“ခိုတမန်လေး” တစ်ကောင်က အရေးကြီးသော သတင်း ဆောင်ကြဉ်းလာသည်

03.04.2021

ဆုဂျီ၊ တရုတ်ပြည်

၁၉၉၉ ခုနှစ် တစ်နေ့တွင် ဝတ်ပြုစုဝေးပွဲတစ်ခု အပြီးသတ် ပြီးနောက်၊ သင်းအုပ်ဆရာက ကျွန်မထံ ချဉ်းကပ်ပြီး “ဆုဂျီ၊ ဒီမှာ နင့်အတွက် စာတစ်စောင်” ဟု ပြောသည်။ ထိုစာကို ကျွန်မ မြင်သည် နှင့်တပြိုက်နက်၊ ၎င်းသည် ရှန်ဒေါင်တွင် ကျွန်မ တည်ထောင်ခဲ့သည့် အသင်းတော်တစ်ခုမှ လာသည်ကို ကျွန်မ သိလိုက်သည်။ ထိုစာကို ကျွန်မ ယူလိုက်ပြီး၊ အိမ်အပြန်လမ်းတွင် လမ်းလျှောက်လာရင်း၊ “ဒီစာက အရမ်းထူတာပဲ၊ သူတို့ အခက်အခဲတစ်ချို့ ကြုံရလို့များ ဖြစ်နိုင်သလား” ကျွန်မ စဉ်းစားခဲ့သည်။

အိမ်ပြန်ရောက်ပြီးနောက် ထိုစာကိုဖွင့်ဖို့ ကျွန်မ မစောင့်နိုင်ခဲ့ပါ၊ စာထဲတွင် “အစ်မဆုရေ၊ သခင့်မှာ အစ်မငြိမ်သက်ခြင်းရှိပါစေ။ မယုံကြည်နိုင်လောက်တဲ့ သတင်းတစ်ချို့ကို ပြောဖို့ အစ်မကို စာရေး နေတာပါ။ ကျွန်တော်တို့ နေ့နေ့ညည တမ်းတခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် သခင်ယေရှုက ပြန်ကြွလာခဲ့ပြီ။ သူက လူ့ဇာတိနဲ့ ပြန်ကြွ လာပြီးဖြစ်တယ်၊ ပြီးတော့ တရုတ်ပြည်မှာ သူ့နှုတ်ကပတ်တော်တွေ ကတစ်ဆင့် လူတွေကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော် အဆင့်ကို ပြုနေတယ်။ သူက ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ခဲ့ပြီး၊ နိုင်ငံတော်ခေတ်ကို စခဲ့ပြီ...ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို အစ်မ လက်ခံပြီး၊ ဘုရားသခင်ရဲ့ ခြေလှမ်းတွေကိုအမီလိုက်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အစ်မ ဘာပဲလုပ်လုပ် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းမှာ ဒီအခွင့်အရေးကို လက်မလွှတ်ပါနဲ့” ဟု ကျွန်မ ဖတ်ရသည်။ ထိုအချိန်အထိ ကျွန်မ ဖတ်ပြီးနောက် ထိတ်လန့်ခြင်း အသိစိတ်တစ်ခုကို ကျွန်မ ခံစားလိုက်ရသည်။ သူတို့က တကယ်တော့ မည်သည့်အခက်အခဲမျှ ကြုံတွေ့ရခြင်း မဟုတ်ဘဲ၊ အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ယုံကြည်ခဲ့ခြင်း ဖြစ်လေသည်။ ဤစာကို ရေးသောသူအား ကျွန်မ သိလိုစိတ်ထက်သန်သောကြောင့် နောက်ဆုံး စာမျက်နှာကို အမြန်လှန်လိုက်သည်။ အမှန်မှာမူ ထိုစာကို ရေးသူမှာ အစ်ကိုမန်းဖြစ်ပြီး၊ အသင်းတော်၏ အခြားညီအစ်ကိုမောင်နှမများ အားလုံး၏ လက်မှတ်များလည်း အဆုံးတွင် ပါရှိခဲ့သည်။ စာတစ်စောင်လုံးကို ဖတ်ပြီးနောက် ကျွန်မ အံ့သြလွန်း၍ နှုတ်ဆိတ် နေသည်။ ကျွန်မ ဣန္ဒြေပြန်မဆည်မီ၊ ထိုစာကို ခဏတာ ငေးကြောင်ကြောင် စိုက်ကြည့်နေပြီး၊ “အရှေ့အရပ်က လျှပ်ပြက်ခြင်းက သခင်ပြန်ကြွလာပြီးဖြစ်တယ်လို့ သက်သေခံတယ်၊ ပြီးတော့ သူတို့က ဂိုဏ်းဂဏအများကြီးက သိုးကောင်းတွေနဲ့ ခေါင်းဆောင်သိုးတွေ အများကြီးကိုလည်း ခိုးသွားကြတယ်။ ရှန်ဒေါင် အသင်းတော်က အစ်ကိုမန်းကလည်း အရှေ့အရပ်ကလျှပ်ပြက်ခြင်းကို ယုံကြည်လိမ့်မယ် လို့ ငါတစ်ခါမှ မတွေးဖူးဘူး။ ဒီအသင်းတော်က ညီအစ်ကိုမောင်နှမတွေ အားလုံးက အရှေ့အရပ်ကလျှပ်ပြက်ခြင်းရဲ့ အခိုးခံလိုက်ရပြီ ဘာလုပ်လို့ရနိုင်လဲ” မိမိဘာသာ တွေးမိသည်။ ဤအတွေးက ကျွန်မထံ ရုတ်တရက်ပေါ်လာချိန်တွင် ကျွန်မသည် ပို၍ပင် ကြီးမားသည့် အရေးတကြီးဖြစ်ခြင်း၏ အသိစိတ်တစ်ခုကို ခံစားရသော်လည်း ရှန်ဒေါင်ကို ခရီးသွားရန်မှာ အလွန်ဝေးပြီး၊ ကျွန်မက ဤနေရာတွင် မိမိအလုပ်များဖြင့် မအားမလပ်ဖြစ်နေလေသည်။ ကျွန်မ ချက်ချင်း မသွားနိုင်ပါ။ ခိုကိုးရာမဲ့စွာဖြင့် ကျွန်မက ငိုပြီး သခင့်ကို ဆုတောင်းရုံသာ တတ်နိုင်ခဲ့သည်။ “သခင်။ ဒီညီအစ်ကိုမောင်နှမတွေက သခင့်ကို ယုံကြည်တာ သိပ်မကြာသေးပါဘူး၊ ပြီးတော့ သူတို့မှာ တည်ငြိမ်တဲ့ အခြေခံအုတ်မြစ်လည်း မရှိသေးပါဘူး။ ကျေးဇူးပြုပြီး သူတို့ကို စောင့်ရှောက်ပါ...”

ထို့နောက် ကျွန်မ သမ္မာကျမ်းစာကို ပိုက်စိပ်တိုက်ရှာပြီး၊ သူတို့ကို ပထမဆုံးစာပြန်ဖို့ စတင်စာရေးခဲ့သည်။ စာထဲတွင် ကျွန်မက “သခင်ယေရှုအားဖြင့် ညီအစ်ကိုမောင်နှမတို့၊ သတိရှိကြဖို့ အစ်မ လေးလေးစားစားနဲ့ အကြံပြုပါတယ်။ ပေါလုက ‘ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။ သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြော သောသူသည် ကျိန်တော်မူခြင်းကိုခံစေ။ တဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရား မှတပါး အခြားသော ဧဝံဂေလိတရားကို တစုံတယောက်သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကိုခံစေဟု ငါတို့ဆိုခဲ့ပြီး သည်အတိုင်း ယခုငါထပ်၍ဆိုသေး၏။’ (ဂလာတိ သြဝါဒစာ ၁:၆-၉) လို့ပြောခဲ့တယ်။ ညီအစ်ကိုမောင်နှမတို့၊ သခင့်ရှေ့တော်မှောက်ကို မင်းတို့ကို ခေါ်ဆောင်ရတာဟာ လွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူး။ သခင့်ကို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် သစ္စာ ဖောက်နိုင်ရတာလဲ။ မင်းတို့ရဲ့ ဝိညာဉ်အသက်တာက အရမ်း နုနယ်လွန်းတယ်။ တခြားနည်းလမ်းတွေကို ပေါ့ပေါ့တန်တန် နားမထောင်ပါနဲ့။ အစ်မက မင်းတို့နဲ့ဝေမျှခဲ့တဲ့ အရာက စစ်မှန်တဲ့ လမ်းခရီးဖြစ်လို့ အစ်မကို နားထောင်မှဖြစ်မယ်။ သခင်ယေရှုခရစ်တော်သာလျှင် အစ်မတို့ရဲ့ ကယ်တင်ရှင်ဖြစ်တယ်။ ဒါကို အမြဲတမ်း ထိန်းသိမ်းထားရမယ်...” ကျွန်မ စာရေးပြီး၊ စာမျက်နှာ ၈မျက်နှာရှိသောစာကို ကြည့်ပြီး နောက်မှသာလျှင် ကျွန်မ စိတ်အေးသက်သာရှိလေသည်။ ကျွန်မက မိမိဘာသာတွေးလိုက်သည်။ ငါရေးသင့်တာအားလုံး ရေးပြီးပြီ၊ အကြံဉာဏ်ရယူသင့်တဲ့ ကျမ်းစာပိုဒ်အားလုံးဆီက ငါအကြံဉာဏ်ရယူ ပြီးပြီ၊ ပြီးတော့ ငါရေးသင့်တဲ့ အကြုံပြုချက်တွေ နဲ့ အားပေးမှုတွေ အားလုံး ရေးပြီးပြီ။ သူတို့ဒါကို ဖတ်ပြီးနောက်မှာ၊ သူတို့ သေချာပေါက် တုန့်ပြန်ပြီး၊ သူတို့အမှားကို အသိအမှတ်ပြုမှာပဲ။

