ဘာသာတရားထဲတွင် သမ္မာတရားကို မရရှိနိုင်

21.07.2022

မိန်ရှမ်း ထိုင်ဝမ်

ကလေးအနေနဲ့ ကိုယ့်မိဘတွေနောက်လိုက်ပြီး သခင့်ကို ကျွန်မ ယုံကြည်ခဲ့သလို၊ ကိုယ့်ယုံကြည်မှုကို ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော် လှုပ်ရှားမှုတွေ ဘာတွေပဲဖြစ်ပါစေ၊ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ ကိုယ့်ဝင်ငွေရဲ့ ဆယ်ပို့တစ်ပို့ကို ပေးခဲ့ပြီး၊ အသင်းတော်ရဲ့ အမှုတော်လုပ်ငန်းမှာ အမြဲပါဝင်ခဲ့တယ်။ ကျွန်မရဲ့ထက်သန်တဲ့ လိုက်စားမှုကြောင့်၊ သင်းထာက်တစ်ယောက်ဖြစ်လာခဲ့ပြီး၊ အသက် ၃၀ မှာ အသင်းတော် အကြီးအကဲ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ နှစ်အများကြီး ယုံကြည်ပြီးတဲ့ နောက်မှာတောင်၊ ကျွန်မကို အမြဲ စိတ်အနှောင့်အယှက် ဖြစ်စေတာတစ်ခု ရှိတယ်။ ဒီလိုပြောထားတဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို တွေ့ရတယ်။ “သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဒါက ကျွန်မကို မရှင်းမလင်းဖြစ်စေတယ်။ ကျွန်မတို့က သခင့်နာမနဲ့ တရားဟော၊ အလုပ်လုပ်ပြီး၊ “သခင်၊ သခင်” လို့ ခေါ်ကြတဲ့သူတွေ မဟုတ်လား။ အဲဒီလိုလူတွေကု သူ မသိဘူးလို့ သခင်က ပြောခဲ့ပြီး၊ အဲဒီလိုလူတွေဟာ မကောင်းမှုပြုသူတွေလို့ ဘာလို့ ပြောခဲ့တာလဲ။ သူ့အတွက် ဒီလိုအလုပ်ကြိုးစားဖို့က သူ့အလိုတော် မဟုတ်ခဲ့တာလား။ အဲဒါဆိုရင် သခင့်ရဲ့ အလိုတော်က ဘာလဲ။ အဖြေကို လုံးဝ ရှာမတွေ့နိုင်ခဲ့ဘူး။

၂၀၂၀ ခုနှစ် မေလမှာ၊ တစ်နေ့၊ ညီအစ်မတစ်ယောက်က အွန်လိုင်းမှာ တရား‌ဒေသနာ နားထောင်ဖို့ ဖိတ်တယ်။ ကျွန်မ တွေးမိတယ်။ “ကပ်ရောဂါ အတောအတွင်းမှာ၊ ဘုရားကျောင်း မသွားနိုင်ကြဘူး၊ ဒီတော့ ဒါကောင်းတဲ့အရာပဲ” ပေါ့။ ကျွန်မ ဝမ်းသာအားရ သဘောတူလိုက်တယ်။ အဲဒီအွန်လိုင်း စုဝေးပွဲမှာ၊ အစ်မ ဝေဝေက ပညာသတိရှိတဲ့ သတို့သမီး၊ မိုက်မဲတဲ့ သတို့သမီးတွေရဲ့ အဓိပ္ပာယ်အကြောင်း၊ ခရစ်တော်က ဘာဖြစ်တယ်၊ ကောင်းကင်နိုင်ငံတော်က ကောင်းကင်မှာလား၊ မြေကြီးမှာလား၊ စတာတွေကို မိတ်သဟာယပြုခဲ့တယ်။ ဒီအရာတွေနဲ့ပတ်သက်လို့ အရမ်းရှင်းအောင် သူ ပြောခဲ့တယ်လို့ ကျွန်မထင်တယ်။ ဒါတွေက ကိုယ့်တရားဒေသနာတွေမှာ ကျွန်မ ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုနိုင်ခဲ့တဲ့ ပြဿတွေပဲလေ။ ဒီတော့ သူ့မိတ်သဟာယက ကျွန်မအတွက် အရမ်းနှစ်သက်စရာပဲပေါ့။ သူက ပြောသေးတယ်။ “ကျွန်မတို့ သခင့်ကိုယုံကြည်သူတွေအားလုံးက ကောင်းကင် နိုင်ငံတော်ထဲ ဝင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ ဘယ်လိုလူမျိုးတွေက ကောင်းကင်နိုင်ငံတော်ထဲ ဝင်နိုင်သလဲ”တဲ့။ အဲဒီနောက် ကျမ်းချက်တွေ သူ ဖတ်ပြတယ်။ “သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) သူက ပြောတယ်။ “သခင်က ယုံကြည်သူအားလုံး ကောင်းကင်နိုင်ငံထဲ မဝင်နိုင်ဘူးတဲ့။ ဘုရားအလိုတော်ကို လုပ်တဲ့သူတွေပဲ ဝင်နိုင်တာ။ ဒီတော့ ဘုရားအလိုတော်ကို လုပ်ဖို့ဆိုတာ ဘာကိုဆိုလိုသလဲ။ လူတော်တော်များများက တွေးကြတယ်၊ အမှုတော်ပိုလုပ်သရွေ့၊ ကျမ်းစာဖတ်၊ ဆုတောင်းပြီး ကောင်းတဲ့လုပ်ရပ်တွေ ပိုလုပ်သရွေ့၊ ဘုရားအလိုတော်ကို သူတို့ လုပ်နေတာဖြစ်ပြီး၊ သခင် ပြန်ကြွလာတဲ့အခါ၊ နိုင်ငံတော်ထဲ သူတို့ ဝင်ရောက်မယ်တဲ့။ ဒီအမြင်က မှန်ရဲ့လား။ ဘုရားအလိုတော်ရဲ့ ကိုက်ရဲ့လား။ ယုဒဘာသာရဲ့ ဖာရိရှဲတွေက ကောင်းတဲ့ အပြုအမူတွေ အများကြီး ရှိခဲ့ပေမဲ့၊ သခင်ယေရှု ကြွလာပြီး သမ္မာတရား အများကြီး ဖော်ပြချိန်မှာ၊ သခင့်ကို သူတို့ သတိမပြုမိကြဘူး၊ ကသုတ်ကရက် ခုခံပြီး ရှုတ်ချခဲ့ကြတယ်။ ကားတိုင်မှာတောင် သခင်ယေရှုကို သံမှိုရိုက်ခဲ့ကြပြီး နောက်ဆုံးမှာ မကောင်းမှုပြုသူတွေ ဖြစ်လာကြတယ်။ ဒါကနေ၊ ခမည်းတော်ရဲ့ အလိုတော်ကို လုပ်ဆောင်တာက ကျွန်မတို့ စိတ်ကူးသလို ဧဝံဂေလိ ဟောရုံ၊ ကျမ်းစာဖတ်၊ ဆုတောင်းပြီး၊ ကောင်းတဲ့ လုပ်ရပ်တွေ လုပ်ရုံမျှ မဟုတ်တာကို တွေ့နိုင်တယ်။ ဒါက ခရစ်ယာန်တွေ လုပ်သင့်တာရဲ့ သွင်ပြင်တစ်ခုလေးပဲဖြစ်တယ်။ ဒီတော့ ခမည်းတော်ရဲ့ အလိုတော်ကို လုပ်ဖို့ဆိုတာကို ဘာကို အတိအကျဆိုလိုသလဲ။ ကျမ်းစာက ပြောတယ်။ ‘ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆)သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲ သြဝါဒစာ ၁၂:၁၄) ဒါကနေ၊ လူတွေအတွက် ဘုရားရဲ့ သတ်မှတ်ချက်တွေက သန့်ရှင်းခြင်းကို ရရှိပြီး အပြစ်ကနေ လွတ်ဖို့ဖြစ်မှန်း တွေ့နိုင်တယ်။ ဆိုလိုတာက ဘုရားကို နာခံနိုင်ဖို့၊ သူ့နှုတ်ကပတ်တော်တွေ နားထောင်ပြီး၊ အပြစ်မလုပ်တော့ဖို့နဲ့ ဘုရားကို မခုခံတော့ဖို့၊ ဘုရားကို သစ္စာမဖောက်တော့ဖို့နဲ့ ဘုရားအမှုတော်က လူ့အယူအဆတွေနဲ့ မကိုက်တဲ့အခါမှာတောင်၊ နာခံ လက်ခံနိုင်ဖို့ပဲ။ ဒါကသာ ဘုရားအလိုတော်ကို လုပ်တဲ့သူ၊ ဘုရားနိုင်ငံတော်ထဲမှာ ကျန်ရှိနေတဲ့သူဖြစ်တယ်။ သခင့်ကို ကျွန်မတို့ ယုံကြည်ပြီး သခင့်အတွက် စွန့်လွှတ်၊ အသုံးတော်ခံပေမဲ့၊ မကြာခဏ လိမ်ညာ၊ အပြစ်လုပ်တယ်၊ လုပ်ဖော်ဆောင်ဖက်တွေကြားမှာ မနာလိုမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှု မကြာခဏ ရှိပြီး၊ ကပ်ဘေးနဲ့ မကျန်းမာမှုကို ရင်ဆိုင်ရတဲ့အခါ၊ ဘုရားကို မကျေမနပ်ဖြစ်၊ ဝေဖန်ပြီး သစ္စာတောင်ဖောက်နိုင်ကြတုန်းပဲ။ ဒါတကယ်ပဲ ဘုရားအလိုကို လုပ်ခြင်းလား”တဲ့။ သူ မိတ်သဟာယပြုပြီးတဲ့နောက်မှာ၊ ရုတ်တရက် ကျွန်မ နိုးထသွားတယ်။ ဘုရားအလိုတော်ကို လုပ်တာက ကျွန်မတို့ အပြင်ပန်း အလုပ်များပုံအပေါ် မမူတည်ဘူး၊ ဘုရားနှုတ်ကပတ်တော်ကို နားထောင်ခြင်း၊ ဘုရားကို နာခံခြင်း၊ အပြစ်လုပ်ပြီး၊ ဘုရားကို ခုခံနေတာကို ရပ်ခြင်း ရှိမရှိအပေါ် မူတည်တယ်။ ဒါပေမဲ့ ကျွန်မတို့ မကြာခဏ အပြစ်လုပ်တုန်းပဲ၊ နေ့မှာ အပြစ်လုပ်ပြီး ညမှာဝန်ချတဲ့ အခြေအနေထဲမှာ အသက်ရှင်ကြတယ်။ အပြစ်ကနေ မလွတ်၊ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့မလုပ်နိုင်ကြသလို၊ မကျေနပ်စရာ တစ်ခုခုဖြစ်တဲ့အခါ၊ ကျွန်မတို့ မကျေမချမ်းဖြစ်ပြီး သခင်နဲ့ပတ်သက်လို့ ညည်းညူကြတယ်။ ဘုရားအလိုတော်ကို လုပ်ပါတယ်လို့ ဘယ်လိုလုပ် ပြောနိုင်တာလဲ။

