သမ္မာကျမ်းစာ မည်သို့ ဖြစ်လာခဲ့သနည်း။ သမ္မာကျမ်းစာဆိုသည်မှာ မည်သည့်အရာ အတိအကျဖြစ်သနည်း။

12.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် ပညတ်တော်ခေတ်၏ အမှုတော်ကို ဆောင်ရွက်ပြီးနောက်တွင်၊ ဓမ္မဟောင်းကျမ်း ထွက်ပေါ်ခဲ့ကာ၊ ထို့နောက်တွင် လူတို့သည် သမ္မာကျမ်းစာကို စတင်ဖတ်ရှုခဲ့ကြသည်။ ယေရှု ကြွလာပြီးနောက် သူက ကျေးဇူးတော်ခေတ်၏ အမှုတော်ကို ဆောင်ရွက်ခဲ့ပြီး၊ သူ့တမန်တော်များက ဓမ္မသစ်ကျမ်းကို ရေးသားခဲ့ကြသည်။ ထိုသို့ဖြင့် သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်း နှင့် ဓမ္မသစ်ကျမ်းတို့ ထွက်ပေါ်လာပြီး၊ ယနေ့တိုင်အောင်ပင် ဘုရားသခင်ကို ယုံကြည်သူများအားလုံးက သမ္မာကျမ်းစာကို ဖတ်နေခဲ့ကြသည်။ သမ္မာကျမ်းစာသည် သမိုင်းစာအုပ်တစ်အုပ်ဖြစ်သည်။ ၎င်း၌ ပရောဖက်များ၏ အနာဂတ်ဆိုင်ရာ ဟောကြားချက်တချို့ ပါဝင်ခဲ့သည်မှာ မှန်သော်လည်း၊ ထိုသို့သော ဟောကြားချက်များသည် သမိုင်းနှင့် လားလားမျှ မသက်ဆိုင်ပေ။ သမ္မာကျမ်းစာထဲမှာ ကဏ္ဍ အမျိုးမျိုးပါဝင်သည်— ၎င်းထဲတွင် ပရောဖက်ပြုချက်များ သို့မဟုတ် ယေဟောဝါ၏ အမှုများ သို့မဟုတ် ရှင်ပေါလု၏ ဩဝါဒစာများသာ ပါခဲ့သည် မဟုတ်ပေ။ သမ္မာကျမ်းစာထဲ၌ အပိုင်းမည်မျှ ပါဝင်သည်ကို သင်တို့ သိရှိကြရမည်၊ ဓမ္မဟောင်းကျမ်းထဲ၌ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း...စသဖြင့် ပါဝင်ပြီး ပရောဖက်များက ရေးသားသည့် အနာဂတ္တိကျမ်းများလည်း ရှိသေးသည်။ အဆုံးတွင်၊ ဓမ္မဟောင်းကျမ်းကို မာလခိကျမ်းဖြင့် အဆုံးသတ်ထားသည်။ ၎င်းသည် ယေဟောဝါမှ ဦးဆောင်ခဲ့သည့် ပညတ်တော်ခေတ်၏ အမှုကို မှတ်တမ်းတင်ထားသည်၊ ကမ္ဘာဦးကျမ်းမှ မာလခိကျမ်းအထိ ၎င်းသည် ပညတ်တော်ခေတ်၏ အမှုအားလုံး၏ ပြည့်စုံသော မှတ်တမ်းတစ်ခုဖြစ်သည်။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ် ကာလတုန်းက ယေဟောဝါ၏ လမ်းညွှန်မှုကို ခံယူခဲ့ကြသည့်လူများ ကြုံတွေ့ခဲ့ရသည့် အရာများအားလုံးကို မှတ်တမ်းတင်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ် ကာလထဲတွင်၊ ယေဟောဝါမှ ပျိုးထောင်လေ့ကျင့် ပေးခဲ့သည့် များပြားလှသည့် ပရောဖက်များသည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ဟောကြားခဲ့ကြသည်၊ သူတို့သည် အမျိုးမျိုးသော လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများကို လမ်းညွှန်ချက်များ ပေးခဲ့ကြပြီး၊ ယေဟောဝါမှ ပြုမည့် အမှုကို ကြိုပြီး ဟောကြားခဲ့ကြသည်။ ထိုသို့ ပျိုးထောင်လေ့ကျင့်ပေးခြင်း ခံခဲ့ကြရသူ အားလုံးတို့အား ပရောဖက်ပြုခြင်းဝိညာဉ်ကို ယေဟောဝါမှ ပေးအပ်ခဲ့သည်- သူတို့သည် ယေဟောဝါထံမှ ရူပါရုံများကို မြင်နိုင်၏၊ ဘုရားသခင်၏အသံကို ကြားနိုင်ကြပြီး၊ ထို့ကြောင့် ဘုရားသခင်၏ စေ့ဆော်ခြင်းခံရပြီး အနာဂတ္တိကျမ်းများကို ရေးခဲ့ကြသည်။ သူတို့ လုပ်ခဲ့သည့် အလုပ်သည် ယေဟောဝါ၏ အသံကို ဖေါ်ပြချက် ဖြစ်ပြီး၊ ယေဟောဝါ၏ ပရောဖက်ပြုချက်ကို ဖော်ပြချက်ဖြစ်လျက်၊ ထိုစဉ်က ယေဟောဝါ၏အမှုက ဝိညာဉ်ကို အသုံးပြုပြီး လူများကို လမ်းညွှန်ပေးရုံမျှ ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်မလာခဲ့ဘဲ၊ လူများသည် ဘုရားသခင်၏ မျက်နှာကို မမြင်ခဲ့ကြရပေ။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏ အလုပ်ကို လုပ်ဆောင်ပေးရန် များစွာသော ပရောဖက်များကို ပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး သူတို့အား ဣသရေလနိုင်ငံထဲက လူမျိုးနွယ်စုတိုင်းနှင့် ဆွေမျိုးစုတိုင်းကို လက်ဆင့်ကမ်းရန် နိမိတ်များကိုပေးခဲ့သည်။ သူတို့၏ အလုပ်က ပရောဖက်ပြုချက်ကို ဟောကြားပေးရန် ဖြစ်ပြီး၊ သူတို့ထဲက အချို့သူတို့သည် အခြားသူတို့အား ပြသပေးရန် ယေဟောဝါ၏ ညွှန်ကြားချက်များကို ချရေးခဲ့ကြပါသည်။ လူများအနေနှင့် ယေဟောဝါ၏ အံ့ဘွယ်ကောင်းမှုနှင့် ဉာဏ်ပညာတို့ကို မြင်တွေ့စေရန်အတွက် ယေဟောဝါသည် ထိုသူများကို ပရောဖက်ပြုချက်များ ဟောကြားရန်၊ အနာဂတ်၏အမှု သို့မဟုတ် ထိုကာလအတွင်း လုပ်ဆောင်ပေးဖို့ ရှိနေသေးသည့် အမှုကို ကြိုပြီး ဟောကြားရန် ပျိုးထောင်လေ့ကျင့်ပေးခဲ့သည်။ ယင်းအနာဂတ္တိကျမ်းများသည် သမ္မာကျမ်းစာထဲက အခြားကျမ်းများနှင့် အတော်များများ မတူကြပေ၊ ၎င်းတို့သည် ပရောဖက်ပြုခြင်းဝိညာဉ်ကို ရရှိခဲ့ကြသူများ— ယေဟောဝါထံမှ ရူပါရုံများ သို့မဟုတ် အသံများ လက်ခံရရှိခဲ့ကြရသူများမှ ဟောကြားခဲ့ကြသည့် သို့မဟုတ် ရေးသားခဲ့ကြသည့် စကားလုံးများ ဖြစ်သည်။ အနာဂတ္တိကျမ်းများမှအပ၊ ဓမ္မဟောင်းကျမ်းထဲ ပါရှိသမျှ အရာအားလုံးမှာ ယေဟောဝါက ၎င်း၏ အမှုကို ပြုပြီးသွားပြီးနောက် လူများက ပြုလုပ်ခဲ့ကြသည့် မှတ်တမ်းများ ဖြစ်သည်။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းများကို ဟေရှာယအနာဂတ္တိကျမ်းနှင့် ဒံယေလ အနာဂတ္တိကျမ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်၊ ထိုကျမ်းများသည် ယေဟောဝါမှ ပျိုးထောင် လေ့ကျင့်ပေးခဲ့သည့် ပရောဖက်တို့ပြောကြားခဲ့သည့် ကြိုတင်ဟောကိန်းထုတ်ချက်များကို အစားထိုးနိုင်စွမ်း မရှိနိုင်ကြပေ။ အမှုတော်ကို မလုပ်ဆောင်မီ ပရောဖက်ပြုချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျန်သည့် ကျမ်းများကိုမူ အမှုတော် ဆောင်ရွက်ပြီးနောက်၊ လူများ တတ်စွမ်းနိုင်ခဲ့ကြသည်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကာလက ပရောဖက်များသည် ယေဟောဝါ၏ စေ့ဆော်ပေးခြင်းခံခဲ့ရပြီး အချို့သော ပရောဖက်ပြုချက်များကို ပြောကြားခဲ့သည်၊ ၎င်းတို့သည် စကားအများအပြား ပြောကြားခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ဆိုင်ရာ အရာများအပြင် ယေဟောဝါမှ လုပ်ဆောင်ရန် စီမံထားသည့် နောက်ဆုံးသောကာလ၌ ကမ္ဘာကြီးအား ဖျက်ဆီးမှု အကြောင်းကိုလည်း ပရောဖက်ပြုခဲ့ကြသည်။ ကျန်သည့် ကျမ်းများအားလုံးမှာ ယေဟောဝါက ဣသရေလနိုင်ငံတွင် ပြုခဲ့သည့်အမှုကို မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍၊ သင်တို့ သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါ၊ သင်တို့သည် ယေဟောဝါက ဣသရေလနိုင်ငံတွင် လုပ်ဆောင်ခဲ့သည့်အရာများကို အဓိကအားဖြင့် ဖတ်နေခြင်း ဖြစ်၏၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းမှာ ဣသရေလနိုင်ငံအား လမ်းညွှန်ပေးရန် ယေဟောဝါ၏ အမှု၊ ဣသရေလ အမျိုးသားတို့ကို ဖာရောဘုရင်၏ သံခြေကျင်းများကို ဖယ်ရှားပေးလျက် တောထဲသို့ လမ်းပြရန် မောရှေကို ယေဟောဝါမှ အသုံးပြုခဲ့ခြင်းနှင့် နောက်ပိုင်း ခါနာန်ပြည်အတွင်း ဝင်ရောက်ခဲ့ပြီး ၎င်းနောက်အားလုံးက ခါနာန်ပြည်ရှိ သူတို့၏ ဘဝအကြောင်းကို အဓိကအားဖြင့် မှတ်တမ်းတင်ထားလေသည်။ ထိုမှအပ အားလုံးသည် ဣသရေလနိုင်ငံတစ်ဝန်းလုံးတွင် ယေဟောဝါ၏ အမှုများ၏ မှတ်တမ်းများ စုစည်းထားခြင်း ဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာအားလုံးသည် ဣသရေလနိုင်ငံ၌ ယေဟောဝါ၏ အမှု၊ ယေဟောဝါက အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည့် ပြည်ထဲက ယေဟောဝါ ပြုခဲ့သည့် အမှုဖြစ်သည်။ ဘုရားသခင်က နောဧနောက်ပိုင်း ကမ္ဘာပေါ်ရှိ လူများကို တရားဝင် စတင်ဦးဆောင်လာခဲ့သည့် အချိန်မှစပြီး၊ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသမျှ အရာတိုင်းမှာ ဣသရေလနိုင်ငံက အမှုဖြစ်သည်။ ဣသရေလနိုင်ငံပြင်ပက အမှုတစ်ခုကိုမျှ မှတ်တမ်းတင်ထားခြင်း မရှိသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဣသရေလပြည်သည် လူသားမျိုးနွယ် အစပျိုးရာအရပ် ဖြစ်၍ ဖြစ်သည်။ အစအဦးတွင်၊ ဣသရေလမှအပ အခြားနိုင်ငံများ မရှိခဲ့ကြပေ၊ သို့ဖြစ်၍ ယေဟောဝါသည် အခြားနေရာတွင် အမှုမပြုခဲ့ပေ။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းထဲ၌ မှတ်တမ်းတင်ထားသည်များမှာ ထိုစဉ်က ဣသရေလနိုင်ငံရှိ ဘုရားသခင်၏အမှုသက်သက်သာ ဖြစ်သည်။ ပရောဖက်များဖြစ်သည့် ဟေရှာယ၊ ဒံယေလ၊ ယေရမိနှင့် ယေဇကျေလတို့ ပြောကြားသည့် စကားလုံးများ...