၂၈၅ နောင်တ မရှိဘဲ ဘုရားကိုချစ်ခြင်း သီချင်း
၁
နိုင်ငံတော်သို့ သွားရာလမ်း အနိမ့်အမြင့်များလှတယ်
သေခြင်းနှင့် အသက်ရှင်ခြင်း
မျက်ရည်များနှင့် ညှင်းပန်းခြင်းကြား ကျွန်ုပ် မျောနေ
ဘုရားရဲ့ ကွယ်ကာခြင်းမပါဘဲ ယနေ့အထိ ဘယ်သူ အသက်ရှင်နိုင်သလဲ။
နောက်ဆုံးသောကာလတွင် ငါတို့ အသက်ရှင်ရန် သူစီမံခဲ့
ခရစ်တော်နောက်လိုက်တာ မင်္ဂလာပါ
ဘုရား လူအဖြစ်ခံယူရန် မိမိကိုယ်ကို နှိမ့်ချ အရှက်ကွဲခံခဲ့သည်။
ကျွန်ုပ်သည် ဘုရားကိုမချစ်လျှင် ဘယ်လိုလူသားလဲ
ကျွန်ုပ်နောင်တစိတ်တွေ မရှိဘဲ ဘုရားကို ချစ်မည်
၂
ဘယ်လို စုံစမ်းခြင်းများ ဖြစ်ပါစေ၊ နှုတ်ကပတ်တော်သည် လမ်းပြ
ကျွန်ုပ်နှလုံးသားသည် ငိုယိုလည်း ဘုရား ချစ်ဖွယ်ကောင်း တာကို ကျွန်ုပ်သိ
ကျွန်ုပ်ဒုက္ခ ဘယ်လောက်ကြီးပြီး
ဘုရား၏စစ်ကြော ပုံသွင်းခြင်းသည် ကြီးမားပါစေ၊
ကျွန်ုပ်၌နောင်တရခြင်း၊ ညည်းညူခြင်းမရှိ
ဘုရားချစ်ခြင်း အကန့်သတ်မဲ့
သူ့သမ္မာတရား ကျွန်ုပ်အသက်ဖြစ်လာ
သူစကားသည် အဖိုးတန် သူစိတ်သဘောထားသည် ချစ်ဖွယ်ပင်
ကျွန်ုပ်နောင်တစိတ်တွေ မရှိဘဲ ဘုရားကို ချစ်မည်
ဘုရားအား ကျွန်ုပ်ချစ်သောကြောင့် သူ့နောက်လိုက်ခြင်း၊
သူ့အတွက် သက်သေခံခြင်းကို နောင်တရမည် မဟုတ်။
ကျွန်ုပ်အားနည်းပြီး အဆိုးမြင် သော်လည်း ဘုရားကိုချစ်မြဲ
ကျွန်ုပ်ဒုက္ခခံလျက်၊ သူ့ကို ချစ်မြတ်နိုး
သူ့ကို ဘယ်တော့မှ စိတ်မပျက်စေရပါ
စမ်းသပ်မှုများ၌ ခံစားရမှုများသည် မီးတွင် ရွှေစစ်သကဲ့သို့ဖြစ်ပေ
ကျွန်ုပ်နှလုံးသား ရွှေလို စစ်ကြောခံရ
ဘာကြောင့် ကျွန်ုပ်နှလုံး သားကို သူ့အား မပေးနိုင်လဲ
ကောင်းကင်သို့ သွားရာလမ်းသည် ကြမ်းတမ်းပြီး
မျက်ရည်များစွာ ရှိမည်ဖြစ်လည်း
ကျွန်ုပ် နောင်တစိတ်တွေ မရှိဘဲ ဘုရားကိုချစ်မည်
၃
ဘုရား၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းဖြင့်
ကျွန်ုပ်နှလုံးသားကို ရယူ။
စစ်ဆေးခြင်း၊ စီရင်ခြင်း ခံရလည်း အသက်ကို ကျွန်ုပ်ရရှိ
သမ္မာတရားကိုဘုရားပေးခဲ့ပြီ။ ဘာတွေ ကျွန်ုပ်ထပ်လိုမှာလဲ
ခရစ်တော်သည် သမ္မာတရားဖြစ်ကြောင်း ကျွန်ုပ်သိပြီ
အဆုံးတိုင်အောင် ဘုရားနောက်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီ
ဘုရားလူ့အတွက် နာကျင်ခံစား
ကျွန်ုပ်ဘဝကို သူ့အတွက် ပေးဆပ်မယ်။
ဘုရားကိုချစ်ဖို့ ကျွန်ုပ်ရှိသမျှ ဘုရားကိုပေးပြီး
သူ့နောက်လိုက်ဖို့ ကျွန်ုပ်ဘဝပေးအပ်
ကျွန်ုပ် နောင်တစိတ်တွေ မရှိဘဲ ဘုရားကို ချစ်မည်
၎
ကျွန်ုပ်ရိုးသားပြီး ဘုရားကိုချစ်ဖို့ ကြိုးစား ရင်
သူနှင့် ထပ်တူဖြစ်နိုင်ပေမည်
သူ့ကို ကြောက်ရွံ့ခြင်းနှင့် ချစ်ခြင်းအားဖြင့်
သူချီးမွမ်းတာ ခံရလိမ့်မည်
နှုတ်ကပတ်တော် သမ္မာတရားများကို ကျင့်သုံးခြင်းဖြင့်
ဘုရား ကျွန်ုပ်ကို ကောင်းချီးပေး လမ်းပြမည်။
ဒုက္ခဆင်းရဲနှင့် စစ်ဆေးခြင်းများအားဖြင့်
ကျွန်ပ်၏ ဖောက်ပြန်မှုကို ဆေးကြော
အကျိုးမမျှော်ဘဲ ဘုရားကို ချစ်မည်
သူ့ကို ကျေနပ်မှုပေးဖို့စိတ်ဆုံးဖြတ်ထား
ဘုရားကို ကျွန်ုပ်သိလျှင် သမ္မာတရားရရှိ
ကျွန်ုပ်ဘဝ အချည်းနှီးဖြစ်မည်မဟုတ်
ကျွန်ုပ် နောင်တစိတ်တွေ မရှိဘဲ ဘုရားကို ချစ်မည်
ဘုရားအမှုတော်မှ သူ့လုပ်ဆောင်မှု ကိုသိ
ကျွန်ုပ်နှလုံးသား ပျော်ရွှင်မှုရရှိ
နောက်ဆုံးနေ့တွင် သူ့ကို ကျွန်ုပ်မြင်ပြီး
သူ့ကို သက်ထက်ဆုံး အစေခံမည်
ဘုရားကိုချစ်ဖို့သာ ကျွန်ုပ်တောင်းဆိုတာ
သူ့ကိုသိလျှင် ကျွန်ုပ်သေလို့ရပြီ
သူချီးမွမ်းတာခံရဖို့ ပစ်ပယ်ခြင်းကို ခံနိုင်
ဘုရားကို ချစ်ခြင်းနှင့် သက်သေခံခြင်းသည်
အမှန်ပင် ကြည်နူးဖွယ်ကောင်းလှသည်။
ကျွန်ုပ် နောင်တစိတ်တွေ မရှိဘဲ ဘုရားကို ချစ်မည်
ကျွန်ုပ် နောင်တစိတ်တွေ မရှိဘဲ ဘုရားကို ချစ်မည်