ကောင်းကင်နိုင်ငံတော်သို့ လမ်းကြောင်း
ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့အတွက်ဆိုရင်၊ ကျွန်တော်တို့က သခင့်ကို ယုံကြည်ပြီး ကျွန်တော်တို့ရဲ့အပြစ်တွေက ခွင့်လွှတ်ခံရပြီးဖြစ်တဲ့အတွက်၊ သခင်ကြွလာတဲ့အခါမှာ ကိုယ်တော်က ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ထဲကို တိုက်ရိုက် ချီဆောင်လိမ့်မယ်လို့ လူတော်တော်များများက တွေးကြတယ်။ တခြားသူတွေက “ကျွန်တော်တို့က ခဏခဏ အပြစ်မလုပ်ဘဲ မနေနိုင်ဘဲ၊ အပြစ်ရဲ့ ချည်နှောင်မှုကို မဖယ်ရှားနိုင်ဘူး၊ ဒါကြောင့် သူ့ရဲ့ နိုင်ငံတော်ထဲကို ကျွန်တော်တို့ တကယ် ဝင်ရောက်နိုင်ပါ့မလား” လို့တွေးရင်း သန့်ရှင်းသူသာ သခင့်ကို မြင်တွေ့နိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒီမေးခွန်းကို တချို့တွေက ကျွန်တော်တို့ အပြစ်ရှိပေမဲ့လည်း သခင်ယေရှုက ကျွန်တော်တို့ရဲ့ ထာဝရ အပြစ်ဖြေရာယဇ်ဖြစ်တာကြောင့် ကျွန်တော်တို့ အပြစ်တွေကို ဝန်ခံသမျှကာလပတ်လုံး သူက ကျွန်တော်တို့ကို ခွင့်လွှတ်မှာဖြစ်ပြီး အဲဒီနောက်မှာ သူက ကျွန်တော်တို့ကို အပြစ်ရှိတယ်လို့ မမြင်တော့တာကြောင့် ကျွန်တော်တို့က သူ့နိုင်ငံတော်ထဲကို ဝင်နိုင်လိမ့်မယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ကျွန်တော် ထင်တာက သခင်က ကျွန်တော်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေမဲ့လည်း၊ ကျမ်းစာထဲမှာ ဒီလိုပြောထားတယ်၊ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။” (ဟေဗြဲသြဝါဒစာ ၁၀:၂၆) ဒါက သခင်က ကျွန်တော်တို့ရဲ့ အပြစ်တွေကို အကြွင်းမဲ့ ထာဝရ ခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာကို သက်သေပြတာပဲ။ ဒါဆိုရင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲကို ဘယ်လိုများ ဝင်ရောက်ရမှာလဲ။ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး သန့်စင်ခြင်းလမ်းကြောင်းနဲ့ ဘုရားရဲ့နိုင်ငံတော်ထဲကို ဝင်ရောက်ခြင်းကို ရှာမတွေ့မချင်း ဒါကို ဘယ်တော့မှ သဘောမပေါက်နိုင်ဘူး။
ကျွန်တော်က ခရစ်ယာန် အိမ်ထောင်စုတစ်ခုမှာ မွေးဖွားလာပြီး ငယ်ငယ်လေးကတည်းက ကျွန်တော့်မိဘတွေနဲ့အတူ ဘုရားကျောင်းသွားခဲ့တယ်။ အသင်းတော် လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ အရွယ်ရောက်သူတစ်ယောက်အနေနဲ့ သခင့်အတွက် ကိုယ့်ကိုယ်ကိုယ် ပိုလို့တောင် စိတ်ထက်ထက်သန်သန်နဲ့ အသုံးခံခဲ့တယ်။ တစ်ခါတလေ မြို့ပြင် ဆုတောင်းခြင်း စုဝေးပွဲတွေလုပ်ဖို့ သင်းအုပ်ကို အဖော်တောင်လိုက်ပေးတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ စိတ်အားထက်သန်မှုတွေရှိပေမဲ့လည်း၊ စစ်မှန်တဲ့ ဝိညာဉ်ရေးရာ စိတ်ကျေနပ်မှုတစ်ခုမှ မရှိခဲ့ဘူး။ သင်းအုပ်ရဲ့ တရားဒေသနာတွေက အမြဲ ဒါတွေချည်းပဲ။ အသစ်တစ်ခုမှ မရှိသလို၊ ဉာဏ်အလင်းပေးတာမျိုးလည်း မရှိဘူး။ ပြီးတော့ ကျွန်တော့်အမြင်အရဆိုရင်တော့၊ သခင့်သွန်သင်ချက်တွေနဲ့ ကျွန်တော် အသက်မရှင်နိုင်ခဲ့ဘူး။ ကျွန်တော်က အပြစ်လုပ်ပြီး ဝန်ျတဲ့ သံသရာတစ်ခုမှာ အမြဲပိတ်မိနေခဲ့တယ်။ ဥပမာအနေနဲ့ ကျွန်တော့်အမေက ကျွန်တော့်မောင်နှမသားချင်းတွေကို လက်ဆောင်ဖြစ်ဖြစ်၊ ငွေဖြစ်ဖြစ် ပေးပေမဲ့၊ ကျွန်တော့်ကိုတော့ ရှားရှားပါးပါး ဘာတစ်ခုမှ မပေးတာကို ကျွန်တော်မြင်တဲ့အခါမှာ၊ ကျွန်တော် မနာလိုဖြစ်လာပြီး ဒေါသထွက်လာတယ်၊ ပြီးတော့ သူနဲ့ပတ်သက်ပြီး မကျေမနပ်ပြောတယ်။ အသင်းတော်အတွက် ကျွန်တော့်အစေခံမှုမှာ သင်းအုပ်က ကျွန်တော့်ကို အလုပ်တာဝန်ပေးတိုင်း၊ သူက ကျွန်တော့်ကို