သူတို့၏ စကားလုံးများသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ အခြားအမှုကို ကြိုတင်ဟောကြားခဲ့၏၊ သူတို့သည် ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို ကြိုတင်ဟောကြားခဲ့ကြသည်။ ယင်းအရာများ အားလုံး ဘုရားသခင်ထံမှ လာခဲ့၏၊ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ပရောဖက်များ၏ ဤကျမ်းစာအုပ်များမှအပ၊ အခြားအရာ အားလုံးသည် ထိုအချိန်က ယေဟောဝါ၏ အမှုကို လူတို့ကြုံတွေ့ခြင်းများ၏ မှတ်တမ်းတစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

သမ္မာကျမ်းစာသည် မည်ကဲ့သို့သော စာအုပ်မျိုးနည်း။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ဘုရားသခင်၏ အမှု ဖြစ်သည်။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ယေဟောဝါ၏ အမှုအားလုံးနှင့် သူ၏ ဖန်ဆင်းခြင်းအမှုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ကျမ်းတစ်စောင်လုံးသည် ယေဟောဝါ ပြုခဲ့သည့် အမှုကို မှတ်တမ်းတင်ထားပြီး၊ နောက်ဆုံးတွင် မာလခိကျမ်းဖြင့် ယေဟောဝါ၏ အမှု၏ ဖြစ်စဉ်များကို အဆုံးသတ်ထားသည်။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုနှစ်ခုကို မှတ်တမ်းတင် ထားသည်- တစ်ခုက ဖန်ဆင်းခြင်းအမှု ဖြစ်ပြီး၊ တစ်ခုက ပညတ်ကို ပြဋ္ဌာန်းခြင်းအမှု ဖြစ်သည်။ ထိုအမှုနှစ်ခုစလုံးကို ယေဟောဝါက ပြုခဲ့ခြင်း ဖြစ်သည်။ ပညတ်တော်ခေတ်သည် ယေဟောဝါ ဘုရားသခင်ဟူသော နာမဖြင့် လုပ်ဆောင်ခဲ့သည့် အမှုကို သရုပ်ဖော်သည်၊ အဓိကအားဖြင့် ယေဟောဝါ၏ နာမဖြင့် ဆောင်ရွက်ခဲ့သည့် အမှုတစ်ရပ်လုံး ဖြစ်သည်။ ထို့ကြောင့်၊ ဓမ္မဟောင်းကျမ်းသည် ယေဟောဝါ၏ အမှုကို မှတ်တမ်းတင်ထားပြီး ဓမ္မသစ်ကျမ်းမှာမူ အဓိကအားဖြင့် ယေရှု၏နာမဖြင့် လုပ်ဆောင်ခဲ့သည့် ယေရှု၏အမှုကို မှတ်တမ်းတင်ထား၏။ ယေရှု၏နာမ၏ အရေးပါမှုနှင့် သူပြုခဲ့သည့် အမှုကို ဓမ္မသစ်ကျမ်းထဲတွင် အများအားဖြင့် မှတ်တမ်းတင်ထားသည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်အတွင်းတွင်၊ ယေဟောဝါသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို ဣသရေလနိုင်ငံမှာ တည်ဆောက်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်ရှိ ဣသရေလအမျိုးသားများ၏ ဘဝကို လမ်းညွှန် ပေးခဲ့သည်၊ သူတို့သည် ယေဟောဝါ၏ ရွေးချယ်ခံရသူများ၊ ကမ္ဘာကြီးပေါ်၌ ဘုရားသခင် ရွေးချယ်ခဲ့သည့် ပထမဦးဆုံး လူအုပ်စုဖြစ်ပြီး၊ သူတို့သည် ဘုရားသခင် စိတ်တော်နှင့်တွေ့ကာ ဘုရားသခင်ကိုယ်တိုင် ဦးဆောင်ခဲ့သည့် ပထမဦးဆုံး လူအုပ်စု ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဣသရေလနိုင်ငံမှ လူမျိုးနွယ်စု ဆယ့်နှစ်စုတို့သည် ယေဟောဝါ၏ ပထမဆုံး အရွေးခံများ ဖြစ်ခဲ့ကြသည့်အတွက်၊ သူသည် သူတို့၌ အမြဲ အမှုပြုခဲ့သည်မှာ၊ ပညတ်တော်ခေတ်က ယေဟောဝါ၏အမှု ပြီးဆုံးသွားသည့်အထိ ဖြစ်သည်။ အမှုတော်၏ဒုတိယအဆင့်သည် ဓမ္မသစ်ကျမ်းမှ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ ယင်းကို ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စုဆယ့်နှစ်စုအနက် တစ်စုဖြစ်သည့် ယုဒလူမျိုးနွယ်စု အကြား၌ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဤအမှု၏ အတိုင်းအတာ ပိုသေးခဲ့ခြင်းက ယေရှုသည် လူ့ဇာတိခံယူခဲ့သည့် ဘုရားသခင် ဖြစ်သောကြောင့်ပင်တည်း။ ယေရှုသည် ယုဒပြည်တစ်ဝန်း၌သာ အမှုပြုခဲ့ပြီး၊ သုံးနှစ်ခွဲမျှသော အမှုကိုသာ ပြုခဲ့သည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်း၌ မှတ်တမ်း တင်ထားသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် အမှုပမာဏကို မည်သို့မျှ ကျော်လွန်၍ မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