သီတင်းနှစ်ပတ်ကြာပြီးနောက်၊ ဤတုန့်ပြန်မှုကို ကျွန်မ ရခဲ့သည်။ “အစ်မဆုရေ၊ ကျွန်တော်တို့ ယုံကြည်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်လို့ ကျွန်တော်တို့ မြင်ရ၊ ကြားရပြီးတဲ့ အရာတွေအားလုံးကို ကျွန်တော်တို့ မပြောဘဲ မနေနိုင်ပါဘူး။ ကျွန်တော်တို့က စစ်မှန်တဲ့ လမ်းခရီးကို ထိန်းသိမ်းပြီး ရှေ့ဆက်နေ ကြတယ်။ ကျွန်တော်တို့က သခင့်ကို နည်းနည်းလေးမှ သစ္စာ မဖောက်ဘဲ၊ သခင့်ခြေလှမ်းတွေနောက်ကို လိုက်နေကြတာပါ။ ပေါလု ဆီက ဒီစကားတွေကို အစ်မက ပြောပြခဲ့တယ်။ ‘ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။’ (လာတိ သြဝါဒစာ ၁:၆-၇) ပေါလုပြောတဲ့အရာအတွက် နောက်ခံ အကြောင်း အရင်း တစ်ခုရှိတယ်။ အဲဒီအချိန်က ဖာရိရှဲတွေက ယေဟောဝါရဲ့ ပညတ်တော်ကို ထိန်းသိမ်းဖို့ လူတွေကို တောင်းဆိုတာကို ညွှန်းဆို ထားတဲ့ ပေါလုပြောတဲ့ ‘အခြားသောဧဝံဂေလိ’ ဆိုတာကို သိဖို့ ကျွန်တော်တို့က သမ္မာကျမ်းစာကို လေ့လာဖို့ပဲလိုတာပါ။ အဲဒါက နောက်ဆုံးသောကာလက လူတွေ သခင်က လူ့ဇာတိနဲ့ ပြန်ကြွလာပြီး၊ ဘုရားသခင် အိမ်တော်ကစတဲ့ သူ့ရဲ့ တရားစီရင်ခြင်းအမှု ပြုနေတယ် ဆိုတာကို သက်သေခံရင်း နိုင်ငံတော်ရဲ့ ဧဝံဂေလိ ဖြန့်ဝေတာကို ညွှန်းဆိုတာ မဟုတ်ဘူး။ ပေါလုက ဒီစာကို ဂလာတိ အသင်းတော် တွေကို ရေးတဲ့အချိန်မှာ ဘယ်သူကမှ ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိကို လုံးဝ ဟောကြားမနေခဲ့ပါဘူး။ ဒါ့ကြောင့် ပေါလုပြောတဲ့ ‘အခြားသော ဧဝံဂေလိ’ ဆိုတာက သခင့်ပြန်ကြွခြင်းနဲ့ ဘုရားသခင် အိမ်တော်ကနေစတဲ့ နောက်ဆုံးသော ကာလ သူ့ရဲ့ တရားစီရင်ခြင်း အမှုတော်ပြုနေတာကို ရည်ညွှန်းတာမဟုတ်ဘူး။ အခု ဆောင်ရွက်ဖို့ သခင်ုပြန်ကြွလာတဲ့ ဒီတရားစီရင်ခြင်း အမှုတော်အဆင့်က ဗျာဒိတ်ကျမ်းထဲက ဒီပရောဖက်ပြုခြင်းကို ပြည့်စုံစေတယ်။ ‘မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ...ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။(ဗျာဒိတ်ကျမ်း ၁၄:၆-၇) ဒီမှာ ‘ထာဝရဧဝံဂေလိတရား’ ဆိုတာ နိုင်ငံတော် ဧဝံဂေလိတရားကို ညွှန်းဆိုတယ်။ အဲဒီအပြင် ဒီနောက်ဆုံး ကယ်တင်ခြင်းက သခင်ယေရှုရဲ့ တပည့်တော်တွေဆီကို သန့်ရှင်းသော ဝိညာဉ်တော်က ဟိုးအရင်က ထုတ်ဖော်ပြခဲ့ပြီးသားပါ။ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ‘နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။’ (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၄-၅) လို့ ပေတရုပြောခဲ့သလိုပဲ ဖြစ်တယ်။ အစ်မဆုရေ၊ သခင့်ပြန်ကြွလာခြင်းက ယုံကြည်သူတွေအနေနဲ့ ကျွန်တော်တို့ တမ်းတခဲ့တဲ့ အရာမဟုတ်ဘူးလား။ အခုသခင်က တကယ့်ကို ပြန်ကြွလာပြီ။ ကျွန်တော်တို့က နှိမ့်ချတဲ့ ရှာဖွေသူတွေ ဖြစ်ရမယ်။ ဘုရားသခင်ရဲ့ ပထမဆုံး လူ့ဇာတိခံယူခြင်းဖြစ်တဲ့ သခင်ယေရှုကို ဖာရိရှဲတွေ ဆက်ဆံရာမှာ သခင်ယေရှုက တရားတော်ကို မနာခံလို့ သခင့်ကို ပြစ်တင်ရှုတ်ချရင်း၊ အာခံရင်းနဲ့ အဲဒီနောက် သခင့်ကို ကားစင်တင်ရင်း ဘုရားသခင်ရဲ့ အမှုတော်သစ်ကို ဘောင်ခတ်ဖို့ သမ္မာကျမ်း အသိပညာတွေ၊ သူတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေကို ကျိုးကြောင်းမမြင်ဘဲ အသုံးပြုတဲ့ ဖာရိရှဲတွေလို ကျွန်တော်တို့ လုံးဝ ဖြစ်လို့မဖြစ်ဘူး။ ဖာရိရှဲတွေက ယေဟောဝါ ဘုရားသခင်ကိုသာ ယုံကြည်ကြပေမယ့် ယေဟောဝါဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်း-သခင်ယေရှုရဲ့အမှုတော်- ကို လက်မခံကြဘူး။ ပြီးတော့ အဆုံးသတ်မှာ သူတို့က သခင့်ရဲ့ ပြစ်တင်ရှုတ်ချတာနဲ့ ကျိန်ဆဲတာကို ခံကြရတယ်။ ဒီတကယ့်သင်ခန်းစာကို ကျွန်တော်တို့ ပြန်လည်မသုံးသပ်ထိုက်ဘူးလား။ သခင်ယေရှုက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ဖြစ်တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က သခင်ယေရှုကိုသာ လက်ခံပြီး၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို လက်မခံရင်၊ ကျွန်တော်တို့က ဖာရိရှဲတွေနဲ့ တူမနေဘူးလား။ အဲဒါဆိုရင် ကျွန်တော်တို့က ဘုရားသခင်ကို ယုံကြည်ပေမဲ့ သူ့ကို အာခံတဲ့သူတွေ မဖြစ်လာဘူးလား။ အဲဒီအပြင် အစ်မဆုရေ၊ အစ်မက ကျွန်တော်တို့ကို သခင့်ဧဝံဂေလိ ဟောကြားခဲ့တာနဲ့ပဲ ကျွန်တော်တို့က အစ်မပြောသလို မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ ယုံကြည်တဲ့သူက ဘုရားသခင်ဖြစ်တယ်။ ပေတရုနဲ့ တခြားတမန်တော်တွေက ‘လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။’ (တမန်တော်ဝတ္ထု ၅:၂၉) လို့ တစ်ခါက ပြောခဲ့သလိုပဲ ဖြစ်တယ်။ ပြီးတော့ သခင်ကြွလာခြင်းနဲ့ ပတ်သက်တဲ့ အရေးကိစ္စမှာ အထူးသဖြင့် ကျွန်တော်တို့က တခြားလူသားတွေကိုသာ နားမထောင်နိုင်ပါဘူး။ ကျွန်တော်တို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဘုရားသခင်ရဲ့ အသံတော်ဖြစ်တယ်ဆိုတာကို ဆုံးဖြတ်နှင့်ပြီးပါပြီ။ အစ်မလည်း အဲဒါကို စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။”