နောက်ပိုင်းမှာ၊ စုဝေးပွဲတိုင်းမှာ၊ အစ်မဝေဝေက ကျွန်မနဲ့ နှုတ်ကပတ်တော်တချို့ ဝေမျှခဲ့တယ်။ ဒီနှုတ်ကပတ်တော်တွေက ကောင်းတယ်၊ လတ်ဆတ်ပြီး အရမ်းထက်မြက်တယ်လို့ တွေးမိတယ်။ တဖြည်းဖြည်းနဲ့ ဒီလိုစုဝေးပွဲတွေကို ကျွန်မ စနှစ်ခြိုက်လာပြီး၊ နောက်တစ်ခုကို အမြဲ မျှော်လင့်စောင့်စားတတ်လာခဲ့တယ်။ ဒီအချိန်မှာပဲ တစ်ချိန်က ကျွန်မ ဟောခဲ့တဲ့ တရားဒေသနာတွေအပြင် သင်းအုပ်အတော်များများရဲ့ တရားဒေသနာတွေက အယူဝါဒ စကားတွေ သက်သက်ဖြစ်မှန်း၊ လူတွေကို ကျွန်မတို့ ခွန်အားပေးတတ်လေ့ရှိခဲ့မှန်း သိလိုက်ရတယ်။ ရိုးရိုးသားသားပြောရရင်၊ ကျွန်မတို့မှာ ဘုရားနဲ့ သမ္မာတရားအပေါ် သိနားလည်မှု လုံးဝ မရှိခဲ့ကြဘူး။ ဒါပေမဲ့ အွန်လိုင်းမှာ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မဆုံပြီး သူတို့ရဲ့မိတ်သဟာယကို နားထောင်တဲ့အခါ၊ ထောက်ပံ့ခံရတယ်လို့ နက်နက်ရှိုင်းရှိုင်း ခံစားရပြီး လွတ်လပ်မှုနဲ့ လွတ်မြောက်မှုကို ခံစားရတယ်။ ကျမ်းစာကို နားလည်ရင် ကိစ္စတွေကို မသိရင်၊ မေးခွန်းတွေ မေးလို့ရသလို၊ အဖြေတွေ အမြဲ ရှာတွေ့ခဲ့တယ်။ ကျွန်မရဲ့ အသင်းတော် စုဝေးပွဲတွေမှာ သိပ်အများကြီး ကျွန်မ မရဖူးဘူး။

