အယူအဆက အနည်းငယ်သာ အရေးပါလေသည်။ သင်ကြိုက်နှစ်သက်သည့် လူတစ်ယောက်ကို တွေ့ဆုံပြီးနောက် ထိုသူကို လိုက်နိုင်သည်။ သို့သော်လည်း သူက သင့်ကို စိတ်ဝင်စားသလော၊ သူသည် သင့်အဖော် ဖြစ်နိုင် မဖြစ်နိုင်ဆိုသည်မှာ သင်ဆုံးဖြတ်ဖို့ မဟုတ်ပေ။ သင် ချစ်ခင်သည့်အရာက သင့်ဘဝကို သူနှင့်အတူ ဝေမျှနိုင်မည့်လူ မဟုတ်ပေ။ ထိုစဉ်တွင် သင်လုံးဝ မျှော်လင့်မထားသည့် သူတစ်ယောက်က သင့်ဘဝထဲ တိတ်တဆိတ် ဝင်ရောက်လာပြီး သင့်လက်တွဲဖော်၊ သင့်ကံကြမ္မာအတွက် အရေးကြီးဆုံးအချက်၊ သင့်ကံကြမ္မာက ခွဲခြားလို့မရအောင် ချည်နှောင်ထားသည့် သင့်လက်တွဲဖော် ဖြစ်လာသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အိမ်ထောင်ပြုခြင်း သန်းပေါင်းများစွာရှိသော်လည်း အယောက် စီတိုင်းက ကွဲပြားလေသည်။ ကျေနပ်ဖွယ်မရှိသော အိမ်ထောင်ရေး များစွာ ရှိသည်၊ ပျော်ရွှင်သော အိမ်ထောင်ရေး များစွာရှိသည်၊ များစွာမှာ အရှေ့နှင့်အနောက် ကူးပြီး များလှစွာသော အိမ်ထောင်များမှာ တောင်နှင့်မြောက် ကူးလေသည်။ များလှစွာသော အိမ်ထောင်များက ပြည့်စုံကာ လိုက်ဖက်ညီကြသည်၊ များလှစွာသော အိမ်ထောင်များက လူမှုရေး အဆင့်အတန်းတူကြသည်၊ များလှစွာသော အိမ်ထောင်များက ပျော်ရွှင်ပြီး သဟဇတဖြစ်ကြ၏၊ များလှစွာသော အိမ်ထောင်များက နာကျင်စရာဖြစ်ပြီး ဝမ်းနည်းဖွယ် ဖြစ်သည်။ များလှစွာသော အိမ်ထောင်များက အခြားသူများ၏ အားကျမှုကို ဖြစ်စေ၏၊ များလှစွာသော အိမ်ထောင်များမှာ နားလည်မှုလွဲခံရကာ သဘောကျနှစ်သက်မှု မခံရပေ။ များလှစွာသော အိမ်ထောင်များက ဝမ်းမြောက်မှုဖြင့်ပြည့်သည်၊ များလှစွာသော အိမ်ထောင်များမှာ မျက်ရည်များ ပြည့်လျှံပြီး စိတ်ပျက်ခြင်းကို ယူဆောင်လာလေသည်... ဤများပြားလှသည့် အိမ်ထောင်များတွင် လူသားတို့သည် အိမ်ထောင်ပြုခြင်းတွင် သစ္စာရှိမှု၊ တစ်သက်လုံး ဆက်ကပ်အပ်နှံခြင်း သို့မဟုတ် အချစ်၊ တွယ်တာမှု၊ ခွဲခြားမရနိုင်မှု၊ သို့မဟုတ် ကြိတ်မှိတ်သည်းခံခြင်းနှင့် နားမလည်ခြင်းများ၊ သို့မဟုတ် သစ္စာဖောက်ခြင်းတို့နှင့် မုန်းခြင်း ကိုပင် ဖွင့်ပြကြသည်။ အိမ်ထောင်ပြုခြင်းက ပျော်ရွှင်ခြင်း သို့မဟုတ် နာကျင်ခြင်းကို သယ်ဆောင် လာသည်ဖြစ်စေ၊ အိမ်ထောင်ပြုခြင်း၌ လူတိုင်း၏ တာဝန်ကို ဖန်ဆင်းရှင်က ကြိုတင်ခွဲခန့်ထားပြီးဖြစ်ပြီး ပြောင်းလဲမည်မဟုတ်ပေ။ ဤတာဝန်သည် လူတိုင်း ပြည့်စုံစေရမည့် အရာတစ်ခု ဖြစ်သည်။ အိမ်ထောင်တိုင်း၏ နောက်ကွယ်တွင် တည်ရှိနေသည့် လူတစ်ဦးချင်း၏ ကံကြမ္မာက မပြောင်းလဲပေ၊ ဖန်ဆင်းရှင်သည် ကြာမြင့်စွာကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

