ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်ကြားပြီ

03.08.2022

မက်ချူး ပြင်သစ်နိုင်ငံ

လွန်ခဲ့သည့် နှစ်နှစ်ကျော်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်တော်လက်ခံခဲ့သည်။ ရိုးရိုးသားသားပြောရလျှင်၊ ဘာသာရေး အသိုင်းအဝိုင်းအတွင်း ယုံကြည်သူအနေဖြင့် ကုန်ဆုံးခဲ့သည့် ဆယ်နှစ်ဝန်းကျင်ထက် ကျွန်တော် ပိုအကျိုးရခဲ့သည်။ ကျွန်တော် ယုံလေ့ရှိသည့်အတိုင်း မရေရာသည့် စိတ်ကူးထဲက ဘုရားကို ယုံကြည်ခြင်း မဟုတ်ဘဲ၊ လူသားမျိုးနွယ်ကြား လျှောက်လှမ်းပြီး အမှုပြုကာ အချိန်နှင့် နေရာမရွေး သမ္မာတရားကို ဖော်ပြနိုင်သည့် စစ်မှန်သော ဘုရားကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရား၏ အသံတော်ကို ကြားပြီး သူ့နှုတ်ကပတ်တော်၏ အာဟာရကို ကျွန်တော် နှစ်သက်ခံစားပြီးဖြစ်သည်။ ဘုရားဘက်ကို ကျွန်တော် တကယ်လာခဲ့ပြီဖြစ်သည်။

ကျွန်တော့်နာမည် မက်သယူးဖြစ်ပြီး၊ ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မှာရှိသည့် ကက်သလစ် မိသားစုတွင် မွေးခဲ့ပါသည်။ ကျွန်တော်သည် ကက်သလစ် ရိုးရာဓလေ့အတိုင်း ကြီးပြင်းလာခဲ့သည်။ ကျွန်တော် နှစ်ခြင်းခံခဲ့သည်၊ မစ္ဆားတရားပွဲ တက်ရောက်ခဲ့သည်၊ လက်တင်ခြင်းခံကာ လောဒက်စ် ဘုရားဖူးခရီးကို သွားခဲ့သည်။ ကြီးပြင်းလာပြီးနောက်၊ ကက်သလစ် ဘုန်းတော်ကြီးများက အကြောင်းအရာအသစ် တစ်ခုမျှမရှိသည့် မပြောင်းလဲသည့် အယူဝါဒဟောင်းများကို အမြဲဟောကြောင်း သိလိုက်ရသည်။ အေးစက်သည့် ပတ်ဝန်းကျင်ဖြစ်ကာ အခြား ယုံကြည်သူများစွာ၏ ယုံကြည်ခြင်းက အားလျော့ခဲ့လေပြီ။ ဤနေရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိသကဲ့သို့၊ အသက်မရနိုင်ကြောင်း ကျွန်တော် ခံစားရသည်။ ဤသည်မှာ ကျွန်တော့်အတွက် စိတ်ဓာတ်ကျစရာ ဖြစ်သည်။ သခင်၏ မျက်မှောက်တော် ခံစား၍ရသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိသည့် အသင်းတော်ကို တွေ့ရဖို့ ကျွန်တော် တောင့်တမိသည်။ ဤအသင်းတော်မျိုးကို ရှာတွေ့ရန် ကက်သလစ်ဝါဒကို စွန့်ဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့နောက်တွင် ဂျီနီဗာသို့ ရောက်သွားသည်၊ ထိုနေရာတွင် ကျွန်တော် တက္ကသိုလ်တက်ကာ နယ်ခံခရစ်ယာန် ဧဝံဂေလိအသင်းတော်တွင်ပါဝင်ခဲ့သည်။ သို့သော် သင်းအုပ်ဆရာက တိုက်ရိုက် အယူဝါဒများကို ဟောပြောပြီး၊ ဆောင်ပုဒ်အချို့ကို ဟစ်ကာ လက်တွေ့အရှိတရားနှင့် ကင်းကွာသည့် ဝိညာဉ်ဆုကျေးဇူးများနှင့် ဓမ္မပညာ သီအိုရီများအကြောင်း ပြောသည်ကို တွေ့ရသည်။ ကျွန်တော့်ကို တို့ထိသည့်အရာ၊ သခင့်ကို သိကျွမ်းစေသည့်အရာတစ်ခုမျှ မရှိခဲ့ပါ။ ကျွန်တော့်ကို ပိုမိုအံ့ဩသွားစေသည့် နောက်ထပ် သတိထားမိသောအရာမှာ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သည်။ ဦးဆောင် သင်းအုပ်ဆရာ၏ ပုံတူမှာ ပလ္လင်ဘေးတွင်ရှိပြီး၊ အသင်းတော်ကို လူသစ်တက်ရောက်သည့်အခါတိုင်း ဒေသခံ သင်းအုပ်ဆရာက ဦးဆောင် သင်းအုပ်ဆရာ၏ ပုံတူကို အလေးပြုခိုင်းလေသည်။ ယုံကြည်သူများထံ နေ့စဉ် သူ၏ ကိုယ်ပိုင် ကျမ်းစာ အနက်ပြန်မှုများကို သင်းအုပ်က ပေးပို့ပြီး၊ ညီအစ်ကို မောင်နှမများက ဘုရားနှုတ်ကပတ်တော်များကို ဖတ်နေကြသည့်အလား၊ ထိုအရာများကို မိမိတို့၏ နေ့စဉ်အစာကဲ့သို့ သဘောထားကြသည်။ ဘုရား၏ ကိုယ်ပိုင် နှုတ်ကပတ်တော်များအလား လက်တွေ့လုပ်ကြသည်။ ဤအရာက ကျွန်တော့်ကို အလွန်ပင် အနေရခက်စေခဲ့သည်။ ကျွန်တော့်အဖို့ မှန်ကန်ပုံမပေါ်ပါ။ သခင်သည် ထိုအသင်းတော်ထဲတွင် မရှိသည်ကို ကျွန်တော် မြင်နိုင်သည်။ ထို့ကြောင့် ထိုအသင်းတော်ကိုလည်း ကျွန်တော် စွန့်ခဲ့သည်။ “သခင်က တကယ် ဘယ်မှာလဲ”ဟု ကျွန်တော် မိမိကိုယ်ကိုယ် မေးမိသည်။ တကယ် ဝိညာဉ်ရေးရာ အနှစ်မဲ့သည်ဟု ခံစားရပြီး၊ သခင်က ကျွန်တော့်ကို ဘေးဖယ်ထားခဲ့ပြီလားဟု တွေးမိသည်။ ထိုအချိန်မှစ၍၊ မိမိဘာသာ အိမ်တွင် ကျမ်းစာဖတ်သည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၃ ကို ကျွန်တော် အလွန်ဖတ်ခဲ့ပြီး၊ ဖိလဒေလဖိ အသင်းတော်အကြောင်း ပြောသည့် အပိုင်းက အထူးသဖြင့် နက်ရှိုင်းသည့် ခံစားချက် ကျန်ရစ်စေသည်။ “သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။ ငါသည်အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့။ အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။(ဗျာဒိတ်ကျမ်း ၃:၁၀-၁၂) ဤကျမ်းချက်များက နက်နဲမှုနှင့် ကတိတော်များနှင့် ပြည့်သောကြောင့် တကယ်ကို စိတ်လှုပ်ရှားစေခဲ့သည်။ သခင် လက်ခံသည့် အသင်းတော်တစ်ပါး ရှိလိမ့်မည်ဖြစ်ကာ ယင်းမှာ ဖိလဒေလဖိရှိ အသင်းတော်ဖြစ်သည်ဟု သခင်က ရှင်းရှင်းလင်းလင်း ပြောသည်ကို တွေ့ရသည်။ “ဤအသင်းတော်ထဲတွင် ငါရှိသည်”ဟု သခင်ပြောနေသကဲ့သို့ ခံစားရသည်။ ယင်းက ကျွန်တော့်အတွက် မေးခွန်းတစ်ခု ဖြစ်ပေါ်စေသည်။ ဤအသင်းတော်မှာ အဘယ်မှာနည်း။ ဆက်ဖတ်သည့်အခါ၊ ဤအရာကို တွေ့ရသည်- “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) သခင်က တံခါးခေါက်မည်ဟု ရှင်းရှင်း ဖော်ပြသည်ကို ဖတ်ရသည်မှာ အလွန်စိတ်လှုပ်ရှားမိသည်။ သူ မည်သို့ အတိအကျ တံခါးခေါက်မည်ဆိုသည်နှင့် ယင်းက သခင် မကြာခင် ပြန်ကြွလာမည့် သဘောလားဟု တွေးမိသည်။ ယင်းမှာ ကျွန်တော့်အတွက် အလွန် ဉာဏ်အလင်းရစရာဖြစ်ပြီး ဆက်ရှာဖွေရန် စိတ်ဆန္ဒကို လှုံ့ဆော်ပေးသည်။

၂၀၁၈ခုနှစ်၊ မေ ၁ရက်နေ့ ညနေခင်းတွင်၊ ဘုရားသခင်ထံ ကျွန်တော် စိတ်နှလုံး အကြွင်းမဲ့ဖြင့် တစ်ဖန် ဆုတောင်းခဲ့သည်။ “အို ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဉာဏ်အလင်းပေးပါ။ ကိုယ်တော် မကြာခင် ကြွလာတော့မယ်ဆိုတာ သိပါတယ်။ ကျေးဇူးပြုပြီး ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်စေပါ” ဟူ၍။ နောက်နေ့တွင်၊ သွားမြဲတိုင်း အလုပ်ကို ကျွန်တော် သွားခဲ့သည်။ နေ့လည်စာစားဖို့အတွက် ဂျီနီဗာ ကမ်းပါးဆီ သွားပြီး ခုံရှည်တစ်ခုတွင် ထိုင်လိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်းရှိ လူတစ်ဦးကို ကျွန်တော် သတိထားမိသောကြောင့် ဧဝံဂေလိဝေမျှမည့် ရည်ရွယ်ချက်ဖြင့် သူ့ထံ တန်းတန်းမတ်မတ် လျှောက်လိုက်သည်။ ကျွန်တော် အံ့ဩသွားရသည်မှာ၊ သူက “ညီအစ်ကိုရေ၊ မင်းသိလား။ သခင်က ပြန်ကြွလာပြီး နှုတ်ကပတ်တော် သန်းချီ ဖော်ပြပြီးပြီ” ဟု ကျွန်တော့်ကို ပြောသည်။ ဤသည်ကို ကြားရသည့်အခါ ကျွန်တော် အံ့ဩကာ၊ “ဒီညီအစ်ကိုက ဘာလို့ အဲဒီလို ပြောတာလဲ။ သခင် တကယ် ပြန်လာပြီလား”ဟု တွေးမိသည်။ ကျွန်တော်တို့ မိတ်သဟာယ ဆက်ဖွဲ့ရင်းဖြင့်၊ မေးခွန်းများက တစ်ပြီးတစ်ခု ပေါ်လာသည်။ “သခင် ပြန်ကြွလာပြီးပြီလား။ သခင် ဘယ်လို ကြွလာခဲ့တာလဲ။” သူက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ဝဘ်ဆိုက် လိပ်စာကို ပေးပြီး၊ “ဒီနေရာမှာ ပိုလေ့လာကြည့်လို့ရတယ်” ဟု ပြောသည်။

ရုံးကို ပြန်ရောက်သည်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဝဘ်ဆိုက်ကို ကျွန်တော် ဖွင့်လိုက်သည်။ ပထမဆုံး ကျွန်တော် တွေ့ရသည်မှာ “နောက်ဆုံးသောနေ့ရက်များ၏ ခရစ်တော်သည် တရုတ်ပြည်တွင် ပေါ်လာပြီးပြီ” ဟူ၍ ဖြစ်သည်။ ဤသတင်းက ကျွန်တော့်ကို အံ့အားသင့်သွားစေပြီး ကျွန်တော် ပိုအံ့အားသင့်ရသည်မှာ ဝဘ်ဆိုက်တွင် ကျွန်တော့်ကို တကယ် ထင်မြင်ချက်ပေးသည့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏”နှင့် “နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ” ဟူသော စာနှစ်အုပ်အပါအဝင် စာအုပ်မျိုးစုံ ရှိနေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အဘယ်အရာဖြစ်သည်ကို ကျွန်တော် တကယ် နားလည်ချင်ခဲ့သည်။ ထို့ကြောင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ကျွန်တော် နှိပ်လိုက်ပြီး စာပိုဒ်တစ်ခု ဖတ်လိုက်သည်။ “ငါ့အားအစေခံသည့် ငါ၏ လူအားလုံးသည် အတိတ်ကို