ကျမ်းစာတစ်အုပ်လုံးကို ဘုရားသခင်၏ မှုတ်သွင်းခြင်းအားဖြင့် ပေးထားခြင်း ဖြစ်ပါလား

03.08.2022

ကျောက်ကွမ်း တရုတ်နိုင်ငံ

၁၉၈၈ ခုနှစ်မှာ ကျွန်တော့် ဝမ်းကွဲအစ်ကိုက သခင်ယေရှု ဧဝံဂေလိတရားကို လာဝေမျှတယ်။ ကျမ်းစာအုပ်တစ်အုပ် သူ ယူလာပြီး၊ ကျမ်းတစ်အုပ်လုံးကို ဘုရား မှုတ်သွင်းထားတဲ့ အကြောင်း၊ အထဲမှာရှိတဲ့ အရာတိုင်းက ဘုရားနှုတ်ကပတ်တော် ဖြစ်တဲ့အကြောင်းနဲ့ အတွင်းမှာ ဘုရားနိုင်ငံတော်နဲ့ ထာဝရအသက် လမ်းကြောင်းရှိတဲ့အကြောင်း ပြောပြတယ်။ ထာဝရအသက် ရနိုင်တယ်လို့ ကြားရတော့ ကျွန်တော် ချက်ချင်း သိချင်သွားပြီး၊ နောက်ပိုင်းမှာ အချိန်ရတဲ့အခါ ကျမ်းစာဖတ်ခဲ့တယ်။ သခင်ယေရှုက လူသားမျိုးနွယ်ရဲ့ ရွေးနှုတ်ရှင်ဖြစ်တဲ့ အကြောင်း မကြာခင် ကျွန်တော် သိသွားပြီး သူ့ကို လက်ခံခဲ့တယ်။ ဘုရားကို ရှာတာနဲ့ပတ်သက်လို့ ကျွန်တော်က စိတ်ပြင်းပြလို့၊ နောက်ပိုင်းမှာ တွဲဖက် အမှုဆောင်ဖြစ်လာခဲ့ပြီး၊ အသင်းတော်မှာ ဧဝံဂေလိလုပ်ပြီး တရားစဟောခဲ့တယ်။ ကျမ်းစာက ကျွန်တော့် ယုံကြည်ခြင်းအတွက် အခြေခံအုတ်မြစ်နဲ့ လမ်းပြပဲလို့ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တယ်။

နှစ်အနည်းငယ်အတွင်းမှာ၊ အသင်းတော်က ခြောက်ကပ်သွားပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ခံစားဖို့ ပိုခက်သွားတယ်။ ယုံကြည်သူ အများစုက မတက်မကြွဖြစ်ပြီး အားနည်းကြတယ်၊ သူတို့ယုံကြည်ခြင်းက အေးစက်သွားပြီး တော်တော်များများက လောကီထဲကိုတောင် ပြန်သွားကြတယ်။ ဒီအရာအားလုံးကို ရင်ဆိုင်ရတော့ ကျွန်တော် ပူပန်ပြီး အကူအညီမဲ့သွားသလို၊ စိတ်နှလုံးက အားနည်းသွားခဲ့တယ်။ သခင်က ကျွန်တော်တို့ကို စွန့်ပစ်သွားပြီများ ဖြစ်နိုင်မလား။ ဒါပေမဲ့ သခင်က ဒီလို ပြောတာ တွေးမိတိုင်း၊ “အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၂)သူ့နောက်ကို စစ်မှန်တဲ့ စိတ်နှလုံးနဲ့ လိုက်သူတွေကို နှိပ်စက်မှာ မဟုတ်ဘူးလို့ ယုံကြည်ပြီး၊ သခင့်အတွက် ကိုယ့်ကိုယ်ကိုယ် ဆက်အသုံးခံခဲ့တယ်။ စိတ်နှလုံးထဲမှာ မကြာခဏ ဆုတောင်းပြီး ယုံကြည်ချက်ကို အားကောင်းစေဖို့ သခင့်ကို တောင်းလျှောက်ခဲ့တယ်။ ဒီအချိန်မှာပဲ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ဆိုတဲ့ အသင်းတော်က ပေါ်ထွက်လာတယ်။ သူတို့က သခင် ပြန်ကြွလာနှင့်ပြီးပြီ၊ သမ္မာတရားတွေကို ဖော်ပြနေပြီး နောက်ဆုံးသော ကာလထဲက တရားစီရင်ခြင်း အမှုကို ဆောင်ရွက်နေတယ်လို့ သက်သေခံကြတယ်။ သခင့်ထဲက ကျွန်တော့် ညီအစ်ကို မောင်နှမတွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆီ ပြောင်းလဲသွားကြတယ်။ ကျမ်းစာက ဘုရားနဲ့ လူနှစ်ဦးလုံးရဲ့ စကားတွေ ပါရှိတယ်လို့ သူမိတ်သဟာယပြုတာ ကြားခဲ့ရပြီး ကျွန်တော် လက်မခံနိုင်ခဲ့ဘူး။ ကျမ်းစာက ဒီလို ရှင်းရှင်း ဖော်ပြထားတယ်လေ။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၃:၁၆) ကျမ်းစာထဲက အရာရာတိုင်းက ဘုရားရဲ့ နှုတ်ကပတ်တော်ဖြစ်တယ်၊ ဒါကို သင်းအုပ်နဲ့ အကြီးအကဲတွေက တစ်ချိန်လုံး ပြောနေကြတာပဲ။ ဒီတော့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ပြောတဲ့အရာက ကျမ်းစာနဲ့ ဆန့်ကျင်ပြီး သခင့်ကို သစ္စာဖောက်နေတာ မဟုတ်လား။ ဒါကြောင့်၊ ကျွန်တော်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို အရမ်းဆန့်ကျင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး၊ ကျွန်တော်တို့ အစည်းအဝေးတွေ အများစုက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဘယ်လို သတိထားပြီး တွန်းလှန်ရမယ် ဆိုတာနဲ့ သိုးတွေ မဆုံးရှုံးအောင် အသင်းတော်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာတွေပဲ ဆွေးနွေးခဲ့ကြတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ကျွန်တော်တို့ သိုးတွေကို မခိုးအောင် ကာကွယ်ဖို့၊ ညီအစ်ကို မောင်နှမတွေကို ကျွန်တော် ပြောလိုက်တယ်။ ကျမ်းစာက လုံးလုံးလျားလျား ဘုရား မှုတ်သွင်းထားတာဖြစ်ပြီး အထဲမှာ ဘုရားနှုတ်ကပတ်တော်တွေအားလုံး ရှိတယ်။ ဘုရားကို ယုံကြည်ရင်၊ ကျမ်းစာကနေ သွေဖည်လို့ မရဘူး။ အဲဒီလိုလုပ်တာက အယူလွဲဖြစ်မှာပဲလို့ပေါ့။ ဒီလိုနဲ့ သူတို့ကို နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို စုံစမ်းရာကနေ တားနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သူတို့ ဆက်လက်ခံနေတုန်းပဲ။