အခွင့်အရေး ပေးနေတာဖြစ်မယ်လို့ ကျွန်တော်ထင်မိတယ်။ ကျွန်တော်က မာနအပြည့်နဲ့ တခြား လုပ်ဖော်ကိုင်ဖက်တွေကို အထင်တောင်သေးလိုက်သေးတယ်။ ကျမ်းစာမှာ ဒီလိုပြောထားတယ်။ “လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) ဒါပေမဲ့ ကျွန်တော်က ဒီမနာလိုမှု၊ အမုန်းတရားနဲ့ တင်စီးတဲ့အတွေးတွေ ရှိနေတုန်းပဲ။ သူများတွေကို ကိုယ့်တမျှချစ်ပြီး လူအားလုံးနဲ့ သဟဇာတဖြစ်တာကို ရဖို့မဆိုထားနဲ့၊ ကျွန်တော်က ကိုယ့်မိသားစုနဲ့တောင် မသင့်မြတ်နိုင်ဘူး။ ကျွန်တော်က သန့်ရှင်းခြင်းကို မရခဲ့ပါဘူး။ သခင်က သန့်ရှင်းတယ်လေ၊ ဒါဆိုရင် ကျွန်တော့်လို လူတစ်ယောက်က သခင်ချီးကျူးတာကို ဘယ်လိုခံရပြီး သူ့နိုင်ငံတော်ထဲကို ဘယ်လိုဝင်နိုင်မှာလဲ။ ကျွန်တော်က တကယ်ကို မရှင်းမလင်း ဖြစ်ခဲ့ရတာကြောင့်၊ ကျွန်တော့်သင်းအုပ်နဲ့ ညီအစ်ကိုမောင်နှမတွေဆီက အကူအညီကို ရှာဖွေတယ်။ ဒါပေမဲ့ သင်းအုပ်က ခုတင်ပြောသွားခဲ့တယ်၊ “ယုံကြည်သူတွေအနေနဲ့ ကျွန်တော်တို့အပြစ်တွေက ခွင့်လွှတ်ခံရပြီးပါပြီ။ သခင်ယေရှုရဲ့ အပြစ်ဖြေရာယဇ်က ထာဝရ ထိရောက်ပါတယ်။ ဒါကြောင့် အတိတ်နဲ့အနာဂတ်မှာ ကျွန်တော်တို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအားလုံးအတွက်၊ သခင့်ကို ကျွန်တော်တို့ ဆုတောင်းပြီး ဝန်ခံသမျှ ကာလပတ်လုံး၊ သူက ကျွန်တော်တို့က အကြွင်းမဲ့ ခွင့်လွှတ်မှာပါ။ အဲဒီနောက် သခင်က ကျွန်တော်တို့ကို အပြစ်မဲ့သူတွေအဖြစ် မြင်မှာဖြစ်ပြီး ကျွန်တော်တို့က သူ့ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ခွင့်ရလိမ့်မယ်။ ကျွန်တော်တို့က သခင့်ကို ယုံကြည်ခြင်း ရှိရမယ်” တဲ့။ ဒါပေမဲ့ သင်းအုပ်ရဲ့စကားတွေက ကျွန်တော့် မရှင်းမလင်းဖြစ်နေတာကို မဖြေရှင်းပေးခဲ့ဘူး။ သခင်က ကျွန်တော်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေမဲ့ သမ္မာကျမ်းစာကလည်း ဘာဖြစ်လို့ ဒီလိုပြောထားတာလဲ။ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။” (ဟေဗြဲသြဝါဒစာ ၁၀:၂၆) ဒါဟာ သခင်က ကျွန်တော်တို့ အပြစ်တွေကို ထာဝရ အကြွင်းမဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူးဆိုတာကို သက်သေပြတယ်။ ကျွန်တော်က ဘာရှင်းလင်းမှုမှမရသေးတာကြောင့်၊ သခ့ရဲ့ချစ်ခြင်းမေတ္တာက အတိုင်းမသိဖြစ်ပြီး အနန္တဖြစ်လို့ သင်းအုပ်ပြောတာ မှန်ရင်မှန်နိုင်တယ်လို့ တွေးပြီးတော့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်တာပဲ လုပ်နိုင်ခဲ့တယ်။ ကျွန်တော်က ဆုတောင်းပြီး ဝန်ချသရွေ့၊ သူက ကျွန်တော်တို့အပေါ် အဲဒီအပြစ်တွေကို အမှတ်ထားမှာ မဟုတ်ဘဲ၊ သခင် ကြွလာတဲ့အခါမှာ သူက ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ထဲကို ချီဆောင်လိမ့်မယ်။ အဲဒီနောက်မှာ ကျွန်တော်က သခင်ကြွလာတဲ့အခါ သူ့နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ မျှော်လင့်ရင်း၊ သမ္မာကျမ်းစာကိုသာ ဆက်ဖတ်ပြီး ဝတ်ပြုဆုတောင်းပွဲတွေ တက်ခဲ့တယ်။
နောက်ပိုင်းမှာ အစ်မဝမ်၊ အစ်မလီတို့နဲ့ ကျွန်တော် အွန်လိုင်းမှာ ဆုံခဲ့တယ်။ ကျွန်တော်တို့အားလုံး ကျွန်တော်တို့ရဲ့ ယုံကြည်မှုမှာ အချင်းချင်း အားပေးလှုံ့ဆော်ရင်း၊ ကိုယ်တွေရဲ့အတွေးတွေကို ဝေမျှရင်း၊ တော်တော် စကားစမြည် ပြောဖြစ်ကြတယ်။ တစ်နေ့မှာ အစ်မဝမ်က ကျွန်တော့်ကို မေးတယ်၊ “ယုံကြည်သူတစ်ယောက်အနေနဲ့ အကြီးမားဆုံး မျှော်လင့်ချက်က ဘာလဲ” တဲ့။ “ဘုရားရဲ့နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ပေါ့” လို့ နည်းနည်းမှ မတွန့်ဆုတ်ဘဲ ကျွန်တော် ပြောလိုက်တယ်။ ပြီးတော့ သူက မေးတယ်၊ “ဒါဆိုရင် ဘယ်လိုလူမျိုးက ဘုရားသခင်ရဲ့နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်လဲဆိုတာ အစ်ကိုသိလား” တဲ့။
