အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်က အာဗြဟံကို သားပေးမည်ဟု ကတိပေးသည်

20

အာဗြဟံ

၁။ ဘုရားသခင်က အာဗြဟံကို သားပေးမည်ဟု ကတိပေးသည်

ကမ္ဘာ ၁၇:၁၅-၁၇ တဖန် ဘုရားသခင်က သင်၏မယား စာရဲကိုမူကား စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။ သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်။ အကယ်စင်စစ် သူ့ကိုကောင်းကြီးပေး၍ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏ အမျိုးအနွှယ်၌လည်း အပြည်ပြည်သောရှင်ဘုရင် ဖြစ်ရကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏။ ထိုအခါ အာဗြဟံသည် ပြပ်ဝပ်လျက် အသက်တရာရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်၊

ကမ္ဘာ ၁၇:၂၁-၂၂ သို့သော်လည်း နောင်နှစ်ချိန်းချက်သောအချိန်တွင် စာရာသည် သင့်အားဘွားလတံ့သော သားဣဇာတ်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် တက်ကြွတော်မူ၏။

၂။ အာဗြဟံက ဣဇာတ်ကို ပူဇော်သည်

ကမ္ဘာ ၂၂:၂-၃ သင်သည် အလွန်ချစ်သော တယောက်တည်းသော သားဣဇာတ်ကို ယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ၏ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။ အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသားဣဇာတ်နှင့် ငယ်သားနှစ်ယောက်ကို ခေါ်၍ ယဇ်ရှို့စရာထင်းကို ခွဲပြီးမှ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။

ကမ္ဘာ ၂၂:၉-၁၀ ထိုသို့နှစ်ယောက်အတူသွား၍ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင် သားဣဇာတ်ကိုချည်နှောင်၍ ယဇ်ပလ္လင်၌ ထင်းကိုတင်ထား၏။ မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ ထားကို ကိုင်ယူလေ၏။