တစ်ခါ၊ အသင်းတော် စုဝေးပွဲအပြီး အိမ်ပြန်လာပြီးတဲ့နောက်မှာ ကျွန်တော့် မိန်းမ မုန့်ဖုတ်နေတာ တွေ့ပြီး၊ သူ့ဘေးမှာ အသက်၆၀ အရွယ် မိန်းမကြီးတစ်ယောက် ထိုင်နေတာ တွေ့ရတယ်၊ လက်ထဲမှာလည်း စာအုပ်တစ်အုပ် ကိုင်ထားပြီး သူနဲ့ မိတ်သဟာယပြုနေတယ်။ အဲဒီမိန်းမက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှန်း ချက်ချင်း ကျွန်တော် တွက်မိလိုက်ပြီး ကျွန်တော့် အမူအရာ မရွှင်တော့ဘဲ၊ “ခင်ဗျားတို့က ကျမ်းစာကို ငြင်းပြီး စွန့်ပစ်ကြတာတောင် ဘုရားကို ယုံကြည်တယ်လို့ အခိုင်အမာပြောနေတုန်းပဲပေါ့။ ဒီကနေ ထွက်သွား” လို့ ပြောလိုက်တယ်။ အစ်မကြီးက ကျွန်တော့်ကို စိတ်ရှည်ရှည်နဲ့ ပြောတယ်၊ “မောင်လေး၊ စိတ်မချမ်းမသာ မဖြစ်ပါနဲ့။ ကြောင်းကျိုးမမြင်ဘဲ ကောက်ချက်မချလိုက်ပါနဲ့။ အစ်မတို့လည်း ကျမ်းစာဖတ်လေ့ရှိပြီး ဒီကျမ်းပိုဒ်ကို ခံယူပါတယ်။ ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊’ (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၃:၁၆) ဆိုလိုတာက ကျမ်းစာထဲက စကားလုံးတွေအားလုံး ဘုရားနှုတ်ကပတ်တော်တွေပဲ။ နောက်ပိုင်းမှာမှ ဒီအနက်ပြန်မှု မမှန်မှန်း အစ်မတို့ သဘောပေါက်ခဲ့ကြတာ။ အစ်မမှာ ဘာသက်သေရှိလဲ”လို့ မတူမတန် ကျွန်တော် ပြောလိုက်တယ်။ အဲဒီအစ်မက ပြောတယ်။ “ဥပမာအနေနဲ့၊ ရှင်လုကာ ခရစ်ဝင်ကျမ်းက ပြေတယ်၊ ‘ရှေးဦးစွာမှစ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူ တို့သည်၊ ငါတို့သည် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည်ဖြစ်၍၊’ (ရှင်လုကာခရစ်ဝင် ၁:၁-၂) ဒါက ရှင်လုကာ ခရစ်ဝင်ကျမ်းကို လုကာက သူ့အတွေ့အကြုံက‌နေ ရေးထားတယ်ဆိုတဲ့ သဘော မဟုတ်လား။ လုကာက အဲဒီတုန်းက သူတွေ့ခဲ့၊ ကြားခဲ့တဲ့ အချက်တချို့ကို ဒီအတိုင်း ချရေးခဲ့တာ။ ဒါက လူရေးတဲ့ စာအုပ်တစ်အုပ်ပဲ၊ ဒီတော့ ဘုရားနှုတ်ကပတ်တော်လို့ ဘယ်လိုပြောနိုင်ရတာလဲ။ ဘုရားမှုတ်သွင်းတာတွေကို လူက တွေ့ကြုံစရာမလိုသလို၊ လူ့စိတ်ကူးတွေနဲ့ ရောနှောစရာ မလိုဘူးလေ။ အဲဒီနှစ်ခုက သိသိသာသာကို ကွာခြားတယ်”တဲ့။ အဲဒီအစ်မကြီးရဲ့ စကားကြောင့် ကျွန်‌တော် အံ့ဩသွားတယ်။ ဘုရားမှုတ်သွင်းတဲ့ စကားတွေနဲ့ မြင်တာ ကြားတာတွေပေါ် အခြေခံပြီး ရေးတဲ့ အဲဒီလူတွေကြားမှာ တကယ်ကို ကွာခြားချက်ရှိတယ်။ သူ့စကားတွေနဲ့ ပတ်သက်လို့ အမှားတစ်ခုမှ မတွေ့နိုင်ခဲ့ဘူး။ ကျွန်တော် ခဏနားပြီး မျက်လုံးထောင့်ကနေ သူ့ကို ကြည့်တွေးနေမိတယ်၊ “သူက အသက်ကြီးသလို အထူးသဖြင့် ကောင်းကောင်း ပညာတတ်တာ မဟုတ်ဘဲနဲ့ ဒီလိုထိုးထွင်းအမြင်ရှိတယ်။ မယုံနိုင်စရာပဲ”လို့ပေါ့။ ခဏကြာ သူပြောတာ ဘယ်လိုတုံ့ပြန်ရမယ်မှား တွေးမရခဲ့သလို ကျွန်တော့်မျက်နှာ နီသွားတယ်။ သူပြောတာကို ဆက်နားထောင်ရင် လှည့်စားခံရမှာ စိုးလို့ ချောင်းဟန့်လိုက်ပြီး၊ “တော်ပြီ၊ ကျွန်တော်တို့ ယုံကြည်တာတွေ မတူဘူး။ ဒီလို ထပ်မလာနဲ့တော့” လို့ ပြောလိုက်တယ်။ ဒါကို ပြောရင်းနဲ့ အဲဒီအစ်မကို ကျွန်တော် တံခါးပြင် တွန်းထုတ်လိုက်တယ်။ သူ့မျက်လုံးတွေမှာ စစ်မှန်ရိုးသားတဲ့ အမူအရာနဲ့ ဆောင်းလေထဲ သူ့ရဲ့ ချည့်နဲ့တဲ့ အသွင်အပြင်ကို မြင်ရတော့ ရင်ထဲမှာ စူးရှတဲ့ ဝေဒနာကို ခံစားလိုက်ရပြီး ဒီခံစားချက်က ဘာလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျမ်းစာထဲက စကားလုံးတွေအားလုံး ဘုရားဆီကလာပြီး တခြားဘယ်အရာမဆိုက ဘုရားကို ယုံကြည်မှု မဟုတ်ပုံကို သတိရခဲ့တယ်။ သူတို့ဟောတာက ကျမ်းစာကို ကျော်လွန်တာတောင်၊ သိုးတွေကို ခိုးဖို့ အသင်းတော်ကို သူတို့ လာကြသေးတယ်။ သူတို့ဟောတာကို ကျွန်တော် နားမထောင်နိုင်သလို၊ ကိုယ့်ရပ်တည်ချက်ကို စွဲစွဲမြဲမြဲ ရှိရမယ်။ ဒီ့နောက်မှာ ကျွန်တော်က ကိုယ့်အတွေး၊ လုပ်ရပ်တွေနဲ့ အေးချမ်းနေဆဲဖြစ်ပြီး သိုးတွေကို “ကာကွယ်”ရာမှာ အစွမ်းကုန် အားထုတ်ခဲ့တယ်။ ဒါပေမဲ့လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတစ်ယောက်ယောက်ကို တွေ့တိုင်း၊ စိတ်လှုပ်ရှားနေတုန်းပဲ။ သူတို့ မိတ်သဟာယက အဓိပ္ပာယ်ရှိပြီး ချေပဖို့ ခက်တယ်လေ။ ခပ်တင်းတင်း ဆက်ဆံပြီး၊ သူတို့ပြောတာကို နားမထောင်တာ၊ သူတို့ စာအုပ်တွေကို မဖတ်၊ သူတို့နဲ့ အဆက်အဆံ မလုပ်တဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ကလွဲလို့ လုပ်စရာမရှိဘူး။