စုဝေးပွဲတစ်ခုအတွင်းမှာ၊ အစ်မဝေဝေက ကျွန်မဖတ်ဖို့အတွက် စာတစ်ပိုဒ်ပို့ပေးတယ်။ “ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်) ဒီစာပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ၊ အစ်မဝေဝေက မေးတယ်၊ “ဒါကို ဘယ်သူပြောတယ်လို့ ထင်လဲ”တဲ့။ ကျွန်မ ကိုယ့်ဘာသာ အဲဒါကို အမြန်ပြန်ဖတ်လိုက်တယ်။ ဒီစကားတွေက ဩဇာအာဏာနဲ့ တန်ခိုးရှိတယ်လို့ ခံစားရတယ်။ ပြီးတော့ “လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။” ဆိုတဲ့ စကားတွေကနေ ဘုရားရဲ့ ဘုန်းအာနုဘော်ကို ခံစားရတယ်။ ဘုရားက ဒီစကားတွေ ပြောခဲ့တာ သေချာတယ်။ ဘာလို့လဲဆိုတော့ ဘယ်လူသားကမှ ဒါတွေကို ပြောနိုင်မှာမဟုတ်ဘူးလေ။ ဘယ်ကျော်ကြားတဲ့လူ၊ ကြီးမြတ်တဲ့လူ၊ ဘာသာရေး ခေါင်းဆောင်ကမှ ဒီလိုစကားတွေကို ပြောနိုင်မှာ မဟုတ်ဘူး။ အစ်မဝေဝေကို ပြောလိုက်တယ်၊ “သိသိသာသာပဲ ဒါကို ဘုရားပြောခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ဘုရားကိုယ်တိုင်ကပဲ သူ ဘာလုပ်မယ်ဆိုတာ သိတာဖြစ်ပြီး၊ ဘယ်လူကမှ ဒီလို မပြောရဲဘူး၊ ‘ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။’” ကျွန်မအဖြေကို သူ ကြားပြီးတဲ့နောက်၊ စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်၊ “အာမင်။ ဒါဟာ ဘုရားရဲ့အသံတော်ဖြစ်တယ်။ ဘုရားနှုတ်ကပတ်တော်ကို သတိပြုနိုင်သူတွေဟာ ဘုရားကောင်းချီးပေးတာ ခံရတယ်”တဲ့။ ကျမ်းစာထဲမှာ ဒီစကားတွေကို လုံးဝ မဖတ်ဖူးလို့၊ ဘယ်ကနေ ဒီစကားတွေ ရောက်လာတယ်ဆိုတာ ကျွန်မ သိချင်ခဲ့တယ်။ ဒီအချိန်မှာပဲ သူက ကျွန်မကို ပြောတယ်၊ သခင်ယေရှုက ကယ်တင်ရှင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ ပြန်ကြွလာခဲ့ပြီတဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင် က စာစောင်ကို ဖွင့်ပြီး၊ တံဆိပ်ခုနှစ်ခုကို ချိုးဖျက်လိုက်ပြီ၊ ဒီစကားတွေက စာစောင်ဆီကဖြစ်ပြီး နောက်ဆုံးသောကာလမှာ ဘုရားဖော်ပြတဲ့ သမ္မာတရားဖြစ်တယ်တဲ့။ ဒါကိုကြားတော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး တွေးမိတယ်၊ “စာစောင်က ပွင့်သွားပြီပေါ့။ အဲဒါဆိုရင် ငါ အမြန်လုပ်ပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ဖို့လိုတယ်”ပေါ့။ အဲဒီအချိန်မှာ မိတ်သဟာယကို သူဆက်ပြောတယ်၊ “သခင်ယေရှုက နောက်ဆုံးသော ကာလမှာ ပြန်လာတယ်။ ‘အနန္တတန်ခိုးရှင် ဘုရားသခင်’ နာမနဲ့ သူ ပေါ်ထွန်းပြီး အမှုပြုတယ်။ သမ္မာတရား အများကြီး သူ ဖော်ပြပြီးပြီဖြစ်သလို၊ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေတယ်။ အဲဒါက လူတွေကို လုံးလုံးလျားလျား သန့်စင်၊ ကယ်တင်တဲ့ အမှုတော်ပဲ။ ဘုရားနှုတ်ကပတ်တော်ထဲက တရားစီရင်ခြင်းကို ကျွန်မတို့ လက်ခံမှသာ အပြစ်နဲ့ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်ပြီး သန့်စင်ခံရနိုင်တယ်၊ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်တယ်။ နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ နာမသစ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။ ‘ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏၊ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူ၏။(ဗျာဒိတ်ကျမ်း ၁:၈)ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်သည် စိုးစံတော်မူ၏။(ဗျာဒိတ်ကျမ်း ၁၉:၆) ယေဟောဝါ၊ ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာတွေက ဘုရားရဲ့နာမတွေပဲ။ ခေတ်အသီးသီးမှာ မတူတဲ့ နာမတွေ ဘုရားမှာရှိပေမဲ့၊ သူက တစ်ပါးတည်းသော ဘုရား၊ တစ်ပါးတည်းသော ဝိညာဉ်တော်ပဲ”တဲ့။ သူ့မိတ်သဟာယကို ကြားပြီးတဲ့နောက်မှပဲ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ အမည်နာမသစ်ကို ဗျာဒိတ်ထဲမှာ ပရောဖက်ပြုထားတဲ့တာ ကြာပြီဖြစ်ပေမဲ့ ကျွန်မ သတိမပြုမိခဲ့မှန်း သဘောပေါက်သွားတယ်။ ပင်ကိုအားဖြင့် ဘုရားက အနန္တတန်ခိုးရှင်ဖြစ်မှန်းပဲ သိခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်”ဆိုတာ ဘုရားက နောက်ဆုံးသော ကာလမှာ သူပြန်လာတဲ့အခါ သုံးတဲ့ နာမမှန်း လုံးဝ မတွေးမိခဲ့ဘူး။ ကျွန်မ အရမ်းပျော်ပြီး စိတ်လှုပ်ရှားခဲ့တယ်။ လက်စသတ်တော့ ဘုရားက ပြန်ကြွလာပြီဖြစ်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်နေတာကိုး။ သူက ပြောသေးတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်က ပေါ်ထွန်းပြီး လွန်ခဲ့တဲ့ အနှစ်သုံးဆယ်၊ ၁၉၉၁ ခုနှစ်မှာ စအမှုပြုခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရား အများကြီးနဲ့ နှုတ်ကပတ်တော် သန်းချီ ဖော်ပြခဲ့တယ်၊ အားလုံးကို အင်တာနက်ပေါ် လူသိရှင်ကြား တင်ထားတယ်။ အခု သူ့နှုတ်ကပတ်တော်တွေဟာ အရှေ့ကနေ အနောက်ထိ၊ ကမ္ဘာလောကထဲက နိုင်ငံအများကြီးဆီ ပျံ့သွားပြီ။ ပိုပိုများတဲ့ လူတွေက ဘုရားရဲ့ အသံကိုကြားပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံကြတယ်။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေတယ်။ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)” ဒါကိုကြားတော့ ကျွန်မ အရမ်းအံ့ဩသွားတယ်။ လက်စသတ်တော့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဖြစ်နေခဲ့တာကိုး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က၊ အရှေ့အရပ်က လျှပ်ပြက်ခြင်းက သခင့်ရဲ့ ပြန်ကြွလာခြင်းကို သက်သေခံတယ်လို့ သတင်းစာမှာ ဖတ်ရတယ်။ ဒါပေမဲ့ အဲဒီတုန်းက သင်းအုပ်နဲ့ အကြီးအကဲ အတော်များများက ရှုတ်ချပြီး၊ ယုံကြည်သူတွေကို သူတို့ရဲ့ဟောပြောတာကို နားထောင်ခွင့်မပေးခဲ့တာ တွေ့ခဲ့ရတယ်။ ဒီတော့ ဒါက မှန်တဲ့လမ်းခရီး မဟုတ်ဘူးလို့ တွေးခဲ့တယ်၊ မရှာဖွေ၊ မစုံစမ်းခဲ့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို သေချာပေါက် မဖတ်ခဲ့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ပြီး၊ အနှစ်သုံးဆယ်ကြာ ပေါ်ထွန်း အမှုပြုခဲ့မှန်း ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ဘူး။ ကျွန်မ နည်းနည်း စိုးရိမ်သွားပြီး အတော့်ကို နောက်ကျကျန်ခဲ့ပြီလို့ ခံစားရတယ်။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်ကို ပိုဖတ်ချင်ခဲ့တယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်၊ စုဝေးပွဲတွေ၊ ကျွန်မအစ်မနဲ့ ဘုရားနှုတ်ကပတ်တော်အပေါ် မိတ်သဟာယပြုရာကတစ်ဆင့်၊ နောက်ဆုံးသော ကာလမှာ ဘာလို့ ဘုရားက လူ့ဇာတိခံယူရတယ်၊ တရားစီရင်ခြင်း အမှုကို ပြုဖို့ သူ့နှုတ်ကပတ်တော်တွေကို ဘုရား အသုံးပြုပုံ၊ သန့်စင်ခံရပြီး၊ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ တရားစီရင်ခြင်းကို ကျွန်မတို့ တွေ့ကြုံရမဲ့ပုံနဲ့ နောက်ထပ်အကြောင်းအရာတွေကို ကျွန်မ နားလည်လာခဲ့တယ်။ ဒီနက်နဲမှုတွေအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်က ထုတ်ဖော်ပြပြီးပြီ။ သမ္မာတရား အများကြီး ဖော်ပြပြီးပြီ။ အဲဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၃) အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုရဲ့ ဒုတိယအကြိမ် ကြွလာခြင်း ဖြစ်မှန်း ကျွန်မ ပိုလို့တောင် သေချာသွားတယ်။ အဲဒီနောက်မှာ၊ ဘုရားနှုတ်ကပတ်တော် တစ်အုပ်ကို သူက ကျွန်မဆီပို့ပေးတယ်။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်ပြီး၊ ဝိညာဉ်ရေး ပံ့ပိုးမှု ရှာတွေ့ခဲ့တယ်။

နောက်ပိုင်းမှာ၊ တတ်နိုင်သမျှ စုဝေးပွဲတိုင်းနီးပါး ကျွန်မသွားခဲ့တယ်။ ဒါပေမဲ့ ကိုယ့်အသင်းတော်မှာ ဝတ်ပြုပွဲတွေ တက်နေတုန်းပဲဖြစ်လို့၊ စုဝေးချိန်က မကြာခဏ ကွဲလွဲခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “ငါ့အသင်းတော်ကို ငါ စွန့်ခွာသင့်လား”လို့ပေါ့။ ဒါပေမဲ့ အကြီးအကဲ ဖြစ်ခဲ့တာ ဆယ့်ရှစ်နှစ်ရှိပြီလေ။ သက်တမ်းတစ်ခုစီက လေးနှစ်ကြာပြီး၊ ကျွန်မရဲ့ လက်ရှိ သက်တမ်းကုန်ဖို့က တစ်နှစ်ကျော်လိုသေးတယ်။ ကျွန်မရဲ့ သက်တမ်းအလယ်မှာပဲ အသင်းတော်ကို စွန့်ခွာရင် ညီအစ်ကို မောင်နှမတွေက ဘာများထင်ကြမလဲ။ ကျွန်မက အရမ်းကို သာမန်ကာလျှံကာ စွန့်ခွာပြီး သခင့်ကို သစ္စာစောင့်သိမှုမရှိဘူးလို့ ထင်ကြမလား။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ သခင်က ပြန်လာပြီးပြီ၊ ဒီတော့ ဘာသာတရားထဲမှာ ငါရှိနေသင့်လား။ ကျွန်မ ကောင်းကောင်း သိတယ်။ ပလ္လင်ပေါ်မှာ သင်းအုပ်တွေ ပြောတာတွေက ယုံကြည်သူတွေကို မထောက်ပံ့နိုင်တော့မှန်းကိုပေါ့။ သခင်ယေရှုရဲ့ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတွေအကြောင်း သူတို့ ထပ်ခါထပ်ခါ ပြောခဲ့ကြပြီး၊ သခင့်ကို အတုယူတာ၊ ကိုယ့်အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်တာ၊ သည်းခံတာ၊ စတာတွေကို မကြာခဏ ဆွေးနွေးကြတယ်။ ဆယ်စုနှစ်နဲ့ချီ၊ သင်းအုပ်တွေက အိုဟောင်းပြီး၊ စုတ်ချာနေတဲ့ အယူဝါဒစကားတွေကို ဟောနေခဲ့ကြတာလေ။ ဖန်တရာတေနေပြီဖြစ်သလို ခြောက်ကပ်ပြီး၊ ညီအစ်ကို မောင်နှမတွေကိုလည်း ကျွန်မ မပံ့ပိုးပေးနိုင်ခဲ့ဘူး။ ဘာသာရေးလောကက ပြိုပျက်နှင့်နေခဲ့မှန်း ကျွန်မ ကောင်းကောင်း သိတယ်။ အဲဒီတုန်းက ကျွန်မ အရမ်းသဘောထားကွဲလွဲခဲ့တယ်။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အသင်းတော်ကို ကျွန်မ စွန့်ခွာချင်တယ်၊ ဒါပေမဲ့ ပူပန်မှုတွေ ရှိတုန်းပဲဖြစ်သလို၊ ညီအစ်ကို မောင်နှမတွေ ကျွန်မအကြောင်း အတင်းပြောကြမှာကို စိုးရိမ်မပါတယ်။ ဘုရားသခင်၊ ကျွန်မ ဘာလုပ်သင့်လဲ။ ကျေးဇူးပြုပြီး လမ်းပြပါ”လို့ပေါ့။ ဆုတောင်းရင်းနဲ့ ကျမ်းစာပြောတာကို တွေးမိတယ်။ “မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်း ဘေးလည်းမဟုတ်၊ ယေဟောဝါ၏ အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေး ဖြစ်လိမ့်မည်။(အာမုတ် အနာဂတ္တိကျမ်း ၈:၁၁)စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာ မရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကို ခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက်နေရ၏။(အာမုတ် အနာဂတ္တိကျမ်း ၄:၇) စားစရာမရှိတဲ့အချိန်ဖြစ်တဲ့ ဣသရေလလူတွေရဲ့ ခုနှစ်နှစ် အစာခေါင်းပါးမှုကို တွေးမိတယ်၊ ယောသပ်ရဲ့ ညီအစ်ကိုအားလုံးက သူ့ဆီမှာ အစားအစာတောင်းဖို့ အဲဂုတ္တုပြည်ကို သွားကြတယ်။ အခု ဘာသာရေးလောက တစ်ခုလုံးက အစာခေါင်းပါးမှု ခံစားနေရပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ကင်းမဲ့ကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲမှာ ကျွန်မ စားသောက်ခဲ့ရတာက ဘုရားရဲ့ လက်ရှိနှုတ်ကပတ်တော်တွေ၊ ကျွန်မ ရခဲ့တာက စစ်မှန်တဲ့ အလင်းဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှု သိသိသာသာ ရှိခဲ့တယ်။ ကျွန်မ မထိန်းထားနိုင်ရင်၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်ရဲ့ စွန့်ပစ်တာ ခံရမှာပဲ။ အခု၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ရှိတဲ့ အသင်းတော်ကို ကျွန်မ ရှာတွေ့ခဲ့ပြီ။ ဘုရားအသံတော်ကို ကြားပြီး သခင့်ကို ကြိုဆိုခဲ့ပြီးပြီ။ ဒီတော့ ဘာသာတရားရဲ့ ခြောက်ကပ်မှုထဲမှာ ကျွန်မ ဆက်မရှိသင့်တော့ဘူး။ အဲဒီနောက်မှာ၊ ကျွန်မအတွက် အလုပ်လုပ်ဖို့ အသင်းတော်က မစီစဉ်သရွေ့၊ အဲဒီကို မသွားတော့ဘူး။ ဒါပေမဲ့ ကျွန်မက အကြီးအကဲတစ်ယောက်ဖြစ်လို့၊ ရံဖန်ရံခါ ကိုးကွယ်ဖို့ သွားခဲ့တယ်။

နှစ်ဝက်ကြာပြီးတော့ တစ်ရက်မှာ၊ အင်တာနက်ပေါ်မှာ စင်တင်ပြဇာတ်တစ်ခု ကြည့်ခဲ့ရတယ်။ “ဉာဏ်ပညာရှိသော ရွေးချယ်မှုတစ်ခု” ဇာတ်လမ်းက ကျွန်မကို အရမ်းတို့ထိခဲ့တယ်။ ဇာတ်ဆောင်ဖြစ်တဲ့ လီမင်းကျီက မြို့အုပ်ချုပ်ရေး ကေဒါတစ်ယောက်။ နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီးတဲ့နောက်၊ သမ္မာတရားတချို့ကို သူ နားလည်သွားခဲ့တယ်။ စီစီပီကို သူ အစေခံခဲ့တဲ့နှစ်တွေနဲ့ မကောင်းမှုပြုရာမှာ လိုက်လုပ်ခဲ့ပုံတွေကို သူ သုံးသပ်ခဲ့တယ်။ ပျက်ဆီးရာ လမ်းကို သူ လျှောက်နေခဲ့မှန်း သဘောပေါက်သွားပြီး၊ ခရစ်တော်နောက်လိုက်ပြီး ဘုရားအတွက် အသုံးတော်ခံခြင်းအားဖြင့်ပဲ သမ္မာတရားနဲ့ အသက်ရနိုင်မှန်း ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ဘုရားဆီ သူ ဆုတောင်းတယ်၊ အလုပ်ထွက်ပြီး သူ့ကိုယ်သူ ဘုရားဆီ ဆက်ကပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောရင်းနဲ့ပေါ့။ ဇနီးက သိသွားတော့၊ အဲဒါကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး၊ သူ့မိသားစုက ဘုရားကို ယုံကြည်ရာကနေ သူ့ကို တားဆီးဖို့ အတင်းလုပ်ခဲ့ကြတယ်။ တစ်မိသားစုလုံးရဲ့ ဝိုင်းအုံတာ ခံရတော့၊ သူ အလျှော့မပေးခဲ့ဘူး၊ မိသားစုနဲ့ အခြေအတင် ငြင်းခုံပြီး၊ နောက်ဆုံးမှာ သူ့အလုပ်ကို ပြတ်ပြတ်သားသား ထွက်ပြီး ဘုရားနောက်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီနောက် ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ ဘာသာတရားထဲမှာ နေပြီး ဘုရားနောက် စိတ်အကြွင်းမဲ့ မလိုက်ရင်၊ သမ္မာတရားကို ကျွန်မ ဘယ်တော့မှ ရမှာမဟုတ်သလို၊ ဘုရားစွန့်ပစ်တာ ခံရမှာပဲ။ ဒါ့အပြင်၊ သမ္မာတရားအပေါ် မိတ်သဟာယပြုရာကတစ်ဆင့်၊ ဘာသာရေးလောကရဲ့ ဘုရားကို ဆန့်ကျင်ခုခံမှုနဲ့ဆိုင်တဲ့ မှန်ကန်တဲ့ အချက်ကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ဘုရားက ကျွန်မကို လမ်းပြနေပြီး ဘာသာတရားကို စွန့်ခွာဖို့ ကျွန်မအတွက် အချိန်ကျသလိုမျိုး ခံစားရတယ်။

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ၊ သတိရမိတယ်၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပေါ့၊ တိုင်ဝမ်ကို ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ပျံ့နှံ့လာတယ်။ အဲဒီတုန်းက၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သတင်းစာတွေမှာ ဖြန့်ချိခဲ့တယ်။ ဒါပေမဲ့ တိုင်ဝမ်ရဲ့ ဘာသာရေး အသိုင်းအဝိုင်းက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအပေါ် သူတို့ရဲ့ သပိတ်မှောက်မှုဖြစ်တဲ့၊ သင်းအုပ်တွေ ပူးတွဲလက်မှတ်ထိုးထားတဲ့ ကြေညာချက်တစ်ခုကို ပူးတွဲကြေညာခဲ့ကြတယ်။ သခင်ယေရှု ပြန်ကြွလာခဲ့မှန်း ဒီသင်းအုပ်တွေက သိတာကြာပြီဖြစ်ပေမဲ့၊ မရှာဖွေ၊ မစုံစမ်းခဲ့ကြသလို၊ သူတို့ရဲ့ ယုံကြည်သူတွေကိုလည်း သခင့်ရဲ့ ပြန်ကြွလာခြင်း သတင်းကို မပြောခဲ့ကြဘူး။ ဘုရားကို ခုခံပြီး ဘုရားရဲ့ နိုင်ငံတော် သတင်းကောင်း တိုင်ဝမ်ဆီ ပျံ့နှံ့တာကို တားဆီးဖို့ ပူးပေါင်းခဲ့ကြတယ်။ ဒါက လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်က ယဇ်ပရောဟိတ် အကြီးအကဲ၊ ကျမ်းတတ်ပုဂ္ဂိုလ်၊ ဖာရိရှဲတွေကို သတိရစေတယ်။ သခင်ယေရှုရဲ့ စကားတွေနဲ့ အမှုတော်က ဩဇာအာဏာနဲ့ တန်ခိုးပါရှိမှန်း သူတို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြပေမဲ့၊ သခင်ယေရှုက မေရှိယဖြစ်တယ်လို့ ဝန်မခံခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ ယုံကြည်သူအားလုံး သခင်ယေရှုနောက်လိုက်ပြီး၊ သူတို့ရဲ့ အဆင့်အတန်းနဲ့ ဝင်ငွေတွေ ဆုံးရှုံးမှာကို စိုးရိမ်ခဲ့ကြလို့ပဲ။ ဒါကြောင့်၊ မမှန်တဲ့ စီရင်ချက်တွေ ဖန်တီးပြီး သခင်ယေရှုကို ရှုတ်ချခဲ့ကြတယ်။ အဲဒီအတိုင်းပဲ ခုခေတ် ဘာသာရေး လောကမှာ ဖြစ်နေတာ။ လူတွေအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားကျောင်း မသွားကြရင်၊ ဘယ်သူကမှ အလှူငွေမပေးကြတော့ဘဲ၊ သူတို့ လစာမရမှာကို သင်းအုပ်တွေက စိုးရိမ်နေကြတာ။ ဒါကြောင့် သူတို့ရဲ့ အဆင့်အတန်းနဲ့ ဝင်ငွေကို ထိန်းသိမ်းဖို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ပူးတွဲ ရှုတ်ချပြီး ခုခံခဲ့ကြတာ။ ဒါက ဖာရိရှဲတွေကို သခင်ယေရှု ကျိန်ဆဲခဲ့တုန်းက ပြောခဲ့တာကို သတိရစေတယ်။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။...လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃-၁၅) ဘာသာတရားထဲက ဒီသင်းအုပ်တွေဟာ သခင် ပြန်ကြွလာခဲ့ပြီး သမ္မာတရား အများကြီး ပြောပြီးပြီမှန်း ရှင်းရှင်း သိကြပေမဲ့၊ မစုံစမ်းကြသလို၊ တခြားလူတွေကိုလည်း ဘုရားရဲ့ အမှုတော်သစ်ကို စုံစမ်းရာကနေ လှည့်ဖြား၊ ကန့်သတ်ကြပြီး၊ သခင့်ကို ကြိုဆိုရာကနေ ယုံကြည်သူတွေကို တားဆီးကြတယ်။ ဒီဘာသာရေး အကြီးအကဲတွေက အရမ်းမုန်းစရာကောင်းတယ်။ သူတို့က သခင့်နောက် အစစ်အမှန် လိုက်သူတွေ မဟုတ်ဘူး၊ ခေတ်သစ် ဖာရိရှဲတွေပဲ။