သမ္မာကျမ်းစာကို ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းဟူ၍လည်း ခေါ်ပေသည်။ “ဓမ္မသတ်ကျမ်း” ဟူသည့်အရာက မည်သည့်အရာ ရည်ညွှန်းသည်ကို သင် သိပါသလော။ ဓမ္မဟောင်းကျမ်းထဲရှိ “ဓမ္မသတ်ကျမ်း”သည် ယေဟောဝါက အဲဂုတ္တုလူတို့ကို သတ်ဖြတ်ပြီး ဣသရေလအမျိုးသားတို့ကို ဖာရောမင်းထံမှ ကယ်တင်သောအချိန် ဣသရေလအမျိုးသားတို့နှင့် သူပြုသည့် ပဋိညာဉ်မှ လာခြင်းဖြစ်သည်။ ဟုတ်ပေ၏၊ ဤပဋိညာဉ်၏ သက်သေမှာ တံခါးထုပ်ပေါ် လိမ်းကျံထားသည့် သိုးသငယ်၏ အသွေးဖြစ်ပြီး၊ ယင်းမှတဆင့် တံခါးဘောင်၏ ထိပ်နှင့် နံဘေးများပေါ်တွင် သိုးသငယ်၏ သွေးများ ရှိသောသူအားလုံးသည် ဣသရေလအမျိုးသားများဖြစ်ကြောင်း၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူများဖြစ်ပြီး ၎င်းတို့သည် ယေဟောဝါ၏ အသက်ချမ်းသာပေးခံရလိမ့်မည်ဖြစ်ကြောင်း ဆိုထားသည့် ပဋိညာဉ်တစ်ခုကို ဘုရားသခင်သည် လူနှင့်အတူ တည်ထောင်ခဲ့ပေသည် (အကြောင်းမူကား ထိုအချိန်က ယေဟောဝါသည် အဲဂုတ္တု၏ သားဦးများနှင့် သိုးနွားတိရစ္ဆာန်တို့၏ သားဦးများကို သတ်ဖြတ်တော့မည်ဖြစ်သောကြောင့်ပေတည်း)။ ဤပဋိညာဉ်တွင် အဓိပ္ပါယ် အဆင့်နှစ်ဆင့် ရှိလေသည်။ အဲဂုတ္တု၏ လူများ သို့မဟုတ် ခြံမွေးတိရစ္ဆာန်များထဲမှ အဘယ်သူမျှ ယေဟောဝါအားဖြင့် ကယ်ဆယ်ခံရလိမ့်မည် မဟုတ်ပေ။ သူသည် ၎င်းတို့၏ သားဦးများနှင့် သိုးများနှင့် ကျွဲနွားတိရစ္ဆာန်တို့၏ သားဦးများ အားလုံးကို သတ်ဖြတ်လိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ အနာဂတ္တိ ကျမ်းများစွာတွင် အဲဂုတ္တုလူတို့သည် ယေဟောဝါ၏ ပဋိညာဉ် အကျိုးဆက်တစ်ခုအနေဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမခံရလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်ထားခဲ့ပေသည်။ ဤသည်မှာ ပဋိညာဉ်၏ ပထမအဆင့် အဓိပ္ပါယ်ဖြစ်သည်။ ယေဟောဝါသည် အဲဂုတ္တု၏ သားဦးများနှင့် ယင်း၏ ကျွဲနွားတိရစ္ဆာန် သားဦးများအားလုံးကို သတ်ဖြတ်ခဲ့ပြီး ဣသရေလအမျိုးသားအားလုံးကို ချမ်းသာပေးခဲ့သည်၊ ဆိုလိုသည်မှာ ဣသရေလ တိုင်းပြည်နှင့် ဆိုင်သော သူအားလုံးသည် ယေဟောဝါ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံခဲ့ရပြီး အားလုံး အသက်ချမ်းသာပေးခံခဲ့ရပေသည်။ သူသည် ၎င်းတို့နှင့်အတူ ရေရှည်အလုပ်လုပ်ရန် ဆန္ဒရှိခဲ့ပြီး သိုးသငယ်၏ အသွေးကို အသုံးပြုလျက် ၎င်းတို့နှင့် ပဋိညာဉ်တစ်ခု တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍၊ ယေဟောဝါသည် ဣသရေအမျိုးသားတို့ကို မသတ်ခဲ့သကဲ့သို့ ၎င်းတို့သည် အစဉ်ထာဝရ သူ၏ ရွေးချယ်ခြင်းခံရသောသူများ ဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။ ဣသရေလအမျိုးသား ဆယ့်နှစ်မျိုးကြားတွင် သူသည် ပညတ်တော်ခေတ် တစ်ခုလုံးအတွက် သူ၏ အမှုကို စတင်ခဲ့သည်၊ ဣသရေလအမျိုးသားတို့ထံ သူ၏ ပညတ်တရားအားလုံးကို ဖွင့်ဟခဲ့ပြီး ၎င်းတို့ထဲမှ ပရောဖက်များနှင့် တရားသူကြီးများကို ရွေးချယ်ခဲ့ကာ ၎င်းတို့သည် သူ့အမှု၏ အဓိကကျသောနေရာတွင် ရှိခဲ့ကြသည်။ ယေဟောဝါသည် ၎င်းတို့နှင့်အတူ ပဋိညာဉ်တစ်ခု ပြုလုပ်ခဲ့သည်- ခေတ်မပြောင်းလဲခဲ့သော်၊ သူသည် ရွေးချယ်ထားသော သူတို့အလယ်တွင်သာ အမှုပြုလိမ့်မည်ဖြစ်သည်။ ယောဟောဝါ၏ ပဋိညာဉ်မှာ မပြောင်းလဲနိုင်သောအရာဖြစ်သည်၊ အကြောင်းမူကား ယင်းသည် အသွေးဖြင့် ပြုလုပ်ထားပြီး သူ၏ ရွေးချယ်ထားသော လူတို့နှင့်အတူ တည်ထောင်ထားသောကြောင့် ဖြစ်ပေသည်။ သာ၍ အရေးကြီးသည်မှာ၊ ခေတ်တစ်ခုလုံးအတွက် သူ၏ အမှုကို အစပြုဖို့ အသုံးပြုရန် သင့်လျော်သော နယ်ပယ်နှင့် ရည်မှန်းချက်တို့ကို သူ ရွေးချယ်ခဲ့ပြီး ဖြစ်သည်၊ ထို့ကြောင့် လူတို့သည် ပဋိညာဉ်ကို အထူးသဖြင့် အရေးကြီးသည်ဟု မြင်ခဲ့ကြလေသည်။ ဤသည်မှာ ပဋိညာဉ်၏ အဓိပ္ပါယ် ဒုတိယအဆင့် ဖြစ်သည်။ ပဋိညာဉ် တည်ထောင်ခြင်း မတိုင်မီ ရှိခဲ့သည့် ကမ္ဘာဦးကျမ်းကို ခြွင်းချက်ထားလျက်၊ ဓမ္မဟောင်းကျမ်းထဲရှိ အခြားကျမ်းအုပ်များအားလုံးသည် ပဋိညာဉ် တည်ထောင်ပြီးနောက်ပိုင်း ဣသရေလအမျိုးသားတို့ကြား ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်လေသည်။ အခါအားလျော်စွာ တပါးအမျိုးသားတို့၏ အဖြစ်အပျက်များ ရှိသည်မှာ မှန်ပေ၏၊ သို့သော် ခြုံငုံကြည့်လျှင်၊ ဓမ္မဟောင်းကျမ်းက ဣသရေလထဲ၌ ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဣသရေလအမျိုးသားတို့နှင့် ယေဟောဝါ၏ ပဋိညာဉ်ကြောင့်၊ ပညတ်တော်ခေတ်အတွင်း ရေးသားခဲ့သည့် ကျမ်းအုပ်များကို ဓမ္မဟောင်းကျမ်းဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ဣသရေလအမျိုးသားတို့နှင့်အတူ ပြုသည့် ယေဟောဝါ၏ ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားခြင်း ဖြစ်သည်။

ဓမ္မသစ်ကျမ်းကို ကားတိုင်ထက် သွန်းခဲ့သည့် ယေရှု၏ အသွေးနှင့် သူ့ကို ယုံကြည်သူအပေါင်းတို့နှင့်အတူပြုခဲ့သည့် သူ၏ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားခြင်းဖြစ်သည်။ ယေရှု၏ ပဋိညာဉ်မှာ ဤသို့ဖြစ်သည်- သူသွန်းခဲ့သည့် အသွေးကြောင့် သူတို့အပြစ်ဖြေလွှတ်ခြင်းခံရရန်အတွက် လူတို့သည် သူ့ကို ယုံကြည်ဖို့သာ ရှိပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ကယ်တင်ခံရလိမ့်မည်ဖြစ်ကာ သူ့အားဖြင့် တဖန်ပြန်မွေးဖွားမည်ဖြစ်ပြီး အပြစ်သားများ ဖြစ်ကြတော့မည်မဟုတ်ပေ။ သူ၏ ကျေးဇူးတော်ကို ရရှိဖို့ရန် လူတို့သည် သူ့ကို ယုံကြည်ဖို့သာ ရှိပြီး ၎င်းတို့ သေဆုံးပြီးနောက် ငရဲတွင် ဆင်းရဲဒုက္ခခံရလိမ့်မည်မဟုတ်ပေ။ ကျေးဇူးတော်ခေတ်အတွင်း ရေးသားခဲ့သည့် ကျမ်းအုပ်များအားလုံးသည် ဤပဋိညာဉ်နောက်ပိုင်းတွင် ဖြစ်လာခဲ့ခြင်းဖြစ်ပြီး အထဲ၌ ပါရှိသည့် အမှုနှင့် မိန့်မြွက်ချက်များအားလုံးကို ၎င်းတို့အားလုံး မှတ်တမ်းတင်ထားလေသည်။ ၎င်းတို့သည် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်း သို့မဟုတ် ပဋိညာဉ် နှင့်ဆိုင်သော ကယ်တင်ခြင်းထက် ပိုမဖော်ပြပေ။ ၎င်းတို့အားလုံးသည် အတွေ့အကြုံများရှိကြသည့် သခင်၌ ညီအစ်ကိုများ ရေးသားထားသည့် ကျမ်းအုပ်များ ဖြစ်သည်။ ထို့ကြောင့် ဤကျမ်းအုပ်များကိုလည်း ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားလေသည်။ ၎င်းတို့ကို ဓမ္မသစ်ကျမ်းဟု ခေါ်ဆိုပေသည်။ ဤကျမ်းနှစ်ကျမ်းတွင် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်သာ ပါဝင်ပြီး နောက်ဆုံးသော ခေတ်နှင့် ဆက်နွှယ်မှုမရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၂)

သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)

သမ္မာကျမ်းစာသည် ဣသရေလ၌ ဘုရားသခင် ပြုသည့် အမှု၏ သမိုင်းမှတ်တမ်းဖြစ်ပြီး ရှေးခေတ် ပရောဖက်များ၏ အနာဂတ္တိဟောကြားချက် များစွာအပြင် ထိုအချိန်က သူ၏ အမှုတွင် ယေဟောဝါ၏ မိန့်မြွက်ချက်အချို့ကို မှတ်တမ်းတင်ထားပေသည်။ သို့ဖြစ်သောကြောင့် လူအားလုံးသည် (ဘုရားသခင်သည် သန့်ရှင်းပြီး ကြီးမြတ်သည့်အတွက်) ထိုကျမ်းစာကို သန့်ရှင်းသည့်အရာအဖြစ် ကြည်ညိုကြလေသည်။ ယင်းသည် ယေဟောဝါကို ၎င်းတို့၏ ရိုသေလေးမြတ်မှုနှင့် ဘုရားသခင်ကို ၎င်းတို့၏ ကြည်ညိုခြင်း၏ရလဒ် ဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ထိုကျမ်းစာကို လူများက ယင်းကဲ့သို့သာ ရည်ညွှန်းကြခြင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံများသည် ၎င်းတို့၏ဖန်ဆင်းရှင်ကို