ပြန်လည်စဉ်းစားသင့်ကြ၏- ငါ့ကို သင်တို့၏ ချစ်ခြင်းသည် မစင်ကြယ်ခြင်းနှင့် စွန်းထင်းခဲ့သလော။ ငါ့ကို သင်တို့၏ သစ္စာ စောင့်သိခြင်းသည် စင်ကြယ်၍ စိတ်နှလုံးအကြွင်းမဲ့ ရှိခဲ့သလော။ ငါ့ကို သင်တို့သိကျွမ်းခြင်းသည် မှန်ကန်ပါ၏လော။ သင်တို့၏ နှလုံးသားများထဲတွင် ငါသည် နေရာမည်မျှ ယူထားသနည်း။ ငါသည် သင်တို့၏ စိတ်နှလုံးများထဲ၌ လုံးလုံးလျားလျား ဖြည့်ထားသလော။ ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့၏ အထဲတွင် မည်မျှ အထမြောက်ခဲ့သနည်း။ ငါ့ကို လူနုံလူအဟု မမှတ်ယူနှင့်။ ဤအရာတို့သည် ငါ့အတွက် လုံးဝပင် ရှင်းလင်းလျက် ရှိသည်။ ယနေ့၊ ငါ့ကယ်တင်ခြင်း၏ အသံကို ထုတ်ဆောင်မြွက်ဆိုသည်နှင့်အညီ ငါ့ကို သင်တို့၏ ချစ်ခြင်း၌ တိုးပွားမှု တစ်စုံတစ်ရာရှိခဲ့သလော။ ငါ့ကို သင်တို့၏ သစ္စာစောင့်သိခြင်း တစ်စိတ်တစ်ဒေသသည် သန့်စင် လာပြီလော။ သင်တို့ ငါ့ကို သိကျွမ်းခြင်းသည် နက်ရှိုင်းသွားပြီလော။ အတိတ်က ဆက်ကပ်ခဲ့သော ချီးမွမ်းခြင်းသည် ယနေ့ သင်တို့၏ အသိပညာအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ချ ပေးခဲ့သလော။ သင်တို့ မည်မျှသည် ငါ့ဝိညာဉ်တော်၏ နေရာယူခြင်း ခံထားသနည်း။ သင်တို့၏ အတွင်းတွင် ငါ့ပုံရိပ်သည် နေရာမည်မျှ ယူထားသနည်း။ ငါ၏ မိန့်မြွက်ချက်များသည် သင်တို့ကို နာကျင်စွာ ထိုးနှက်ခဲ့သလော။ သင်တို့၏ အရှက်တရားကို ဝှက်ထားရန် နေရာမရှိဟု အမှန်တကယ် ခံစားရသလော။ သင်တို့သည် ငါ၏ လူများဖြစ်ရန် အရည်အချင်းမပြည့်မီဟု အမှန်တကယ် ခံစားရသလော။ အကယ်၍ သင်တို့သည် အထက်က မေးခွန်းများကို လုံးလုံးပင် သတိမမူမိဘဲ ရှိနေမည်ဆိုပါက၊ ယင်းမှာ သင်သည် နောက်ကျိသော ရေတွင် ငါးမျှားနေခြင်းဖြစ်ကြောင်း၊ သင်သည် အဖြည့်ခံ လူတစ်ဦး အနေနှင့်သာ ထိုနေရာ၌ ရောက်ရှိနေရခြင်းဖြစ်ကြောင်း ညွှန်ပြနေကာ၊ ငါကြိုတင်ပြဋ္ဌာန်းထားသော အချိန်တွင် သင်သည် ဧကန်မုချပင် သုတ်သင်ပယ်ရှင်း ခံရလိမ့်မည်ဖြစ်ပြီး အနက်ဆုံးသောတွင်းထဲသို့ ဒုတိယ အကြိမ်အဖြစ် ပစ်ချခြင်း ခံရလိမ့်မည် ဖြစ်သည်။ ဤအရာများမှာ ငါ၏ သတိပေး နှုတ်ကပတ်တော်များဖြစ်ပြီး ၎င်းတို့ကို ပေါ့တန်စွာ ခံယူသော မည်သူမဆို ငါ့တရားစီရင်ခြင်း၏ ထိုးနှက်ခြင်းကို ခံရလိမ့်မည်ဖြစ်ကာ၊ ချိန်းဆိုထားသော အချိန်တွင် ဘေးဒုက္ခနှင့် ကြုံရလိမ့်မည်။ ဤသို့ မဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၄)) ဤစကားများက ဘုရားကိုယ်တိုင် ကျွန်မကို မျက်နှာချင်းဆိုင် စကားပြောနေသည့်အလား ကျွန်တော့်အတွက် အလွန် ဩဇာအာဏာရှိသည်။ “ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ သင်၌ရှိသလော။ ငါ့အပေါ် သင်၏ ကျိုးနွံနာခံခြင်းက စစ်မှန်သလော”ဟု မေးနေသည်။ ကျွန်တော်သည် ချစ်သောကြောင့် မဟုတ်ဘဲ အလုပ်တစ်ခု ပြီးစီးအောင်လုပ်ဆောင်နေသကဲ့သို့ ဘုရားကို အစေခံသောကြောင့် အနည်းငယ် မသက်မသာ ခံစားရသည်။ ကျွန်တော့် ဆုတောင်းချက်များတွင်၊ “အို ဘုရားသခင်၊ ဒီကားမျိုး ကျွန်တော် လိုချင်တယ်၊ ဒီအိမ်မျိုး လိုချင်တယ်၊ ဒီအလုပ်မျိုး လိုချင်တယ်၊ ဒီဇနီးမျိုး လိုချင်ပါတယ်...”ဟု ပြောရင်း သခင့်ထံမှ အရာဝတ္ထု များကို အမြဲတစေ တောင်းဆိုနေမိသည်။ ဤသည်မှာ ယုတ္တိမတန်သည်ကို ကျွန်တော် သဘောပေါက်မိသည်။ ပို၍ပင်ဆိုးသည်မှာ၊ ကျွန်တော်၏ လွန်ကဲသည့် ဆန္ဒများကို မဖြည့်ဆည်းပါက၊ သခင့်ကို ကျွန်တော် အပြစ်တင်သည်။ ဤသို့ ပေါ်လွင်လာခြင်းကို ရင်ဆိုင်ရာတွင် ဤသည်မှာ မကောင်းသည့် အပြုအမူအတွက် မိမိ၏ မိဘများ အဆူခံရခြင်းမှ ပုန်းကွယ်နေသည့် ကလေးတစ်ဦးအလား၊ ပုန်းကွယ်စရာ နေရာရှာလိုက်ချင်သည်အထိ ကျွန်တော် လုံးဝ ရှက်မိသည်။ သို့သော် ဘုရားက မျက်နှာချင်းဆိုင် စကားပြောနေသကဲ့သို့ ခံစားရသောကြောင့် တကယ်လည်း ဝမ်းသာမိသည်။ ဘုရားသာ လူသား စိတ်နှလုံးထဲ မြင်နိုင်သောကြောင့် ဤသည်မှာ ဘုရား၏ အသံတော်ဖြစ်သည်ဟု ခံစားမိသည်။ ဤစကားများက