စုဝေးပွဲတစ်ခုမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဘုရားနှုတ်ကပတ်တော်ကို တွေးဆရင်းနဲ့၊ ကျွန်မ သဘောပေါက်သွားတယ်။ ဘာသာရေးလောကထဲက သင်းအုပ်တွေဟာ ဘုရားဆီ ညီအစ်ကို မောင်နှမတွေရဲ့ အလှူတွေကနေ အခပေးခံထားရတာဖြစ်ပေမဲ့၊ လူတွေကို ဘုရားဆီ လှည့်ရာကနေ တားဆီးကြသလို၊ အဲဒီလိုနဲ့ သခင့်ကို ကြိုဆိုပြီး ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ဖို့ လူတွေရဲ့ အခွင့်အရေးကို ဖျက်ဆီးလိုက်ကြတယ်။ သူတို့တွေက လူတွေရဲ့ ဝိညာဉ်တွေကို ဝါးမြိုတဲ့ နတ်ဆိုးတွေပဲ မဟုတ်လား။ ကပ်ရောဂါကြောင့်၊ အသင်းတော်တွေက ဝတ်ပြုပွဲတွေအားလုံးကို ဆိုင်းငံ့ထားခဲ့ကြမှန်းလည်း ကျွန်မ တွေးမိတယ်။ စုဝေးပွဲတစ်ခုမှာ၊ ယုံကြည်သူတွေရဲ့ ဝင်ငွေ တိုးစေဖို့ နည်းလမ်းတစ်ခုအနေနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေကို ရောင်းဖို့ ကျွန်မတို့ ကော်မတီရုံးအပြင်ကို ထုတ်ထားဖို့ကို သင်းအုပ်တွေ ဆွေးနွေးခဲ့ကြတယ်။ အဲဒီလိုနဲ့ ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ ဆယ်ပို့တစ်ပို့တွေကို ဆက်ပေးနိုင်မှာလေ။ ဒါကိုကြားတော့ ကျွန်မ အရမ်းစိတ်ဆိုးသွားပြီး အပြင်းအထန် ကန့်ကွက်ခဲ့တယ်။ ကျွန်မ ပြောလိုက်တယ်၊ “သင်းအုပ်တွေအနေနဲ့၊ လူတွေရဲ့ အသက်တာတွေကို ရှင်တို့ ဂရုစိုက်သင့်တယ်။ ငွေအကြောင်းပဲ ဘာလို့ ပူပန်နေနိုင်ရတာလဲ”လို့ပေါ့။ အထွေထွေ အတွင်းရေးမှူးက ကျွန်မကို ပြောတယ်၊ “စုဝေးပွဲတွေကို အသင်းတော်က ဆိုင်းငံ့ထားလိုက်တော့၊ ညီအစ်ကို မောင်နှမတွေဆီက အလှူငွေတွေ နည်းသွားတယ်၊ အဲဒါက အသင်းတော်ရဲ့ ဝင်ငွေကို လျော့နည်းစေတယ်လေ”တဲ့။ သင်းအုပ်တွေက သူတို့ရဲ့ လစာနဲ့ ဝင်ငွေအကြောင်းပဲ ဂရုစိုက်ကြပြီး၊ ညီအစ်ကို မောင်နှမတွေကို ရေလောင်းပြီး သူတို့ ယုံကြည်ခြင်းကို အားပေးတာတွေ ဂရုမစိုက်မှန်း တွေ့ရတယ်။ သူတို့က သခင်ယေရှုပြောတဲ့ သူတော်ကောင်း အယောင်ဆောင် ဖာရိရှဲတွေပဲ။ ဘုရားဆီ ညီအစ်ကို မောင်နှမတွေ ပေးလှူတဲ့ ယဇ်တွေကို တပ်မက်ကြတာပဲ။ သူတို့ယုံကြည်သူတွေရဲ့ အသက်တာတွေကို ဂရုမစိုက်ကြဘူး၊ သခင့်ကို ကြိုဆိုရာကနေ လူတွေကို ဟန့်တားကြသလို၊ ယုံကြည်သူတွေကို ဆက်ပြီး အခိုင်အမာ ချုပ်ကိုင်ဖို့ ကြိုးစားကြတယ်။ သင်းအုပ်ဆရားတွေရဲ့ စစ်မှန်တဲ့ သဘောသဘာဝကို ပိုရှင်းရှင်း မြင်ခဲ့ရတယ်။ ဒီဘာသာရေး သင်းအုပ်တွေက ဘုရားကို ငြင်းပယ်၊ ခုခံတဲ့ အန္တိခရစ်တွေပဲ။ သခင့်ကို နှစ်တွေအများကြီး ယုံကြည်ပြီးတဲ့နောက်၊ သူတို့ကို နောက်ဆုံး ကျွန်မ သိမြင်ခဲ့တယ်။ နောက်ဆုံးမှာ ကျွန်မ နိုးထသွားခဲ့တယ်။ ဘုရားကို သူ့ကရုဏာနဲ့ သူ့အသံကို ကြားပြီး၊ သူ့ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံဖို့ အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်မိတယ်။ မဟုတ်ရင်၊ မကောင်းမှုလုပ်ပြီး ဘုရားကို ခုခံရာမှာ သင်းအုပ်တွေနောက်လိုက်ပြီး၊ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးသွားမှာ။