အသက်တာ၏ ကြီးစွာသော အရေးကိစ္စများသည် အိမ်ထောင်ရေး၊ အလုပ်၊ သင်၏အနာဂတ်ရှေ့ရေးများ၊ အခြေချခြင်းနှင့် ငြိမ်းချမ်းစွာ ရှင်သန်ခြင်း၊ ပြီးလျှင် လူ့အဖွဲ့အစည်းတွင် သင်၏နေရာကို ရှာဖွေဖို့ အလုအယက်ကြိုးပမ်းခြင်းတို့မျှသာ မဟုတ်ပေ။ ဤသည်တို့မှာ အရေးအကြီးဆုံးသော အရာများ မဟုတ်ပေ။ အရေးအကြီးဆုံးသော အရာများသည် အဘယ်နည်း။ ယခုအခါ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သင်တို့၏တာဝန်ကို ထမ်းဆောင်နေသောကြောင့်၊ သင်တို့၏ အသက်တာများသည် မှန်ကန်သည့် လမ်းကြောင်းတွင် စတင်နေပြီးဖြစ်သည်။ နောက်ထပ် အရေးကြီးသည့်အရာမှာ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် ခိုင်မြဲသော ခြေကုပ်ရှာတွေ့ဖို့၊ သင့်အသက်တာ၏ ရည်မှန်းချက်ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို သေချာစေဖို့၊ သင်၏စိတ်နှလုံးထဲတွင် သမ္မာတရားကို အခြေခံအုတ်မြစ်များ ချမှတ်ခွင့် ပြုဖို့တို့ဖြစ်သည်- ဤနည်းဖြင့် သင်သည် ဘုရားသခင်က ရွေးချယ်ခြင်းနှင့် ကြိုတင်ပြဌာန်းခြင်းတို့ကို အမှန်တကယ် ခံရသည့်သူ တစ်စုံတစ်ဦး ဖြစ်လိမ့်မည်။ ယခု သင်တို့၏ အခြေခံအုတ်မြစ်များသည် မတည်ငြိမ်သေးပေ။ မုန်တိုင်းကို မဆိုထားနှင့်- လေပြည်က သင်တို့ကို အချိန်မရွေး ကိုင်လှုပ်နိုင်သည်။ ဤသည်က သင်သည် အခြေခံအုတ်မြစ်များ မချရသေးသည်ကို ပြပြီး ဤသည်မှာ တကယ်တမ်းတွင် အလွန်ပင် အန္တရာယ်များလေသည်။ သင်ရှာဖွေသည့်အရာတွင် သင်၏အသက်တာ ရည်မှန်းချက်ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို တည်ထောင်ပြီး ဤအသက်တာတွင် သင်လျှောက်မည့် လမ်းကြောင်းကို တည်ထောင်လော့။ သင်၏ ရည်မှန်းချက်ပန်းတိုင်နှင့် သင့်အသက်တာရှိ အရေးအကြီးဆုံးသော အရာကို တည်ထောင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ထိုရည်မှန်းချက်ပန်းတိုင်နှင့် ထိုအရေးကြီးသည့် အရေးကိစ္စအတွက် နှစ်များတစ်လျှောက် အခြေချလော့။ အလုပ်ကြိုးစားလော့၊ သင့်ကိုယ်သင် အသုံးခံလော့၊ ကြိုးပမ်းအားထုတ်မှု သုံးပြီး၊ ယင်းတို့အတွက် အဖိုးအခပေးလော့။ လောလောဆယ် အခြားမည်သည့်အရာကိုမျှ စိတ်မပူနှင့်။ ထိုအခြားအရာများအကြောင်း သင်ဆက်လက် တွေးတောပါက၊ လက်ရှိ အရေးကိစ္စသည် နှောင့်နှေး သွားလိမ့်မည်။ သင့်စိတ်ထဲတွင် အလုပ်ရှာခြင်း၊ ငွေများစွာရှာခြင်း၊ ချမ်းသာကြွယ်ဝလာခြင်း၊ လူ့အဖွဲ့အစည်းတွင် ခိုင်မာသော ခြေကုပ်တစ်ခုရရှိခြင်းနှင့် သင့်ကိုယ်သင်အတွက် ရာထူးတစ်ခုရှာဖွေခြင်းတို့ ရှိလိမ့်မည်။ သင်သည် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍လည်း တွေးလိမ့်မည် ဖြစ်ပြီး၊ အနာဂတ်တွင် ကျွမ်းကျင်မှုများနှင့် အရည်အချင်းများ ဆည်းပူးရရှိခြင်းနှင့် ထင်ရှားသောလူတစ်ဦးဖြစ်ဖို့ နည်းလမ်းတို့ကို သင်တွေးလိမ့်မည်။ ပြီးလျှင် သင်သည် မိသားစုတစ်စုကို ထောက်မပြီး ကျွေးမွေးပြုစုလိုလိမ့်မည် ဖြစ်သကဲ့သို့၊ သင်၏မိဘများကို ကောင်းမွန်သော ဘဝတစ်ခု ပေးလိုသည်။ ယင်းတို့အားလုံးသည် မပင်ပန်းသလော။ သင်၏နှလုံးသည် မည်မျှကြီးသနည်း။ သက်တမ်း တစ်ခုတွင် တစ်စုံတစ်ဦးသည် အင်အားမည်မျှ ရှိသနည်း။ လူတစ်ယောက်၏ အသက်တာ၏ အရွှင်မြူးဆုံးနှင့် အရိုးရှင်းဆုံးကာလသည်- လူတစ်ယောက်၏ အသက်တာ၏ အကောင်းဆုံးကာလ- နှစ်ဆယ်တွင် စတင်ပြီး နောက်အကျဆုံးအနေဖြင့် အသက် လေးဆယ်တွင် ပြီးဆုံးသည်။ ဤအချိန်ကာလအတွင်းတွင်၊ သင်တို့သည် ဘုရားသခင်ကို မည်သည့်အခြေအနေတွင်မျှ မငြင်းပယ်ဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ဖို့ နားလည်သင့်သည့် သမ္မာတရားများကို ဖမ်းဆုပ်ရယူရမည်၊ ထို့နောက်တွင် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရမည် ဖြစ်ကာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရမည် ဖြစ်ပြီး၊ သူ၏ စမ်းသပ်မှုနှင့် စစ်ဆေးခြင်းတို့ကို လက်ခံရမည်။ ဤသည်မှာ အခြေခံအကျဆုံးဖြစ်သည်။ ဤအရာမှလွဲ၍ အိမ်ထောင်ရေး သို့မဟုတ် ကြည်နူးဖွယ်ရာ ချစ်ခြင်းဖြင့် သင့်ကို မည်သူက စုံစမ်းသွေးဆောင်ဖို့ သို့မဟုတ် ဖြားယောင်းသွေးဆောင်ဖို့ ကြိုးစားပါစေ၊ သင့်ကို ၎င်းတို့က မည်မျှ ကျော်ကြားမှု သို့မဟုတ် ဂုဏ်ဒြပ်ကို ပေးသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့က သင့်ကို မည်မျှ အကျိုးဖြစ်ထွန်းစေနိုင်သည်ဖြစ်စေ၊ သင်သည် သင်၏တာဝန်များကို မစွန့်လွှတ်သကဲ့သို့၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦးက လုပ်ဆောင်သင့်သည့် အရာများကိုလည်း စွန့်လွှတ်မည် မဟုတ်ပေ။ အနာဂတ် တစ်ချိန်ချိန်တွင် ဘုရားသခင်က သင့်ကို မလိုချင်ပါက၊ သင်သည် သမ္မာတရားကို အားထုတ်နိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို လျှောက်နိုင်ဆဲ ဖြစ်လိမ့်မည်။ ဤအရာနှင့်ပတ်သက်၍ သင် ကြိုးစားလုပ်ဆောင်ရမည်။ သင်ကြိုးစားလုပ်ဆောင်ပါက၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံခဲ့သည့် ဤနှစ်များသည် အချည်းနှီး ရှင်သန်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။