စာကို ဖတ်နေစဉ်တွင် ကျွန်မက အလွန် စိတ်ဆိုးနေပြီး၊ အနည်းငယ်မျှပင် လက်ခံယုံကြည်ခြင်းမရှိခဲ့ပါ။ ကျွန်မက သမ္မာကျမ်းစာ ဆိုင်ရာ မှီငြမ်းစာအုပ်ကို စကားကျလိုက်ကောက်ပြီး၊ ဂလာတိသြဝါဒ စာစောင်၏ နိဒါန်းသို့ လှန်လှောကြည့်သည်။ ကျွန်မ သေချာစွာ ဖတ်ရှုပြီး၊ အလွန်အံ့သြရလေသည်။ ဤအရာက တကယ် မှန်ကန်နေ လေသည်။ ပေါလုပြောသည့် “အခြားသောဧဝံဂေလိ” ဆိုသည်မှာ ဖာရိရှဲတို့က ယေဟောဝါ၏ ပညတ်တော်ကို လူများအား လိုက်နာ စောင့်ထိန်းခိုင်းခြင်းကို အမှန်တကယ် ညွှန်းဆိုခြင်းဖြစ်သည်။ ထိုအတိုင်းပင် ၎င်းက သခင်ပြန်ကြွလာခြင်းတွင် ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် သခင့်၏ တရားစီရင်ခြင်း အမှုတော်ကို ညွှန်းဆိုခြင်း မဟုတ်ပါ။ နှစ်ပေါင်းများစွာ၊ ဤအရာသည် ထိုကျမ်းပိုဒ်၏ ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာဖြစ်သည်ကို ကျွန်မ မည်သို့ တစ်ခါမျှ သတိမပြုမိခဲ့သနည်း။ သူတို့က လက်ခံယုံကြည်ခြင်းမရှိ သည်မှာ အံ့သြစရာမဟုတ်ပါ။ ထို့နောက် နောက်ထပ် အတွေးစဉ်တစ်ခု ကျွန်မဆီမှာ ပေါ်ပေါက်လာသည်။ ကျွန်မပြောခဲ့သည့်အရာက မှားလျှင် ပင်၊ သူတို့ ဟောသကဲ့သို့ သခင်ပြန်ကြွလာပြီဆိုသည်ကို သက်သေ မပြနိုင်သေးပါ။ ကျွန်မက ထိုစာကို အစမှအဆုံး ပြန်ဖတ်ခဲ့ပြီး၊ ကျွန်မ ပို၍ဖတ်ရှုလေ၊ ပို၍ ဒေါသထွက်လေ ဖြစ်သည်။ ကျွန်မက “ငါဒီလောက် အချိန်တိုလေး ထွက်သွားပြီးတဲ့နောက်မှာ သူတို့က ငါ့ကို ဒီလို အထက်စီးကလေသံနဲ့ ပြောရဲမယ်၊ ပြီးတော့ ဖာရိရှဲတစ်ယောက် လို့တောင် ငါ့ကို ခေါ်ရဲကြမယ်လို့ ငါ လုံးဝ မမျှော်လင့်ခဲ့ဘူး။ ငါက ဖာရိရှဲတွေကို လူတကာထက် ပိုမုန်းတယ်။ ငါက ဖာရိရှဲတွေ နည်းလမ်းအတိုင်း သခင့်ကို အာခံဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါက ယုံကြည်သူတွေအတွက် နေ့နေ့ညည အပင်ပန်းခံရင်း နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့တယ်။ အဲဒါကို သူတို့ ဘယ်လိုလုပ်ပြီး မသိနိုင်ရ တာလဲ”ဟု တွေးမိသည်။ ၎င်းကို ကျွန်မ ပိုတွေးလေ၊ ကျွန်မ ပို၍စိတ်မချမ်းသာလေ ဖြစ်ပြီး၊ “ဟင့်အင်း။ မရင့်ကျက်သေးတဲ့ ယုံကြည်သူ လက်တစ်ဆုပ်စာရဲ့ နိုင်အောင်ငြင်းတာကို ငါဘယ်လိုဖြစ်ပြီး ခံရတာလဲ။ ငါက သမ္မာကျမ်းစာကို အခေါက်ပေါင်းများစွာ ဖတ်ပြီးပြီ- ဒီစကားရည်လု တာကို ငါမနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး” ဟု ကျွန်မ တွေးမိသည်။

ထို့ကြောင့် ကျွန်မ ဘောလ်ပင် တစ်ဖန်ထုတ်လိုက်ပြီး၊ “ညီအစ်ကို မောင်နှမတို့၊ သခင့်ထဲမှာ ငြိမ်သက်ခြင်းရှိပါစေ။ မင်းတို့ စာကို ဖတ်ရတာ အစ်မအတွက် အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်။ အစ်မပြောသလို လုပ်ဖို့ မင်းတို့ကို တောင်းဆိုနေတာ မဟုတ်ပါဘူး-မင်းတို့က အစ်မရဲ့ ရည်ရွယ်ချက်ကို တကယ့်ကို နားလည်မှုလွဲ သွားပြီ။ သခင်ယေရှုက ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) လို့ပြောခဲ့တာကြောင့် မင်းတို့က သခင်ယေရှုရဲ့ လမ်းကနေ သွေဖည်နေမှာကို အစ်မ ကြောက်မိတယ်။ ပေါလုကလည်း ‘ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူ၍၊ ငါတို့သည်အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏ နေ့ရက်သည် ချက်ခြင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင် တဆောမရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။ အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်။’ (သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင် ၂:၁-၃) လို့ပြောခဲ့တယ်။ ချစ်ရတဲ့ ညီအစ်ကိုမောင်နှမတို့၊ နောက်ဆုံးသောကာလမှာ ရှေ့လျှောက် အန္တရာယ်ရှိတဲ့ ရက်တွေရှိမှာဖြစ်ပြီး၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ဟောကြားတဲ့ ဘယ်သူ့ကိုမှ မင်းတို့ ယုံလို့မဖြစ်ဘူးလို့ သခင်ယေရှုရဲ့ နာမတော်နဲ့ အစ်မ အကြုံပြုပါတယ်။ အစ်မတို့က မှားယွင်းတဲ့ လမ်းကြောင်းကို လျှောက်ပြီး သခင့်ကို သဘောမကျဖြစ်စေမှာ စိုးလို့ အစ်မတို့ အင်မတန် သတိထားပြီး၊ သခင့် နှုတ်ကပတ်တော်တွေကို စိတ်ထဲမှာ မှတ်သားထားရမယ်”ဟု ပြောလျက် သူတို့ထံ ဒုတိယစာရေး ခဲ့သည်။

သီတင်းနှစ်ပတ်ကြာပြီးနောက် ကျွန်မ သူတို့ထံမှ နောက်ထပ် စာတစ်စောင် ရရှိခဲ့ပြီး၊ ယင်းက “အစ်မဆုရေ၊ ကျွန်တော်တို့အတွက် အစ်မရှာပေးတဲ့ ကျမ်းပိုဒ်က အမှားမရှိပေမဲ့၊ ကျွန်တော်တို့က အဲဒီနှုတ်ကပတ်တော်တွေထဲက သခင်ယေရှုရဲ့ စစ်မှန်တဲ့ ဆိုလိုရင်းကို ရှင်းလင်းရမှာဖြစ်ပြီး၊ သခင့်အလိုတော်ကို နားလည်မှုလွဲလို့ မဖြစ်ဘူး။ သခင်ယေရှုက နောက်ဆုံးသောကာလမှာ သခင်ပြန်ကြွလာတဲ့အချိန်မှာ ခရစ်တော် အယောင်ကို ဆောင်တဲ့သူတွေ ပေါ်ထွန်းလာပြီး၊ ခရစ်တော် အယောင်ကို ဆောင်တဲ့သူတွေက လူတွေကို လှည့်စားဖို့ သခင့် နာမတော်ကို သုံးပြီး အယောင်ဆောင်မယ်၊ ပြီးတော့ နိမိတ်လက္ခဏာ တွေကို ပြမယ်လို့ ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ဒါကိုပြောခြင်းအားဖြင့် ထိုးထွင်းသိမြင်မှုကို ကျွန်တော်တို့ လက်တွေ့ လုပ်ဆောင်ဖို့ သခင်က ပြောနေတယ်။ သခင့်ပြန်ကြွလာခြင်းကို ဟောကြားတဲ့ လူတွေအားလုံး က မှားတယ်လို့ သခင်က ပြောနေတာ မဟုတ်ဘူး။ အစ်မပြောသလို၊ သခင့်ပြန်ကြွလာခြင်းကို ဟောကြားတဲ့ သူအားလုံးက မှားပြီး၊ ကျွန်တော်တို့က သူတို့ကို သတိထားပြီး၊ ငြင်းပယ်ရမယ်ဆိုရင်၊ ကျွန်တော်တို့က လူ့ဇာတိနဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုကို တံခါးပိတ်ထားမိဖို့ ဖြစ်နိုင်ခြေ အရမ်းမရှိဘူးလား။ သခင်က သူတစ်ဖန်ပြန်ကြွလာမယ်လို့ ပြောခဲ့တာကြောင့် ကျွန်တော်တို့ ဒါကို ပြောတာပါ။ သိသိသာသာပဲ ဒီလိုမျိုး အမြင်ရှုထောင့်က သခင့်အလိုတော်နဲ့ မကိုက်ညီဘူး။ စစ်မှန်တဲ့ခရစ်တော်နဲ့ ခရစ်တော် အယောင်ကိုဆောင်တဲ့သူတွေကြားမှာ ခွဲခြားသိမြင်ပုံနဲ့ ပတ်သတ်လို့ ကတော့ ကျွန်တော်တို့က အစ်မအတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ကူးပေးထားတယ်၊ အစ်မ သေချာဖတ်မယ်လို့ မျှော်လင့်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- ‘မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း) ဘုရားသခင်ရဲ့ အမှုတော်က အမြဲတမ်း မပြောင်းလဲဖူးဆိုတာ မဖြစ်နိုင်ပါဘူး။ ဘုရားအမှုတော်က အမြဲတမ်း သစ်တယ်၊ ဘယ်တော့မှ မဟောင်းသလို ဘယ်တော့မှလည်း ထပ်မလုပ်ပါဘူး။ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်က ဘုရား အမှုတော်တွေက အမှုတော်ရဲ့ ကွဲပြားတဲ့ အဆင့်နှစ်ခု ဖြစ်သလိုပါပဲ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေအတိုင်း သူ့နှုတ်ကပတ်တော်တွေကတစ်ဆင့် လူတွေကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော် အဆင့်တစ်ခုကို ပြုခဲ့ပြီးဖြစ်တယ်။ ဒါက လူတွေကို လုံးလုံးလျားလျား သန့်စင်ပြီး၊ ကယ်တင်ခြင်း အဆင့်တစ်ခုဖြစ်တယ်။ အဲဒါက အရင်အမှုတော်ထက် ပိုသစ်၊ ပိုမြင့်မားပြီး၊ ပိုလက်တွေ့ကျပါတယ်။ ဘုရားအမှုတော်ရဲ့ အဆင့်တိုင်းကနေပြီး၊ သူဖော်ပြတဲ့ သမ္မာတရားအပြင်၊ သူ့အမှုတော်ရဲ့ အမြော်အမြင်၊ သြဇာအာဏာနဲ့ တန်ခိုးတို့ကို ကျွန်တော်တို့ တွေ့နိုင် ပါတယ်။ ဒါပေမဲ့ ခရစ်တော်အယောင်ကိုဆောင်တဲ့သူတွေက ဆိုးယုတ် တဲ့ ဝိညာဉ်တွေရဲ့ အပူးခံရပြီး၊ ဘုရားသခင်ရဲ့ အနှစ်သာရကို မပိုင်ဆိုင် ကြဘူး။ သူတို့တွေက သမ္မာတရားလုံးလုံးကင်းမဲ့တာကြောင့် သူတို့က သမ္မာတရားကို ဖော်ပြနိုင်စွမ်းမရှိဘူး၊ ပြီးတော့ သူတို့က ဘုရားသခင်ရဲ့ အနန္တတန်ခိုး၊ အမြော်အမြင်နဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထားတို့ကို ဖော်ပြနိုင်စွမ်းမရှိဘူး။ ခရစ်တော်အယောင်ကို ဆောင်တဲ့သူတွေက ဘုရားသခင်ရဲ့ အမှုတော်ကို လုံးဝ မလုပ်နိုင်တာ ရှင်းပါတယ်။ ခရစ်တော်အယောင်ကိုဆောင်တဲ့သူတွေက လူတွေကို လှည့်စားဖို့ အားထုတ်ကြိုးပမ်းရာမှာ သူတို့ကိုယ်သူတို့ ခရစ်တော်အဖြစ် ပုံမှား ရိုက်ပြီး သခင်ယေရှု ပြုခဲ့ပြီးတဲ့ အမှုတော်တွေဖြစ်တဲ့ အနာငြိမ်း စေခြင်း၊ မကောင်းဆိုးဝါးတွေကို မောင်းထုတ်ခြင်းနဲ့ သာမာန် နိမိတ်လက္ခဏာ တစ်ချို့တို့ကို ပြခြင်းတို့ကိုသာ လိုက်တု နိုင်တယ်။ အစ်မရေ၊ သခင့်နှုတ်ကပတ်တော်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ နားလည် သဘောပေါက်မှုစစ်စစ်တစ်ခု လိုအပ်တယ်။ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာတဲ့ ခရစ်တော် အယောင်ကိုဆောင်တဲ့ သူတွေကြောင့် သက်သက်နဲ့ ကိုယ့်ဒုက္ခကိုယ် ရှာဖို့ နေနေသာသာ၊ ကျွန်တော်တို့က သခင့်အလိုတော်ကို တလွဲယူလို့ လို့မရဘူး။ သခင့်ရဲ့ ပြန်ကြွလာခြင်း အမှုတော်ကိုတောင် ကျွန်တော်တို့ မလေ့လာလို့ မဖြစ်ဘူး...” ဟု ပြောထားသည်။