နောက်ပိုင်းမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်တဲ့ ဗီဒီယိုတစ်ခု တွေ့ခဲ့တယ်။ “ယခုတွင် ဘာသာတရားကိုယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်အရာများဖြစ်သည်ကို သင် အမှန်တကယ် နားလည်သလော။ ဘာသာတရားကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းကြားတွင် ကွာခြားချက်တစ်ခုရှိသလော။ ကွာခြားချက်က မည်သည့်နေရာတွင် တည်ရှိသနည်း။ ဤမေးခွန်းများကို သင် အဖြေရှာကြည့်ပြီးသလော။ ဘာသာတရားကို ယုံကြည်သူများသည် မည်သည့်ပုံစံရှိလေ့ရှိသနည်း။ ၎င်းတို့သည် မည်သည့်အရာကို အာရုံစိုက်သနည်း။ ဘာသာတရားကို ယုံကြည်ခြင်းအား မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သနည်း။ လူတို့သည် ဘာသာတရားကို ယုံကြည်သောအခါတွင် ဘုရားသခင်ရှိသည်ဟု ၎င်းတို့က အသိအမှတ်ပြုသည်။ ၎င်းတို့၏ အပြုအမူတွင် အပြောင်းအလဲတချို့ ပြုလုပ်သည်။ ၎င်းတို့သည် လူတို့ကို ရိုက်ခြင်း၊ ဆဲဆိုဲခြင်းမရှိ။ လူတို့ကို ထိခိုက်စေသည့် မကောင်းသောအရာများကို မလုပ်ဆောင်ပေ။ အမျိုးမျိုးသော ပြစ်မှုများကို မကျူးလွန်၊ သို့မဟုတ် ဥပဒေကို မချိုးဖောက်ပေ။ တနင်္ဂနွေနေ့များတွင် စုဝေးကြသည်။ ဤသည်မှာ ဘာသာတရားကို ယုံကြည်သောသူဖြစ်သည်။ ဤသို့ဆိုလျှင် ကောင်းစွာ ပြုမူနေထိုင်ပြီး စုဝေးပွဲများတက်ရောက်ခြင်းသည် လူတစ်ယောက်က ဘာသာတရားအပေါ် ယုံကြည်သည့် သက်သေဖြစ်သည်။ လူတို့က ဘာသာတရားကို ယုံကြည်သောအခါ ဘုရားသခင်ရှိသည်ဟု ၎င်းတို့က အသိအမှတ်ပြုသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူကောင်းဖြစ်ခြင်းဖြစ်သည်ဟု ၎င်းတို့က ထင်မြင်ကြသည်။ အပြစ်မပြုသရွေ့၊ မကောင်းသောအရာများကို မလုပ်သရွေ့ သေပြီးနောက်တွင် ကောင်းကင်ဘုံသို့ရောက်မည်၊ ကောင်းမွန်သော အဆုံးသတ် ရှိလိမ့်မည်ဟု ထင်ကြသည်။ ၎င်းတို့၏ ယုံကြည်မှုသည် ၎င်းတို့ကို ဝိညာဉ်အာဟာရကို ပေးသည်။ ဤသို့အားဖြင့် ဘာသာတရားကို ယုံကြည်ခြင်းအား အောက်ပါအတိုင်းလည်း အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ ဘာသာတရားကို ယုံကြည်ခြင်းသည် သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ရှိသည်ဟု အသိအမှတ်ပြုခြင်း၊ သေပြီးနောက်တွင် ကောင်းကင်ဘုံသို့ရောက်မည်ဟု ယုံကြည်ခြင်းဖြစ်သည်။ ယင်းမှာ သင်၏ စိတ်နှလုံးတွင် စိတ်ခံစားချက်ဆိုင်ရာ အထောက်အပံ့တစ်ခုရှိခြင်းအပြင် သင်၏ အပြုအမူအချို့ကို ပြောင်းလဲခြင်း၊ ကောင်းစွာနေခြင်းကို ဆိုလိုပြီး ထို့ထက်ပို၍ မည်သည့်အရာမှမဟုတ်ပေ။ ၎င်းတို့ ယုံကြည်သည့်ဘုရားသခင် တည်ရှိခြင်းရှိမရှိ၊ ယခုတွင် ဤဘုရားသည် မည်သည့်အရာကိုလုပ်ဆောင်နေသည်၊ ဤဘုရားသည် ၎င်းတို့ကို မည်သည့်အရာတောင်းဆိုနေသည်တို့နှင့်ပတ်သက်၍မူ ၎င်းတို့ လုံးဝ မသိပေ။ ဤအရာအားလုံးကို ကျမ်းစာ၏ အယူဝါဒများအပေါ် အခြေခံပြီး ကောက်ချက်ချကာ စိတ်ကူးထင်မြင်ကြသည်။ ဤသည်မှာ ဘာသာတရားကိုယုံကြည်ခြင်းဖြစ်သည်။ ဘာသာတရားကို ယုံကြည်ခြင်းသည် အဓိကအားဖြင့် အပြုအမူဆိုင်ရာ ပြောင်းလဲခြင်းနှင့် ဝိညာဉ်အာဟာရကို လိုက်စားခြင်းဖြစ်သည်။ သို့သော် ဤလူတို့လျှောက်သော လမ်းကြောင်း၊ ကောင်းချီးများကို လိုက်စားသောလမ်းကြောင်းသည် မပြောင်းလဲပေ။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ မှားယွင်းသောအမြင်များ၊ အယူအဆများနှင့် စိတ်ကူးများတွင် အပြောင်းအလဲမရှိပေ။ ၎င်းတို့ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်၊ ၎င်းတို့လိုက်စားသည့် ဘဝပန်းတိုင်များနှင့် ဦးတည်ချက်တို့သည် ရိုးရာယဉ်ကျေးမှု၏ အယူအဆများ၊ ထင်မြင်ချက်များအပေါ်တွင် အခြေခံထားပြီး လုံးဝ မပြောင်းလဲပေ။ ဤသည်မှာ ဘာသာတရားကို ယုံကြည်သောသူတိုင်း၏ အခြေအနေဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ဘုရားသခင်၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ အဘယ်နည်း။ (ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ခြင်းဖြစ်သည်။) ဘုရားသခင်၏ ဖြစ်တည်မှုကို ယုံကြည်ခြင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ခြင်းဖြစ်သည်။ ဤအရာတို့သည် အခြေခံအကျဆုံးဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်က တောင်းဆိုသည့်အတိုင်း ဖြစ်တည်ခြင်း၊ အသက်ရှင်ခြင်း၊ တာဝန်ထမ်းဆောင်ခြင်း၊ သာမန်လူ့သဘာဝ၏ လှုပ်ရှားမှုအားလုံးတွင် ပါဝင်လုပ်ဆောင််ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်နောက်သို့ လိုက်ခြင်း၊ ဘုရားသခင်တောင်းဆိုသည့်အရာကို လုပ်ဆောင်ခြင်း၊ ဘုရားသခင်တောင်းဆိုသည့်အတိုင်း အသက်ရှင်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့၏ ဘဝပန်းတိုင်များနှင့် ဦးတည်ချက်သည် ဘာသာတရားကို ယုံကြည်သောသူများနှင့် လုံးဝ မကွဲပြားသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်အရာနှင့် ဆက်နွှယ်သနည်း။ လူတို့၏ ဦးတည်ချက်နှင့် ပန်းတိုင်များ၊ ၎င်းတို့ရွေးချယ်သည့်လမ်းကြောင်းတို့နှင့် ဆက်နွှယ်သည်။ ဤအရာတို့သည် ၎င်းတို့ ကယ်တင်ခံရခြင်းရှိမရှိနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။...ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်တောင်းဆိုသည့်အရာနှင့်အညီ ဖြစ်ရမည်။ လူတို့သည် ဘုရားသခင် တောင်းဆိုသည့်အရာအတိုင်း လက်တွေ့လုပ်ဆောင်ရမည်။ ဤသည်သာ ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ အကြောင်းအရာ၏ အရင်းအမြစ်ဆီသို့ သွားခြင်းဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို လိုက်လျှောက်ခြင်း၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ခြင်း၊ ဤသည်မှာ လူသားအသက်တာ၏ မှန်ကန်သော နည်းလမ်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူသားအသက်တာ၏ လမ်းကြောင်းနှင့် ဆက်နွှယ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာတရားများစွာနှင့် ဆက်နွှယ်သည်။ ဘုရားသခင်၏နောက်တော်သို့လိုက်သူများသည် ဤသမ္မာတရားများကို နားလည်ရမည်။ ဤသမ္မာတရားများကို နားမလည်၊ လက်မခံလျှင် ဘုရားသခင်နောက်သို့ မည်သို့လိုက်နိုင်မည်နည်း။ ဘာသာတရားကို ယုံကြည်သောသူတို့သည် ဘုရားသခင်ရှိသည်ဟု အသိအမှတ်ပြုရုံသာရှိပြီးဘုရားသခင်ရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသော်လည်း ဤသမ္မာတရားများကို ၎င်းတို့ နားမလည်သကဲ့သို့ လက်လည်းမခံကြပေ။ ထို့ကြောင့် ဘာသာတရားကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ နောက်တော်သို့လိုက်သောသူများ မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်”) ဘုရားနှုတ်ကပတ်တော်က အရမ်းမှန်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်မရှိသလို၊ ဘုရားရဲ့လက်ရှိနှုတ်ကပတ်တော်တွေရဲ့ ထောက်ပံ့မှုမရှိပဲ ဘာသာတရားထဲမှာ ရှိတဲ့ခဲ့ ကိုယ့်ကိုယ်ကိုယ်ကို တွေးမိတယ်။ ဘာသာရေး စည်းမျဉ်းတွေနဲ့ ထုံးတမ်းတွေကိုပဲ လိုက်နာနိုင်ခဲ့ပြီး၊ ကောင်းတဲ့လုပ်ရပ်တချို့ကို သတ္တိနည်းပြီး လုပ်ခဲ့တယ်။ ညီအစ်ကို၊ ညီအစ်မတစ်ယောက် အပျက်သဘောဆောင်တာ မြင်တော့၊ သူတို့ကို အားပေးခဲ့တယ်။ သူတို့အပေါ် မကြာခဏ လက်တင်ပြီး ဆုတောင်းပေးခဲ့သလို၊ အမှုတော်မှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်၊ ဒါဟာ ဘုရားအလိုတော်နဲ့ ညီတယ်လို့ တွေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာပဲ ဘုရားကို ကျွန်မ ယုံကြည်နေတာမဟုတ်ဘဲ၊ ဘာသာတရားကို ယုံကြည်နေခဲ့မှန်း သိခဲ့တာ။ ဒါတွေက အပြင်ပန်း ကောင်းတဲ့လုပ်ရပ်တွေပဲ၊ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ပြီး ဘုရားကို နာခံတာမဟုတ်ဘူး။ ပြီးတော့ ကျွန်မရဲ့ စိတ်သဘောထားကို မပြောင်းလဲပေးဘူး။ ကျွန်မတို့ရဲ့ အလုပ်ကြိုးစားမှုနဲ့ ကြိုးပမ်းမှုတွေက ကိုယ်ပိုင်ဖြစ်ချင်တဲ့အတွေးပဲဖြစ်ပြီး ဘုရားအလိုတော်နဲ့ မညီဘူး။ သခင့်အတွက် လိုက်စားပြီး အလုပ်ကြိုးစားဖို့ ညီအစ်ကို မောင်နှမတွေကို မကြာခဏ ပြောခဲ့တာကိုလည်း ကျွန်မ သတိရတယ်။ သူတို့ ကောင်းကင်ဘုံထဲ ဝင်ရောက်တဲ့အခါ၊ မြို့ငါးမြို့၊ ဆယ်မြို့ကို စီမံခန့်ခွဲကြမှာလို့ပေါ့။ အခု၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ တရားဟောချက်က အဓိပ္ပာယ်မရှိ၊ လက်တွေ့မကျမှန်း ခံစားရတယ်။ ကျွန်မတို့တစ်ယောက်ကမှ ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းကို မကြုံဖူးကြသေးဘူး။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်မခံရသေးသလို၊ ဘုရားရဲ့ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ကျွန်မတို့ အရည်အချင်း လုံးဝ မပြည့်မီကြဘူး။ အပြင်ပန်း ကောင်းတဲ့လုပ်ရပ်တွေက ဘုရားကို ယုံကြည်မှုမှာ မလုံလောက်ဘူး။ အဓိကက ဘုရားရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို တွေ့ကြုံဖို့၊ စိတ်သဘောထားမှာ ပြောင်းလဲမှု ရရှိဖို့နဲ့ ဘုရားကို နာခံ၊ ကိုးကွယ်ဖို့ပဲ။ ဒါက ဘုရားအလိုတော်နဲ့ ကိုက်ညီတယ်။ အရင်က၊ ဘာသာတရားထဲမှာ သခင့်ကို ကျွန်မယုံကြည်မှုက မရှင်းလင်းတဲ့ ယုံကြည်မှုဖြစ်သလို၊ ဘုရားချီးမွမ်းမဲ့ အရာတစ်ခုမဟုတ်မှန်း တွေ့ရတယ်။ ဘုရားကို ယုံကြည်ပြီး ဘာသာတရားထဲမှာ ဆက်စုဝေးရင်၊ သမ္မာတရားကို လုံးဝ ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ အကြီးအကဲအနေနဲ့ ကိုယ့်အလုပ်ရှိတော့၊ ဘုရားကျောင်းကို ဆက်သွားရဦးမယ်။ အသင်းတော်ကို စွန့်ခွာရင်၊ သေချာပေါက် စွန့်ပစ်ခံရပြီး အထင်သေးခံရမှာ ဖြစ်သလို၊ တခြားလူတွေက ကျွန်မကို မလေးစားကြမှာ ဖြစ်သလို သခင့်ကို သစ္စာမရှိဘူးလို့ ထင်ကြမှာ။ ဒါကို တွေးမိတော့၊ ကျွန်မ ချီတုံချတုံ ဖြစ်သွားတယ်။ သခင့်ကို ကျွန်မ ကြိုဆိုပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့ပြီလိူ့ သူတို့ကို ပြောဖို့လည်း တွေးမိပေမဲ့၊ ပြောလိုက်တဲ့ တစ်ခဏမှာပဲ နှိပ်စက်ညှဉ်းပန်းခံရပြီး သင်းအုပ်တွေနဲ့ တခြား လုပ်ဖော်ဆောင်ဖက်တွေရဲ့ ဟန့်တားတာ ခံရမယ်မှန်း သိခဲ့တယ်။ စိတ်နှလုံးထဲမှာ ဝေခွဲမရဖြစ်နေခဲ့တယ်။ အနှေးနဲ့အမြန် ဘာသာတရားကို ကျွန်မ စွန့်ခွာမယ်ဆိုတာ သိခဲ့ပေမဲ့၊ ကျွန်မရဲ့ နှုတ်ထွက်စာကို ဘယ်လိုပေးရမယ်မှန်း မသိခဲ့ဘူး။ ဒါနဲ့ပတ်သက်လို့ မကြာခဏ ဆုတောင်းပြီး ဘုရားနဲ့အတူ ရှာဖွေခဲ့တယ်။