သူ အဲဒါကို ပြောတဲ့အခါမှာ၊ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒါက ငါ မရှင်းမလင်းဖြစ်နေခဲ့တဲ့ဟာ အတိအကျပဲ။ သခင့်နာမတော်နဲ့ ဗတ္တိဇံခံယူလိုက်လို့ ငါတို့အပြစ်တွေ ခွင့်လွှတ်ခံရပြီး ငါတို့က ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်တယ်လို့ ငါ့သင်းအုပ်နဲ့ အသင်းတော် သူငယ်ချင်းတွေအားလုံးက ပြောကြတယ်။ ဒီမေးခွန်းက သူ့မှာ ကွဲပြားတဲ့ထင်မြင်ချက်ရှိတယ်ဆိုတဲ့ သဘောလား” ပေါ့။ အဲဒီနောက် သူကပြောတယ်၊ “ကျွန်မ တွေးဖူးတယ်၊ ကျွန်မတို့ ယုံကြည်မှုမှာ၊ သခင့်နာမတော်ကို လက်ခံသရွေ့၊ သူ့ရဲ့နာမတော်မှာ ဆုတောင်းပြီး ဝန်ချသရွေ့၊ သခင်က ကျွန်မတို့အပြစ်တွေကို ခွင့်လွှတ်မှာဖြစ်ပြီး သူကြွလာတဲ့အခါ၊ သူက ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ထဲကို ချီဆောင်လိမ့်မယ်လို့ပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မ သဘောပေါက်သွားတာက သခင့်ကို ယုံကြည်လို့ ကျွန်မတို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရပေမဲ့လည်း၊ ကျွန်မတို့က အပြစ်လုပ်ပြီး သူ့ကို ခုခံနိုင်သေးတယ်လို့ပေါ့။ ဥပမာအနေနဲ့ ကျွန်မတို့က သူများတွေကို ကိုယ့်တမျှချစ်ဖို့၊ စိတ်ရှည်သည်းခံတာနဲ့ သူ့ကို ဘုန်းတော်ထင်ရှားစေဖို့ရာ အဆားနဲ့အလင်းဖြစ်ဖို့တို့ကို သခင်က တောင်းဆိုတယ်၊ ဒါပေမဲ့ ကျွန်မတို့က သေးနုပ်တဲ့အရာလေးတွေအပေါ် အမြဲ ပါဝင်ငြင်းခုံနေတယ်။ ကျွန်မတို့က စမ်းသပ်မှုတွေကို ရင်ဆိုင်ရာမှာ သခင့်ကို အပြစ်တင်ပြီး သစ္စာဖောက်တယ်။ ကျွန်မတို့က သူ့နိုင်ငံတော်ကို ဝင်ဖို့အတွက်သာ အလုပ်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံတယ်။ ဒါက အပေးအယူလုပ်နေတာပဲ။ ဒီနည်းနဲ့အသက်ရှင်တာက သခင့်အလိုတော်နဲ့ နည်းနည်းလေးမှ မကိုက်ညီဘူး။ သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ‘ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။’ (ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ‘ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၈:၃၄-၃၅) ဘုရားသခင်က သန့်ရှင်းပြီးဖြောင့်မတ်တယ်။ ကောင်းကင်နိုင်ငံတော်ကလည်း သူ့အုပ်စိုးမှုအောက်မှာပဲ။ အဲဒါက သန့်ရှင်းတဲ့ပြည်ပဲ။ ဘုရားသခင်က ညစ်ညမ်းသူတွေ သူ့ရဲ့သန့်ရှင်းတဲ့ပြည်ကို ညစ်နွမ်းအောင် လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ အမြဲ အပြစ်ကျူးလွန်ပြီး သခင့်ကို ခုခံနေတဲ့သူတွေက အပြစ်ရဲ့ ကျေးကျွန်တွေပဲ၊ ပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို လုံးလုံး ဝင်လို့မရဘူး။ ဘုရားက ကျွန်မတို့ကို အရမ်းကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီ၊ သူ့ရဲ့နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ ကျွန်မတို့က ကိုယ့်ယုံကြည်မှုမှာ ကိုယ့်ကိုယ်ကိုယ် ညစ်ညမ်းမှုတွေ ဖယ်ရှားပြီး သန့်စင်ခြင်းကို ရရှိရမယ်တဲ့”