စာထဲတွင် ညီအစ်ကိုမောင်နှမများ၏ မိတ်သဟာယပြုခြင်းက အခြေအမြစ်ရှိသော်လည်း၊ ၎င်းကို ရှာဖွေဖို့ သို့မဟုတ် စဉ်းစားချင့်ချိန်ဖို့ ကျွန်မ ရည်ရွယ်ချက် လုံးလုံးမရှိခဲ့ပါ။ သူတို့အတွက် ကျွန်မ ရှာတွေ့သည့် ကျမ်းပိုဒ်များကို သူတို့ လက်ခံပြီး၊ သခင်ထံသို့ ပြန်သွားခြင်း ရှိမရှိကိုသာ ကျွန်မ ဂရုစိုက်ခဲ့သည်။ ကျွန်မတို့ အပြန်အလှန် စာရေးသားခြင်းမှ ဤစကားရည်လုခြင်းနှစ်ခုကို ပြန်ပြောင်းတွေးကြည့်ပြီး၊ သူတို့က အနည်းငယ်မျှ လက်ခံယုံကြည်ခြင်းမရှိသည်ကို ကျွန်မ မြင်ခဲ့ရသည်။ ဆန့်ကျင်ဖက်အားဖြင့် သူတို့ကို ကျွန်မက လုံးဝဥဿုံ သိမ်းသွင်း စည်းရုံးခွင့်ပြုခဲ့သည်မှာ ကျွန်မမှာ ဂုဏ်သိက္ခာ လုံးဝ မရှိ တော့သည် အထိဖြစ်သည်။ ကျွန်မက သခင့်ထံ ကမန်းကတန်း ဆုတောင်း လိုက်ပြီးနောက်၊ သမ္မာကျမ်းစာနှင့် ကျွန်မ၏ ဝိညာဉ်ရေးရာ စာအုပ် များအားလုံးကို ထုတ်ကာ၊ ထိုစာအုပ်များကို ကျွန်မအိပ်ရာ ပေါ်တွင် ခင်းကျင်းလိုက်သည်။ သူတို့ကို ပြန်လှန်ချေပဖို့အတွက် အကြောင်း အရင်းတစ်ခု ရှာတွေ့လိုခြင်းဖြင့် ထိုစာအုပ်များကို ကျွန်မ အဆက်မပြတ် လှန်လှောကြည့်နေခဲ့သည်။ စာရွက်များကို ကျွန်မ တရွှမ်းရွှမ်းလှန် နေသည့် အသံမှလွဲ၍ အခန်းက လုံးဝ တိတ်ဆိတ်နေသည်။ ကျွန်မ သတိမပြုလိုက်မီမှာပင် နေဝင်ရီတရောဖြစ်လာပြီး၊ ကျွန်မ တစ်ခုမှ ရှာမတွေ့သေးပါ။ ကျွန်မ အလွန်ပင်ပန်းလှသည်မှာ သက်ပြင်းကြီး တစ်ခုချကာ “ဒီစာအတွက် အဖြေတစ်ခုရဖို့ တကယ့်ကို မလွယ်ပါ လား”ဟု တွေးမိသည်။ ကျွန်မက မိမိ၏ ဘောလ်ပင်ကို ကောက်ကိုင်ပြီး “ညီအစ်ကိုမောင်နှမတို့၊ မင်းတို့စာကို ဖတ်ရတာဟာ မင်းတို့ တစ်ချိန်ကဖြစ်ခဲ့တဲ့ ချစ်စရာ သိုးငယ်လေးတွေ လုံးဝမဟုတ်တော့ဘူး ဆိုတဲ့ ခံစားချက်နဲ့ အစ်မကို ကျန်ရစ်စေတယ်။ မင်းတို့က အစ်မကိုတောင် နားမထောင်ကြတော့ဘူး၊ မင်းတို့က သခင့်လမ်းခရီးက သွေဖည်ဖို့ပဲ မရမကပြောနေကြတယ်၊ ပြီးတော့ မင်းတို့က အစ်မနဲ့ အရမ်းကို ကန့်လန့်ခံနေတာပဲ။ မင်းတို့ အပြုအမူတွေက သခင့်ကို ဝမ်းနည်းစေတယ်လို့ အစ်မထင်တယ်၊ အစ်မလည်း အရမ်းဝမ်းနည်း ပါတယ်။ သခင်ယေရှုက မင်းတို့ကို တို့ထိပြီး၊ ဒီစာဟာ မင်းတို့ကို ပြန်လှည့်လာအောင် လုပ်နိုင်ပါစေ။ အာမင်” ဟု ရေးရုံသာ တတ်နိုင်ခဲ့သည်။