နောက်ပိုင်းမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သေးသကဲ့သို့ မိမိတို့၏ စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် နာခံတတ်ပြီး သူ့ကို မဆန့်ကျင်သူများကို သူ ရှာဖွေသည်။ သင်သည် မည်သည့် တန်ခိုးအာဏာ သို့မဟုတ် အင်အား၏ ပိတ်ဆီးခြင်းကိုမခံဘဲ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ၏ ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်။ အကယ်၍ သင်သည် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိပါက၊ ဂုဏ်ယူစရာ နာမည်ဂုဏ်သတင်း ရှိပါက၊ အလျှံပယ်သော အသိပညာ ပိုင်ဆိုင်ပါက၊ ပေါများသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ ဖြစ်ပြီး၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသော်လည်း၊ ဤအရာများက ဘုရားသခင်၏ ခေါ်ခြင်းနှင့် သူ၏တာဝန်ပေး စေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို မတားဆီးပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ အဖြောင့်မတ်ဆုံး တာဝန် ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားနှုတ်ကပတ်တော်ကနေ နားလည်သွားတယ်၊ အသင်းတော်ကို စွန့်ခွာတာနဲ့ပတ်သက်လို့ အကြိမ်တော်တော်များများ တုံ့ဆိုင်းခဲ့တာဟာ အကြီးအကဲအနေနဲ့ ကိုယ့်ရဲ့ ရာထူးကို လက်မလွှတ်နိုင်လို့ပဲဆိုတာကိုပေါ့။ ကျွန်မရဲ့ အဆင့်အတန်းကြောင့်၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်ကြီး၊ လေးစားကြတယ်။ ကျွန်မကို တမူထူးပြီး ဆက်ဆံခဲ့ကြသလို၊ အကျိုးအမြတ်တွေ ရှိတဲ့အခါ အမြဲ ကျွန်မကို တွေးကြတယ်။ အသင်းတော်ကို ကျွန်မ စွန့်ခွာတဲ့အခါ ဒါတွေအားလုံး ဆုံးရှုံးသွားမှာကို စိုးရိမ်ခဲ့တယ်။ အဆင့်အတန်းကို မက်မောပြီး အဆင့်အတန်းရဲ့ အကျိုးကျေးဇူးတွေကို တပ်မက်ခဲ့တယ်။ ဒါက မှန်ကန်တဲ့လမ်းကြောင်း မဟုတ်သလို၊ ဘုရားကို သဘောမကျဖြစ်စေတယ်။ အဆင့်အတန်းရဲ့ အချုပ်အနှောင်တွေကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေရမယ်မှန်း ကျွန်မ ရှင်းရှင်း သိခဲ့တယ်။ ကျွန်မ ကိစ္စတွေကို မပြောင်းလဲရင်၊ ဘုရားကို ခုခံတဲ့ လမ်းကြောင်း လျှောက်မိမှာ။ ဒါကျွန်မ လိုချင်တဲ့ ရလဒ်မဟုတ်ဘူး။ ညီအစ်ကို မောင်နှမတွေ အရမ်းအလေးထားတာကို ကျွန်မ စိတ်ဝင်စားနေလို့ မရတော့ဘူး။ တခြားလူတွေ ကျွန်မကို အထင်ကြီးခြင်း ရှိမရှိက အရေးမကြီးဘူး။ အရေးကြီးတာက ဘုရားရဲ့ လက်ခံမှုကို ကျွန်မ ရနိုင်ခြင်းရှိမရှိ ဆိုတာပဲ။ ဘုရားကို ကျွန်မ သစ္စာစောင့်သိရမယ်၊ အဆင့်အတန်းကို မဟုတ်ဘူး။ ဒါကို သိတော့၊ အသင်းတော်ကို စွန့်ခွာဖို့ ကျွန်မရဲ့ စိတ်ပိုင်းဖြတ်ချက်က ပိုအားကောင်းလာခဲ့တယ်။