အစ်မဝမ်ရဲ့ မိတ်သဟာယက ကျွန်တော့်ကို နက်နက်နဲနဲ တို့ထိခဲ့တယ်။ ကျွန်တော်ရဲ့ ယုံကြည်ခဲ့တဲ့နှစ်တွေအားလုံးကို ကျွန်တော် ပြန်တွေးလိုက်တယ်။ ကျွန်တော် နေ့တိုင်း သမ္မာကျမ်းစာဖတ်ပြီး ကျွန်တော့်အပြစ်တွေကို ဝန်ခံရင်း သခင့်ကို အကြိမ်ပေါင်းများစွာ ဆုတောင်းခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်တို့က အပြစ်ကျူးလွန်ပြီး ဝန်ခံတဲ့ သံသရာမှာ ပိတ်မိနေတုန်းပဲ။ ကိစ္စသေးသေးမွှားမွှားတွေနဲ့ပတ်သက်ပြီး ကျွန်တော့်မိဘတွေနဲ့ ကျွန်တော် တော်တော်အငြင်းပွားတယ်၊ ပြီးတော့ ကျွန်တော် ညီအစ်ကိုမောင်နှမတွေကို မနာလိုဖြစ်တယ်။ အသင်းတော်မှာ ကျွန်တော်က တခြားအသင်းသားတွေကို သရော်ကဲ့ရဲ့ပြီး အထက်စီးက ဆက်ဆံတယ်။ နှစ်နဲ့ချီ ယုံကြည်ခဲ့ပြီးနောက်မှာ၊ ကျွန်တော်က အခြေခံ စိတ်ရှည်သည်းခံခြင်းကိုတောင် လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ ကျွန်တော်က သေချာပေါက် သန့်စင်ခြင်းမခံခဲ့ရသေးသလို၊ ကောင်းကင်နိုင်ငံတော်နဲ့ မထိုက်တန်ခဲ့ပါဘူး။
ဒါကြောင့် အစ်မဝမ်ကို ကျွန်တော် ပြောလိုက်တယ်၊ “အစ်မ မှန်တယ်။ ကျွန်တော်တို့ ယုံကြည်မှုမှာ ကျွန်တော်တို့က ခဏခဏ လိမ်ပြီး အပြစ်လုပ်ကြတယ်၊ အပြစ်ကနေ ကိုယ့်ကိုယ်ကိုယ် မလွတ်မြောက်နိုင်ဘူး။ အဲဒါကို ကျွန်တော် တကယ်ကို နားလည်လို့ရတယ်။ ဒါက အမြဲတမ်း ကျွန်တော့်ကို အရမ်း မရှင်းမလင်းဖြစ်စေတယ်။ ကျွန်တော်တို့ အမြဲ အပြစ်လုပ်တဲ့အခါ၊ ဘုရားသခင်ရဲ့နိုင်ငံတော်ကို ကျွန်တော်တို့ တကယ် ဝင်ရောက်နိုင်ပါ့မလား။ ကျွန်တော့်သင်းအုပ်နဲ့ တခြား အသင်းသားတွေရဲ့ အကြံပြုချက်ကို ကျွန်တော် ရှာခဲ့ပေမဲ့၊ လက်သင့်ခံနိုင်လောက်တဲ့ အဖြေတစ်ခု ဘယ်တော့မှ မရခဲ့ဘူး။ ကျွန်တော်တို့ မိတ်သဟာယကတစ်ဆင့်၊ နောက်ဆုံးမှာ နားလည်မှုတချို့ ကျွန်တော် ရလာတယ်။ အပြစ်အမြဲလုပ်ပြီး သန့်စင်ခြင်းမခံရသေးတဲ့ ယုံကြည်သူတွေက ဘုရားရဲ့နိုင်ငံတော်ထဲကို ဝင်လို့မရဘူးပဲ။ ဒါပေမဲ့ ကျွန်တော် နားမလည်သေးဘူး၊ ယုံကြည်သူတွေအနေနဲ့ ကျွန်တော်တို့ရဲ့အပြစ်တွေကို သခင်က ခွင့်လွှတ်ပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့က ဘာဖြစ်လို့ဆက်ပြီး အပြစ်လုပ်နေတာလဲ” လို့ပေါ့။
ကျွန်တော့်မေးခွန်းကို ဖြေတဲ့အနေနဲ့၊ အစ်မဝမ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်နည်းနည်းကို ဖတ်ပြတယ်လေ။ “လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)
အဲဒီနောက်မှာ သူက ကျွန်တော်နဲ့ မိတ်သဟာယ ဝေမျှခဲ့တယ်၊ “ကျေးဇူးတော်ခေတ်အတောအတွင်းမှာ၊ သခင်ယေရှုက ရွေးနုတ်ခြင်း အမှုကိုသာ ပြုခဲ့တယ်၊ လူသားမျိုးနွယ်ရဲ့ သန့်စင်ခြင်း၊ ဒါမှမဟုတ် ပြောင်းလဲခြင်း အမှုကို ပြုခဲ့တာ မဟုတ်ဘူး။ ပညတ်တော်ခေတ် နှောင်းပိုင်းမှာ လူတွေက ပညတ်တော်ကို မလိုက်နာလို့ သေဒဏ်ပေးခံရတဲ့ အန္တရာယ်ကျရောက်ခဲ့တယ်ဆိုတာ ကျွန်မတို့ အားလုံး သိကြပါတယ်။ ဘုရားသခင်က လူတွေ ဒါအတွက် အသတ်ခံရတာကို မကြည့်ရက်နိုင်ဘူး၊ ဒါကြောင့် သူက လူ့ဇာတိခံယူပြီး လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်တစ်ခုအဖြစ် ကားစင်အတင်ခံခဲ့ပြီး၊ လူတွေကို သူတို့အပြစ်တွေကနေ ရွေးနုတ်ခဲ့တယ်လေ။ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို ရတာ၊ ဝန်ခံတာနဲ့ နောင်တရတာတို့ကြောင့်၊ လူတွေရဲ့အပြစ်တွေက ခွင့်လွှတ်ခံရပြီး သူတို့က ပညတ်တော်အောက်မှာ သေဒဏ်ကို ရင်မဆိုင်ရတော့ဘူး။ သူတို့က သခင်ပေးအပ်တဲ့ ကြွယ်ဝတဲ့ ကျေးဇူးတော်၊ ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကိုလည်း ပျော်မွေ့ခံစားနိုင်တယ်။ ဒီအပြစ်တွေကိုခွင့်လွှတ်ခြင်းက ပညတ်တော်အောက်မှာ စီရင်ခံရပြီး အသတ်ခံရတာကနေ လွတ်မြောက်တာကို ရည်ညွှန်းတယ်လေ။ ဒါပေမဲ့ အဲဒါက လူဟာ အပြစ်ကလွတ်သွားပြီ၊ ဒါမှမဟုတ် လူက ဘယ်တော့မှ ထပ်အပြစ်လုပ်မှာ မဟုတ်ဘူးလို့ မဆိုလိုပါဘူး။ ကျွန်မတို့အပြစ်တွေက ကျွန်မတို့ ယုံကြည်မှုတစ်ဆင့် ခွင့်လွှတ်ခံရပေမဲ့၊ ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့သဘာဝက