၁၉၆ ဘုရားသခင်ကို ချစ်ခြင်းတွင် နောင်တများ၊ ညည်းညူခြင်းများမရှိ
၁ အို ဘုရားသခင်။ ဤဘဝတွင် ကိုယ်တော်နှင့်အတူ ပြန်ဆုံရခြင်းသည် ကျွန်ုပ် အလွန်ကံကောင်းလှ။ ကိုယ်တော်၏ အသံတော်ကို ကျွန်ုပ်ကြားပြီး ကိုယ်တော့် ရှေ့မှောက်သို့ ကျွန်ုပ် ပြန်ရောက်ပြီ။ ကိုယ်တော်၏ မိန့်မြွက်ချက်တိုင်းနှင့် ကိုယ်တော် ပြောသည့် စကားလုံးတိုင်းက ကျွန်ုပ်၏ နှလုံးသားကို စေ့စော်ပေ။ ကျွန်ုပ်၏ အသက်အတွက် ကိုယ်တော်သာ ပူပန်သည်၊ ကိုယ်တော်ပြောသည့်အရာက ကျွန်ုပ်ကို သမ္မာတရား နားလည်စေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းတို့ကို တရားစီရင်ကာ ဖော်ထုတ်ပေ၊ ကျွန်ုပ် လုံးဝ ယုံကြည်လက်ခံမိကာ ကိုယ်တော်၏ ရှေ့မှောက်တွင် လဲကျပြီ။ စမ်းသပ်မှုများမှတဆင့် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုယ်တော် ဖော်ထုတ်ကာ သန့်ရှင်းစေသည်၊ ကိုယ်တော်၏ လေးနက်သော ရည်ရွယ်ချက်များကို ကျွန်ုပ်နားလည်။ ယုံကြည်ခြင်းမှတဆင့် ကောင်းချီးများရဖို့ဖြစ်သည့် ကျွန်ုပ်၏ ရည်မှန်းချက်များကိုလည်း ကိုယ်တော်ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းပေးသည်။ ဘုရားသခင်ကို အဘယ်သို့ ယုံကြည်ရမည်ကို နောက်ဆုံးတွင် ကျွန်ုပ် သိပြီ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များမှတဆင့် ကျွန်ုပ် အလွန်များစွာ ရရှိပြီ၊ ကိုယ်တော်၏ အမှုတော်ကို ကြုံရင်း ပြောင်းလဲမှုကို ကျွန်ုပ် ရပြီ။ ကိုယ်တော်အတွက် အရာရာကို စွန့်လွှတ်ကာ၊ မိမိကိုယ်ကိုယ် အသုံးခံဖို့ ကိုယ်တော်၏ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ်တာဝန်ကို ဖြည့်ဆည်းရန် ကျွန်ုပ် လိုလားနေ။
၂ အို ဘုရားသခင်။ လူသားအပေါ် သမ္မာတရားနှင့် အသက်ကို နှင်းအပ်သည့် နှုတ်ကပတ်တော်များကို ဖော်ပြရင်း ကိုယ်တော် နှိမ့်ချကာ ကွယ်ဝှက်လျက် ကမ္ဘာမြေပေါ် ကြွလာပြီ။ ဘာသာရေးလောက၏ စီရင်ခြင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ လိုက်လံဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို ကိုယ်တော်ခံစားရ။ ကိုယ်တော်၏ စိတ်နှလုံးကို အဘယ်သူ နားလည်နိုင်မည်နည်း။ ကိုယ်တော်၏ ဝမ်းနည်းခြင်းများနှင့် ဝမ်းမြောက်ခြင်းတို့ကို အဘယ်သူ မျှဝေခံစားနိုင်မည်နည်း။ စကားပြောကာ အမှုပြုနေဆဲ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အရာရာကို လုပ်ဆောင်ရင်း အရှက်ရခြင်း အလွန်များစွာ ကိုယ်တော် တိတ်တဆိတ် သည်းခံခဲ့။ ကျွန်ုပ်၏ ခံစားချက်မဲ့သော နှလုံးသားကို ကိုယ်တော်၏ ချစ်ခြင်းက အရည်ပျော်စေပြီ။ ကျွန်ုပ် အဘယ်သို့ အမြဲ ပုန်ကန်နိုင်မည်နည်း၊ အပျက်သဘောဆောင်နိုင်မည်နည်း။ ကျွန်ုပ်မှာ ချို့တဲ့မှုများစွာ ရှိဆဲဖြစ်သော်လည်း၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ ကျွန်ုပ်၏တာဝန်ကို ဖြည့်ဆည်းရမည်။ ကိုယ်တော်ကို ကျွန်ုပ်ချစ်ကာ ကျွန်ုပ်၏ အသက်တာကို ကိုယ်တော်အား ဆက်ကပ်မည်။ ကိုယ်တော်ကို ဘုန်းထင်ရှားစေဖို့ ကိုယ်တော်၏ လမ်းခရီးကို ကျွန်ုပ် လိုက်လျှောက်မည်၊ ပြီးလျှင် ကျွန်ုပ်၏ တစ်ဘဝလုံး ကိုယ်တော်ကို ချစ်ခြင်းမှ နောင်တများ၊ ညည်းညူမှုများ ကျွန်ုပ်၌ ရှိမည်မဟုတ်ပေ။ ကိုယ်တော်၏ စိတ်နှလုံး နှစ်သိမ့်ခြင်း ခံရနိုင်ဖို့ကိုသာ ကျွန်ုပ် ဆန္ဒရှိပေ။