ကျွန်တော့်ကို ဆွံ့အသွားစေလျက် တကယ်ဖြစ်သည့်အတိုင်း ကျွန်တော့်ကို ဖော်ထုတ်နေသည်။ ဆက်မဖတ်ဘဲ မနေနိုင်ခဲ့ပါ။ ဘုရားနှုတ်ကပတ်တော် တော်တော်များများကို ကျွန်တော် ဖတ်ခဲ့သည်။ ထိုနှုတ်ကပတ်တော်များထဲမှ ကျွန်တော့်ကို ခံစားမှု တကယ်ပေးသည့် စာတစ်ပိုဒ်ကို သတိရမိသည်။ “အရာအားအလုံးကို ငါသည် အမြင့်မှ အောက်သို့ ငုံ့ကြည့်ပြီး အရာအားလုံးအပေါ်သို့ အမြင့်မှ အုပ်စိုးမှုကို ငါ ကျင့်သုံး၏။ ထိုနည်းတူ၊ ငါ၏ ကယ်တင်ခြင်းကို ကမ္ဘာမြေပေါ်သို့ ငါ နေရာချထားပြီးဖြစ်သည်။ လူသားများ၏ လှုပ်ရှားမှုတိုင်းနှင့် ၎င်းတို့ ပြောဆိုပြီး လုပ်ဆောင်သည့် အရာတိုင်းကို ငါ၏လျှို့ဝှက်သော နေရာမှ ငါ စောင့်ကြည့်နေခြင်း မရှိသည့် အခိုက်အတန့်ဟူ၍ လုံးဝမရှိပေ။ ငါ့အဖို့ လူသားများသည် ခန့်မှန်းရလွယ်သောသူများ ဖြစ်သည်- ငါသည် ၎င်းတို့ တစ်ဦးစီနှင့် အားလုံးကို မြင်ကာ သိ၏။ လျှို့ဝှက်သော နေရာသည် ငါ၏ဘုံဗိမာန်ဖြစ်ပြီး၊ ကောင်းကင် အမိုး တစ်ခုလုံးသည် ငါ လဲလျောင်းရာ အိပ်ယာဖြစ်သည်။ ငါသည် ဘုန်းအာနုဘော်၊ ဖြောင့်မတ်ခြင်းနှင့် တရားစီရင်ခြင်းတို့ဖြင့် ပြည့်လျှံလျက် ရှိသည့်အတွက်၊ စာတန်၏ အင်အားစုများသည် ငါ့ထံသို့မရောက်နိုင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၅)) ဤနှုတ်ကပတ်တော်များက ဘုရား၏ ဩဇာအာဏာ အပြည့်ရှိသကဲ့သို့ ခံစားရသည်။ ဘုရားမှလွဲ၍ မည်သူက ကျွန်တော်တို့၏ နှလုံးသားများကို မြင်နိုင်သနည်း။ ဘုရားမှလွဲ၍ မည်သူက ထိုသို့ တန်ခိုးနှင့် ဩဇာအာဏာဖြင့် ကျွန်တော်တို့ကို တိုက်ရိုက် စကားပြောနိုင်သနည်း။ ဘုရားသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ ကျွန်တော်တို့ စိတ်နှလုံးအတွင်း နက်ရှိုင်းစွာ မြှုပ်နှံထားသည့် အရာများကို ဘုရားကသာ မြင်နိုင်သည်။ ဤအရာများက ဘုရားထံမှ စကားများဖြစ်သည်မှာ သေချာသွားပြီး၊ အလွန် စိတ်လှုပ်ရှားမိသည်။ ယခင်က မရှိခဲ့ဖူးသည့် ခံစားချက်တစ်ခု ဖြစ်သည်။ ထိုနေ့တွင် များစွာ ဖတ်ခဲ့ပြီး ပုံမှန်ထက် သုံးနာရီနောက်ကျပြီး အိမ်ပြန်ခဲ့သည်။ ဤစကားများက အမှန်တကယ် ထူးခြားသည်ကို ခံစားခဲ့ရသည်။ အိမ်အပြန်လမ်းတွင်၊ “ဘုရားသခင်၊ ကိုယ်တော့်ကို တကယ် ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်အသံကို သတိပြုမိပြီး ကိုယ်တော် ပြန်ကြွလာပြီဆိုတာကို သိပါပြီ။ ကိုယ်တော်ရဲ့ ဩဇာအာဏာကို မျက်မြင်ကြုံတွေ့ရပါပြီ။ ဘုန်းရှိသမျှ ကိုယ်တော်ပိုင်ဆိုင်ပါစေ” ဟု ထပ်တလဲလဲ ပြောနေမိသည်။ ကျွန်တော် အလွန် စိတ်လှုပ်ရှားခဲ့သည်။ ယခင်ညမှ သူ၏ ပြန်ကြွလာခြင်းနှင့် ပတ်သက်၍ သူ၏ အလိုတော်ကို နားလည်စေရန် တောင်းလျှောက်သည့် ကျွန်တော့် ဆုတောင်းချက်များကို ပြန်တွေးမိသည်။ ကျွန်တော့် ဆုတောင်းချက်ကို ဘုရားက ကြားကာ အဖြေပေးခဲ့ပြီမှန်း နားလည်လိုက်သည်။ ယင်းမှာ တကယ်ကို မယုံနိုင်စရာ ကိစ္စတစ်ခု ဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင်၊ သခင် မည်သို့ ကြွလာပြီးပြီနည်း။ မည်သည့် အမှုကို လုပ်ဆောင်နေသနည်း ဟူသော မေးခွန်းများလည်း ပြည့်သွားခဲ့သည်။ ဤမေးခွန်းများ အဖြေရဖို့ရန်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများကို ကျွန်တော် ဆက်သွယ်ခဲ့သည်။

ထို့နောက် သူတို့က လူသားအဖြစ် သခင် လူ့ဇာတိခံလာခဲ့ပြီး၊ တိတ်တဆိတ် ကြွလာပြီဖြစ်ကြောင်း ပြောပြသည်။ သူက သမ္မာတရားများ ဖော်ပြကာ အမှုသစ် လုပ်ဆောင်နေသည်ဟု သူတို့ ပြောကြသည်။ ယင်းမှာ လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်၊ ကယ်တင်ရန်ဖြစ်သည့် ကျမ်းစာထဲတွင် ပရောဖက်ပြုထားသော ဘုရားအိမ်တော်မှ အစပြုသည့် နောက်ဆုံးသော ကာလ တရားစီရင်ခြင်းဖြစ်သည်။ သူတို့သည် အောက်ပါကဲ့သို့သော ကျမ်းပိုဒ်များနှင့်ပတ်သက်ပြီး အလွန်ပင် ဉာဏ်အလင်းပွင့်စေသော မိတ်သဟာယကိုလည်း ကျွန်တော်နှင့် မျှဝေခဲ့ကြသည်။ ဗျာဒိတ်ကျမ်း ၁၆:၁၅၊ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။” ရှင်မဿဲ ၂၄:၄၄ လည်း ရှိသည်။ “ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” “လူသား” သည် ဘုရား၏ ဝိညာဉ်တော်၊ သူ၏ ဝိညာဉ်ခန္ဓာကို မရည်ညွှန်းသည်မှာ သိသာပြီး ပုံမှန် လူ့သဘာဝနှင့် ဘုရား၏ အနှစ်သာရကို ပိုင်ဆိုင်သည့် လူသားမှ မွေးဖွားခြင်းကို ရည်ညွှန်းသည်။ ယင်းမှာ လွန်ခဲ့သည့် အနှစ်နှစ်ထောင်က သခင်ယေရှုကဲ့သို့သာ ဖြစ်သည်။ သူသည် ပုံမှန် လူတစ်ဦးနှင့် တူသော်လည်း၊ အနှစ်သာရအားဖြင့် ဘုရားဖြစ်ခဲ့သည်။ ထို့နောက်တွင်၊ ဗျာဒိတ် ၃:၂၀ ကိုလည်း မိတ်သဟာယပြုပေးသည်။ ယင်းက တံခါးကို သခင်ခေါက်နေကြောင်း ဖော်ပြသည်။ “ခေါက်ခြင်း”က လူတို့၏ စိတ်နှလုံး တံခါးများကို ခေါက်ရန် နောက်ဆုံးသော ကာလတွင် သခင်က နှုတ်ကပတ်တော်သစ် ဖော်ပြနေသည်ကို ရည်ညွှန်းကြောင်း သင်ယူရသည်။ သခင့်စကားများကို စစ်မှန်သည့် ယုံကြည်သူများက ကြားသည့်အခါ၊ ဘုရားအသံတော်အဖြစ် သတိပြုမိနိုင်ကြပြီး၊ သူတို့သည် ဘုရားရှေ့မှောက် ချီမခံရပြီး သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုသည့် ပညာရှိ သတို့သမီးများ ဖြစ်သည်။ ဤအရာက သခင်ယေရှု၏ ပရောဖက်ပြုချက်ကိုလည်း ပြည့်စုံစေသည်။ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

ဤသည်မှာ လူ့ဇာတိဖြင့် ကမ္ဘာမြေပေါ် အမှုပြုဖို့ ဘုရားကြွလာသည့် ဒုတိယအကြိမ် ဖြစ်ပုံနှင့် အသက်ရှူတာချင်း တူလျက် လောကတွင် ကျွန်တော် ရှင်သန်ပြီး၊ သူက သာမန်လူတစ်ဦးနှင့်သာ တူသည်ကို ကျွန်တော် တွေးမိကာ စိတ်ဝင်စားမိသည်။ ကျွန်တော် အံ့ဩသွားရသည်။ ဤသည်မှာ မယုံနိုင်စရာပင်။ ဘုရားက အထက်ကောင်းကင်တွင် ရှိရမည်ဟု တွေးထင်ခဲ့ပြီး၊ နောက်ဆုံးသောကာလတွင် ဘုရားက စကားပြောပြီး အမှုပြုရန် လူ့ဇာတိဖြင့် ကမ္ဘာမြေသို့ ကြွလာမည်ကို လုံးဝ စိတ်မကူးမိခဲ့သောကြောင့် ဖြစ်သည်။ ထို့နောက် ညီအစ်ကို မောင်နှမများက ဘုရား၏ လူ့ဇာတိခံခြင်းနှင့် ပတ်သက်၍ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ် ဖတ်ခဲ့ကြသည်။ “‘လူ့ဇာတိခံယူခြင်း’ သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။ သူ၏ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝ ဖြစ်စေ နှစ်ခုလုံးသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ကျိုးနွံနာခံလေသည်။ ခရစ်တော်၏အနှစ်သာရမှာ ဝိညာဉ်တော် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏အနှစ်သာရသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သက်ဆိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်) ဤဘုရားနှုတ်ကပတ်တော် စာပိုဒ်များမှ၊ လူ့ဇာတိခံ ဘုရားမှာ လူ့ဇာတိခံယူကာ လူသားမျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ စကားပြော၊ အမှုပြုရန် ကမ္ဘာမြေသို့ ကြွလာသည့် ဘုရားဝိညာဉ်တော် ဖြစ်ကြောင်း တွေ့ရသည်။ ခရစ်တော်သည် လူတိုင်းကဲ့သို့ စားလျက်၊ ဝတ်လျက်နှင့် အိပ်လျက် အပေါ်ယံတွင် သာမန်လူနှင့် တူသော်လည်း၊ ဘုရားအနှစ်သာရရှိသည်။ ဘုရားကိုယ်တိုင်ကဲ့သို့ လူသားမျိုးနွယ် အားလုံးထံ စကားပြောနိုင်ပြီး၊ မည်သည့်လူသားမျှ မဖော်ပြနိုင်သည့် သမ္မာတရားများကို ဖော်ပြနိုင်သည်။ ဘုရားကိုယ်တိုင်၏ အမှုကို သူ လုပ်နိုင်ပြီး ဘုရားအလိုတော်ကို ဆောင်ရွက်နိုင်သည်။ အပြင်ပန်းတွင် ဘုရားဖြစ်ကြောင်း ကျွန်တော်တို့ မခွဲနိုင်သော်လည်း၊ သူစကားပြောသည်ကို ကြားသည့်အခါ၊ သူ၏ စကားများက ဤလောကမှ မဟုတ်သည်ကို တွေ့ရသည်။ မည်သူမျှ မမြင်၊ မကြားဖူးသည့် သမ္မာတရားနှင့် နက်နဲမှုများကို သူ ရှင်းပြနိုင်သည်။ လူသားမျိုးနွယ်၏ အတွင်းကျကျ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြနိုင်သည်။ သူ ဖော်ပြသည့်အရာမှာ ဘုရားကိုယ်တိုင် ဖော်ပြသည့်အရာ ဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရားဖြစ်ကြောင်း ကျွန်တော်တို့ ယုံကြည်ကြသည်။ ထိုအချိန်က သခင်ယေရှု အမှုပြုခဲ့သည့်အတိုင်းပင်၊ သူသည် အပြင်ပန်းမှ သာမန်လူနှင့် တူသော်လည်း၊ ကျွန်တော်တို့ အပြစ်များကို ဖြေပေးရန် လူသားမျိုးနွယ်အားလုံးအတွက် အပြစ်ဖြေရာယဇ်ဖြစ်နိုင်စွမ်း ရှိခဲ့သည်။ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ကျေးဇူးတော် အလျှံပယ် ပေးနိုင်ခဲ့သည်။ လူတို့သည် လူတို့သာဖြစ်ပြီး ဘုရား၏ အနှစ်သာရကို မပိုင်ဆိုင်သောကြောင့် သူ့ထက်မည်သူမျှ ဤအမှုမျိုးကို မလုပ်ဆောင်နိုင်ပေ။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှုကဲ့သို့သာ ဖြစ်သည်ဟုလည်း ညီအစ်ကို မောင်နှမများက မိတ်သဟာယပြုသည်။ အပြင်ပန်းတွင် သာမန်လူနှင့် တူသော်လည်း သူ၏ အနှစ်သာရမှာ ဘုရား၏ အနှစ်သာရဖြစ်သည်။ ဘုရား၏ အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်းအမှုကို သူ လုပ်ဆောင်နေသည်၊ လူသားမျိုးနွယ်ကို သန့်စင်၊ ကယ်တင်သည့် သမ္မာတရား အားလုံးကို ဖော်ပြနေပြီး၊ မည်သည့်လူသားမျှ မဖော်ထုတ်နိုင်သည့် နက်နဲမှုများကို ဖော်ထုတ်နေသည်။ အထူးသဖြင့် ဘုရား၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများ၊ ဘုရား၏ အမှုတော် အဆင့်သုံးဆင့်၏ နက်နဲမှုများ၊ လူတို့ကို စာတန်ဖောက်ပြန်ပျက်စီးစေပုံ၊ လူသားမျိုးနွယ်ကို တစ်ဆင့်ချင်း ဘုရားသခင် ကယ်တင်ပုံ၊ မည်သူက ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံထဲ ဝင်ရမည်၊ မည်သူက ထုတ်ပယ်ခံရပြီး အပြစ်ပေးခံရမည်ဆိုသည်နှင့်၊ လူတို့၏ ဆိုးယုတ်သည့် သဘာဝနှင့် ဆိုင်သော သူ၏ ထုတ်ဖော်ပြချက်ကဲ့သို့ အကြောင်းအရာများ ဖြစ်သည်။ ဤသမ္မာတရားများကို ဘုရားကသာ ဖော်ပြနိုင်သည်။ မည်သည့်လူသားမျှ မလုပ်နိုင်ချေ။ ဤအရာက အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘုရားအနှစ်သာရရှိပြီး နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်ကြောင်း သက်သေပြသည်။ ဤအရာများကို ကြားရခြင်းက လူ့ဇာတိခံယူခြင်း၏ သမ္မာတရားအချို့ကို နားလည်စေခဲ့ပြီး၊ ခရစ်တော်သည် သာမန် လူ့သဘာဝနှင့် ဘုရားအနှစ်သာရ နှစ်ခုလုံး ရှိကြောင်း တွေ့ရသည်။ ဘုရားနှင့်ပတ်သက်သည့် ကျွန်တော်၏ မရေရာသည့် စိတ်ကူးနှင့် အယူအဆအချို့ ရှင်းသွားသည်။ လူ့ဇာတိခံ ဘုရားကို မြင်နိုင်ပြီး ထိနိုင်သည်။ ပြီးလျှင် လူတို့ကို သူက မျက်နှာချင်းဆိုင် စကားပြောနိုင်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင် လူ့ဇာတိခံလာခြင်းနှင့် လူသားမျိုးနွယ်အားလုံးကို ကယ်တင်ဖို့ ကိုယ်တိုင်ကိုယ်ကျ နှုတ်ကပတ်တော်များ ဖော်ပြခြင်းက ကျွန်တော့်အတွက် တကယ်ကို စိတ်လှုပ်ရှားပြီး တို့ထိစရာ ဖြစ်ခဲ့သည်။ သို့သော် တရားစီရင်ခြင်း အမှုပြုရန် ဘုရားက ဒုတိယအကြိမ် လူ့ဇာတိခံပြီဟု ကြားရသည့်အခါ၊ ကျွန်တော် နည်းနည်း စိုးရိမ်ပြီး လန့်မိသည်။ ကျွန်တော်သည် အပြစ်တွင် အသက်ရှင်နေိသောကြောင့် လူသားမျိုးနွယ်ကို တရားစီရင်ရန် သခင် ကြွလာသည့်အခါ ကျွန်တော် စီရင်ပြီး အပြစ်ပေးခံရမည်လားဟု တွေးမိသည်။ သို့သော်၊ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုပြီးနောက်တွင် ဘုရား၏ တရားစီရင်ခြင်းအမှုသည် ကျွန်တော်တို့ကို စီရင်ကာ အပြစ်ပေးရန် မဟုတ်ဘဲ၊ သန့်စင်ကာ ကယ်တင်ရန်ဖြစ်သည်ကို သိရသည်။ အမှန်တွင်၊ သခင်ယေရှုသည် ကယ်တင်ခြင်း အမှု၏ တစ်စိတ်တစ်ပိုင်းကိုသာ ပြုခဲ့သည်။ ကျွန်တော်တို့၏ အပြစ်များကိုသာ သူ ဖြေပေးခဲ့သည်။ သို့သော် အပြစ်နှင့်ပြည့်သည့် သဘာဝများက ရှိနေဆဲ ဖြစ်သည်။ ဘုရားအတွက် ကျွန်တော်တို့ အသုံးခံပြီး ကောင်းမွန်သည့် အရာအချို့ကို အပြင်ပန်းအားဖြင့် လုပ်နိုင်သော်လည်း၊ မိမိတို့ သဘာဝက မာနထောင်လွှားခြင်း၊ မရိုးသားခြင်းနှင့် ခေါင်းမာခြင်းကဲ့သို့ ဆိုးယုတ်သည့် စိတ်သဘောထားများဖြင့် ပြည့်နေသည်။ အခြားသူများကို ကျွန်တော်တို့ မကြာခဏ မနာလိုဖြစ်ကြပြီး၊ လုပ်သမျှသည် မိမိတို့ကိုယ်တိုင်အတွက် ဖြစ်သည်။ အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ကြသည်။ ဆိုးယုတ်သည့် စိတ်သဘောထားများ၏ ထိန်းချုပ်၊ ချည်နှောင်မှုကို ကျွန်တော်တို့ လုံးဝ ခံရပြီး၊ အပြစ်၏ ချည်နှောင်မှုများအား မည်သို့ လွတ်မြောက်မည်ကို မသိကြပါ။ ဤသည်မှာ နေ့စဉ် မြင်နိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဘုရားသခင် ပြောခဲ့သည်မှာ- “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ဤကျမ်းချက်က ကျွန်တော်တို့သည် ကောင်းကင်နိုင်ငံထဲ မဝင်ထိုက်ကြောင်း ရှင်းရှင်းလင်းလင်း ပြသည်။ ထို့ကြောင့် အပြစ်၏ ချည်နှောင်မှုများမှ အပြည့်အဝ လွတ်မြောက်ပြီး၊ ဘုရားကို ကြောက်ရွံ့ကာ ကျိုးနွံနာခံသည့်၊ အပြစ်မပြု၊ ဘုရားကို မခုခံတော့သည့် လူများ ဖြစ်လာနိုင်ရန်အလို့ငှာ ဘုရားသည် နောက်ဆုံးသော ကာလတွင် ကျွန်တော်တို့ကို သန့်စင် ကယ်တင်ဖို့ တရားစီရင်ခြင်း အမှုကို ပြုလေသည်။ ဤသည်မှာ သခင်ယေရှု၏ ပရောဖက်ပြုချက်များကို ပြည့်စုံစေလျက် ဘုရား၏ တရားစီရင်ခြင်း အမှု ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ “ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇)သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၂)

ထို့နောက် ဤသို့ပြောသည့် နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ကြသည်။ “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ထို့နောက် ညီအစ်ကိုတစ်ဦးက မိတ်သဟာယပြုသည်။ “နောက်ဆုံးသောကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို တရားစီရင်၊ သန့်စင်ဖို့ သမ္မာတရားတွေ ဖော်ပြတယ်။ လူသားမျိုးနွယ်ကို စာတန်က ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခဲ့တယ်ဆိုတာကို ရှင်းရှင်းမြင်ပြီး၊ သဘာဝထဲက မာနထောင်လွှားမှု၊ ကောက်ကျစ်မှုနဲ့ မရိုးသားမှုတွေကို မြင်အောင် စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေကတစ်ဆင့် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝတွေကို ဘုရားနှုတ်ကပတ်တော်က ဖော်ပြရင်းနဲ့ ဆိုးယုတ်တဲ့ သဘာဝအပြင် ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ထုတ်ဖော်ပြပြီး တရားစီရင်တယ်။ ဝမ်းနည်းစရာအကောင်းဆုံးက ဘုရားကို ကျွန်တော်တို့ ယုံပြီး သူ့အတွက် အသုံးခံသလို၊ အပြင်ပန်းအားဖြင့် ကောင်းတာတချို့ လုပ်ပေမဲ့၊ ဒါတွေက ဘုရားကို ချစ်ခြင်း၊ ကျိုးနွံနာခံခြင်းနဲ့ လုပ်ခဲ့တာမဟုတ်မှန်း ကျွန်တော်တို့ မြင်ရတာပဲ။ ကောင်းချီးခံစားရပြီး ဆုချီးမြှင့်ခံ့ရဖို့နဲ့ ဘုရားကို အပေးအယူလုပ်ဖို့ပဲ လုပ်ခဲ့တာ။ ဘုရားအမှုတော်က ကျွန်တော်တို့ အတွေးတွေ၊ အယူအဆတွေနဲ့ မကိုက်တာနဲ့ ဖာရိရှဲတွေလိုပဲ ဘုရားကို ငြင်းဆန်ပြီး ပယ်ချတော့တာပဲ။ စမ်းသပ်မှုနဲ့ အခက်အခဲ ရင်ဆိုင်ရာမှာ ဖောက်ပြန်ပျက်စီး ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်နေတုန်းဖြစ်ပြီး၊ စာတန်နဲ့ သက်ဆိုင်သေးကြောင်း ပြရင်းနဲ့ ဘုရားကို အပြစ်တင်ကြတယ်။ အဲဒီလိုလူမျိုးက ဘယ်လိုလုပ် ကောင်းကင်နိုင်ငံတော်ထဲ ရောက်နိုင်မှာလဲ။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရား၊ ဘုရားအလိုတော်ကို လိုက်နိုင်စွမ်းမရှိမှန်းနဲ့ ကျွန်တော်တို့ လုပ်ဆောင်ချက်၊ လုပ်ရပ်တစ်ခုမှ သူ့ကို စိတ်မကျေနပ်စေမှန်း မြင်စေတာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြချက်တွေပဲ။ အဲဒီအခါ ဝမ်းနည်းမှု၊ ဘုရားဆီ နောင်တနဲ့ ကျွန်တော်တို့ ပြည့်ပြီး ဘုရားနှုတ်ကပတ်တော်နဲ့အညီ ပြုမူဖို့ လိုလားလာကြတယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမှုကို ကြုံခြင်းအားဖြင့်၊ ဘုရားရဲ့ စိတ်သဘောထားက ချစ်ခြင်းမေတ္တာ၊ ကရုဏာတွေနဲ့ပဲ ဖွဲ့စည်းထားတာ မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနဲ့ စီရင်ခြင်းတွေလည်း ရှိမှန်း မြင်ရတယ်။ ဘုရားကို စကြောက်ရွံ့ကြပြီး၊ ဇာတိပကတိကို သတိရှိရှိ စွန့်လွှတ်လာနိုင်သလို၊ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်နိုင်ကြတယ်။ ဘုရားကို နာခံမှုတချို့ ဖြစ်လာကြပြီး၊ အသက်စိတ်သဘောထား စပြောင်းလဲလာတယ်။ အဲဒီအခါ ဘုရားရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုက ကျွန်တော်တို့အတွက် သူ့ရဲ့ အကြီးမားဆုံး ကယ်တင်ခြင်းနဲ့ ချစ်ခြင်းဖြစ်မှန်း တကယ်တွေ့ကြုံရတယ်။”