ကျွန်မတို့ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတုန်းပဲ။ ကျွန်မတို့တွေက မာနထောင်လွှားတာ၊ လှည့်စားတာ၊ ဆိုးယုတ်တာ၊ ရက်စက်တာအပြင် တခြား ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နှက်နေတယ်။ ကျွန်မတို့က ကိုယ့်အသိစိတ်ကို ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လိမ်ညာပြီး လှည့်စားတယ်လေ။ လူတွေက ကျွန်မတို့ ပြုမူစေချင်တဲ့နည်းလမ်းနဲ့ မပြုမူရင်၊ ကျွန်မတို့ စိတ်တိုပြီး သူတို့ကို အပြစ်တင်ဆူပူတယ်။ ကျွန်မတို့က ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်ပြီး အကျိုးအမြတ်ကို ရှာတယ်၊ မနာလိုဖြစ်ပြီး ရန်လိုတယ်။ ကျွန်မတို့က ဆိုးယုတ်တဲ့ လောကီရေပန်းစားမှုတွေကိုလည်း လိုက်စားပြီး ဇာတိပကတိရဲ့ ပျော်ရွှင်မှုတွေကို အရသာခံတယ် စတာတွေပေါ့။ အပြစ်လုပ်တာက သခင့်ရဲ့အလိုတော်ကို လိုက်နာတာမဟုတ်ဘူးဆိုတာကို ကျွန်မတို့ သိပြီးတော့၊ နောင်တရဖို့နဲ့ ဝန်ခံဖို့ သခင့်ရှေ့ကို ခဏခဏ လာကြပေမဲ့၊ အဲဒီနောက်မှာ ကျွန်မတို့ ဆက်ပြီး အပြစ်လုပ်ကြတယ်။ ဒါတွေအားလုံးက ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝရဲ့ ရလဒ်ပါပဲ။ ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝရဲ့ အခြေခံ အကြောင်းတရားကို ကျွန်မတို့ မဖြေရှင်းလို့ကတော့၊ ကျွန်မတို့ အပြစ်တွေကလည်း အမြစ်ကနေ ပြန်ပေါက်လာတဲ့ ပင်စည်ကနေ ဖြတ်လိုက်တဲ့ ပေါင်းပင်တွေလို ဖြစ်မှာပဲ” လို့ပြောတယ်။ “ကျွန်မတို့အပြစ်ရှိခြင်းရဲ့ အရင်းအမြစ်ကို လုံးလုံးလျားလျား ဖြေရှင်းဖို့ဆိုတာ၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို ကျွန်မတို့ လိုအပ်တယ်။ ဒါဟာ ကျွန်မတို့ရဲ့အပြစ်ရှိတဲ့ သဘာဝကို ဖြေရှင်းပြီး ကောင်းကင်နိုင်ငံတော်နဲ့ထိုက်တန်ဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ။”
အစ်မဝမ်ရဲ့ မိတ်သဟာယကို နားထောင်အပြီးမှာ၊ အပြစ်ကို ခွင့်လွှတ်တာက သခင်ယေရှုက ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ခဲ့တာကို ဆိုလိုတာဖြစ်တယ်၊ ကျွန်တော်တို့က အပြစ်မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာကို ကျွန်တော် နားလည်ခဲ့ရတယ်။ အဲဒါဟာ ကျွန်တော့်သင်းအုပ် ခိုင်ခိုင်မာမာပြောသလို သခင်က ကျွန်တော်တို့အပြစ်တွေကို ထာဝရ ခွင့်လွှတ်လိမ့်မယ်လို့ ဆိုလိုတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ မိတ်သဟာယက အရမ်းကို လက်တွေ့ကျပြီး သမ္မာကျမ်းစာနဲ့ လုံးလုံး ကိုက်ညီတယ်။ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။” (ဟေဗြဲသြဝါဒစာ ၁၀:၂၆) သင်းအုပ်ပြောတဲ့ဟာက ကျွန်တော့်ကို အရမ်း မရှင်းမလင်းဖြစ်ကျန်ရစ်စေခဲ့ဖူးတာ။ သခင်က သန့်ရှင်းတယ်။ ကျွန်တော်တို့က တစ်ချိန်လုံး အပြစ်လုပ်နေရင်တောင် သူက ကျွန်တော်တို့ကို တကယ်ကို သူ့နိုင်ငံတော်ထဲကို ခေါ်သွားမှာလားပေါ့။ ကျွန်တော့်မှာ အဲဒါကို နားမလည်နိုင်သလို၊ တခြားလမ်းလည်း မတွေ့ခဲ့ဘူး၊ ဒါကြောင့် သခင်ကြွလာတဲ့အခါမှာ ကျွန်တော့်အပြစ်ကို သူက မကြည့်ဘဲ၊ သူ့နိုင်ငံတော်ထဲကို ကျွန်တော်တို့ကို တည့်တည့်မတ်မတ် ခေါ်သွားမှာကိုသာ မျှော်လင့်ရင်း၊ သင်းအုပ်ပြောတဲ့ဟာကိုသာ ယုံကြည်ခဲ့ပြီး သမ္မာကျမ်းစာကို ဆက်ဖတ်တယ်၊ ဆက်ဆုတောင်းပြီး ဝန်ခံတယ်လေ။ အခု ပြန်တွေးကြည့်ရင်၊ အဲဒါက တကယ့်ကို သဘာဝမကျတဲ့ အယူအဆပဲ။ သခင်က သူပြန်ကြွလာရာမှာ လူကို သန့်စင်ဖို့ တရားစီရင်ခြင်းအမှုကိုပြုလိမ့်မယ်လို့ အစ်မဝမ်က ပြောလို့၊ ဘုရားသခင်က ဒီအမှုကို ဘယ်လို အတိအကျပြုမယ်ဆိုတာ မေးဖို့ သူ့ဆီကို ကျွန်တော် အပြေးအလွှား သွားလိုက်တယ်။
