၁၇၅ မြင့်မား စိမ်းလန်းသော စိုက်ခင်းများထဲက အစည်းအဝေး
၁ နေ့စဉ်၊ ရဲများ၏ ရှာဖွေမှုကို ကျွန်ုပ်တို့ ရှောင်တိမ်းရသည်။ မည်သည့်နေရာမျှ စုဝေးရန် မလုံခြုံပေ။ စီစီပီ၏ စပ်စုသော မျက်လုံးများမှ ပုန်းကွယ်ရန်၊ စိမ်းလန်းကျယ်ပြန့်သော စိုက်ကွင်းများအလယ်တွင် ကျွန်ုပ်တို့ တိတ်တဆိတ် စည်းဝေးကြသည်။ မှိန်သော ဓာတ်မီးအလင်းက ဘုရားသခင့် မိန့်မြွက်ချက်များ၏ စာပိုဒ်များကို အလင်းပေးသည်။ အသီးသီးက မိမိတို့၏ အလင်းရောင်ကို မျှဝေရင်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ တီးတိုး ဖတ်ရွက်ကြသည်။ သမ္မာတရားအပေါ် ကျွန်ုပ်တို့ သာ၍ မိတ်သဟာယပြုလေလေ၊ ကျွန်ုပ်တို့ သာ၍ အသိဉာဏ်ပွင့်လင်းခံရလေဖြစ်သည်၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် ခွန်အားတို့ အားပေးခံရပေ။ မကောင်းသော ပတ်ဝန်းကျင်များ ရှိသော်လည်း၊ ကျွန်ုပ်တို့ဘက်တွင် ဘုရားသခင်ရှိလျက်၊ ကျွန်ုပ်တို့၏ ဝိညာဉ်များ တည်ကြည်ခိုင်မာကာ အေးချမ်းသည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိပြီးနောက်၊ အမြဲတမ်း အဖမ်းခံရခြင်းနှင့် ထောင်ချခံရခြင်း အန္တရာယ်တွင် ကျွန်ုပ်တို့ ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ စုဝေးရန်ပင်၊ ကျွန်ုပ်တို့သည် ဝရမ်းပြေးများကဲ့သို့ ပြုမူရသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ကိုးကွယ်ခြင်းသည် ကောင်းကင်ဘုံ၏ အမိန့်နှင့် ကမ္ဘာမြေ၏ သူတော်ကောင်းတရားဖြစ်ပေ။ လူသား၏ တာဝန်ဖြစ်ပေ။ ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင် ရှိလျက်၊ ကျွန်ုပ်တို့သည် မတွန့်ဆုတ်တော့သကဲ့သို့ မစိုးရွံ့တော့ပေ။ ရှေ့က လမ်းခရီးသည် အန္တရာယ်ရှိသော်လည်း၊ ကျွန်ုပ်တို့ စိတ်ဆုံးဖြတ်ထားသည်။ ခရစ်တော်နောက် ကျွန်ုပ်တို့လိုက်ကာ မှန်ကန်သော အသက် လမ်းကြောင်းကို လျှောက်လှမ်းမည်။
၂ ဘုရားသခင်၌ ကျွန်ုပ်တို့ ယုံကြည်ခြင်း၏ အုတ်အော်သောင်းသဲဖြစ်သော လမ်းနှင့်ပတ်သက်၍ ပြန်တွေးရင်း၊ စိတ်ခံစားမှုဖြင့် ကျွန်ုပ်တို့ ပြည့်သွားကြသည်။ ကျွန်ုပ်တို့ကို ဦးဆောင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိဘဲနှင့်၊ ကျွန်ုပ်တို့သည် ယနေ့ထိ အောင်အောင်မြင်မြင် လုပ်ဆောင်ဖို့ အနိုင်နိုင် ဖြစ်ပေမည်။ အစည်းအဝေး များစွာ အတောအတွင်းတွင်၊ ကျွန်ုပ်တို့သည် ရဲများ၏ ဝိုင်းထားခြင်းခံခဲ့ရ။ ကျွန်ုပ်တို့ လွတ်မြောက်ရလောက်အောင် ကံကောင်းခဲ့ပြီး သူ၏ အနန္တတန်ခိုးနှင့် အချုပ်အခြာအာဏာတို့ကို ရှုမြင်ခဲ့သည်မှာ ဘုရားသခင်၏ ကွယ်ကာမှုမှတစ်ဆင့်သာ ဖြစ်ခဲ့ပေ။ နှစ်ပေါင်းများစွာကြာ၊ ကျွန်ုပ်တို့ အိမ်မပြန်ဝံ့ခဲ့သကဲ့သို့ တစ်နေရာပြီးတစ်နေရာသာ ထွက်ပြေးနိုင်ခဲ့ပေ။ ကျွန်ုပ်တို့ အားနည်းခဲ့ချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အားပေးခဲ့ကာ ကျွန်ုပ်တို့ကို သန်မာစေခဲ့။ ဤညှဉ်းပန်းနှိပ်စက်မှုနှင့် အခက်အခဲတို့ကို ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို စုံလင်စေရန် စာတန်ကို အသုံးချသည့် ဘုရားသခင်က အခွင့်ပေးခဲ့ခြင်း ဖြစ်ပေ။ အဆင်းနီသော နဂါးကြီး၏ ဆိုးယုတ်သော အနှစ်သာရကို အလုံးစုံ ရှုမြင်ပြီးသည့်နောက်၊ ဘုရားသခင်အတွက် ကျွန်ုပ်တို့၏ လှိုက်လှဲသော ချစ်ခြင်းမေတ္တာ ကြီးထွားပေ။ ဤခက်ခဲကြမ်းတမ်းသော လမ်းကြောင်းပေါ် အချိန်မည်မျှကြာ ကျွန်ုပ်တို့ ကုန်ဆုံးလိမ့်မည် မသိသော်လည်း၊ ကျွန်ုပ်တို့၏ လမ်းပြအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိလျက်၊ ကျွန်ုပ်တို့ ယုံကြည်ခြင်းသည် အဆတစ်ရာ သာ၍ သန်မာပြီး၊ ကျွန်ုပ်တို့ မရပ်မနား တစ်ဟုန်ထိုးတက်ကြသည်။ အဆင်းနီသော နဂါးကြီးက ကျွန်ုပ်တို့ကို မည်သို့ ညှဉ်းပန်းနှိပ်စက်ပါစေ၊ ခရစ်တော်နောက် တကယ့်အဆုံးထိ၊ သေသည်အထိပင် ကျွန်ုပ်တို့ လိုက်မည်။