တစ်နေ့၊ ပုံမှန်အတိုင်း ကျွန်မ အသင်းတော်ကို သွားခဲ့ပြီး၊ တနင်္ဂနွေ ဝတ်ပြုပွဲပြီးသွားတော့၊ အကြီးအကဲအဖြစ် ကျွန်မရဲ့အလုပ်ကနေ ထွက်တော့မယ်လို့ လူတိုင်းကို ပြောလိုက်တယ်။ ဒါကိုကြား‌တော့ လူတိုင်း အံ့ဩသွားပြီး၊ ကျွန်မကို ဆက်နေအောင် စည်းရုံးဖို့ ကြိုးစားကြတယ်။ အဲဒီနောက် သင်းအုပ်တချို့ကို ကျွန်မကို ဖုန်းဆက်တယ်။ အကြီးအကဲဖြစ်တာက ချိုးဖျက်လို့မရတဲ့ ဘုရားနဲ့ ပဋိညာဉ်တစ်ခုပဲတဲ့။ ကျွန်မ တွေးမိတယ်။ “သခင်က ပြန်လာပြီးပြီ၊ သမ္မာတရား အများကြီး ဖော်ပြပြီး အမှုသစ်ပြုပြီးပြီ။ ဒီပဋိညာဉ်ကို ဆက်ထိန်းသိမ်းပြီး သခင့်ကို မကြိုဆိုဘဲနေဖို့ လိုဦးမှာလား”လို့ပေါ့။ ယဇ်ပရောဟိတ် အကြီးအကဲတွေ၊ ကျမ်းတတ်ပုဂ္ဂိုလ်တွေနဲ့ ဖာရိရှဲတွေက ဗိမာန်တော်ထဲမှာ ဘုရားကို တစ်နှစ်ပတ်လုံး အစေခံခဲ့ကြပေမဲ့၊ အမှုပြုဖို့ သခင်ယေရှု ကြွလာခဲ့ချိန်မှာ ရှုတ်ချ၊ ခုခံခဲ့ကြပြီး ကားတိုင်မှာ သံမှိုရိုက်နှက်ခဲ့ကြတယ်။ ဒါက သခင့်ကို သစ္စာစောင့်သိတာလား။ သူတို့က ဘုရားကို သစ္စာစောင့်သိခဲ့ကြတဲ့ လူတွေ လုံးဝ မဟုတ်ခဲ့ဘူး။ ဘုရားကို ခုခံခဲ့ကြတယ်။ ခုခေတ်မှာ သခင်ယေရှု ပြန်ကြွလာခဲ့ပြီဖြစ်သလို နှုတ်ကပတ်တော်သစ်တွေ ဖော်ပြခဲ့ပြီးပြီ။ “ပဋိညာဉ်”လို့ ခေါ်တဲ့ ဒါကို ကျွန်မ ထိန်းသိမ်းပြီး အသင်းတော်ထဲမှာ ကျန်ရှိမယ်၊ ပြီးတော့ ဘုရားရဲ့ လက်ရှိ နှုတ်ကပတ်တော်နဲ့ အမှုတော်ကို အမီမလိုက်ရင်၊ ဘုရားကို ကျွန်မ သစ္စာမစောင့်သိခဲ့တာပဲ။ သခင်ယေရှုက ဒီလိုပြောခဲ့ပုံကို တွေးမိတယ်။ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဘုရားရဲ့ သိုးတွေက ဘုရားရဲ့ စကားတွေကို နားထောင်ပြီး တုံ့ဆိုင်းမှုတစ်ခုမှမရှိဘဲ သူ့နောက် လိုက်သင့်တယ်။ ဒီတော့ သင်းအုပ်တွေက ကျွန်မကို ဘယ်လိုပဲ သွေးဆောင်ဖျောင်းဖျသည်ဖြစ်စေ၊ ကျွန်မ မယိမ်းယိုင်ခဲ့ဘူး။ ဘာသာတရားကနေထွက်ဖို့ ဦးဆောင်ခဲ့တဲ့အတွက်၊ ဘုရားရဲ့ လက်တွေ့ကျတဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ခွင့်ပေးပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ပေးတဲ့အတွက် ဘုရားကို ကျေးဇူးတင်မိတယ်။ အဲဒါက မကြုံစဖူး အေးချမ်းမှုနဲ့ လွတ်မြောက်မှုကို တွေ့ကြုံခွင့်ပေးခဲ့ပါတယ်။ ကျွန်မရဲ့ အကြီးအကဲ အဆင့်အတန်း မရှိတော့၊ ခြောက်ကပ်ပြီး အနှစ်မဲ့တဲ့ အယူဝါဒစကားတွေကို ပလ္လင်ကနေ ကျွန်မ မပြောတော့ဘူး။ အဲဒီအစား အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်တာကိုပဲ အာရုံစိုက်ခဲ့တယ်။ နေ့တိုင်း အရမ်းကျေနပ်အားရပြီး ဝမ်းမြောက်စရာ ဖြစ်ခဲ့တယ်။

မကြာခင်မှာ၊ အသင်းတော်ကို ကျွန်မ စွန့်ခွာခဲ့တဲ့ စကားပျံ့သွားတယ်။ နှစ်လကြာပြီးတဲ့နောက်မှာ၊ အွန်လိုင်း အဖွဲ့မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဆီက ဗီဒီယိုတစ်ခုကို ညီအစ်မတစ်ယောက်က တင်ခဲ့လို့၊ သင်းအုပ်တွေက အသင်းတော်ကို စတင် ချိတ်ပိတ်လိုက်ပြီး၊ တစ်ယောက်ယောက်က အသင်းတော်ကို စွန့်ခွာသွားလို့၊ အသင်းတော်အနေနဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို သတိထားရမယ်ဆိုတဲ့ စာတစ်စောင် ထုတ်ပြန်ခဲ့မှန်း သိလိုက်ရတယ်။ ဒီသတင်းကြားတော့ ကျွန်မ စိတ်မကောင်းဖြစ်ပြီး သင်းအုပ်တွေအတွက် ဝမ်းနည်းမိတယ်။ ဒါပေမဲ့ အရင်ထက် ပိုသေချာသွားတာက ဘာသာရေးလောကထဲက သင်းအုပ် အများစုက သမ္မာတရားကို မနှစ်သက်ကြဘူးဆိုတာပဲ။ သဘာဝအားဖြင့်၊ သမ္မာတရားကို သူတို့ ငြီးငွေ့ပြီး မုန်းကြတယ်။ ကျမ်းစာနဲ့ ဘုရားကို သိတယ်လို့ သူတို့ ထင်ကြပေမဲ့၊ တကယ်တော့ သူတို့က မျက်ကန်းကို တွင်းထဲ ဦးဆောင်နေတဲ့ မျက်ကန်းပဲ။ အပြင်မှာ လှည့်လည်သွားနေကြပြီး သခင့်ရဲ့ ပြန်ကြွလာခြင်းကို မကြိုဆိုကြသေးတဲ့ ဘုရားရဲ့ သိုးတွေ အများကြီး ရှိသေးတယ်။ သူတို့ဆီ နိုင်ငံတော်ရဲ့ ဧဝံဂေလိကို ဟောရမယ်၊ ကျွန်မရဲ့ တာဝန်တွေကို ဖြည့်ဆည်းပြီး ဘုရားရဲ့ မေတ္တာကို ပြန်ပေးဆပ်ရမယ်။ ဒါကြောင့် ဘုရားရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိကို ကျွန်မ စဟောခဲ့ပြီး၊ ဘုရားကို တကယ်ယုံကြည်သူတွေဟာ ဘုရားဆီ တစ်ယောက်ပြီးတစ်ယောက် ပြန်လာနေကြတာကို မြင်ရတယ်။ အဲဒါက ကျွန်မကို အရမ်းပျော်စေပြီး စိတ်လှုပ်ရှားစေခဲ့တယ်။ နေ့တိုင်းက ပြည့်ဝပြီး အဓိပ္ပာယ်ရှိတယ်လို့လည်း ခံစားရတယ်။ ဘာသာရေး လောကကနေ ကျွန်မကို ဦးဆောင်တဲ့အတွက်၊ သူ့ခြေလှမ်းတွေနောက် လိုက်ခွင့်ပေးပြီး၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို တွေ့ကြုံခွင့်ပေးတဲ့အတွက် ဘုရားကို ကျေးဇူးတင်မိတယ်။ ဒီအတွက်၊ ကျွန်မ တကယ် ကောင်းချီးခံစားရတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင်ပြန်ကြွလာခြင်း၏ နက်နဲမှု

လီချွင်မင် တောင်ကိုရီးယားနိုင်ငံ ကျွန်တော် ၂၀၁၂ခုနှစ်မှာ သခင့်ကို ယုံကြည်ခဲ့ပါတယ်။ စုဝေးပွဲတွေမှာ သင်းအုပ်ဆရာကပြောတာကို ကျွန်တော်...

ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။