သူက စိတ်ရှည်လက်ရှည် ဖြေပေးခဲ့တယ်၊ “သမ္မာကျမ်းစာမှာ ဒါနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ အများကြီးပါတယ်။ ဥပမာအနေနဲ့ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ‘ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။’ (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူတွေကို အပြစ်ကနေ လုံးလုံး လွတ်မြောက်စေပြီး၊ သန့်စင်ရင်း၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပြောင်းလဲစေရင်း၊ လူသားမျိုးနွယ်ကို တရားစီရင်ဖို့နဲ့ သန့်စင်ဖို့ သမ္မာတရားတွေ ဖော်ပြမယ်ဆိုတာကို ဒီကျမ်းပိုဒ်တွေက ပြတယ်လေ။ အဲဒီအခါကျမှသာ လူဟာ ဘုရားသခင်ရဲ့နိုင်ငံတော်ထဲ ဝင်ဖို့ ထိုက်တန်လိမ့်မယ်။ အခု သခင်ယေရှုက နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီးပြီ။ သူက လူသားရဲ့ အပြစ်ရှိတဲ့သဘာဝနဲ့ ဆိုးယုတ်တဲ့စိတ်သဘောထားတွေကို ဖြေရှင်းဖို့နဲ့ နောက်ဆုံးမှာ လူသားမျိုးနွယ်ကို စာတန်ရဲ့အုပ်စိုးမှုက ကယ်တင်ဖို့ သူက သမ္မာတရားကို ဖော်ပြပြီး ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုနေတယ်။” တဲ့။
အစ်မဝမ်က ကျွန်တော့်ကို ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရွတ်ခြင်း ဗီဒီယိုနှစ်ခုကို ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) “တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))
အစ်မဝမ်က မိတ်သဟာယပြုခဲ့တယ်၊ “နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြပြီးတော့ ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်ရဲ့နက်နဲမှုတွေကို ဖွင့်ပြတယ်။ ဘုရားသခင်ရဲ့အမှုတော် အဆင့်သုံးဆင့်၊ ဘုရားနာမတော်ရဲ့ နက်နဲမှုတွေ၊ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေနဲ့ ဘုရားသခင်က တရားစီရင်ခြင်းအမှုကို လုပ်ဆောင်တဲ့ပုံစံ တို့လိုမျိုး ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်ရဲ့နက်နဲမှုတွေကို ဖွင့်ပြတယ်။ ကျွန်မတို့ရဲ့ယုံကြည်ခြင်းမှာ ကျွန်မတို့ လက်တွေ့လုပ်ဆောင်သင့်တဲ့ သမ္မာတရားအားလုံးကိုလည်း ရှင်းလင်းစေတယ်၊ ဥပမာအနေနဲ့ ဘုရားသခင်နဲ့ ပုံမှန် ဆက်ဆံရေးကို ဖန်တီးတဲ့နည်းလမ်း၊ သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်ဖို့နည်းလမ်း၊ ဘုရားသခင်ကို ချစ်ဖို့နဲ့ နာခံဖို့နည်းလမ်း၊ ဘုရားသခင်ကို ဘယ်လိုယုံကြည်ပြီး သူ့အလိုတော်နဲ့အညီ ဘယ်လို အစေခံဖို့ စတာတွေပေါ့။ ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ အပြစ်ရှိတဲ့၊ ဘုရားသခင်ကို ခုခံတဲ့သဘာဝနဲ့ ဆိုးယုတ်တဲ့စိတ်သဘာဝမျိုးစုံတို့ကိုလည်း တရားစီရင်ပြီး ဖော်ထုတ်တယ်လေ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုကတစ်ဆင့်၊ ကျွန်မတို့က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို ဘယ်လောက် ပြင်းပြင်းထန်ထန် ခံထားရတယ်ဆိုတာရယ်၊ ကျွန်မတို့က မာနထောင်လွှားတာ၊ လှည့်စားတာနဲ့ ဆိုးယုတ်တာလိုမျိုး ဆိုးယုတ်တဲ့စိတ်သဘောထားတွေနဲ့ ဘယ်လိုပြည့်နေတယ်ဆိုတာရယ်ကို ကျွန်မတို့ မြင်ရတယ်။ ကျွန်မတို့က လူ့သဘာဝရဲ့ ဆင်တူမှုနဲ့ နည်းနည်းမှ အသက်ရှင်နေထိုင်တာ မဟုတ်ဘဲ၊ စာတန်ရဲ့ ပြယုဂ်တွေဖြစ်ပြီး ဘုရားသခင်ရှေ့မှာ အသက်ရှင်ဖို့ မထိုက်တန်ပါဘူး” လို့ပြောတယ်။ “ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားလို့မရနိုင်တဲ့ စိတ်သဘောထားကိုလည်း