သီတင်းပတ်အနည်းငယ် ကြာပြီးနောက်တွင်၊ သူတို့ထံမှ နောက်ထပ် ပြန်စာတစ်စောင် ကျွန်မ ရရှိခဲ့သော်လည်း ကျွန်မ စိတ်ပျက်ရသည်မှာ၊ ကျွန်မ၏ ချစ်ခြင်းမေတ္တာနှင့် အားပေးမှုတို့ကြောင့် သူတို့က ကျွန်မကို စာပြန်ခဲ့ခြင်း မဟုတ်ပါ။ ဆန့်ကျင်ဖက်အားဖြင့် သူတို့က ပြင်းထန်စွာနှင့် ပြတ်ပြတ်သားသား ပြောခဲ့ကြသည်။ “အစ်မဆု၊ အစ်မက ကျွန်တော်တို့ကို ပြောင်းလဲစေခဲ့တာပါ။ အဲဒါ မှန်ပါတယ်၊ ဒါပေမဲ့ ဒီလမ်းပျောက်ပြီး၊ လျှောက်သွားနေတဲ့ သိုးတွေ ဖြစ်တဲ့ ကျွန်တော်တို့ကို အစ်မရဲ့ အကူအညီနဲ့ သိုးစုထဲကို စုဝေးစေ ခဲ့တဲ့သူက ဘုရားသခင် ဖြစ်တာကြောင့် ကျွန်တော်တို့ ကျေးဇူးတင်သင့် တဲ့သူက သခင်ဖြစ်တယ်။ အစ်မက သိုးစုကို စောင့်ရှောက်တဲ့ အစေခံ တစ်ယောက်သာ ဖြစ်ပါတယ်၊ ဒါပေမယ့် သခင်ယေရှုပဲ စစ်မှန်တဲ့ သိုးထိန်းပါ။ သခင်ယေရှုက၊ ‘သည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်း တော်ကို သိုးသကဲ့သို့ ငါ၏သိုးကိုလည်း ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၁၄) လို့ ပြောခဲ့တဲ့အတိုင်းပါပဲ။ သခင်က သူ့အတွက် အလုပ်လုပ်တဲ့ လူတိုင်းကို သိုးတွေကို ယုံယုံကြည်ကြည် အပ်နှံတယ်။ လူတစ်ယောက်ရဲ့ တာဝန်က အဲဒီသိုးတွေကို စောင့်ရှောက်ဖို့ပဲ ဖြစ်ပြီး၊ သခင်ပြန်ကြွလာ တဲ့အချိန်မှာ၊ သူတို့က သူ့ဆီက သိုးစုကို ပြန်ပေးသင့်တယ်။ အစ်မဆု၊ သမ္မာကျမ်းစာထဲမှာ သခင်ယေရှုပြောထားတဲ့ ‘ဆိုးယုတ်တဲ့ ဉယျာဉ် စောင့်တွေ’ ပုံဥပမာကို ကျွန်တော်တို့အားလုံး သိကြတယ်။ ခြံမြေကို အတင်းအကျပ် သိမ်းပိုက်ဖို့၊ ဉယျာဉ်စောင့်တွေက အသီးအနှံတွေ ခူးဆွတ်ဖို့လာတဲ့ အစေခံတွေကို ရိုက်နှက်ပြီး၊ အိမ်ရှင်က သူ့သားကို စေလွှတ်တဲ့အခါမှာ၊ ခြံမြေကို သိမ်းပိုက်ဖို့ သူတို့က သားလုပ်တဲ့သူကို သတ်ကြတယ်။ အိမ်ရှင် ပြန်လာတဲ့အခါမှာ၊ သူက ဒီဆိုးယုတ်တဲ့ ဉယျာဉ်စောင့်တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။ ကျွန်တော်တို့က သူတို့လိုဖြစ်လို့မရဘူး။ သခင်က အခုပြန်ကြွလာပြီဖြစ်ပြီး၊ ကျွန်တော်တို့ က သခင့်သိုးတွေကို သခင့်ဆီကို လွှဲပြောင်းပေးသင့်တယ်။ ဒါက ကျွန်တော်တို့ ပိုင်ဆိုင်သင့်တဲ့ဆင်ခြင်တုံတရားပဲ။”

ဤစာက ကျွန်မကို အမှန်တကယ် အံ့အားသင့် စေခဲ့သည်။ ကျွန်မက “မျက်တောင်တစ်ခတ်အတွင်းမှာ သူတို့ ဘယ်လို လုပ်ပြီး နားလည်သဘောပေါက်မှုတွေ အများကြီးရခဲ့တာလဲ။ ငါ ရှန်ဒေါင်ကို သွားပြီး၊ အသင်းတော် တည်ထောင်ခဲ့တာ နှစ်နှစ်ပဲ ရှိသေးတယ်။ ငါပြန်ထွက်လာတဲ့အချိန်က သူတို့က သူတို့ယုံကြည်မှုမှာ ‘လေး’သာသာပဲ ရှိသေးတယ်။ အရှေ့အရပ်က လျှပ်ပြက်ခြင်းကို လက်ခံပြီး လနည်းနည်းမှာပဲ သူတို့စကားတွေက ခွန်အားတွေ အများကြီးပါမယ် ဒါမှမဟုတ် သူတို့က ငါ့ကို ငြင်းခုံဆွေးနွေးနိုင်ဖို့ ဒီလောက်စုံလင်တဲ့ သမ္မာကျမ်းစာပိုဒ်တွေကို ရှာတွေ့နိုင်လိမ့်မယ် ဒါမှမဟုတ် ငါ့မှာသူတို့ကို ပြန်ပြောဖို့ စကားတစ်လုံးမှ မရှိဘဲ ကျန်ခဲ့မယ်လို့ ငါတစ်ခါမှ မတွေးဖူး ဘူး” ဟု မိမိဘာသာတွေးမိသည်။ ထိုအခိုက်အတန့်တွင် ကျွန်မက ခါးသီးစွာ စိတ်ပျက်ပြီး၊ ဤညီအစ်ကို မောင်နှမများက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနောက်ကို လိုက်ဖို့ သူတို့သန္နိဌာန်မှာ မယိမ်းမယိုင် ဖြစ်လာသည်၊ သူတို့မှာ ပြန်လှည့်ဖို့ အစီအစဉ် မရှိဟု ခံစားရသည်။ သူတို့ပြန်လာဖို့ ကျွန်မက သူတို့ကို သိမ်းသွင်းမစည်းရုံးနိုင်မှန်း ကျွန်မ သိပါသည်။ လုံးလုံး အားအင်ကုန်ခမ်းပြီး အားနည်းနေချိန်တွင်၊ ကျွန်မက သူတို့ကို စတုတ္ထမြောက် စာကို အင်တင်တင်ဖြင့် ပို့ခဲ့သည်၊ ထိုစာထဲတွင် “မင်းတို့ ကြိုက်သလိုလုပ်ပါ။ ဘုရားသခင်ဆီက လာတဲ့အရာက ကြီးပွားတိုးတက်ပြီး၊ လူဆီကလာတဲ့ဟာက ရှုံးနိမ့်မယ်လို့ ရှေးခေတ်အချိန်တွေကတည်းက သမ္မာကျမ်းစာထဲမှာ ရေးထားသလိုပေါ့။ အစ်မဆီကို စာထပ်မရေးကြပါနဲ့တော့။ မင်းတို့က သခင်ယေရှုအတွက် မင်းတို့ရဲ့ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာတို့ကို ထိန်းထားနိုင်မယ်လို့ အစ်မမျှော်လင့်ပါတယ်” ဟု ကျွန်မက ပြောခဲ့ ပါသည်။

ရှန်ဒေါင်ညီအစ်ကိုမောင်နှမများက ကျွန်မကို ဝေငှခဲ့သည့် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ငြင်းပယ် ပြီးနောက်၊ ကျွန်မ၏ စိတ်ဝိညာဉ်က တိုး၍ မှောင်မိုက်ကာ၊ အားနည်း လာပြီး၊ ကျွန်မ၏ ယေဘုယျ အခြေအနေက ဆိုးရွားလာခဲ့သည်။ ကျွန်မ မကြာခဏ အစာရှောင်၊ ဆုတောင်းပြီး၊ သခင့်ကို မည်သို့ အပြစ် ကျူးလွန်ခဲ့သည်ကို ပြန်လည်သုံးသပ်သော်လည်း၊ သခင့် အလိုတော်ကို ကျွန်မ လုံးဝနားမလည်နိုင်ဘဲ၊ သခင့် မျက်မှောက်တော်ကိုလည်း မခံစားနိုင်ပါ။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အလှူငွေထဲမှ ပိုက်ဆံများကို အပြိုင်အဆိုင်ရယူဖို့ ကျွန်မကို မှားယွင်းသော စွပ်စွဲချက်များဖြင့် စွပ်စွဲပြီး၊ အသင်းတော်မှ အောင်မြင်စွာ ထုတ်ခဲ့သည်မှာ ဤအချိန်အတွင်းဖြစ်သည်။ ကျွန်မ အလွန့်အလွန် စိတ်မချမ်းမြေ့ဖြစ်ပြီး၊ မည်သူ့ကို အကူအညီ တောင်းရမှန်းလည်း မသိခဲ့ပါ။ ကျွန်မ မြစ်ကမ်းနံဘေးသို့ မကြာခဏ သွားပြီး “သခင်၊ ကိုယ်တော်က ကျွန်မရဲ့ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်ပါတယ်” ဆိုသည့် ဓမ္မသီချင်းကို ကျွန်မ ငိုနေရင်း သီဆိုခဲ့သည်။ ကျွန်မ၏ ဒုက္ခသုက္ခများမှ ကျွန်မကို ကယ်တင်နိုင်ဖို့အလို့ငှာ သခင် မကြာမီ ပြန်လာဖို့ကို ကျွန်မ တောင့်တခဲ့သည်။