မသိလိုက်ခင်မှာ၊ ၂၀၀၄ ခုနှစ် ဆောင်းဦး အစောပိုင်းကို ရောက်လာတယ်။ ဝမ်းကွဲအစ်ကို ယန်က အရေးပေါ် ကိစ္စအတွက် ကျွန်တော့်ကို လိုအပ်တယ်လို့ ဖုန်းခေါ်ပြောတယ်။ ကျွန်တော် အမြန်ပြေးလိုက်ပြီး၊ ဝမ်းကွဲအစ်ကိုက အစ်ကိုဝမ်ကို မိတ်ဆက်ပေးတယ်။ အစ်ကိုဝမ်က တရားဟောဆရာဖြစ်ပြီး၊ သခင့်အပေါ် သိနားလည်မှုအကြောင်း ကျွန်တော်တို့ကို အပြန်အလှန် ဆွေးနွေးခိုင်းခဲ့တယ်။ ကျွန်တော် တကယ်ကို ပျော်ခဲ့ပြီး၊ ကြိုဆိုစကားပြောပြီးတဲ့နောက် ဝမ်းကွဲအစ်ကိုက ကျမ်းစာအုပ်ပေးပြီး၊ အဖုံးထူ စာအုပ်နှစ်အုပ်ကို ထုတ်ယူလိုက်တယ်။ ကြည့်လိုက်တော့ အဖုံးမှာ၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” လို့ ပြောထားတယ်။ ဒါတွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆီက စာအုပ်တွေပဲ။ ကျွန်တော် ခုန်ပြီး ပြောလိုက်တယ်၊ “ယန်၊ အစ်ကိုက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံပြီးပြီပေါ့”လို့။ ကျွန်တော့် ဝမ်းကွဲအစ်ကိုက ရယ်ပြီး ပြောတယ်၊ “ဟုတ်တယ်။ ဒီနေ့ မင်းကို ဒီကို ခေါ်လိုက်တာ မင်းနဲ့ မိတ်သဟာယပြုချင်လို့ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို မင်းစစ်ဆေးကြည့်မယ်လို့ မျှော်လင့်တယ်။” ဒီအချိန်မှာ၊ ကျမ်းစာက ဘုရားရဲ့ လုံးလုံးလျားလျား မှုတ်သွင်းထားတာဖြစ်ပြီး၊ အဲဒီအထဲမှာ ဘုရားနှုတ်ကပတ်တော်တွေပဲ ရှိတယ်လို့ သင်းအုပ်နဲ့ အကြီးအကဲတွေ အမြဲ ပြောတာ မှတ်မိသွားတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ သွန်သင်ချက်တွေက ကျမ်းစာကိုကျော်လွန်တယ်၊ သခင့်ရဲ့ သွန်သင်ချက်တွေကနေ သွေဖည်တယ်။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် နားမထောင်သင့်ဘူး။ အကောင်းဆုံး တုံ့ပြန်ချက်ကတော့ အဲဒါတွေကို ရှောင်ဖို့ပဲဆိုတာတွေပေါ့။ ဒါကြောင့် အိမ်မှာ ကြည့်ဖို့လိုတာတစ်ခုရှိတယ်ဆိုပြီး ဆင်ခြေပေးလိုက်တယ်။ ဝမ်းကွဲအစ်ကို တည်တည်ငြိမ်ငြိမ် ပြောတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ယုံကြည်တဲ့သူ တစ်ယောက်ယောက်ကို တွေ့တိုင်း ဘာလို့ ထွက်ပြေးတာလဲ။ သမ္မာတရားကို သိရင်၊ လှည့်စားခံရမှာ ဘာလို့ ကြောက်တာလဲ။ မင်းဒီကိုရောက်မှတော့ ဘာလို့ ကိုယ့်စိတ်နှလုံးကို ငြိမ်အောင်ထားပြီး နည်းနည်း မရှာဖွေတာလဲ”တဲ့။ ကိုယ့်ထိုင်ခုံဆီ ပြန်သွားဖို့ကလွဲလို့ လုပ်နိုင်တာ မရှိခဲ့ဘူး။ ဒါပေမဲ့ စိတ်ကတော့ ကယောက်ကယက် ဖြစ်သွားတယ်။ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်သင့်လဲ။ ကိုယ့်စိတ်နှလုံးထဲမှာ သခင့်ဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “အို၊ သခင်။ ဒီအခြေအနေကို ကိုယ်တော့်ထံ အပ်နှံပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကွယ်ကာ၊ ဦးဆောင်ပေးပါ”လို့ပေါ့။ နောက်တော့၊ ဝမ်းကွဲအစ်ကိုက “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏”ကို ကောက်ကိုင်လိုက်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စာတစ်ပိုဒ်ကို ဖတ်လိုက်တယ်။ “ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချပြီး ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်သလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်”) အဲဒီမှာ ကျွန်တော် မတုန်မလှုပ်တဲ့ပုံနဲ့ ထိုင်နေခဲ့ပေမဲ့ တကယ်တော့ စာအုပ်ရဲ့ စကားလုံးတွေက ထင်မြင်ချက်တစ်ခု ပေးခဲ့တယ်။ ဒီတောင်းဆိုချက်တွေအားလုံးက သခင်ယေရှုရဲ့ စကားတွေနဲ့ ကိုက်တယ်လေ။ သခင်ပြောခဲ့သည်မှာ- “စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၅:၃) ဘုရားကို ယုံကြည်သူတွေဟာ နှိမ့်ချပြီး ရှာဖွေတတ်တဲ့ စိတ်ထားရှိသင့်တယ်။ ကျွန်တော်က ရှာဖွေ၊ စစ်ဆေးခြင်းမရှိဘဲနဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို မမြင်မကန်း ရှုတ်ချပြီး ဝေဖန်ခဲ့တယ်။ တကယ်ကို မာနထောင်လွှားပြီး ကိုယ်မှန်တယ်ထင်ခဲ့တာ။ အပြစ်ရှိစိတ်ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်၊ “ဒီစကားတွေက တစ်ခုခု ထူးခြားတယ်၊ သခင့်ရဲ့ သွန်သင်မှုတွေနဲ့ ဆင်တူတယ်။ ဒါတွေက တကယ်ပဲ ပြန်ကြွလာတဲ့ သခင် မိန့်မြွက်တဲ့ စကားတွေများဖြစ်နိုင်မလား”လို့ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတွေနဲ့ ဆက်ဆံခဲ့တဲ့ အချိန်အားလုံးကိုလည်း ကျွန်တော် တွေးမိတယ်။ သူတို့က သိက္ခာရှိပြီး ဖြောင့်မတ်ကြတယ်၊ ချစ်ချစ်ခင်ခင်နဲ့ ဧဝံဂေလိကို ဖြန့်တယ်၊ စိတ်ရှည်ကြပြီး၊ မေးခွန်းတွေကို ရှင်းပြတာတွေက အထူးသဖြင့် ခိုင်လုံပြီး ယုံကြည်လက်ခံနိုင်စရာပဲ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်မရှိဘဲနဲ့ ဒါကို ကိုယ့်ဘာသာ သူတို့ ဘယ်လိုပြီးမြောက်နိုင်မှာလဲ။ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ လမ်းခရီးက သေချာပေါက် ထူးခြားမှန်း ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ တကယ်ကို ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ပြီး ကျွန်တော် မရှာဖွေ၊ မစစ်ဆေးခဲ့ဘူး၊ သခင့်ရဲ့ ကြွရောက်ခြင်းကို လက်ခံဖို့ အခွင့်အရေးကို ကျွန်တော် လွဲချော်ပြီး သူ့ကို ငြင်းပယ်မိတာ ဖြစ်မသွားဘူးလား။ ကျွန်တော် တွေးမိတယ်၊ “ခေါင်းမာတာ ရပ်သင့်တယ်။ တကယ်ပဲ သခင် ကြွလာခဲ့ခြင်း ရှိမရှိ ငါ ဘာလို့ ဒီနေ့ ကြိုးစားမရှာဖွေရမှာလဲ။ အဲဒါဆိုရင် ရှင်းလင်မှု ရမှာပဲ”လို့ပေါ့။ ခဏ စဉ်းစားလိုက်ပြီးတော့ ပြတ်ပြတ်သားသား ပြောလိုက်တယ်။ “အစ်ကို ဖတ်တဲ့ စကားတွေက သေချာပေါက် ကောင်းပြီး အရမ်းထူးခြားပါတယ်။ ဒါပေမဲ့ ကျွန်တော် နားမလည်ဘူး။ ကျမ်းစာက ခရစ်ယာန်ဘာသာရဲ့ စံလေ။ နှစ်နှစ်ထောင်ကျော်ကြာ၊ ကျမ်းစာက လုံးလုံးလျားလျားကို ဘုရား မှုတ်သွင်းထားပြီး၊ ကျမ်းစားထဲ မှတ်တမ်းတင်ထားတာတွေ အားလုံးက ဘုရားရဲ့ နှုတ်ကပတ်တော်ဖြစ်တယ်၊ ဒါကြောင့် သခင့်ကို ကိုယ်စားပြုတယ်လို့ ဘာသာရေး လောကက အမြဲ ယုံကြည်ခဲ့တာလေ။ ခရစ်ယာန်ဖြစ်ခဲ့တဲ့ နှစ်ကာလတွေအားလုံးမှာ ဒါကို အမှန်လို့ ကျွန်တော် လက်ခံခဲ့တာ။ ဒါပေမဲ့ အခု အစ်ကိုက ကျမ်းစာမှာ ဘုရားနဲ့ လူနှစ်ယောက်လုံးရဲ့ စကားတွေ ပါတယ်လို့ ပြောတယ်။ ဒါက ကျမ်းစာနဲ့ ဆန့်ကျင်နေတာ မဟုတ်လား။ ဒါက သခင့်ကို ငြင်းပယ်နေတာ၊ သူ့ကို ကျောခိုင်းနေတာ ဖြစ်ပြီး၊ စက်ဆုပ်စရာ ပြစ်မှားစော်ကားမှုပဲ”လို့ပေါ့။ အစ်ကိုဝမ်က စိတ်ရှည်ရှည် ပြောတယ်၊ “ကျမ်းစာက လုံးလုံးလျားလျား မှုတ်သွင်းထားတယ်ဆိုတာက လက်တွေ့နဲ့ ညီလား။ သက်သေအနေနဲ့ သခင့်ဆီက ဘယ်စကားတွေ ရှိလဲ”တဲ့။ ဒီမေးခွန်းက ကျွန်တော့်ကို မှင်တက်သွားစေခဲ့တယ်။ မှန်တာပေါ့။ ဒီစကားတွေကို ပေါလုပြောထားတာ၊ သခင်ယေရှု မဟုတ်ဘူး။ နောက်တော့ အစ်ကိုဝမ်က ပြောတယ်။ “သခင်ယေရှုက ကျမ်းစာကို လုံးလုံးလျားလျား ဘုရားမှုတ်သွင်းထားတာလို့ လုံးဝ မပြောခဲ့သလို၊ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ဒါကို သက်သေမခံခဲ့ဘူး။ ပေါလုပြောတာက ကျမ်းစာပေါ် သူ့ကိုယ်ပိုင် သိနားလည်မှုကိုပဲ ကိုယ်စားပြုပြီး ဘုရားကို လုံးဝ ကိုယ်စားမပြုဘူး”တဲ့။ ကျွန်တော် အာဆေးမိသွားတယ်။ သူပြောတာ မှန်တယ်။ နောက်တော့ အစ်ကိုဝမ်က မေးတယ်။ “ပေါလုက ပြောတယ်၊ ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။’ (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၃:၁၆) ‘ကျမ်းစာ’လို့ သူပြောတဲ့အချိန်မှာ တကယ်ပဲ ကျမ်းစာတစ်အုပ်လုံးကို ရည်ညွှန်တာလား၊ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကိုပဲလား”တဲ့။ ကျွန်တော် ကိုယ့်ဘာသာတွေးမိတယ်၊ “ကျမ်းစာတစ်အုပ်လုံးကို သူ ဆိုလိုတာပေါ့ဟ”လို့။ အစ်ကိုဝမ်က ဆက်ပြောတယ်။ “တကယ်တော့၊ သခင်ကြွလာခဲ့ပြီးတော့ ပေါလုက အနှစ် ၆၀ ကြာ ၂ တိမောတေဩဝါဒစာကို ရေးခဲ့တယ်။ အဲဒီတုန်းက ဓမ္မသစ်ကျမ်းကို မပြုစုရသေးဘူး။ ဓမ္မဟောင်းကျမ်းပဲ ပြုစုရသေးတယ်။ သခင်ကြွလာပြီးတဲ့နောက် အနှစ် ၉၀ ကျော်အကြာမှာ၊ ယောဟန်က ပတ်မုကျွန်းပေါ်မှာ မြင်ခဲ့တဲ့ ရူပါရုံတွေကို ချရေးခဲ့တယ်။ နောက်ပိုင်းမှာ အဲဒါက ဗျာဒိတ်ကျမ်း ဖြစ်လာခဲ့တယ်။ သခင်ကြွလာပြီးတဲ့နောက် အနှစ် ၃၀၀ ကျော် အကြာ၊ နိုင်စီယာ အစည်းအဝေးမှာ နိုင်ငံအမျိုးမျိုးက ဘာသာရေး ခေါင်းဆောင်တွေဟာ ခရစ်ဝင်ကျမ်းလေးကျမ်းနဲ့ တခြားစာစောင်တွေကို တပည့်တော်တွေရဲ့ စာစောင်အများအပြားထဲကနေ ရွေးချယ်ခဲ့ကြပြီး၊ ယောဟန်ရဲ့ ဗျာဒိတ်ကျမ်းနဲ့အတူ ဓမ္မသစ်ကျမ်းအဖြစ် ပြုစုခဲ့ကြတယ်။ အဲဒီနောက်မှာ ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကို တစ်အုပ်ထဲ ပေါင်းစည်းလိုက်ကြတယ်။ အဲဒါက ဒီနေ့ ငါတို့ ဖတ်နေတဲ့ ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကျမ်းတစ်ခုလုံးပဲ ဖြစ်တယ်။ ဓမ္မသစ်ကျမ်းကို အေဒီ ၃၀၀ နောက်မှာ ပြုစုခဲ့တာဖြစ်ပြီး၊ ပေါလုက ၂ တိမောတေဩဝါဒစာကို အေဒီ ၆၀ နောက်မှာ ရေးခဲ့တာပဲ။ အနှစ် ၂၀၀ ကျော်ကြာပြီးတဲ့နောက်မှာပဲ ဓမ္မသစ်ကျမ်းကို ပြုစုခဲ့တာ။ ဒီအရာကနေ ပေါလုက ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊’ လို့ ပြောတဲ့အခါ သူ ရည်ညွှန်းတဲ့ ကျမ်းစာက ဓမ္မသစ်ကျမ်းထဲမှာ မပါဘူးဆိုတာ မြင်လို့ရတယ်။” ဒါကို ကြားပြီးတဲ့နောက်မှာ၊ ခေါင်းညိတ်ပြီး ဒီလိုမပြောဘဲ မနေနိုင်ခဲ့ဘူး၊ “ပေါလုပြောနေတဲ့ ကျမ်းစာက ဓမ္မသစ်ကျမ်းထဲမှာ မပါရင်၊ ဓမ္မဟောင်းကို သူ ဆိုလိုခဲ့တာ ဖြစ်ရမယ်”လို့ပေါ့။ အစ်ကိုဝမ်က ပြောတယ်၊ “ဟုတ်တယ်၊ ဒါပေမဲ့ ဓမ္မဟောင်းကျမ်းကို ဘုရားက လုံးလုံးလျားလျား မှုတ်သွင်းခဲ့တာ မဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေကို ဖတ်လိုက်တာနဲ့ ရှင်းသွားမှာပါ”တဲ့။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာကျမ်းစာထဲ၌ အပိုင်းမည်မျှ ပါဝင်သည်ကို သင်တို့ သိရှိကြရမည်၊ ဓမ္မဟောင်းကျမ်းထဲ၌ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း...စသဖြင့် ပါဝင်ပြီး ပရောဖက်များက ရေးသားသည့် အနာဂတ္တိကျမ်းများလည်း ရှိသေးသည်။ အဆုံးတွင်၊ ဓမ္မဟောင်းကျမ်းကို မာလခိကျမ်းဖြင့် အဆုံးသတ်ထားသည်။...ယင်းအနာဂတ္တိကျမ်းများသည် သမ္မာကျမ်းစာထဲက အခြားကျမ်းများနှင့် အတော်များများ မတူကြပေ၊ ၎င်းတို့သည် ပရောဖက်ပြုခြင်းဝိညာဉ်ကို ရရှိခဲ့ကြသူများ— ယေဟောဝါထံမှ ရူပါရုံများ သို့မဟုတ် အသံများ လက်ခံရရှိခဲ့ကြရသူများမှ ဟောကြားခဲ့ကြသည့် သို့မဟုတ် ရေးသားခဲ့ကြသည့် စကားလုံးများ ဖြစ်သည်။ အနာဂတ္တိကျမ်းများမှအပ၊ ဓမ္မဟောင်းကျမ်းထဲ ပါရှိသမျှ အရာအားလုံးမှာ ယေဟောဝါက ၎င်း၏ အမှုကို ပြုပြီးသွားပြီးနောက် လူများက ပြုလုပ်ခဲ့ကြသည့် မှတ်တမ်းများ ဖြစ်သည်။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းများကို ဟေရှာယအနာဂတ္တိကျမ်းနှင့် ဒံယေလ အနာဂတ္တိကျမ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်၊ ထိုကျမ်းများသည် ယေဟောဝါမှ ပျိုးထောင် လေ့ကျင့်ပေးခဲ့သည့် ပရောဖက်တို့ပြောကြားခဲ့သည့် ကြိုတင်ဟောကိန်းထုတ်ချက်များကို အစားထိုးနိုင်စွမ်း မရှိနိုင်ကြပေ။ အမှုတော်ကို မလုပ်ဆောင်မီ ပရောဖက်ပြုချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျန်သည့် ကျမ်းများကိုမူ အမှုတော် ဆောင်ရွက်ပြီးနောက်၊ လူများ တတ်စွမ်းနိုင်ခဲ့ကြသည်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)”) “သမ္မာကျမ်းစာထဲရှိသည့် အရာတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများကို မှတ်တမ်းတင်ထားခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ယခင်အမှု အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်းဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ခေတ်အဆက်ဆက်၌ ဘုရားသခင် အသုံးပြုခဲ့သည့် လူများက အတွေ့အကြုံများနှင့် အသိပညာတို့ကို ရေးထားခြင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အယူအဆများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာ၏ ကျမ်းအများအပြားသည် လူ၏ ခံယူချက်များ၊ ပုဂ္ဂိုလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် သဘောပေါက်နားလည်မှုများ ဖြစ်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် သိနားလည်မှုများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖောပြခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။ အချို့သော အရာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ အမြင်များသည် ကိုယ်ပိုင် အတွေ့အကြုံမှ လာသောအသိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုသာ ဖြစ်သည်။ ပရောဖက်များ၏ အနာဂတ္တိဟောကြားချက်များသည် ဘုရားသခင် ကိုယ်တိုင် ညွှန်ကြားပေးခဲ့သော အရာများ ဖြစ်သည်။ ဟေရှာယ၊ ဒံယေလ၊ ဧဇရ၊ ယေရမိနှင့် ယေဇကျေလတို့၏ ပရောဖက်ပြုချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် ညွှန်ကြားချက်မှလာပေသည်၊ ဤလူတို့သည် မြင်သောသူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်ပြုသည့် ဝိညာဉ်ကို ရရှိထားကြကာ သူတို့အားလုံးသည် ဓမ္မဟောင်းကျမ်း၏ ပရောဖက်များ ဖြစ်သည်။ ပညတ်တော်ခေတ် အတွင်း၌ ယေဟောဝါ၏ နှိုးဆော်မှုကို ရရှိခဲ့ကြသော ဤသူတို့သည် ယေဟောဝါက တိုက်ရိုက် ညွှန်ကြားသည့် ပရောဖက်ပြုချက် အများအပြားကို ဟောခဲ့ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)”) ဒါပြီးတော့ အစ်ကိုဝမ်က မိတ်သဟာယပြုတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေက သိပ်ရှင်းတယ်။ ပရောဖက်တွေရဲ့ ပရောဖက်ပြုချက်တွေကို သန့်ရှင်းသော ဝိညာဉ်တော်က ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားခဲ့ပြီး၊ ပရောဖက်တွေက လက်ဆင့်ကမ်းခဲ့ကြတာပဲ။ ဒါတွေက ဘုရားနှုတ်ကပတ်တော်တွေဖြစ်ပြီး၊ ဘုရားရဲ့ အဓိပ္ပာယ်အတိအကျနဲ့ အသိပေးတာ။ ဘုရားမှုတ်သွင်းထားတဲ့ စကားတွေကို ကျမ်းစာထဲမှာ အမြဲ ရှင်းရှင်းလင်းလင်း မှတ်သားထားတယ်။ ဥပမာအနေနဲ့ ဟေရှာယအနာဂတ္တိကျမ်း အစမှာ ပြောတယ်၊ ‘အာမုတ်၏သား ဟေရှာယသည်...ဗျာဒိတ်တော်ကို ခံရသည်မှာ၊’ (ဟေရှာယ အနာဂတ္တိကျမ်း ၁:၁) ယေရမိအနာဂတ္တကျမ်းအစမှာပြောတယ်၊ ‘ယေရမိထံ ရောက်ရှိလာသည့် ယေဟောဝါ၏ နှုတ်ကပတ်တော်ဆိုသည်မှာ။’ (ယေရမိ အနာဂတ္တိကျမ်း ၁:၂) ဘယ်စကားလုံးတွေကို ဘုရားမှုတ်သွင်းထားတယ် ဆိုတာကိုသေချာဖို့ လူတွေက အာရုံစိုက်ဖို့ပဲ လိုတယ်။ ပရောဖက်ပြုချက်ကျမ်းတွေကလွဲလို့၊ ကျမ်းစာရဲ့ ကျန်တာတွေက ဘုရားရဲ့ အမှုတော်ကို တွေ့ကြုံပြီးတဲ့နောက်မှာ လူတွေ ရေးထားတဲ့ အဖြစ်အပျက်တွေပဲ။ ဒါတွေအများစုက မှတ်ဉာဏ်တွေရဲ့ မှတ်တမ်းတွေဖြစ်ပြီး၊ ဒီအတွေ့အကြုံတွေနဲ့ စကားတွေအားလုံးက လူတွေဆီက လာတာ၊ ဘုရားနှုတ်ကပတ်တော်တွေလို့ ပြောလို့မရဘူး၊ ဒီတော့ လူသား ဆိုလိုချက်နဲ့ ရောနှောတာကို ရှောင်ဖို့ ခက်တယ်။ ဓမ္မရာဇဝင် ဒုတိယစောင် ၂၄:၁ မှာ ပြောသလိုပေါ့။ ‘နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။’ ရာဇဝင်ချုပ် ပထမစောင် ၂၁:၁ ကလည်း ပြောသေးတယ်၊ ‘နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။’ ဒီကျမ်းချက်နှစ်ခုလုံးက ဣသရေလလူတွေကို ဒါဝိဒ် ရေတွက်တဲ့အချိန်ကို မှတ်သားထားတယ်။ တစ်နေရာမှာ ဣသရေလလူတွေကို ရေတွက်ဖို့ ဒါဝိဒ်ကို ယေဟောဝါဘုရားက တိုက်တွန်းတယ်လို့ပြောပြီး၊ တခြားနေရာမှာတော့ စာတန်က တိုက်တွန်းတယ်တဲ့။ ဘုရားမှုတ်သွင်းထားတာဆိုရင်၊ ဘာလို့ အဲဒီလောက် ကွာဟချက်ရှိနိုင်မှာလဲ။ ဓမ္မဟောင်းကျမ်းတစ်အုပ်လုံးက ဘုရားမှုတ်သွင်းထားတာဆိုရင်၊ တူညီတဲ့ အဖြစ်အပျက်ဇာတ်ကြောင်းကို မှုတ်သွင်းချိန်မှာ ဘုရားအမှားလုပ်ခဲ့မှာလား”တဲ့။ အစ်ကိုဝမ်ရဲ့ စကားတွေကို ကြားရတဲ့နောက်မှာ၊ ကျွန်တော့်စိတ်က သိသိသာသာ ပွင့်သွားပြီး၊ ခေါင်းမာတဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံတာတွေက တစ်စစီ ပြိုလဲလာတယ်။ ကျွန်တော် ပြောလိုက်တယ်။ “ဓမ္မဟောင်းကျမ်းကို ဘုရားက လုံးဝ မမှုတ်သွင်းခဲ့ရင်၊ ဓမ္မသစ်ကျမ်းကိုလည်း လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်အဖြစ် ယူလို့မရဘူး။ ဘာလို့လဲဆိုတော့ အားလုံးက တမန်တော်တွေဆီက မှတ်တမ်းတွေ ဖြစ်လို့ပဲ”လို့ပေါ့။ အစ်ကိုဝမ်က ဝမ်းသာအားရနဲ့ ပြောတယ်၊ “ဘုရားကျေးဇူးတော်ပဲ။ မင်းရဲ့ နားလည်မှု မှန်ပါတယ်။ အမှန်တော့၊ ဓမ္မသစ်ထဲမှာ၊ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကသာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေပဲ။ ကျန်တာတွေက တပည့်တော်တွေ၊ ဖာရိရှဲတွေ၊ သာမန်လူတွေ၊ စစ်သားတွေနဲ့ နတ်ဆိုးဆီက စကားတွေပဲ။ ကျမ်းစာထဲ ရှိသမျှဟာ ဘုရားရဲ့ နှုတ်ကပတ်တော်လို့ ပြောဖို့က အဓိပ္ပာယ်မရှိဘူး မဟုတ်လား။ ဒါ ပြစ်မှားစော်ကားတာ မဟုတ်လား”တဲ့။

ဒါပြီးတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စာနောက်တစ်ပိုဒ်ကို အစ်ကိုဝမ်က ဖတ်ပြတယ်။ “ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။...အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)”) နားထောင်လေ၊ ပိုနားလည်လေပဲ။ ကျွန်တော် ညည်းမိတယ်။ “အရင်က ဒီစကားတွေကို ပေါလုပြောခဲ့တဲ့ ဆက်စပ်အကြောင်းအရာကို နားမလည်ခဲ့ဘူး။ ကျမ်းစာက လုံးလုံးလျားလျား ဘုရားမှုတ်သွင်းထားပြီး၊ ကျမ်းစာရဲ့ စကားတွေက ဘုရားစကားတွေပဲဖြစ်သလို၊ ကျမ်းစာကို ယုံကြည်တာက ဘုရားကို ယုံကြည်တာပဲလို့ တွေးခဲ့တယ်။ ဒီအနက်ပြန်မှုက အရမ်းအဓိပ္ပာယ်မဲ့တာပဲ”လို့ပေါ့။ “ကျမ်းစာထဲက လူတွေရဲ့ စကားတွေကို ဘုရားရဲ့ စကားတွေလို မရမကခံယူခဲ့ပြီး၊ ဒါတွေကို ယုံကြည်ခြင်းအတွက် အခြေပြုချက်အနေနဲ့ သုံးခဲ့တယ်။ ဒါက သခင့်လမ်းခရီးကနေ သွေဖည်တာ မဟုတ်လား။”

အဲဒီနောက် အစ်ကိုဝမ်က မိတ်သဟာယပြုတယ်။ ကျမ်းစာဟာ ဘုရားအမှုတော်အတွက် အထောက်အထားတစ်ခုပဲဖြစ်ပြီး အဲဒါရဲ့ သမိုင်းဆိုင်ရာ စာအုပ်တစ်အုပ်ပါတဲ့။ အဲဒါက ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ် အတွင်း ဘုရားအမှုတော်ရဲ့ မှတ်တမ်းတစ်ခုပဲ။ အဲဒါကို ဘယ်လိုလုပ် ဘုရားနဲ့ အဆင့် တန်းတူထားလို့ ရမှာလဲတဲ့။ ဒါကြောင့် သခင်ယေရှုက ဖာရိရှဲတွေကို ဒီလိုပြောပြီး ပြစ်တင်မောင်းမဲ့ခဲ့တာပဲ။ “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။” (ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) ကျမ်းစာက ဘုရားအတွက် အထောက်အထားတစ်ခုပါပဲ၊ ထာဝရအသက်ကို မထိန်းချုပ်ပါဘူး။ ဘုရားကပဲ လူတွေကို ထာဝရအသက်ပေးနိုင်တယ်။ ဝမ်းကွဲအစ်ကိုရဲ့ မိတ်သဟာယကိုလည်း ကျွန်တော် သတိရခဲ့တယ်။ ကျမ်းစာကို ဖတ်ရာကတစ်ဆင့်၊ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်ထဲက ဘုရားရဲ့ အမှုတော်ကို ကျွန်တော်တို့ နားလည်တယ်။ စကြဝဠာထဲ ရှိသမျှကို ဘုရားဖန်ဆင်းထားမှန်း၊ လူသားမျိုးနွယ်ကို ဦးဆောင်ဖို့ ပညတ်တရားကို ဘုရားထုတ်ပြန်ကြေညာခဲ့ပုံနဲ့ ကမ္ဘာမြေပေါ် ကျွန်တော်တို့ အသက်ရှင်ပြီး ဘုရားကို ကိုးကွယ်သင့်ပုံတွေကို သိကြတယ်။ အပြစ်က ဘာဖြစ်တယ်ဆိုတာနဲ့ ဘုရားကောင်းချီးပေးပြီး ကျိန်ဆဲတဲ့ လူစားမျိုးတွေကို သိကြတယ်။ ကိုယ့်အပြစ်ကို ဝန်ခံပြီး သခင့်ဆီ နောင်တရသင့်ပုံ၊ ဘယ်လို နှိမ့်ချ၊ စိတ်ရှည်၊ ခွင့်လွှတ်ရမယ်ဆိုတာနဲ့ ဘယ်လို ကားတိုင်ထမ်းပြီး သခင့်နောက်လိုက်ရမယ်ဆိုတာတွေကိုလည်း သိကြတယ်။ ကျွန်တော်တို့အတွက် သခင်ယေရှုရဲ့ အဆုံးမဲ့ အကြင်နာမေတ္တာကိုလည်း မြင်ကြပြီး၊ သခင်ယေရှုကို ယုံကြည်ပြီး သူ့ရှေ့ လာခြင်းအားဖြင့်ပဲ ဘုရားရဲ့ အလျှံပယ် ကျေးဇူးတော်နဲ့ သမ္မာတရားကို ခံစားလို့ရတယ်ဆိုတာကို နားလည်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးသော ကာလမှာ ဘုရား ဘာသမ္မာတရားတွေ ဖော်ပြတယ်ဆိုတာနဲ့ လူသားရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဘုရား ဘယ်လိုတရားစီရင် သန့်စင်စေပြီး အပြစ်ရဲ့ ရင်းမြစ်ကို ဖြေရှင်းတယ်ဆိုတာကိုတော့၊ နည်းနည်းမှ မသိကြဘူး၊ ဘာလို့လဲဆိုတော့ ဒီသမ္မာတရားတွေကို ကျမ်းစာထဲမှာ မှတ်တမ်းမတင်ထားလို့ပဲ။ သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်း အမှု အခြေခံအုတ်မြစ်ပေါ်မှာ၊ နောက်ဆုံးသော ကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားအိမ်တော်ကနေ အစပြုတဲ့ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ပြီးပြီ။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရပြီး၊ ဘုရားကို ချစ်ပြီး နာခံတဲ့လူတွေ ဖြစ်လာအောင် လူသားမျိုးနွယ်ကို သန့်စင်ခြင်းအကြောင်း သမ္မာတရားကို ဖော်ပြပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ သဘာဝကို ထုတ်ဖော်ပြပြီးပြီဖြစ်သလို၊ ဘုရားရဲ့ စိတ်သဘောထားက သန့်ရှင်း၊ ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားမှုကို ခွင့်မပြုကြောင်း ကျွန်တော်တို့ကို သတိပြုမိစေခဲ့တယ်။ ဒီစကားတွေက ထာဝရအသက်ရဲ့ လမ်းခရီးမှန်ပဲ။ ပြီးတော့ အဲဒါတွေက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေတယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့ ဒီစာအုပ်က အသင်းတော်အားလုံးဆီ သန့်ရှင်းသော ဝိညာဉ်တော် ပြောတဲ့ ဗျာဒိတ်ကျမ်းထဲ ပရောဖက်ပြုထားတဲ့ စကားပဲ။ သိုးသငယ်ဖွင့်တဲ့ စာစောင်ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရာကတစ်ဆင့်၊ ဘာသာရေးလောကထဲက ဘုရားကို အစစ်အမှန် ယုံကြည်သူတွေဟာ ဘုရားအသံကို သတိပြုကြပြီ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ လှည့်ပြန်ကြပြီး သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်လိုက်ကြပြီ။

ဒါကို ပြောပြီးတော့ အစ်ကိုဝမ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်တယ်။ “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ရှိသည့်အရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) ဒီစကားတွေကို ကြားပြီးတော့ ကျွန်တော် အရမ်း တုန်လှုပ်သွားတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် ဘာသာရေး အမြင်တွေကို ဖက်တွယ်ရင်၊ အဆုံးမှာ ဆုံးရှုံးမှာက ကျွန်တော်ဖြစ်မှာ။ ခရစ်ယာန်အနေနဲ့ ကျွန်တော့် နှစ်ကာလတွေမှာ ကျမ်းစာအသိတွေ ဘယ်လောက် စုဆောင်းခဲ့ပုံကို တွေးမိတယ်၊ ဒါပေမဲ့ သမ္မာတရား ဒါမှမဟုတ် ဘုရားကို သိနားလည်မှု မရှိသလောက်ဖြစ်ခဲ့တယ်။ ဆန့်ကျင်ဖက်အနေနဲ့၊ ပိုပြီး ကျွန်တော် မာနထောင်လွှားလာခဲ့တယ်။ သခင်ပြန်ကြွလာပြီဖြစ်ပေမဲ့၊ ကျွန်တော်က မစစ်ဆေးခဲ့ရုံမက၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ရှုတ်ချဖို့ ကျမ်းစာက စကားတွေကိုတောင် သုံးခဲ့တယ်။ ကျွန်တော်က ဘုရားကို ခုခံခဲ့တဲ့ ဖာရိရှဲတွေလိုပါပဲ။ တကယ်ကို မမြင်မကန်းနဲ့ ဘုရားကို မသိခဲ့ဘူး။ ကိုယ့်အယူအဆတွေကို ဖက်တွယ်ခဲ့ရုံမက၊ တခြားလူတွေကို စုံစမ်းစစ်ဆေးရာကနေ တားဆီးဖို့ ဦးနှောက်ခြောက်ခံပြီးတောင် စဉ်းစားခဲ့တယ်။ ဒါက ဘုရားအမှုတော်ကို နှောင့်ယှက်နေတာ မဟုတ်လား။ သခင့်ကို တခြားလူတွေ မကြိုဆိုနိုင်ရင်၊ သူ့အမှုသစ်နောက်မလိုက်နိုင်ရင်၊ ဘုရားနိုင်ငံတော်ထဲ ဝင်ရောက်ဖို့ အခွင့်အရေး ဆုံးရှုံးကြမှာလေ။ ကျွန်တော်က တခြားလူတွေကို ငရဲထဲ ဆွဲခေါ်ပြီး ဘုရားကို ခုခံတဲ့ ဆိုးယုတ်တဲ့ လူပဲ။ အဲဒီလောက် ဆိုးယုတ်မှုကို ကျူလွန်ခဲ့ပေမဲ့ ဘုရားက ကျွန်တော့်ကို အကြင်နာမေတ္တာနဲ့ ကျေးဇူးတော် ပြနေတုန်းပဲ။ သူ့အသံကို ကြားခွင့်ပေးပြီး သူ့ရဲ့ ပေါ်ထွန်းခြင်းကို မျက်မြင်ကြုံခွင့်ပေးခဲ့တယ်။ ဘုရားရဲ့ ချစ်မေတ္တာ စစ်မှန်လိုက်တာ။ ဒါပြီးတော့ ကျမ်းစာနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆက်မိတ်သဟာယပြုကြတယ်။ ကျေးဇူးတော်ခေတ်ထဲက အသင်းတော်ဟာ ဘာလို့ ခြောက်ကပ်လာလဲ၊ လူသားမျိုးနွယ်ကို ဘုရားက အမှုတော်ရဲ့ အဆင့်သုံးဆင့်ကတစ်ဆင့် ကယ်တင်ပုံအကြောင်းကိုလည်း ပြောခဲ့ကြတယ်။

နောက်ပိုင်းအချိန်မှာ၊ ကျွန်တော် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အများကြီး ဖတ်ပြီး နောက်ဆုံး‌သောကာလထဲက သူ့အမှုတော်ကို လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော့်မိန်းမလည်း လက်ခံခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ မုသားများကို ကျွန်တော် ရိပ်စားမိပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်တော့်ကို သူ့ထံသို့ ပြန်လည်တိုးဝင်ချဉ်းကပ်စေသည်

ခဲမူး၊ တောင်ကိုးရီးယားနိုင်ငံ “မင်းကို နောက်တစ်ကြိမ်ထပ်ပြောမယ်- အဲဒီဘုရားကိစ္စတွေ ငါ့ကို ဆက်မပြောနဲ့၊ ပြီးတော့ မင်းက အဲဒီ ဘုရားသခင်ကို...

ဘုရားသခင်၏အသံကို နားထောင်၍ သခင့်ကို ကြိုဆိုခြင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည်...

ခရစ်တော်အစစ်အမှန်နဲ့ အတုအယောင်တွေကို ကျွန်မ အခု ခွဲခြားတတ်ပါပြီ

ကင်ရှင်း တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။