ကျွန်တော်တို့ သိနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် စမုန်းလာပြီး ရွံရှာတယ်၊ ပြီးတော့ ဘုရားသခင်ဆီမှာ နောင်တရနိုင်တယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက တဖြည်းဖြည်းနဲ့ သန့်စင်ပြီး ပြောင်းလဲလာနိုင်တယ်၊ ပြီးတော့ ကျွန်တော်တို့က ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနဲ့ ကျိုးနွံနာခံခြင်းတချို့ကို ရနိုင်တယ်။” အဲဒီနောက်မှာ အစ်မဝမ်က ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို သူလက်ခံခဲ့တဲ့ အတွေ့အကြုံကို ဝေမျှခဲ့တယ်။ အရင်က သူ့ယုံကြည်မှုမှာ သခင့်အတွက် သူ့ကိုယ်သူ အသုံးခံပြီး၊ အများကြီးစွန့်လွှတ်တယ်၊ ဆင်းရဲဒုက္ခကို တွေ့ကြုံပြီး ပေးဆပ်မှုတွေလုပ်ခဲ့တဲ့အတွက်၊ သူက သခင့်ကို ပိုချစ်ပြီး သူများတွေထက်သာတယ်လို့ သူတွေးခဲ့တယ်။ သူက သခင့်ကို အချစ်ဆုံးဖြစ်ပြီးတော့ သရဖူဆောင်းခံရဖို့နဲ့ ဆုလာဘ်ချီးမြှင့်ခံရဖို့ အသင့်တော်ဆုံးဖြစ်တယ်လို့တွေးရင်း၊ ဒါကို အရင်းအနှီးပြုပြီး သူများတွေကို အထင်သေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးနောက်မှာ၊ ဘုရားသခင်ရဲ့ လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနဲ့ ဖော်ထုတ်ခြင်း နှုတ်ကပတ်တော်တွေကို သူဖတ်ခဲ့ရတယ်။ အခုပြောပြမယ့် ကျမ်းပိုဒ်ကို သူတွေ့ခဲ့တယ်။ “မိမိကိုယ်ကိုသိခြင်း၏ သမ္မာတရားကို အမှန်တကယ်သိရန် ပို၍ကြိုးစားအားထုတ်လျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် သူ့အတွက် စက်ဆုပ်ဖွယ်ကောင်းနေသနည်း။ သင်တို့၏ စကားပြောခြင်းသည် အဘယ်ကြောင့် သူ၏ရွံရှာမှုကို နှိုးဆွပေးနေသနည်း။ သင်တို့သည် သစ္စာစောင့်သိမှုအနည်းငယ်ကို ပြသပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြောဆိုကြပြီး၊ အနည်းငယ် ထည့်ဝင်လှူဒါန်းရခြင်းအတွက် ဆုလာဘ်တောင်းဆိုကြသည်၊ သင်တို့သည် နာခံမှု အသင့်အတင့်ပြနိုင်လျှင် သူတစ်ပါးကို အထင်အမြင်သေးပြီး၊ သေးငယ်သောအမှုတစ်ခုခုကို ပြီးမြောက်လျှင် ဘုရားသခင်ကို ပမာမခန့်ပြုလာကြ၏။...သင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြောင်း အသေအချာ သိသော်ငြားလည်း သင်တို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့တွင် ကောင်းကျိုး လုံးဝမရှိကြောင်းကို အသေအချာ သိသော်ငြားလည်း သင်တို့သည် မလျှော့တမ်း ဝါကြွားကြ၏။ သင်တို့တွင် မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း မရှိတော့သည်အထိ သင်တို့၏အသိစိတ်သည် ယိုယွင်းလာခဲ့ပြီကို သင်တို့ မခံစားရပေသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) ဒါကို ဖတ်ပြီးတော့ သူက ပူပန်သောကရောက်ပြီး အရှက်ရတာပေါ့။ အဲဒီနောက်မှာ သူ့ရဲ့ မာနထောင်လွှားတဲ့ ဆိုးယုတ်တဲ့သဘာဝရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့လို့၊ သရဖူဆောင်းခံရဖို့ ထိုက်တန်တယ်လို့တောင် သူကတွေးရင်း၊ အမြဲ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်နေပြီး သူများတွေကို အထက်စီးကဆက်ဆံနေတယ်၊ သူ့ရဲ့ အသုံးခံမှုက ဘုရားသခင်ကို ချစ်လို့၊ ဒါမှမဟုတ် သူ့ကို စိတ်ကျေနပ်စေချင်လို့ မဟုတ်ဘဲ၊ ကောင်းချီးမင်္ဂလာတွေရဖို့ အပေးအယူလုပ်တာပဲဆိုတာကို သူသဘောပေါက်လိုက်တယ်။ သူ့ရဲ့ မသိနားမလည်တာ၊ တစ်ကိုယ်ကောင်းဆန်တာနဲ့ စက်ဆုပ်ဖို့ကောင်းတာအပြင် သူ့ယုံကြည်ခြင်းရဲ့ မသန့်စင်တာကိုလည်း သူ နားလည်လာခဲ့တယ်။ သူက ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ပြည့်နေတုန်းပဲ ဆိုတာရယ်၊ နည်းနည်းမှ မပြောင်းလဲသေးတာရယ်၊ သူက ကောင်းချီးခံစားရဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ရဖို့တို့ကို အရှက်မရှိ မတော်တရော် မျှော်လင့်နေတာရယ်ကို သူတွေ့လိုက်ရတယ်။ သူက သူ့ကိုယ်သူ မုန်းပြီး ရွံရှာလာသလို၊ သူက တခြားလူတွေထက် သာတယ်လို့လည်း မတွေးတော့ဘူး။ ဘုရားသခင်အတွက် သူ့ချစ်ခြင်းနဲ့ပတ်သက်ပြီး မကြွားရဲတော့ဘူး၊ ဒါမှမဟုတ် ဘုရားက သူ့ကို သရဖူဆောင်းဖို့ကို မတောင်းဆိုရဲတော့ဘူး။ အဲဒီအစား သူက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို သဘောရိုးနဲ့လက်ခံခဲ့တယ်၊ သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားဖို့ ကြိုးစားခဲ့ပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ သူ့တာဝန်ကို အစွမ်းကုန် ဖြည့်ဆည်းတယ်လေ။
အစ်မဝမ်ရဲ့ မိတ်သဟာယကို ကြားပြီးနောက်မှာ ဘုရားသခင်က နောက်ဆုံးသောကာလမှာ သူ့ရဲ့ တရားစီရင်ခြင်းအမှုတော်ကို ဘယ်လိုဆောင်ရွက်တယ်ဆိုတာနဲ့ပတ်သက်ပြီး ပိုကောင်းတဲ့ နားလည်မှုရခဲ့တယ်။ သူ့အတွေ့အကြုံနဲ့ သက်သေခံချက်တို့က ကျွန်တော့်အတွက် အရမ်းလက်တွေ့ကျပြီး အထောက်အကူဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှသာ အစ်မဝမ်က သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်လာတယ်၊ ပြီးတော့ ဒီစိတ်သဘောထားက သူ့ကို သူများတွေအပေါ် လှည့်စားစေပြီး အထက်စီးကဆက်ဆံစေတယ်ဆိုတာကို သဘောပေါက်ခဲ့ရတယ်။ ကျွန်တော်လည်း အဲဒီလိုပါပဲ။ သင်းအုပ်က ကျွန်တော့်ကို အခွင့်အရေးပေးပြီး အကူအညီတောင်းခဲ့တယ်၊ ဒါကြောင့် ကျွန်တော်က ကျွန်တော့် ညီအစ်ကိုမောင်နှမတွေထက်သာတယ်လို့ တွေးပြီး သူတို့ကို အထင်သေးတာပေါ့။ အိမ်မှာ လူတိုင်းရဲ့ဘဝတွေက ကျွန်တော့်ကို ဗဟိုပြုသင့်တယ်လို့ အမြဲတွေးခဲ့တာ။ အဲဒါကလည်း မာနထောင်လွှားတာပဲလေ။ ကျွန်တော်လည်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့် သန့်စင်ခံရပြီး ပြောင်းလဲနိုင်တယ်လို့ နားလည်ခဲ့တယ်။ ကျွန်တော်တို့ အဲဒီညက မိုးချုပ်တဲ့အထိ စကားပြောခဲ့တယ်။ ဝိညာဉ်ရေးရာ အာဟာရနဲ့ စိတ်ကျေနပ်မှုတွေ အများကြီး ကျွန်တော် ရခဲ့ပါတယ်။
နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်တော် အကျယ်တဝင့် ဖတ်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေက ဘုရားအမှုရဲ့နက်နဲမှုတွေ နောက်ကွယ်က သမ္မာတရားကို ဖော်ပြရုံသာမကဘဲ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကိုလည်း ဖယ်ရှားပုံနည်းလမ်း အသေးစိတ်ရယ်၊ အဓိပ္ပာယ်ရှိတဲ့အသက်တာကို ရှင်သန်ဖို့နည်းလမ်းရယ်၊ သမ္မာတရားရဲ့ တခြားသွင်ပြင်လက္ခဏာ အများကြီးရယ်ကိုလည်း ဖော်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး ဘုရားအသံတော် ဖြစ်တယ်ဆိုတာကို ကျွန်တော် သဘောပေါက်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာကို ကျွန်တော် လုံးလုံးသေချာပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို စနစ်တကျ လက်ခံခဲ့တယ်။ အပြစ်ရဲ့လက်ခုပ်ထဲက ရုန်းထွက်နိုင်စွမ်းမရှိဘဲ အပြစ်မှာ ရှင်သန်ခဲ့တဲ့နှစ်တွေ၊ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်တဲ့နည်းလမ်းနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေခဲ့ပုံတွေကို ကျွန်တော် ပြန်တွေးမိတယ်။ အခုတော့ ကျွန်တော်က သန့်စင်ခြင်းနဲ့ ကောင်းကင်နိုင်ငံတော်ဆီ လမ်းကြောင်းကို နောက်ဆုံးတော့ ရှာတွေ့ပြီလေ။ အနန္တတန်ခိုးရှင် ဘုရားသခင် ကျေးဇူးတော်ပါပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။