၂၉၂ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်၏ စိတ်နှလုံးကို အရည်ပျော်စေပြီ

၁ အို ဘုရားရှင်။ ကိုယ်တော်၏ အသံတော်ကို ကျွန်ုပ်ကြားကာ ကိုယ်တော်၏ ရှေ့မှောက်သို့ ပြန်လာပြီ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ထုတ်ဖော်ပြကာ တရားစီရင်ပြီး ကျွန်ုပ် မည်မျှ နက်နဲစွာ ဖောက်ပြန်ပျက်စီးသည်ကို ကျွန်ုပ် မြင်ပြီ။ ဆုချီးမြှင့်ခံရဖို့မျှသာ သခင့်ကို ကျွန်ုပ်တို့ ယုံကြည်ခဲ့၊ အပြန်အလှန် အနေဖြင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများအတွက် ကျွန်ုပ် ဆင်းရဲဒုက္ခခံခဲ့။ ကြိမ်ဖန်များစွာ ကိုယ်တော်၏ ကယ်တင်ခြင်းကို ကျွန်ုပ် ငြင်းပယ်ခဲ့။ ကိုယ်တော်အကြောင်း ဝေဖန်မှုပင်ပြုကာ ကိုယ်တော့်ကို ကျွန်ုပ် ဆန့်ကျင်ခဲ့။ ကိုယ်တော် ကျွန်ုပ်ကို ခွင့်လွတ်ခဲ့သော်လည်း ကိုယ်တော့်ထံ နာကျင်မှုများစွာ ကျွန်ုပ် ယူဆောင်ခဲ့။ ကျွန်ုပ်၏ စိတ်နှလုံး မည်မျှ မာကျောသည်ဆိုသည် နှင့် လူ့သဘာဝ ကျွန်ပ် မည်မျှ ကင်းမဲ့သည်ကို ကျွန်ုပ် စက်ဆုပ်မိခဲ့။

၂ အို ဘုရားရှင်။ ကိုယ်တော့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းက ကျွန်ုပ်၏ နှလုံးသားကို နိုးထစေပြီ။ ကြိမ်ဖန်များစွာ၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ရင်ဆိုင်ရလျက်၊ နာကျင်မှုနှင့် ဝမ်းနည်းမှုများဖြင့် ကျွန်ုပ် ပြည့်လေပြီ။ ကျွန်ုပ်၏ ပြစ်တင်ဆုံးမခြင်းအတွင်၊ ကိုယ်တော် ကျွန်ုပ် နံဘေးတွင် ရှိသည်။ ကျွန်ုပ်၏ စစ်ဆေးခြင်းအတွင်း၊ ကိုယ်တော်၏ နှလုံးသားက ကျွန်ုပ်အတွက် ဆို့နင့်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ် ချို့တဲ့သည့်အရာကို ထောက်ပံ့ပေ။ ကျွန်ုပ် ဝမ်းနည်းသည့်အခါ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို နှစ်သိမ့်ပေ။ ကျွန်ုပ် အလွန်ညစ်ညူးကာ ဖောက်ပြန်ပျက်စီးပြီး၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအတွက် ကျွန်ုပ် မသင့်တော်သည်ကို နက်နက်ရှိုင်းရှိုင်း ကျွန်ုပ် သတိမူမိပေ။ အလွန် မနာခံကာ ပုန်ကန်လျက်ဖြင့်၊ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် သန့်စင်ပေးခြင်းတို့ကို ကျွန်ုပ် သာ၍ပင် လက်ခံသင့်ပေ။

၃ အို ဘုရားရှင်။ ကိုယ်တော်၏ လူ့ဇာတိခံခြင်းက ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြပေ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဧရာမ အရှက်ရခြင်းကို ကိုယ်တော် သည်းခံပေ။ လူသားမျိုးနွယ်၏ ငြင်းပယ်ခြင်း နာကျင်မှုကို ကိုယ်တော် ခံစားရသော်လည်း လောက၏ ပျက်စီးယိုယွင်းမှုအကြောင်း ကိုယ်တော် ဘယ်သောအခါမျှ မညည်းညူပေ။ ကိုယ်တော်၏ ဦးခေါင်း ချစရာနေရာမရှိဘဲ နှိပ်စက်ညှင်းပန်းမှု မျိုးစုံကို သည်းခံရင်း ကိုယ်တော် စကားပြောကာ အမှုပြုခဲ့ပေ။ မိသားစု ပျော်ရွှင်မှုကို ကိုယ်တော် ဘယ်သောအခါမျှ နှစ်သက်မခံစားခဲ့ရ။ ကိုယ်တော့်ကို မည်သူမျှ နွေးထွေးမှု အနည်းငယ် မပေး။ နှိမ့်ချကာ ကွယ်ဝှက်လျက်၊ လူတို့ကို သန့်စင်ကာ ရယူဖို့ သမ္မာတရားကို ကိုယ်တော် ဖော်ပြပေ။

၄ အို ဘုရားရှင်။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် အလွန် စစ်မှန်သည်။ ယင်းက ကျွန်ုပ်၏စိတ်နှလုံးကို အရည်ပျော်စေသည်။ လူတို့၏နောင်တကို ကိုယ်တော် စိတ်ရှည်စွာ စောင့်ဆိုင်းသောကြောင့်၊ ကျွန်ုပ် မည်သို့များ နောက်ထပ် တွေဝေနိုင်သနည်း။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ များစွာကို ကျွန်ုပ် ပျော်မွေ့ပြီး ကိုယ်တော်၏အလိုတော်ကို ကျွန်ုပ် သာ၍ပင် အလေးထားသင့်သည်။ သမ္မာတရားကို လိုက်စားဖို့၊ ကျွန်ုပ်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့နှင့် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်သည်။ ကျွန်ုပ်သည် စမ်းသပ်မှုများ၊ စစ်ဆေးခြင်းနှင့် အခက်အခဲတို့ကို သည်းခံဖို့၊ ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့နှင့် ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ လိုလားသည်။ ကိုယ်တော်ကို ကျွန်ုပ် အမှန်တကယ် ချစ်ကာ၊ ကိုယ်တော့်နှုတ်ကပတ်တော်များအားဖြင့် ရှင်သန်မည်။ ကိုယ်တော့်ကို ထာဝရ နောက်လိုက်ပြီး သက်သေခံမည်။

အရှေ့သို့- ၂၉၁ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖြူစင်ဆုံးဖြစ်ပေ

နောက်တစ်ခုသို့- ၂၉၃ ဘုရားသခင်သာ အကောင်းဆုံးဖြစ်ပေ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။