ဤအရာကို ညီအစ်ကိုထံမှ ကြားရသည့်အခါ၊ နောက်ဆုံးသော ကာလတွင် ဘုရား၏ တရားစီရင်ခြင်း အမှု မည်မျှနက်နဲသည်ကို ခံစားနိုင်ခဲ့သည်။ ဘုရား၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းမရှိဘဲ၊ မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို လုံးဝ နားမလည်နိုင်၊ စစ်မှန်သည့် နောင်တကို မရနိုင်ပါ။ သခင့်ထံ နေ့စဉ် ဆုတောင်း၊ ဝန်ချပြီးနောက် အပြင်ထွက်ကာ မပြောင်းလဲသည့် အပြစ်များကို တစ်ဖန် ကျူးလွန်မိသည့် ကျွန်တော်ကဲ့သို့သာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ ထိန်းချုပ်ခြင်းကို လုံးဝ ခံခဲ့ရသည်။ ထိုသို့သော အခြေအနေတွင်၊ ကောင်းကင်နိုင်ငံထဲသို့ ဝင်ပြီး ဘုရား၏ လက်ခံမှုရဖို့ မည်သို့ ဖြစ်နိုင်မည်နည်း။ ယခင်က၊ ကောင်းကောင်း ပြုမူပုံရသရွေ့၊ ဘုရားက ကျွန်တော့်ကို လက်ခံမည်ဟု အမြဲ တွေးခဲ့သည်။ သို့သော် ယခုတွင် ကျွန်တော်တို့အတွင်းရှိ ဆိုးယုတ်သော အရာများကို ဘုရားက ပြောင်းလဲစေချင်ကြောင်း သိရသည်။ ထိုအချိန်တွင် တရားစီရင်ခြင်း အမှုက ကျွန်တော်တို့အတွက် မည်မျှ အရေးကြီးမှန်း၊ ဤအမှုအဆင့် မရှိဘဲနှင့် မည်သူမျှ ကယ်တင်မခံရနိုင်မှန်း ကျွန်တော် သဘောပေါက်သွားသည်။ ဘုရားနှင့် သဟဇာတဖြစ်နိုင်ကာ သူ၏ နိုင်ငံတော်ထဲ ဝင်ရောက်နိုင်ရန် ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်စေဖို့ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်း အမှုပြုသည်။ ဘုရား၏ ချစ်ခြင်းက အလွန်စစ်မှန်၊ အလွန် လက်တွေ့ကျပါတကား။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းအားဖြင့် သူသည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်မှန်း ကျွန်တော် လုံးဝ သေချာလာခဲ့သည်။ သူသည် နောက်ဆုံးသော ကာလ၏ ခရစ်တော် ဖြစ်သည်။ သံသယတစ်စက်မျှ မရှိပါ။ ထိုအချိန်မှစ၍ အသင်းတော် အသက်တာကို ကျွန်တော် ပါဝင်ခဲ့သည်၊ နေ့စဉ် ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုပြီး ဘုရားကို သိကျွမ်းဖို့ သင်ယူခဲ့သည်။ ကျွန်တော် ယုံလေ့ရှိခဲ့သည့်အတိုင်း မိမိစိတ်ကူး၏ မရေရာသည့် ဘုရားကို မယုံကြည်ဘဲ၊ လူသားမျိုးနွယ်အလယ် လျှောက်လှမ်းကာ အမှုပြုသည့်၊ အချိန်နှင့် နေရာမရွေး သမ္မာတရား ဖော်ပြနိုင်သည့် လူ့ဇာတိနှင့် ဘုရားကို ကျွန်တော် ယုံကြည်သည်။ ဘုရားအသံတော်ကို ကျွန်တော် ကြားပြီးဖြစ်သည်၊ သူ့နှုတ်ကပတ်တော်၏ အလျှံပယ် ရေလောင်းခြင်းနှင့် အာဟာရကို မွေ့လျော်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မြည်းစမ်းပြီး ဖြစ်သည်။ သခင့်ဘက်သို့ ကျွန်တော် အမှန်တကယ် လာပြီးဖြစ်သည်။ သူ၏ ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဤသည်မှာ ကျွန်တော့်အတွက် အကြီးမားဆုံး ကောင်းချီးဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံ ဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

ကောင်းကင်နိုင်ငံသို့ လမ်းကို ကျွန်မ တွေ့လိုက်ရပြီ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး...

ပညာရှိသတို့သမီးတို့သာ သခင့်ကို ကြိုဆိုနိုင်ကြ၏

မင်ဂျီ တရုတ်နိုင်ငံ သခင်ယေရှုက သူ ပြန်ကြွလာမယ့်အချိန်မှာ လူနှစ်မျိုးရှိလိမ့်မယ်လို့ ပရောဖက်ပြုခဲ့တယ်၊ ပညာရှိတဲ့သတို့သမီးတွေနဲ့...

အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။