ခြောက်လကြာပြီးနောက် တစ်နေ့ နေ့လည်စာချက်နေစဉ်တွင် ကျွန်မ၏ ယောက္ခမက အိမ်ရှေ့တံခါး အပြင်ဘက်မှ ကျွန်မ၏ နာမည်ကို ခေါ်သံကြားခဲ့သည်။ တံခါးဖွင့်ပေးလိုက်သည့်အခါတွင်၊ ကျွန်မ ယောက္ခမ နောက်၌ နူးညံ့သိမ်မွေ့သော အင်္ဂါရပ်များဖြင့် သွယ်လျသော မိန်းမငယ်လေးတစ်ယောက်ကို မြင်ရသည်။ ကျွန်မ ယောက္ခမက “ဒီညီမငယ်လေးက သမီးကိုတွေ့ဖို့လာတာ။ သူ့မှာ လိပ်စာရှိပေမဲ့ သမီးကို ရှာမတွေ့နိုင်ဘူး၊ ဒါ့ကြောင့် အသင်းတော်ကိုသွားတယ်။ သူက သမီးကို အရေးတကြီးတွေ့ဖို့ လိုတယ်လို့ပြောတယ်၊ ဒါ့ကြောင့် အမေ သူ့ကို ဒီကို ကမန်းကတန်း ခေါ်လာတာ” ဟု ပြောလေသည်။ ကျွန်မက ဤညီမလေးကို သေချာစွာ အကဲဖြတ်ပြီး “ငါဘာလို့ သူ့ကို မသိပုံ ပေါက်တာလဲ” ဟု မိမိဘာသာ တွေးမိသည်။ ကျွန်မကို မြင်သည့်အခါ၊ သူမက ကျွန်မဆီသို့ ချက်ချင်းလာပြီး၊ ကျွန်မလက်ကို ဆွဲကာ “ဒါဆို အစ်မက အစ်မဆုပေါ့။ နောက်ဆုံးတော့ အစ်မကို ရှာတွေ့ပြီ” ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူမ အပြုအမူများကြောင့် အံ့သြလွန်း၍ နှုတ်ဆိတ်နေကာ၊ သူမကို အံ့သြတကြီးဖြင့် ကြည့်ပြီး၊ ကျွန်မက “ညီမလေးက ဘယ်သူလဲ။ အစ်မတို့ အရင်က မတွေ့ဖူးဘူး ထင်တာပဲ”ဟု မေးလိုက်သည်။ သူမ၏ စိတ်အားထက်သန်သော အဖြေမှာ “အစ်မ၊ ကျွန်မ မိသားစုနာမည်က ဝမ်းပါ။ ကျွန်မက ရှန်ဒေါင်က အစ်ကိုမန်းနဲ့ အစ်မ ကျောက်တို့ကြောင့် ဒီကို ရောက်လာတာ။ အစ်ကိုမန်းနဲ့ တခြားလူတွေက ဒီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို စာတစ်စောင်ရေးပြီး၊ ဘာပဲဖြစ်ဖြစ် အစ်မကို ရှာဖွေဖို့ နည်းလမ်းတစ်ခုကို ကျွန်မတို့ကို စဉ်းစားခိုင်းတယ်။ သူတို့က အင်မတန် အလုပ်များပြီး၊ လူကိုင်တိုင်လာဖို့ တကယ့်ကို အချိန်မရှိလို့ အစ်မကို ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိကို ဝေငှဖို့ ကျွန်မတို့ကို ယုံယုံကြည်ကြည် တာဝန်ပေး အပ်နှံခဲ့တယ်။ ဒီစာက လူဘယ်နှစ်ယောက်လက်ထဲကို ရောက်ပြီးပြီလဲ ဆိုတာ ကျွန်မ မသိနိုင်ပေမဲ့၊ ကျွန်မတို့ဆီ မရောက်ခင် နေရာအနှံ့ကို ရောက်ပြီးပြီ။ အစ်မအကြောင်းကို ကျွန်မခဏခဏ လာမေးတယ်။ အစ်မကို ရှာရတာ မလွယ်ဘူး” ဟု ဖြစ်လေသည်။ သူမက ထိုအချိန် ရောက်သည့်အခါတွင်၊ ညီမငယ်လေးက စကားရပ်သွားပြီး၊ စာကို ကျွန်မလက်ထဲသို့ ထည့်လိုက်သည်။ ကျွန်မက ထိုစာကိုယူပြီး ဖတ်လိုက်သည်- “အစ်မဆုက စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက် ဖြစ်ပါတယ်။ ကျေးဇူးပြုပြီးတော့၊ အစ်ကိုတို့ သူ့ကို ရှာပြီး၊ ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိကို သူ့ကို ဝေငှဖို့ လိုပါတယ်...” ဤစကားများကို ဖတ်ခြင်းက ကျွန်မ၏ နှလုံးသားကို နွေးထွေးစေပြီး၊ ကျွန်မ၏ မျက်ရည်များက မရပ်မနား စီးကျလာခဲ့သည်။ ကျွန်မ၏ ယောက္ခမက တို့ထိခံရပြီး၊ “ဒါက တကယ့်ကို သခင့်ကျေးဇူးတော်ပဲ။ ဒါက တကယ့်ကို သခင့်ရဲ့ ချစ်ခြင်းမေတ္တာပဲ” ဟု ပြောလိုက်သည်။ ဤကြင်နာပြီး၊ ရိုးသားသည့် ညီမငယ်လေးကို ကြည့်လျက်၊ ထိုစာထဲမှ တို့ထိစေပြီး၊ အူလှိုက် အသည်းလှိုက် စကားများကို ပြန်ပြောင်းတွေးကာ၊ သခင့်ပြန်ကြွလာခြင်း ဧဝံဂေလိကို ကျွန်မဆီ ဝေငှဖို့ ညီအစ်ကို မောင်နှမတို့တွင်ရှိသော အရေးတကြီးဖြစ်သည့် ခံစားမှုကို ကျွန်မ ခံစားရလေသည်။ ဤချစ်ခြင်း မေတ္တာသည် ဘုရားသခင်ထံမှ လာသည်ကို ကျွန်မ စိတ်ဝိညာဉ်ထဲမှ ကျွန်မ၏ ဝမ်းတွင်းအသိက ပြောနေသည်။ ဘုရား သခင်ကသာလျှင် ဝိညာဉ်တစ်ခုစီတိုင်းကို ဤနည်းဖြင့် ချစ်မြတ်နိုးပြီး၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတိုင်းကို ဘုရားသခင်က သာလျှင် နက်နက်နဲနဲ စောင့်ရှောက်လေသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေပြီးလေ့လာမည်ဟု ဆုံးဖြတ် ခဲ့သည်။ ကျွန်မ နောက်ထပ် မငြင်းပယ်နိုင်တော့ပါ။ ကျွန်မက “ညီမလေးရေ၊ အထဲဝင်ပြီး၊ ထိုင်ပါကွယ်” ဟု သူမကို စိတ်အား ထက်သန်စွာ ပြောလိုက်သည်။ သူမက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပြီး၊ သူမ၏ မျက်လုံးများက မျက်ရည်များဖြင့် တောက်ပနေဆဲဖြစ် လေသည်။

ကျွန်မတို့ တစ်ခုခုစားပြီးနောက်၊ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက် အစ်မ ကျန်းကိုလည်း ခေါ်ခဲ့သည်။ ကျွန်မ ခင်ပွန်းကလည်း ကျွန်မတို့ မိတ်သဟာယပြုမည်ကို ကြားကာ၊ ပိတ်ရက်တောင်းခဲ့လေသည်။ ညီမလေးက နွေးထွေးစွာဖြင့် “အစ်မရေ၊ အစ်ကိုမန်းစာထဲမှာ သူတို့က အစ်မကို ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်း စာတစ်ချို့ ရေးခဲ့ပေမဲ့ အစ်မက လက်မခံခဲ့ဘူးလို့ ပြောတယ်။ အဲဒါအပေါ် အစ်မရဲ့ အတွေးတွေက ဘာတွေလဲဆိုတာ ကျွန်မ သိချင်မိတယ်။ အစ်မ၊ အစ်မမှာ အခက်အခဲ တစ်ခုတစ်လေရှိရင်၊ အဲဒါတွေကို ကျေးဇူးပြုပြီးဝေမျှပါနော်၊ ကျွန်မတို့ မိတ်သဟာယပြုပြီး၊ အတူတူ ရှာဖွေနိုင်ပါတယ်”ဟု မေးမြန်းခဲ့သည်။ ကျွန်မက “ညီမလေးက မေးလာမှတော့၊ အစ်မကလည်း ဖွင့်ပြောပြီး၊ ညီမလေးကို ဝေမျှရမှာပေါ့။ အစ်မက နောက်ဆုံးသောကာလအတွင်းမှာ ပေါ်လာတဲ့ ခရစ်တော်ရဲ့ အယောင်ဆောင်တဲ့သူတွေရဲ့ လှည့်စားခံရမှာ ကြောက်လို့၊ ‘သခင့် ကြွလာခြင်းကို ဟောတဲ့လူအားလုံးက မှားတယ်’ ဆိုတာကို စောင့်ထိန်း ခဲ့တယ်၊ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို အစ်မ လုံးဝ မစုံစမ်းမစစ်ဆေးဖြစ်ခဲ့ဘူး။ နောက်ပိုင်းမှာ အစ်ကိုမန်းနဲ့ တခြားလူတွေက သူတို့ရဲ့စာတွေထဲမှာ ပြောတဲ့ဟာကို အစ်မ နည်းနည်းတွေးကြည့်ပြီး၊ သူတို့ပြောတဲ့ဟာတွေ ဘယ်လောက် ယုတ္တိရှိတယ်ဆိုတာကို စဉ်းစားမိတယ်။ ခရစ်တော် အယောင်ကို ဆောင်တဲ့သူတွေ နောက်ဆုံးသော ကာလမှာ ပေါ်လာတာကြောင့် သခင့်ရဲ့ပန်ကြွလာခြင်းနဲ့ပတ်သက်တဲ့ ဧဝံဂေလိ မှန်သမျှကို ကြောင်းကျိုးမမြင်တော့ဘဲ ငြင်းပယ်တာက တကယ့်ကို ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ။ ဒါပေမဲ့ အစ်မတို့က သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုချင်တယ်ဆိုရင်၊ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်ရဲ့ အယောင်ဆောင်တဲ့သူတွေကြားမှာ ထိုးထွင်းသိမြင်နိုင်စွမ်း မရှိလို့ မဖြစ်ဘူး။ အခု ညီမလေးလည်း ဒီမှာရှိနေတဲ့အတွက်၊ ကျေးဇူးပြုပြီး ဒါနဲ့ ပတ်သက်လို့ အစ်မတို့နဲ့ မိတ်သဟာယပြုပေးပါလား” အစ်မ ကျန်း၊ ကျွန်မခင်ပွန်းနှင့် ကျွန်မ ယောက္ခမတို့ကလည်း သဘောတူလျက် သူတို့ခေါင်းများကို ညိတ်ကြသည်။

ထို့နောက် ညီမလေးက ကျွန်မတို့ကို ဘုရားနှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ပြခဲ့သည်၊ ယင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်က- “ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဟု ပြောထားသည်။ ဘုရား နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်၊ ဤညီမငယ်က “စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်ရဲ့အယောင်ဆောင်ထားတဲ့သူ ကြား ခွဲခြား သိမြင်မှုအတွက် သော့ချက်က သူတို့ရဲ့ အနှစ်သာရတွေကို ကြည့်ဖို့ ဖြစ်တယ်ဆိုတာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ကနေ ကျွန်မတို့ တွေ့နိုင်တယ်။ ဒါကိုသူတို့ရဲ့ အလုပ်တွေ၊ စကားတွေနဲ့ စိတ်သဘောထားကနေ ခွဲခြားသိမြင်နိုင်တယ်။ သခင်ယေရှုက တစ်ခါက- ‘ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) လို့ မိန့်တော်မူခဲ့တယ်။ သိသိသာသာကိုပဲ ကိုယ်တော်က လူ့ဇာတိခံ ဘုရားသခင်ဖြစ်တဲ့အတွက် သူက သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ ဘုရားသခင်ရဲ့ ကိုယ်ပိုင်အမှုတော်ကို ပြုနိုင်တယ်။ သူက ဘုရားသခင်ရဲ့ ကိုယ်ပိုင် စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းတို့ကိုလည်း ဖော်ပြနိုင်တယ်။ ကျေးဇူးတော်ခေတ်မှာလိုပဲ၊ သခင်ယေရှုက သမ္မာတရားတွေအများကြီး ဖော်ပြခဲ့တယ်၊ အဓိကအားဖြင့် သနားကရုဏာနဲ့ ချစ်ခြင်းမေတ္တာတို့နဲ့ ပတ်သက်တဲ့ စိတ်သဘောထားတစ်ခုကို ဖော်ပြပြီး၊ လူသားမျိုးနွယ် တစ်ခုလုံးကို ရွေးနှုတ်ကယ်တင်ခြင်း အမှုတော်ကို စုံလင်စေခဲ့တယ်။ သခင်ယေရှုရဲ့ အမှုတော်၊ နှုတ်ကပတ်တော်နဲ့ သူဖော်ပြတဲ့ စိတ်သဘောထားကနေ၊ သခင်ယေရှုက သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်၊ သူက လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တယ် ဆိုတာကို ကျွန်မတို့ သေချာနိုင်တယ်။ လက်ရှိမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က ကြွလာပြီး၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီးဖြစ်တယ်။ သူက နောက်ဆုံးသောကာလရဲ့ အမှုတော်ဖြစ်တဲ့ လူတွေကို တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို ပြုပြီးပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက စာတန် အားဖြင့် လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးခြင်း၊ လူသားရဲ့ သဘာဝနဲ့ အနှစ်သာရတို့နဲ့ ပတ်သက်တဲ့ သမ္မာတရားကို ထုတ်ဖော်တယ်။ ကယ်တင်ခြင်းကို ရရှိခြင်းဆိုတာ ဘာလဲဆိုတာရယ်၊ စိတ်သဘောထား ဆိုင်ရာ ပြောင်းလဲမှုက ဘာလဲဆိုတာရယ်၊ ပြီးတော့ စိတ်သဘောထား ဆိုင်ရာ ပြောင်းလဲမှုကို ရရှိဖို့ လမ်းကြောင်းက ဘာလဲဆိုတာရယ်၊ အဲဒီအပြင် လူသားမျိုးနွယ်ရဲ့ အနာဂတ် ခရီးပန်းတိုင်က ဘာလဲဆိုတာ ရယ်၊ ပြီးတော့ လူအမျိုးအစား အားလုံးတို့အတွက် အဆုံးသတ်က ဘာလဲဆိုတာရယ်စတဲ့ သမ္မာတရားရဲ့ ရှုထောင့်အားလုံးကို အဲဒီနှုတ်ကပတ်တော်တွေက ကျွန်မတို့ကို ပြောပြတယ်။ သူ့နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်နဲ့ လူ့ဇာတိခံယူခြင်းတို့ရဲ့ နက်နဲမှုတွေကိုလည်း ထုတ်ဖော်ပြတယ်၊ အဲဒီအပြင် နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ ရှိရင်းစွဲ စိတ်သဘောထား၊ အနှစ်သာရ နဲ့ ဘုရားသခင်ရဲ့ အရာအားလုံး နဲ့ ဖြစ်ခြင်းတို့ကိုလည်း ဖော်ပြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဝီရိယရှိရှိ ဖတမှပဲ၊ ကျွန်မတို့တွေက အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူတဲ့ နှုတ်ကပတ်တော်တွေဟာ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်း နည်းလမ်းဖြစ်တဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အသံတော်ဖြစ်တယ် ဆိုတာကို ဖြစ်နိုင်မှာဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်က သမ္မာကျမ်းစာထဲက ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၃) နဲ့ ‘ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) လိုမျိုး ပရောဖက်ပြုခြင်းတွေကို ပြည့်စုံစေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြပြီးတဲ့ သမ္မာတရား၊ သူပြုပြီးခဲ့တဲ့ လူတွေကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနဲ့ သန့်စင်ခြင်းအမှုတော် နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြပြီးတဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ဖော်ဆောင်ထားတဲ့ စိတ်သဘောထား တို့အားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလ ခရစ်တော်ရဲ့ ထင်ရှားပြခြင်းဖြစ်တယ်ဆိုတာကို အပြည့်အဝ ထောက်ခံနေတယ်။ ဒါပေမယ့် ဆန့်ကျင်ဖက်အားဖြင့် ခရစ်တော် အယောင်ဆောင်ထားတဲ့သူတွေမှာ ဘုရားသခင်ရဲ့ အနှစ်သာရ မပိုင်ဆိုင်ကြဘူး။ သူတို့အများစုက ဆိုးယုတ်တဲ့ ဝိညာဉ်တွေရဲ့ ဝင်ပူးတာခံရတယ်၊ ဒါမှမဟုတ် အလွန်အမင်း မာနထောင်လွှားတဲ့ မကောင်းဆိုးဝါးတွေနဲ့ အသိစိတ် လုံးလုံး ကင်းမဲ့တဲ့ ဆိုးယုတ်တဲ့ ဝိညာဉ်တွေ ဖြစ်တယ်။ သူတို့က လူတွေအတွက် အထောက်အပံ့ပေးဖို့ သမ္မာတရားကို မဖော်ပြနိုင်သလို၊ လူတွေကို သန့်စင်ဖို့ တရားစီရင်ခြင်းအမှုတော်ကိုလည်း မလုပ်ဆောင်နိုင်ဘူး။ သူတို့က ဆာလောင်မှုကို တွန်းလှန်ဖယ်ရှားဖို့ ကိုယ့်ဝမ်းကို ဖြည့်သိပ်ချင်နေတဲ့ မိုက်မဲတဲ့၊ ဉာဏ်မဲ့တဲ့၊ စိတ်ရှုပ်ထွေးနေတဲ့လူတွေကိုပဲ ရိုးရှင်းတဲ့ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်အမှုတွေကို ပြခြင်းအားဖြင့် လှည့်စားနိုင်တယ်။ ဒါ့ကြောင့် စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်ထားတဲ့ လူတွေကြားထဲမှာ ဒီအခြေခံမူ တစ်ခုနဲ့ ထိုးထွင်းသိမြင်နိုင်ဖို့က ကျွန်မတို့အတွက် အရမ်းလွယ်ပါ တယ်။ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်။ ဒါက ဘုရားသခင်ရဲ့အလိုတော်နဲ့ လုံးလုံး ကိုက်ညီပါတယ်” ဟု မိတ်သဟာယတွင် ပြောခဲ့သည်။

ညီမလေး၏ မိတ်သဟာယကို နားထောင်ရင်း၊ ကျွန်မက ဤအရာကို ကျွန်မစိတ်ထဲတွင် အကြိမ်ကြိမ်တွေးမိသည်။ “ငါသခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမဲ့ ဒီလို မိတ်သဟာယမျိုး တစ်ခါမှ မကြားဖူးဘူး။ အခု အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေက စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်ရဲ့ အယောင်ဆောင်ထားတဲ့ သူတွေကြားက ထိုးထွင်းသိမြင်မှုကို အရမ်းကို နှံ့နှံ့စပ်စပ်ပြော ထားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တကယ့်ကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသံတော် ဖြစ်နိုင်တဲ့ပုံပဲ။ အိုသခင်။ ကျွန်မက သခင့်ပြန်ကြွလာခြင်းကို အမြဲတမ်း လိုလား တောင့်တစွာနဲ့ စောင့်ဆိုင်းခဲ့ပေမဲ့ ဒီပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ ကျွန်မက ခရစ်တော်ရဲ့အယောင်ဆောင်ထားတဲ့ သူတွေကိုပဲ သတိထား အာရုံစိုက်နေပြီး၊ ရှာဖွေဖို့ နှလုံးသား တစ်ခုရှိခဲလှတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သက်သေခံသလို နောက်ဆုံးသောကာလ မှာ တရားစီရင်ခြင်းအမှုတော်ပြုဖို့ ကိုယ်တော့်ပြန်ကြွလာခြင်းကို ကျွန်မ တစ်ခါမှ စုံစမ်းမစစ်ဆေးခဲ့ဘဲ၊ အဲဒါကို မစဉ်းမစား အာခံပြီး၊ ရှုတ်ချခဲ့တယ်။ သခင်၊ ကျွန်မ သခင့်ကို တကယ့်ကို ပိတ်ပင်မိပြီလား” ဤအတွေးက ကျွန်မရင်ကို ခုန်လာစေသည်။ ကျွန်မ အထိတ်တလန့် ဖြစ်သည့် အသိစိတ်တစ်ခု ခံစားရပြီး၊ နောက်ထပ် ငြိမ်ငြိမ် မထိုင်နိုင်တော့သောကြောင့်၊ မိမိကိုယ်ကို အနည်းငယ် တည်ငြိမ် အောင်လုပ်ဖို့ ကြိုးစားလျက်၊ ရေအနည်းငယ်ယူဖို့ ဟန်ဆောင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။ ရေလောင်းထည့်နေစဉ် ကျွန်မက “ဒီညီမလေးက အရမ်းငယ်ပေမဲ့ သူ့ရဲ့ သမ္မာတရားအပေါ် မိတ်သဟာယပြုတာက အရမ်းကို လက်တွေ့ကျတယ်။ ရှန်ဒေါင် ညီအစ်ကိုမောင်နှမတွေလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီးနောက်မှာ အခြေအနေ တိုးတက်တာ အရမ်းမြန် တယ်။ သူတို့ရဲ့ သမ္မာကျမ်းစာကို နားလည်သဘောပေါက်မှုနဲ့ ဘုရားအမှုတော်ကို သိကျွမ်းမှုက ကျွန်မထက် ပိုမြင့်တယ်။ ဒီနည်းက လူတွေကို သမ္မာတရားကို နားလည်သဘောပေါက်ခွင့်ပြုပြီး၊ ဘုရားအမှုတော်နဲ့ ပတ်သက်တဲ့ အသိပညာကို ရရှိခွင့်ပြုတယ်။ ဒါဟာ ဘုရားအမှုတော် မဟုတ်ဘူးလား” ဟု စဉ်းစားချင့်ချိန်ခဲ့သည်။ ဤအရာအားလုံးကို သေချာစွာတွေးလျက်၊ ကျွန်မက စိတ်လှုပ်ရှား မိသလို၊ နောင်တလည်းရခဲ့သည်။ ကျွန်မ ရှန်ဒေါင်ရှိ ညီအစ်ကို မောင်နှမများထံသို့ စာရေးခဲ့သည့် အချိန်အကြောင်း ပြန်တွေးမိသည်။ ကျွန်မက သူတို့ကို မာနထောင်လွှားသည့် လေသံဖြင့် ဆူပူလျက်၊ ဘောလ်ပင်ကို ဝှေ့ရမ်းနေခဲ့သည်။ ပြီးလျှင် သခင့်ပြန်ကြွလာခြင်းကို ကျွန်မ ချည်းကပ်ရာတွင်၊ သမ္မာတရားကို ကျွန်မ မရှာဖွေနိုင်ခဲ့သလို ညီအစ်ကို မောင်နှမတို့၏ မိတ်သဟာယကို လက်မခံရုံသာမက၊ ထိုအစား ကျွန်မက ဇွဲကောင်းကောင်းဖြင့် ပြန်လှန်ချေပပြီး ငြင်းပယ်ခဲ့သည်။ ကျွန်မ မိမိကိုယ်ကို သမ္မာတရား၏ ဆရာတစ်ဆူအဖြစ် ယူဆခဲ့ပြီး၊ ညီအစ်ကိုမောင်နှမများအားလုံးအား ကျွန်မကို နားထောင်စေ ချင်ခဲ့သည်၊ ထို့အပြင် ကျွန်မက စစ်မှန်သည့် လမ်းခရီးကို ခုခံကာကွယ်ဖို့ အစွမ်းကုန် လုပ်ဆောင်နေသည်ဟု ထင်မြင်ခဲ့သည်။ ကျွန်မက ဘုရားသခင်ကို အာခံနေသည်ဟု ကျွန်မ တစ်ခါမျှ မတွေးဖူးပါ။ ထို့ကြောင့် ယင်းက ကျွန်မကို ခေတ်သစ် ဖာရိရှဲတစ်ယောက် ဖြစ်စေသည် မဟုတ်ပါလား။ ထိုအခိုက်အတန့်တွင် ကျွန်မသည် ခေါင်းမှခြေဆုံး ရေအေးဖြင့် စိမ်ထားခဲ့သကဲ့သို့ ခံစားရသည်။ ကျွန်မ တစ်ကိုယ်လုံး ယိုင်နဲ့ပြီး အားနည်းခဲ့သည်။ ကျွန်မ၏ လက်နှစ်ဖက်လုံး တားမနိုင်ဆီးမရ တုန်ခါနေပြီး၊ ကျွန်မစိတ်ထဲတွင် ဘုရားသခင်ကို ကျွန်မ အာခံသည့် မြင်ကွင်းကို အကြိမ်ကြိမ် ပြန်မြင်ယောင်နေခဲ့သည်...ကျွန်မ လုံးဝ ချုပ်တည်းမထားနိုင်တော့ပါ-မျက်ရည်များက ကျွန်မ၏ မျက်လုံး များမှ စတင် စီးကျလာခဲ့သည်။ ကျွန်မသည် အလွန် မာနထောင်လွှားပြီး ကြောင်းကျိုးမမြင်ခဲ့သည့်အတွက် မိမိကိုယ်ကို မုန်းတီးမိသည်။ အချိန်အတန်ကြာပြီးနောက်၊ ကျွန်မ မျက်ရည်များသုတ်လိုက်ပြီး၊ ရေဖန်ခွက်များ တစ်ဗန်းနှင့် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ညီမလေး က ကျွန်မကို ကြည့်ပြီး၊ “အစ်မ၊ ဒီမိတ်သဟာယကို လက်ခံရဲ့လား” ဟု စိုးရိမ်စိတ်ဖြင့် မေးလေသည်။ ကျွန်မက သက်ပြင်းချပြီး၊ မိမိကိုယ်ကို ပြစ်တင်ကြိမ်းမောင်းခြင်းဖြင့် ပြောခဲ့သည်။ “အနန္တတန်ခိုးရှင် ဘုရား သခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ခုနက ညီမလေးရဲ့ မိတ်သဟာယ ပြုတာတွေကို နားထောင်ပြီးတဲ့နောက်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ် တယ်ဆိုတာ အစ်မ ခံစားရတယ်။ အစ်မက သခင့်ပြန်ကြွလာခြင်းကို နေ့စဉ် စောင့်ဆိုင်း ခဲ့ပေမဲ့လည်း အခုသခင် ပြန်ကြွလာပြီးတဲ့နောက်မှာ၊ အစ်မက ဖာရိရှဲ တစ်ယောက်ရဲ့အခန်းကဏ္ဍကို ဖြည့်ဆည်းလိမ့်မယ်လို့ တစ်ခါမှ စိတ်မကူးမိခဲ့ဘူး။ မကောင်းမှုကြီးတစ်ခုကို အစ်မ တကယ် လုပ်လိုက်မိပြီ။ အစ်မ ဘုရားသခင်ကို အာခံမိပြီ။” ထို့နောက် ကျွန်မ စ၍ အလွန် ငိုကြွေးခဲ့သည်မှာ စကားမပြောနိုင်တော့ပါ။

နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် များကို အချိန်ကာလတစ်ခုကြာ အချိန်ပေးဖတ်ရှုပြီးနောက်၊ အစ်မ ကျန်း၊ ကျွန်မ၏ ယောက္ခမ၊ ကျွန်မခင်ပွန်းနှင့် ကျွန်မတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို လုံးလုံး သေချာလာခဲ့သည်။ ကျွန်မက အလွန့်အလွန် ဝမ်းမြောက်လှသည်မှာ ရှန်ဒေါင်က ညီအစ်ကိုမောင်နှမများကို ငါးကြိမ်မြောက် စာတစ်စောင် စိတ်လှုပ်ရှားစွာ ပေးပို့ခဲ့သည်။ “ချစ်လှစွာသော ညီအစ်ကိုမောင်နှမတို့၊ ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိကို မင်းတို့ အစ်မကို အကြိမ်ပေါင်း များစွာ ဝေမျှရာကတစ်ဆင့် အခု အစ်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အသင်းသားတစ်ယောက် ဖြစ်လာခဲ့တာ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။ အစ်မက မင်းတို့ထက် နောက်မှ လက်ခံခဲ့တာ ဖြစ်ပေမဲ့လည်း၊ အစ်မနောက်မှာ မကျန်ခဲ့ချင်ဘူး။ အမှီလိုက်ဖို့ အစ်မ စိတ်ဝိညာဉ် နှစ်ပြီး လုပ်ပါ့မယ်...” ထိုအခိုက်အတန့်တွင် ရှန်ဒေါင်တွင် ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် နီးကပ်စွာ အတူတကွ စုဝေးဖို့ ကျွန်မ၏ စိတ်နှလုံးက ထိုစာနှင့်အတူ ရှန်ဒေါင်သို့ ပြန်လည်ပျံသန်းသွားခဲ့သကဲ့သို့ ခံစားခဲ့ရသည်။ သူ၏ ချစ်ခြင်းမေတ္တာအတွက် ဘုရားသခင၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင် ပြန်လာခြင်းနဲ့ပတ်သက်ရင် ဘယ်သူ ပြောတာ နားထောင်သင့်သလဲ

သခင် ပြန်လာခြင်းကို ကြိုဆိုဖို့ ဘယ်ဟာက အဓိကကျလဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)...

ကောင်းကင်နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် အမှန်တကယ် တည်လေသည်

ချန်းဘို၊ တရုတ်ပြည် ကျွန်မတို့ ယုံကြည်သူများတွင်ရှိသည့် အကြီးမားဆုံးသော တောင့်တမှုက ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ဖို့နှင့် သခင်က...

သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။