အလွန်ကြောက်ရွံ့ပြီး ကြည်ညိုကြ၍ဖြစ်ကာ ဤကျမ်းအား ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟူ၍ပင် ခေါ်ဝေါ်သူများ ရှိကြသည်။ စင်စစ်အားဖြင့် ၎င်းသည် လူ့မှတ်တမ်းတစ်ခုမျှသာ ဖြစ်သည်။ ယင်းကို ယေဟောဝါက ကိုယ်တိုင်ကိုယ်ကျ အမည်ပေးထားခြင်း မဟုတ်သကဲ့သို့၊ ယေဟောဝါသည် သူဖန်တီးသည့် အရာအတွက် ကိုယ်တိုင်ကိုယ်ကျ လမ်းမညွှန်ခဲ့ချေ။ တစ်နည်းပြောရလျှင်၊ ထိုကျမ်းစာကို ရေးခဲ့သူမှာ ဘုရားသခင် မဟုတ်ဘဲ လူသားများဖြစ်သည်။ သန့်ရှင်းသော သမ္မာကျမ်းစာဟူသည်မှာ လူများက ပေးခဲ့သည့် လေးစားထိုက်သော အမည်သာဖြစ်သည်။ ဤအမည်နာမမှာ ယေဟောဝါနှင့် ယေရှုတို့ အချင်းချင်း ဆွေးနွေးပြီးနောက် ဆုံးဖြတ်လိုက်ကြခြင်း မဟုတ်ပေ။ ယင်းသည် လူ၏ စိတ်ကူးတစ်ခုထက် ဘာမျှမပိုပေ။ အကြောင်းမှာ ထိုစာအုပ်ကို ယေဟောဝါ ရေးသားထားခြင်း မဟုတ်ဘဲ၊ ယေရှု ရေးသားခဲ့ခြင်း သာ၍မဟုတ်ပေ။ ထိုအစား၊ ၎င်းသည် များပြားလှသည့် ရှေးခေတ် ပရောဖက်များ၊ တမန်တော်များနှင့် ရှေ့ဖြစ်ဟောသူများမှ ပေးအပ်ခဲ့ကြသည့် ဖြစ်စဉ်များ ဖြစ်ပြီး၊ နောက်ပိုင်းမျိုးဆက်များက ရှေးခေတ် အရေးအသားအဖြစ် စုစည်း ပေးလိုက်ကြ၍၊ လူများအနေနှင့် အထူးကို သန့်ရှင်းသော ကျမ်းစာအုပ်ကြီး၊ အနာဂတ်မျိုးဆက်များက ဖော်ထုတ်ပေးဖို့ စောင့်ဆိုင်းနေကြသည့် နားမလည်နိုင်ကာ လေးနက်သည့် လျှို့ဝှက်ဆန်းကြယ်မှု များစွာပါဝင်သော ကျမ်းအုပ်တစ်အုပ်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့က ဤစာအုပ်သည် ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟု သာ၍ပင် ယုံကြည်လိုကြလေသည်။ ခရစ်ဝင်ကျမ်း လေးကျမ်းနှင့် ဗျာဒိတ်ကျမ်း စာအုပ်တို့ကို ပေါင်းထည့်လျက်၊ ထိုကျမ်းအပေါ် လူတို့၏ သဘောထားသည် အထူးသဖြင့် အခြားမည်သည့် စာအုပ်နှင့်မျှမတူဘဲ ခြားနားပြီး၊ ထိုသို့ဖြင့် အလွန် “သန့်ရှင်း” သောကြောင့် ဤ “ကောင်းကင်ဘုံနှင့်ဆိုင်သောစာအုပ်” ကို ခွဲခြမ်း ဆန်းစစ်ခြင်းကို အဘယ်သူမျှ မလုပ်ဝံ့ကြချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)

ယနေ့တွင် ငါသည် သမ္မာကျမ်းစာအား ဤနည်းဖြင့် စိတ်ဖြာ လေ့လာဆွေးနွေးနေပြီး ယင်းမှာ ငါသည် ထိုကျမ်းစာကို မုန်းသည်၊ သို့မဟုတ် ထိုကျမ်းစာ၏ကိုးကားချက် တန်ဖိုးကို ငြင်းဆိုသည်ဟု မဆိုလိုပေ။ သမ္မာကျမ်းစာ၏ ပင်ကိုတန်ဖိုးနှင့် ဇာစ်မြစ်များကို သင်နားလည်အောင် ရှင်းပြနေရခြင်းက သင်အမှောင်ထဲတွင် ရှိနေခြင်းကို ရပ်တန့်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး များပြားလှသော အမြင်များရှိကြကာ၊ အများစုက မှားယွင်းကြသည့်အတွက် ဖြစ်သည်။ ယခုကဲ့သို့သော နည်းလမ်းဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုခြင်းက လူတို့အနေနှင့် ရသင့်သည့်အရာကို မရရှိရန် ဟန့်တားနေရုံသာမက၊ သာ၍ အရေးပါသည်မှာ ၎င်းသည် ငါပြုလုပ်ရန် ရည်ရွယ်သည့် အမှုကို နှောင့်ယှက်နေသည်။ ၎င်းသည် အနာဂတ် အလုပ်ကို အလွန့်အလွန် ဝင်ရောက်နှောင့်ယှက်ပြီး ကောင်းကျိုးများ မပေးဘဲ၊ ဆိုးကျိုးများသာ ပေး၏။ သို့ဖြစ်၍၊ ငါသင်တို့ကို သွန်သင်နေသည့်အရာမှာ သမ္မာကျမ်းစာ၏ အနှစ်သာရနှင့် အတွင်းပိုင်း အကြောင်းအရာတို့ပင် ဖြစ်သည်။ ငါသည် သင့်အား သမ္မာကျမ်းစာကို မဖတ်ဖို့ သို့မဟုတ် ဟိုဟိုသည်သည် သွားကာ ထိုအရာက တန်ဖိုးမဲ့ကြောင်းကို ကြေညာဖို့ တောင်းဆိုနေခြင်း မဟုတ်ဘဲ၊ သင်၌ သမ္မာကျမ်းစာဆိုင်ရာ မှန်ကန်သည့် အသိပညာနှင့် အမြင် ရှိစေဖို့ရန်သာ ဖြစ်သည်။ အလွန်အကျွံ တစ်ဖက်သတ် မဆန်လေနှင့်။ သမ္မာကျမ်းစာသည် လူသားများက ရေးသားခဲ့သည့် သမိုင်းစာအုပ် ဖြစ်သော်ငြားလည်း၊ ၎င်းသည် ရှေးခေတ် သန့်ရှင်းသူများနှင့် ပရောဖက်များက ဘုရားသခင်အား အစေခံရာတွင် အသုံးပြုခဲ့သည့် အခြေခံသဘောတရား များစွာအပြင်၊ များမကြာမီကတမန်တော်များ ဘုရားသခင်ကို အစေခံရာ၌ အတွေ့အကြုံများကိုလည်း မှတ်တမ်းတင်လေသည်- ယင်းအချက်များ အားလုံးကို ဤလူတို့က အမှန်ပင် မြင်ကာ သိခဲ့ကြပြီး ဤခေတ် လူတို့အတွက် မှန်သော လမ်းခရီးကို လိုက်စားရာတွင် ရည်ညွှန်းချက်အဖြစ် အသုံးချနိုင်ပေသည်။ သို့ဖြစ်၍၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် လူများသည် အခြားစာအုပ်များ၌ ရှာမတွေ့နိုင်သည့် အသက်လမ်းခရီးများစွာကို ရရှိနိုင်ကြသည်။ ဤလမ်းခရီးများသည် အတိတ်ကာလ ပရောဖက်များနှင့် တမန်တော်များ တွေ့ကြုံခဲ့ကြရသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အသက်လမ်းခရီးများ ဖြစ်ကြပြီး၊ နှုတ်ကပတ်တော် များစွာတို့သည် တန်ဖိုးရှိပြီး၊ လူတို့ လိုအပ်သည့်အရာကို ထောက်ပံ့ပေးနိုင်လေသည်။ သို့ဖြစ်သောကြောင့်၊ လူအားလုံးက သမ္မာကျမ်းစာ ဖတ်ရှုရခြင်းကို နှစ်သက်ကြသည်။ သမ္မာကျမ်းစာထဲတွင် သွယ်ဝှက်ထားသည်များ အလွန်များပြားသဖြင့်၊ ကျမ်းစာအပေါ် လူတို့၏ ရှုမြင်ပုံများသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များအပေါ် ရှုမြင်ပုံများနှင့် မတူကြပေ။ သမ္မာကျမ်းစာသည် ခေတ်ဟောင်းနှင့် ခေတ်သစ်များထဲတွင် ယေဟောဝါနှင့် ယေရှုတို့ကို အစေခံခဲ့ကြသူများ၏ အတွေ့အကြုံများနှင့် အသိပညာများကို စုစည်းထားသည့် မှတ်တမ်းဖြစ်၍၊ နောက်ပိုင်း မျိုးဆက်များသည် ဉာဏ်အလင်းဖွင့်ပြမူ၊ အလင်းပေးမှုနှင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများကို များစွာ ရယူနိုင်ခဲ့ကြသည်။ သမ္မာကျမ်းစာသည် မည်သည့် ဝိညာဉ်ရေးရာပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များထက်မဆို ပိုမြင့်မားရခြင်း၏ အကြောင်းရင်းမှာ ထိုသူတို့၏ ရေးသားချက် အားလုံးသည် သမ္မာကျမ်းစာထဲမှ ကောက်ယူထားခြင်း ဖြစ်ပြီး၊ သူတို့၏ အတွေ့အကြုံများ အားလုံးက သမ္မာကျမ်းစာထဲမှ လာကြခြင်း ဖြစ်ကာ၊ ၎င်းတို့အားလုံး သမ္မာကျမ်းစာကို ရှင်းပြသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍၊ လူတို့သည် မည်သည့် ဝိညာဉ်ရေးရာပုဂ္ဂိုလ်ကြီးများ၏ စာအုပ်များမှမဆို ထောက်ပံ့ခြင်းကို ရရှိနိုင်ကြသော်လည်း၊ သူတို့အတွက် သမ္မာကျမ်းစာသည် အလွန်မြင့်မားပြီး လေးနက်သည့်ပုံပေါ်သည့်အတွက် ကျမ်းစာကို ၎င်းတို့ ကိုးကွယ်နေကြဆဲ ဖြစ်သည်။ သမ္မာကျမ်းစာသည် ပေါလု၏သြဝါဒစာများနှင့် ပေတရု၏သြဝါဒစာများကဲ့သို့ အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များပါသည့် ကျမ်းစာအုပ်များကို အတူတကွ စုစည်းပေးထားသော်လည်း၊ လူတို့သည် ထိုကျမ်းအုပ်များ၏ ထောက်ပံ့မှုနှင့် မစမှုတို့ကို ခံရနိုင်ကြသော်လည်း၊ ဤကျမ်းအုပ်များသည် ခေတ်မမီဆဲ ဖြစ်သည်၊ ခေတ်ဟောင်းနှင့်သာ သက်ဆိုင်ကြဆဲဖြစ်ပြီး၊ ၎င်းတို့သည် မည်မျှပင် ကောင်းမွန်စေကာမူ၊ ကာလတစ်ခု အတွက်သာ သင့်တော်ပြီး၊ ထာ၀ရသင့်တော်သည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် အစဉ်တိုးတက်လျက် ရှိသည့်အတွက်၊ ၎င်းသည် ပေါလုနှင့် ပေတရုတို့၏ ခေတ်၌သာ ရပ်တန့်မသွားနိုင်ခဲ့သကဲ့သို့၊ ယေရှု ကားစင်တင်ခံခဲ့ရသည့် ကျေးဇူးတော် ခေတ်ထဲတွင် ထာဝရ ကျန်ရှိမနေနိုင်ပေ။ သို့ဖြစ်၍၊ ဤစာအုပ်များသည် ကျေးဇူးတော် ခေတ်အတွက်သာ သင့်တော်ပြီး နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်အတွက် မသင့်တော်ချေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ ယုံကြည်သူများကိုသာ ထောက်မပေးနိုင်ပြီး၊ နိုင်ငံတော်ခေတ်၏ သန့်ရှင်းသူများအတွက်မူ မထောက်မပေးနိုင်ပေ၊ ၎င်းတို့ မည်မျှ ကောင်းစေကာမူ၊ ခေတ်ကုန်သွားပြီဖြစ်ဆဲ ဖြစ်သည်။ ထိုအရာသည် ဣသရေလနိုင်ငံထဲတွင် ယေဟောဝါ၏ ဖန်ဆင်းခြင်း သို့မဟုတ် သူ၏အမှုများနှင့် အလားတူပင် ဖြစ်သည်။ ဤအမှု မည်မျှပင် ကြီးမြတ်စေကာမူ၊ ၎င်းသည် ခေတ်ကုန်လာဦးမည် ဖြစ်ပြီး ၎င်းခေတ် ကုန်လွန်သွားသည့်အချိန် ရောက်လာဦးမည် ဖြစ်သည်။ ဘုရားသခင်၏ အမှုသည်လည်း အလားတူပင် ဖြစ်သည်၊ ၎င်းသည် ကြီးမြတ်သည်၊ သို့သော် အဆုံးသတ်ရမည့် အချိန်ကျလိမ့်ဦးမည် ဖြစ်သည်၊ ၎င်းသည် တစ်ချိန်လုံး ဖန်ဆင်းခြင်း အမှုကြား၌ အစဉ်အမြဲ ရှိမနေနိုင်သကဲ့သို့၊ ကားစင်တင်ခံရခြင်း အမှုကြားတွင်လည်း အစဉ်အမြဲ ရှိမနေနိုင်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် မည်မျှပင် ယုံကြည်လက်ခံစရာ ကောင်းပါစေ၊ ၎င်းသည် စာတန်ကို ချိုးနှိမ်ရာတွင် မည်မျှပင် ထိရောက်မှု ရှိခဲ့ပါစေ၊ စင်စစ်မှာမူ အမှုသည် အမှုအဖြစ် ရှိနေဆဲ၊ ခေတ်များသည်လည်း ခေတ်များအဖြစ် ရှိနေဆဲ ဖြစ်သည်။ ဖန်ဆင်းခြင်းရှိခဲ့ပြီး နောက်ဆုံးသော ကာလရှိရမည် ဖြစ်သောကြောင့် အမှုသည် အခြေခံအုတ်မြစ် တစ်ခုတည်းအပေါ်တွင် အစဉ်အမြဲ မနေနိုင်သကဲ့သို့၊ အချိန်ကာလများသည်လည်း မည်သည့်အခါမျှ မပြောင်းလဲဘဲ မရှိနိုင်ပေ။ ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ထို့ကြောင့်၊ ယနေ့တွင် ဓမ္မသစ်ကျမ်းထဲက အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များဖြစ်သည့် တမန်တော်များ၏ သြဝါဒစာများနှင့် ခရစ်ဝင်ကျမ်း လေးကျမ်းသည် သမိုင်းဆိုင်ရာ စာအုပ်များ ဖြစ်လာကြလေပြီ၊ ၎င်းတို့သည် နှစ်ချုပ်စာအုပ် အဟောင်းများ ဖြစ်လာကြပြီးဖြစ်ကာ ခေတ်ဟောင်း နှစ်ချုပ်စာအုပ်များက လူများကို ခေတ်သစ်ထဲသို့ မည်သို့ ခေါ်ဆောင်သွားနိုင်မည်နည်း။ ဤနှစ်ချုပ် စာအုပ်များသည် လူတို့ကို အသက်ဖြင့် မည်သို့ပင် ထောက်ပံ့ပေးနိုင်ပါစေ၊ ၎င်းတို့သည် လူတို့ကို ကားတိုင်ဆီသို့ မည်သို့ပင် ခေါ်ဆောင်ပေးနိုင်ပါစေ၊ ၎င်းတို့သည် ခေတ်ကုန်သွားကြပြီ မဟုတ်လော။ ၎င်းတို့သည် တန်ဖိုးမဲ့နေကြပြီ မဟုတ်လော။ သို့ဖြစ်၍ သင်သည် ထိုနှစ်ချုပ်စာအုပ်များကို မျက်စိမှိတ် မယုံကြည်အပ်ဟု ငါပြော၏။ ၎င်းတို့သည် အလွန် ဟောင်းနွမ်းသွားကြပြီ၊ ၎င်းတို့သည် သင့်ကို အမှုအသစ်ဆီသို့ ခေါ်ဆောင် မပေးနိုင်ကြဘဲ၊ သင့်ကို ဝန်သာ ပိစေနိုင်၏။ ၎င်းတို့သည် သင့်အား အမှုသစ်နှင့် ဝင်ရောက်မှု အသစ်ဆီသို့ မခေါ်ဆောင်ပေးနိုင်ရုံသာမက၊ သင်တို့ကို အိုဟောင်းသော ဘာသာရေး အသင်းတော်များအတွင်း ခေါ်ဆောင်ပေသည်- ထိုသို့ဆိုပါက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် ဆုတ်ယုတ်သွားနေသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ပြီးခဲ့သည့် အနှစ်နှစ်ထောင်ကြာ လူသား၏ သခင့်အပေါ် ယုံကြည်မှုသည် ကျမ်းစာပေါ် အခြေပြုခဲ့ပြီး၊ သခင်ယေရှု၏ ကြွလာခြင်းက ဓမ္မဟောင်းကျမ်းကို ငြင်းဆိုခြင်း မပြုခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ နောက်ဆုံးသော ကာလ အမှုတော်ကို လုပ်ဆောင်ပြီးသည့်နောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြသူတိုင်းသည် သူ၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို အာရုံစိုက်ကြလိမ့်မည်ဖြစ်ပြီး သမ္မာကျမ်းစာကို ဖတ်ခဲကြလိမ့်မည်။ ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးသည့်နောက်တွင်၊ လူတစ်ဦး၌ ရှိသင့်သည့် သမ္မာကျမ်းစာကို မှန်ကန်သည့် ချဉ်းကပ်မှု အတိအကျမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းကို မည်သို့ အသုံးပြုသင့်သနည်း။ ယုံကြည်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ရန်အလို့ငှာ လူတစ်ဦးသည် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းကို မည်သည့်အရာအပေါ် အခြေပြုသင့်သနည်း။

အဖြေ- သမ္မာကျမ်းစာသည် ဘုရားသခင့်အမှုတော် အဆင့်နှစ်ဆင့်၏ စစ်မှန်သော မှတ်တမ်းတစ်ခုဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော်၊ ယင်းသည် ကောင်းကင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။