ဘုရားသခင် ပြုလုပ်မည်ဟု ဆုံးဖြတ်ထားသည့် အမှုကို မည်သူမျှ မတားဆီးနိုင်ပါ

အာဗြဟံ

သင်တို့အားလုံး အာဗြဟံအကြောင်း ယခုပင် ကြားကြသည်။ လောကကြီးရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခြင်း ခံရပြီးနောက် ဘုရားသခင်က သူ့ကိုရွေးကောက်ခဲ့သည်။ သူ့နာမည်က အာဗြဟံဖြစ်သည်။ သူ့အသက်တစ်ရာ၊ သူ၏မိန်းမက ကိုးဆယ်ရှိသောအခါ ဘုရားသခင် ကတိတော်က သူ့ထံလာသည်။ ဘုရားသခင်က သူ့ကို မည်သည့်ကတိကို ပေးခဲ့သနည်း။ ဘုရားသခင်သည် “ သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်” ဟူသည့် ကျမ်းပိုဒ်ကို ကတိပေးခဲ့သည်။ သူ့ကို သားပေးမည့် ဘုရားသခင် ကတိတော်၏ နောက်ခံက အဘယ်အရာနည်း။ ကျမ်းစာက ဤကဲ့သို့ ပြောထားသည်၊ “ အာဗြဟံသည် ပြပ်ဝပ်လျက် အသက်တရာရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်” ။ တစ်နည်းဆိုရပါက ဤအရွယ်အိုမောင်နှံသည် ကလေးမွေးဖို့ရန် အသက်ကြီးလွန်းသည်။ ဘုရားသခင်က ကတိပြုပြီးနောက် အာဗြဟံ မည်သည့်အရာကို လုပ်ခဲ့သနည်း။ သူပြပ်ဝပ်လျက် ရယ်မောကာ “ အသက်တရာရှိသောသူသည် သားကို ရလိမ့်မည်လော” ဟု သူ့ကိုယ်သူပြောခဲ့သည်။ ယင်းမှာ မဖြစ်နိုင်ဟု အာဗြဟံက ယုံခဲ့သည်၊ ဆိုလိုသည်မှာ ဘုရားသခင် သူ့ကိုပြုသည့် ကတိတော်က ဟာသတစ်ခုထက် ဘာမျှမပိုဟု ယုံကြည်ခဲ့သည်။ လူ့အမြင်မှကြည့်ပါက လူက ဤသည်ကိုလုပ်၍မရသကဲ့သို့ပင် ဘုရားသခင်အတွက်လည်း မလုပ်ယူနိုင်၊ မဖြစ်နိုင်ပေ။ အာဗြဟံအတွက်မူ ၎င်းမှာ ရယ်စရာဖြစ်ကောင်း ဖြစ်နေနိုင်ခဲ့သည်။ ဘုရားသခင်က လူသားကို ဖန်ဆင်းခဲ့သည်။ သို့တိုင်အောင် အရွယ်အလွန်အိုသူက ကလေးမွေးနိုင်စွမ်းမရှိသည်ကို ကိုယ်တော်မသိဘဲ ဖြစ်နေသည်၊ ကျွန်ုပ်ကို ကလေးမွေးရန် ခွင့်ပြုနိုင်လိမ့်မည်ဟု ကိုယ်တော်ထင်နေသည်၊ ကျွန်ုပ်ကို သားတစ်ယောက်ပေးမည်ဟု ကိုယ်တော်ပြောတော့သည်။ ယင်းမှာ လုံးဝမဖြစ်နိုင်ပေ။ သို့နှင့် အာဗြဟံက ပြပ်ဝပ်ပြီး ရယ်သည်။ သူထင်သည်မှာ မဖြစ်နိုင်ပေ၊ ဘုရားသခင် ကျွန်ုပ်ကို နောက်နေခြင်းပင်။ ယင်းက မမှန်နိုင်ဟုဆိုကာ ဘုရားသခင် နှုတ်ကပတ်တော်များကို အလေးအနက်မထားခဲ့ပေ။ ဘုရားသခင်၏အမြင်တွင် အာဗြဟံက မည်ကဲ့သို့လူစားမျိုးနည်း။ (ဖြောင့်မတ်သူ ဖြစ်ပါသည်။) သူက ဖြောင့်မတ်သူဟု မည်သည့်နေရာမှာ ပြောထားသနည်း။ ဘုရားသခင် ခေါ်သောသူ၊ ဘုရားသခင်နှင့် လျှောက်လှမ်းသူ အားလုံးကို ဖြောင့်မတ်သူ၊ စုံလင်သောသူဟု သင်တို့ထင်ကြသည်။ သင်တို့ အယူဝါဒစွဲနေကြသည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို ခေါ်သောအခါ စိတ်ကူးပေါက်ရာ မခေါ်ဆိုသည်ကို သင်တို့ရှင်းလင်းစွာ မြင်တွေ့ရမည်။ ဤနေရာတွင် ဘုရားသခင်က အာဗြဟံကို ဖြောင့်မတ်သည်ဟု မပြောပေ။ ဘုရားသခင်၏နှလုံးသားထဲမှာ လူတိုင်းကို တိုင်းတာသော စံနှုန်းများရှိသည်။ ဘုရားသခင်က အာဗြဟံသည် မည်ကဲ့သို့သော လူစားဖြစ်သည်ကို မပြောခဲ့သော်လည်း သူ၏အကျင့်စရိုက်အရ အာဗြဟံသည် ဘုရားသခင်နှင့်ပတ်သက်ပြီး မည်သို့သော ယုံကြည်ခြင်းမျိုး ရှိခဲ့သနည်း။ အနည်းငယ် ယေဘူယျဆန်သလော။ သို့မဟုတ် သူ့ယုံကြည်ခြင်းကြီးခဲ့သလော။ မဟုတ်ပေ၊ မကြီးခဲ့ချေ။ သူ၏ရယ်သံနှင့် အတွေးအခေါ်များသည် သူမည်သူဆိုသည်ကို ဖော်ပြနေသည်။ ထို့ကြောင့် သူက ဖြောင့်မတ်သည်ဟု သင်တို့၏စိတ်ကူးအထင်မျှသာဖြစ်သည်။ အယူဝါဒကို မျက်ကန်းခံယူချက်ဖြစ်သည်။ နမော်နမဲ့ ဆန်းစစ်ချက်ဖြစ်သည်။ အာဗြဟံ ရယ်ခြင်းနှင့် သူ၏မျက်နှာအမူအရာလေးများကို ဘုရားသခင် သိမြင်သလော။ ဘုရားသခင်သိခဲ့သည်။ သို့သော် ဘုရားသခင်သည် သူလုပ်မည်ဟု ဆုံးဖြတ်ထားသည်ကို ပြောင်းမည်လော။ မပြောင်းပေ။ ဤလူကို ရွေးမည်ဟု ဘုရားသခင် အကြံအစည်ရှိပြီး ဆုံးဖြတ်ထားသောအခါ ကိစ္စက အထမြောက်ပြီးပြီဖြစ်သည်။ လူသားအတွေးအခေါ်ရော သူ၏အကျင့်စရိုက်ကပါ ဘုရားသခင်ကို စိုးစဉ်းမျှပင် မလွှမ်းမိုးနိုင် အနှောင့်အယှက် မပေးနိုင်ပေ။ ဘုရားသခင်က သူ၏အစီအစဉ်ကို စိတ်ကူးပေါက်ရာမပြောင်းသကဲ့သို့ မိုက်မဲပင် မိုက်မဲနိုင်သော လူသား၏အကျင့်စရိုက်ကြောင့် သူ၏အစီအစဉ်ကို မပြောင်းပေ သို့မဟုတ် ကမောက်ကမ မဖြစ်စေပေ။ ကမ္ဘာဦးကျမ်း ၁၇:၂၁-၂၂ ထဲ၌ အဘယ်အရာ ရေးထားသနည်း။ “ သို့သော်လည်း နောင်နှစ်ချိန်းချက်သောအချိန်တွင် စာရာသည် သင့်အားဘွားလတံ့သော သားဣဇာတ်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် မိန့်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြဟံထံမှ တက်ကြွတော်မူ၏။” ဘုရားသခင်က အာဗြဟံ မည်သည်ကိုပြောသည်၊ မည်သည်ကိုတွေးသည်ကို စိုးစဉ်းမျှ အလေးအနက်မထားခဲ့ပါ။ မည်သည့်အကြောင်းကြောင့် အရေးမပြုခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ဘုရားသခင်က လူသားကို ယုံကြည်ခြင်းကြီးဖို့၊ ဘုရားသခင်ကို ကောင်းကောင်းသိနိုင်ဖို့၊ ဘုရားသခင် ပြောခဲ့သည့်အရာနှင့် လုပ်ခဲ့သည့်အရာကို နားလည်နိုင်ဖို့ မတောင်းဆို၍ဖြစ်သည်။ ထို့ကြောင့် လူသား၏ ဝိညာဉ်အသက်တာမှာ မလုံလောက်၍ သူလုပ်ဖို့ရန် ဆုံးဖြတ်ထားသည့်အရာ၊ သို့မဟုတ် ရွေးချယ်ရန် သူဆုံးဖြတ်ထားသည့်လူများ၊ သူ့လုပ်ဆောင်ချက်များ၏မူများကို အပြည့်အဝနားလည်ဖို့ လူသားကို သူမတောင်းဆိုခဲ့ချေ။ ထိုအချိန်က အာဗြဟံ အဘယ်အရာပင်လုပ်ခဲ့သည့်အရာနှင့် သူကိုယ်သူ မည်ကဲ့သို့ပြုမူသည်ဖြစ်စေ ဘုရားသခင်က သာမန်အဖြစ် မှတ်ယူခဲ့သည်။ မရှုတ်ချခဲ့၊ အပြစ်ဖော်ကာ မဆုံးမခဲ့ချေ။ “ နောင်နှစ်ချိန်းချက်သောအချိန်တွင် စာရာက သင့်အား ဣဇာတ်ကိုဘွားလတံ့” ဟုသာ ပြောခဲ့သည်။ ဘုရားသခင်အဖို့ ဤနှုတ်ကပတ်တော်များကို ပြောအပြီး ဤကိစ္စ တဆင့်ပြီးတဆင့် တကယ်ဖြစ်လာသည်။ ဘုရားသခင်၏ အမြင်တွင် သူ၏အစီအစဉ်အားဖြင့် ဖြစ်လာမည့်အရာသည် အထမြောက်နှင့်ပြီးဖြစ်သည်။ ဤအတွက် အစီအစဉ်များကို ပြုပြီးသည့်နောက် ဘုရားသခင် ထွက်သွားသည်။ လူသား လုပ်သည့်အရာ သို့မဟုတ် တွေးသည့်အရာ၊ လူသားနားလည်သည့်အရာ၊ လူသား၏ အစီအစဉ်များ စသည်တို့သည် ဘုရားသခင်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ အရာရာတိုင်း ဘုရားသခင် အစီအစဉ်အရ ဘုရားသခင် ချမှတ်ထားသော အဆင့်အတိုင်း၊ အချိန်အခါအတိုင်း ဆက်သွားသည်။ ဤသည်မှာ ဘုရားသခင် အမှု၏မူဖြစ်သည်။ ဘုရားသခင်က လူသား အဘယ်အရာတွေးတွေး၊ အဘယ်အရာသိသိ မနှောင့်ယှက်ပါ။ သို့သော် လူသားက မယုံကြည် နားမလည်၍ သူ၏အစီအစဉ်ကိုလည်း မဖျက်ပေ။ သို့မဟုတ် သူ၏အမှုကိုလည်း မစွန့်လွှတ်ပေ။ ထို့ကြောင့် အဖြစ်မှန်များသည် ဘုရားသခင်၏ အစီအစဉ်နှင့် အတွေးများအရ ဖြစ်မြောက်သည်။ ကျမ်းစာထဲ၌ ရှင်းရှင်းလင်းလင်းတွေ့ရသည်မှာ ဤအရာဖြစ်သည်။ ဘုရားသခင်က သူချိန်းချက်ထားသောအချိန်၌ ဣဇာတ်ကို မွေးဖွားစေခဲ့သည်။ လူသား အကျင့်စရိုက်နှင့် အပြုအမူက ဘုရားသခင်၏ အမှုတော်ကို တားဆီးသည်ဆိုသည်ကို အချက်အလက်များက သက်သေပြုသလော။ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့က မတားဆီးနိုင်ချေ။ လူသား၏ ဘုရားသခင်အပေါ် သေးငယ်သော ယုံကြည်ခြင်း၊ သူ၏အယူအဆများနှင့် စိတ်ကူးတို့သည် ဘုရားသခင်၏ အမှုတော်ကို သက်ရောက်မှုရှိစေသလော။ မရှိပေ။ နည်းနည်းလေးမျှပင် မရှိပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို မည်သည့်လူသား၊ မည်သည့်ကိစ္စ၊ မည်သည့်ဝန်းကျင်မျှ မသက်ရောက်စေပါ။ သူလုပ်မည်ဟု ဆုံးဖြတ်ထားသည့်အရာ အားလုံးမှာ သူ၏အစီအစဉ်အတိုင်း အချိန်မီ ပြည့်စုံကာ အထမြောက်လိမ့်မည်။ ထို့ပြင် သူ၏အမှုကို မည်သည့်လူသားမျှ မနှောင့်ယှက်နိုင်ပါ။ ဘုရားသခင်သည် လူသား၏မိုက်မဲမှုနှင့် မသိနားမလည်မှု၏ အချို့သော ရှုထောင့်များနှင့် သူ့အပေါ် လူသား၏ ခုခံမှုနှင့် အယူအဆများကိုပင် သူလုပ်ရမည့်အရာကို တွန့်ဆုတ်မနေဘဲ လုပ်ဆောင်လျက် လျစ်လျူရှုထားသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပြီး သူ၏ အကန့်သတ်မဲ့သောတန်ခိုး၏ ထင်ဟပ်မှုတစ်ခုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

သက်ဆိုင်သည့် အကြောင်းအရာ